ဒါ ... ငါတို့ရဲ့ ကလေးလား။
Vol. 127 Ch. 1769
မိန်ဇီဟော်က လှည့်ကြည့် လိုက်ရာ၊ ယဲ့ဇီလင်ကို မြင်၏။ သွယ်လျသော ခြေတံ များနှင့်၊ ထူးခြားသော အမျိုး သမီး တစ်ဦး ဖြစ်လေသည်။
သူရဲကောင်း ဆန်ပြီး၊ စွဲဆောင်မှု ရှိသော မိန်းမလှ စာရင်း ဝင်၏။ ထို့ကြောင့် သူတို့ နှစ်ဦး အပါ အဝင်၊ လူတိုင်းက လှည့်ကြည့် မိသည်။
“ တကယ် ကြည့်ကောင်း တာပဲ၊ မင်း ဘာလို့ အံ့ဩသွား တာလဲ ငါ နားလည် ပြီ။ ”
မိန်ဇီဟော်က သူ့ အကြည့်ကို ပြန်ရုတ်ပြီး မှတ်ချက်ပြု လိုက်သည်။ သူ့ အသံကို ထိန်းထား ခြင်း မရှိသောကြောင့်၊ ယဲ့ဇီလင်မှ ကြားသွား ကာ၊ မကျေမနပ် ဖြစ်လာ၏။
တပည့်ကြီး ကူရို့ချန်က၊ သူမ အနား တိုးကပ်ပြီး၊ တစ်စုံ တစ်ခုကို ခပ်တိုးတိုး ပြောပြ လိုက်သည်။
ယင်းက မိန်ဇီဟော် အကြောင်း ဖြစ်၏။ ထို့ကြောင့် ယဲ့ဇီလင်က ခေါင်းညိတ်လျက်၊ သူတို့ နှစ်ဦးကို လျစ်လျူရှု သွားသည်။
သို့သော် အဝေး မရောက်ခင်၊ မိန်ဇီဟော် နှင့်အတူ၊ ထိုင်နေသော လူငယ် တစ်ယောက်ထံ ယဲ့ဇီလင်မှ ပြန်လှည့် ကြည့်မိသည်။
ထိုလူသည် ၎င်းမျက်နှာကို ဝိုင်ခွက်နှင့်၊ ကွယ်ထား သဖြင့်၊ ကောင်းစွာ မမြင် နိုင်ချေ။ အများကြီး တွေးမနေ တော့ဘဲ၊ ပြတင်းပေါက် နားရှိ၊ စားပွဲ တစ်လုံးတွင် ဝင်ထိုင် လိုက်သည်။
လင်းယွန်က သူ့ခွက်ကို ဖြည်းညှင်းစွာ ချလိုက်သည်။ နတ်လိပ် အသွင် ပြောင်းနည်း သည်၊ သရုပ်ဖော် အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
ထို့ကြောင့် သူ့ အသွင်မှာ ယခင်ထက်၊ များစွာ ပြည့်စုံ လာပြီး၊ မျက်ဝန်း အကြည့် များ သည်လည်း၊ ပြောင်းလဲ ကုန်သည်။
ထျန်ရွှမ်ဇီ သည်ပင်၊ သူ့အား မှတ်မိနိုင် တော့မည် မဟုတ်ချေ။ သို့သော် ဤ အချိန်သည် ပြန်ပေါင်း စည်းရန် သင့်လျော်သည့် အချိန် အခါ မဟုတ် သဖြင့်၊ သတိ ထားခြင်းသည် အကောင်း ဆုံး ဖြစ်သည်။ ၎င်းတို့အား ဒုက္ခ မပေး လိုချေ။
ယဲ့ဇီလင် အပြင် အခြားသော မိတ်ဆွေ များလည်း ပါရှိလာသည်။ ဓားရူး ကျောက်ယန် ဓားဧကရာဇ် မိသားစုဝင် ကုန်းစွန်းယန်၊ တပည့် ကြီး ကူရို့ချန်၊ ဂိုဏ်းချုပ် သမီး မူရွယ်ချင်း၊ ကောင်းကင် ဒုတိယ တပည့် ရီချင်းရွှမ်နှင့်၊ ကျိရှုရွှမ်တို့ ဖြစ်သည်။
