← Chapters

ရွှေမိုးကြိုး တိုက်ပွဲ စင်မြင့်။

Vol. 127 Ch. 1770

ရွှေမိုးကြိုး တိုက်ပွဲ စင်မြင့်။

Vol. 127 Ch. 1770

လင်းယွန် နိုးလာပြီး၊ မျက်လုံးများ ပွတ်သပ်လျက် မှိန်းနေစဉ်၊ ကျောက် တုံးပေါ် ထိုင်နေသော ပုံရိပ် တစ်ရိပ်ကို၊ ဖျတ်ခနဲ သတိ ထားမိ သွားသည်။

ယင်းမှာ မုရွယ်လင် ဖြစ်သဖြင့်၊ ချက်ချင်း ထထိုင်လိုက် မိသည်။ မနေ့ညက ဘာမှ မဘာ ခဲ့ သည်မှာ၊ ကံကောင်း သွား၏။

“ သူတော်စင် အကြီးအကဲ ဘယ်တုန်းက ရောက်နေ တာလဲ။ ”

“ ကြာပြီ ... ။ ”

မုရွယ်လင် လေသံက တင်းမာ နေသည်။ ယွဲ့ဝေဝေ နိုးလာပြီး၊ မုရွယ်လင်အား မြင်ချိန်၌၊ ဝမ်းသာ အားရဖြင့်၊ အပြေး သွား၏။

“ အစ်မ ... ၊ အစ်ကိုကြီး လင်းကို လာရှာ တာလား၊ ငါတို့ကို ဘာလို့ မနှိုး ရတာလဲ၊ ရောက် နေတာ ကြာပြီလား။ ”

ယွဲ့ဝေဝေနှင့် မုရွယ်လင်ကြား ဆက်ဆံ ရေးသည်၊ သိုင်း ညီအစ်မ အဆင့်မျိုး မဟုတ် ကြောင်း၊ လင်းယွန် သိလိုက်သည်။

“ ဒီမှာ ... ။ ”

မုရွယ်လင်မှ လက်ကို ဝှေ့ယမ်းပြီး၊ နေလ ထီးအား လင်းယွန်ထံ ပစ်ပေး လာ၏။ ဖမ်းယူ လိုက်သော အခါ ထီးသည်၊ ပို၍ လေးလံ နေ သည်ကို ခံစား မိသည်။

ခရမ်း-ရွှေရောင် နဂါးရူရ် များကို သွန်းလောင်းပြီး မြှောက်တင် ကြည့်ရာ၊ ပြိုးပြိုး ပြက်ပြက် အလင်းများ တောက်ပ လာ၏။

ရောင်ဝါသည် လောက နိယာမ နယ်ပယ် အထွတ်အထိပ် ရောက်ရှိ သွားပြီး၊ မိုးပြာ နဂါး နက္ခတ်က၊ ကောင်းကင်မှ ခေါင်းပြူ ကြည့် လာသည်။

ထီးရွက် ပေါ်ရှိ သူတော်စင် ရူရ်များ အသက် ဝင်လာပြီး၊ ရှေးဟောင်း မြစ် အတွင်း၌ ကူးခတ် နေသော၊ မိုးပြာ နဂါးကို မြင်လိုက် ရ၏။

ကမ္ဘာ ပေါ်ရှိ မိုးကြိုး စွမ်းအင်များ အားလုံးသည်၊ ၎င်း၏ ထိန်းချုပ်မှု အတွင်းတွင် ရှိနေသည်။

ယခု ထီးကို ဖွင့်သော်၊ အုပ်စိုးရှင် နက္ခတ်ကို ဆွဲခေါ် နိုင်မည်ဟု ခံစားလာ ရ၏။ ရှေးဟောင်း စစ်မြေပြင်၌ ကိုယ်လုံး ကိုယ်ပေါက် ကန့်သတ် ချက်ကြောင့်၊ နက္ခတ်၏ ဦးခေါင်း မျှသာ ဆင့်ခေါ် နိုင်ခဲ့သည်။

“ အသက် သွင်းဖို့ မကြိုး စားနဲ့၊ အခြား သူတွေက မင်းရဲ့ တည်ရှိမှုကို သိရှိ သွားလိမ့် မယ်။ ”

