← Chapters

မြင့်မြတ်သော မိုးပြာ သခင် ခန္ဓာကိုယ်။

Vol. 126 Ch. 1764

မြင့်မြတ်သော မိုးပြာ သခင် ခန္ဓာကိုယ်။

Vol. 126 Ch. 1764

“ စိတ်ဝင်စား စရာပဲ။ ”

သို့သော် ပုလင်း အဖုံးမှာ ပွင့်မလာချေ။ မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ်ကို လှည့်ပတ် ကာ၊ နဂါး ရူရ် များကို လက်နှစ်ဖက် ထဲသို့ လောင်းထည့်လျက် ထပ်မံ ဖွင့်မိသည်။

ကျောက်စိမ်း ပုလင်း ကိုယ်ထည်၌၊ ရှေးဟောင်း သူတော်စင် ရူရ်များ ပေါ်ပေါက် လာလေသည်။

ထို့နောက် နဂါး ဟောက်သံများ ရုတ်တရက် မြည်ဟည်း လာပြီး၊ ဆယ်မီတာ နီးပါး မြင့်သော ပုလင်းကြီး အဖြစ်သို့၊ ပြောင်းလဲ သွား၏။

“ သိုလှောင် ပုလင်းပဲ။ ”

သို့တိုင် အဖုံးမှာ ပွင့်မလာ သေးချေ။ မုရွယ်လင်မှ ပျံသန်း လာပြီး၊ ပုလင်း ပေါ်ရှိ ရူရ် များကို စစ်ဆေး တော့၏။

ဤသည်မှာ သွေးကို သိုလှောင်ရန် ဗုဒ္ဓ ဘာသာ ဂိုဏ်းများမှ၊ ဖန်တီးထားသော ကြာပန်း ရတနာ ပုလင်း ဖြစ်သည်။

“ အတွင်းမှာ အပြင်က မြင်ရ တာထက်၊ အများကြီး ပိုကျယ်တယ်၊ ပုလင်း အဖုံးကို ဖွင့်ဖို့ မလွယ်ဘူး။ ”

ပုလင်းကို စစ်ဆေး ပြီးနောက်၊ မုရွယ်လင်မှ ပြောပြ လာသည်။

“ ပုလင်းကို သန့်စင်ဖို့၊ မင်းရဲ့ ... စိတ် စွမ်းအင် သုံးပါ၊ ပြီးရင် အဲဒီ ပုလင်း ပေါ်မှာ ရှိတဲ့ ရူရ်တွေကို၊ ထိန်းချုပ်ဖို့ ငါသင် ပေးမယ်။ ”

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့် ကြာပြီးနောက် ကြာပန်း ရတနာ ပုလင်းအား အောင်မြင်စွာ သန့်စင် နိုင်ခဲ့သည်။

“ ပလောက် ... ။ ”

ပုလင်းမှာ လက်ဖဝါး အရွယ် အစားသို့ ပြန်လည် ရောက်ရှိ သွား၏။ ပုလင်း အဖုံးမှာ၊ နှင်းတောင် ကဲ့သို့ တုန်ခါလျက် ပြုတ်ကျ လာသည်။

များ မကြာခင် ပုလင်း ထဲမှ တိမ်ဖြူများ ကဲ့သို့၊ ကြာပန်း ကိုးပွင့် ထွက်လာပြီး လင်းယွန် ခန္ဓာ ကိုယ်နှင့် ပေါင်းစပ် သွား၏။

လင်းယွန် မျက်နှာ အနည်းငယ် ပြောင်းလဲကာ၊ တုန်လှုပ် သွား သဖြင့်၊ မုရွယ်လင်က နှစ်သိမ့် ပေးသည်။

“ စိတ် မပူပါနဲ့ ၊ ဒါက မိုးပြာ နတ်ဘုရား ရောင်ဝါပဲ၊ မိုးပြာ နတ်သွေးမှာ ပါရှိတဲ့ ဝိညာဉ် စွမ်းအင်လို့ ယူဆ နိုင်တယ်၊ သာမာန် လူတွေက၊ ဒါကို စုပ်ယူ ရုံနဲ့ ... ၊ ကျင့်ကြံမှု ကြီးထွား လာ နိုင်တယ်၊ အခု မင်း စမ်းကြည့်လိုက်။ ”