ဤသည်မှာ ဓားဂိုဏ်း၏ မျိုးဆက်သစ် ပါရမီရှင်များ အားလုံး ရောက်ရှိ လာ သည်ဟု၊ ဆိုနိုင် ပေ၏။
ထူးခြားချက် အနေဖြင့်၊ ယဲ့ဇီလင်သည် အဖွဲ့အား ဦးဆောင် နေသည်။ ရှေးဟောင်း စစ် မြေပြင်၌၊ သူ ပြီးနောက် သူမသည် အသန် မာဆုံး ဖြစ်ခဲ့သည်။
နဂါးဖြူ ဓားအပြင်၊ ရှေးဟောင်း သူတော်စင်၏ သူတော်စင် မူလ ကိုပင် သန့်စင် နိုင်၏။
ထို့ကြောင့်၊ သူမ၏ ခွန်အားသည် ရှေးဟောင်း စစ်မြေပြင်မှ ပြန်လာပြီး သိသိ သာသာ ပြောင်းလဲ သွားပုံ ရလေသည်။
“ အစ်ကို လင်း၊ မင်း ကြည့်ရတာ ငါနဲ့ တူတူပဲ၊ ယွဲ့ဝေဝေ အနားမှာ ရှိနေလို့၊ ငါ့ အစေခံ ကိုးယောက်ကို မင်း ငြင်းခဲ့တာ မဟုတ်လား ... ၊ ဒါဆိုလည်း ပြောပါ၊ ...
... ဘယ်အချိန် ပို့ပေး လိုက်ရ မလဲ၊ သူတို့ အားလုံးက အပျိုတွေ ဖြစ်လို့ ... ၊ စိတ်ပူ စရာ မလို ပါဘူး။ ”
လင်းယွန်သည် ယဲ့ဇီလင် တို့ထံ၊ ကြည့် နေဆဲဖြစ် သည်ကို သတိပြု မိပြီး၊ မိန်ဇီဟော်မှ ပြုံးလျက်၊ ဆိုလိုက် တော့သည်။
“ ပါးစပ် ပိတ်ထား ... ၊ သူတို့ ကြားသွားမယ်။ ”
“ ဟား ဟား ဟား ရှက်မနေ ပါနဲ့၊ ဒီအမျိုးသမီးရဲ့ အလှက၊ ရှားရှား ပါးပါး အလှ ဆိုတာ လူတိုင်း သိပါတယ်။ ”
“ သူတို့က ဓားဂိုဏ်းက လာတာ။ ”
လင်းယွန်မှ စကား လမ်းကြောင်း ပြောင်းလိုက်သည်။ ယင်းကြောင့် မိန်ဇီဟော်မှာ အံ့ဩ သွားပြီး၊
“ ဒီလူကို ... ငါ ဘာလို့ ... ၊ ဒီလောက် ရင်းနှီးနေ သလို၊ ခံစား နေရ တာလဲ ... စဉ်းစား နေတာ၊ သူက ဓားဂိုဏ်းရဲ့ တပြည့်ကြီး ကူရို့ချန်ကိုး။ ”
-ဟု ဆိုလာ တော့သည်။
“ မင်း အသိလား။ ”
“ အရင်က တွေ့ဖူးတယ် ထင်တာပဲ၊ သူတို့ သိုင်းလောက ရေနွေးကြမ်း သောက်ပွဲ အတွက် လာတာ နေမယ်။ ”
“ သိုင်းလောက ရေနွေးကြမ်း သောက်ပွဲ ဟုတ်လား။ ”
“ ဘာလို့လဲ ... ၊ သူတို့မှာ အရည် အချင်း မပြည့်မီ ဖူးလို့၊ မင်း ထင်နေ တာလား၊ ဓားဂိုဏ်း က ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ အသန်မာဆုံး ဓားသမားတွေ စုဝေးတဲ့ အရပ်ပါ ...