စိတ်လှုပ်ရှား စွာဖြင့် ထီးဖွင့်ရန်၊ ပြင်နေ ခဲ့သော လင်းယွန်ကို မုရွယ်လင်မှ သတိပေး လိုက်သည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

“ အဆင် ပြေတယ်၊ သူ့ကို အရမ်း အားမကိုးနဲ့၊ အုပ်စိုးရှင် သူတော်စင် ပစ္စည်းမို့၊ အစွမ်းထက် ပေမယ့်၊ လက်ရှိ ခွန်အားနဲ့ မင်း ထိန်းချုပ် နိုင်မှာ မဟုတ်ဘူး။ ”

မုရွယ်လင်မှ ထပ်မံ သတိ ပေးသည်။ လင်းယွန်က ခေါင်းညိတ် လိုက်၏။ ၎င်းသည် သူ့ နဂါး သွေးလွှတ်ကြော များကို၊ ပျက်စီး စေခဲ့ သည်အား၊ မမေ့ သေးချေ။

မုရွယ်လင် ထွက်သွား ပြီးနောက်၊ ယွဲ့ဝေဝေက၊

“ အစ်ကိုကြီး လင်း ... ၊ ငါတို့ ဘယ်တော့ သွားမှာလဲ။ ” -ဟု မေးသည်။

“ နောက် သုံးရက် နေရင်။ ”

လင်းယွန်က သူ့ခွန်အားကို ချိန်ညှိရန် အချိန်အနည်းငယ် လိုအပ် နေသေး သည်ဟု ယူဆ ထား၏။

ထို့ကြောင့် ညဘက်တွင် နဂါး လက်သည်း မှသည်၊ နဂါး ဦးချို အထိ၊ အပြန်ပြန် အလှန်လှန် လေ့ကျင့် နေမိ၏။

ဓားကွက် ခုနစ်ကွက်မှ ထုတ်လွှတ်သော နဂါး ရောင်ဝါသည်၊ ကြောက်မက်ဖွယ် ကောင်း သော အမြင့်သို့ ရောက်ရှိ လာသည်။

“ ကောင်းကင်ဘုံ ကိုးခုက မုန်တိုင်း။ ”

လင်းယွန်က လည်ပြန် လှည့်ကြည့်ပြီး သူ့ဓားကို လေထဲ ခုတ်ပိုင်း ချလိုက်သည်။ ဓား အလင်းမှာ၊ အမြင့်ပေ ရာဂဏန်းခန့် ရှိသော လေဆင် နှာမောင်း တစ်စင်း အဖြစ် ပြေးထွက် သွား၏။

“ မိုးကြိုး ပစ်ခြင်း ... ။ ”

ထို့နောက် ဓားရေးကို ဆက်၍ လေ့ကျင့် နေမိသည်။ ကောင်းကင်ပေါ် ပျံတက် သွားစဉ်၊ မိုးပြာ နဂါးဓား ရည်ရွယ်ချက်က လိုက်ပါ စုရုံး လာ၏။

မိုင်ထောင် ဂဏန်း အတွင်းရှိ လျှပ်စီး စွမ်းအင်များ အားလုံး၊ သူ့ဆီသို့ ရောက်ရှိလာ ခဲ့သည်။

အဆုံးတွင် ပန်းသင်္ချိုင်း ဓား၌ မိုးကြိုး ကိုးစင်း ပေါင်းဆုံ လာတော့၏။ ယင်းက သူ့ ရောင်ဝါကို လောက နိယာမ နယ်ပယ်သို့၊ ရောက်ရှိ သွားစေသည်။

“ စကြာ ဝဠာ မုန်တိုင်းများ ... ။ ”

နဂါး မူလ အားလုံးကို သွန်းလောင်း လိုက်သည်။ အရေပြား ပေါ်တွင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာကာ၊ ဆံပင်များ လွင့်ဝဲ ကုန်၏။

ဤအခိုက်တွင် သူ့ မျက်ဝန်း အတွင်း၌၊ မိုးကြိုး မုန်တိုင်း များဖြင့် ပြည့်နှက် နေခဲ့၏။ လေနှင့် လျှပ်စီး ရည်ရွယ်ချက်ကို ပြီးပြည့် စုံစွာ ပေါင်းစပ် ထားသောကြောင့်၊ တာအို ဖြစ်ပေါ်ရန် နီးစပ် နေပြီ ဖြစ်သည်။

