နဂါး နှစ်ဖော် သူတော်စင် ခန္ဓာ ... ။
Vol. 127 Ch. 1767
ဘဝ- သုံးပါး နယ်မြေ အတွင်း၊ ကြာပန်း ရတနာ ပုလင်းထဲ ဝင်ကာ၊ သွေးကန်ကို သန့်စင် နေခဲ့သည်။
ခန္ဓာကိုယ်အား အပြာရောင် အဆင်း သဏ္ဍာန်ဖြင့် ဖုံးအုပ် ထားပြီး၊ သူ့ နောက်တွင် နဂါး ခုနစ်ကောင် ရှိ၏။
ကောင်းကင် ပေါ်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ်လျက်၊ သွေးကန်မှ သေွးများက၊ ထိုနဂါး များထံ စီးဝင် နေသည်။
ဤသို့ဖြင့်၊ (၆)လ ကုန်လွန် သွား၏။ ထို(၆)လ အတွင်း၊ သွေးကန် ဆယ်ပုံ တစ်ပုံခန့် စီးဝင် လာခဲ့သည်။
ယင်းက ကျင့်ကြံမှု တိုးတက်ခြင်း မရှိ သော်လည်း၊ နဂါး သွေးလွှတ်ကြော များကို၊ ရှည်လျား သွားစေ၏။
ဘဝ သုံးပါး နယ်မြေသည်၊ အခြားသော လျှို့ဝှက် နယ်မြေ များနှင့် ကွဲပြားသည့် နေရာ တစ်ခု ဖြစ်သည်။
ခွန်လွန်နှင့် လုံးလုံး လျားလျား အဆက် ပြတ်ကာ၊ အချိန် စီးဆင်းမှု သည်ပင်၊ ကွဲပြားချေ ၏။
ထို့ကြောင့် ဤအရပ်တွင် ကောင်းကင်နှင့် မြေကြီး ဟူသော နိယာမ မရှိ သကဲ့သို့၊ ဝိညာဉ် စွမ်းအင်လည်း မရှိချေ။
တစ်ဖက်တွင် နဂါးပြာ ကောင်းကင် ဖျက်ဆီးခြင်း ပညာရပ်၌ အောင်မြင်မှု တစ်ခု ရရှိ ခဲ့ပြီး၊ တတိယ အဆင့်သို့ ရောက်ရှိ သွားသည်။
သို့သော် နဂါး ရူရ် အရေ အတွက် တိုး မလာဘဲ၊ အမျိုးအစား ပုံစံ သည်သာ ပြောင်းလဲ သွား၏။
ဆိုလို သည်မှာ၊ နဂါးပြာအား ကိုယ်စား ပြုသည့်၊ ကျောက်စိမ်းရောင် ရူရ်များနှင့်၊ မိုးပြာ နဂါးကို ကိုယ်စား ပြုသော၊ ခရမ်း-ရွှေရောင် ရူရ်များ ရှိသည်ဟု၊ အဓိပ္ပါယ် ရသည်။
ထို့ကြောင့် နဂါးရူရ် အရေ အတွက်သည်၊ တစ်သိန်း ဟူသော ကန့်သတ်ချက် ဖြစ်ပုံ ရ၏။ အချိန် ကြာလာ သည်နှင့် အမျှ၊ သုံးနှစ်တာ ကုန်လွန် သွားသည်။
သွေးကန်၌ သုံးပုံ နှစ်ပုံခန့် ကျန်ရှိ နေသေးပြီး၊ နဂါး သွေးလွှတ်ကြော များမှာ၊ ပေ ကိုးထောင် အထိ ကြီးထွား လာ၏။
ယင်းသည် လက်ရှိ ခန္ဓာ ကိုယ်၏ ကန့်သတ်ချက် ဖြစ်သည်။ ဆက်၍ စုပ်ယူရန် မဖြစ်နိုင် တော့ချေ။
သူ့ အထင် အရ၊ လောက နိယာမ နယ်ပယ်သို့၊ ရောက်ရှိ ပြီးမှသာ ထပ်မံ သန့်စင် နိုင် တော့မည် ဖြစ်သည်။
“ ဝှစ် ... ။ ”