... ကောင်းကင်ယံ ဂိုဏ်း ကြောင့်သာ၊ သူတို့ရဲ့ ရွှေမျိုးဆက်ကို ဆုံးရှုံး ခဲ့ရတာ၊ အထင် သေးလို့ မရဘူး၊ ဒါကြောင့် ဆောင်းဦး သခင်က၊ သူတို့ကို ဖိတ်ကြား ခဲ့တာပဲ။ ”
မိန်ဇီဟော်မှ ပြုံးကာ ရှင်းပြ လိုက်သည်။
“ သိုင်းလောက ရေနွေးကြမ်း သောက်ပွဲက၊ နဂါး သွေးလွှတ်ကြော အဆင့် ... သတ်မှတ်ချက် အတွက် ယှဉ်ပြိုင်ဖို့၊ အရှေ့ဘက် ပျက်စီး မြေက ကျော်ကြားတဲ့၊ ...
... ပါရမီရှင် အားလုံးကို ဖိတ်ကြား ထားတယ်၊ ဒါက နိဗ္ဗာန် ပွဲတော် ထက်တောင် ခမ်းနား သေးတယ်။ ”
မိန်ဇီဟော်က နိဗ္ဗာန် ပွဲတော် အပေါ်၊ အထင်ကြီးပုံ မရချေ။ ဖြစ်ပျက် နေသည့် အရာ များကို၊ လင်းယွန် တစ်ယောက် နားလည် သွားသည်။
ဓားဂိုဏ်းသည် ပျက်စီးခြင်း နန်းတော်မှ၊ အကျိုး ကျေးဇူး များစွာ ရရှိပြီး၊ လက်ရှိ လူငယ် မျိုးဆက်သည်၊ ရှေးဟောင်း ပျက်သုဉ်းမြေကို ကျော်လွန် နေချေပြီ။
ရှေးဟောင်း ပျက်စီး မြေ၌၊ သူတော်စင် ဆေးလုံးနှင့်၊ သဘာဝ အသီး အနှံများ မည်မျှ စုဆောင်း နိုင်ခဲ့ မည်ကို၊ သူတို့သာ သိပေမည်။
လင်းယွန် သည်လည်း၊ ငရဲ သူတော်စင် ဓားအား ဓားဂိုဏ်းသို့ ပေးခဲ့ သဖြင့်၊ အရိယာ ဓားသုတ္တန်မှာ အသုံးဝင် လာပြီ ဖြစ်သည်။
လက်ရှိ မျိုးဆက်သည် သူတော်စင် တပည့် များ ဖြစ်ကြပြီး၊ အဘက်ဘက်မှ အထောက် အပံ့ များကြောင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ ကြီးပြင်း လာပြီ ဖြစ်သည်။
မျိုးဆက်တူ အတွင်း၊ ပြိုင်ဘက်ကင်း ကုန်၏။ ထို့ကြောင့် ၎င်းတို့၏ မိုးကုပ် စက်ဝိုင်း ကို ကျယ်ပြန့် စေရန်၊ ဤခရီးသို့ စေလွှတ် လာခြင်း ဖြစ်ပေသည်။
အကယ် ၍သာ ဓားဂိုဏ်းတွင် ဆက်ရှိ နေဦးမည် ဆိုသော်၊ သူ သည်လည်း ဤပွဲသို့ လာမိမည် ဖြစ်၏။
“ သူတို့က မျိုးဆက်သစ် လူငယ်တွေ ကြားမှာ သန်မာကြ ပေမယ့်၊ ခေါင်းဆောင် မရှိ လို့ ... သနား စရာပါ၊ ပန်းသင်္ချိုင်းသာ ရှိနေရင်၊ မြင့်မြတ်မြေရဲ့ ပါရမီရှင် တွေတောင်၊ သူတို့ကို လျှော့တွက် ဝံ့မှာ မဟုတ်ဘူး၊ ...
