← Chapters

ကြောက်စိတ် ... ။

Vol. 127 Ch. 1766

ကြောက်စိတ် ... ။

Vol. 127 Ch. 1766

သူတော်စင် အကြီး အကဲ၏ အဆို အရ ဤကန် အရွယ် အစားသည် သူ့ ကျင့်ကြံမှုနှင့် ဆက်စပ် နေသည်။

ကျင့်ကြံမှု နိမ့်ကျလေ၊ သွေးရေကန် ပမာဏမှာ၊ ကျယ်လေ ဖြစ်သည်။ ကျင့်ကြံမှု နိမ့်ကျသော လူ တစ်ဦးကို၊ ဤပုလင်း ထဲသို့ ဆွဲသွင်း ခဲ့ပါက၊ သွေးရေ ကန်သည် သမုဒ္ဒရာ တစ်စင်း ဖြစ်နိုင် ပေ၏။

ထို့ကြောင့် ထိုသူသည် တစ်သက် တာလုံး သမုဒ္ဒရာအား ဖြတ်ကျော် နိုင်မည် မဟုတ်ချေ။ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာ ရပ်ကို၊ အသက် သွင်းကာ နတ်သွေးအား သန့်စင်ရန် ကြိုးစား လိုက်သည်။

“ အစ်ကို ကြီးက ဘာလုပ်ရမယ် ဆိုတာ ငါ့ကို ရှင်းရှင်း လင်းလင်း မပြော ခဲ့ဘူး၊ နဂါးပြာ ကောင်းကင် ဖျက်သိမ်းခြင်း ပညာ ရပ်ကို ပြီးပြည့် စုံအောင် လုပ်ရ မယ်ပဲ ပြောတယ်။ ”

လက်တွေ့တွင် လုပ်ငန်းစဉ်မှာ ခက်ခဲပြီး ဒုက္ခများ ပေ၏။ သို့သော် မျက်ဝန်း များတွင် မျှော်လင့်ချက် များဖြင့် ပြည့်နှက် နေသည်။

မိုးပြာ နဂါး နတ်ခန္ဓာသည် ဒဏ္ဍာရီ တစ်ခု ဖြစ်ပြီး၊ ၎င်းကို မည်သူမျှ မအောင်မြင် ဖူးချေ။ ယင်းအား အောင်မြင်သော်၊ သမိုင်းဝင် တန်ခိုး ကြီးသော နတ်ခန္ဓာ များထက်၊ ပို၍ သန်မာ သည့် ကိုယ်လုံး ကိုယ်ပေါက်မျိုး ရရှိ စေမည် ဖြစ်သည်။

သို့သော် ဤသည်မှာ စိန်ခေါ်မှု တစ်ရပ် ဖြစ်ပြီး၊ အထူး ကံကောင်းမှုများ လိုအပ်သည်။ အဘယ့်ကြောင့် ဆိုသော် သူတော်စင် ခန္ဓာကိုယ် နှစ်ခုအား၊ တစ်ခုတည်း အဖြစ်၊ ပေါင်းစည်းခြင်း ဖြစ်သောကြောင့် ဖြစ်သည်။

သူသည် နဂါးပြာ အရိုး၊ မိုးပြာ နဂါး သူတော်စင် သွေးနှင့် မိုးပြာ နဂါး သခင်၏ လမ်းညွှန်မှု အချို့အား၊ ရရှိ ထားသည်။

သို့တိုင် ဤမျှသော ကံကောင်းမှုသည်၊ ထိုမိုးပြာ နဂါး နတ်ခန္ဓာ ကိုယ်အား၊ ဆုပ်ကိုင် နိုင်မည်ဟု အာမ မခံနိုင် သေးချေ။

***

တစ်ချိန်တည်း မှာပင်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၏ ကောင်းကင်ယံ ဂိုဏ်းတွင်၊ ချင်းကန်က အနက်ရောင် သူတော်စင် ဓား တစ်လက် ကိုင်ပြီး၊ မတ်တပ် ရပ်နေ၏။

