အငြင်း ပွားမှု။
Vol. 127 Ch. 1771
ပြင်းပျသော အပူချိန်သည် ကောင်းကင် တစ်ခွင် ပျံ့နှံ့လာ သဖြင့်၊ လူတိုင်းက နတ်ဖီးနစ် တောင်ကို၊ ချက်ချင်း တွေးမိ လာသည်။
နိဗ္ဗာန် ပွဲတော် အတွင်း လင်းယွန်က မြင့်မြတ်မြေ များနှင့် ဆက်ဆံ ခဲ့ဖူး၏။ ၎င်းတို့၏ ဂီတ တာအို ကျင့်ကြံသူ များပင်၊ အင်အားကြီး ဂိုဏ်းများမှ၊ ဉာဏ်ကြီးရှင် များထက် သာလွန် သော သိုင်းတာအိုများ ရှိသည်။
ယင်းသည် မြင့်မြတ် မြေ၏ ပြင်ပ တပည့် များသာ ဖြစ်ပြီး၊ ရေခဲ တောင်၏ အစွန် အဖျား ဟုပင်၊ မယူဆ နိုင်ပေ။
လောင်မြိုက် နေသော ရောင်ဝါသည် ကန့်သတ်ချက်သို့ ရောက်ရှိ သွားသော အခါ မီးတောက်များ ဖုံးလွှမ်း နေသည့် ငှက်ကြီး တစ်ကောင် ပေါ်လာသည်။
ကောင်းကင် တခွင်၌ အလွန် တောက်ပ နေသော ရောင်ခြည် တော်များ ပြည့်နှက် လာ ခဲ့သည်။
“ သူတော်စင် သားရဲ ... ။ ”
လူတိုင်း ထိတ်လန့်လျက်၊ ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။ ၎င်းသည် နတ်ဖီးနစ် သွေး ပိုင်ဆိုင် သည့်၊ သူတော်စင် လွမ်(Luan) ငှက် ဖြစ်သည်။
လင်းယွန် ခမျာ ဤမြင်ကွင်းကြောင့် အံ့အားသင့် မိသည်။ သည်ကနေ့သည် ရေနွေး ကြမ်း သောက်ပွဲ မျှသာ ဖြစ်ပြီး၊ သူတော်စင် အဆင့်၊ သားရဲ တစ်ကောင်ကို၊ စီးနင်း ခြင်းသည်၊ များစွာ ဝင့်ကြွား ချေ၏။
လွမ်ငှက်ကို လွမ်ဖီးနစ် ဟုလည်း ခေါ်ကြသည်။ ရှေးဦးခေတ်က သေမျိုးဘုရင် များသည်၊ လွမ်ငှက်ကို ၎င်းတို့၏ သင်္ကေတ အဖြစ် အသုံးပြု ကြသည်။
နတ်ဖီးနစ် တောင်သည် ဤအဆင့် သူတော်စင် သားရဲ များကို သဘာဝ အတိုင်း နှိမ်နင်း နိုင်စွမ်း ရှိ၏။
“ ကျီး ... ။ ”
လွမ်ငှက်က ဟစ်အော်လျက် ပေ တစ်ရာကျော် ရှည်သော သူ့တောင်ပံ များကို ဖြန့်ကာ၊ မိုးကြိုး ရင်ပြင်ပေါ် ဆင်းသက် လာခဲ့သည်။
သူ ဆင်းသက် လာသော အခါတွင်၊ ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက်များ ချက်ချင်း ပြန်ပိတ် သွား၏။
မိုးကြိုး ကျွန်းသည် ထူးထူး ခြားခြား ဖြစ်နေပြီး၊ ကောင်းကင် ယံတွင် မိုးကြိုးများ အမြဲ ဖုံးနေ ခဲ့သည်။
ထို့ကြောင့် လွမ်ငှက်၏ သူတော်စင် ရောင်ဝါမှာ၊ ထိုတိမ်တိုက် များကို မခွဲနိုင် ခဲ့ခေျ။ လူတိုင်း၏ အကြည့် များက၊ လွမ်ငှက် ပေါ်မှ ဆင်းလာသော၊ လူငယ်ထံ ကျရောက် သွားသည်။
“ တကယ် ကျိလင်ဖုန်းပဲ။ ”
“ သူရဲ့ နဂါး သွေးလွှတ်ကြော တွေက ပေသုံးထောင် လောက် ရှည်လျား တယ်လို့ ... ငါ ကြားထားတယ်။ ”
