ရှောင်လွှဲ မရသော ကံကြမ္မာ။
Vol. 127 Ch. 1774
ယဲ့ဇီလင်၏ မျက်ဝန်းများ အတွင်း၌ နှင်းပန်းများ ပွင့်လာပြီး၊ သူမ ခန္ဓာ ကိုယ်အား၊ အဖြူရောင် နဂါးကြီး ရစ်ပတ် နေသည်။
“ မျှော်လင့်ခြင်း နှင်းဓား ... ။ ”
သည့်နောက် အေးစက်သော ဓား ရောင်ဝါကြီး ထွက်ပေါ် လာကာ၊ လက်ထဲရှိ နဂါး ဖြူ ဓားအား၊ လေထဲ အကြိမ်ကြိမ် လွှဲယူ လိုက်သည်။
ခရမ်းရောင် လျှပ်စီးများ တဖျပ်ဖျပ် ခတ်လျက်၊ နှင်းပန်း များဖြင့် ယှက်လုပ်သော ဓားအလင်း ပိုက်ကွန်ကြီး၊ ယွင်ဟော်ထံ ရေခဲ အလွှာများ သဖွယ် ကျဆင်း လာ၏။
“ ဟိတ် ... ။ ”
ယွင်ဟော်မှာ မျက်ခုံး ပင့်လျက်၊ လက်သီးဖြင့် ပြန်လည် ထိုးနှက် လိုက်ရသည်။ လေခွင်း သံမှာ၊ မီးတောင် တစ်လုံး ကဲ့သို့၊ ကျယ်လောင် လှ၏။
“ ကျာ့ ... ။ ”
နဂါး မူလအား ကန့်သတ်ချက်သို့ တွန်းထုတ်ပြီး၊ ပြန်လည် ထိုးနှက်ခဲ့ သော်လည်း၊ အလုံးဆုံ ချေဖြတ် နိုင်ခြင်း မရှိချေ။
လက်သီး များ၏ စွမ်းအင်ကို၊ ဓား ပိုက်ကွန်က စုပ်ယူလျက်၊ သူ့ထံ ဆက်၍ ကျဆင်း လာသည်။
ခန္ဓာ ကိုယ်အား ကာကွယ် ထားသော၊ နဂါးမူလ ပြိုပျက် သွားသဖြင့်၊ နဂါး သေွးလွှတ် ကြော ကိုးခုအား၊ ချက်ချင်း ထုတ်ဖော် လိုက် ရသည်။
သို့သော် သူ့ရောင်ဝါကို ဓားအလင်း ပိုက်ကွန်က ထပ်မံ စုပ်ယူ သွားသောကြောင့်၊ ထိတ်လန့် လာသည်။
ပိုက်ကွန်သည် သူတော်စင် လက်ရာ တစ်ခုအလား၊ နက်မှောင်သော သူတော်စင် ရူရ် များဖြင့်၊ တဖျပ်ဖျပ် ခတ်နေ၏။
တစ်ချိန်တည်း မှာပင်၊ ဓား ရည်ရွယ်ချက် သည်လည်း ခန္ဓာကိုယ် ထဲသို့၊ တဖြည်းဖြည်း စိမ့်ဝင် လာတော့၏။
သူ၏ နဂါး မူလသည်၊ အဆိုပါ ဖြစ်စဉ်ကို ခုခံနိုင်စွမ်း မရှိ ခဲ့ချေ။ ယင်းကြောင့် ခက်ခဲသော အနေအထားသို့ ဆိုက်ရောက် လာသည်။
“ ဝှစ် ... ။ ”
ကြောက်လန့် သွားပြီး မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်ကာ၊ လက်သီး ချက်များ ဆက်တိုက် ပြန်လည် ထိုနှက် လိုက်၏။
“ ဖျစ် ... ။ ”
သို့တိုင် လက်သီး ရိပ်များ ကြားမှ လျှပ်စီးကြောင်း တစ်ခု တိုးထွက်လျက်၊ သူ့အား ထိမှန် သွားသည်။
“ ဝေါ့ ... ။ ”
သက်ရောက်မှုကြောင့် သွေး တစ်လုတ် အန်ကာ၊ လွင့်စဉ် သွားရသည်။ ရင်ဘတ် ပေါ်၌ သွေးထွက် နေသော ပြတ်ရှရာ တစ်ခု ပေါ်လာ၏။
ယဲ့ဇီလင်က ကောင်းကင်မှ ပြန်လည် ဆင်းသက်ပြီး၊ သူမ လက်ကို ဝှေ့ယမ်း လိုက်ရာ နဂါးဖြူက ဓားအတွင်း ပြန်လည် ပြေးဝင် သွားသည် ။
“ လခွမ်း ... ၊ ဒါ ဘာ ဓားရေးလဲ ။ ”
လူတိုင်း တုန်လှုပ် သွားသည်။ တိုက်ပွဲမှာ မြန်ဆန် လွန်းပြီး၊ နောက်ဆုံးဓား အရှိန်သည် ထိတ်လန့် စရာ ကောင်း၏။
