ချစ်ခြင်း ... ။
Vol. 126 Ch. 1760
လင်းယွန်က ဘဝ-သုံးပါး သစ်ပင် ဆီသို့ လျှောက်သွား နေသည်ကို၊ မိန်ဇီဟော်မှ ပြုံးကာ ကြည့်နေ ခဲ့သည်။
ချင်းဟို၊ ချန်ကျွယ်၊ ကျန်းရင်နှင့် အခြား သူများမှာ၊ ဘဝ-သုံးပါး သစ်ပင်နှင့် အနီးဆုံး၌ ရပ်လျက် ငြိမ်သက် နေကြ၏။
လင်းယွန် ချဉ်းကပ် လာ သည်ကို ကြားသဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားပြီး၊ မျက်လုံးချင်း မဆုံဝံ့ ကြချေ။
“ အစ်ကို လင်း၊ မင်း လုပ်နိုင်တယ်။ ”
ကောင်းကင် တာအို ဂိုဏ်း၏ လျူရို့ချန်မှ ပြုံးလိုက်သည်။ သူ့အနားရှိ ရီချန်က၊
“ ဒီသစ်ပင်က ထူးဆန်းတယ်၊ ဂီတကို နားလည် ပြီး နှစ်သက်တယ်၊ ဒါပေမယ့် ဘာလို့ ပန်းမပွင့် တာလဲ မသိဘူး၊ အစ်ကိုလင်း သူ ပွင့်မယ်လို့ မင်းရော ယုံကြည်လား။ ”
-ဟု မေးမြန်း လာသည်။
ထိုမေး ခွန်းကို လူတိုင်းက အာရုံစိုက် လာကြ၏။ ကျန့်ရင်တျန်း သည်လည်း မျှော် တလင့်လင့်ဖြင့် ကြည့်နေသည်။
လင်းယွန်မှ ဘဝ-သုံးပါး သစ်ပင်ကို ပွင့်အောင် လုပ်နိုင်သော်၊ နောင်လာမည့် နိဗ္ဗာန် ပွဲတော်အား၊ လူကြိုက်များ ပေလိမ့်မည်။
ဤနှစ်များ အတွင်း နိဗ္ဗာန် ပွဲတော်အား လူ စိတ်ဝင်စားမှု နည်းလာ၏။ ဥပမာ အားဖြင့် ဂီတ မိသားစု ဆယ်ပါးကို ကြည့်နိုင် သည်။
၎င်းတို့တွင် စိတ်စွမ်းအင် လေ့ကျင်ရန်၊ အထောက် အကူ ပြုသည့် ရှေးဟောင်း သီချင်း များနှင့် အုပ်စိုးရှင် သူတော်စင် ပစ္စည်း များမှာ၊ ပေါလျှံ လှသည်။
ထို့ကြောင့် ဘဝ သုံးပါး သစ်သီး သည်သာ၊ သူတို့ အပေါ် သဘာဝ အတိုင်း ဆွဲဆောင် နိုင်ခဲ့ သည်။
သို့သော် ဘဝ-သုံးပါး သစ်ပင်မှာ၊ ပန်းပင် မပွင့်တော့ သဖြင့်၊ စိတ်ဝင်စားမှု မရှိ တော့ချေ။ ထို့ကြောင့် မိန်ဇီယာ လာမည်ကို သိပြီး နောက်၊ အခြားသော ဂီတ မိသားစု များက၊ ပါဝင်ရန် ဆန္ဒ မရှိ တော့ခြင်း ဖြစ်သည်။
မိန်ဇီဟော်သည် ဂီတ တာအို၌ ထူးချွန်သူ တစ်ဦး ဖြစ်သဖြင့်၊ ချန်ပီယံ ဆုကို ရရှိ မည်မှာ သေချာသည်။
အခြားသော အရာ များမှာ၊ တန်ဖိုးရှိ သော်လည်း၊ သူတို့အား ဆွဲဆောင်ခြင်း မရှိချေ။ ထိုအရာများ ထဲတွင် ဘဝ-သုံးပါး သစ်ပင်အား ဖျော်ဖြေခွင့် ဟူသည့်၊ အရာ သည်လည်း အပါ အဝင် ဖြစ်သည်။