လင်းယွန်က မျက်လုံးများ မှိတ်ကာ၊ သူ့ကျင့်ကြံမှု နည်းစနစ်ကို ဖြန့်ကျက် လိုက်မိ သည်။

မိုးပြာ နတ်ဘုရား ရောင်ဝါက၊ ခန္ဓာကိုယ် အတွင်း ဝင်ရောက် လာပြီး၊ နဂါးမြစ် အပေါ်တွင် သူတော်စင် ရောင်ဝါ အဖြစ်၊ ချက်ချင်း ရစ်သိုင်း လာသည်။ ၎င်းတို့ အား သန့်စင်ရန် နှစ်ရက် တိတိ အချိန် ယူ ရပေမည်။

“ ဘယ်လိုလဲ ... ။ ”

မုရွယ်လင်မှ မေးသည်။

“ ထူးဆန်းတယ် ... ၊ ကျင့်ကြံမှု တိုးမလာ ပေမယ့် ... ၊ နဂါး သွေးလွှတ် ကြောတိုင်း ပေ တစ်ထောင် ထပ်တိုး လာတယ်။ ”

လင်းယွန်က တုန်လှုပ်စွာ ဆိုသည်။ နဝမမြောက် သွေးလွှတ်ကြောသို့ ရောက်ရှိ ပြီး နောက်တွင်၊ သွေးလွှတ်ကြော များကို သန့်စင် ရပေသည်။

ဥပမာ သူ၏ စီနီယာ အစ်ကို ဖြစ်သော ကျန့်ကျင်းရှန်အား ကြည့်နိုင်၏။ ၎င်း၏ သွေး လွှတ်ကြော များမှာ၊ ပေပေါင်း သောင်းနှင့် ချီ ရှည်လျား ချေပြီ။

ထို့ကြောင့် သူရှိနေ သမျှ ကာလပတ်လုံး မည်သူမျှ နဂါး သွေးလွှတ်ကြော နယ်ပယ်၌ ချန်ပီယံ မဖြစ် နိုင်ချေ။

ကျန့်ကျင်းရှန် ဟူသည် အမှန်ပင် ပါရမီရှင် တစ်ပါး ဖြစ်ပြီး၊ မည်သူ မဆို တုပ၍ မရသော ဖြစ်တည် မှုမျိုး ဖြစ်သည်။

နဂါး သွေးလွှတ်ကြောတွင် နှစ်ပေါင်း နှစ်ဆယ် ကြာအောင် ပိတ်မိ နေခဲ့ပြီး၊ သူ့သွေး ကြော များမှာ၊ ကြီးမား လာသဖြင့်၊ ခန္ဓာ ကိုယ်မှ ဝန်ထုပ် ဝန်ပိုး ဖြစ်လာ ခဲ့သည်။

အကယ် ၍သာ လောက နိယာမ နယ်ပယ်သို့၊ မလှမ်း နိုင်သော် နောက်ပိုင်းတွင် သွေးကြောများ ပြတ်တောက် သေဆုံး သွား နိုင်၏။

လင်းယွန် မှာမူ ထိုသို့ ဖြစ်လာရန် အကြောင်း မရှိချေ။

“ မင်းမှာ အခုလို ရတနာတွေ အများကြီး ရှိနေတာ၊ သတင်း ထွက်ခဲ့ရင်၊ အမဲလိုက် ခံရဖို့၊ သေချာတယ်။ ”

မုရွယ်လင်မှ တည်ငြိမ်စွာ ပြော၏။

“ ဒီရတနာတွေ မရှိ ရင်တောင်၊ ငါ့ဘဝကို လိုချင်တဲ့ လူတွေ အများကြီး၊ ရှိနေ သေးတယ်၊ နေ-လ ထီး၊ ကောင်းကင် ချပ်ဝတ်၊ သွေ့ရော် သော့နဲ့၊ နဂါးပြာ အရိုး ...