“ ထိပ်ဆုံး ဆယ်ယောက် ထဲက၊ ဘယ် တစ်ယောက်များ ပေသုံးထောင် မပြည့်တာ ရှိလဲ၊ မင်း သူတို့နဲ့ စကားပြော ဖို့တောင်၊ အရည်အချင်း ရှိတာ မဟုတ်ဘူး။ ”
ကျိလင်ဖုန်း ရောက်လာသော အခါ၊ ရေနွေးကြမ်း သောက်ပွဲ၏ အငွေ့အသက်သည် အထွတ် အထိပ်သို့ ရောက်ရှိ သွား၏။
လွမ်ငှက်က သွေးမိုးကြိုး ရင်ပြင် ပေါ် ဆင်းသက် လိုက်သဖြင့်၊ မြေပြင် တစ်လျှောက် မီးလျှံများ တောက်လောင် ကုန်သည်။
“ အစ်ကို ကျိ၊ မတွေ့တာ ကြာပြီနော်။ ”
ဆောင်းဦး တောင်တန်း သခင်က မီးလျှံ လျှောက်လှမ်း လာပြီး၊ ကျိလင်ဖုန်းကို လက်ဝှေ့ ယမ်းကာ နှုတ်ဆက် လိုက်သည်။
ကျိလင်ဖုန်းက နတ်ဖီး နစ်တောင်၏ တပည့်များ နှင့်အတူ၊ ဆောင်ဦး သခင်ထံ ခေါင်းညိတ် ပြ လိုက်သည်။
“ ငါတို့ နောက်ဆုံး တွေ့တာ တစ်နှစ် ရှိပြီ ဆောင်းဦး သခင်၊ မင်းရဲ့ နဂါး မိသားစု ကိုယ်ခံ ပညာတွေ၊ ဘယ်လောက် အထိ ရောက်နေပြီ လဲလို့ တွေးမိ ပါတယ်။ ”
ထိုစကားက ဆောင်းဦး သခင်အား လှောင်ပြောင်ခြင်း မည်၏။ ဆောင်းဦး သခင် တွင် မိသားစု ကိုယ်ခံ ပညာ မရှိချေ။
ထို့ကြောင့် နတ်နဂါး အင်ပါယာမှ ပေးအပ်သော နဂါး မျိုးရိုး၏ နည်းစနစ်များ ကိုသာ လေ့ကျင့်ရ လေသည်။
“ အဆင်ပြေ ပါတယ်။ ”
ဆောင်းဦး တောင်တန်း သခင်က ပြုံးဖြင့် တုန့်ပြန်သည်။ သူ ဒေါသ မထွက်ချေ။ ယင်းက သူ့အား လူအများမှ အထင်ကြီး စေ၏။
တစ်ဖက်တွင် ကျိလင်ဖုန်းမှ လွမ်ငှက်အား ကောင်းကင်ပေါ် ပျံသန်း စေကာ၊ အနားရှိ ဇရပ် တစ်ဆောင် ထံသို့ ဦးဆောင် သွားမိသည်။
“ ဟဲဟဲ စိတ်ဝင်စားဖို့ ကောင်းတယ်၊ ကောင်းကင် မြို့တော် သခင် (၄)ပါနဲ့၊ အရှေ့ ဘက် ပျက်စီးမြေရဲ့ ... မြင့်မြတ်မြေ ခြောက်ပါး ကြား၊ ကျိန်းသေပေါက် တိုက်ပွဲ ဖြစ်လိမ့်မယ်။ ”
များမကြာခင် အင်အားစု အသီးသီးမှ ကိုယ်စားလှယ်များ၊ သွေးမိုးကြိုး ရင်ပြင် ပေါ်သို့၊ ဆင်းသက် လာကြသည်။
ကောင်းကင် မီးလျှံ ဂိုဏ်းမှ ရန်ချီဟွာ၊ နတ်တာအို ဂိုဏ်းမှ လင်းချင်းရန်၊ မင်ဂိုဏ်းမှ ယွီဝမ်ရှုနှင့် ကောင်းကင် တာအို ဂိုဏ်း၏ ရှယွင်ကွီတို့ ဖြစ်သည်။
မြင့်မြတ်မြေ ခြောက်ပါး အနက် ငါးပါး ရောက်လာပြီ ဖြစ်၏။ လင်းယွန်က ဝါးခမောက် ဆောင်းကာ၊ လူအုပ်ထဲ ရောနှော နေသည်။
လူတိုင်းက မြင့်မြတ်မြေ ပါရမီရှင် များ၏ အစွမ်းကို ဆွေးနွေး နေကြသည်။ အထူး သဖြင့် ရန်ချီဟွာ ဖြစ်၏။
