သစ်တစ်ပင်မှာ ပန်းတစ်ပွင့်ပဲ ပွင့်ရမယ်။
Vol. 126 Ch. 1759
“ အဟွတ် ဟွတ် ဝေါ့ ... ။ ”
မိန်ဇီဟော် တစ်ယောက် ချောင်းများ ဆိုးလျက်၊ မထိန်းနိုင် တော့ဘဲ သွေးအန် သွား လေသည်။
လက်ခုံဖြင့် သွေးစများ သုတ်ဖယ်ကာ၊ ဗျပ်စောင်း ကြိုးအား ပြန်တပ်ရန် ပြင်မိ၏။ သို့သော် လင်းယွန်မှ အလင်း အသွင် ပြေးဝင် သွားပြီး၊ လက်ထဲရှိ အဲဟူ ဖြင့် ရိုက်ချ ပစ် လိုက်သည်။
မိန်ဇီဟော် ပခုံးကို ထိမှန် သွား၏။
“ မင်း ... ရှုံးနေပြီ။ ”
-ဟု ပြောကာ ဘိုးတံဖြင့် ထိုးချိန် လိုက် တော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ် သွားကာ၊ လူတိုင်းက မိန်ဇီဟော်၏ အဖြေကို စောင့်မျှော် နေသည်။
လင်းယွန်က တည်ငြိမ် နေသော်လည်း၊ ထုတ်လွှတ် လိုက်သော ရောင်ဝါတွင် ဒေါသများ ပါဝင် နေခဲ့သည်။
ဤတစ်ကြိမ်တွင် လင်းယွန် တစ်ယောက် အမှန် တကယ် ဒေါသ ထွက်နေကြောင်း၊ သူတို့ သိလာ၏။
နှစ်ကြိမ် တိုင်တိုင် ရှုံးနိမ့် ခဲ့ပြီး ဖြစ်သော်လည်း၊ မိန်ဇီဟော်မှ ဝန်မခံဘဲ၊ အရှက်မဲ့ နေခဲ့သည်။
တစ်ဖက်တွင် မိန်ဇီဟော် ဟူသည် ဂီတ မိသားစု ဆယ်ပါး ထဲမှ ဖြစ်သဖြင့်၊ ဤသို့ ဝန်ခံ ရန်မှာ မည်မျှ ခက်ခဲကြောင်း နားလည် ပေးနိုင် ပြန်သည်။
ထို့ကြောင့် သက်ပြင်းချ လိုက်ကြသည်။ သည်နေ့ သတင်း သည်သာ ပျံ့နှံ့ သွားသော်၊ သူတော်စင် လက် ဟူသော ကျော်ကြားမှု အပေါ် အကြီး အကျယ် သက်ရောက်မှု ရှိပေမည်။
လူတိုင်း အဆင် မပြေသည့် အမူ အရာဖြင့်၊ ကြည့်ချင်း ဖလှယ် လိုက်ကြသည်။ လင်းယွန် အပေါ် အထင်သေး ခဲ့သူ များမှာ၊ မျက်နှာ ပျက်ယွင်း ကုန်၏။
ဘိုးတံမှ ဓားတစ်လက် ကဲ့သို့ ခံစားချက်များ ပေးစွမ်းလာ သဖြင့်၊ မိန်ဇီဟော် တစ်ယောက် ခေါင်းယမ်းကာ ပြုံးသည်။
“ မင်းက ... တကယ် ဒေါသ ကြီးတဲ့ လူပဲ၊ မင်း အနိုင် မရ ဖူးလို့ ... ငါ ပြောနေ လို့လား။ ”
“ တိုက်ပွဲ အတွက် ... ကျေးဇူး တင်ပါတယ်။ ”
လင်းယွန်က ဘိုးတံကို ပြန်ရုတ်ပြီး၊ သတ်ဖြတ် လိုသော အငွေ့ အသက် များအား လွင့်ပါး စေခဲ့သည်။
“ မင်း ... ငါ့ အစေခံ ကိုးယောက်ကို အရမ်းလိုချင် နေပုံ ရတယ်၊ စိတ် မပူနဲ့ ငါက ကတိ တည်တယ်၊ အခု သူတို့ ကိုးယောက်ကို မင်း ပိုင်ပြီ၊ ဟား ဟား ဟား။ ”