“ စမ်းကြည့် ရမှာပဲ။ ”
လင်းယွန်တွင် ယုံကြည်ချက် မြင့်မားခြင်း မရှိ သောကြောင့်၊ ကျန့်ရန်တျန်းမှ အနည်းငယ် စိတ်ပျက် သွားသည်။
လင်းယွန်က ဘဝ-သုံးပါး သစ်ပင်ကို ကြည့်ကာ၊ အသက် ပြင်းပြင်း ရှူရှိုက် လိုက် တော့၏။
ပြီးနောင် သူ ပိုင်သော တူရိယာ သုံးမျိုး အနက်၊ နတ်ကျောက်စိမ်း ဝါးပုလွေကို ထုတ်ယူ လိုက်သည်။
ဤပုလွေသည် သူ့ အတွက် များစွာ အဓိပ္ပာယ် ရှိ၏။ သူနှင့် အချိန် ကြာမြင့်စွာ အတူ ရှိခဲ့သည်။
များမကြာခင် ဖီးနစ် နှလုံးသားကို တီးမှုတ် လိုက်မိသည်။ ဤသီချင်းသည် ကြားရ သူတိုင်း ကို၊ သက်တောင့် သက်သာ ဖြစ်စေပြီး၊ စိတ် စွမ်းအင်များ တိုးပွား စေ၏။
၎င်းကို နေ့စဉ် တီးမှုတ်လေ့ ရှိသောကြောင့် သူ့အတွက် အပိုင်နိုင်ဆုံး သီချင်း တစ်ပုဒ်လည်း ဖြစ်သည်။
ဘဝ-သုံးပါး သစ်ပင်၌၊ ဉာဏ်ရည် ဉာဏ်သွေး သာ ရှိသော်၊ ဤသီချင်းကြောင့် အမှန် တကယ် အကျိုး ရှိ ပေမည်။
လူတိုင်း သီချင်းထဲ နှစ်မျော ကုန်၏။ သူတို့၏ နှလုံးသား များကို ရေဖြင့် ဆေးကြော နေ သကဲ့သို့ သန့်စင် လာသည်။
“ ဒါ ... ဖီးနစ် နှလုံးသား ... ။ ”
ရီချန်မှ စိတ်လှုပ်ရှား လာသည်။ သီချင်းသံ အောက်တွင် သူ့ခန္ဓာ အတွင်းရှိ မီးတောက်မှာ တဖြည်းဖြည်း လောင်ကျွမ်း လာ၏။
ဆိုလို သည်မှာ နတ်ဖီးနစ် တောင်၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် များသည်၊ သီချင်း သံကြောင့် အလိုလို အသက်ဝင် လာခြင်း ဖြစ်သည်။
သူ့ တင်မက။ နတ်ဖီးနစ် တောင်၏ အကြီးအကဲများ သည်ပင် စိတ်လှုပ်ရှား လာ တော့၏။
ပလွေ သံစဉ်က၊ လူတိုင်းအား လရောင်ခြုံ နေရ သကဲ့သို့ အေးချမ်း စေသည်။ လင်းယွန်က မျက်လုံးများ မှိတ်ပြီး၊ ဘဝ-သုံးပါး သစ်ပင် အောက်တွင် ရပ်လိုက်သည်။
လရောင် များက လမင်း ကြင်ဖော် ရေကန်သို့ အတား အဆီးမဲ့စွာ ဖြာကျ နေခဲ့ သည်။ သစ်ကိုင်းများ ပြန့်ကား လာပြီး လရောင်အချို့ ဖြာဆင်း နေ၏။
ဤမြင်ကွင်းက လူတိုင်းကို အံ့သြ သွားစေသည်။ ရှုခင်းမှာ များစွာ လှပ နေသည်။ ယင်းကို ဖော်ပြရန် စကား လုံးပင် မရှိချေ။