... အခုတော့ သူတို့ ကြီးပြင်းဖို့ ဆိုရင် ... ၊ နှစ်ပေါင်း ဆယ်ဂဏန်း လောက် စောင့်ရမယ်၊ သူတို့က အချိန်လင့်မှ ... မွေးဖွား လာကြတဲ့ ပန်းတွေပဲ။ ”
“ မင်း ... ဘာပြောချင် တာလဲ။ ”
လင်းယွန် ဝိုင်အား ငှဲ့သောက် လျက်မှ ပြန်မေး လိုက်မိသည်။
“ မင်း မသိ ဖူးလား၊ ပန်းသင်္ချိုင်းကို ကယ်တင်ဖို့၊ သက်တံ့ဓားက သူ့ သက်တမ်း ပေးဆပ် ခဲ့ရတယ်၊ သူ မရှိ တော့ရင်၊ ဓားဂိုဏ်း အခုလို ဆက်ရှိ နိုင်ဦး မယ်လို့ ထင်လား။ ”
လင်းယွန် တစ်ယောက် တုန်ယင် သွား၏။ ယင်းကို မိန်ဇီဟော်မှ သတိ မထား မိချေ။ ဓား ဂိုဏ်းထံ လှမ်း ကြည့်ကာ၊
“ သွား ကြ ရအောင် ... ၊ တပည့်ကြီး ကူရို့ချန်နဲ့ တွေ့ပြီး၊ အဲဒီ အမျိုးသမီးနဲ့ မင်းကို မိတ်ဆက် ခိုင်းပေးမယ်။ ”
“ ငါ စိတ်မဝင် စားဘူး။”
လင်းယွန် ထပြီး၊ ထွက်ခွာ သွား တော့သည် ။
“ ဒါဆို ငါ တစ်ယောက်တည်း သွားရ တော့မယ့် ပုံပဲ။ ”
မိန်ဇီဟော်က ပြုံးလျက် ထရပ် လာသဖြင့်၊ လင်းယွန်မှ ပြန်လှည့် ကြည့်ပြီး၊ အင်္ကျီ ကော်လံ စကို ဆုပ်ကိုင်ကာ၊
“ စိတ်ကူး ဝံ့ရင် ... ၊ မင်းကို မျိုးတုန်းအောင် ငါ လုပ်ပစ်မယ်။ ”
-ဟု ပြောလိုက် တော့သည်။
“ ကောင်းပြီ ကောင်းပြီ ... ၊ မင်း ဆိုလို တာကို ငါ နားလည်တယ်၊ တယောက် ယောက် သူ့ကို ကြံစည် ဝံ့ရင်၊ ငါတို့ သင်းကွပ် ရမယ်။ ”
မိန်ဇီဟော်က ကျောရိုး တစ်လျှောက် အေးစက် လာသဖြင့်၊ ချက်ချင်း ဦးတည်ချက် ပြောင်း ပေးလိုက် ရသည်။
လင်းယွန်မှ အင်္ကျီကို ပြန်လွှတ် ပေး လိုက်ချိန်၌၊ နောက် တစ်လှမ်း အမြန် ပြန်ဆုတ် မိသည်။
ထို့နောက် ထွက်ခွာ သွားသော လင်းယွန် နောက်ကျောထံ ငေးကြည့် နေလျက်မှ မျက်ဝန်း များ၊ တောက်ပ လာပြီး၊
“ ဒီကောင့်မှာ ဇာတ်လမ်း ရှိပုံပဲ၊ လင်းရှောင် ဆိုတာ မင်းရဲ့ နာမည် အရင်းမှ ဟုတ်ရဲ့ လားလို့ ငါ သံသဝင် မိတယ်။ ”
-ဟု ဆိုလိုက် တော့သည်။
လင်းယွန်က လမ်းမပေါ် ရောက်သည်နှင့်၊ မိုးကြိုး မုန်တိုင်း တည်းခိုခန်း အပေါ်၊ လည်ပြန် မော့ကြည့် လိုက်မိရာ၊ ယဲ့ဇီလင်ဖြင့် အကြည့် ချင်း ဆုံသွားသည်။
