← Chapters

သိုင်းလောက ရေနွေးကြမ်း သောက်ပွဲ။

Vol. 127 Ch. 1768

သိုင်းလောက ရေနွေးကြမ်း သောက်ပွဲ။

Vol. 127 Ch. 1768

မုရွယ်လင်အား နှုတ်ဆက် ပြီးနောက်၊ နှစ်ယောက်သား နိဗ္ဗာန် နန်းတော် ကျွန်းဆီမှ လမ်းခွဲ လာခဲ့သည်။

မြင့်မြတ်သော မိုးပြာ သခင် ပညာရပ် ကျောက်စိမ်း တုံးအား လင်းယွန်မှ ပြန်လည် ပေးအပ် လာသဖြင့်၊ ကျန့်လီမှာ ပဟေဋ္ဌိ ဖြစ်သွား လေသည်။

“ ဒါကို သူ တကယ် ငြင်းခဲ့ တာလား၊ မယုံနိုင်စရာ၊ မိုးပြာ နဂါး မိသားစု ခွဲတေွက ထူးချွန် သူနဲ့ တိုက်ခိုက်တဲ့ အခါ၊ သူ ဘယ်လို လုပ်မလဲ။ ”

ကျန့်လီက ခေါင်းယမ်းလျက် ညည်းတွား မိသည်။ သူ့အဖေ ဆုံးဖြတ်ချက် မှန်ကန် ဖို့သာ မျှော်လင့် ရပေ၏။

ဘဝ-သုံးပါး နယ်ပယ် အတွင်း လေးနှစ် ကုန်ဆုံးသွား သော်လည်း၊ ပြင်ပ ကမ္ဘာ၌ (၇) ရက်သာ ရှိသေးသည်။

ထိုခုနှစ်ရက် အတွင်း သူတော်စင် လက်ကို အနိုင် ယူခဲ့သော လင်းရှောင်၏ အမည်မှာ ပျံနှံ့ နေပြီ ဖြစ်၏။

စကားဝိုင်း များ၌ လင်းယွန်နှင့် ပတ်သက်သည့် အကြောင်း အရာ အချို့ကို ရံဖန် ရံခါ ကြားနေ ရသည်။

ဤသို့ နာမည် ကြီးနေ ခြင်းသည်၊ သူ့အတွက် ကောင်းသော အရာ မဟုတ်မှန်း လင်းယွန် သိသည်။

ထို့ကြောင့် ကျွန်းမှ ထွက်ခွာ လာသော အခါတွင်၊ သူ့ရောင်ဝါကို ဖုံးကွယ်ရန် နတ်လိပ် အသွင် ပြောင်းနည်းအား ချက်ချင်း အသုံးပြု ခဲ့ရသည်။

ရုတ်တရက် ဝမ်းနည်းဖွယ် ကောင်းသော သီချင်း သံကို ကြားမိသည်။ အဆိုပါ ခံစားချက် သည် ကူးစက် လာသဖြင့် လင်းယွန် သည်လည်း၊ စိတ်ဝင်စား သွား၏။

အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာတွင်၊ လမ်းဘေး တစ်နေရာ၌ အဲဟူ ထိုး နေသော မိန်ဇီဟော်ကို မြင်လိုက် ရသည်။

၎င်းရှေ့တွင် အနားတွင် လူအုပ်ကြီးက ဝိုင်းအုံ နေသဖြင့်၊ လင်းယွန် ထိုင်ရန်၊ ထောင့် တစ်နေ ရာကို ရေွးလိုက်သည်။

သီချင်း ပြီးဆုံးသော အခါ၊ လူစု ခွဲကုန်၏။ သို့မှသာ အဲဟူ သိမ်းဆည်း နေသော မိန်ဇီဟော် က၊ လင်းယွန်အား မြင်သွားသည်။

“ မင်းကို အခု ... အဲဟူ ကစားနည်း၊ ငါသင်ပေးစရာ မလို တော့ဖူး ထင်တယ်။ ”