မိန်ဇီဟော် စကားကြောင့် လင်းယွန် တစ်ယောက် တုန်လှုပ် သွား၏။ ချက်ချင်းပင် ၎င်းမျက်နှာအား ဘိုးတံဖြင့် ဖြတ်ရိုက်ရန် စိတ်ကူး မိသည်။
“ သခင်ငယ် ... ငါတို့ကို မထားခဲ့ ပါနဲ့။ ”
အစေခံ ကိုးဦးမှာ လင်းယွန်ကို ကြည့်ပြီး စိုးရိမ် လာသည်။
“ ငါ စိတ်မဝင် စားဘူး၊ မင်း အစေခံတေွ မင်း ပြန်ယူသွား။ ”
လင်းယွန် စကားကို မိန်ဇီဟော်မှ တုန့်ပြန်ခြင်း မရှိချေ။ သူ့ လက်ထဲရှိ ဘိုးတံထံ လက်ညှိုး ထိုးပြီး၊
“ အဲဒါ ဘာလဲ ... ။ ”
-ဟု မေးလိုက်သည်။
“ ဘိုးတံ ... ။ ”
“ ဒီတူရိယာ အမည်ကို ဘယ်လို ခေါ်လဲ။ ”
“ အဲဟူ ... ။ ”
“ ငါ စမ်းကြည့်လို့ ရမလား။ ”
မိန်ဇီယာက သူ့ အဖြေကို အစောင့်ဘဲ၊ ဘိုးတံအား လှမ်းယူ လိုက်သည်။ အနည်းငယ် စဉ်းစား ပြီးနောက်၊ လင်းယွန်က အဲဟူကို ကမ်းပေး မိ၏။
“ အူ ... ။ ”
မိန်ဇီဟော်က အကျ အန ထိုင်ကာ၊ အဲဟူအား လင်းယွန် ဟန်အတိုင်း တီးခတ် ကြည့်လိုက် သည်။
အနည်းငယ် ကျယ်လောင်သော အသံမှ လွဲပြီး၊ မည်သည့် အသံမျှ ထွက်မလာ ခဲ့ချေ။ ဤ အရာက သူ့အား မျက်မှောင်ကြတ် စေ၏။
“ မလွယ်ဘူး ... ကစား ရတာ တော်တော် ခက်တယ်၊ အချိန် ရရင် ဘယ်လို ကစားရ မလဲ သင်ပေးဦး။ ”
အဲဟူကို ပြန်ပေးလျက်၊ မိန်ဇီဟော်မှ ပြောသည်။ နန်းတော် သခင်က သူ့သားကို ကြည့်ကာ ခေါင်းညိတ် ပြ၏။
ကျန့်ရင်တျန်းက သူတို့ အနား ချက်ချင်း ရောက်လာပြီး၊
“ သခင်ငယ် မိန်ရဲ့ ဒဏ်ရာ တွေက ... နည်းနည်း ပြင်းတယ်၊ နိဗ္ဗာန် နန်းတော်မှာ ဆေးဝါး ကျွမ်းကျင်သူ မရှိဘူး၊ ဒါကြောင့် ကုသဖို့ နည်းလမ်းကို ရှာသင့်တယ်။ ”
-ဟု မောင်းထုတ် တော့၏။
သဘာဝ အတိုင်း ယဉ်ကျေး မနေချေ။ မိန်ဇီဟော်၏ အစောပိုင်း လုပ်ရပ် များသည် သူ့အား မည်မျှ အခက် အခဲ ဖြစ်စေ ခဲ့ကြောင်း၊ သူ သာလျှင် သိသည်။
“ အလျင် မလို ပါဘူး၊ နိဗ္ဗာန် ပွဲတော်ရဲ့ ပထမ ဆယ်ဦးက ဘဝသုံးပါး သစ်ပင် ရှေ့မှာ ကစား ကြမယ် မဟုတ်လား၊ ငါက ဒီလို အရည် အချင်း မရှိ ဖူးလို့၊ နန်းတော် သခင်လေး ထင်လား။ ”
မိန်ဇီဟော်၏ အရှက်မဲ့ မှုသည် ကျန့်ရင်တျန်းအား အံ့အားသင့် စေ၏။ အစေခံ များ အကူအညီ ဖြင့်ပင်၊ လင်းရှောင်ကို ရှုံးနိမ့် ထားပြီ ဖြစ်ရာ၊ အခြားသူ တစ်ဦးသာ ဆိုသော်၊ ထွက်သွား မိပေ လိမ့်မည်။