အတွေး တစ်ချက်ဖြင့်၊ ပုလင်း အတွင်းမှ ထွက်ကာ၊ အဖုံးကို ပြန်ပိတ် လိုက်၏။ လက်ကို ဝှေ့ယမ်း လိုက်သော အခါတွင်၊ ပုလင်း ပျောက်ကွယ် သွားသည်။
ကျေနပ် အားရစွာဖြင့်၊ ခေါင်းမော့ လိုက်မိသည်။ နက်မှောင် နေသော ပတ်ဝန်း ကျင်မှာ၊ တဖြည်းဖြည်း အမှုန်များ ကြွေကျ ကုန်သည်။
“ ဒါတွေက အာကာသ-အချိန် အမှုန်တွေ ဖြစ်ရမယ် ... ။ ”
အာကာသနှင့် အချိန်သည် ဘဝ-သုံးပါး ဘုံ၏၊ ဖွဲ့စည်းပုံ ဖြစ်သည်။ ထို့ကြောင့် ယွဲ့ဝေဝေ သည် သူ၏ မည်သည့် အရာများ မြင်ခဲ့ သည်ကို၊ မမေးမိ ခဲ့ကြောင်း သတိ ရလာသည်။
ကမ္ဘာ မြေကြီးမှ လင်းယွန် သည်လော။ သို့မဟုတ် ပယင်းကမ္ဘာမှ လင်းယွန် သည်လော။ အတွေး များကို ပြန်ရုတ်လျက်၊ နဂါးပြာ ကောင်းကင် ဖျပ်သိမ်းခြင်း ပညာရပ်ကို ဖြန့်ကျက် လိုက်သည်။
နဂါး နှစ်ကောင် ထွက်ပေါ် လာပြီး၊ တစ်ကောင်သည် အပြာရောင် ဖြစ်ကာ၊ ကျန် တစ်ကောင်သည် ခရမ်း-ရွှေရောင် ဖြစ်၏။
ထိုနဂါး နှစ်ကောင် ပေါင်းမှ သာလျှင်၊ ရူရ်ပေါင်း တစ်သိန်း ပြည့်မည် ဖြစ်သည်။ ခရမ်း- ရွှေရောင် ရူရ်များသည်၊ လွှမ်းမိုး ကြီးစိုး လိုသော ရောင်ဝါများ ထုတ်လွှတ် ပေး၏။
ကေျာက်စိမ်းရောင် ရူရ်များ ၌မူ၊ အပြစ် ကင်းစင်ပြီး မွန်မြတ်သော ရောင်ဝါများ ထွက် ပေါ် နေသည်။
ဤသည်မှာ နဂါး နှစ်ဖော် သူတော်စင် ခန္ဓာကိုယ် ဖြစ်ပြီး၊ မိုးကြိုး မုန်တိုင်း စွမ်းရည်နှင့် အသက် ဓါတ်အား ပိုင်ဆိုင် ပေ၏။
“ တစ်နေ့တော့ နိဗ္ဗာန်ကို ... ၊ ငါ ဖမ်းဆုပ် နိုင်မှာပါ။ ”
အိုင်းရစ် ဓား သူတော်စင်သည်၊ နိဗ္ဗာန် တာအိုကို ဆုပ်ကိုင်နိုင် သဖြင့်၊ သူတော်စင် နယ်ပယ်ဖြင့်၊ နတ်ဘုရား များကို သတ်နိုင် ခဲ့သည်။
အရိယာ ဓားသုတ္တန်နှင့် နဂါးပြာ အရိုး ဟူသည်၊ ဘဝ-မရဏ ရည်ရွယ်ချက် ပါရှိသော အရာများ ဖြစ်သည်။
ထို့ကြောင့် နိဗ္ဗာန်ရှာ ရာ၌၊ ဘဝ-မရဏ ရည်ရွယ်ချက်သည် အထောက်အကူ ပြုမည်ဟု ထင်၏။ နိဗ္ဗာန် တာအိုသည် မြင့်မြတ်သော တာအို ဖြစ်ပြီး၊ သေခြင်း ကဲ့သို့ မရိုးရှင်းချေ။
ဘဝနှင့် မရဏ၊ အချိန်နှင့် အာကာသ ဟူသော ဤဥတု လေးပါးသည်၊ နိဗ္ဗာန် တစ်စိတ် တစ်ပိုင်း ဖြစ်သည်။ သို့သော် ၎င်းအား တွေး ကြည့်ရန်၊ စောလွန်း နေသေးသည်။
