← Chapters

ဘာလို့ ကြောက်နေ ရမှာလဲ။

Vol. 126 Ch. 1762

ဘာလို့ ကြောက်နေ ရမှာလဲ။

Vol. 126 Ch. 1762

ထို့နောက် မုရွယ်လင်နှင့် အတူ၊ တိမ်များ ဖုံးလွှမ်း နေသော နိဗ္ဗာန် တောင်ထိပ်သို့ ဦးတည် လာခဲ့သည်။

ဤနေရာသည် နိဗ္ဗာန် နန်းတော် အတွက်၊ တားမြစ်မြေ ဖြစ်ပြီး၊ မည်သူမျှ ခြေချခွင့် မရှိချေ။ တောင်ခြေ၌ မိန်ဇီဟော်နှင့် အစေခံ များက ကြိုတင် စောင့်ဆိုင်း နေ၏။

“ သူတော်စင် အကြီးအကဲ ... ။ ”

မိန်ဇီဟော်မှ မုရွယ်လင်ကို နှုတ်ဆက်သည်။ မုရွယ်လင်မှ ခေါင်းညိတ် အသိ အမှတ် ပြုလိုက် ၏။

“ လင်းရှောင်၊ မင်း နိဗ္ဗာန် နန်းတော်မှာ ဘယ်လောက် ကြာ မှာလဲ။ ”

“ မသေချာဘူး၊ မြန်ရင် သုံးရက် ... ကြာရင် ငါးရက်ပဲ။ ”

“ အဲ့ဒီ လောက်တောင် ကြာမှာလား။ ”

မိန်ဇီဟော်က ခေါင်းယမ်းလျက်၊

“ ဒီမှာ ဘာမှ စိတ်ဝင် စားစရာ မရှိလို့၊ ငါတော့ ကြာကြာ မနေနိုင် တော့ဘူး၊ မြို့တော် မှာ မင်းကို ငါစောင့် နေမယ်။ ”

“ ကောင်းပြီ ... ။ ”

“ ကတိကို မမေ့နဲ့၊ လိပ်နက် ပင်လယ် ကွေ့မှာ ဒီရက်ပိုင်း တော်တော် စည်ကားတယ်၊ အဲဒီကို မသွားခင် မြို့တော်မှာ ... တစ်လ တိတိ ငါ မင်းကို စောင့်မယ်။ ”

၎င်း၏ စကား ကြောင့် အန်းလျူယွင်ကို သတိရ သွားသည်။ လိပ်နက် ပင်လယ်ကွေ့တွင်၊ လိပ်နက် အမွေကို တွေ့နိုင် သည်ဟု ထင်ကြေး ရှိ၏။

ထို့ကြောင့် သူ့ လက်ထဲရှိ လိပ်ခွံဖြင့် ထိုနေရာတွင် အားသာချက် ရှိမည်ဟု ထင်မိ လာသည်။

“ ငါ မင်းကို ရက်အတိ အကျ ... မပြော နိုင်ဘူး၊ မင်းလို ချင်တဲ့ သီချင်းတွေ ကိုတော့ ရေးပေး ထားတယ်။ ”

လင်းယွန်က ကျောက်စိမ်းတုံး သုံးတုံးကို ထုတ်ပြီး မိန်ဇီယာထံ ကမ်းပေးသည်။ ဤအရာ အတွက် လွန်ခဲ့သော နှစ်ရက် ကပင် ပြင်ဆင် ထားပြီး ဖြစ်၏။

၎င်းမှ လာမရှာ လျှင်ပင်၊ သူ ရှာဖွေမည် ဖြစ်သည်။ ကျောက်စိမ်းတုံး များကို လက်ခံ ယူကာ၊

“ ငါ့ကို အဲဟူ ငှားပါ။ ”

-ဟု မိန်ဇီယာမှ ဆိုသည်။

လင်းယွန်က မုရွယ်လင်အား ပြန်လှည့် ကြည့်၏။ ဤတူရိယာကို သူမသာ ပိုင်သည်။ ထိုအကြည့်ကြောင့် မိန်ဇီဟော် မျက်နှာ လေးနက် သွားပြီး၊

