ငါတို့ ပျော်ကြ ရအောင်။
Vol. 126 Ch. 1756
ဓား ရောင်ခြည် များက ကောင်းကင်ပေါ် ထိုးတက် သွားသဖြင့်၊ ကောင်းကင် ကွဲအက်သံ များ ကြားလာ ရသည်။
ပလွေသည် ဓားနှင့် တူပြီး၊ ပလွေ သံသည် ဓား ရည်ရွယ်ချက် ဖြစ်၏။ အသံလှိုင်း များက လင်းယွန်၏ အဖြူရောင် ၀တ်ရုံကို လေထဲ တဖျပ်ဖျပ် လွင့်လာ စေသည်။
နေနှင့် လအား ကစား လိုက်ခြင်း ဖြစ်၏။ နေနှင့်လ လည်ပတ် ချိန်၌၊ အာကာပြင် ကွဲလွဲ ကုန်သည်။
ရေကန် ဘေးရှိ လူတိုင်း အဖြူဝတ် ထားသော လူငယ်ထံ ကြည့်လိုက်ပြီး၊ အံ့ဩ သွားကြသည်။
၎င်း၏ ဓား ရည်ရွယ်ချက်မှာ၊ ဤမျှ အစွမ်း ထက် နေလိမ့် မည်ဟု၊ မမျှော်လင့် ထားချေ။ သူ့ ပြိုင်ဘက်သည် အုပ်စိုးရှင် ကြယ်စုကို ဆင့်ခေါ် ထား သော်မှ၊ ပြန်၍ တိုက်ခိုက် ဝံ့နေသည်။
သည့်ပြင် အထက်ပါ ဓား ရည်ရွယ်ချက် သည် အရိယာ ကောင်းကင် ဓားထက် ပို၍ အားကောင်း နေသည်ဟု ခံစား ရ၏။
ဤဖိအားသည် လူတိုင်း၏ မျက်နှာကို သဘာဝ အတိုင်း ပြောင်းလဲ သွားစေပြီး၊ ၎င်းမှာ အမည်ခံ ကောင်းကင် အမိုးဓား ဖြစ်မည်ဟု ခန့်မှန်း မိကြ၏။
သည်ထင်မြင် ချက်သည် လူတိုင်း၏ နှလုံးသားကို ပေါက်ကွဲ လုမတတ် ဖြစ်လာ စေသည်။
အသက် ငယ်ငယ်ဖြင့် အမည်ခံ ကောင်းကင် အမိုးဓားကို ဆုပ်ကိုင် ထားနိုင် သူ တစ်ယောက် အနေဖြင့်၊ အဘယ့်ကြောင့် ဂီတတွင် အချိန်ဖြုန်း နေရ သည်ကို သိချင် လာကုန်၏။
သူသာ စိတ်ဝင်စား ပါက၊ မြင့်မြတ်မြေ များပင်၊ လက်ကမ်း ကြိုကြ ပေမည်။ အမှန်မှာ လင်းယွန်က ကောင်းကင် အမိုး ဓားအား ဂီတဖြင့်၊ ဖုံးကွယ် ထားခြင်း ဖြစ်၏။
ထို့ကြောင့် သူနှင့် တိုက်ခိုက် နေသော မိန်ဇီဟော် မှတပါး အခြား မည်သူမျှ နား မလည် နိုင်ခြင်း ပေပင်။
နန်းတော် သခင် သည်ပင် နဂါး သွေးလွှတ်ကြော ဖြင့် ကောင်းကင် အမိုး ဓားကို ဆုပ်ကိုင် ထားနိုင် လိမ့်မည်ဟု၊ မထင် သောကြောင့် သတိ မပြု မိချေ။
ဓား ရည်ရွယ်ချက်ကို ထုတ်ဖော် ခဲ့ ပြီးနောက်၊ မိန်ဇီဟော်၏ ဖိအား အပေါ်၊ ပြန်၍ တွန်းလှန် လာနိုင်သည်။
“ ဓား ရည်ရွယ်ချက် ... ။ ”