လမ်းယွန်က မိန်ဇီဟော်ထံ လျှောက်လှမ်း သွားလျက်မှ ပြောလိုက်သည်။

“ ခုနစ်ရက် ဆိုတဲ့ ကာလက၊ ဝက် တစ်ကောင် တောင်မှ ... အဖြေ တစ်ခု ရှာတွေ့ဖို့ လုံလောက် ပါတယ်၊ ငါက သူတော်စင် လက် လေ။ ”

မိန်ဇီဟော်မှ ဂုဏ်ယူစွာ မော့ကြည့်ပြီး အဲဟူအား လင်းယွန် ထံသို့ ပြန်လည် ပေးအပ် လာသည်။

“ ဒါက တကယ် လက်နက် ကြီးပဲ၊ သူတော်စင် အကြီးအကဲ ပစ္စည်းသာ မဟုတ်ရင် မင်းဆီ ကနေ၊ ငါ ဝယ်မိမှာ သေချာတယ်။ ”

“ သူတော်စင် အကြီး အကဲကို ကြောက် လို့လား။ ”

လင်းယွန်က အဲဟူကို ပြန်ယူပြီး ပေါ့ပေါ့ ပါးပါး မေးလိုက်၏။ မိန်ဇော်ဟော်မှ ထိုမေးခွန်း အား ပြန် မဖြေချေ။

“ သွားသောက် ရအောင်။ ”

-ဟု ပြုံးကာ ပြန်ပြော လာသည်။

မိုးကြိုး မုန်တိုင်း တည်းခိုခန်းသည် ကောင်းကင် မြို့တော် မီးငှက် ပြည်နယ်ရှိ အကြီးဆုံး တည်းခိုခန်း ဖြစ်သည်။

အထပ်ပေါင်း ကိုးထပ် ရှိကာ၊ ထင်ရှား ကျော်ကြားသော နောက်ခံ သမိုင်း ကြောင်းမှ ရှိသည့်၊ တန်ခိုးရှင် များ၏ တပည့် များနှင့် သားစဉ် မြေးဆက် များက၊ ဤနေရာသို့ မကြာခဏ လာရောက် ကြသည်။

ကုန်ကျ စရိတ်သည် အထပ် အမြင့်ကို လိုက်ကာ၊ တိုးလာမည် ဖြစ်ပြီး၊ အပေါ်ဆုံး ထပ်တွင် ဂုဏ်သိက္ခာ ရှိသော လူကြီး လူငယ် များသာ နေခွင့် ရပေမည်။

မိန်ဇီဟော် ကဲ့သို့သော တစ်စုံ တစ်ယောက်သည် သဘာဝ အတိုင်း၊ ကိုးထပ်သို့ တက်ရောက် နိုင်ခဲ့၏။

ထိုနေရာသည် အမြင့်ဆုံး ဖြစ်သဖြင့်၊ လမ်းများ အပေါ်၊ ရှင်းလင်းစွာ မြင်နိုင်သည်။ လူငယ် အများ အပြားက၊ အကြောင်း အရာ တစ်ခုကို ဆွေးနွေး နေ၏။

“ လိပ်နက် ပင်လယ်ကွေ့မှာ၊ အနက်ရောင် အလင်းတိုင် တစ်ခု ပေါ်လာပြီး၊ ကောင်းကင် တတိယ အလွှာကို ချိုးဖျက် သွားတယ်။ ”

“ တိုက်တိုက် ဆိုင်ဆိုင်ပဲ၊ သိုင်းလောက ရေနွေးကြမ်း သောက်ပွဲကို ... ၊ တစ်လ စောပြီး ကျင်းပ တော့မယ်။ ”

“ ဒီပွဲကို ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့ ... ၊ ထိပ်တန်း ဆယ်ယောက်လည်း တက်ရောက် လိမ့်မယ်။ ”

“ ဟုတ်တယ် အရင် ကတော့ ကျန့်ကျင်းရှန်က နဂါး သွေးလွှတ်ကြော နယ်ပယ် ကို၊ စိုးမိုး ထားတဲ့ အတွက်၊ ...