မျက်လုံးများ မှိတ်လျက် သွေ့ရော် ပင်လယ်ပြင်၌ လင်းယွန်နှင့် တိုက်ခိုက် ခဲ့သော ရန်ပွဲအား၊ ပြန်လည် သုံးသပ် နေမိသည်။

ရုတ်တရက် မျက်လုံး ဖွင့်ကာ၊ ရွေ့လျား လိုက်သည်နှင့် ပေရာ ဂဏန်း အကွာ၌ ပြန်ပေါ် လာ၏။

ပြန်လှည့် ကြည့်လိုက် ချိန်တွင်၊ ပန်းသင်္ချိုင်း ဓားကို ကိုင်ထားသော လင်းယွန်အား မြင်လိုက် ရသည်။

လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားစဉ်၊ တိမ်တိုက်များ ဖယ်ခွာ ကုန်လေသည်။ ကြယ်ရောင်များ ဖြာဆင်း လာပြီး၊ တိမ်လွှာဓား (၁၃) ကွက်အား ထုတ်ဖော် လာသည်။

ကြောက်မက်ဖွယ် ကောင်းကာ၊ ဓားသည် ဤကမ္ဘာ ပေါ်၌ တစ်ခု တည်းသော အလင်း၏ အရင်း အမြစ် ဖြစ်လာ၏။

ချင်းကန်၏ ကျင့်ကြံမှုမှာ၊ အင်ပါရီယန် နယ်ပယ်သို့ ရောက်ရှိပြီး၊ ထိုဓားကို ဖြေရှင်းရန် ကြိုးစား လိုက်သည်။

“ ကောင်းကင် လ ... ။ ”

ဓားရောင်ခြည် များကို ပိတ်ဆို့ရန်၊ လမင်း တစ်စင်း ပေါ်လာသည်။ လက ကောင်းကင် ပေါ် တက်သွားကာ၊ လင်းယွန်အား နောက်သို့ တွန်းထုတ် တော့သည်။

“ နေနှင့် လ ... ။ ”

ယင်နှင့် ယန်က နေ-လ အသွင် ပေါင်းစည်းလာ လေသည်။ ၎င်းပတ်ဝန်း ကျင်၌ ကြယ်ပွင့် ထောင်ပေါင်း များစွာ ပေါ်လာ၏။

၎င်းထိမှန် သွားပြီး၊ လင်းယွန်၏ နောက်ဆက်တွဲ ပုံရိပ်များမှာ၊ ချက်ချင်း ပျက်စီး သွားတော့သည်။

သို့သော် သူ့မျက်နှာ၌ ပြန်ရှရာ တစ်ခု ဖြစ်ပေါ် လာကာ၊ သွေးများ စိမ့်ထွက် နေခဲ့ပြီး၊ ဆံပင် အချို့ ပြတ်တောက် သွား၏။

“ ဝှစ် ... ။ ”

ကျွားချင်းယန်က ပြတ်ကျ သွားသော ဆံချည်မျှဉ် တစ်စကို ဖမ်းလျက် ရုတ်တရက် ပေါ်လာသည်။

“ စီနီယာ အစ်ကို၊ ဒီဓားက ဘယ်လိုလဲ။ ”

ချင်းကန်က မေးသည်။ ကျွားချင်ယန်မှ ခေါင်းရမ်း ပြပြီး၊

“ သိပ် မကောင်းဘူး၊ ဒီဓား ရေးကို ... သူ အင်ပါရီယန်မှာ ရှိတုန်းက အသုံးပြု ခဲ့တာ၊ မင်း အခုထိ မချိုးဖျက် နိုင်သေးဘူး၊ ဒီလိုသာ ဆိုရင် လက်ရှိ သူ့ရဲ့ ဓားရေးက၊ မင်း ရင်ဆိုင် နိုင်တဲ့ အရာ မဟုတ်မှာ၊ ငါ ကြောက်မိတယ်။ ”

“ ခြားနားချက်က ... ဒီလောက်တောင် ကြီးမား နေတာလား၊ ဒီလို ဆိုရင် သူနဲ့ ဓားချင်း ယှဉ်လို့ မရတော့ ဖူးပေါ့။ ”

