သီချင်း တစ်ပုဒ် ... ။
Vol. 126 Ch. 1758
အဲဟူအား ကိုင်လျက်၊ လင်းယွန် တစ်ယောက်၊ နှင်းများ ဖုံးနေသော ရုပ်တု အဖြစ် ပြောင်းလဲ သွား လေသည်။
နှင်းများက အထပ်လိုက် ဖြစ်ပေါ် လာ၏။ ထိုအချိန်တွင် သစ်သားပြား အပေါ်၊ လက်သည်း ချွန်ချွန် များဖြင့်၊ ကုတ်ခြစ် နေသော အသံမျိုး၊ ခပ်တိုးတိုး ကြားလာ ရသည်။
တစ်ဖက်တွင် လင်းယွန်ကို ဖုံးထားသော နှင်းလွှာများ တဆတ်ဆတ် တုန်လာ၏။ အသံ သည်လည်း ပို၍ ကျယ်လာသည်။
မိန်ဇီဟော်က မည်သည့် အသံ ဖြစ်မည်ကို၊ တွေးနေစဉ်၊ အသံ ကျယ်လာပြီး၊ မကောင်းသော ခံစားချက်များ၊ ရရှိ တော့သည်။
“ မိုးပြာရောင် နတ်ဘုရား ကြာပန်း ... ။ ”
သူ့နောက်ရှိ အစေခံ ကိုးယောက်က ကောင်းကင်ပေါ်၊ ပျံတက် သွားကာ တူရိယာ များကို၊ တိုး၍ တီးမှုတ် လိုက်သည်။
သို့သော် နှင်းလွှာများက၊ အက်ကွဲ ကြောင်းများ များပြား လာပြီး၊ ကုပ်ခြစ် သံမှာ ပို၍ ကျယ်လာသည်။
“ ဝုန်း ... ။ ”
နောက်ဆုံးတွင် နှင်းလွှာများ ကွဲထွက် သွားတော့သည်။ ရေခဲလွှာ အတွင်းမှ လွတ် သည်နှင့်၊ အသက် ပြင်းပြင်း ရှူကာ၊
“ အေးခဲလု နီးပါးပဲ ... ၊ အဲဟူ ကစား ရတာ တကယ့်ကို မလွယ်ဘူး။ ”
-ဟု ညည်းတွား လိုက်၏။
သူသည် အဲဟူကို မကျွမ်းကျင် သဖြင့်၊ ကြာပန်း များ၏ ဖမ်းဆီး သည်အား ခံလိုက် ရခြင်း ဖြစ်သည်။
“ ..... ။ ”
ထို့နောက် ဘိုးတံကို ထိုးလျက် အဲဟူကို အသံစမ်း မိသည်။ များမကြာခင် တယော သံ နှင့်တူသော အသံများ လွင့်ပျံ လာ၏။
“ ဂျူနီယာ လင်း ... ။ ”
လင်းဝမ် နှင့်အတူ၊ ကောင်းကင် ရနံ့ သင်းသင်း၏ တပည့်များ ဝမ်းသာ ကုန်သည်။ လင်းယွန်က သူတို့ ခေါ်သံကို မကြားချေ။
ခေါင်းငုံ့ကာ အဲဟူကို အသံစမ်း နေသည်။
“ ဒီကောင် ... ဘာလုပ် နေတာလဲ၊ သူ့ကို ဂရုမစိုက်နဲ့၊ မိုးပြာရောင် နတ်ဘုရား ကြာပန်း ဆက် တီးပါ ... ။ ”
မိန်ဇီဟော် အမိန့်ပေး လိုက် သည်နှင့်၊ အစေခံ (၉)ယောက်မှ တီးခတ်သော တေးသွား မှာ၊ ကောင်းကင်အား ထိုးဖောက်ရန်၊ ပျံတက် သွားလေသည်။
“ ကျီး ... ။ ”
ကောင်းကင် အလွှာ (၃၆) လွှာ ကွဲအက်လျက်၊ မီးငှက်က ပို၍ နီးစပ်စွာ တိုးဝင် လာသည်။ ထိုဖိအားက လူတိုင်းကို၊ အသက်ရှူ ကြပ်လာ စေ၏။
“ ပြီး သွားပြီ ... ။ ”
မြင်ကွင်းက လင်းယွန် အစား လူတိုင်း၊ မျှော်လင့်ချက် မဲ့စေသည်။ သို့သော် မည်သူမျှ မကြား ဖူးသော တေးသံ တစ်သံ ရုတ်တရက် ထွက်ပေါ် လာသည်။