အမှတ် တရများ တဖျပ်ဖျပ် စိတ်ထဲ ပေါ်လာပြီး၊ မပြုံးဘဲ မနေနိုင် တော့ချေ။ လက်ရှိ အချိန်တွင် ယဲ့ဇီလင်သည် သူ့အစ်ကို ကြီးနှင့်၊ တူလာပြီ ဖြစ်သည်။
ဤအရာက အရှေ့ဘက် ပျက်စီးခြင်း နန်းတော်၌၊ သူ့ကြိုးစား အားထုတ်မှုများ အောင်မြင်ကြောင်း၊ သက်သပြ နေသည်။
“ မိုင်ကိုးသောင်း လွှမ်းခြုံ ထားသော ... ငါတို့ရဲ့ ထီးတော်ဟာ၊ နှစ်ပေါင်း ရှစ်ထောင် တိုင် ခဲ့ပြီ၊ တစ်နေ့မှာ ဓားဂိုဏ်းကို မြင့်မြတ်မြေ ဖြစ်လာ စေဖို့၊ ငါ ကတိပြု ပါတယ်။ ”
လင်းယွန်မှ ခပ်တိုးတိုး ရွတ်ဆိုကာ၊ ပြုံးပြုံး ရွှင်ရွှင်ဖြင့်၊ ကောင်းကင် ရနံ့ သင်းသင်း ဆီသို့ လှည့်ပြန် လာတော့သည်။
လင်းယွန် အပြုံးကြောင့် ယဲ့ဇီလင်မှာ စိတ်လှုပ်ရှား သွား၏။
“ ညီမ ယဲ့ ... နင် ဘာကြည့် နေတာလဲ။ ”
မူရွယ်ချင်းမှ သတိ ထားမိကာ မေးသည်။
“ လူ တစ်ယောက်ပါ ... ၊ စောစောက မိန်ဇီဟော် ဘေးမှာ ထိုင်နေတဲ့ ... အဲဒီ လူက၊ ဇီလင့်ကို ပြုံးပြ သွားတယ်။ ”
“ မိန်ဇီဟော်က မောက်မာတယ်၊ ထက်မြက်ပြီး မာန ကြီးတယ်၊ သူ့ မျက်လုံး ထဲမှာ၊ အရာ အားလုံးက စိတ်ဝင်စားဖို့ မထိုက်တန် ဖူးလို့၊ ...
... ယူဆ ထားတာ၊ ဒါကြောင့် သူ့လို လူနဲ့ အတူ ထိုင်နေတဲ့၊ လူ တစ်ယောက်က ကောင်း မှာတော့ မဟုတ်ဘူး။ ”
မူရွယ်ချင်း စကားကြောင့် ယဲ့ဇီလင်က ဝိုင်ခွက်ထံ ငုံ့ကြည့်ကာ စကား တစ်ခွန်းမျှ မဆို တော့ချေ။
ကောင်းကင် ရနံ့ သင်းသင်းသို့၊ ပြန်ရောက်လာ သည့်တိုင်၊ လင်းယွန် ခမျာ စိတ် လှုပ်ရှား နေဆဲ ဖြစ်သည်။
သည့်နောက် အသက် ပြင်းပြင်း ရှူလျက်၊ နဂါး နှစ်ဖော် ခန္ဓာကို လေ့ကျင့်ရန် ပြင်တော့ သည်။
အကန့် အသတ် မရှိသော အသက် စွမ်းအင်မှာ၊ ခန္ဓာကိုယ် အတွင်း ပြည့်လျှံ လာ၏။ သွေးသား စွမ်းအင်များ ပွက်ပွက်ဆူ ကုန်သည်။
သူ မသိ လိုက်ဘဲ၊ နဂါး နှစ်ကောင် ထွက်ပေါ်လာ လေသည်။ ၎င်းတို့မှ ထုတ်လွှတ် နေသော နဂါး ရောင်ဝါမှာ၊ ကြောက်မက်ဖွယ် ကောင်းလှ၏။
တည်ငြိမ်မှု ပြန်ရ ပြီးနောက်၊ မျက်လုံး ဖွင့်ကာ၊ နှင်းတောင်သို့ ထွက်ခွာ လာခဲ့သည်။ နှင်းမုန်တိုင်း ထဲတွင် ယွဲ့ဝေဝေ ထိုင်နေ သည်ကို တွေ့လိုက် ရ၏။