... ရေနွေးကြမ်း သောက်ပွဲက ... ၊ သိပ် အဓိပ္ပါယ် မရှိဘူး၊ အခုတော့ လောက နိယာမ နယ်ပယ် ရောက်သွားပြီ ဆိုတော့၊ ချန်ပီယံ အသစ်ကို ဆုံးဖြတ် ရမဲ့ အချိန် ရောက်ပြီ။ ”

လင်းယွန်နှင့် မိန်ဇီဟော်က ပြတင်းပေါက် အနားတွင် ရှိသော ခုံ၌ နေရာ ယူကာ၊ စကား ဝိုင်းကို နားထောင် နေမိသည်။

လမ်းတလျှောက် ထိုဧည့်ခံပွဲ အကြောင်း ကိုသာ ကြားခဲ့ ရသည်။ သို့သော် လင်းယွန်မှ စိတ်မ၀င် စားချေ။

“ ကောင်းကင် မြို့တော်ရဲ့ ... သခင် လေးပါးက ဒီပွဲကို အလှည့်ကျ ကျင်းပ ကြတယ်၊ ဒီနှစ်တော့ ဆောင်းဦး သခင် အလှည့်ပဲ။ ”

မိန်ဇီဟော်က လင်းယွန်အား ပြုံးကာ ပြောလာသည်။ ကောင်းကင် မြို့တော်၏ သခင် လေးပါးမှာ၊ လေဓား သခင်၊ နှင်းဦး သခင်၊ ဆောင်ဦး သခင်နှင့် ရေခဲပြာ သခင်တို့ ဖြစ်သည်။

၎င်းတို့သည် နတ်နဂါး အင်ပါယာမှ အပ်နှင်းထားသော ဘွဲ့နှင့် အဆင့် အတန်း ဖြစ်ချေ၏။

အတိုင်း အတာ တစ်ခု အထိ၊ ဤမိသားစု လေးစုသည် နတ်နဂါး အင်ပါယာကို ကိုယ်စား ပြုနိုင်သည်။

လင်းယွန်သည် လေဓား သခင်နှင့် တွေ့ဆုံဖူးပြီး ကောင်းမွန်သော အဆုံးသတ် မဖြစ်ခဲ့ချေ။

၎င်းမှာ သန်မာ လွန်းပြီး၊ ပဉ္စမမြောက် သွေးလွှတ်ကြော ၌သာ ရှိခဲ့သော သူ့ အပေါ်၊ လျစ်လျူရှု ခဲ့သည်။

“ ဒီနှစ် ဘာတွေ ထူးခြား လို့လဲ။ ”

လင်းယွန်က မေးသည်။

“ နဂါး သွေးလွှတ်ကြော အဆင့်ကို၊ သတ်မှတ်ဖို့ စုစည်း နေတာပါ၊ တစ်ချိန် တုန်းက ကျန့်ရှင်းရှန် အောက်မှာသာ နေရာ အပြောင်း အလဲ လုပ်နိုင် ကြတယ်။ ”

မိန်ဇီဟော်မှ ရှင်းပြ၏။

“ ချန်ပီယံကို ... နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် ကျောက်တိုင်မှာ၊ စိန်ခေါ် ရတာ မဟုတ် ဖူးလား၊ ဘာလို့ ဒီရေနွေးကြမ်း သောက်ပွဲမှာ ယှဉ်ပြိုင် ကြတာလဲ။ ”

“ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် ကျောက်တိုင် ဆိုတာ အကြမ်း ဖျင်း ခွန်အားကို တိုင်းတာတဲ့ အဆင့် တစ်ခုပါ၊ တကယ့် ခွန်အားကို သိချင်ရင်၊ တိုက်ပွဲမှာ အနိုင် ယူပြ ရတယ်၊ မဟုတ်ရင် ဘယ်သူမှ ယုံမှာ မဟုတ်ဘူး၊ ...

... တစ်ချိန်တုန်းက ကျန့်ကျင်းရှန် တောင် ဒီလို တိုက်ပွဲပေါင်း များစွာ ဆင်နွှဲပြီး၊ သူ့နာမည် ထုဆစ် ခဲ့တာ၊ ဒါကြောင့် လက်ရှိ ထိပ်ဆုံး (၁၀)ဦးက သူ့ကို အတု ယူပြီး၊ ...