၎င်းသည် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်၏ အသန်မာ ဆုံးသော ဓါးသမား ဖြစ်သည်။
နတ်တာအို ဂိုဏ်း၏ လင်းချင်းရန် သည်လည်း မဆိုး လှချေ။ နဝမ မြောက် သွေး လွှတ်ကြောတွင် ရှိပြီး၊ ဝိညာဉ် ရေးရာ ရူရ်များ နှင့် ပတ်သက်က၊ နဝမတန်း အဆင့် ဖြစ်သည်။
အမည်ခံ နတ်ရူရ် ကိုပင် သန့်စင် ထား သဖြင့်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူကို ရင်ဆိုင် နိုင်၏။
“ ကျန့်ကျင်းရှန် ပြီးရင်၊ ဘယ်သူ ပထမ ဖြစ်မလဲ ဆိုတာ သံသယ ဖြစ်စရာပဲ၊ ဒါပေမယ့် ဒီနေ့ ပြီးရင် အငြင်း အခုံ ရှိလာ တော့မှာ မဟုတ်ပါဘူး။ ”
လေထုမှာ တင်းကြပ် လာပြီး မြင့်မြတ် မြေ၏ ပါရမီရှင် ခြောက်ဦး အပေါ်၊ ထောက်ခံသူ အများ အပြား ရှိလာသည်။
အချို့က သခင် လေးပါး အကြောင်း အကောင်းမြင် ကြ၏။ အဆုံးတွင် ၎င်းတို့သည် ရှေးဟောင်း သူတော်စင် မိသားစုများ ဖြစ်ပြီး၊ နဂါး အင်ပါယာမှ ကျောထောက် နောက်ခံ ပြုပေး ထားသည်။
ရုတ်တရက် မိုးကြိုး တိမ်တိုက်များ ဖယ်ခွာသွားကာ၊ သွေးမိုးကြိုး ရင်ပြင် ပေါ်သို့ လူရိပ်များ ထပ်မံ ကျဆင်း လာ၏။
သူတို့ အားလုံး လျှပ်စီး လက်နေသော ဓားရှည် များကို စီးနင်း လာပြီး၊ ခေါင်းဆောင် လူငယ်သည် အသက် နှစ်ဆယ် တစ်နှစ် မျှသာ ရှိလေသည်။
၎င်းအမည်မှာ ရီဖုန်း ဖြစ်၏။ အဆင့် သတ်မှတ်ချက်၌၊ ထိပ်ဆုံး ဆယ်ဦး အတွင်း အဆင့် ဝင်ကာ၊ အသက် အငယ်ဆုံးလည်း ဖြစ်သည်။
ထို့ကြောင့် ရန်ချီဟွာ၊ ကျိလင်ဖုန်းနှင့် အခြားသော သူများအား ဖြတ်ကျော်ရန် အချိန် တစ်ခုသာ လိုသည်ဟု၊ ထင်ကြေး ပေးကြသည်။
ရီဖုန်း ရောက်ရှိ လာသည်နှင့် လူစုံပြီ ဖြစ်သည်။ ဇရပ် တစ်ဆောင် စီတွင် ဝိညာဉ် အသီးအနှံ များနှင့်၊ ဝိုင်များကို စတင် ဧည့်ခံ ကျွေးမွေး လာတော့၏။
ဧည့်သည်တော်များ သောက်စား ကြ ပြီးနောက်၊ ပွဲကို စတင်သည်။ ကောင်းကင် မြို့တော်၏ သခင် လေးပါမှ အိမ်ရှင် အဖြစ် အဖွင့် စကား ပြောကြား လာ၏။
“ ရေနွေးကြမ်း သောက်ပွဲကို၊ နှစ်နှစ် တစ်ကြိမ် ကျင်းပပြီး ... ၊ ဒီနှစ် အတွက် အိမ်ရှင် အဖြစ်၊ ကျင်းပခွင့် ရတာ ကျေးဇူးတင်ပါတယ်၊ အခုလို လူတိုင်း တက်ရောက် လာပေးတဲ့ အတွက်လည်း၊ ဂုဏ်ယူ ရပါတယ်။ ”
ဆောင်းဦး သခင်မှ ဆိုသည်။
“ စလိုက် ရအောင် ... ၊ စားသောက်ပြီး တိုက်ပွဲ တွေကို ကြည့်တာ၊ ပိုအရသာ ရှိမယ်လို့ မျှော်လင့် ပါတယ်၊ ဒီတစ်ကြိမ် ကျန့်ကျင်းရှန်က လောက နိယာမ နယ်ပယ်ကို၊ ...