သူမသည် ခြေဗလာ ဖြစ်ပြီး၊ ကောင်းကင်မှ ကျဆင်း နေသော လရောင်ကို မျက်လုံးမှိတ်ကာ ခံယူ နေသည်။
“ ဒင် ... ။ ”
မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား ထုတ်ယူကာ၊ ကိုးပါး ကောင်းကင် ချပ်ဝတ်ကို၊ တီးခတ် လိုက်၏။
“ ဝှစ် ... ။ ”
ယွဲ့ဝေဝေ မျက်လုံးများ ပွင့် လာပြီး၊ ချိုသာသော အပြုံးဖြင့်၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ကခုန် တော့၏။
“ ဝှစ် ... ။ ”
သီချင်း တစ်ပုဒ် ပြီးနောက်၊ သူမ၏ ဖဲကြိုးများသည် အနီရောင် လှိုင်းများ သဖွယ် လင်းယွန် အနားသို့၊ လွင့်ဝဲ ကျ လာသည်။
“ အစ်ကိုကြီး လင်း၊ မင်း တစ်ခုခု ဖြစ်နေ တာလား။ ”
ဖဲကြိုးများ အတွင်းမှ ယွဲ့ဝေဝေ ပေါ်လာပြီး၊ မေးသည်။ လင်းယွန်က ခေါင်းညိတ်ကာ၊ အဖြစ် အပျက် များကို ပြန်ပြော ပြလိုက်၏။
“ အစ်ကိုကြီး လင်း၊ ဒီမှာ ကြည့်စမ်း။ ”
ယွဲ့ဝေဝေက ပြုံးပြီး၊ ဖိတ်စာ တစ်စောင် ထုတ်ပြ လာသည်။ ယင်းမှာ သိုင်း လောက ရေနွေးကြမ်း သောက်ပွဲ ဖိတ်စာ ဖြစ်၏။
ကောင်းကင် ရနံ့ သင်းသင်း၏ နတ်သမီးလေး အဖြစ်၊ ထိုဖိတ်စာမျိုး ရရှိ သည်မှာ အံ့ဩစရာ မရှိချေ။
“ အစ ကတော့ သွားဖို့ အစီစဉ် မရှိဘူး၊ ဒါပေမဲ့ အစ်ကိုကြီး လင်းရဲ့ ညီအစ်ကိုတွေ လာ တယ် ဆိုတော့၊ အတူတူ သွားကြည့် ရအောင်။ ”
ယွဲ့ဝေဝေက ဆန္ဒ ပြုသည်။ လင်းယွန်မှ ချက်ချင်း တုန့်ပြန်ခြင်း မရှိဘဲ၊ တွေဝေ နေခဲ့ သည်။
သူ့အစီ အစဉ်တွင်၊ ဤပွဲသို့ တက်ရောက် ရန်၊ မပါဝင်ချေ။ သို့သော် ဓားဂိုဏ်း၏ တပည့် များကို မြင်ပြီးနောက်၊ ထားခဲ့ ရမည်လော။
သို့မဟုတ် ၎င်းတို့နှင့် တွေ့က မည်သို့ ရင်ဆိုင်ရ မည်နည်း။ စသည့် မေးခွန်းများ ဝင် လာတော့သည်။
“ အစ်ကိုကြီး လင်း၊ ဓားဂိုဏ်းရဲ့ လက်ရှိ အခြေ အနေကို၊ သိချင် နေတယ် မဟုတ်လား၊ ဒါဆို ငါတို့ အတူတူ သွားကြ ရအောင်။ ”
သို့တိုင် လင်းယွန် အသွင်မှာ ပြေလျော့ လာခြင်း၊ မရှိ သောကြောင့်၊ ယွဲ့ဝေဝေမှ လက် ကို၊ ညင်သာစွာ ဆုပ်ကိုင် လိုက်သည်။
“ စိတ်မပူ ပါနဲ့ ... ဝေဝေက အစ်ကိုကြီး လင်းဘေးမှာ အမြဲ ရှိမယ်၊ ဒါကို ဘဝ-သုံးပါး သစ်ပင်က သဘော တူတယ်။ ”
“ ဒါဆို သွားကြမယ်။ ”