များမကြာခင် နဂါး နှစ်ကောင်မှာ၊ သူ့ ခန္ဓာကိုယ် ထဲသို့ ပြန်၍ ကျံ့ဝင် ကုန်သည်။ နဂါး ပြာသည်၊ ကျောက်စိမ်း နှင့်တူသော ဂုဏ်သတ္တိ ပိုင်ဆိုင်လျက်၊ ထာဝရ တည်မြဲ နေသည်ဟု ခံစား ရစေ၏။
ယခု သူသည် နဂါး နှစ်ဖော် သူတော်စင် ခန္ဓာကိုယ်ကို ပိုင်ဆိုင် ထားပြီ ဖြစ်သဖြင့်၊ မိုးပြာ နဂါး နတ်ခန္ဓာမျိုး ရရှိရန်၊ နီးစပ်ပြီ ဖြစ်သည်။
အချိန်များ ကျန်ရှိနေ သေးသဖြင့်၊ မိုးပြာ နဂါးဓားကို လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။ ဤဓားတွင် ဓားကွက် (၁၀)ကွက် ပါရှိ၏။
ပထမ ဓား (၇)ကွက်မှာ၊ ဓားရောင်ခြည် များဖြင့်၊ နဂါး ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု စီကို၊ ဖွဲ့စည်း ရသည်။
နောက်ဆုံး ဓား သုံးကွက်သည်၊ အသေ အပျောက် ဖြစ်စေ နိုင်သော ဓားချက်များ ဖြစ် ချေ၏။
လက်ရှိ အချိန်၌၊ မိုးပြာ နဂါး သူတော်စင် သွေးစက်နှင့်၊ နတ်သွေးကို သန့်စင် ထားပြီးရာ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်အား ကောင်းစွာ နားလည်သည်။
ထို့ကြောင့် ဤဓားရေး အပေါ် လေ့ကျင့် ခြင်းသည်၊ အပူပင် ကင်းသော ဓား (၉)ကွက်ကို လေ့ကျင့် ရသည် ထက်၊ ပို၍ လွယ်ကူ နိုင်၏။
ဆိုလို သည်မှာ၊ မိုးပြာ နဂါး၏ ဝိသေသ များကို ပိုင်ဆိုင် ထားသော ကြောင့်၊ ထိရောက် မှုမှာ တောင်ပိုင်း ဧကရာဇ် ဓားရေးအား ကျော်လွန် ပေမည်။
ပထမဆုံး ဓားပုံစံကို မိုးပြာ နဂါး လက်သည်းဟု ခေါ်၏။ သူ ဖြတ်သွားရာ လမ်း တစ်လျှောက်၊ မိုးကြိုးပစ် သလို လေဟာနယ် အက်ကွဲ ပေ လိမ့်မည်။
ဒုတိယ ပုံစံကို မိုးပြာ နဂါး အမြီးဟု အမည်ပေး ထားပြီး၊ ဓားရောင်ခြည်သည် ပေ အနည်း ငယ်မျှ အရှည် ရှိသော နဂါး အမြီး အဖြစ်သို့၊ ပြောင်းလဲ သွားမည် ဖြစ်သည်။
ခမ်းနားသော မိုးကြိုး မုန်တိုင်း သွားရာ လမ်းကြောင်း တစ်လျှောက် အာကာပြင် ပုံပျက် သွားနိုင်၏။
တတိယ ဓားမှာ ၊ မိုးပြာ နဂါး အကြေးခွံ ဖြစ်သည်။ ကောင်းကင်ပေါ် ပျံသန်းချိန်၌ နဂါး အကြေးခွံ များမှာ၊ ဓားသဖွယ် ချွန်ထက်စွာ ပျံကား နေတတ်သည်။
ယင်းကို ဓား ရောင်ခြည်ဖြင့် ပုံဖော်ကာ၊ မျှားသဖွယ် ပစ်လွှတ် ရခြင်း ဖြစ်ချေ၏။ စတုတ္ထ ဓား ပုံစံ ကိုမူ၊ မိုးပြာ နဂါး ခန္ဓာဟု ခေါ်သည်။