“ သူ့ကို ခွဲတမ်း တစ်နေရာ ပေးလိုက်ပါ နန်းတော် သခင်လေး။ ”
လင်းယွန်က ဝင်ပြော ပေးသည်။ ထိုသဘောထားက ကျန့်ရင်တျန်းအား မျက်ခုံး ပင့်မိ စေသည်။
“ ကောင်းပြီ ... အစ်ကို လင်း ပြောပေး မှတော့၊ ငါမင်းကို ခွဲတမ်း တစ်ခု ပေးလိုက် မယ်၊ အစ်ကို လင်းရော ဘဝ-သုံးပါး သစ်ပင် ရှေ့မှာ အရင်ဆုံး ကစား ချင်လား။ ”
“ ဒဏ်ရာတွေ အရင်ကု ဦးမယ်။ ”
လင်းယွန်မှ ပြန် ပြော၏။
“ ငါလည်း အတူတူပဲ။ ”
မိန်ဇီဟော်က ပြုံးပြီး အစေခံ များကို သူတော်စင် ဆေးလုံး တစ်လုံးစီ ပေးကာ မျိုချ စေခဲ့သည်။
ထိုနောက် ဆယ်ယောက် သား ဆေးလုံးများကို သန့်စင်ရန် အတွက် ရေကန် မျက်နှာပြင် ပေါ်၌၊ ထိုင်ချ ကုန်၏။
ယွဲ့ဝေဝေနှင့် အဖွဲ့မှာ လင်းယွန် အနား ရောက်ရှိ လာသည်။ မုရွယ်လင်က ကျောက်စိမ်း ပုလင်းကို ထုတ်ယူပြီး၊ ဆေးလုံး တစ်လုံး ကမ်းပေး၏။
ထို့ကြောင့် ကျန့်ရင်တျန်းက အခြားသူ များကို ဦးစွာ တီးခတ် စေရန် စီစဉ်ပေး ခဲ့သည်။ လျူရို့ချန်မှ ပထမ ဦးစွာ တီးခတ် သည်။
သို့သော် တီးခတ် နေစဉ် တစ်ချိန်လုံး၊ ဘဝ သုံးပါး သစ်ပင်မှ သူတော်စင် ရောင်ဝါ ကိုသာ ထုတ်ပြ ခဲ့သည်။
သီချင်း ပြီးဆုံး သွားသော အခါ၊ သူ၏ စိတ်ဝိညာဉ် နန်းတော်၌ စွမ်းအင် (၃၀%) ခန့် တိုးပွား လာသည်။
လျူရို့ချန်မှ ဤရလာဒ်အား မျှော်လင့် ထားပြီး ဖြစ်သော်လည်း၊ အနည်းငယ် စိတ်ပျက် သွားဆဲ ဖြစ်သည်။
သည့်နောက် ကျန်သူများ ထွက်လာပြီး၊ ဘဝသုံးပါး သစ်ပင်ကို ဖျော်ဖြေ၏။ ရေကန် တဝိုက် အမျိုး မျိုးသော ဖြစ်စဉ် များဖြင့် ပြည့်နှက် လာသည်။
သို့သော် လူတိုင်း ခြွင်းချက် မရှိဘဲ ကျရှုံး ကုန်၏။ ရန်တျန်းချန် ကဲ့သို့ သန်မာသော တစ်စုံ တစ်ယောက် ပင်လျှင်၊ ဖြစ်စဉ် တစ်ခု နှင့်သာ တုန့်ပြန် ခံရ လေသည်။
“ ဘဝ-သုံးပါး သစ်ပင်က ကိုင်တွယ်ရ နည်းနည်း ခက်တယ်။ ”
လင်းယွန်က မှတ်ချက် ပြုသည်။
“ ဒဏ်ရာတွေ သက်သာ သွား ပြီလား ... ။ ”
ယွဲ့ဝေဝေ မေးခွန်းကို လင်းယွန်က ခေါင်းညိတ် ပြပြီး၊ မိန်ဇီဟော်ထံ လှည့်ကြည့် မိသည်။ အစေခံ ကိုးယောက်နှင့် မိန်ဇီဟော်မှာ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာ တော့၏။
“ ဒီအစေခံ တွေက တော်တော် ကြည့် ကောင်းတယ်။ ”
