ဖမ်းမိခြင်း။
Vol. 126 Ch. 1757
“ အဲဒါ ဘာလဲ ... ။ ”
“ ဒါက ဂီတ တူရိယာ ပဲလား ။ ”
လင်းယွန် လက်ထဲမှ ထူးထူး ဆန်းဆန်း တူရိယာကြောင့် လူတိုင်း သို့လော- သို့လော ဖြစ်ကုန်သည်။
ရန်တျန်းချန်က မျက်မှောင်ကြုတ်လျက်၊
“ အဲဒါ ဆူးတယော မဟုတ်လား၊ သူက ပျက်စီး နေတာ ကြာပါပြီ၊ ဒါကို တီးခတ်နည်း သူ ဘယ်လို သိတာလဲ။ ”
-ဟု ညည်းတွား လိုက်၏။
( အဲဟူ၏ အောက်ခြေတွင် မြေပြင်ပေါ် ထောက်ရန်၊ ချွန်ထက်သော ထောက် တစ်ခု ပါသည်။ အသံသည် တယောသံ ဖြစ်သဖြင့်၊ ဆူးတယော ဟုလည်း ခေါ်ဆို ကြ၏။ )
ယွဲ့ဝေဝေ၊ လောရှုရီနှင့် လင်းဝမ်က နားမလည် နိုင်ဟန်ဖြင့် ကြည့်နေ မိသည်။
“ ဒါ ဆူးတယောလား ... ၊ ဟား ဟား ဟား ... ၊ လင်းရှောင် ... မင်း ဘာလုပ်ဖို့ ကြိုးစားနေ တာလဲ။ ”
မိန်ဇီဟော်က ပြုံးလျက် ခေါင်းခါ မိ၏။ တစ်ဖက် လူတွင် မည်သည့် ဝှက်ဖဲများ ရှိမည် ကို၊ သူ မျှော်လင့် မိသည်။
ဆူးတယောကို တွေ့မြင် ပြီးနောက် စိတ်ပျက် သွား၏။ ၎င်းသည် ရှေးဦးခေတ် မှပင်၊ ပျောက်ကွယ် သွားခဲ့သော ဂီတ တူရိယာ ဖြစ်သည်။
အမည်ကို မသိ ကြတော့ သလို၊ မည်သို့ တီးခတ် ရမည် ကိုလည်း၊ မှတ်တမ်း များက ဖော်ပြ နိုင်ခြင်း မရှိ တော့ချေ။
ဆူးတယော ဆိုသည်မှာ၊ ပုံသဏ္ဍာန်ကို ကြည့်ကာ၊ နာမည် တစ်ခု လွယ်လွယ် ပေးမိ ခြင်း ဖြစ်သည်။
“ မိုးပြာရောင် သူတော်စင် နှင်းကြာပန်း။ ”
မိန်ဇီဟော်က သီချင်းကို ပြောင်းလဲ လိုက်သည်။ မီးငှက်က ကောင်းကင်ကို ခွဲလျက် ဆင်းရန် ကြိုးစား လာသည်။
ရေကန် အနှံ စိမ်းပြာရောင် နှင်း ကြာပန်းများ ပေါက်ရောက် လာတော့၏။ သူ့တေး သွားတွင် ရှေးဟောင်း နရီများ ပါဝင်သည်။
“ ဝှစ် ... ။ ”
ခြေဖဝါး အောက်၌ မိုးပြာရောင် နှင်း ကြာပန်း တစ်ပွင့် ထွက်ပေါ် လာ သောကြောင့်၊ လင်းယွန်မှ ခုန်ရှောင် လိုက်ရသည်။
“ ဟိတ် ... ။ ”
သို့သော် သူ သွားလေ ရာ၌၊ ကြာပန်းများ လိုက်ပါ လာရာ၊ ဟိုခုန် သည်ခုန်နှင့်၊ လင်းယွန် ခမျာ သနား စရာ ကောင်း လာတော့သည်။
မိန်ဇီဟော် အပြုံးသည် ပိုပို၍ တောက်ပ လာသည်။ သူ့အစေခံ ကိုးယောက်က တူရိယာ များကို၊ ခပ်သွက်သွက် တီးခတ်ပြီး ကူညီ ပေး၏။