... ရောက်သွားပြီး ဆိုတော့၊ ချန်ပီယံ ဘယ်သူ ဖြစ်မလဲ ဆိုတဲ့ အတွေးတွေ လူတိုင်းမှာ ရှိလာ ကြပါတယ်။ ”
“ ဟုတ်လား။ ”
ကျိလင်ဖုန်းက ဆောင်းဦး တောင်တန်း သခင် စကားအား နှောင့်ယှက် လိုက်လေသည်။
“ ငါ့ နာမည်က အဆင့် သတ်မှတ်ချက်မှာ၊ တစ်နှစ် ရှိနေပြီ၊ ဘယ်သူမှ ဘာလို့ ငါ့ကို လာပြီး စိန်မခေါ် ကြတာလဲ။ ”
သူ့ စကားကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ မည်သူမျှ အသံ မထွက် ကြချေ။
အဘယ့်ကြောင့် ဆိုသော်၊ ထိပ်ဆုံး ဆယ်ယောက်၏ စစ်မှန်သော ခွန်အား အပေါ်၊ မြင်ခွင့် မရဘဲ၊ ကောက်ချက် ချရန် မဖြစ် နိုင်ဟု သူတို့ ခံစား ရသည်။
သို့သော် ကျိလင်ဖုန်း၏ တစ်ဦးတည်း အမြင်အရ၊ ကျန့်ကျင်းရှန် ထွက်သွား ပြီးနောက်၊ သူ့ နာမည်သည် ပထမ နေရာ၌ စိန်ခေါ်သူ မရှိဘဲ၊ တစ်နှစ်ကြာ တည်ရှိ နေသဖြင့်၊ သူ သည်သာ ပြိုင်ဘက်ကင်းဟု ယုံကြည်၏။
ဆောင်ဦး တောင်တန်း သခင်က ယင်းကို မျှော်လင့် ထားပုံ ရပြီး ပြုံးကာ၊
“ ငါတို့ တကယ် တိုက်ပွဲ မဝင်ရ သေးဘဲ၊ ဒီအဆင့် တွေကို အတည် သတ်မှတ်လို့ မရဘူး၊ ဒါကြောင့် ဒီနေ့ ပြောင်းလဲ ရမယ့် အချိန်ပါ။ ”
“ ဒါဆို နဂါး သွေးလွှတ်ကြော အဆင့်မှာ၊ ဆယ်နှစ်ကျော် ကြာနေတဲ့ ကျန့်ကျင်းရှန် ရှေ့၊ မင်းဘာလို့ ဒီလို အသံမျိုး မထွက်ရ တာလဲ။ ”
ကျိလင်ဖုန်းမှ လှောင်ပြုံးဖြင့် စကား ဝင်ထောက် လိုက်သည်။
“ ညီအစ်ကို ကျိသာ ... ၊ တိမ်လွှာဓား ဂိုဏ်းကို သွားပြီး ... ၊ ကျန့်ကျင်းရှန်ကို အနိုင်ယူ ပြရင်၊ ဒီရာထူး အတွက် ...