“ ..... ။ ”
ကြီးကျယ် ခမ်းနားသော ရောင်ဝါနှင့် အဖော်မဲ့ နေသော အသံ ဖြစ်သည်။ ယင်းသည် လင်းယွန် ထံမှ ထွက်လာခြင်း ဖြစ်၏။
သည့်နောက် အသံမှာ ပို၍ မြိုင်လာပြီး၊ ရွှင်မြူးသော တေးသံ အဖြစ် ပြောင်းလဲ သွား လေသည်။
ကောင်းကင် (၃၆)ကို ခွဲလျက် ဆင်းသက် လာသော မီးငှက်သည်၊ အဲဟူ အသံကြောင့် ရပ် သွားသည်။
ထိုအသံသည် လွင်ပြင်တွင် ပြေးလွှား လာသော တောခွေး တစ်ကောင်နှင့် တူသည်။ အရှိန် ပြင်းပြင်းဖြင့်၊ ပတ်ဝန်းကျင်၌ ဖုန်များ ထောင်းထောင်း ထလာ၏။
မိန်ဇီဟော် သီချင်း ကဲ့သို့ မြင့်မြတ်ခြင်း မရှိခေျ။ ဤကမ္ဘာတွင် ဝမ်းနည်းခြင်း ဟူသော ဝေါဟာရ မရှိ သကဲ့သို့၊ ရွှင်မြူး နေသည်။
အသံမှာ ထူးခြားပြီး၊ မိန်ဇီဟော် တို့၏ တူရိယာ များမှ ထွက်နေသော အသံလှိုင်းကို ကျော်လွန် နိုင်ခဲ့သည်။
ယင်းကြောင့် အစေခံ ကိုးယောက်နှင့် မိန်ဇီဟော် ခမျာ၊ တီးခတ် နေသော တူရိယာ အသံများ၊ ရပ်တန့် သွား လေသည်။
မည်မျှ ပြန်လည် ကြိုးစား စေကာမူ၊ တေးသီချင်း၏ မြင့်မြတ်သော ခံစားချက်များ မရ တော့ချေ။
ဤအခိုက်တွင် လင်းယွန် ထံမှ လာသော အဲဟူ အသံသာ၊ လွှမ်းမိုး နေသည်။ ယင်းကြောင့် လင်းယွန်မှာ ပို၍ ပျော်ရွှင် လာ၏။
ထိုခံစားချက် နှင့်အတူ သူ့တေးသွား သည်လည်း၊ ရွှင်မြူး လာသည်။ တောခွေးသည် မြင်းများ အဖြစ် ပြောင်းလဲ သွားသည်။
ဤအရာသည် လူတိုင်းကို ထိတ်လန့် သွားစေပြီး၊ မယုံကြည် နိုင်စွာ ပြန် ကြည့်မိ စေ၏။
“ ဒါ ဆူးတယော လား ... ဘယ်လို ဂီတ မျိုးလဲ။ ”
ချင်းဟိုနှင့် ဟွာဟောင်ယုမှာ အံသြ သွားသည်။ ရှေးဦးခေတ် တည်းက ပျောက်ကွယ် သွားခဲ့သော ဆူးတယောကို အမှန်ပင် တီးခတ် နိုင်သည်လော။
မယုံနိုင် စရာ ပေပင်။ သည့်အပြင် တီးခတ် နေသော သီချင်းကို သူတို့ မသိခေျ။ ခွန်လွန် ၌ မှတ်တမ်း မရှိသော သီချင်း ဖြစ်သည်။
ထွက်ပေါ် နေသော အသံကို၊ အခြား မည်သည့် ဂီတ တူရိယာ နှင့်မှ တုပ တီးခတ်ရန် မဖြစ် နိုင်ချေ။
လင်းယွန်၏ တေးသွားကြောင့် မီးငှက်ကို စီးနင်း နေသော နတ်ဘုရား ပုံရိပ် ခမျာ မှိန်ဖျော့ လာသည်။
အစေခံ ကိုးယောက်၏ မျက်နှာ၌၊ နာကျင်ခြင်း များဖြင့် ပုံပျက် လာတော့၏။ နှလုံးသားများ ရှုပ်ပွ လျက်၊ ဂီတ တူရိယာ များကို ဆက် မတီးနိုင် တော့ချေ။