ရုတ်တရက် ရေကန် မျက်နှာပြင် တုန်ခါ လာပြီး၊ ကန် အောက်ခြေမှ အလင်း ရောင်များ တိုးထွက် လာသည်။
လမင်း တစ်စင်း ခုန်ထွက် လာတော့ မည်ဟု ခံစား လာရ၏။
“ ပွင့်တော့မယ် ... ။ ”
ချင်းဟိုနှင့် အဖွဲ့မှာ စိုးရိမ် သွားသည်။ နှစ်ပေါင်း ရာဂဏန်း တိုင်အောင် မပွင့် ခဲ့သော ဘဝ သုံးပါး သစ်ပင်ကို ဤလူရိုင်း၏ လက်ဖြင့် မပွင့်စေ လိုချေ။
လေးယောက်သား မျက်နှာများ ပျက်ယွင်း ကုန်သည်။
“ တစ်ခုခုတော့ မှားနေပြီ။ ”
ကျန့်ရင်တျန်း၏ အပြုံးများ ပျောက်ကွယ် သွားသည်။ လင်းယွန် သီချင်းမှာ၊ ပြီးဆုံးလု နီးပြီ ဖြစ်၏။ သို့တိုင် ဘဝ-သုံးပါး သစ်ပင်က ပွင့်ရန် အရိပ် အယောင် မပြ သေးချေ။
ရေကန် ဘေးမှ လူတိုင်း မျက်မှောင် ကြုတ် သွားသည်။ ဖြစ်စဉ်မှာ တဖြည်းဖြည်း ပြန်၍ ငြိမ် သွား၏။
ချင်းဟိုတို့ လေးဦးမှာ စိတ်သက်သာရာ ရကုန်ပြီး၊ ပြုံးရယ် လာတော့သည်။ ထိုအချိန်၌ သီချင်း ပြီးဆုံး သွားချေပြီ။
ဖြစ်စဉ်များ ပျောက်ကွယ် သွားကာ၊ ကောင်းကင်ကြီး ပြန်၍ ကြည်လင် လာတော့ ၏။ အများစုက စိတ်ပျက် သွားသည်။ လင်းယွန် သီချင်းသည် ပြီးပြည့် စုံ၏။ အနု ပညာ အယူ အဆမှာ၊ လှပ လွန်းသည်။
၎င်းကို တစ်ကြိမ် မျှပင် မကြားခဲ့ ဖူးချေ။ ဘဝ-သုံးပါး သစ်ပင် သည်ပင်၊ ပွင့်တော့ မည်ဟု ထင်ခဲ့ ကြသည်။
နတ်ကျောက်စိမ်း ဝါးပလွေကို ကိုင်လျက်၊ လင်းယွန်က ဘဝ သုံးပါး သစ်ပင်ထံ ကြည့်ကာ၊ လေးလေး နက်နက် တွေးနေ မိသည်။
သစ်တစ်ပင်သည် ပန်း တစ်ပွင့်သာ ပွင့်သည် ဟူသော မိန်ဇီဟော် စကားမှာ မှန်ပုံ ရ၏။ ထိုစဉ် ကျန့်ရင်တျန်း တစ်ယောက် ချဉ်းကပ် လာသည် ကို ခံစား မိသဖြင့် ပြန်လှည့် ကြည့်ကာ၊
“ နန်းတော် သခင်လေး နောက်ထပ် စမ်းကြည့်လို့ ရဦး မလား။ ”
-ဟု တောင်းဆို လိုက်သည်။
“ ဟား ဟား ဟား ... ၊ လင်းရှောင် နင့်ကိုယ်နင် ဘယ်သူလို့ ထင်နေလဲ၊ ချန်ပီယံ ဖြစ်တာ နဲ့ပဲ ... ၊ ဒီလို အထူး အခွင့် အရေး ရှိမယ်လို့၊ ထင်နေ တာလား။ ”
ကျန့်ရင်တျန်း ပြန်မဖြေ နိုင်မီ၊ ဟွာဟောင်ယုက ဝင်ပြော လာသည်။
“ အမှန်ပဲ ... ၊ သခင်လေး လင်းသာ နောက် တစ်ကြိမ် ထပ်သွားလို့ ရရင် ငါတို့လည်း အကြုံး ဝင်တယ် မဟုတ်လား။ ”