မိန်ဇီဟော် မျက်ဝန်းများ မှေးစင်းလျက် ပြန်ထိုင် ချလိုက်ပြီး၊
“ အံ့သြ စရာပဲ ... ၊ မင်းရဲ့ သိုင်း ရည်ရွယ်ချက်က တကယ့်ကို ကြောက်စရာ ကောင်းတယ်။ ”
-ဟု ချီးကျူး လိုက်သည်။
ဓား ရည်ရွယ်ချက်ကို စိတ်စွမ်းအင်နှင့် ပေါင်းစပ် ပြီးနောက်၊ ပလွေသံမှာ ပွက်ပွက်ဆူ နေသော မီးတောင် အလား ပြောင်းလဲ လာလေသည်။
“ မင်းကို ကိုင်တွယ် ရတာ တကယ် ခက်တယ်၊ ဒါပေမယ့် ... ငါ့ စကားက အရင် အတိုင်းပဲ၊ ဒါသာ မင်းရဲ့ အကောင်းဆုံး ဆိုရင်၊ မလုံလောက် သေးပါဘူး။ ”
မိန်ဇီဟော်က နဖူး ပေါ်ရှိ၊ မီးငှက် ရူရ်ကို အသက် သွင်းကာ ဗျပ်စောင်းအား ခတ်ထုတ် လိုက် လေသည်။
“ ဒင် ... ။ ”
ကြောက်မက်ဖွယ် ကောင်းသော အပူချိန်သည် ဂီတနှင့် အတူ၊ အသံလှိုင်း အဖြစ် ပြန့်ကျဲ သွား၏။
“ ခရစ် ... ။ ”
အသံလှိုင်း တိုင်းတွင် နတ်ဘုရား မီးတောက်များ ပါရှိပြီး၊ လမ်း တစ်လျှောက် အာကာပြင်ကို၊ ကွဲအက် သွားစေသည်။
ထို့ကြောင့် လမင်း ကြင်ဖော် ရေကန်တွင် ကြောက်မက်ဖွယ် ကောင်းသော ဖြစ်စဉ် တစ်ခု ထွက်ပေါ် လာတော့သည်။
“ ဖ ရူး ... ။ ”
ကောင်းကင်ရှိ မီးငှက်က အတောင်ပံ ခတ်ကာ ဓား၊ နေနှင့် လ တို့အား ပြန်လည် တိုက်ခိုက် လာသည်။
“ စိတ်ဝင် စားစရာပဲ။ ”
မိန်ဇီဟော်က နတ်နှင်းပန်း လက်ဟန်ကို အသုံးပြုကာ လေးနက် လာခဲ့သည်။ နဖူး ပေါ်ရှိ ကြက်သွေးရောင် အမှတ် အသား သည်လည်း ပို၍ ကြောက်စရာ ကောင်းလာ၏။
“ ဂျိန်း ... ။ ”
ကောင်းကင်တွင် မီးလျှံများ စုပုံ လာပြီး၊ ကြက်သွေးရောင် လျှပ်စီးများ တဖျပ်ဖျပ် ခတ် ကာ၊ မိုးခြိမ်းသံများ ပေါက်ကွဲ နေခဲ့သည်။
“ နတ်မိစ္ဆာ နှိမ်နင်းရေး မီးအိုး ... ။ ”
မိန်ဇီဟော်၏ ဆင့်ခေါ် သံနှင့် အတူ၊ ပေတစ်ရာ ရှိသော မီးအိုးကြီး တစ်လုံး၊ လေထဲ ဖွဲ့တည် လာသည်။
မီးငှက်၏ အကြည့် အောက်တွင် အဆိုပါ မီးအိုးကြီးမှာ၊ ပွက်ပွက်ဆူ လာတော့သည်။
“ ဟား ဟား ဟား ... ကောင်းတယ်။ ”
မိန်ဇီဟော်မှ ကျေနပ်စွာ အော်ရယ် သည်။ လက် (၁၀)ချောင်းသည် ဗျပ်စောင်း ကြိုး ပေါ်၌၊ ကခုန်နေ သကဲ့သို့၊ ရွေ့လျား သွား၏။
