ဓားရူး ... ။
Vol. 127 Ch. 1772
မည်သူ မဆို ပထမ ဖြစ်ချင် သည်မှာ၊ သဘာဝ ပေပင်။ သူ သည်လည်း သဘာဝ အတိုင်း၊ ခြွင်းချက် မရှိချေ။
သို့သော် သခင် လေးပါးနှင့်၊ မြင့်မြတ်မြေ ခြောက်ပါး၏ ပါရမီရှင် များကို မြင် ပြီးနောက်၊ လွယ်ကူမည် မဟုတ်ကြောင်း၊ သိရှိ လိုက်၏။
ပေ (၉၀၀၀) ရှည်သော နဂါး သွေးလွှတ်ကြော များသည်၊ အနည်းငယ် ထိတ်လန့် စရာ ကောင်းချေသည်။
ဂရုမစိုက် မိသော်၊ ကောင်းကင် ဒုက္ခ ချက်ချင်း ဆင်းသက် လာနိုင်၏။ ၎င်း အတွက် ပြင်ဆင် ထားခြင်း၊ မရှိ သေးချေ။
အရေး အကြီး ဆုံးမှာ၊ လက်ရှိ ခွန်အား အပေါ်၊ အတိ အကျ တွက်ဆ နိုင်ခြင်း မရှိခြင်း ဖြစ်သည်။
သူ ဓားမဆွဲ ခဲ့သည်မှာ၊ (၆)ကြာ ချေပြီ။ နိဗ္ဗာန် ပွဲတော်သည်၊ ပွဲငယ်လေး မျှသာ ဖြစ်ပြီး၊ ဤပွဲအား မယှဉ် နိုင်ချေ။
“ ဒီလူတိုင်းက အဆင့် သတ်မှတ် ထားတဲ့ ... ပါရမီရှင် တွေမို့၊ အနိုင်အရှုံး သိပ်ပြီး သိသာမယ် မထင်ဘူး၊ တိုက်ပွဲ တွေကို ကြည့်ခွင့် ရတာက၊ အားလုံး အကျိုး အမြတ် ရရှိ စေမှာပါ၊ အခု ဘယ်သူ အရင် စမလဲ။ ”
ဆောင်ဦး သခင်မှ မေးသည်။
“ ဟား ဟား ဟား ... ၊ ဒါဆို ငါနဲ့ပဲ စလိုက်ရအောင်၊ ငါနဲ့ ဘယ်သူ တိုက်ချင်လဲ။ ”
တိမ်တစ္ဆေ ဂိုဏ်းမှ ချန်းရှောင်က၊ စင်မြင့် ပေါ် ခုန်တက် လာပြီး၊ စိန်ခေါ် လိုက်တော့သည်။ ချန်းရှောင်သည် သန်မာကာ၊ ထိပ်ဆုံး (၅၀၀၀) အဆင့် ဝင်၏။
ထို့ကြောင့် ဤသို့ ပထမ ဦးစွာ တိုက်ပွဲဝင် ခြင်းဖြင့်၊ သူ့ အမည်ကို လူတိုင်း မှတ်မိအောင် ပြုမူ နေခြင်း ဖြစ်သည်။
သည့်ပြင် သိုင်းလောက ရေနွေးကြမ်း သောက်ပွဲ များမှာ၊ မိတ်ဖြစ် ဆွေဖြစ် ပွဲများသာ ဖြစ်သဖြင့်၊ သူ့ထက် အဆင့်မြင့် သူများက၊ ဆင်း၍ တိုက်မည် မဟုတ်ချေ။
အဆင့်တူ သို့မဟုတ်၊ သူ့ထက် အဆင့် နိမ့်သူများသာ၊ တိုက်ပွဲအား လက်ခံ ကြမည် ဖြစ်သည်။
“ ရေပေါ် နန်းတော်ရဲ့ ... ငါ ကေျာက်ရင်က မင်းကို တိုက်ခိုက်ဖို့ စိတ်ဝင် စားတယ်။ ”
လူငယ် တစ်ယောက်၊ စင်မြင့် ပေါ်တက် လာသည်။ ရေပေါ် နန်းတော်နှင့် တိမ် တစ္ဆေ ဂိုဏ်း တို့မှာ၊ ဒေသခံ အင်အားစုများ ဖြစ်၏။