ချင်းဟိုက ပြုံးလျက် ပြောလာ ပြန်၏။ ယင်းက သဘောတူချင် နေသော ကျန့်ရင်တျန်း အား၊ ဖြေရ ခက်လာ စေသည်။
“ အို ... နေပါဦး၊ မင်းတို့ ... ဘယ်က လာတာလဲ၊ ဒီမှာ စကား ဝင်ပြောဖို့ ... မင်းတို့မှာ အရည်အချင်း ပြည့်မီ တယ်လို့၊ ထင်နေကြ တာလား။ ”
မိန်ဇီဟော်က လှောင်ပြောင်လျက် ရေကန်ပေါ် လျှောက်လှမ်း လာလေသည်။
“ မိန်ဇီဟော် ... ဂီတ မိသားစု ဆယ်ပါးက အားကောင်း နေရင်တောင်၊ ငါ့ရဲ့ ကောင်းကင် မီးလျှံ ဂိုဏ်းက၊ ငုံခံ့ နေမှာ မဟုတ်ဘူး။ ”
ချင်းဟိုက အေးစက်စွာ ပြန်၍ ခြိမ်းခြောက် လိုက်သည်။
“ ဆိုတော့ ... ၊ မင်းက ကောင်းကင် မီးလျှံ ဂိုဏ်း ကပေါ့၊ မြင့်မြတ်မြေ တွေမှာ ဂီတ အပေါ် နားလည် နိုင်တဲ့သူ ဘယ်နှစ်ယောက်များ ရှိလို့လဲ၊ ဒါနဲ့ ... နေပါဦး၊ ...
... မင်းက သူတော်စင် သခင်ရဲ့ တပည့် တစ်ယောက်လား ... အိုး ... မဟုတ် ဖူးပဲ၊ ဒါဆို မင်းပါးစပ်ကို ပိတ်ထား ... ၊ မင်း အဆင့် မျိုးက ငါ့အိမ်မှာ အစေခံ ဝင်လုပ် ဖို့တောင်၊ အရည် အချင်း မရှိဘူး။ ”
မိန်ဇီဟော် စကားကြောင့် ချင်းဟို မျက်နှာ နီမြန်း သွားသည်။
“ ဘာမှား လို့လဲ ... ၊ မင်းက ငါနဲ့ ပြိုင်ပြီး ဒေါသ ထွက်ဖို့တောင် ... ၊ အရည် အချင်း ရှိနေ တယ်လို့၊ ထင်နေ တာလား၊ ထွက် သွား စမ်း ...
... မင်း ရှိနေတာ ကိုက ... လေထု ညစ်နွမ်းတယ်၊ လင်းရှောင် ကြောင့်သာ မဟုတ် ရင်၊ ဒီနေ့ ဒီနေရာမှာ ရပ်နေဖို့ ... ၊ အခွင့် အရေးတောင် ရှိလာမှာ မဟုတ်ဘူး။ ”
စကားဆုံး သည်နှင့် သူ့ လက်ကို ဝှေ့ယမ်းကာ ချင်းဟိုအား တွန်းထုတ် ပစ်သည်။ ဂီတ သံများ မည်လာပြီး၊ လှိုင်းတို တစ်ခုက ချင်းဟို ရင်ဘတ်ကို ထိမှန် သွား၏။
“ ဝေါ့ ... ။ ”
သွေးအန်လျက် အဝေးသို့ လွင့်စဉ်ကာ၊ ရေကန်ပေါ် ပြုတ်ကျ သွားသည်။ ဤအရာက ဟွာဟောင်ယု၏ မျက်နှာကို အေးစက် သွားစေ၏။
“ နင်လည်း ထွက်သွား... ငါ့ အစေခံ တွေတောင် နင့်ထက် သာတယ်၊ မိန်းမ တေွကို ငါ မရိုက် ချင်ဘူး။ ”
မိန်ဇီဟော်က ပြတ်သား ချေ၏။ သူ့ လုပ်ရပ်မှာ၊ မောက်မာ လွန်းသဖြင့်၊ လူအုပ်ကို တိတ်ဆိတ် သွားစေသည်။
ယင်းက မိန်ဇီဟော် ရောက်လာ ချိန်၌၊ မည်မျှ မာန ထောင်လွှား ခဲ့သည်ကို ပြန်၍ အမှတ်ရ လာသည်။