“ လင်းရှောင် ... ၊ ဒါ လျှို့ဝှက် နည်းစနစ်ပဲ၊ ငါကို အတင်း အကြပ် စေခိုင်း နိုင်တာ ... မင်းက ဒုတိယ မြောက်ပဲ။ ”
အော်ဟစ် နေလျက်မှ စိတ်လှုပ်ရှား လာဟန်ဖြင့်၊ သူ့မျက်နှာ နီမြန်း လာလေသည်။
“ မင်း ... ငါ့ကို ရှုံးလို့၊ ရှက်စရာ မဟုတ် တော့ ပါဘူး။ ”
ဗျပ်စောင်းသံနှင့် အတူ မီးအိုးကြီးက တောက်လောင် နေသော ရောင်ဝါများ ထုတ် လွှတ်ကာ၊ လင်းယွန်ထံ ပျံသန်း သွားသည်။
“ ထန် ထန် ... ။ ”
၎င်းချဉ်းကပ် လာစဉ် လင်းယွန်၏ ပလွေသံက ဓားတစ်လက် ကဲ့သို့ ခုတ်ထွင် ဟန့်တား လေသည်။
လေဟာနယ် အက်ကွဲ ကြောင်းများ လျင်မြန်စွာ ပျံ့နှံ့ လာပြီး၊ လမင်း ကြင်ဖော် ရေကန် တစ်ဝိုက်၌၊ လေဟာနယ် ပြိုကျ ကုန်သည်။
မီးအိုးကြီးသည် မိန်ဇီဟော်၏ အစွမ်း ထက်သော ဝှက်ဖဲ ဖြစ်ကြောင်း မည်သူ မဆို ပြော နိုင်၏။ ၎င်းထံမှ အန္တရာယ် အငွေ့ အသက်ကို ခံစား နိုင်သည်။
မီးအိုးကြီး တိုးဝင် လာချိန်၌ နေနှင့် လမှာ၊ ချိတ်ပိတ် ခံလိုက်ရ သကဲ့သို့၊ အေးခဲ ကုန်သည်။ အုပ်စိုးရှင် နက္ခတ်၏ စွမ်းပကားကို ကောင်းကင် အမိုး ဓားဖြင့် တားဆီးရန် မဖြစ် နိုင်ချေ။
ထို့ကြောင့် အရိယာ ဓားသုတ္တန်ကို ဖြန့်ကျက်လိုက် ရသည်။ နဂါးမြစ်မှာ တဟုန်ထိုး မြည်ဟည်းလျက်၊ ကမ္ဘာဖျက် ဆေးအိုး ကြီးက၊ မြစ်ကြမ်းပြင်မှ ထွက်လာသည်။
၎င်းပေါ် လာသော အခါ၊ နေနှင့်လအား ထိန်းချုပ် ထားသည့် ပြင်ပရှိ၊ ထိုမီးအိုး ကြီးကို၊ ခံစားမိ ဟန်ဖြင့်၊ အော်သံ ပြုသည်။
အဆုံးတွင် ကမ္ဘာဖျက် ဆေးအိုးသည် မီးအိုးကြီး၏ ဖိအားကို ပိတ်ဆို့ ပေးလာ နိုင် တော့သည်။
ထို့ကြောင့် နေနှင့် လအား ပြန်လည် ထိန်းချုပ် လာနိုင်၏။ နေနှင့် လသည် ထိန်းချုပ် မှုမှ လွတ်မြောက် သွားပြီး၊ နေ-လ တံဆိပ် အသွင် လှည့်ပတ် လာသည်။
“ ဝူး ... ။ ”
တံဆိပ်သည် နေ-လ ဆေးအိုး အဖြစ် ပြောင်းလဲကာ၊ ထိုမီးအိုးကြီးထံ ပြေးဝင် သွား လေသည်။
“ ဝုန်း ... ။ ”
အိုးနှစ်လုံး ထိပ်တိုက် တေွ့ဆုံ ချိန်၌၊ ကောင်းကင်ကြီး တဝုန်းဝုန်း တုန်ခါလျက်၊ ကြောက်မက်ဖွယ် အငွေ့ အသက်များ ထွက်ပေါ်လာ တော့၏။
