မျှော်လင့်ခြင်း နှင်းပန်း။
Vol. 127 Ch. 1773
ဤသို့ အရေး မပါသည့် လူ တစ်ယောက်၏ ဓားသည် လူတိုင်းကို နား မလည်နိုင် ဖြစ်သွား စေ ခဲ့သည်။
ကျောက်ယန်သည် သူ့အား စိတ်မပျက် စေသောကြောင့်၊ လင်းယွန်မှ ခေါင်းညိတ် လိုက် မိ၏။
“ စိတ်ဝင်စားဖို့ ကောင်းတယ်။ ”
ကျိလင်ဖုန်း အပါ အဝင် မြင့်မြတ် မြေမှ ဉာဏ်ကြီးရှင် များက၊ ထိုဓားကို မြင်သော အခါ မျက်လုံးများ တောက်ပ လာသည်။
“ ဓားဂိုဏ်းရဲ့ ကျောက်ယန် ... ။ ”
ကျောက်ယန်က ပြိုင်ဘက်ကို အနိုင်ယူ ပြီးသည့်တိုင် ထွက်ခွာရန် ရည်ရွယ်ချက် မရှိ ခဲ့ပေ။
“ ငါ့ကို တိုက်ခိုက်ချင်တဲ့ သူ ရှိလား ... ။ ”
-ဟု ထပ်မေး လိုက်သည်။
“ ရှိတယ်။ ”
တိမ်တစ္ဆေ ဂိုဏ်း၏ ယွင်ဟော်က ထရပ် လာသည်။ ဤလူသည် အသက် သုံးဆယ်ကျော် ရှပြီး ကြံ့ခိုင်သော အသွင်မျိုး ဖြစ်သည်။ ချန်းရှောင်၏ စီနီယာ အစ်ကို ဖြစ်၏။
“ လာ ... ။ ”
ကျောက်ယန်က အချိန်ဖြုန်း လိုခြင်း မရှိတော့ဘဲ ဓားဖြင့် ထိုးညွှန်သည်။ ယွင်ဟော်မှ ကောင်းကင်ပေါ် ပျံတက်ကာ၊ ကေျာက်ယန်ထံ လက်သည်ဖြင့် လှမ်းကုပ်၏။
ကြီးမားသော သရဲ လက်ကြီး ပေါ်လာ ခဲ့သည်။ ဧရာမ လက်ဖဝါး ကြီးက၊ အရိပ်သဖွယ် သွေးမိုးကြိုး စင်မြင့်ကို ဖုံးလွှမ်း သွား၏။
“ ကောင်းကင် ... ။ ”
ကျောက်ယန်မှ သူ့ဓားအား လွှဲထုတ် ပစ်လိုက်ရာ၊ ဓားရောင်ခြည် (၃၆) စင်း ထွက် လာပြီး၊ ထိုလက်ဖဝါးအား အပိုင်းပိုင်း ခွဲပစ် လိုက်တော့သည်။
တစ်ချိန်တည်း မှာပင်၊ အရိယာ ဓား ရည်ရွယ်ချက်က ‘ကောင်းကင်’ ဟူသော စကား လုံးကို ဖန်တီး လာ၏။
လက်ဖဝါး အရိပ်ကြီး နောက်ကွယ်မှ လိုက်လာသော ယွမ်ဟော် ခမျာ ‘ကောင်းကင်’ နှင့်၊ ထိမှန် သွားသည်။
“ ဝုန်း ... ။ ”
ချက်ချင်း နောက်ဆုတ် လိုက်ရပြီး၊ ကောင်းကင်ကြီး အက်ကွဲ လာသံကို ကြားလိုက် ရသည်။
“ မြေကြီး ... ။ ”
ယွင်ဟော် တစ်ယောက် အသက်ရှူ မဝ နိုင်ခင်၊ ဓားအလင်းများ ထပ်မံ ဖြစ်ပေါ်လာကာ၊ မြေဆွဲအား အသက်ဝင် လာ၏။