ယင်းက ကာကွယ်ရေးကို အာရုံစိုက်၏။ ဓားအလင်းဖြင့် ကြီးမားသော နဂါး တစ်ကောင် ဖန်ဆင်းကာ၊ သူ့အား လှည့်ပတ် ကာကွယ် စေမည်။
ပဉ္စမ ဓားပုံစံသည် မိုးပြာ နဂါး ဦးခေါင်းအား ပုံဖော် ရသည်။ ၎င်းသည် တောင်တစ်လုံး ကိုပင် ဖောက်နိုင်သော ဓားအလင်း ဖြစ်၏။
ဆဋ္ဌမ ဓားပုံစံမှာ၊ မိုးပြာ နဂါး မျက်လုံး ဖြစ်ပြီး၊ ဓားရောင်ခြည်အား မည်သူမဆို ရင်ဆိုင် မကြည့် ဝံ့သော၊ တောက်ပ မှုမျိုး ဖြစ်သည်။
သတ္တမ မြောက် ဓားပုံစံ ကိုမူ၊ မိုးပြာ နဂါး ဦးချို အဖြစ် အမည် ပေးထားသည်။ အပြင်းထန် ဆုံး တိုက်ခိုက် မှုလည်း ဖြစ်၏။
နဂါး ဦးချိုများ ကဲ့သို့၊ သူတော်စင် ချပ်ဝတ်များနှင့် နတ်ဆိုး သားရဲများ ကိုပင် ထိုးဖောက် နိုင်သော ဓားအလင်း ဖြစ်သည်။
အဋ္ဌမမြောက် ဓားကို၊ ကောင်းကင်ဘုံ ကိုးပါးမှ မုန်တိုင်း -ဟု ခေါ်၏။ ကြောက် စရာ အကောင်း ဆုံးသော ဓားချက် ဖြစ်သည်။
ဓား သွားရာ လမ်းတစ်လျှောက်၊ အရာ အားလုံးကို၊ ဖျက်ဆီး နိုင်သော လေမုန်တိုင်းမျိုး ထုတ်လွှတ် လာမည် ဖြစ်သည်။
နဝမ ဓားမှာ မိုးကြိုးသွား ဖြစ်၏။ ကောင်းကင်ဘုံ ကိုးပါးမှ လျှပ်စီး များကို၊ ဓားဖြင့် ဆင့်ခေါ် ခြင်းမျိုး မည်သည်။
မိုင် တစ်ထောင် ပတ်လည် အတွင်းရှိ၊ လျှပ်စီး စွမ်းအင် များကို ဓား၌ စုရုံးစေ ခြင်းဟု ပြောနိုင်၏။
ဤဓားသည် ကောင်းကင်ဘုံ ကိုးပါးမှ မုန်တိုင်းများထက် ပို၍ ကြောက်စရာ ကောင်း လေသည်။
နောက်ဆုံး ဓားသည် လေနှင့် မိုးကြိုး ပေါင်းစပ်ကာ၊ အထွတ် အထိပ် စွမ်းအားမျိုး ထုတ်လွှတ် နိုင်သည့်၊ စကြာဝဠာ မိုးကြိုး မုန်တိုင်းအား ဖန်တီးခြင်း မည်၏။
သုံးရက် အတွင်း၊ ပထမ ဆုံးသော ဓား (၇)ကွက်ကို သရုပ်ဖော် အဆင့်ထိ ကျွမ်းကျင် လာသည်။
အဋ္ဌမမြောက် ဓားပုံစံကို ကျွမ်းကျင်ရန်၊ အချိန် အကြာကြီး ထပ်မပေး ရချေ။ နောက်ဆုံး ဓားပုံစံ အတွက်မူ၊ တာအို အဆင့် ဖြစ်လု နီးပါး ဖြစ်ရာ၊ ဘဝ-သုံးပါး နယ်မြေ၌ လေ့ကျင့်၍ မရ သဖြင့်၊ ရပ်လိုက် ရသည်။
ဤနေရာသည် ခွန်လွန်နှင့် သီးခြား ဖြစ်၏။ ကောင်းကင်နှင့် မြေကြီး သဘော တရား မရှိဘဲ၊ မည်သည့် တာအိုကို မဆို၊ ဆုပ်ကိုင် နိုင်မည် မဟုတ်ချေ။