“ ဒါဆို ... သူတော်စင် အကြီး အကဲ ပိုင်တာပေါ့၊ ဒီအတွက် တောင်းပန်ပါတယ်၊ ငါ မသိ လို့ပါ ... ။ ”

-ဟု တောင်းပန် လိုက်သည်။

ဤအရာက လင်းယွန်ကို အံ့အားသင့် သွားစေ၏။ မိန်ဇီဟော် ဆိုသူသည် နန်းတော် သခင် ကိုပင် ဂရုစိုက် လှသူ မဟုတ်ချေ။ မုရွယ်လင် အပေါ်မူ၊ အလေးထား နေ၏။

မုရွယ်လင်က မိန်ဇီဟော်အား စိတ်ဝင်စားပုံ မပြဘဲ၊

“ မင်း ... ဆုံးဖြတ်ချက် နိုင်တယ်။ ”

-ဟု လင်းယွန်ဘက် လှည့်ကာ ပြောသည်။

ထို့ကြောင့် လင်းယွန်က စဉ်းစား မနေတော့ဘဲ၊ အဲဟူကို မိန်ဇီဟော်ထံ ကမ်းပေး လိုက်၏။

“ စိတ်ဝင် စားဖို့ ကောင်းတယ်။ ”

အဲဟူကို လက်ခံ ယူပြီး၊ မိန်ဇီဟော်က လင်းယွန်ထံ ပြန်ကြည့်သည်။

“ လမင်း ကြင်ဖော် ရေကန်မှာ၊ မင်းကို ငါရှုံးသွားတယ်၊ ဒီအတွက် ... ငါ့အစေခံ တွေကို မင်း မလိုချင်ဖူး ဆိုတော့ ... ၊ အခြား တစ်ခုနဲ့ အစား ပေးမယ်။ ”

စကားဆုံး သည်နှင့် ကျောက်စိမ်းတုံး တစ်တုံးကို လင်းယွန်အား ကမ်းပေး လာသည်။

“ ဒါ ဘာလဲ ... ။ ”

လင်းယွန်မှ မေးမိ၏။

“ မီးငှက် ကြယ်တာရာ ကြယ်စင်စု၊ နတ်နှင်းပန်း လက်ဟန်နဲ့၊ အဲဒီ နေ့က ငါကစား ခဲ့တဲ့ သီချင်းတွေ အားလုံးပဲ၊ ကျင့်ကြံမှု နည်းစနစ် တောင် ပါသေးတယ်။ ”

မိန်ဇီဟော်က ပေါ့ပေါ့ ပါးပါး ပြန်ဖြေ၏။

“ အရေးကြီးဆုံး ကတော့ ဂီတ တာအိုမှာ၊ ငါရဲ့ နားလည်မှု အချို့၊ ထည့်သွင်းထား တာပဲ။ ”

မိန်ဇီဟော်၏ ဂီတ အပေါ် အမြင်သည် နက်ရှိုင်းသည်။ ယင်းက နတ်နှင်းပန်း အတွေ့ နှင့် မီးငှက် ကြယ်တာရာ ကြယ်စင်စု ထက်ပင် တန်ဖိုး ရှိချေ၏။

“ ကောင်းပြီ ... ။ ”

လင်းယွန်က ကျောက်စိမ်းတုံးကို သိမ်းဆည်း လိုက်သည်။

“ ငါတို့ ကောင်းကင် မြို့တော်မှာ ... ၊ ပြန်ဆုံ ကြမယ်။ ”

မိန်ဇီဟော်က လက်ဝှေ့ယမ်းကာ နှုတ်ဆက်သည်။ သူ့ အစေခံ ကိုးယောက်က လင်းယွန်ကို ချစ်စဖွယ် ပြန်ကြည့်ပြီး၊ ထွက်ခွာ သွားကြ တော့သည်။

“ သူတော်စင် အကြီး အကဲကို ... ၊ သူ နည်းနည်း ကြောက်ပုံ ရတယ်။ ”

လင်းယွန်က တောင်ပေါ် တက်လျက်မှ မုရွယ်လင်အား ပြောလိုက်သည်။

“ မင်းရော အတူတူပဲ မဟုတ်လား။ ”