ဓားလွှဲ လိုက်သော အခါ၊ ကောင်းကင်နှင့် မြေကြီး ဟူသော အတား အဆီး နိယာမ များကို ဖြတ်သန်း သွား တော့၏။

ဘဝ-သုံးပါး နယ်မြေတွင် ကောင်းကင်နှင့် မြေကြီး၏ အတား အဆီးများ မရှိ သောကြောင့် ဤဓား၏ အနှစ် သာရကို နားမလည် နိုင်ခဲ့ချေ။

သို့သော် သိုင်းလောက ရေနွေးကြမ်း သောက်ပွဲအား တက်ရောက်ရန်၊ ဆုံးဖြတ်ခဲ့ ပြီးနောက်၊ နောက်ဆုံး ဓားပုံစံကို သဘာဝ အတိုင်း ဆုပ်ကိုင်ရန် ကြိုးစား ရပေမည်။

ဓားရောင်ခြည် များနှင့် မိုးကြိုး မုန်တိုင်း တိုက်ခတ် လာစဉ်၊ နောက်ဆုံး ဓားကို လွှဲလိုက် ပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ဓားမြည် သံလော၊ နဂါး ဟောက်သံ လော မခွဲခြား နိုင်ချေ။ အဆုံးတွင် ဓားအား ရုတ်သိမ်း လျက်၊ မြေပြင် ပေါ်သို့ ပြန်၍ ဆင်းသက် လိုက်၏။

တင်ပျဉ်ခွေ ချိတ်ထိုင်ကာ၊ ဓားကို ဘေးတွင် ချထား လိုက်သည်။ ဓားနှလုံးသားအား အသက် သွင်း လိုက်သော အခါ၊ လေထဲ လွင့်မျော နေ သည့်၊ ပုံရိပ်များ ထွက်ပေါ် လာ၏။

ဤသည်မှာ အစောပိုင်း အချိန်၌၊ သူ လေ့ကျင့် ခဲ့သော မြင်ကွင်းများ ဖြစ်လေသည်။ ဓား နှလုံးသားမှ သူ့အား ပြန်လည် ပြသခြင်း ဖြစ်၏။

“ ဓား နှလုံးသားက တကယ့်ကို ... ၊ အံ့ဩစရာ ပါလား။ ”

ဓားရေး လေ့ကျင့် နေသော၊ နောက် ဆက်တွဲ ပုံရိပ် များနှင့်၊ ဓားရောင်ခြည် များ၏ လမ်းကြောင်းကို စိုက်ကြည့် နေမိသည်။

ပုံရိပ်များ မှုန်ဝါးသွား သော်လည်း၊ အမျိုးမျိုးသော လမ်းကြောင်း များကို၊ ရှင်းရှင်း လင်းလင်း မြင်လာ နိုင်၏။

တစ်ကြိမ် ကြည့်ပြီးနောက် မျက်လုံးများ မှိတ်ကာ၊ ပြန်လည် သုံးသပ် လိုက်သည်။ ရန်သူ ထောင်ပေါင်း များစွာနှင့် ရင်ဆိုင် ရစဉ်၊ ဓားကို လွှဲရခြင်း ဖြစ်ရာ၊ တစ်ချိန်က သခင့်ဓားနှင့် တူသည်ဟု၊ ခံစား ရစေ၏။

သုံးရက် ကုန်လွန် သွား ပြီးနောက်၊ လင်းယွန်က ယွဲ့ဝေဝေ နှင့်အတူ၊ မိုးကြိုး ကျွန်း သို့ ခရီးဆက် လာခဲ့သည်။

ကောင်းကင် နယ်မြေ ငရဲ ပင်လယ်ရှိ ကျွန်းများမှာ၊ ဝေးကွာ လွန်းပြီး သိုင်းလောက ရေနွေးကြမ်း သောက်ပွဲကို၊ မိုးကြိုး ကျွန်းတွင်၊ ကျင်းပမည် ဖြစ်သည်။