“ ခရစ် ... ။ ”
ရေကန် သည်ပင် ကွဲကြေ နေသော မှန်တစ်ချပ် ကဲ့သို့ ဖြစ်လာသည်။ ၎င်းဖြစ်စဉ်မှာ မပြီးဆုံး နိုင်သေးချေ။
အဖျက် စွမ်းအင် များက၊ လှိုင်းလုံးများ သဖွယ် ပျံ့ကား လာ သဖြင့်၊ ရေကန် နဘေးရှိ လူတိုင်း၏ မျက်နှာ ပြောင်းလဲကာ၊ ကောင်းကင် ပေါ် ပျံတက် ရှောင်တိမ်း သွား ကြသည်။
“ ဘယ်လိုတောင် ... ၊ အဖျက် စွမ်းအား ပြင်းထန် လိုက်တဲ့ ... လှိုင်းတွေလဲ။ ”
နန်းတော် သခင် သည်ပင်၊ သူတို့ ထိုင်နေရာ၊ လေ သင်္ဘောအား လွတ်ရာသို့ ပျံသန်း စေသည်။ ဂျူနီယာ နှစ်ယောက်မှ၊ ဤဖြစ်စဉ်အား ဖန်တီး ခဲ့သည်ဟု မယုံနိုင်ချေ။
“ ဘယ်သူ အနိုင် ရလဲ ... ။ ”
ဤတွေ့ဆုံမှုသည် ရလဒ် ထွက်ပေါ် လာရန် လုံလောက်၏။ ယွဲ့ဝေဝေ၊ လင်းဝမ်နှင့် လောရှုရီ တို့မှာ၊ စိတ်လှုပ်ရှား လာကြသည်။
ယွဲ့ဝေဝေ ထံမှ အဖြေကို ကြားသိချင် လာသဖြင့် ပြိုင်တူ လှည့်ကြည့် လိုက်ကြ၏။ သို့သော် ဝေဝေ သည်လည်း ရလဒ်ကို မမြင်နိုင် သောကြောင့်၊ အဖြေ မပေး နိုင်ခဲ့ချေ။
လှိုင်းများ တုန်ခါ နေဆဲ ဖြစ်ရာ၊ မည်သူ အနိုင်ရ မည်ကို ဆုံးဖြတ်ရန်၊ သူမ အတွက် ခက်ခဲ လှသည်။
ကြည့်နေဆဲ မှာပင်၊ ရုတ်တရက် မှိန်ဖျော့နေသော အသွင်ဖြင့်၊ နေနှင့် လ ပျံထွက် လာခဲ့သည်။
“ ဘယ်သူ အနိုင်ရ သွားလဲ ... ၊ လင်းရှောင် လား။ ”
လူတိုင်း စိတ်လှုပ်ရှား လာသည်။ ထို့ကြောင့် တုန်ခါလှိုင်းများ အတွင်း၊ မှုန်ဝါးဝါး ဖြစ်နေသော လူရိပ်ထံ အာရုံစိုက် ကြည့်လိုက်၏။
“ အဲဒါ လင်းရှောင်ပဲ။ ”
များမကြာခင် ဖြူဖျော့ နေသော အသွင်ပြင်ဖြင့်၊ မိန်ဇီဟော် ပုံရိပ် ဖြည်းညင်းစွာ ပေါ်လာသည်။
နှုတ်ခမ်း ထောင့်တွင် သွေးများ စွန်းထင်းလျက်၊ ဗျပ်စောင်း ကြိုးများ အားလုံး ပြတ်တောက် နေသည်။
တစ်ဖက်တွင် လင်းယွန်မှာ၊ ပလွေအား မှုတ်နေဆဲ ဖြစ်ပြီး၊ မိန်ဇီဟော်ထံ လျှောက်လှမ်း လာလေသည်။
“ သခင်ငယ် ... ။ ”
အစေခံ (၉) ယောက်က ဟစ်အော်ကာ၊ သူတို့၏ တူရိယာ များကို ပြိုင်တူ တီးခတ်လျက် လင်းယွန်အား ဟန့်တား တော့သည်။