... ဒီထဲက ဘာဖြစ်ဖြစ် လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ယောက်ကို ရူးသွပ် စေဖို့ လုံလောက် နေပြီ၊ ဒီတော့ ပိုသန်မာလာ ဖို့က လွဲလို့၊ တခြား နည်းလမ်း မရှိဘူး။ ”

လင်းယွန်၏ စကားကြောင့် မုရွယ်လင်က စိတ်ထဲမှ ချီးကျူး မိသည်။

“ မှန်တယ် နတ်နဂါးခေတ်က လူတိုင်းက နဂါးတွေ လိုပဲ၊ အသက်ရှည် ဖို့ထက်၊ အိပ်မက် နောက် ကိုသာ လိုက် ကြတယ်၊ တွန်းအား မရှိရင်၊ ...

... မြင့်မြတ်မြေ တွေကို ကျော်ဖြတ်ပြီး၊ မင်းနာမည်ကို နဂါးပြာ မှတ်တမ်းမှာ ထားခဲ့ဖို့ မဖြစ် နိုင်ဘူး။ ”

မုရွယ်လင် စကားကြောင့် လင်းယွန်က တွေးဆ မိသည်။ သို့သော် သူ့အတွက် နဂါးပြာ မှတ်တမ်း ဟူသည် ဝေးနေ သေး၏။ ထို့ကြောင့် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် အတွက်သာ ပြင်ဆင် ရပေမည်။

“ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်ရဲ့ ... ၊ ထိပ်ဆုံး ဆယ်ယောက်က ဘယ်လောက် အထိ သန်မာလဲ။ ”

“ အနည်းဆုံး ပေသုံး ထောင်လောက် ရှိနိုင်မယ်၊ အတိ အကျတော့ ငါလည်း မသိဘူး၊ သူတို့ရဲ့ ခွန်အားကို ဖုံးကွယ် ထား ကြတယ်။

“ ငါ့အစ်ကိုနဲ့ ယှဉ်ရင် ... တော်တော် အားနည်း တာပဲ။ ”

“ မင်း ကျန့်ကျင်းရှန် အကြောင်း ပြောနေ တာလား၊ သူ ကတော့ ချွင်းချက်ပဲ၊ ကံကြမ္မာက သူ့အပေါ် ကောင်းချီး ပေးတယ်၊ သူသာ ထျန်ရွှမ်းဇီ ထောင်ချောက်ထဲ၊ ...

... ကျ မသွား ခဲ့ရင်၊ အမည်ခံ သူတော်စင် ဒါမှ မဟုတ်၊ သူတော်စင် တစ်ပါးတောင် ဖြစ်နေ လောက်ပြီ။ ”

“ သူတော်စင် အကြီးအကဲ၊ ဒါက နည်းနည်းတော့ ချဲ့ကား ပြောနေတာ မဟုတ် လား၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကနေ သူတော်စင် နယ်ပယ်ကို၊ (၁၈)နှစ်နဲ့ အရောက် သွားနိုင် တယ်လို့၊ ဆိုရာ ရောက် နေတယ်။ ”

လင်းယွန်က မျက်လုံးပြူး သွားသည်။ သူ့ အစ်ကိုသည် ဤမျှ အထိ ကြောက်စရာ ကောင်းလိမ့် မည်ဟု၊ တကယ် မမျှော်လင့်ချေ။

“ မဟုတ်ရင် ရှေးဟောင်း ပျက်သုဉ်း မြေမှာ ရှိတဲ့၊ ပါရမီရှင်တွေ အားလုံးကို သူ ဘယ်လို လုပ် နှိမ်နင်း နိုင်မှာလဲ၊ မြင့်မြတ်မြေက ထူးချွန်သူ တေွတောင်၊ ...