ထို့ကြောင့် ပြန်လည် တိုက်ခိုက်ရန်၊ အားယူနေသော ယွင်ဟော်၏ လှုပ်ရှားမှုများ၊ သိသိ သာသာ နှေးကွေး ကုန်သည်။
“ ကောင်းကင်နှင့် မြေကြီး တသားတည်း။ ”
လှုပ်ရှားမှု ဆယ်ကြိမ်ပြည့် ပြီးနောက်၊ ကျောက်ယန် ပတ်ဝန်းကျင်၌၊ ‘ကောင်းကင်’နှင့် ‘မြေကြီး’ ဟူသော စကားလုံးများ လှည့်လည် နေသည်။
လေဟာနယ် ကမောက် ကမ ဖြစ်ကာ သူ့ဓားသည် လေနှင့် တသားတည်း ဖြစ်သွား၏။ အမျိုး မျိုးသော ဖြစ်စဉ် များ၏ စွမ်းပကား အောက်တွင်၊ တစ္ဆေ လက်ကြီး ပျက်စီး သွားတော့သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ခြေလှမ်း တစ်ရာ နောက်ဆုတ်လျက်၊ ယွင်ဟော် တစ်ယောက် သူ့ ကန့်သတ်ချက်သို့ တဖြည်းဖြည်း ရောက်ရှိ လာခဲ့သည်။
ကျင့်ကြံမှုသည် သတ္တမမြောက် သွေး လွှတ်ကြောတွင် ရှိသော ကျောက်ယန်ထက် မြင့်မား နေသော ကြောင့်သာ၊ ခံသာခြင်း ဖြစ်သည်။
သို့သော် အချိန်ကြာ လာသည်နှင့် အမျှ တဖြည်းဖြည်း ညံ့ဖျင်းသော အနေ အထားသို့ ရောက်ရှိ လာခဲ့သည်။
“ အပူပင် ကင်းသော ဓား (၉) ကွက် ... ၊ အဲဒါ ပန်းသင်္ချိုင်းရဲ့ ဓားရေး မဟုတ်လား။ ”
“ ဒီလူက ဘယ်သူလဲ ... ၊ ဘာလို့ ပန်းသင်္ချိုင်းရဲ့ ဓားရေးကို သိနေ ရတာလဲ၊ ဒါက မကျွမ်းကျင် သေးတာ တောင်မှ ယွင်ဟော်ကို၊ သနားစရာ ကောင်းတဲ့ ၊ ...
... အခြေ အနေမျိုး တွန်းပို့ နိုင်တယ်၊ ပန်းသင်္ချိုင်းသာ အသုံးပြု ခဲ့မယ် ဆိုရင် ... ၊ မတွေးဝံ့ စရာပဲ။ ”
“ ဒီလူ မရိုးရှင်းဘူး၊ သူ့ရဲ့ ဓားက ပိုပြီး ကြီးကျယ် ခမ်းနားတယ်၊ ပန်းသင်္ချိုင်းနဲ့ အလုံးစုံ မတူဘူး။ ”
ရှေးဟောင်း စစ်မြေပြင် တိုက်ပွဲ အပြီးတွင် လင်းယွန်နှင့် ပတ်သက်သော အကြောင်း အရာ များစွာကို၊ ဒဏ္ဍာရီ ဆန်ဆန် လူ ပြောများ ခဲ့ကြသည်။
ထို့ကြောင့် ကျောက်ယန် သုံးနေသော ဓားသည် လင်းယွန်၏ ဓားရေး ဖြစ်ကြောင်း၊ သဘာဝ အတိုင်း သတိထား မိကုန်၏။
ထောင်စုနှစ် အတွင်း၊ ဓားတာအို၌ ထက်မြက်သော ဉာဏ်ကြီးရှင် တစ်ဦး အဖြစ်၊ ပန်းသင်္ချိုင်းအား သတ်မှတ် ကြသည်။