... ဒီကနေ့ ဧည့်ခံပွဲ ကနေ၊ ကျော်ကြားမှု ရယူဖို့၊ မျှော်လင့် နေကြတာပဲ၊ လက်ရှိ အချိန်မှာ လိပ်နက် ပင်လယ်ကွေ့ကို၊ မဝင် နိုင်သေးတဲ့ အတွက်၊ သူတို့ ဆယ်ယောက်က ဒီပွဲကို အာရုံစိုက် လာလိမ့်မယ်၊ ...

... ဒါကြောင့် ကျန့်ကျင်းရှန် နေရာကို သခင်လေးပါးနဲ့ ... မြင့်မြတ်မြေ ခြောက်ပါးရဲ့ ပါရမီရှင် တွေက မျက်စိ ကျလာ ကြပြီ။ ”

ဓားဂိုဏ်းမှ ထွက်ခွာ ပြီးနောက် တွင်ပင်၊ ကျန့်ကျင်းရှန်၏ ဒဏ္ဍာရီကို ကြားနေရဆဲ ဖြစ် သဖြင့်၊ လင်းယွန် တစ်ယောက် ဂုဏ်ယူစွာ ပြုံးလိုက် မိသည်။

သူတော်စင် အကြီး အကဲ ကဲ့သို့ လူ တစ်ယောက် သည်ပင်၊ သူ့ အစ်ကိုကြီး၏ ဂုဏ် သတင်းကို ကြားဖူး ချေ၏။

၎င်းနှင့် ယှဉ်က ဂျူနီယာ တစ်ယောက် ဖြစ်သော သူ ဟူသည်၊ စီနီယာ အစ်ကိုထက် အားနည်း နေပုံ ပေပင်။

လင်းယွန်မှ စကား ပြန်မပြော သောကြောင့် ဤအချင်း အရာ အပေါ်၊ စိတ်ဝင်စားခြင်း မရှိဟု မိန်ဇီဟော်က ယူဆကာ၊

“ ဘာလို့လဲ ... နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်ကို စိတ်မဝင်စား ဖူးလား၊ မင်းရဲ့ ကျင့်ကြံမှုက အခု အချိန်မှာ အားနည်း နေပေမယ့်၊ သူတို့ ထဲက အများစုက လောက နိယာမ နယ်ပယ်ကို ရောက်ကုန်ရင်၊ မင်း အတွက် အခွင့် အရေးတွေ ရှိလာ မှာပါ။ ”

-ဟု ပြောလိုက် တော့သည်။

“ နဂါး သွေးလွှတ်ကြော အဆင့်မှာ ပထမရရင် ... ဘာ အကျိုး ကျေးဇူးတွေ ရနိုင် မလဲ။ ”

အင်ပါ ရီယန်နှင့် ပင်မ နတ်ဘုရား နယ်ပယ်တွင်၊ ပထမ ရရှိ ခဲ့ ဖူးသည်။ ထိုစဉ်က ကျင့်ကြံမှု သိသိ သာသာ တိုးတက်လာ ခြင်းမှ လွဲပြီး၊ အခြား အကျိုး ကျေးဇူးများ မရချေ။

ထို့ကြောင့် စိတ် မဝင်စား ခြင်းလည်း ဖြစ်သည်။

“ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်က၊ နဂါးပြာ မှတ်တမ်း အတွက် ပထမ စမ်းသက်ချက်ပဲ၊ ဒါကြောင့် အဆင့် သတ်မှတ် ချက်ထဲ ဝင်တဲ့ လူတိုင်း၊ ...