ဆုံးဖြတ် ပြီးနောက်၊ စိတ်နှလုံးမှာ ပေါ့ပေါ့ ပါးပါး ဖြစ်လာ တော့၏။ ယင်းက ယွဲ့ဝေဝေကို သက်ပြင်း ချမိ စေသည်။
“ ဒါနဲ့ အစ်ကိုကြီး လင်း ... ၊ အဲဒီ တုန်းက ဘဝ သုံးပါး သစ်ပင် အောက်မှာ ... ၊ ဘာမြင်ခဲ့ တာလဲ။ ”
“ အရာ တော်တော် များများကို ... မြင်ခဲ့တယ်၊ အထူးသဖြင့် ဓား တစ်လက်က မင်း အနားမှာ အမြဲ ရှိနေတယ်။ ”
လင်းယွန်က အမှန် အတိုင်း ပြောလိုက်သည်။ ယွဲ့ဝေဝေမှ ပြုံးရွှင် သွားပြီး၊
“ အဲဒီ ဓားဟာ အစ်ကိုကြီး လင်းရဲ့ ဓားပဲ။ ”
-ဟု ဆိုလာ တော့၏။
“ ဝေဝေရော ... ။ ”
လင်းယွန်မှ ပြန်မေးသည်။ အဆိုပါ မေးခွန်းကြောင့် ယွဲ့ဝေဝေ မျက်နှာ ချက်ချင်း နီရဲ သွားသည်။ ရှက်ကိုး ရှက်ကန်းဖြင့် ခေါင်းကို ငုံ့ပစ် လိုက်၏။
“ ဝေဝေ့ ဘေးမှာ ကလေး တစ်ယောက်ကို တွေ့တယ်။ ”
“ ဒါက ... ငါ့ ကလေးလား။ ”
လင်းယွန်မှာ အနည်းငယ် ထိတ်လန့် သွား၏။ ဤရလာဒ်ကို တစ်ကြိမ် တစ်ခါမျှ မတွေးဖူး သောကြောင့်၊ အံ့ဩ လာသည်။
ယွဲ့ဝေဝေ တစ်ယောက် ဒေါသ ထွက်လာကာ၊ မျက်လုံးများ ပြူးကျယ် သွား ပြီးနောက်၊
“ မဟုတ်လို့ ... ၊ ဘယ်သူ့ ကလေး ဖြစ်ရ မှာလဲ၊ တခြား တစ်ယောက်ရဲ့ ကလေး ဖြစ်နိုင် ပါ့မလား၊ အဲ့ဒါ ... ဝေဝေတို့ ကလေး ပေါ့။ ”
“ ဒါပေမယ့် ... ၊ ငါတို့ ဘာမှ မဖြစ် ထားဖူးလေ။ ”
“ ဘာကို ဘာမှ မဖြစ် တာလဲ၊ အစ်ကိုကြီး လင်း၊ မင်း ညစ်ပတ်တဲ့ တစ်ခုခုကို တွေးနေတာ လား၊ ဒါတော့ ဘယ်လိုမှ မဖြစ် ဖူးနော်၊ ဘာဖြစ် လို့လဲ ဆိုတော့၊ မင်းမှာ ငါ့ကို တောင်းယူဖို့၊ ...
... လက်ဆောင် ပြင်ဆင် မထားဖူး ... ၊ ပြီးတော့ အဖေ့ရဲ့ စမ်းသပ်မှု တွေ ကိုလည်း ... ၊ ကျော်ဖြတ် ရဦးမယ်၊ ငါ့ အဖေက အရမ်းဆိုးတဲ့ လူဆိုးကြီးပဲ။ ”
ထိုစကားကို ကြားသော အခါ၊ လင်းယွန်မှ ပြုံးရယ် လာမိသည်။ ခံစားနေ ရသော စိုးရိမ်မှု များ၊ အားလုံး ပျောက်ကွယ် သွား၏။
သူမသည် သူ့အား ပျော်အောင် ကြိုးစား နေမှန်း သိလိုက် သည်မို့၊ အလိုက်သင့် စီးမျော သွားမိသည်။
စကားစမြည် ပြောလျက်မှ၊ လမင်းကို မော့ကြည့်ကာ၊ နှစ်ဦးသား ငြိမ်သက် သွားသည်။ သူတို့ ကြား၌ အချိန် ဟူသည် ပျောက်ဆုံး သွားတော့၏။
***