ထို့ကြောင့် လူတိုင်းက သူ အကြိမ်ကြိမ် အသုံးပြု ခဲ့သော၊ အပူပင် ကင်းသော ဓား(၉) ကွက်ကို ရင်းနှီး နေခဲ့သည်။
အနားရှိ ဆွေးနွေးသံ များကို ကြားသော အခါတွင်၊ လင်းရှောင် အသွင် အပြင်ဖြင့် အပူပင် ကင်းသော ဓား (၉)ကွက်ကို၊ မသုံး မပြု တော့ရန်၊ ဆုံးဖြတ် လိုက်သည်။
ကျောက်ယန် တစ်ယောက် သူ့ထံမှ သင်ယူ ရုံဖြင့်၊ ဤအမြင့်သို့ ရောက်ရှိ လာသည်မှာ၊ မယုံ နိုင်စရာ ပေပင်။
အခြားသူ တစ်ဦးသာ ဆိုသော်၊ သက်တံဓား သူတော်စင်၏ လမ်းညွှန်မှု မပါက၊ အောင်မြင် နိုင်မည် မဟုတ်ချေ။
ကျန်(၅)ကွက်ကို ၎င်းထံ ပေးအပ်ရန် အခွင့်အရေး ရှာရ ပေမည်။ ထိုစဉ်က သူသည်၊ ပထမ ပုံစံ (၄)မျိုး ကိုသာ နားလည်ခဲ့ သဖြင့်၊ ပြသ နိုင်ခြင်း မရှိချေ။
“ ဆင်း ... ။ ”
ကျောက်ယန်၏ ဓားရေးမှာ၊ ပို၍ ပြင်းထန် လာသည်။ ထို့ကြောင့် ဓားရောင်ဝါမှာ အဆင့် သစ် တစ်ခုသို့ ရောက်ရှိ သွား၏။
“ ဝေါ့ ... ။ ”
ထိုတိုက်ခိုက်မှုကြောင့် ယွင်ဟော် ခမျာ ခြေလှမ်း ငါးလှမ်း ဆုတ်ခွာ ပြီး၊ သွေး တစ်လုတ် အန်ကာ၊ သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်း ထိမ်းလိုက် ရသည်။
“ မင်း ရှုံးပြီ။ ”
ကျောက်ယန်မှ ဓားအား ဘေးသို့ ချကာ ရပ်လိုက်သည်။
“ ယွင်ဟော် ... ၊ မင်း အခု ဆင်းလာလို့ ရပြီ။ ”
ယွင်ဟော်မှ သူ့ အရှုံးကို မယုံကြည်ဘဲ တိုက်ပွဲ ဝင်ချင် သေးကြောင်း သိသာနေ သဖြင့်၊ ဆောင်းဦး တောင်တန်း သခင်က ကြေညာ လိုက်ရသည်။
ဆက်လက် တိုက်ပွဲဝင် ရမည် ဆိုသော်၊ အနိုင်ရ နိုင်ခြေ နည်းပါးကြောင်း၊ ယွင်ဟော် ကိုယ်တိုင်လည်း သိသည်။
ကျောက်ယန်၏ ဓားရေးကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း မရှာနိုင် သရွေ့၊ ရှုံးရန် အချိန် တစ်ခုသာ လိုပေမည်။
ကျောက်ယန်က နောက်ထပ် ဆက်တိုက် အနိုင်ရ ခဲ့သည်။ သူ့အား ရှုံးနိမ့် သူများ ထဲတွင်၊ အဆင့် ထောင်ဂဏန်း အတွင်းရှိ လူငယ်များ ပါဝင်လာသည်။
ထို့ကြောင့် ကျောက်ယန် အမည်ကို လူသိ လာတော့၏။