... ကံကြမ္မာ ကောင်းတွေ ရရှိ လိမ့်မယ်၊ ကံကြမ္မာ ဆိုတာ ... မမြင်နိုင် ပေမယ့်၊ တကယ် ရှိတယ်။ ”

မိန်ဇီဟော်က ပြုံးပြီး၊

“ နဂါး သွေးလွှတ်ကြော အဆင့် သက်မှတ်ချက်ရဲ့ ... ထိပ်ဆုံး ဆယ်ယောက်က ကြီးကျယ်တဲ့ ကံကြမ္မာကို ခံစား ရတယ်။ ”

-ဟု ပြန်ဖြေ၏။

ယင်းသည် အမှန် ဖြစ်ကြောင်း လင်းယွန် သိသည်။

“ အခြား မကြည့်နဲ့ ... ပန်းသင်္ချိုင်း ကိုပဲ ကြည့်၊ ရှေးဟောင်း စစ်မြေပြင်မှာ၊ ဘာလို့ အနိုင် ရခဲ့တယ် ထင်တယ်၊ သူ့ရဲ့ ပင်ကိုယ် စွမ်းရည်နဲ့ ကြိုးစား အားထုတ်မှု အပြင်၊ အင်ပါရီယန်နဲ့ ပင်မ နတ်ဘုရား ချန်ပီယံ ဆိုတဲ့ ကံကြမ္မာ ကြောင့်လည်း ပါတယ်။ ”

မိန်ဇီဟော်မှ သူ့ အကြောင်း ပြောလာ သောကြောင့်၊ လင်းယွန် ခမျာ အနည်းငယ် ထိတ်လန့် သွားသည်။ စိတ် လှုပ်ရှားမှုကို ဖုံးကွယ်ရန် ဝိုင်အား ငုံ့သောက် လိုက်၏။

“ ဒါကို ထားပါဦး ... ၊ ဘာမှ မရ ရင်တောင် ဘယ်သူက ပထမ မဖြစ်ချင်ပဲ နေမလဲ၊ နတ်နဂါး ခေတ်က လူတိုင်း၊ နဂါးလို ပျံသန်းချင် ကြတာပဲ မဟုတ်လား၊ လူတိုင်းက ဒုတိယ ဘယ်သူလဲ ဆိုတာ စိတ် မဝင်စား ကြပါဘူး။ ”

မိန်ဇီဟော် တစ်ယောက်၊ သူ့ လေလုံးနှင့် သူ မျောပြီး မျက်နှာ ပြောင်းသွားသော လင်းယွန် အမူ အရာကို၊ သတိ မထား မိချေ။

“ ဒီလို အတွေး မျိုးတွေ ... ၊ မင်းဆီက ထွက်လာ တာကို၊ နားလည်ရ ခက်တယ်။ ”

လင်းယွန်က အံ့သြစွာ ပြန်ပြော မိသည်။

“ ဒါက ... မင်းငါ့ကို ကောင်းကောင်း နားမလည် သေးလို့ပါ၊ စကား မစပ်၊ ငါ ပေးခဲ့တဲ့ ကျောက်စိမ်း တုံးကို ကြည့်ပြီး ပြီလား။ ”

“ ဘယ် ကျောက်စိမ်းတုံးလဲ။ ”

“ နတ်နှင်းပန်း လက်ဟန် မှတ်တမ်းလေ။ ”

ယင်းကို လင်းယွန် မကြည့်ရ သေးချေ။ သူ၏ လေးနှစ်တာ အချိန်ကို၊ မိုးပြာ နတ်သွေး သန့်စင်ခြင်းနှင့်၊ ဓားရေး ၌သာ လေ့ကျင့် ခဲ့သည်။

သို့သော် စိတ်လှုပ်ရှား နေသော တစ်ဖက် လူ၏ အသွင်ကြောင့်၊ အမှန် အတိုင်း ဝန်ခံရန် အားနာ သွားပြီး၊

“ အင်း ... ကြည့်ပြီးပြီ။ ”

-ဟု ပြန်ဖြေ လိုက်သည်။

“ ဘယ်လိုလဲ ... ။ ”

မိန်ဇီဟော် တစ်ယောက် မျှော်လင့်ချက် များစွာဖြင့်၊ မျက်လုံးများ တောက်ပ လာသည်။

“ မင်းက သူတော်စင် လက် ဆိုတဲ့ ဘွဲ့နဲ့ လိုက်ဖက် တယ်လို့ ... ၊ ငါ ပြောနိုင်တယ်။ ”