မုရွယ်လင်မှ ပြန်ပြော သည်။ ယင်းမှာ အမှန်ဖြစ် နေ သဖြင့်၊ လင်းယွန် တစ်ယောက် စကား ထပ်မဆို ဖြစ်တော့ချေ။

တောင်ထိပ်ရှိ နန်းဆောင် ထဲတွင်၊ ကျန့်လီက ပြုံးရွှင်စွာ လက်ခံ တွေ့ဆုံ သည်။ သူ့ဘေးတွင် အကြီးအကဲ ခြောက်ပါး ရှိပြီး၊ အားလုံးမှာ သူတော်စင်များ ဖြစ်၏။

မုရွယ်လင်ကို မြင်သော အခါ၊ ကျန့်လီ တစ်ယောက် အံအားသင့် သွားသည်။

“ မင်္ဂလာပါ နန်းတော် သခင်။ ”

လင်းယွန်က ဦးစွာ နှုတ်ဆက်သည်။

“ ဒီလောက် အထိ ... ၊ ယဉ်ကျေး နေဖို့ မလို ပါဘူး။ ”

ကျန့်လီက မုရွယ်လင်ထံ ပြုံးပြပြီး၊

“ သူတော်စင် အကြီး အကဲ၊ မင်း ခဏလောက် ထွက်သွား ပေးလို့ ရမလား၊ ငါတို့ ကြားမှာ ... နိဗ္ဗာန် နန်းတော်နဲ့ ပတ်သတ်တဲ့ အကြောင်း အရာ အချို့၊ ပြောစရာ ရှိတယ်။ ”

“ ငါ ... ဒီမှာပဲ နေမယ်။ ”

မုရွယ်လင် အဖြေကြောင့် နန်းတော် သခင်မှာ၊ မျက်မှောင်ကြုတ် လိုက်ပြီး၊ လင်းယွန် ကို ကြည့်သည်။

ထို့နောက် အချင်း အရာကို နားလည် သွားဟန်ဖြင့်၊ ပြုံးကာ ခေါင်းညိတ် လိုက်၏။

“ နားလည်ပြီ ... ၊ သတိ ထားတာ ကောင်းပါတယ် ... ၊ လေနတ်ဘုရား အမိန့်က တကယ်ပဲ သခင်လေး လင်း လက်ထဲမှာ၊ ရှိနေ ပုံ ရတယ်။ ”

လင်းယွန်က ခေါင်းညိတ် ပြပြီး၊ လေ နတ်ဘုရား အမိန့်ကို ထုတ်ပေးသည်။ တံဆိပ် မြင် သည်နှင့် ကျန့်လီမှာ၊ မျက်ဝန်းများ တောက်ပ လာ၏။

“ ဒါက တကယ့် လေနတ်ဘုရား အမိန့်ပဲ။ ”

သူက အကြီးအကဲ ခြောက်ပါးထံ၊ ပေးကမ်း လိုက်၏။ အကြီးအကဲ ခြောက်ပါးက တံဆိပ်ကို တစ်လှည့်စီ စစ်ဆေးသည်။

နဂါး တံခါး ပျက်စီး သွားသော အခါ၊ မိုးပြာ နဂါး မျိုးရိုးသည် ခွန်လွန် အနှံ့ ပြန့်ကျဲ သွားကာ၊ ဇာတ်မြုပ် နေခဲ့ ကြသည်။

အကြောင်းရင်းများ အနက် တစ်ခုမှာ၊ လေနတ်ဘုရား တံဆိပ် ပျောက်ဆုံး သွားသော ကြောင့်လည်း ဖြစ်၏။

မိုးပြာ နဂါး သခင်၏ အမိန့် အရ၊ မိုးပြာ နတ်ဘုရား တံဆိပ် ရှိသူ သည်သာ၊ မိုးပြာ နဂါး မျိုးရိုးကို ပြန်လည် စုစည်းရန် အမိန့်ပေး နိုင်မည် ဖြစ်သည်။