၎င်းတို့၏ အုတ်မြစ်နှင့် တိုက်ပွဲဝင် စွမ်းအားသည်၊ ဓားဂိုဏ်းနှင့် ယှဉ်နိုင် လေသည်။ နှစ်ဦးသား မီတာ တစ်ရာ အကွာ၌ ရပ်ကာ၊ ရောင်ဝါများ ထုတ်ဖော် လိုက်သည်။
ပြိုင်ဘက် အပေါ်၊ အားနည်းချက်များ ရှာဖွေရန် ကြိုးစားနေ သောကြောင့်၊ သူတို့၏ အကြည့်များ စူးရှ လာသည်။
“ ဟိတ် ... ။ ”
အဆုံးတွင် ချန်းရှောင်က ဦးဆောင်ပြီး၊ တိုက်ပွဲအား စတင် တော့သည်။ နောက်ဆက်တွဲ ပုံရိပ်များ လေထဲ ထင်ဟပ် လာ၏။
တစ်ယောက်က လှံရှည်ကို အသုံး ပြုကာ၊ နောက် တစ်ယောက်မှ ပုဆိန်အား အသုံးပြုလေ သည်။ ထို့ကြောင့် တိုက်ပွဲမှာ ပြင်းထန်၏။
သူတို့ နှစ်ဦး စလုံးသည်၊ အဋ္ဌမမြောက် သွေးလွှတ်ကြောတွင် ရှိကြပြီး၊ သွေးလွှတ်ကြော အရှည်မှာ၊ ပေ တစ်ထောင် ဖြစ်သည်။
အမွှေးတိုင် လောင်ကျွမ်းချိန် တစ်ဝက် အကြာ၌၊ ပုဆိန် သုံးသော ချန်းရှောင်က အနိုင်ရ သွားသည်။
ထို့နောက်တွင် ပါရမီရှင်များ စင်မြင့် ပေါ်သို့ တက်လာ ကြသည်။ အချို့သော တိုက်ပွဲ များ၌ နက္ခတ်များ ကိုပင်၊ ဆင့်ခေါ် လာကြ၏။
အမျိုးမျိုးသော တစ္ဆေ ဝိညာဉ် ကိုယ်ခံ ပညာရပ် များကြောင့်၊ ဖြစ်ရပ် ဆန်းများကို ကြည့်ကာ၊ ဉာဏ်အလင်း ရသူ များလည်း ရှိကုန်သည်။
ဓားဂိုဏ်းမှ ကျောက်ယန်၊ ကူရို့ချန်၊ ကုန်စွန်းယန်နှင့် အခြား သူများလည်း စင်ပေါ် တက်လာ ခဲ့ကြသည်။
ကျောက်ယန်က လွဲပြီး၊ လူတိုင်း ရှုံးနိမ့် သွားလေသည်။ ဤနေရာရှိ လူတိုင်းသည် နဂါး သွေးလွှတ်ကြော နယ်ပယ်၏၊ ပါရမီရှင်များ ဖြစ်ကြ သောကြောင့်၊ ထိုရလာဒ်မှာ စိတ်ပျက် စရာ မဟုတ်ချေ။
၎င်းတို့သည် ရှေးဟောင်း စစ်မြေပြင်မှ ပြန်လာ သည်မှာ၊ တစ်နှစ်ပင် မပြည့် သေးချေ။ ယင်းကြောင့် ဤရလာဒ်အား လက်ခံ နိုင်၏။
ဤပါရမီရှင် များနှင့် တိုက်ခိုက် နိုင်သည့် အတွက်ပင်၊ ဂုဏ်ယူနိုင်ပြီ ဖြစ်သည်။ အနာဂတ် ၌ ကြီးပြင်း လာမည်မှာ သေချာ၏။
“ ဒီကောင်က အရင် အတိုင်းပဲ ... ။ ”
စင်မြင့်ပေါ် အိပ်ပျော် နေ သကဲ့သို့၊ ရပ်နေသော ကျောက်ယန်၏ အသွင်ကို ကြည့်ကာ၊ လင်းယွန်မှ ပြုံးသည်။
နိုင်ပွဲသည် ၎င်းအတွက် အရေး ပါပုံ မရ ခဲ့ချေ။ အနာဂါတ်တွင် ကောင်းကင် အမိုးဓား ဆုပ်ကိုင် နိုင်ခဲ့ ပါက၊ ဓား နှလုံးသားကို၊ ဆုပ်ကိုင် နိုင် မည်ဟု၊ ယုံကြည်၏။