“ သတ်ကွင်း ... ။ ”
မိန်ဇီဟော်က မိုးပြာရောင် နတ်ဘုရား ကြာပန်းကို၊ ပြတ်ပြတ် သားသား စွန့်လွှတ် လိုက် သည်။
နတ်ဘုရား တစ်ပါး၏ ကြီးမြတ်သော ရောင်ဝါ မရှိဘဲ၊ မိုးပြာ နတ်ဘုရား ကြာပန်းအား တီးခတ်၍ မရချေ။
လင်းယွန်သည် ပျော်ရွှင်ဖွယ် သီချင်း တစ်ပုဒ်ကို တီးခတ် နေသောကြောင့်၊ နာကျင်မှု ဖြင့် တန်ပြန် ရပေမည်။
မိန်ဇီဟော်နှင့် အစေခံ ကိုးဦးက၊ တေးသွားကို ပြောင်းလဲ ပစ်သည်။ ပြင်းစွာသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်များ ထွက်ပေါ် လာ၏။
စစ်သည် ထောင်ပေါင်း များစွာက၊ လင်းယွန်အား သတ်ရန် ချီတက် လာသည်။ ၎င်းတို့ နောက်၌ ဖုန်များ ပျံတက် နေ၏။
“ လာခဲ့ ... ။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ သူ တီးသော သီချင်းသည်၊ ‘ပျော်ရွှင် နေသော စစ်မြင်း များ ၊’ ဖြစ်ပြီး၊ ရှေ့နေ လင်းယွန် ဘဝ၏၊ နာမည်ကျော် အဲဟူ သီချင်း ပေပင်။
အဲဟူ သံမှာ ဆက်၍ ထွက်ပေါ် နေပြီး၊ စစ်သား များက သူတို့၏ စစ်မြင်းများ ပေါ်မှ နေ၍၊ လှံများဖြင့် ပစ်ရန် ချိန်ရွယ် သည်။
လူတိုင်း စစ်မြေပြင်ထဲ ရောက်ရှိ လာ သကဲ့သို့၊ ဂီတ ဖြစ်စဉ် အတွင်း ပိတ်မိ သွား၏။ သို့သော် ပျှော်ရွှင် နေသော စစ်မြင်း များက၊ စစ်သူရဲများ စီးနင်း လာသော မြင်းတပ်ကို ဖြတ်ကျော် ချေမွ ပစ်လိုက်သည်။
“ အ ... ။ ”
ထို့ကြောင့် သတ်ကွင်းမှာ၊ ပျက်စီး သွား ပြီးနောက်၊ မိန်ဇီယာ တစ်ယောက် ညည်းညူသံ ပြုလာ တော့သည်။ အစေခံ ကိုးယောက်၏ ပါးစပ် မှလည်း သွေးများ စီးထွက် လာ၏။
သို့သော် လင်းယွန်မှ မရပ်သေးချေ။ အဲဟူ ကစား ခြင်း၌ နစ်မြုပ် သွားတော့သည်။ ၎င်းကို တီးခတ် လေလေ၊ စိတ်လှုပ်ရှား လာလေလေ ဖြစ်သည်။
“ ..... ။ ”
သူ့လက် ထဲရှိ ဘိုးတံဖြင့် ကြိုးများကို ခပ်ကြမ်းကြမ်း ပွတ်တိုက် လိုက်တော့သည်။
“ နောက်ဆုတ် ... ၊ ကမ္ဘာကို ဖျက်ဆီးမဲ့ ကြာနီ တစ်ပွင့်။ ”
မိန်ဇီဟော်က အေးစက်စွာ အမိန့် ပေးလိုက်ပြီး၊ အစေခံ များနှင့် အတူ နောက်ပြန် ဆုတ်သွား ခဲ့သည်။
“ ဒင် ... ။ ”
သို့သော် သူ ဗျပ်စောင်းအား ခတ်ထုတ် လိုက်သည့် အချိန်တွင်၊ အဲဟူမှ အသံ ပြောင်းလဲ သွားသည်။
ပျော်ရွှင် နေသော စစ်မြင်းများ မဟုတ် တော့ချေ။ ဝမ်းနည်းခြင်း များဖြင့် ပြည့်နှက် နေသည့် တေးသွား ဖြစ်သည်။