ခဏ အကြာတွင် ကျန့်လီက လေနတ်ဘုရား တံဆိပ်ကို လင်းယွန်ထံ ပြန်ပေးပြီး၊

“ သခင်ငယ် ... ၊ လေနတ်ဘုရား အမိန့် အကြောင်းကို သိပါ သလား။ ”

-ဟု မေးမြန်း လိုက်သည်။

လင်းယွန်က ခေါင်းညိတ် ပြကာ၊ လေနတ်ဘုရား အမိန့် ရရှိခဲ့ ပုံကို ပြန်ပြောင်း ပြောပြ လာသည်။

ထို့ကြောင့် ကျန့်လီနှင့် အကြီး အကဲ ခြောက်ပါးမှာ၊ ထိတ်လန့် သွားကြ တော့၏။

“ ဒါဆို ... မင်းက ပန်းသင်္ချိုင်း ပေါ့။ ”

လင်းယွန်က လိပ်နက် အသွင် ပြောင်းနည်းကို ရုတ်သိမ်းပြီး၊ မူလ အသွင်အား ပြန်ပြောင်း ပြလိုက်သည်။

“ တကယ်ပဲ မင်းကိုး ... ။ ”

ကျန့်လီနှင့် အကြီး အကဲ များမှာ မျက်လုံး ပြူးကုန်၏။ ချက်ချင်းပင် အုပ်စိုးရှင် သူတော်စင် လက်ရာ၊ မိုးပြာ နဂါး နေ-လ ထီးနှင့်၊ ကောင်းကင် ချပ်ဝတ်ကို သတိ ရလာသည်။

၎င်းတို့ အနက်မှ တစ်ခုမှာ၊ သူတော်စင် သခင် တစ်ပါးကို သွေးဆောင်ရန် လုံလောက် ချေ၏။

သက်တံဓား ခွန်အား ဖြင့်ပင်၊ ကာကွယ် နိုင်ခြင်း မရှိသော ရတနာများ ဖြစ်သည်။ မတွေး သင့်သည့် အတွေးများ ဝင်လာ သဖြင့်၊ ကျန့်လီ မှ အချိန်ယူ ပယ်ရှား နေရသည်။

“ မိုးပြာ နဂါး သခင် ရာထူးကို မလိုချင် ပါဘူး၊ ကတိ တစ်ခု ပေးရင်၊ ဒီ လေနတ်ဘုရား အမိန့်ကို ပေးနိုင်တယ်။ ”

လင်းယွန်မှ ပြတ်သားစွာ ဆိုသည်။ အထက်ပါ စကားကြောင့် အကြီးအကဲ များက အချင်းချင်း ပြန်ကြည့် လိုက်ကြ၏။

“ ငါတို့ ဒီအကြောင်း ပြောဖို့ ... စောပါ သေးတယ်၊ မိုးပြာ နဂါး မိသားစုဝင် တွေက နှစ် တစ်သိန်း ကြာ ပြန့်ကျဲ နေတယ်၊ ...

... မိုးပြာ နတ်ဘုရား အမိန့် ... ပိုင်ရှင်ကို ရှာဖို့၊ ရှေးဟောင်း မိုးပြာ နဂါး မြို့တော်မှာ၊ နဂါး ရွေးချယ်ခြင်း အခမ်းအနား ကျင်းပ ရမယ်၊ မင်းရဲ့ တောင်းဆိုမှုကို အရင် ပြောကြည့်။ ”

ကျန့်လီက အခြေအနေကို ထိန်းထိန်း သိမ်းသိမ်း ဝင်ပြောသည်။

“ ကောင်းကင်ယံ ဂိုဏ်းနဲ့ ... စစ်ဖြစ်တဲ့ တစ်နေ့မှာ၊ မိုးပြာ နဂါး မိသားစုက ဓားဂိုဏ်း ဘက်က ရပ်တည် ပေးဖို့ ပါပဲ။ ”

လင်းယွန် စကားကြောင့် ကျန့်လီနှင့် အကြီးအကဲ (၆)ပါးမှာ နှုတ်ဆိတ် သွားခဲ့ လေ သည်။

“ ရှေးဟောင်း ပျက်သုဉ်း မြေက ကောင်းကင်ယံ ဂိုဏ်းလား။ ”