ယင်းက သူတို့ကြား လေ့ကျင့်သား ပြည့်ဝကြောင်း ပြသရာ ရောက်သည်။ ကြာပန်း များက၊ သက်ရှိ အလား လိုက်ပါ နေ၏။
၎င်းတို့ ထံမှ လာသော ရေခဲ လှိုင်းသည် လင်းယွန်ကို ချက်ချင်း ဖုံးလွှမ်း လာသည်။ ခြေ-လက်များ တောင့်တင်းလျက်၊ များ မကြာခင် ကြာပန်း တစ်ပွင့်မှ ဖမ်းဆီးခြင်း ခံရ တော့၏။
“ မင်း ကြည့်ရတာ ... ဒီအလှ တရား ကိုးပါးနဲ့ ... ၊ ကံကြမ္မာ မရှိ သလို ပါပဲ၊ မင်းမှာ ရှိတာ ဒါအကုန် ဆိုရင်၊ ခုခံ မနေပါနဲ့ ဘဝ- သုံးပါး သစ်သီးကို လွှဲပေးပါ။ ”
နတ်နှင်းပန်း လက်ဟန် ထုတ်ဖော်ကာ၊ မီးငှက်အား နတ် မီးတောက် များဖြင့့်၊ ပစ်ခတ် လာသည်။
“ ပြီး ပြီ ... ။ ”
လင်းယွန်က အားတင်းကာ၊ ရှောင်လိုက် သဖြင့်၊ ရေကန်ရှိ မိုပြာရောင် ကြာပန်း များတွင် မီးများ စွဲလောင် ကုန်သည်။
လူတိုင်း အသက်ရှူ ကြပ်ကုန်ကာ၊ ဦးရေပြားများ ယားယံ လာ တော့၏။ ခံစား ချက်မှာ ကြောက်စရာ ကောင်းနေသည်။
ဖြစ်စဉ်များက ပြီးပြည့် စုံလွန်း သဖြင့်၊ မိန်ဇီဟော်၏ အရည်အချင်း မည်မျှ ရှိသည်ကို မြင်သာ စေသည်။
အစောပိုင်း အချိန်၌ အစေခံ ကိုးဦးနှင့် လက်တွဲကာ၊ တိုက်ခိုက် သောကြောင့် အရှက် မရှိဟု၊ သူတို့ အားလုံး ထင်မြင် ခဲ့သည်။
သို့သော် မိန်ဇီဟော်သည် ဂီတတွင် ထူးချွန်သူ တစ်ဦး ဖြစ်ကြောင်း ကိုလည်း၊ ဝန်ခံ ရပေမည်။ ဧကရာဇ် အသံ ရရန် အချိန် တစ်ခုသာ လိုပေ၏။
နန်းတော် သခင်က သင်္ဘော ပေါ်မှ နေ၍ ထိုမြင်ကွင်းကို ကြည့်ပြီး၊ ထိတ်လန့် သွားသည်။ အကြီး အကဲ များမှာ ဆိုဖွယ် မရှိချေ။
အကြီး အကဲများ အားလုံးတွင် မိန်ဇီဟော်ထက် သန်မာသော စိတ် ဝိညာဉ်များ ပိုင်ဆိုင် သည်။
ထို့ကြောင့် မိုးပြာရောင် သူတော်စင် နှင်းကြာပန်းအား ကောင်းစွာ ကစား နိုင်၏။ သို့သော် ဤမျှ ပြီးပြည့် စုံမည် မဟုတ်ချေ။
ရုတ်တရက် သက်ပြင်း ချသံကြောင့်၊ ယွဲ့ဝေဝေက လှည့်ကြည့်သည်။ မုရွယ်လင် အနား ရောက်ရှိ နေခြင်း ဖြစ်၏။
“ သူတော်စင် အကြီး အကဲ၊ ဒီသီချင်းကို ဖျက်ဆီး နိုင်လား။ ”