ချင်းကန်က အနည်းငယ် စိတ်ပျက် သွားသည်။ နတ်နဂါး အင်ပါယာမှ ပြန်ရောက် ချိန်မှ စကာ၊ စိတ်အခြေ အနေနှင့် ကျင့်ကြံမှုမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။

ယခင်ထက် ပိုသန်မာ လာသော်လည်း၊ လင်းယွန်အား ဓားချင်း ယှဉ်ခုတ်ရန် အရည် အချင်း မရှိ သေးချေ။

“ ဒါပေမယ့် ... ငါဓားကို အဓိက မထား တော့တာ ကံကောင်း သွားတယ်။ ”

ချင်းကန်က အစား ပြန်တပ် ထားသော သူ့လက်ကို မြှောက်ကာ ဓားအား ကိုင်လိုက် သည်။

လက်သည်း များက ကြောက်မက်ဖွယ် ချွန်ထက် လာပြီး၊ ဓားကို အပိုင်းပိုင်း ကျိုးသွား စေတော့သည်။

ထိုမြက်ကွင်းကြောင့် ကျွားချင်းယန်ပင် အံ့သြ သွားပြီး၊

“ ရွှေနဂါး သူတော်စင် ခန္ဓာပဲ၊ မင်းရဲ့ ကိုယ်လုံး ကိုယ်ပေါက်နဲ့ ... သူတော်စင် လမ်းကို လျှောက်ချင် နေတာလား၊ ဒါက မလွယ် ဖူးနော်။ ”

-ဟု သတိ ပေးလိုက် တော့သည်။

“ ဓားနဲ့ ပတ်သက်ရင် ... ဒီတစ်သက် လင်းယွန်ကို ငါ ကျော်နိုင်မှာ မဟုတ်ဘူး၊ ဒါနဲ့ အစ်ကိုကြီး၊ မင်း ငါ့ဆီ ဘာလာ လုပ်တာလဲ။ ”

“ နိဗ္ဗာန် ပွဲတော်ရဲ့ ... ၊ ဒီနှစ် ချန်ပီယံက လင်းရှောင်လို့ ငါကြားတယ်၊ သူရဲ့ နောက်ခံကို ဘယ်သူမှ မသိဘူး၊ ဒါနဲ့တောင် ...

... သူတော်စင် လက် မိန်ဇီဟော်ကို၊ အနိုင် ယူခဲ့တယ်၊ နှစ်တစ်ထောင် တိုင်အောင် မပွင့်တဲ့ ဘဝ-သုံးပါး သစ်ပင် ကိုလည်း ပွင့်စေတယ်။ ”

ကျွားချင်းယန်က ချင်းကန် မေးခွန်းကို တိုက်ရိုက် မဖြေချေ။ ထို့ကြောင့် ချင်းကန်မှာ၊ စိတ်ဝင်စားမှု မရှိတော့ဘဲ၊

“ သူ့ရဲ့ ဂီတ အရည် အချင်းက လျှော့တွက်လို့ မရ ပေမယ့် ... ၊ အဲဒါက ငါနဲ့ ဘာဆိုင် လို့လဲ အစ်ကိုကြီး။ ”

-ဟု မေးလိုက်၏။

“ အဲဒီ လူမှာ ... မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ် ရှိပြီး၊ အမည်ခံ ကောင်းကင် အမိုးဓား ကို၊ ဆုပ်ကိုင် ထားတယ်။ ”

ကျွားချင်းယန်မှ ဖြည်းညှင်းစွာ ပြောလာသည်။ ထိုစကားကို ကြားသော အခါ ချင်းကန်၏ အမူအရာ အေးခဲ သွား၏။

“ ဒါပေမယ့် မဖြစ်နိုင် ပါဘူး၊ သူက ဂီတ တာအိုမှာ ဒီလောက် အထိ အောင်မြင် နိုင်စရာ အကြောင်း မရှိဘူး၊ လင်းယွန်က ဂီတ မိသားစု ဆယ်ပါးက တစ်စုံတစ်ဦးကို၊ ...