ဤသည်မှာ အဲဟူ၏ နောက်ထပ် ဂန္ထဝင် သီချင်း ဖြစ်၏။ (Erwan) အားဝမ် ဟု ခေါ်သော တရုတ် ရိုးရာ သီချင်း ဖြစ်သည်။ လရောင် အလင်း ပြန်ခြင်း ဟုလည်း ခေါ်တွင်၏။
တေးသွား များကို မည်မျှပင် ပျော်ရွှင်ဖွယ် ရေးစပ် ထားစေကာမူ၊ အဲဟူ၏ မူလ အသံသည် အဖော်မဲ့ ဝမ်းနည်းဖွယ် ဖြစ်သည်။
ထို့ကြောင့် အဲဟူ အသံသည်၊ သူ့ဘဝနှင့် တူပြီး၊ ဂီတမှာ ပို၍ ရုပ်လုံး ကြွလာ တော့၏။ အချို့သော အချိန် များတွင် ပျော်ရွှင်မည်။ လေးနက်မည်။ ဝမ်းနည်းမည်။
စသည်ဖြင့် ပြောင်းလဲ နေပေမည်။ ပြောင်းလဲခြင်း မရှိ သည်မှာ၊ အဖော်မဲ့ နေခြင်း ဖြစ်၏။ လူတိုင်းက သူတို့၏ တိုက်ပွဲ အပေါ် မေ့လျော့ကာ၊ နစ်မျော ကုန်သည်။
တစ်ဖက်တွင် အစေခံ ကိုးယောက်မှာ၊ သည်းမခံနိုင် တော့ဘဲ မျက်နှာများ ရှုံ့တွသွား ကုန်၏။
တေးသွား၏ ထိုးဖောက် ချယ်လှယ် လာသော ခံစားချက် များကို တွန်းလှန်ရန် အစွမ်းကုန် ကြိုးစား နေမိ ကြသည်။
“ ခရစ် ... ။ ”
လေထဲရှိ မိုးပြာရောင် ကြာပန်းများ တစ်ပွင့်ပြီး၊ တစ်ပွင့် ကွဲအက် ကုန်၏။ မီးငှက် သည်ပင်၊ မှိန်ဖျော့ လာသည်။
“ ဒင် ... ။ ”
သတိ လစ်လု နီးပါး ယိမ်းထိုး နေသော၊ အစေခံ (၉)ယောက်ကို မိန်ဇီဟော်က လျစ်လျူ ရှုလျက်၊ ဗျပ်စောင်းအား ဆက်တီး နေသည်။
“ ထောင်း ... ။ ”
များမကြာခင် ဗျပ်စောင်းမှ အသံ ထွက် မလာတော့ သဖြင့်၊ ပြန်၍ ငုံ့ကြည့် လိုက်မိရာ၊ ကြိုးပြတ် သွားသည်ကို၊ မြင်လိုက် ရသည်။
ဗျပ်စောင်းသံ ရပ်သွား သဖြင့်၊ မီးငှက် ပျောက်ကွယ် သွားသည်။ ဤသို့ အဆုံးသတ် လိမ့်မည်ဟု၊ မထင် သောကြောင့် မိန်ဇီဟော် ခမျာ၊ ကြောင်တောင်တောင် ဖြစ်လာသည်။
“ ဒီကမ္ဘာ ကြီးမှာ ... သူငယ်ချင်း တစ်ယောက် ရအောင်၊ ဘယ်မှာများ သွား ရှာရ ပါ့ မလဲ။ ”
လင်းယွန်က အဝေးကို ငေးလျက်၊ ဘိုးတံအား ဖြည်းဖြည်းချင်း ရပ်တန့် လိုက်၏။ မိန်ဇီဟော်နှင့် အစေခံ (၉) ယောက်မှာ၊ ပါးစပ်မှ သွေးများ စီးကျ လာလေသည်။
အဘယ်ကြောင့် ဆိုသော်၊ ၎င်းတို့၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက် နေသည့် အသံ လှိုင်းများ ပေါက်ကွဲ ကုန်ကာ၊ အတွင်း အင်္ဂါများ ဒဏ်ရာ ရကုန် သောကြောင့် ဖြစ်သည်။
ဆယ်ယောက်သား ရင်ဘတ်ကို တင်းတင်း ဆုပ်ကိုင်လျက်၊ ရေ မျက်နှာပြင်ပေါ် ဒူးထောက် ကျသွား တော့သည်။
***