“ ဒီဓားရေးက တကယ်ကို အစွမ်း ထက်တယ်၊ ငါ အဲဒါကို ဖြေရှင်းဖို့ နည်းလမ်း ရှာ မတွေ့ သေးဘူး။ ”
သခင်လေးပါး အနက်မှ ရေခဲပြာ သခင်က မျက်ခုံး တွန့်ကာ ပြောလိုက်သည်။
“ ပန်းသင်္ချိုင်း လက်မှာ ... ဆိုရင်၊ ဒီဓားရေး ဘယ်လောက် အထိ၊ အစွမ်းထက် မလဲ ဆိုတာ သိချင်သား။ ”
ဆောင်းဦး တောင်တန်း သခင်က ပြုံးလျက် ခေါင်းညိတ်ကာ ပြန်ပြော၏။
‘ပန်းသင်္ချိုင်း၊’ ဟူသော အမည်သည် ဒဏ္ဍာရီကို ကိုယ်စား ပြုသည်။ သူ ပုန်းအောင်း သွား သော်လည်း၊ လူတိုင်း အမှတ် ရနေ၏။
သူ့ ကျော်ကြားမှုသည် နယ်ပါး သုံးပါး ချန်ပီယံ ဖြစ်သော ကျန့်ကျင်းရှန် ကိုပင် မီလုလု ဖြစ်နေ ချေပြီ။
“ မင်းက ဓားဂိုဏ်းရဲ့ ... ၊ ထူးခြားတဲ့ လူတစ်ဦးပဲ၊ ငါ ... မင်းကို မျက်နှာ ချင်းဆိုင် ပါရစေ။ ”
လူ တစ်ယောက် မတ်တပ် ထရပ် လာ၏။ ဤလူကို မြင်သော အခါတွင်၊ လူတိုင်း အသက် ပြင်းပြင်းရှူ လိုက်မိသည်။
နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် နှစ်ရာ အတွင်း ဝင်သော၊ မင် ဂိုဏ်း၏ ယန်ရှောင် ဖြစ်၏။
အဆုံးတွင် မြင့်မြတ်မြေမှ ပါရမီရှင် တစ်ဦး ထွက်ပေါ် လာပြီ ဖြစ်သည်။ အဆင့် သတ်မှတ် ချက်မှာ၊ သိသိ သာသာ ကွာခြား နေ သဖြင့်၊ အနိုင်ကျင့် ခြင်းနှင့် တူနေသည်။
“ ကျောက်ယန် ... ငါ သူ့ကို ရင်ဆိုင်မယ်။ ”
ထိုအချိန်တွင် ယဲ့ဇီလင်မှ မတ်တပ် ထရပ် လာသည်။ ဓားဂိုဏ်း အပေါ် လူတိုင်း၏ အမြင် ကို ပြောင်းလဲ ရပေမည်။
ကျန့်ကျင်းရှန်နှင့် လင်းယွန်ကို ဆုံးရှုံး ပြီးနောက်၊ ဓားဂိုဏ်းသည် ယခင်နှင့် မယှဉ်နိုင် သော်လည်း၊ သူတို့တွင် အခြားသူ မရှိဟု၊ မဆို လိုချေ။
ပထမ တန်းစား ပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်ရသည့် အခါ ၌ပင်၊ ဓားဂိုဏ်းသည် တွန့်ဆုတ် နေမည် မဟုတ်ကြောင်း၊ ပြသ ရပေမည်။
“ ဘယ်လောက် တောင် ... လှ လိုက်လဲ။ ”
“ ဓားဂိုဏ်းမှာ ဒီလို အလှ တရားတွေ ရှိေနတာလား၊ မယုံနိုင် စရာပဲ … ။ ”
“ လှတာ ဘာမှ လုပ်လို့ မရဘူး၊ ခွန်အား ကသာ အရာရာပါ။ ”