မိုးကြိုး ကျွန်းသည် ကောင်းကင် မြို့တော်မှ မိုင်ပေါင်း တစ်သိန်းကျော် ကွာဝေး၏။ လူအများ အပြားသည် မိုးကြိုး ကျွန်းသို့ ဦးတည် သွားနေ ကြသည်။

“ မြင့်မြတ်မြေ ခြောက်ခုမှ နဂါး သွေး လွှတ်ကြော နယ်ပယ် ပါရမီရှင်တွေ လာကြ မယ်လို့ ကြားတယ်။ ”

“ သခင် လေးပါးက ငါတို့ ကောင်းကင် မြို့တော်ရဲ့ ဂုဏ်ကို ထိန်းထား နိုင်ပါ့ မလားလို့ တွေးမိတယ်။ ”

“ ပြောရ ခက်တယ်၊ မြင့်မြတ် မြေရဲ့ ထူးချွန်သူ တွေက၊ ရက်စက် ကြမ်းကြုတ်တယ်၊ အထူးသဖြင့် နတ်ဖီးနစ် တောင်က ကျိလင်းဖုန်း ပဲ၊ သူက ကျန့်ကျင်းရှန် ပြီးရင် အသန်မာ ဆုံးပါ၊ သခင် လေးပါးတောင် သူ့ပြိုင်ဘက် မဟုတ် မှာကို၊ ကြောက်မိတယ်။ ”

“ ဟား ဟား ဟား ... ၊ ကျိလင်းဖုန်းက သန်မာ သလို ... ၊ ကောင်းကင် မီးလျှံ ဂိုဏ်းရဲ့၊ ရန်ချီဟော် လည်း အားမနည်း ပါဘူး၊ အမည်ခံ လောက နိယာမ နယ်ပယ်က၊ လမ်းလွှဲ ကျင့်ကြံ သူ ဆယ်ယောက်ကို သတ်နိုင်တယ်။ ”

“ မြင့်မြတ်မြေ ခြောက်ပါးနဲ့ ... ၊ သခင် လေးပါး ကသာ၊ ထိပ်ဆုံး ဆယ်နေရာကို၊ ရယူ နိုင်မှာ သေချာတယ်။ ”

လင်းယွန်မှ ဝါးခမောက်ကို စောင်းကာ၊ ယွဲ့ဝေဝေက မျက်နှာပေါ် အဝတ်ဖြင့် ကာလျက် လျှောက်လှမ်း လာစဉ်၊ ပတ်ဝန်းကျင် အသံ များကို သဘာဝ အတိုင်း ကြားလာ ရသည်။

“ ဒီတစ်ကြိမ် ... ၊ လက်ဖက်ရည် သောက်ပွဲက၊ အရင်နဲ့ မတူတော့ သလိုပဲ။ ”

ယွဲ့ဝေဝေက လင်းယွန်ကို ကြည့်ကာ ပြောသည်။ လိပ်နက် ပင်လယ်ကွေ့၏ ရုန်းရင်း ဆန်ခတ် ဖြစ်စဉ် များကြောင့်၊ မြင့်မြတ်မြေ ခြောက်ပါးအား ဆွဲဆောင် နိုင်ခဲ့ပုံ ရ၏။

သို့သော် ၎င်းသို့ မဝင်နိုင် သေးသဖြင့်၊ သိုင်းလောက ရေနွေးကြမ်း သောက်ပွဲထံ လာ ရောက် အချိန်ဖြုန်း ကြမည်မှာ သေချာသည်။

“ လေဓား သခင်က ... ဒီပွဲရဲ့ နောက်ကွယ်က လူလို့ သတင်း ကြားတယ်။ ”

ယွဲ့ဝေဝေမှ ပြောသည်။ ၎င်းအမည်ကြောင့် လင်းယွန်က မျက်ခုံးပင့် လိုက်သည်။ အနောက် ဉယျာဉ် ဧည်ခံပွဲတွင်၊ သူ့အား အဆင့် မမီဟု ယူဆကာ၊ ထိုသူမှ မထီမဲ့မြင် ပြုခဲ့သည်။

“ သူ့မှာ မျှော်လင့်ချက် ကြီးကြီး မားမား ရှိတယ်၊ ကြည့်ရတာ ... နဂါး သွေးလွှတ်ကြော အဆင့်ရဲ့ ပထမ နေရာကို ရယူဖို့ ကြံစည် နေပုံရတယ်။ ”