လောရှုရီနှင့် လင်းဝမ်က ချက်ချင်း လှည့် မေးသည်။ မုရွယ်လင်မှ ခေါင်းကို ညင်သာစွာ ခါယမ်း ပြ၏။
ဤအရာက လူတိုင်း မျှော်လင့်ချက်ကို မေှးမှိန်သွား စေသည်။ လင်းယွန် တစ်ယောက် ဘဝ-သုံးပါး သစ်သီးအား၊ လက်လွှတ် ရတော့ မည် ဖြစ်သဖြင့်၊ ယွဲ့ဝေဝေမှ စိတ်မကောင်း ဖြစ်လာသည်။
မနေ့ည ကပင် လင်းယွန် တစ်ယောက် ဘဝသုံးပါး သစ်သီး အတွက် ကျေနပ် နေသည် ကို၊ သူမ မြင်ခဲ့ ရသည်။
အဆိုပါ သဘာဝ ရတနာသည်၊ သူမ၏ အစ်ကိုကြီး လင်းအတွက် အရေး ကြီးကြောင်း ပြောပြ နိုင်သည်။
“ ဒီမိန်ဇီဟော်က စက်ဆုပ် စရာ ကောင်းလွန်းတယ်။ ”
လောရှုရီမှ ကျိန်ဆဲ တော့သည်။ ထိုအချိန်တွင် လင်းယွန်မှာ ဖြစ်စဉ်ထဲ လုံးဝ ပိတ်မိ သွားပြီ ဖြစ်သည်။ ကမ္ဘာကြီးက သူ့အား ငြင်းပယ် နေသကဲ့သို့ ဖြစ်စဉ်နှင့် အံဝင် ဂွင်ကျ မရှိချေ။ တောင့်တောင့်ကြီး ဖြစ်နေ ခဲ့သည်။
“ ချပ် ... ။ ”
နှင်းကြာပန်း တစ်ပွင့် ထိမှန် ချိန်တိုင်း သွေးလည်ပတ်မှု နှေးကွေးစေကာ ရေခဲလွှာ တစ်ခု ဖြစ်လာ စေသည်။
“ ချပ် ... ။ ”
ဤနည်း အတိုင်းသာ ဆိုက၊ များ မကြာခင် ရေခဲ ရုပ်တုကြီး အဖြစ် ပြောင်းလဲ သွားပေတော့ မည်။
“ ဟား ဟား ဟား ... ၊ လူပြက် တစ်ယောက်က သူတော်စင် လက်ဆိုတဲ့ မိန်ဇီဟော် ရှေ့မှာ ရပ်ရဲ သလား။ ”
ဟွာဟောင်ယုက ထိုမြင်ကွင်းကြောင့်၊ ဝမ်းသာ အားရဖြင့် လှောင်ပြောင် လိုက်သည်။
“ သူ့လို လူရိုင်း တွေကို သင်ခန်းစာ ပေးရမယ်၊ နိဗ္ဗာန် ပွဲတော်မှာ ပထမ ရတာ နဲ့ပဲ၊ ဂီတ မိသားစု ဆယ်ပါးကို ရင်ဆိုင် နိုင်မယ် ထင်နေတာ ရယ်စရာ ကောင်းတယ်။ ”
ချင်းဟို ကပါ အလိုက်သင့် ဝင်ပြောသည်။ ၎င်းတို့၏ အသံ များကို နှိမ့်ချ ထားခြင်း မရှိ သဖြင့်၊ လောရှုရီနှင့် အခြားသူများ ကြားနေ ရသည်။
လင်းရှောင်မှာ မာန ကြီးလွန်း သဖြင့် လူ အများ ကလည်း၊ ထိုသို့သော အတွေးအမြင်များ ရှိလာ ကုန်သည်။
မိန်ဇီဟော်ကို ရှုံးနိမ့် ခြင်းသည် ရှက်စရာ မဟုတ်ချေ။ ဂီတ မိသားစု ဆယ်ပါး စာရင်း ဝင်၊ မိန် မိသားစု၏ သခင်ငယ် ဖြစ်သည်။