“ သူမ ကြည့်ရတာ တော်တော့်ကို ယုံကြည်ချက် ရှိပုံရတယ်၊ ကျောက်ယန်ထက် ပို သန်မာ သလိုပဲ။ ”
ယဲ့ဇီလင် အသွင်သည် လူတိုင်း၏ အာရုံကို ဖမ်းစား သွား၏။ သွယ်လျသော ပေါင်တံများက၊ တကယ်ပင် ဆွဲဆောင်မှု ရှိပေသည်။
“ သူက ယဲ့ဇီလင်လား ... အစ်ကိုကြီး လင်း၊ အစ်ကိုကြီးရဲ့ ပတ်ဝန်းကျင်မှာ အလှ တရားတွေ မရှား ပါလား။ ”
ယွဲ့ဝေဝေမှ ပြုံးပြီး ယဲ့ဇီလင်ထံ လှမ်းကြည့်သည်။ လင်းယွန်မှ ထိုအမျိုးသမီးနှင့် ဇာတ်လမ်းအား ပြောပြ ထားပြီး ဖြစ်သည်။
သို့တိုင် ဤမျှ မနာလိုဖွယ် ကောင်းသော ခြေတံများ ပိုင်ဆိုင် ထားလိမ့် မည်ဟု၊ မထင် ထားမိချေ။
“ ဟုတ်တယ် သူပဲ၊ သူက ငါ့ အစ်ကိုကြီးရဲ့ သမီး။ ”
လင်းယွန်မှ ပြုံးကာ ပြန်ဖြေသည်။ ယွဲ့ဝေဝေက ခေါင်းညိတ် လိုက်၏။ သူမသည် ယဲ့ဇီလင်နှင့် လင်းယွန်ကြား ဆက်ဆံ ရေး အပေါ်၊ နားလည် သည်။
“ လင်းယွန် မဟုတ်ဘူး၊ ပန်းသင်္ချိုင်းကို ကြိုက်တာ၊ သူ အဲဒီလို ပြောခဲ့တာ မဟုတ်လား၊ ဟဲဟဲ ... ဒီလို ရဲရင့်တာကို သဘောကျတယ်။ ”
ယွဲ့ဝေဝေ စကားကြောင့် လင်းယွန် တစ်ယောက် နှာခေါင်း ယားလာ၏။ ထိုအချိန်၌ ယဲ့ဇီလင် တက်လာပြီ ဖြစ်ရာ၊ ကျောက်ယန်မှ ခေါင်းညိတ်ပြီး ဓားပြန်သိမ်းကာ၊ ဆင်းသွား တော့သည်။
ချက်ချင်းပင် စူးရှသော အကြည့်များ ပျောက်ကွယ် သွားပြီး၊ မျောနေသည့် အသွင်ဖြင့်၊ ထိုင်ခုံထံ ပြန်ရောက် လာ၏။
“ မိန်းမ တစ်ယောက်က ... နာမည်ကြီးချင် နေတာလား။ ”
ယန်ရှောင်က ယဲ့ဇီလင်ကို မြင်သော အခါ မျက်ခုံးပင့် လိုက်၏။ သူက ပြုံးပြီး၊
“ ငါ့မှာ မိန်းမ တွေကို ရိုက်တတ်တဲ့ ... အကျင့် မရှိဘူး၊ ကျောက်ယန်ကို တက်လာ ခိုင်းပါ၊ ပန်းသင်္ချိုင်းရဲ့ ဓားရေးက လွဲရင်၊ ဓားဂိုဏ်းမှာ ... ငါစိတ်ဝင်စား စရာ ဘာမှ မရှိဘူး။ ”
“ ဂျူနီယာ လင်းသာ ရှိနေရင်၊ ဒီလို စကား မျိုးတွေကို မင်း ပြောရဲတဲ့ သတ္တိတောင် မရှိမှာ၊ ငါ ကြောက်မိတယ်။ ”
ယဲ့ဇီလင်က ပြန်ပြောသည် ။