ယွဲ့ဝေဝေမှ ပြောသည်။

“ သူက ... ချန်ပီယံ ဖြစ်ချင် တာလား၊ နတ်နဂါး အင်ပါယာရဲ့ ဆုလာဘ်တွေ လိုချင်လို့ နေမယ်၊ ဒါပေမယ့် ... ဒါက လွယ်ကူမှာ မဟုတ်ဘူး။ ”

လင်းယွန်မှ ဤလူ အပေါ် ကျေနပ်ဖွယ် သဘောထား မရှိချေ။ နှစ်ဦးသား ပေါ့ပေါ့ ပါးပါး စကား စမြည် ပြောဆို လာလျက်မှ၊ နေ့ဝက် အကြာတွင်၊ မိုးကြိုး ကျွန်းသို့၊ ရောက်ရှိ လာ၏။

ကျွန်းအနှံ့ မိုးကြိုး တိမ်တိုက် များဖြင့် ဖုံးလွှမ်း နေပြီး၊ ပတ်ဝန်းကျင်၌ ခရမ်းရောင် မြူများ ဖုံးလွှမ်း နေသည်။

ကျွန်း ဗဟိုတွင်၊ သွေးမိုးကြိုး ရင်ပြင်-ဟု ခေါ်သော ရေနွေးကြမ်း သောက်ပွဲ ကျင်းပရာ၊ နေရာ ရှိသည်။

သွေးမိုးကြိုး ရင်ပြင်သည်၊ ဆယ်မိုင် ပတ်လည် ကျယ်ဝန်းကာ၊ မိုးကြိုး စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။

ရင်ပြင်၌ သူတော်စင် သားရဲ များ၏ သွေးများ စိုစွတ် နေသော ရွှေမိုးကြိုး စင်မြင့် တစ်ခု ရှိသည်။

၎င်းက ကြောက်စရာ ကောင်းပြီး၊ ရိုင်းစိုင်း ကြမ်းကြုတ် သော ရောင်ဝါများ ထုတ်လွှတ် နေ ခဲ့သည်။

ရွှေမိုးကြိုး သတ္တုသည် အလွန် မာကြော ကြမ်းတမ်း လှပြီး၊ သူတော်စင် သားရဲ၏ သွေး နှင့်၊ သန့်စင် လိုက်သော အခါ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ဖျက်ဆီးရန် ခက်ခဲ သွားစေ၏။

သွေးမိုးကြိုး ရင်ပြင် ပတ်လည်တွင်၊ အစောင့်များ ရှိပြီး ဖိတ်စာ မပါသော်၊ ဝင်ခွင့် အတွက်၊ စစ်ဆေးခံ ရမည် ဖြစ်သည်။

စင်မြင့် ပတ်ပတ် လည်၌၊ ဇရပ် များစွာ ဆောက်လုပ် ထား၏။ ထိုဇရပ် များကိုလည်း၊ သူတော်စင် သားရဲ သွေးများနှင့် သန့်စင် ထားခဲ့သည်။

“ တကယ့်ကို သူတော်စင် သွေး တွေပဲ။ ”

လင်းယွန်က ရွှေမိုးကြိုး စင်မြင့်အား၊ ကြည့်ကာ၊ အံ့ဩဖွယ် အငွေ့ အသက်ကို ခံစား လိုက် ရသည်။

လူ တစ်ယောက်သည် လုံလောက်စွာ သန်မာခြင်း မရှိပါက၊ ထိုသူတော်စင် သွေး၏ ဖိအားကို ခံရမည် ဖြစ်သည်။

သွေးမိုးကြိုး ရင်ပြင်သို့၊ လူများ တဖွဲဖွဲ ရောက်ရှိ လာသည်။ လူအုပ် အတွင်း ဓားဂိုဏ်း ကို မြင်လိုက် ရသဖြင့်၊ သက်ပြင်းချ မိ၏။

ထိုအချိန်တွင် ထူးခြားသော ရောင်ဝါ ပျံ့လွင့်လာ သဖြင့်၊ လူတိုင်း လှုပ်လှုပ် ရွရွ ဖြစ် လာပြီး၊ ခေါင်းမော့ ကြည့်မိ ကုန်သည်။

***

All Chapters