“ ဟုတ်ပါတယ်။ ”

လင်းယွန်က စိတ်လှုပ်ရှား လာသည်။

“ ကောင်းကင်ယံ ဂိုဏ်းက မြင့်မြတ်မြေ တွေလောက် မသန်မာ သေးပါဘူး ... ၊ ဒါပေမယ့် ထျန်ရွှမ်ဇီက ထက်မြက်တယ်၊ ဒီကမ္ဘာ ပေါ်မှာ သူ့ကို ဆန့်ကျင် ဝံ့တဲ့လူ ... များများ စားစား မရှိဘူး။ ”

အကြီးအကဲ တစ်ဦးက လေးနက်သော အမူအရာဖြင့် ဝင်ပြော လာသည်။

“ မှန်တယ် ... ၊ အရှေ့ဘက် ပျက်စီးမြေကို ခရီးသွားတုန်းက၊ သူနဲ့ ဘက်ပြိုင်နိုင်သူ အနည်း ငယ်သာ ရှိတယ် ဆိုတာ သတိထား မိတယ်။ ”

“ သူက အင်ပါယာရဲ့ ... လက်တံ တစ်ခုပဲ၊ ရှေးဟောင်း နယ်မြေ အများစုကို အင်ပါယာက ထိန်းချုပ် ထားတယ်၊ ဓားဧကရာဇ် ကြောင့်သာ၊ ရှေးဟောင်း ပျက်သုဉ်းမြေကို ချေမချ ဝံ့တာ၊ ...

... မဟုတ်ရင် ရှေးဟောင်း ပျက်သုဉ်း မြေတောင် အင်ပါယာ လက်အောက် ရောက် နေတာ ကြာပြီ။ ”

ကျန်အကြီးအကဲ များက အသီးသီး ဝင်ပြော လာကြသည်။ ၎င်းတို့သည် လင်းယွန်ထက် ပို၍ ခွန်လွန် အရေးကို ပိုသိသည်။

“ ထျန်ရွှမ်ဇီက မင်းကို သတ်ချင်တယ် ဆိုရင်တော့ ... ၊ နိဗ္ဗာန် ပွဲတော် ချန်ပီယံ ဆိုတဲ့ ရာထူး ရှိလို့၊ ဘေးကင်းမှုကို ငါ အာမခံ ပေးနိုင် တယ်၊ ဒီအတွက် လေနတ်ဘုရား အမိန့်နဲ့ လှဲလှယ်ပြီး တောင်းဆို စရာ မလို ပါဘူး၊ ...

... မင်းက ချန်ပီယံ ဖြစ်လို့၊ ငါ့ဆီက ကတိ တစ်ခုကို တောင်းဆိုခွင့် ရှိနေ တာပဲ၊ ဒါပေမယ့် ထျန်ရွှမ်ဇီကို မင်းရင်ဆိုင် ချင်ရင် နည်းနည်း ပြဿနာ ရှိနိုင်တယ်။ ”

ကျန့်လီက ဝင်ပြောသည်။

“ မိုးပြာ နဂါး မိသားစုက ကောင်းကင်ယံ ဂိုဏ်းကို ကြောက်နေ တာလား။ ”

“ မင်း မသိတဲ့ အကြောင်း အရာတွေ အများကြီး ရှိတယ်၊ သက်တံဓား သူတော်စင် သေဆုံး သွားတာနဲ့ ဓားဂိုဏ်းက၊ ...

... ဖျက်ဆီး ခံရ လိမ့်မယ်၊ အဲဒီ အချိန်မှာ ... ကောင်းကင်ယံ ဂိုဏ်းကို ဟန်တားသူ မှန်သမျှ၊ အင်ပါယာရဲ့ ရန်သူပဲ။ ”

ကျန့်လီမှ ခေါင်းယမ်းကာ ရှင်းပြသည်။

“ သူ ပြောတာ မှန်တယ်၊ ဓားဧကရာဇ် ယုချင်းဖန်က ဓားဂိုဏ်းရဲ့ တောင်ထိပ် နှစ်ခုကို ဖြတ်လိုက်တဲ့ အချိန်က၊ သက်တံဓား သူတော်စင် ရှိနေ သရွေ့၊ ...