... ငါတို့မှာ သဘာဝ အတိုင်း ... ၊ ပြောစရာ မရှိပါဘူး၊ ဒါပေမယ့် မင်း မလုပ်နိုင်တဲ့ အတွက်၊ စိတ် မကောင်း စရာ ပါပဲ။ ”
လေဓား သခင်မှ ပြုံးကာ ဝင်ပြော လိုက်သည်။
“ လေဓား သခင် ပြောတာ မှန်တယ်၊ နတ်ဖီးနစ် တောင်ရဲ့ ... မျိုးဆက်က ကျော်ကြား ပေမယ့်၊ ကျန့်ကျင်းရှန်နဲ့ ယှဉ်ရင်၊ အားနည်း ပါသေးတယ်၊ ဒါကြောင့် မင်းရဲ့ ခွန်အားနဲ့ ပတ်သက်ပြီး၊ ...
... အငြင်း ပွားမှုတွေ ရှိနေတာပဲ၊ မင်း မပျော်ဖူးလား ... ဒါဆို ငါတို့ တိုက်ပြီးတဲ့ အခါ ... သိလိမ့်မယ်၊ အချိန်ဖြုန်း မနေနဲ့ ... ။ ”
ကောင်းကင် မီးလျှံ ဂိုဏ်းမှ ရန်ချီဟွာ ကလည်း ဝင်ပြော လာသည်။ ကျိလင်ဖုန်း ခွန်အားကို မယုံသည့် အထဲတွင်၊ သူ သည်လည်း အပါအဝင် ဖြစ်၏။
ကျိလင်ဖုန်းက ဒေါသများ ထွက်လာ သော်လည်း၊ ၎င်းကို မျိုချ လိုက်ပြီး၊
“ ဒါဆို ငါတို့ တွေ့မယ် ... ။ ”
-ဟု တုန့်ပြန် လိုက်တော့သည်။
“ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်မှာ ဝင်နိုင်ဖို့၊ နည်းလမ်း နှစ်သွယ် ရှိတယ်၊ တစ်ခုက နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် ကျောက်တိုင်ကို စိန်ခေါ်တာ ဖြစ်ပြီး၊ နောက် တစ်နည်းက ...
... လူကို တိုက်ရိုက် အနိုင်ယူ ခြင်းပဲ၊ ဥပမာ ပန်းသင်္ချိုင်း ကိုကြည့် ... ၊ သူက အင်ပါ ရီယန်နဲ့ ပင်မ နတ်ဘုရား ချန်ပီယံ တွေကို၊ တိုက်ရိုက် အနိုင်ယူ ခဲ့တယ်၊ ...
... ဒါကြောင့် ဘယ်နည်းလမ်းက လူတိုင်း အပေါ်၊ ပိုပြီး ယုံကြည် စေတယ် ဆိုတာ၊ ရှင်းပြ နေစရာ မလို ဖူးလို့ ထင်ပါတယ်။ ”
ဆောင်းဦး သခင် စကားကို လူတိုင်းမှ ခေါင်းညိတ် လိုက်သည်။ ဒုတိယ နည်းလမ်းမှာ သူတို့အား ပို၍ ယုံကြည် စေ၏။ ဆောင်းဦး တောင်တန်း သခင် ကပင်။
“ ကောင်းပြီ ... ဒါကြောင့်လည်း၊ ဒီနှစ်မှာ ငါတို့ လေးယောက်ရဲ့ နာမည်နဲ့ ... နဂါး အဆင့် ကျောက်တိုင်ကို၊ ဖိတ်ခေါ် ခဲ့တယ်။ ”
-ဟု ဆိုလိုက် တော့၏။
ထိုစကားကြောင့် လူတိုင်း၏ မျက်နှာများ ပြောင်းလဲ ကုန်သည်။ ကျိလင်ဖုန်း၊ ရန်ချီဟွာနှင့် အခြား သူများပင်၊ မျက်လုံး ပြူးသွား၏။
အဆိုပါ ကျောက်တိုင်သည်၊ နတ် နဂါး အင်ပါယာမှ တည်ထောင် ထားသော အုပ်စိုးရှင် သူတော်စင် လက်ရာ ဖြစ်ပြီး၊ ဤသို့ခေါ် ဆို၍ ရကြောင်း မကြားဖူး ခဲ့ချေ။