ယွဲ့ဝေဝေ စကားကြောင့်၊ လင်းယွန် ခေါင်းထဲ အချက်ပေး သံများ မြည်ဟည်း သွား လေသည်။
“ ဒါပေမယ့် ... သူတို့က မင်းကို မယှဉ်နိုင် ပါဘူး။ ”
“ ဒါတော့ အမှန်ပဲ။ ”
ယွဲ့ဝေဝေက ထောက်ခံ၏။ ထို့နောက် သူမ ကပင်၊
“ ဒါပေမယ့် သူတို့ရဲ့ အလှတွေ ကလည်း ရှားပါး ပါတယ်၊ မိန်ဇီဟော်က ရှုံးပြီ ဆိုမှတော့ လောင်းကြေးကို သေချာပေါက် ဖြည့်ဆည်း ပေးလိမ့်မယ်။ ”
-ဟု ပြောလာ တော့သည်။
လင်းယွန်မှ ဖြည်းညှင်းစွာ ထရပ်ပြီး။
“ စောစောက ရေခဲတွေ ဖုံးနေတဲ့ အချိန် ... ၊ ငါ ဘာတွေး နေလဲ မင်း သိလား။ ”
-ဟု မေးလိုက်သည်။
“ ဘာတွေ တွေးလဲ ... ။ ”
ယွဲ့ဝေဝေက စိတ်ဝင်စား လာ၏။
“ အဲဒါက သာမန် နှင်းတွေ မဟုတ်ဘူး၊ သူတို့မှာ သူတော်စင် ရူရ်ရဲ့ စွမ်းအား ပါတယ်၊ မိန်ဇီဟော်က သူ့သီချင်းကို သူတော်စင် ရူရ် တွေနဲ့ ပေါင်းစပ် ထားတယ်၊ အေးစက်ပြီး ကြောက်စရာပဲ၊ ...
... အသိ စိတ်တွေ မှိန်ဖျော့ လာချိန်မှာ၊ ပယင်း နယ်ပယ်ရဲ့ ယင် လေစီးကြောင်ထဲ ခုန်ချ လိုက်တဲ့ ဖြစ်စဉ်ကို၊ ပြန် သတိရ လာတယ်၊ ...
... အဲဒီတုန်းက ငါ ဒဏ်ရာ ကြီးကြီး မားမား ရထားလို့၊ မင်းရဲ့ သိုင်းဝိညာဉ်ကို သုံးပြီး ... ငါ့ကို ကုသ ပေးခဲ့တယ် မဟုတ်လား ... ။ ”
ယွဲ့ဝေဝေ မျက်နှာပြောင်း သွားပြီး လင်းယွန် လက်ကို ဆုပ်ကိုင်ကာ၊
“ ဟုတ်တယ် ... ဒီလိုဆို ဒီကောင်က ဆိုးလွန်းတယ် မဟုတ်လား၊ အစ်ကိုကြီး လင်း သူ့အပေါ် လွယ်လွယ်နဲ့၊ ခွင့်လွှတ် တာကိုး။ ”
-မိန်ဇီဟော်ထံ ကြည့်ကာ ပြောလိုက်သည်။
“ ထားလိုက်ပါ ... ငါ သူ့ကို မမြင် ရဘူး၊ ပြီးတော့ ... သူက ငါ့မိတ်ဆွေ တစ်ယောက်နဲ့ နာမည် တူနေတယ်။ ”
( ယင်းက ပယင်း ကမ္ဘာတွင် လင်းယွန် ကြုံခဲ့သော မိန်ဇီယာကို ရည်ညွှန်းခြင်း ဖြစ်ပေ မည်။ ထိုစဉ်က မိန်ဇီဟော်ကို မိန်ဇီယာ အဖြစ်၊ ရေးမိခဲ့ ဖူး၏။ )
“ ဒါဆို သူ့ကို ... ခွင့်လွှတ် လိုက်မယ် ... ။ ”
ယွဲ့ဝေဝေက ခေါင်းညိတ် သဘောတူ လေသည်။ မိန်ဇီဟော်က အစေခံ (၉) ဦးနှင့် စကား စမြည် ပြောနေရာမှ၊ သူတို့ နှစ်ဦးထံ လှည့်ကြည့် လာသည်။
“ အစ်ကို လင်း ... ၊ ငါတို့ ဘာလို့ နောက်ထပ် လောင်းကြေး မထပ် ရတာလဲ။ ”
“ သူနဲ့ ဆက်ပြီး ... ၊ လောင်းကစား မလုပ်နဲ့၊ နင် စိတ်ဝင် စားရင် ... ငါနဲ့ လောင်းမယ်။ ”