... သူ့ရှေ့ ခြေမချ ဝံ့ဘူး၊ သူ ကြီးပြင်း လာခဲ့ရင်၊ ဓားဂိုဏ်းကို မြင့်မြတ်မြေ ပြန် ဖြစ်စေ လိမ့်မယ်လို့၊ လူတိုင်း ယုံကြည် ထားတယ်။ ”

ထျန်ရွှမ်ဇီ တစ်ယောက် အဘယ့်ကြောင့် ယုတ်မာ ကောက်ကျစ် ရက်စက် ခဲ့ရ သည်ကို၊ လင်းယွန်မှ နားလည် လာသည်။

“ ဒါပေမယ့် အမည်ခံ သူတော်စင် ကနေ သူတော်စင် ဖြစ်လာဖို့ ဆိုတာ တကယ် မလွယ် ပါဘူး။ ”

မုရွယ်လင်က ဆက်ပြော လာသည်။

“ ဘာလို့လဲ၊ သူတော်စင် အကြီးအကဲ ... မင်းက သူတော်စင် တစ်ပါး ဖြစ်လာ တော့မှာ မဟုတ် ဖူးလား။ ”

“ အဲဒီလောက် မလွယ် သေးဘူး၊ ခြေ တစ်လှမ်း ဆိုပေမယ့်၊ ဒါက ကောင်းကင် အပေါ် တက်မဲ့ ခြေလှမ်းပဲ၊ အရမ်း ခက်ခဲတယ်၊ အမှား အယွင်း ...

... အနည်းငယ် ဖြစ်ခဲ့ ရင်တောင်၊ ငါ့ရဲ့ ကြိုးစား အားထုတ်မှု အားလုံး ... မြောင်းထဲ ရောက်သွား လိမ့်မယ်၊ သူတော်စင် နယ်ပယ် အောက်က လူတိုင်း၊ ပုရွက်ဆိတ် ပဲ ...

... သူတော်စင် နယ်ပယ် ကသာ ... စစ်မှန်သော ဘဝ အစ ဖြစ်တယ်၊ အနာဂတ်မှာ ဒီခြေလှမ်း ဘယ်လောက် ခက်ခဲလဲ ဆိုတာ ... ၊ မင်း သိလာပါ လိမ့်မယ်။ ”

“ ကောင်းပြီ ... ၊ အခု မိုးပြာ နတ်သွေးကို ဘယ်လို သန့်စင်ရ မလဲ၊ ပြောပြ ပါဦး။ ”

“ ဒီကျောက်စိမ်း ပုလင်းကို အရင် သန့်စင် ရမယ်၊ ဒါပေမယ့် အထဲက နတ်သွေးကို သန့်စင် ဖို့၊ လွယ်မှာ မဟုတ်ဘူး၊ အခြား အရာတွေကို ဆက်ကြည့် ရအောင်။ ”

မုရွယ်လင်က အလေးအနက် ဆိုသည်။

“ ကောင်းပြီ။ ”

လင်းယွန်က ကျောက်စိမ်း တုံးကို ယူကာ နဖူးပေါ် တင် လိုက်သည်။ ပြီးနောက် အမူ အရာ ပြောင်းလဲ သွား၏။

မုရွယ်လင်ထံ ပြန် လှည့်ကြည့် မိသော အခါတွင်၊ တွက်ဆ ထားပြီး သကဲ့သို့၊ သူမက ငြိမ်သက် နေ ခဲ့သည်။

“ သိနေ တာလား။ ”

လင်းယွန်က မနေနိုင် တော့ဘဲ မေးလိုက်သည်။

“ ဟုတ်တယ်၊ စာအုပ် တွေမှာ မှတ်တမ်းတင် ထားတယ်။ ”

ထုံးစံ အတိုင်း မုရွယ်လင်မှ ပြန်ဖြေ၏။ ကျောက်စိမ်း တုံးကို ပြန်ခွာပြီး၊ ရှုပ်ထွေးသော အသွင်ဖြင့် စဉ်းစားခန်း ဝင်မိသည်။

ဤမြင့်မြတ်သော မိုးပြာ သခင် နည်း စနစ်သည်၊ နတ်ခန္ဓာ အဖြစ် သန့်စင်သည့် ပညာ ရပ် တစ်ခု ဖြစ်သည်။ ရုပ်ခွန်အား အပေါ်၊ အားကိုးကာ နတ်ဘုရား ဖြစ်လာ နိုင်၏။

၎င်းသည် နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာရပ်ထက် ပို၍ ကြောက် မက်ဖွယ် ကောင်းသည်။

သို့သော် ဤခန္ဓာကိုယ် သန့်စင်မှု နည်းပညာကို လေ့ကျင့်ရန်၊ သူ၏ ရှိရင်းစွဲ ခန္ဓာ ကိုယ် ကြံခိုင်မှုကို စွန့်ပစ် ရပေမည်။