“ တကယ် ကြီးလား။ ”
“ ဒါက သူတို့ လေးယောက် ချန်ပီယံ ဖြစ်မယ်လို့၊ ယုံကြည် နေရာ မရောက် ဖူးလား။ ”
လူတိုင်း မသေချာ မရေရာ ခံစား လာခဲ့ ရပြီးနောက်၊ ကောင်းကင်ရှိ မိုးကြိုး တိမ်တိုက် များ ပြိုကွဲလျက်၊ ပေတစ်ထောင် ရှည်သော ရှေးဟောင်း ကျောက်တိုင်ကြီး ဆင်းသက် လာသည်။
“ ဝုန်း ... ။ ”
၎င်းတွင် နတ်နဂါး ရောင်ဝါများ ဖုံးလွှမ်း နေပြီး၊ ရေးထွင်း ထားသော အမည် များမှာ၊ လူတိုင်း၏ အာရုံကို ချက်ချင်း ဖမ်းစား သွား၏။
“ သခင် လေးပါးက သူတို့ကိုယ် သူတို့ တကယ် ယုံကြည်မှု ရှိပုံ ရတယ်၊ စိတ်ဝင်စား စရာပဲ။ ”
“ အရှေ့ဘက် ပျက်စီးမြေမှာ၊ သူတို့နဲ့ နတ်နဂါး အင်ပါယာရဲ့ ... အမည်ကို ထူထောင် ချင်နေပုံ ရတယ်၊ ဒီနည်းနဲ့ မြင့်မြတ်မြေ (၆) ပါးကို၊ ခြိမ်းခြောက်ချင် နေသလိုပဲ။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေးသံ များကြောင့် ဤတစ်ကြိမ် ရေနွေးကြမ်း သောက်ပွဲ၏ ရည်ရွယ်ချက်ကို လူတိုင်း နားလည် လာတော့သည်။
မြင့်မြတ်မြေ (၆)ပါးမှ ပါရမီရှင် များက၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် တိုင်ကို ကြည့်ကာ၊ မျက်နှာများ လေးနက် လာ၏။
( မင်းတို့က ကစားချင် နေတာလား။ )
ကျိလင်ဖုန်းက ကြိတ်ရယ် လိုက်သည်။ ကံကောင်း ခြင်းဖြင့်၊ ချန်ပီယံ ဖြစ်လာနိုင် သည်ဟု၊ ဤလူများ ထင်နေ သည်လော။
ယင်းသို့ ဆိုက ပွဲမှာ၊ ပို၍ ပျော်စရာ ကောင်းလာ ပေမည်။ ဒေါသ များကို မျိုသိပ် ထားရ သဖြင့်၊ သူ့အမူ အရာ အေးစက် လာ တော့၏။
ပတ်ဝန်းကျင် လေထုမှာ၊ ရုတ်တရက် ပြောင်းလဲ သွားသည်။ မြင့်မြတ်မြေ ခြောက်ပါး နှင့်၊ သခင် လေးပါး လွန်ဆွဲပွဲ ဖြစ်ချေပြီ။
“ အစ်ကိုကြီး လင်း ... ၊ ဘယ်သူ ချန်ပီယံ ဖြစ်မယ် ထင်လဲ။ ”
ယွဲ့ဝေဝေက ပြုံးပြီး မေးသည်။ ဝါးခမောက် အောက်မှ အကဲခတ် နေသော လင်းယွန်က၊
“ ဆောင်းဦး သခင် ပြောတာ မှန်တယ်၊ လူတိုင်းမှာ အခွင့် အရေး ရှိတယ် ... ၊ အပြင်ပိုင်း ကြည့်ရင်၊ သူတို့ရဲ့ အားသာချက်က ကွာခြားမှု သိပ် မရှိ ပါဘူး။ ”
-ဟု ပြန်ဖြေ လိုက်သည်။
“ အဲဒီ လူတွေ ထဲမှာ ... အစ်ကိုကြီး လင်းရော ပါလား။ ”
“ ငါလား ... ။ ”
လင်းယွန်က သူ့ကိုယ်သူ မေးခွန်း ပြန်ထုတ်လျက်၊ ပြုံးကာ ငြိမ်သက် သွားတော့ သည်။
***