ရေနွေးကြမ်း သောက်ပွဲမှာ၊ ဆက်သွား နေခဲ့သည်။ မြင့်မြတ် မြေ၏ ပါရမီရှင် များပင်၊ စင်မြင့် ပေါ်သို့ တက်လာ ကုန်ပြီ ဖြစ်သည်။
သို့သော် အမာခံ တပည့်များ မပါဝင် သေးချေ။ လင်းယွန်က သူတို့အား စိတ်မဝင် စားဘဲ၊ ဓားဂိုဏ်းထံ သို့သာ အာရုံ ရောက် နေသည်။
ဓားဂိုဏ်းမှ နောက်ထပ် လူ အနည်းငယ် စင်မြင့်ပေါ် တက်လာ သော်လည်း၊ အားလုံးက ခြွင်းချက် မရှိ ရှုံးနိမ့် သွားကြသည်။
မူရွယ်ချင်း၏ ပြိုင်ဘက်မှာ၊ တိမ်တစ္ဆေ ဂိုဏ်းမှ၊ ချန်းရှောင်ပင် ဖြစ်၏။ ထို့ကြောင့် သူမ သည်လည်း၊ ရှုံးနိမ့် သွားသည်။
ရွှေမျိုးဆက်များ ဆုံးရှုံး သွား သည်မှာ၊ နှစ်ပေါင်း (၂၀) တိုင်ပြီ ဖြစ်သဖြင့်၊ ဓားဂိုဏ်း ကြီးထွားရန်၊ အချိန် လိုအပ် နေသေးသည်။
ဆိုလို သည်မှာ၊ ၎င်းတို့တွင် နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ထိပ်တန်း အဆင့် ပါရမီရှင်များ မရှိဟု၊ အဓိပ္ပါယ် ရ၏။
“ ဒါက ဓားဂိုဏ်းရဲ့ အဆင့် ပဲလား။ ”
ချန်းရှောင်က နိုင်ပွဲများ ဆက်နေ သဖြင့်၊ ပြုံးလိုက်သည်။
“ ဓားဂိုဏ်းက ... တစ်ယောက် ယောက်၊ ငါ့ကို ကျေနပ်အောင် မတိုက်ခိုက် နိုင်ဖူးလား။ ”
ထုံးစံ အတိုင်း၊ လူ အများသည် အားနည်း သူများ ကိုသာ ရွေးပြီး၊ အနိုင်ယူ လိုကြသည်။ တစ်ဖက်တွင် ဓားဂိုဏ်း၏ အခြေခံ အုတ်မြစ်မှာ ကြောက်မက်ဖွယ် ကောင်း၏။
သက်တံဓား သူတော်စင် အမည်ကို၊ ခွန်လွန်၌ မသိသူ မရှိ ခဲ့ချေ။ ဤနိုင်ပွဲမှာ သူ့အား စိတ်အား တက်ကြွ လာစေသည်။
“ ကျန့်ကျင်းရှန်က လောက နိယာမ နယ်ပယ် ရောက်သွားပြီ၊ ပန်းသင်္ချိုင်း ကလည်း၊ ဘယ်မှာ ပုန်းနေလဲ မသိဘူး၊ ဒီတော့ ဓားဂိုဏ်း က အားနည်း သွားတာ မစမ်း ပါဘူး။ ”
“ ဓားဂိုဏ်းက အခု အချိန်မှာ၊ တည်ရှိ နေတယ် ဆိုတဲ့ ခံစားချက် မျိုးတောင် မပေးစွမ်း နိုင်တော့ဘူး။ ”
ပတ်ဝန်းကျင်၌ ဆွေးနွေး သံများ ညံလာသည်။ ချန်းရှောင် ကဲ့သို့ တစ်စုံ တစ်ဦး သည်ပင်၊ ရန်စ ဝံ့သည် အထိ၊ ဓားဂိုဏ်းက ယုတ်လျော့ သွားချေပြီ။
“ ဝှစ် ... ။ ”
ထို့ကြောင့် ယဲ့ဇီလင် အသွင်မှာ၊ အေးစက် လာစဉ်၊ ကျောက်ယန်မှ စင်မြင့်ပေါ် ရိပ်ခနဲ ရွေ့ လျား သွား၏။