“ ဟား ဟား ဟား ... ၊ မင်း သူ့ကို အထင်ကြီးလွန်း နေပြီ၊ သူ ရှိရင် တောင်မှ ထိပ်တန်း ဆယ်ယောက် မပြောနဲ့၊ ထိပ်တန်း ရာဂဏန်း ဝင်ဖို့တောင်၊ ပြဿနာ ရှိလိမ့်မယ်၊ မင်း မယုံ ဖူးလား၊ ဒါဆို ငါ့ကို တိုက်ပါ။ ”
အပူပင် ကင်းသော ဓား (၉) ကွက်နှင့် ပတ်သက်၍၊ အထင် ကြီးစရာ မရှိကြောင်း ပြသ ရန်၊ ကျောက်ယန်အား သူ တိုက်ခိုက် လိုခြင်း ဖြစ်သည်။
ထို့ကြောင့် ယဲ့ဇီလင်မှ အစားဝင် လာသောအခါ၊ ဒေါသ ထွက်လာ တော့သည်။
“ မြင့်မြတ်သော ရောင်ခြည်တော် ဖျက်ဆီးခြင်း။ ”
လက်သီးကို ထုတ်ဖော် လိုက်ပြီး တောက်လောင် နေသော၊ ရောင်ဝါ များအား လှိုင်းအသွင် တွန်းထုတ် လိုက်သည်။
ပြိုးပြက် နေသော အလင်းများ မိုးကုပ် စက်ဝိုင်းကို ဖြတ်လျက်၊ လက်သီး အသွင်မျိုး ကောင်းကင်မှ ဆင်းသက် လာ၏။
စင်မြင့် ပေါ်ရှိ သူတော်စင် သားရဲ၏ သွေး များမှာ၊ လက်သီး အပူရှိန်ကြောင့် လောင်ကျွမ်း ကုန်သည်။ ယန်ရှောင် နဖူးတွင် ရွှေရောင် အမှတ် အသား တစ်ခု ပွင့်လာ၏။
လူတိုင်း ထိတ်လန့် တုန်လှုပ် သွားသည်။ မြင့်မြတ် မြေ၏ ပါရမီရှင်များ၊ မည်မျှ သန်မာလှ သည်ကို၊ မြင်လိုက် ရပြီ ဖြစ်သည်။
ကောင်းကင်ရှိ မိုးခြိမ်းသံ များပင်၊ ထိုလေခွင်းသံ အောက်၌ တိုးဖျော့ ကုန်၏။ ယဲ့ဇီလင် အပေါ်၊ မည်သူမျှ အကောင်းမြင် ခဲ့ခြင်း မရှိကြဘဲ၊ သူမ ရှုံးနိမ့် မည်ဟု ထင်မြင် လာကြသည်။
“ ရွှပ် ... ။ ”
ယဲ့ဇီလင်မှ သူ့ဓားကို ဆွဲထုတ် လိုက်၏။ ဓားရောင်ခြည်သည် နဂါး ဟောက်သံ အလား ပဲ့တင် ထပ်လျက်၊ လက်သီးထံ ပြေးဝင် သွားသည်။
ဤဓားသည် ကောင်းကင်နှင့် မြေကြီးအား၊ ခွဲပစ် နိုင်သည် ဟူသော ခံစားချက်မျိုး ပေးစွမ်း လာသည်။
နှင်းများ ကျလာကာ၊ ဓား ရောင်ခြည်သည် နတ်နဂါး အဖြစ်သို့ ပြောင်းလဲ သွား၏။ နဂါးက လက်သီးကို ချေမှုန်းကာ၊ ရင်ဘတ်ပေါ် သက်ဆင်း သွားသည်။
သူတော်စင် သွေးများ အပေါ်၊ နှင်းများ ဖုံးလွှမ်း လာချိန်၌၊ သူမ မျက်ဝန်းထဲ ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာ ခဲ့တော့၏။
***