ဆိုလို သည်မှာ နဂါး ရူရ် တစ်သိန်းနှင့် တည်ထားသော အခြေခံ အုတ်မြစ် အားလုံးကို ဆုံးရှုံးရ ပေလိမ့်မည်။

တစ်ဖက်တွင် မြင့်မြတ်သော မိုးပြာ သခင် ခန္ဓာအား အောင်မြင်မည်- မအောင် မြင်မည် မသေချာချေ။

လက်ရှိ ရုပ်ခန္ဓာမျိုး ရရှိရန်၊ သူ့လမ်းမှာ ခက်ခဲ ကြမ်းတမ်း ခဲ့သည်။ ကျောက်စိမ်း တုံးကို ဘေးဖယ် လိုက်ပြီး၊ အထိမ်း အမှတ် ကျောက်ပြားထံ ကြည့်ကာ၊

“ ဒီမိုးပြာ နဂါးရဲ့ ဝိညာဉ် ကိုရော ... ။ ”

-ဟု မေးမြန်း လိုက်သည်။

“ ဒါကို နေ-လ ထီး၊ ဓား၊ ဒါမှမဟုတ် နဂါးရူရ်တွေမှာ ပေါင်းစပ် နိုင်တယ်၊ လက်ရှိ ခန္ဓာကိုယ် အုတ်မြစ်ကို စွန့်ပစ်မယ်လို့ စိတ်ကူး ထားရင်တော့၊ ပထမ နှစ်ခု ကိုပဲ ရွေးနိုင်မယ်။ ”

မုရွယ်လင် အဖြေကြောင့်၊ လင်းယွန် ခမျာ တိတ်ဆိတ် သွားပြီး၊ နောက်ဆုံး ကျောက်စိမ်း တုံးကို ကောက်ယူ မိသည်။ ယင်းက တစ္ဆေ ဝိညာဉ် ပညာရပ် တစ်ခု ဖြစ်၏။

နဂါး မိသားစု၏ ပညာရပ် တိုင်းသည် ထူးထူး ခြားခြား ဖြစ်ပြီး၊ အဆင့် တူများ ထဲတွင် အပြင်း ထန်ဆုံး ဖြစ်သည်။

ကျောက်စိမ်း တုံးကို နဖူးပေါ် တင်လိုက် သည်နှင့်၊ အချက် အလက်များ စိတ်ထဲ စိမ့်ဝင် လာသည်။

မတူညီသော ဓားဟန် များကို လူပေါင်း များစွာက လုပ်ဆောင် နေ၏။ သူတို့ လှုပ်ရှားမှု တိုင်းသည် အလွန် ကြောက်စရာ ကောင်းပြီး၊ နဂါး ဟောက်သံများ မိုးလုံး ပြည့် နေသည်။

မိုးပြာ နဂါး၊ နဂါး ခြေသည်း၊ နဂါး အမြီး၊ နဂါး အကြေးခွံ သို့မဟုတ် နဂါး ဦးခေါင်း အစရှိ သည့် မတူညီသော အစိတ် အပိုင်းများ အဖြစ် ထင်ရှား စေမည် ဖြစ်သည်။

ဤဓားရေးသည် မိုးကြိုး မုန်တိုင်း စွမ်းအင် အပေါ် အခြေ ခံ၏။ ထို့ကြောင့် ဓား ပင်လယ်ရှိ ရွှေလူသားက ထို ဓားရေးကို စတင် လေ့ကျင့် မိတော့သည်။

လင်းယွန် တစ်ယောက် ဓားရေး ထက်လာ ရသည့် အကြောင်း ရင်းမှာ၊ ၎င်းကြောင့် လည်း ဖြစ်သည်။

“ ပထမ ဓား။ ”

ဓားကို ဆွဲထုတ်ကာ လေထဲ ခုတ်ချ လိုက်သည်။ ဓား အလင်းသည် နဂါး ခြေသည်း ကဲ့သို့၊ လေဟာနယ်အား ကုပ်ဖြဲ ပစ်၏။