... ဘယ် ဧကရာဇ်မှ ဓားဂိုဏ်းကို အနိုင်ကျင့်ခွင့် မရှိကြောင်း ကတိ ပေးခဲ့ ရတယ်၊ သက်တံဓား သေရင်တော့ ဒီကတိ ပျက်ပြယ် သွားတာမို့၊ နတ်နဂါး အင်ပါယာကို ဓားဧကရာဇ် ယုချင်းဖန်က ဟန့်တား တော့မှာ မဟုတ်ဘူး။ ”

မုရွယ်လင်က လင်းယွန်အား ဝင်၍ ရှင်းပြ လာသည်။

“ မင်းတို့က ငါ့ဆရာ သေမယ်လို့ ပြောနေ တာလား။ ”

လင်းယွန်မှ နာကျင်စွာ ပြုံးလိုက်၏။

“ သူ ရွေးတဲ့ လမ်းက ခက်ခဲတယ်၊ မင်း ဆရာသာ ဧကရာဇ် ဖြစ်နိုင်ရင် ... ဟိုး အရင် တည်းက သူ လုပ်ခဲ့ ပြီးပေါ့၊ မင်း ဆရာရဲ့ ခွန်အားကို၊ ...

... မင်း နားမလည် နိုင်ဘူး ... ၊ သူ့အချိန် တုန်းက မြင့်မြတ်မြေ သုံးခုကို၊ ဓားနဲ့ ပြန်လွှတ် ပြီး၊ ရှေးဟောင်း ပျက်သုဉ်းမြေကို အနှစ် သုံးထောင် စောင့်ကြပ် ပေးခဲ့တယ်၊ ...

... ဒါပေမယ့် သူက ဧကရာဇ် တွေနဲ့ ယှဉ်နိုင်တဲ့ လမ်းကို ရွေးခဲ့တယ်၊ ခက်ခဲ လွန်း တယ်၊ အခုတော့ သူ့မှာ သက်တမ်း သိပ် မကျန် တော့ဘူး၊ မင်း ဒီလောက် အထိ၊ ခံစား နေဖို့ မလို ပါဘူး၊ လူတိုင်းက နတ်နဂါးခေတ်မှာ၊ ...

... သေမျိုးတွေ ပါပဲ၊ ဧကရာဇ် ကိုးပါးတောင် တစ်နေ့ သေရတာပဲ၊ မင်းဆရာက သူ့အသက်နဲ့ ရင်းပြီး၊ ကြီးကျယ် ခမ်းနားတဲ့ တာအိုကို ရှာနေတာ၊ နောင်တရ စရာ မရှိဘူး၊ ...

... ငါ့အဖေက မင်းဆရာနဲ့ ဆက်ဆံရေး ရှိတယ်၊ ဒါကြောင့် မင်းဆရာရဲ့ အကျင့် စရိုက် ကို၊ ငါ နားလည်တယ်၊ အမှန် ပြောရရင်၊ မင်း ရှေးဟောင်း ပျက်သုဉ်း မြေကို၊ ...

... ပြန်လာ တာမျိုး မင်းဆရာက လုပ်စေချင်မှာ မဟုတ်ဘူး၊ မင်းက ထျန်ရွှမ်ဇီရဲ့ ... ပြိုင်ဘက် မဟုတ် သေးဘူး။ ”

“ ဟား ဟား ဟား ... ၊ ငါက သူ့ရဲ့ ပြိုင်ဘက်ဖြစ် လာခဲ့ ရင်ရော၊ ဒါဆို မင်း ဘာလုပ် မလဲ။ ”

လင်းယွန်က နာကျင် စွာဖြင့်၊ ပြန်မေး လိုက်၏။ ရိုင်းစိုင်း ရဲရင့်သော လူငယ် တစ်ဦး အသွင် အပြည့်အဝ ပေါ် လာသည်။