“ အပြင် ရောက်မှ ကြည့်ရမယ်။ ”
ပတ်ဝန်းကျင်အား ဝေ့ကြည့် လိုက်ရာ၊ အာကာသ အမှုန်များ၊ များစွာ လျော့နည်း သွား သည်။ ဤနှုန်းဖြင့် ဆိုသော်၊ နောက်ထပ် ခြောက်လသာ အချိန် ရနိုင်၏။
ထို့ကြောင့် မျက်လုံး မှိတ်ကာ၊ ထိုင်ချ လိုက်လေသည်။ မျက်လုံး ပြန်ဖွင့် ကြည့်လိုက် ချိန်၌၊ ထိုခြောက်လ ကုန်သွားပြီ ဖြစ်သည်။
ဘဝ-သုံးပါးဘုံ ပျောက်ကွယ် သွားသော အခါတွင်၊ ယခင် နေရာတွင် ပြန်ပေါ် လာခဲ့ပြီး၊ ခြံထဲ၌ နေ-လ ထီးကို ကစား နေသော မုရွယ်လင်အား မြင်လိုက် ရသည်။
လင်းယွန်က သူမ အနား လျှောက်သွားကာ၊
“ ဘယ်လောက် ကြာသွားလဲ။ ”
-ဟု မေးမြန်း လိုက်၏။
“ ခုနစ်ရက် ... ၊ မင်းရော ... ။ ”
“ လေးနှစ် ... ။ ”
“ ဒီလောက် ကြာကြာ ... နေနိုင်မှန်း သိရင်၊ မင်းကို ခွင့်ပြု မိမှာ မဟုတ်ဘူး။ ”
“ ဘာလို့လဲ။ ”
လင်းယွန်က အံ့သြစွာ ပြန်မေး လိုက်သည်။
“ အနည်းဆုံး ကာလက တစ်နှစ် ဖြစ်ပြီး၊ အကြာဆုံး ကာလက ဆယ်နှစ်ပဲ၊ လေးနှစ် ကြာ နေခွင့် ရခဲ့တယ် ဆိုတော့၊ မဆိုး လှပါဘူး၊ ...
... ဒါပေမယ့် ပေကိုးထောင် ရှိတဲ့ နဂါး သွေးလွှတ်ကြောနဲ့၊ မင်းရဲ့ ဒုက္ခ ဘယ်လောက် အထိ ကြောက်စရာ ကောင်းလာမယ် ဆိုတာ တွေးကြည့် ဖူးလား၊ ...
... ဒါက အဌမမြောက် သွေးလွှတ်ကြော ရောက်သွားရင်၊ ပေတစ်သောင်း အထိ ရှိလာမှာ သေချာတယ်။ ”
မုရွယ်လင် ရှင်းပြချက်ကြောင့် လင်းယွန်မှာ၊ ထိတ်လန့် သွား၏။
“ မင်း အဲဒီမှာ ... ၊ တစ်နှစ် လောက်ပဲ နေခွင့်ရမယ် ဆိုရင်၊ အကောင်း ဆုံးပဲ၊ အခုတော့ နဂါးပြာ အရိုး ရှိတောင်မှ၊ မင်းကို မကယ်နိုင် တော့ဘူး။ ”
သို့သော် စိတ်ဓါတ် မကျဘဲ၊ လင်းယွန်မှ ပြုံးလိုက် ပြီးနောက်၊
“ ဒါက ပြဿနာ ဆိုပေမယ့် ... ၊ ဘာလုပ် ရမယ် ဆိုတဲ့ အဖြေကို ရှာတွေ့ မှာပါ၊ အခုတော့ လေးနှစ် နေခွင့် တာက၊ အကျိုးရှိ ပါတယ်။ ”
-ဟု ဖြေဆည် လိုက်တော့သည်။
“ အကောင်း မြင်စိတ် ရှိတာပဲ၊ ကောင်းပြီ ... ဒီနေ-လ ထီးကို သန့်စင်ဖို့ ... ၊ ကောင်းကင် ရနံ့ သင်းသင်းဆီ၊ ငါ ပြန်ရမယ် ... ၊ ခန်းမ သခင်ပဲ ဒါကို ကူညီ နိုင်တယ်၊ မင်း ငါနဲ့ ... ပြန်လိုက် မှာလား။ ”
“ မလိုက် တော့ဘူး၊ မိန်ဇီဟော်နဲ့ သွားတွေ့ ရမယ်။ ”
***