ထိုစဉ်က ကျန့်ရင်တျန်း ကိုပင် မျက်လုံးထဲ မထည့် ထားချေ။ ယင်းကြောင့် ချင်းဟို ဟူသည် ဆိုဖွယ် မရှိနိုင်။
လင်းယွန် အပေါ်၊ ယဉ်ကျေးပြ နေသဖြင့်၊ ၎င်း၏ မာန ထောင်လွှားသည့် အသွင် အပြင်ကို သူတို့ မေ့ကုန် ကြခြင်း ဖြစ်သည်။
ချင်းဟိုမှာ မကျေနပ် သော်လည်း၊ ဟွာဟောင်ယု နှင့်အတူ လျင်မြန်စွာ ထွက်ခွာ သွားတော့သည်။
သည်ကနေ့ အဖြစ် အပျက် များသည်၊ သူတို့နှစ်ဦး အတွက် အရှက် ရဖွယ် များသာ ဖြစ်သည်။
“ နန်းတော် သခင်လေး လင်းရှောင်ကို ငါ့အစား နောက်တစ်ကြိမ် ကြိုးစားခွင့် ပေး လိုက်ပါ။ ”
“ သေချာလား ... ။ ”
“ သေချာတယ်။ ”
မိန်ဇီဟော်က ပြုံးကာ ခေါင်းညိတ် လိုက်၏။
“ ကောင်းပြီ ... မင်းအတွက် ခွဲတမ်းကို လင်းရှောင်က တောင်းပေး သလို၊ မင်းက သူ့ အတွက် ပြန်ပေးတယ်၊ ဒါက စည်းကမ်း၊ ...
... ဖောက်ဖျက်တာ မဟုတ်ဘူး ... ၊ လင်းရှောင် ... ၊ မင်း အဲဒါကို နောက်တစ်ကြိမ် ကြိုးစား ကြည့်လို့ ရတယ်။ ”
“ ကျေးဇူး တင်ပါတယ်၊ နန်းတော် သခင်လေး။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည် ။
“ ဒီသခင်ငယ် ကိုရော ... ကျေးဇူး မတင်ဖူးလား၊ ဟား ဟား ဟား ... ။ ”
မိန်ဇီဟော်က ပြုံးလျက် ဝင်မေးသည်။ လင်းယွန်မှ ပြန်လှည့် ကြည့်လာ သဖြင့် လက် ဝှေ့ရမ်းကာ ဆုတ်ခွာ သွားတော့သည်။
၎င်းအပြု အမူသည် နှစ်သက်ဖွယ် ကောင်းသည်။ အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်က နတ်ကျောက်စိမ်း ဝါးပုလွေကို သူ့နှုတ်ခမ်းပေါ် ပြန်တင် လိုက်သည်။
ခေါင်းမော့ကာ ယွဲ့ဝေဝေထံ တစ်ချက် ကြည့်၏။ ထိုအကြည့်တွင် သူမအား ကြယ်များ ဆီသို့ ခေါ်ဆောင် နေသည်ဟု၊ ခံစား လိုက်ရ သဖြင့်၊ ယွဲ့ဝေဝေ တစ်ယောက် တုန်ယင် လာသည်။
ပလွေသံ ထွက်လာ တော့သည်။ ဤတစ်ကြိမ် တွင်လည်း၊ ရှေးဟောင်း သီချင်း တစ်ပုဒ် ပေပင်။
မည်သူမျှ မကြား ဖူးသော၊ ဂန္ဓဝင် အချစ် သီချင်းဖြစ်၏။ အဆုံး မရှိသော ချစ်ခြင်း မေတ္တာ၊ အဆုံး မရှိသော အမှတ် တရ၊ အဆုံး မရှိသော အလှနှင့်၊ သီဆို သူ၏ ရင်ခုန်သံ ပါဝင်သည်။
ထို့ကြောင့် လူတိုင်းက ယွဲ့ဝေဝေကို လှည့်ကြည့် လာသည်။ သည်သီချင်းသည် သူမ အတွက် ဖြစ်ချေ၏။ လင်းယွန်က ပလွေမှုတ် လျက်မှ၊ သူမထံ လျှောက်လှမ်း သွားသည်။