ယွဲ့ဝေဝေက မျက်လုံးများ မှေးစင်းလျက် ဝင်ပြော လာသည်။ မိန်ဇီဟော်၏ လောင်းကြေး အပေါ်၊ သူမ မကျေနပ် နိုင်ချေ။
“ ဘာကြေးလဲ ... ။ ”
မိန်ဇီဟော် မျက်ခုံးပင့်ကာ ပြုံးပြီး မေးလာသည်။
“ နင်က လူတွေကို ... လောင်းကြေး ထပ်ရတာ ကြိုက်တယ် မဟုတ်လား၊ ငါ ရှုံးရင် ... အစ်ကိုရန် နင့်ကို ပေးမယ်။ ”
ယွဲ့ဝေဝေ လောင်းကြေး ကြောင့် ရန်တျန်းချန်မှာ မျက်လုံးပြူး သွား၏။ နတ်သမီး လေးမှ သူ့အား စွန့်ပစ် လိုသော်၊ လက်ခံ ရုံသာ ရှိပေမည်။
“ လောင်းကြေးက စိတ်ဝင် စားစရာပဲ၊ ကြိုက်တယ်၊ ဒါပေမယ့် သူတော့ မဟုတ်ဘူး မင်း ရှုံးရင် လင်းရှောင် ငါ့ကို ပေး။ ”
မိန်ဇီဟော်က ပြုံးကာ ပြန်ပြော လိုက်၏။
“ ဒါတော့ ... လုံးဝ မရဘူး။ ”
ယွဲ့ဝေဝေက သူ့အား စိုက်ကြည့်ကာ ငြင်းဆန် သည်။ မိန်ဇီဟော်မှ ပြုံးရွှင် သွားပြီး၊ ဆက်မပြော တော့ချေ။ လင်းယွန်ထံ လှည့် ကြည့်ကာ၊
“ ဒီလူတွေ ဘာလို့ ... ဘဝ သုံးပါး သစ်ပင်ကို မဆွဲဆောင် နိုင်တာလဲ ... မင်းသိလား။ ”
-ဟု စကား လမ်းကြောင်း ပြောင်း လိုက်သည်။
ထိုမေးခွန်းက ရန်တျန်းချန်နှင့် ယွဲ့ဝေဝေ အပါ အဝင်၊ မုရွယ်လင်၏ အာရုံကိုပါ၊ ဖမ်းစား နိုင်ခဲ့သည်။
“ ပြောပါ ... ။ ”
လင်းယွန်က ခေါင်းညိတ်ကာ စိတ်ဝင် စားကြောင်း ပြလိုက်သည်။
“ မင်း သိချင်တာ သေချာလား ... ။ ”
သို့သော် မိန်ဇီဟော်မှ ချက်ချင်း ပြန်မဖြေဘဲ၊ ပြုံးစိစိဖြင့် အတည်ပြု မေးလာ ပြန်၏။
“ နင် ... သိရင် ဘာလို့ ... ဒီအကြောင်းကို တခြားလူတွေ လိုက်ပြော နေတာလဲ၊ ကိုယ်တိုင် ကြိုးစား ပေါ့။ ”
“ မဟုတ်ဘူး ... ၊ ငါ သိနေ ပေမယ့် ... ငါမလုပ် နိုင်ဘူး၊ ဒီနေရာ မှာတော့ ငါက အသုံး မကျ သေးဘူး။ ”
မိန်ဇီဟော်က ပြုံးလျက် ခေါင်းယမ်းကာ၊
“ ဒါက ဂီတ မဟုတ်ဘူး၊ တခြား အရာ တစ်ခုပါ။ ”
-ဟု ဆက်ပြော လာသည်။
“ ဒါဆို ... မင်း မလုပ်နိုင် ပဲနဲ့ ... ၊ ဘာလို့ ခွဲတမ်း တောင်းနေ ရတာလဲ။ ”
ရန်တျန်းချန်က မျက်မှောင် ကြုတ်ကာ ဝင်မေးသည်။
“ ငါ့ အစေခံတွေ အတွက်ပါ၊ အကုန်လုံး မဟုတ် ပါဘူး၊ သူတို့ အတူတူ ကစားဖို့ ခွဲတမ်း တစ်ခုဆို လုံလောက် ပါတယ်။ ”
“ ဒါဆို ပြောပါ၊ နင့်အတွက် ကတိ တစ်ခု ပေးနိုင်တယ်။ ”