... အနိုင် ယူနိုင်တယ် ဆိုတာ၊ အဓိပ္ပါယ် မရှိဘူး၊ ပြီးတော့ ... လူကြား ထွက်လာဖို့ သူ့မှာ သတ္တိ ရှိမယ် ထင်လား။ ”

ချင်းကန် စကားကို ကျွားချင်ယန်မှ ခေါင်းညိတ် လိုက်သည်။

“ အမှန်တော့ ... သူ ဒီလို လူကြားထဲ သွားလာ ရဲမှာ မဟုတ် ပါဘူး၊ သူက လင်းရှောင် ဖြစ်ကြောင်း၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ မူလ ကြေးမှုံက သက်သေခံ ထားတယ်၊ ...

... ဒီရက် တွေထဲ ငရဲ ပင်လယ်မှာ မငြိမ် မသက် ဖြစ်နေတယ်၊ အထူး သဖြင့် လိပ်နက် ပင်လယ် ကွေ့ပဲ၊ အဲဒီမှာ နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူတွေ အများကြီး စုရုံး နေတယ်၊ ဒါကြောင့် လင်းယွန် မဟုတ် ရင်တောင်၊ သွားဖို့ သင့်တယ် မဟုတ်လား။ ”

“ မသွား တော့ဘူး၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် ဆိုတာ၊ အလကား ပါပဲ။ ”

ချင်းကန်က ခေါင်းခါ၏။ အကယ် ၍သာ အင်ပါရီယန် ချန်ပီယံ ရာထူးကို၊ လင်းယွန် ထံ ဆုံးရှုံးခြင်း မရှိပါက၊ နယ်ပယ် သုံးပါး ချန်ပီယံ ဘွဲ့ကို ရယူရန်၊ သွားကောင်း သွားနိုင်မည်။

“ အစ်ကိုကျွား ... ငါ လောက နိယာမ နယ်ပယ်ကို ရောက်တဲ့ အထိ ... ၊ တံခါး ပိတ် ကျင့်ကြံ တော့မယ်၊ နဂါးပြာ မှတ်တမ်း ကသာ ငါ့အတွက် စစ်မြေပြင်ပဲ။ ”

ချင်းကန်က ပြတ်ပြတ် သားသား ပြောလိုက်သည်။

“ ဒါပေမယ့် ... သူက လင်းယွန် ဆိုရင်ကော။ ”

ကျွားချင်ယန်၏ ထပ်ဆင့် မေးခွန်းကြောင့် ချင်းကန် တစ်ယောက် တွေဝေသွား၏။ ယင်းက ကျွားချင်းယန် အား သက်ပြင်းချ မိစေသည်။

“ မင်း စိတ်ထဲ ... ၊ လင်းယွန်ကို ရှုံးမှာ ကြောက်နေ တုန်းပဲ၊ လက်ရှိ စိတ်အခြေ အနေနဲ့ ဆိုရင်၊ လောက နိယာမ နယ်ပယ် ရောက်သွား ရင်တောင်၊ မင်က အသုံးဝင် လာတော့မှာ မဟုတ်ဘူး။ ”

စကား ဆုံး သည်နှင့် ကျွားချင်းယန်မှာ၊ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ ချင်းကန်သာ တစ်ယောက် တည်း ငေးငိုင် ကျန်ရစ် ခဲ့သည်။

“ ခရစ် ... ။ ”

လက်ကို ဝှေ့ယမ်းလျက်၊ ကွဲကြေ သွားကုန်သော သူတော်စင် ဓား အပိုင်းအစ များကို၊ လက်ဖဝါးပေါ် ခေါ်ယူကာ ဆုပ်ချေပစ် လိုက်၏။

လက်မောင်း တစ်ခုလုံး ရွှေရောင် ပြောင်းသွားကာ၊ အပိုင်း အစများ အားလုံး အမှုန့်ဖြစ် ကုန်သည်။

မျက်နှာ ပေါ်တွင် အမူအရာများ အဆက် မပြတ် ပြောင်းလဲ နေပြီး၊ ကြောက်စရာ ကောင်း လောက်အောင် အေးစက် လာတော့၏။

သတ္တု အမှုန့် များကို လေဖြင့် လွင့်ပါး သွားစေ ပြီးနောက်၊ အသွင် အပြင်မှာ ပြန်လည် ငြိမ်သက် သွားလေသည်။

***

All Chapters