“ ဖီးနစ်အား ပိုးပန်းခြင်း။ ”
လင်းယွန်သည် ကောင်းကင်၌ ပျံသန်း နေသော ဖီးနစ် တစ်ကောင် ဖြစ်သည်။ သူ့ နှလုံး သားနှင့် ကိုက်ညီသော ကြင်ဖော်ကို ရှာဖွေ နေ၏။
သူသည် အခက် အခဲ များစွာ ဖြတ်သန်း ခဲ့ရပြီး၊ ထုတ်ပြော၍ မရသော စိတ် ခံစားချက် များစွာကို၊ မျိုသိပ် ထားရသည်။
ယနေ့တွင် ထိုခံစားချက် များကို ဤ သီချင်းဖြင့် ပြောပြရန် ဆုံးဖြတ် လိုက်ပြီ ဖြစ်၏။ ထို့ကြောင့် မုရွယ်လင်မှာ အံ့အားသင့် လာသည်။
ယွဲ့ဝေဝေ မျက်နှာ နီရဲ သွားသည်။ သူမမှာ အမြဲတမ်း ပြုံးနေ သော်လည်း၊ မကျေနပ်ချက် များစွာ ရှိသည်။
လင်းယွန် ဘက်မှ၊ သူမ အပေါ် ချစ်ရေး မဆိုခဲ့ သကဲ့သို့၊ အရိပ်အမြွက် မျှပင် မပြခဲ့ချေ။ ယင်းက နာကျင် စရာ ဖြစ်သည်။
ပယင်း ကမ္ဘာ၏ ယင် လေစီးကြောင်းထဲ ခုန်ချ လိုက်စဉ် ကတည်း ကပင်၊ လင်းယွန်ကို ချစ်မိ သွားခဲ့သည်။
ကောင်းကင် လမ်း၌၊ နတ်ကျောက်စိမ်း ဝါးပုလွေကို ပေးခဲ့သည်။ အစ်ကိုကြီး လင်းနှင့် ပတ်သတ်သော ချစ်မှု ရေးရာ တိုင်းကို သိထား သော်လည်း၊ မုန်းတီးခြင်း မရှိချေ။
ဤလောက ကြီးတွင်၊ ကိုယ့် ချစ်သူမှ ကိုယ့်အပေါ် ပြန်၍ ချစ်ခင် လာခြင်း ဟူသည်၊ တုနှိုင်းမဲ့သော ပျော်ရွှင်ခြင်း ဖြစ်သည်။
ထို့ကြောင့် သူမ နှလုံးတွင် အချစ်ပန်း တစ်ပွင့် ကေျနပ်စွာ ပွင့်လာ၏။ လ ရောင်ခြည် များမှာ၊ သူမအား အလုံးစုံ သိုင်းခြုံ လေသည်။
လင်းယွန်က ညာလက်ကို ကမ်းပေး လာခဲ့၏။ ထို့ကြောင့် ပြုံးပြီး သူမ လက်ဖြင့် ပြန်၍ ဆုပ်ကိုင် လိုက်သည်။
သူတို့ လက်များ ဆုပ်ကိုင် လိုက်သော အခါတွင်၊ ရေကန်၌ လှိုင်းလုံးများ ဖြည်းညှင်းစွာ ပျံ့နှံ့ကား သွားသည်။
ထိုရေလှိုင်းများ အတွင်မှ၊ သုံးရောင်ခြယ် ပန်းများ ပွင့်လာ ကြ၏။ သူတို့ နှစ်ယောက်ကို ဝိုင်းရံ ထားသော ပန်းကမ္ဘာကြီး အလား ပေပင်။
ဘဝ-သုံးပါး သစ်ပင်သည်၊ နှစ်တစ်ထောင် အတွင်း၊ နောက်တစ်ကြိမ် ပွင့်လာ ခဲ့ပြီ ဖြစ်လေ သည်။
“ ပန်းတွေ ပွင့်လာပြီ။ ”
မိန်ဇီဟော်က ပြုံး၏။ ဒဏ္ဍာရီမှာ စစ်မှန် ချေသည်။ သစ်တစ်ပင်သည် ပန်း တစ်ပွင့် သာ ပွင့်ပေ၏။