ကြီးကျယ် ခမ်းနားသော ဖြစ်စဉ် တစ်ခု ချက်ချင်း ထွက်ပေါ် လာပြီး၊ လင်းယွန်အား ချက်ချင်း ပြန်၍ တွန်းထုတ် ပစ်သည်။
မိန်ဇီဟော်ထံ အာရုံစိုက် နေခဲ့ရ သဖြင့်၊ အငိုက် မိသွားပြီး၊ ပလွေသံ ရပ်ကာ၊ နေနှင့်လ ပျောက်ကွယ် သွားသည်။
နှုတ်ခမ်းမှ သွေးများကို သုတ်လျက်၊ ကိုယ်ဟန်အား ထိန်းညှိ လိုက်၏။
“ မိန်ဇီယာ ... မင်းက ဂီတ မိသားစု ဆယ်ပါးရဲ့၊ သခင်ငယ် တစ်ပါး မဟုတ်လား၊ ဒါက ဘာသဘော လဲ။ ”
“ ညီအစ်ကို လင်း၊ မင်းက အလှတရား လေးတွေကို လိုချင်ရင်၊ သူတို့ကို မင်း အနိုင်ယူ ရမယ်၊ မဟုတ်ရင် ... နောင်မှာ သူတို့နဲ့ ပြဿနာ ရှိလာ နိုင်တယ်။ ”
မိန်ဇီဟော်က ဗျပ်စောင်းကြိုး အသစ် တပ်ဆင် နေလျက်မှ ပြုံးကာ ပြန်ပြော လိုက် လေသည်။ သူ့စကား များက လင်းယွန်အား ဒေါသ ထွက်လာ စေ၏။
“ နိဗ္ဗာန်တွင် ပြန်လည် မွေးဖွားခြင်း ။ ”
မိန်ဇီဟော်က အော်ဟစ် ပစ်လိုက်ရာ၊ အစေခံ ကိုးပါး၏ ဂီတ သံစဉ်မှာ၊ ပြောင်းလဲ သွား တော့သည်။
ရေ မျက်နှာပြင် အနှံ့၊ မီးလျှံများ တောက်လောင် လာကာ၊ မြင့်မြတ်သော အငွေ့ အသက် လွင့်ပျံ လာသည်။
ယင်းက မီးငှက် တစ်ကောင်၊ ပြန်လည် မွေးဖွား လာခြင်း ဖြစ်၏။ ကောင်းကင်မှ မီးငှက် သည်လည်း မျက်လုံးများ ပွင့်လာသည်။
မျက်စိ တစ်မှိတ် အတွင်း၊ ကစား ပွဲမှာ ပြောင်းလဲ သွားသည်။ လင်းယွန် တစ်ယောက် ခံစစ် အခြေ အနေသို့၊ ချက်ချင်း ရောက်ရှိ သွား ရသည်။
လျင်မြန်စွာဖြင့် ဂီတ လှိုင်းများကို ရှောင်တိမ်း နေရ၏။
“ ညီအစ်ကို လင်း၊ တစ်ခု လုပ်ပါ။ ”
မိန်ဇီဟော်မှ ပြုံးကာ အော်ဟစ် လိုက် လေသည်။ လင်းယွန် တစ်ယောက် လေးနက် သော အမူ အရာဖြင့်၊ နတ်ကျောက်စိမ်း ဝါးပုလွေကို ပြန်သိမ်း လိုက်သည်။
“ ဝှစ် ... ။ ”
လူတိုင်း၏ အတွေးများ သို့လော သို့လော ဖြစ်လာ ချိန်တွင်၊ ထူးခြားသော အသွင် ရှိသည့် တူရိယာ တစ်ခုကို၊ လင်းယွန်မှ ထုတ်ယူ ၏။
ပြီးနောက် ဘယ်လက်ဖြင့် တူရိယာကို ထောင်ကိုင်ကာ၊ ညာလက်က ဘိုးတံအား ကိုင် ဆောင် လိုက်သည်။
“ ကောင်းပြီ မိန်ဇီဟော် ... ၊ မင်းက ကစားချင် နေမှတော့ ... ငါတို့ ပျော်ကြ ရတာ ပေါ့။ ”
***