ယွဲ့ဝေဝေက ဘဝ-သုံးပါး သစ်သီးကို သဘာဝ အတိုင်း လိုချင် မိသည်။ ၎င်းမှာ အစ်ကို ကြီး လင်း အတွက်၊ များစွာ အထောက် အကူ ရပေမည်။
“ ဒါ ... နိဗ္ဗာန် နန်းတော် ကတောင် မသိ သေးတဲ့ လျှို့ဝှက်ချက်ပဲ၊ ဒါပေမယ့် ငါတို့ ဂီတ မိသားစု ဆယ်ပါး ကတော့ သိထားတယ်။ ”
မိန်ဇီဟော်က စကားကို ရပ်ပြီး လင်းယွန်အား ပြန် ကြည့်ကာ၊
“ မင်း နောက်ဆုံး တီးခဲ့တဲ့ ... ၊ သီချင်း သုံးပုဒ် အပါအဝင် အဲဟူ ကစားပုံကို၊ ငါ သိချင် တယ်။ ”
-ဟု တောင်းဆို လာတော့သည်။
“ အဆင်ပြေတယ် ... ၊ ဒါပေမယ့် ... မင်း ငါ့ရဲ့ စီနီယာ အစ်ကို ရန်ကို၊ တောင်းပန် ရမယ်။ ”
လင်းယွန်မှ ပြန်ပြော၏။
“ မလို ပါဘူး၊ သူက ငါ့ထက် အားနည်းတဲ့ အတွက် ... ၊ သူ့အရှုံးကို သူလက်ခံ နိုင်လိမ့်မယ်။ ”
“ မှန်တယ်၊ ဂျူနီယာ လင်း ... မင်း သူနဲ့ သဘော တူညီချက် လုပ်လို့ ရပါတယ် ... ၊ ငါ အဆင် ပြေတယ်။ ”
ရန်တျန်ချန် စကားကြောင့် လင်းယွန်က မိန်ဇီဟော် တောင်းဆိုမှုကို ခေါင်းညိတ်ကာ သဘောတူ လိုက်သည်။
“ ဒါဆို သဘော တူညီချက် ရပြီ၊ လျှို့ဝှက် ချက်က ရှင်းရှင်း လေးပါ၊ သစ် တစ်ပင်က ပန်း တစ်ပွင့်ပဲ ပွင့်ရမယ်။ ”
ပြောပြီး သည်နှင့်၊ မိန်ဇီဟော်က အစေခံ ကိုးယောက်အား အချက် ပြကာ၊ နောက်ဆုတ် သွား လေသည်။
သူ့ စကားကြောင့် ယွဲ့ဝေဝေ၊ ရန်တျန်းချန်၊ လင်းယွန်နှင့် မုရွယ်လင်မှာ အတွးထဲ နစ်မျော သွား၏။
“ သစ် တစ်ပင်က ... ပန်း တစ်ပွင့်ပဲ ပွင့်ရမယ် တဲ့လား ... ။ ”
လင်းယွန်က မိန်ဇီဟော် စကားကို ပြန်၍ သုံးသပ် နေမိ၏။ ယွဲ့ဝေဝေထံ ပြန်လှည့် ကြည့် ရာတွင်၊ မရေရာသော အတွေးများ ဝင်လာ ခဲ့သည်။
ထိုအချိန်တွင် နတ်တာအို ဂိုဏ်းမှ ကျန်းရင်က၊ သီချင်း တစ်ပုဒ်လုံး ပြီးသော်လည်း၊ ဘဝ-သုံးပါး သစ်ပင်မှ တုံ့ပြန်မှု မရှိခဲ့ သဖြင့် စိတ်ပျက် လက်ပျက် ဖြစ်နေသည်။
“ အစ်ကို လင်း ... မင်းအလှည့် ရောက်ပြီ။ ”
ကျန့်ရင်တျန်းမှ လင်းယွန်အား ပြုံးလျက် ပြောလာ တော့သည်။ လူတိုင်း၏ အကြည့် များ လင်းယွန်ပေါ် ကျရောက် လာ၏။
နှစ်ပေါင်း ရှစ်ရာ တိုင်တိုင် မပွင့် ခဲ့သော ဘဝသုံးပါး သစ်ပင်ကို လင်းယွန် တစ်ယောက် သူ့လက်ဖြင့် ပွင့်အောင် လုပ်နိုင်မည် လောဟု၊ စတင် တွေးတော လာမိ တော့သည်။
***