“ ငါ ရှိတယ် ... ။ ”
“ ထန် ... ထန် ... ။ ”
စကားဆုံး သည်နှင့် သူ့ဓားကို ဆွဲပြီး ချန်းရှောင်အား စတင်တ ိုက်ခိုက် တော့သည်။ ဓားနှင့် ပုဆိန်တို့ ထိပ်တိုက် တွေ့ဆုံသော အခါ၊ မီးပွားများ လွင့်ကျ လာသည်။
လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ ချန်းရှောင်က အဋ္ဌမမြောက် သွေးလွှတ်ကြော ရောင်ဝါ ဖိအားကို၊ အပြည့် အဝ ထုတ်လွှတ် လိုက်၏။
“ ဝှီး ... ။ ”
“ ဖျပ် ... ဖျပ် ဖျပ်။ ”
ထို့ကြောင့် ပုဆိန် လှိုင်းများဖြင့်၊ ကျောက်ယန်အား ခြေလှမ်း ပေါင်း များစွာ နောက်ပြန် ဆုတ်စေ ခဲ့သည်။
“ ရွှပ် ... ။ ”
သို့သော် ကျောက်ယန်မှာ တည်ငြိမ် နေဆဲ ဖြစ်သည်။ အားနည်းချက် များကို ရှာကာ ဓား ဖြင့်၊ လှမ်းထောက် လိုက်၏။
ဤအရာက ချန်းရှောင် တိုက်စစ်ကို၊ သက်ရောက်မှု ရှိခဲ့သည်။ မည်မျှ ပြင်းထန်စွာ တိုက်ခိုက်လို သော်လည်း၊ မထိ ရောက်ချေ။
အချိန်ကြာ လာသည်နှင့် အမျှ၊ ချန်းရှောင် နှလုံးသား ရှုပ်ပွ လာပြီး၊ သည်းခံ နိုင်စွမ်းများ၊ ကုန်ဆုံး သွားသည်။
“ ကောင်းကင် ခွဲခြင်း ... ။ ”
ချန်းရှောင်မှ အော်ငေါက်လျက်၊ တစ္ဆေ ဝိညာဉ် ပညာရပ်ကို၊ အဆုံးထိ တွန်းထုတ် ပစ် လိုက်သည်။
ကြယ်ရောင်များ အလား လင်းလက် နေသော၊ ဧရာမ ပုဆိန်ကြီး တစ်လက်က၊ လေထဲ ပျံသန်း လာ၏။
ထိုမြင်ကွင်းကြောင့် ကျောက်ယန်မှာ၊ တည်ငြိမ် သွားပြီး၊ ပုံရိပ် (၁၈)ရိပ် ခွဲထွက် သွား သည်။ ကျောက်ယန် (၁၈) ယောက်က ဓား များကို၊ ပြိုင်တူ လွှဲပစ် လိုက်၏။
“ တော်ဝင် ... ”
ပုဆိန်ကြီး ဆင်းသက် လာသော အခါ၊ ‘တော်ဝင်’ ဟူသော အထက်ပါ စကားလုံး ပေါ် လာသည်။
“ ဝေါ့ ... ။ ”
ပုဆိန်နှင့် ထိုစကားလုံး ထိမှန် သွားချိန်၌၊ ချန်းရှောင် ထံသို့ ပြန်လည် လွင့်စဉ် သွားသည်။ ဤအရာက ချန်းရှောင်ကို အငိုက် မိစေပြီး၊ သွေး တစ်လုတ် အန်လျက်၊ လွင့်စဉ် စေ၏။
ချန်းရှောင် ခမျာ၊ ကြမ်းပြင်မှ မထနိုင် သေးဘဲ၊ ရင်ဝရှိ ပုဆိန်သွား ပုံစံ ပြတ်ရှ ရာကို ငုံ့ကြည့် ကာ၊
“ ဒါက ... ဘယ်လို ဓားရေး မျိုးလဲ ... ။ ”
-ဟု ပြန်လည် မေးမြန်း လိုက်မိ လေသည်။
***