ဓားကို ဆက်တိုက် လွှဲလိုက် သည်နှင့်၊ ဓားရောင်ခြည် များက နဂါး ခြေသည်းများ အလား၊ ပြေးထွက် ကုန်တော့သည်။

အသက်တစ်ရှိုက်စာ အတွင်း၊ ရွှေ လူသားကြောင့်၊ ပထမ ဓားကွက်အား၊ ကနဦး ကျွမ်းကျင်မှု ရရှိ လာသည်။

ထို့နောက် မူလ နေရာသို့ ပြန်ရောက် သွားပြီး ဓားကို သိမ်း လိုက်၏။

“ ဒီဓားရေးက ... ၊ ငါနဲ့ တော်တော်လေး သင့်လျော်တယ်၊ ပိုးစုန်းကြူး နတ်ဓားလောက် မကောင်း ပေမယ့်၊ ကိုယ်ပိုင် ဟန် ရှိတယ်၊ အပူပင် ကင်းသော ဓားကိုးကွက် လိုပဲ။ ”

ပိုးစုန်းကြူး နတ်ဓားမှာ ရှုပ်ထွေးပြီး ဓားကွက် တစ်ကွက် ကိုသာ သူ သိထားသည်။ ထို့ကြောင့် ဝှက်ဖဲ အဖြစ်သာ သုံးနိုင်၏။

လင်းရှောင် ဟူသော ပုံရပ် အောက်တွင် အပူပင် ကင်းသော ဓား(၉) ကွက်ကို အသုံး မ ပြု နိုင်ချေ။

ယခုမူ ၎င်းနှင့် အဆင့် တူသော မိုးပြာ နဂါးဓား ပညာရှိပြီ ဖြစ်ရာ စိတ်အေး သွားချေပြီ။ ဤဓားရေးသည် လေ့ကျင့်ရ လွယ်ကူ ၏။

အချိန် တစ်ခု ပေးကာ သုံးစွဲနေ သရွေ့ ပြီးပြည့်စုံမှုကို အလွယ် တကူ ရရှိ နိုင်မည်ဟု၊ ယုံကြည် သည်။

“ ဒေါက် ... ဒေါက် ... ဒေါက် ... ။ ”

ရုတ်တရက် စားပွဲခုံ ခေါက်သံများ၊ ဆက်တိုက် ထွက်ပေါ် လာသောကြောင့် အသိ ပြန်ဝင် လာသည်။

မုရွယ်လင်က ကျောက်စိမ်း တုံးဖြင့် စားပွဲ ခုံအား ခေါက်ကာ၊ “ မင်း ခန္ဓာ ကိုယ်ကို သန့်စင် မယ်ဆိုရင်၊ ငါ ကူညီ ပေးနိုင်တယ်။ ” -ဟု ဆိုလာ တော့၏။

“ သူတော်စင် အကြီး အကဲ ... ၊ မြင့်မြတ်သော မိုးပြာ သခင် ခန္ဓာ ကိုယ်ကို၊ မအောင်မြင်ရင်၊ ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ် ကြံခိုင် မှုကို၊ စွန့်လွှတ် ရနိုင်တယ် မဟုတ်လား။ ”

မုရွယ်လင်က ချက်ချင်း ပြန် မဖြေဘဲ၊ စားပွဲပေါ်သို့ ကျောက်စိမ်း တုံးကို ခေါက်လျက်မှ သူ့အား ကြည့်ကာ ပြုံးလိုက် လေသည်။

“ ဘာလို့ ကလေး တစ်ယောက်လို ... ၊ လုပ်နေ ရတာလဲ၊ မင်းမှာ ရွေးချယ်ခွင့် မရှိဖူး ဆိုတာ မသိ ဖူးလား။ ”

ထိုမေးခွန်းကြောင့် လင်းယွန်က ခေါင်းမော့လျက်၊ မုရွယ်လင်အား အံ့ဩစွာ ပြန်ကြည့် မိသည်။

သူမသည် ရေခဲတောင် ကဲ့သို့၊ အေးစက် သော်လည်း၊ ပြုံးလိုက်သော အခါတွင်၊ တကယ် ပင် ရင်သပ် ရှုမောဖွယ် ကောင်းလှ လေသည်။

***

All Chapters