ထို့ကြောင့် ချင်းဟိုနှင် ဟွာဟောင်ယု တို့က ဦးဆောင် ဝေဖန်သော အခါ၊ ထို အကြောင်းကို လူတိုင်းက စတင် ပြောဆို လာတော့သည်။
“ တကယ် ရယ်စရာ ကောင်းတာပဲ၊ သူ့ဝှက်ဖဲက ... ဆူးတယော တဲ့လား၊ ဟား ဟား ဟား ... ။ ”
ချင်းဟို၏ လှောင်ပြောင် ရယ်မော သံကို၊ ပတ်ဝန်းကျင်မှ အသိ အမှတ်ပြုကာ ခေါင်းညိတ် လိုက် ကြသည်။ ဆူးတယောအား တီးခတ်ရန် နည်းလမ်း မရှိကြောင်း လူတိုင်း သိ၏။
“ ချင်းဟို ... မင်း ပါးစပ် ပိတ်ထားစမ်း။ ”
ရန်တျန်းချန်မှ အေးစက်စွာ ငေါက်ငမ်း လိုက်သည်။
“ ဟား ဟား ဟား ... ဘာလို့လဲ၊ ငါ ပြောတာ မှားသွား လို့လား လူရိုင်း တစ်ယောက် က၊ ဆူးတယောကို ကစား နိုင်တယ်လို့ ... မင်း ပြောချင် တာလား၊ သူ့မှာ ဒီလို စွမ်းရည်မျိုး ရှိနေရင် ... ငါကြည့်ချင် စမ်းပါတယ်။ ”
ရန်တျန်းချန်မှာ စကားပြန် မပြောနိုင် တော့ချေ။ ချင်းဟို ပြောသော စကား များတွင် အမှန် တဝက် ပါနေသည်။
စိုးရိမ် စိတ်ကြောင့် သူ့ဒဏ်ရာ များမှာ၊ ပြန်လည် ရုန်းကြွ လာပြီး၊ ပါးစပ်မှ သွေးများ စီးထွက် လာသည်။
ဤမြင်ကွင်းက ချင်းဟို မျက်နှာကို ပြောင်းလဲသွား စေ၏။ သူ့ရင်ထဲ အပြစ် ရှိသလို ခံစား ရသည်။ သူ့ စကား လွန်သွား၏။
သို့သော် ဟွမ်ဟောင်ယု အသိ မဝင်ချေ။ ယင်းကို လွယ်လွယ်ဖြင့် လွှတ်ထား ချင်ပုံ မရဘဲ၊ လှောင်ပြုံး ပြုံးကာ၊
“ စိတ်မပူနဲ့ ... ၊ လင်းရှောင်ရဲ့ ဒဏ်ရာက နင့်ထက် ပိုပြင်း လိမ့်မယ်။ ”
-ဟု ဝင်ပြော လာသည်။
“ နင့် ... မျက်နှာကို လင်းရှောင် ရိုက်ခဲ့တာ၊ မေ့သွား ပြီလား။ ”
ယွဲ့ဝေဝေက အေးစက်စွာ ဝင်မေး လိုက်တော့သည်။ ယင်းသည် ဟွာဟောင်ယု၏ ဒဏ်ရာကို ဆားဖြင့် ပွတ်ခြင်း မည်၏။
ဖြစ်ပျက် ခဲ့သည့် အရာ များမှာ၊ သူမ ဘဝအတွက်၊ မေ့ မရသော အရှက် ရဖွယ်များ ဖြစ်သည်။
ထို့ကြောင့် ရေခဲ ရုပ်တု အသွင်၊ တစ်စ-တစ်စ အေးခဲ ပြောင်းလဲ နေသော လင်းယွန်ထံ ပြန်မော့ ကြည့်ကာ၊
“ ဒီလောက်လည်း ဒေါသ မထွက် ပါနဲ့ ၊ ငါပြောတာ အမှန် တွေပါ ... ၊ ဒီလူရိုင်းက အရှုံး ပေးချင် နေရင် တောင်မှ မပေး နိုင်ဘဲ၊ သေတဲ့ အထိ အေးခဲ သွားလိမ့်မယ်။ ”
-ဟု ဆိုလိုက် တော့သည်။
***