ထိုမှတ်ချက် စကားက မိန်ဇီဟော်အား ဝမ်းမြောက် ပြုံးရယ် လာစေသည်။

“ ဟား ဟား ဟား ... ၊ အဲဒါက ငါရဲ့ နားလည်မှု အချို့ပဲ ရှိပါ သေးတယ်၊ တကယ့် အနှစ် သာရတွေ မပါ သေးဘူး။ ”

ထိုအကြောင်းကို ဆက်ပြော ပါက လိမ်ညာ နေကြောင်း သိသွားမည် ဆိုးသဖြင့်၊ လင်းယွန်မှ စကား လမ်းကြောင်း ပြောင်းလိုက်သည်။

“ ဒါနဲ့ သူတော်စင် အကြီး အကဲကို၊ မင်း ဘာလို့ ဒီလောက် ကြောက်နေရ တာလဲ ဆိုတာ မဖြေ သေးဖူးနော်။ ”

“ အဲဒါက ... ။ ”

မိန်ဇီဟော်က ဟိုဟို သည်သည် လိုက် ကြည့်ကာ၊

“ ဒီအကြောင်း ပြောဖို့ နေရာကောင်း မဟုတ်ဘူး၊ ငါ့ အသံကို မင်းဆီ ပို့ပေးမယ်။ ”

-ဟု ပြန်ဖြေ လာသည်။

ထို့နောက် နှုတ်ခမ်း လှုပ်ရုံဖြင့်၊

( ငါ ထင်မြင်ချက်သာ မှန်တယ် ဆိုရင် နဂါးပြာ မှတ်တမ်းက၊ သူ့ လက်ထဲမှာ ရှိတယ်၊ ဒီကိစ္စက အရမ်း အရေး ကြီးတယ်။ )

-ဟု ပြောလာ တော့သည်။

လင်းယွန်မှာ အံ့သြ သွားသည်။ နဂါးပြာ မှတ်တမ်း ဟူသည်၊ နတ်နဂါး အင်ပါယာ ပိုင် ရှေးဟောင်း ရတနာ ဖြစ်ပြီး၊ အဘယ့်ကြောင့် မုရွယ်လင် လက်ထဲတွင် ရှိနေ သည်ကို နားမလည် နိုင်တော့ချေ။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ထိုအချိန်တွင် မိုးကြိုး မုန်တိုင်း ဧည့်ရိပ်သာ၏ အပေါ်ဆုံး ထပ်သို့၊ လူရိပ်များ တက်ရောက် လာသည်။

လင်းယွန်က တစ်ချက် ကြည့်ကာ၊ မျက်နှာလွှဲလျက် စကား ပြောရန်၊ ခေါင်းပြန် အလှည့်တွင်၊ ရှေ့ဆုံးမှ ဦးဆောင်လာ သူ၏ အသွင်ကြောင့်၊ အံ့အားသင့် သွားသည်။

ထိုလူသည် ဓားဂိုဏ်းမှ ယဲ့ဇီလင် ဖြစ်ပြီး၊ သူမ နောက်ပါး၌၊ ရှေးဟောင်း စစ်မြေပြင်တွင် သေခြင်း တရားကို၊ အတူ တကွ ခံစား ခဲ့သော၊ သူ့ သူငယ်ချင်းများ ပါရှိ လာသည်။

စိတ်လွတ် သွားပြီး၊ ၎င်းတို့ထံ ပြေးကာ၊ ဆရာ သခင်၊ ဂိုဏ်းချုပ်နှင့် ဂိုဏ်း၏ အခြေအနေ ကို မေးမြန်းရန်၊ ဆန္ဒ ဖြစ်ပေါ် လာသည်။

ထိုအမူအရာကြောင့် မိန်ဇီဟော် ခမျာ အံ့အား သင့်သွားပြီး၊ သူ ကြည့်ရာ အရပ် ထံသို့၊ ဖြည်းညှင်းစွာ လှည့်ကြည့် လာ တော့သည်။

***

All Chapters