အထက်ပါ မေးခွန်းကြောင့် ကျန့်လီနှင့် အကြီးအကဲ များမှာ အံ့အားသင့် ကုန်ပြီး မည်သို့ တုံ့ပြန် ရမည်ကို မသိ ခဲ့ချေ။ အချိန် အတော် ကြာ ငြိမ်သက်နေ ပြီးနောက်၊

“ မင်း ဒီလို လုပ်ဖို့ ... အတင်း အကြပ် ကြိုးစားနေရင်၊ မင်း အသက် ဆုံးရှုံးရ လိမ့်မယ်၊ မင်း သေသွားရင် လေနတ်ဘုရား အမိန့်က ပိုင်ရှင်မဲ့ ဖြစ်သွားပြီ။ ”

-ဟု သတိ ပေးလိုက်သည်။

“ အစ်ကို ကျန့်က ... ၊ ဒီကို စေလွှတ်လို့ ငါလာ ခဲ့တာ၊ သူက လေနတ်ဘုရား အမိန့်ကို ပိုင်ရှင်မဲ့ ဖြစ်စေချင်မှာ မဟုတ်ဘူး။ ”

လင်းယွန်က လေနတ်ဘုရား အမိန့်ကို စားပွဲပေါ် တင်ပြီး၊ လှည့်ထွက် လာခဲ့ မိသည်။ ယင်းက ကျန့်လီအား အံ့အားသင့် စေပြီး၊

“ ကောင်လေး ... ကျွန်းပေါ်မှာ ရက်နည်းနည်း ထပ်နေဖို့ စိတ်ကူး ရှိလား။ ”

-ဟု အော်မေး လိုက်သည်။

“ စဉ်းစား ဦးမယ်။ ”

လင်းယွန်က လှည့်မကြည့်ပဲ ပြန်ဖြေ ပေးလိုက်သည်။ သူ ထွက်သွား ပြီးနောက်တွင် ဘိုးဘေးက နန်းဆောင် အတွင်း ပေါ် လာ၏။

အကြည့် တစ်ချက်ဖြင့် ကမ္ဘာ ကြီးကို ဖျက်ဆီး နိုင်သော ကြောက်မက်ဖွယ် ရောင်ဝါ များ ထုတ်ဖော် ထားသည်။

“ ဘိုးဘေး ... ။ ”

“ အဖေ ... ။ ”

ဘိုဘေးက လင်းယွန် ထွက်သွားသော လမ်းကြောင်းကို မျှော်ကြည့်လျက်၊

“ တပည့် ကောင်းပဲ ... ၊ သက်တံဓားရဲ့ တပည့် ဖြစ်ထိုက် ပါတယ်၊ ကျန့်လီ ... ရတနာ တိုက် အပေါ်ဆုံး ထပ်ကို သွားပြီး၊ မိုးပြာ နဂါး သူတော်စင် ရတနာ သုံးခုကို ယူပေးလိုက်။ ”

“ အဖေ ... အဲဒါက လိုအပ် လို့လား၊ သူက မိုးပြာ နဂါး သခင် ရာထူးကို စိတ် မဝင်စားဖူးလို့ ပြောနေတယ်။ ”

“ ဒီလို ပြောခဲ့ လို့သာ ပေးဖို့၊ ထိုက်တန် နေတာ၊ မိုးပြာ နဂါး သခင် ရာထူး အတွက် ... ၊ သူ ပြိုင်ကို ပြိုင်ရမယ်၊ သတ္တမ သွေးလွှတ် ကြောနဲ့ ထျန်ရွှမ်ဇီကို စိန်ခေါ်ဖို့၊ ...

... ကြိုးစား နေချိန်မှာ၊ ငါ့ရဲ့ မိုးပြာ နဂါး မိသားစုက ... နတ်နဂါး တွေရဲ့ ရန်သူ ဖြစ်မှာကို ဘာလို့ ကြောက်နေ ရမှာလဲ။ ”

ဘိုးဘေးက လေးနက်စွာ ဆိုသည်။ ထိုစကားကြောင့် အကြီးအကဲ (၆)ပါး ခမျာ ထိတ်လန့် သွားတော့၏။

***

All Chapters