သည့်နောက်၊ နောက်ထပ် ပြိုင်ဘက် နှစ်ဦးကို ဆက်၍ အနိုင် ယူခဲ့သည်။ ၎င်းတို့မှာ မြင့်မြတ် မြေ၏ ထူးချွန်သူ နှစ်ဦး ဖြစ်ပြီး၊ ယွင်အော်ထက် အားနည်းခြင်း မရှိချေ။
တစ်ဦးသည် အဆင့် (၂၃၀) ၌ပင် ရှိ၏။ သုံးကြိမ် အနိုင်ရ ပြီးနောက်၊ ဓားဂိုဏ်း အမည် မှာ၊ မည်သူမျှ လျစ်လျူရှု မရသော တည်ရှိမှု တစ်ခု ဖြစ်လာ ခဲ့သည်။
“ မဆိုး ပါဘူး၊ ဓားဂိုဏ်းရဲ့ လက်ရှိ မျိုးဆက်က ကြီးပြင်း လာကြပြီ၊ ယဲ့ဇီလင် ... ငါ မင်းနဲ့ ရင်ဆိုင် ပါရစေ။ ”
မင် ဂိုဏ်း၏ တပည့် တစ်ယောက် ကောင်းကင်ပေါ် ပျံတက် လာသည်။ သူသည် အဆင့် (၉၇) တွင် ရှိသော စစ်ခုန်ယွမ် ဖြစ်၏။
“ ဝှစ် ... ။ ”
၎င်းက စင်မြင့် ပေါ်သို့ ဆင်းသက်လျက်၊ လက်ဝှေ့ ယမ်းကာ လှံရှည် တစ်စင်းကို ဆင့်ခေါ် ထိုးသွင်း လာသည်။
လှံရှည်သည် လေဟာနယ်ကို ထိုးဖောက် နေသော နဂါး အလား၊ နှင်းပန်းများ ပွင့်နေသည့် ဓားရောင်ဝါကို ခွဲထုတ် နေသည်။
တိုက်ပွဲမှာ ကြိုတင် သတိပေးခြင်း မရှိဘဲ၊ ပွဲစတည်း ကပင်၊ ယဲ့ဇီလင်ကို အန္တရာယ် ရှိသော အနေ အထားဖြင့်၊ ရင်ဆိုင် လာရ စေသည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ယဲ့ဇီလင်မှ နောက်ပြန် ဆုတ်သွားပြီး၊ တည်ငြိမ်စွာ လှံအား ဓားနှင့် ခုတ်ပိုင်းချ လိုက် သည်။
ဓားအလင်း သွားရာ လမ်း တစ်လျှောက်၊ နဂါး ဟောက်သံများ ညံလာပြီး၊ စစ်ခုန်ယွမ်၏ လှံအား အလွယ် တကူ ချေဖျက် သွား၏။
“ မဆိုး ပါဘူး။ ”
စစ်ခုန်ယွမ်က အလေး အနက် မထားချေ။ ထိုအချိန်တွင် ယဲ့ဇီလင်မှာ၊ ဓားရောင်ခြည် (၆) စင်းဖြင့်၊ သူ့ထံ ပစ်ခတ် လာသည်။
ဓားရောင်ခြည် ခြောက်စင်းက၊ နဂါးဖြူ ခြောက်ကောင် အဖြစ်သို့ ပြောင်းလဲ သွား၏။ ရေခဲ လျှပ်စီး ရည်ရွယ်ချက်၏ အမြန် နှုန်းသည်၊ ကန့်သတ်ချက် ရောက်ရှိ လာသည်။
လျှပ်စီးသည် အမြန်နှုန်း ဖြစ်ပြီး၊ ရေခဲသည် အသံလှိုင်း အပါ အဝင် အရာ အားလုံးကို အေးခဲ စေသော ဂုဏ်သတ္တိ ရှိ၏။
“ ကျန့်ကျင်းရှန်ရဲ့ သမီးက လျှော့တွက်လို့ မရဘူးပဲ။ ”
ထို့ကြောင့် စစ်ခုန်ယွမ် ခများ ပြုံးလျက်၊ ခြေလှမ်းများစွာ နောက်ပြန်ဆုတ် လိုက်ရသည်။ အနည်းငယ် နှေးသွား ပါက၊ သူ့ခန္ဓာ ကိုယ်၌ အပေါက် (၆)ပေါက် ရှိလာမည် ဖြစ်သည်။
“ အသံမဲ့ ... အရိပ်မဲ့ ... ။ ”
ယဲ့ဇီလင်သည် ရေှးဟောင်း သူတော်စင် မူလကို သန့်စင် ရာမှ၊ အကျိုး ကျေးဇူး များစွာ ရရှိ ခဲ့လေသည်။
အဘယ်ကြောင့် ဆိုသော်၊ နှင်း လျှပ်စီး ရည်ရွယ်ချက်အား၊ အထွတ် အထိပ် အထိ ပြသ နိုင်နေ သောကြောင့် ဖြစ်၏။
အဆင့် ကိုးဆယ့် ခုနစ်တွင် ရှိသော စစ်ခုန်ယွမ် သည်ပင်၊ သူမအား အသာစီး ရယူရန် ခက်ခဲ လာသည်။
“ ဒီယဲ့ဇီလင်က ... ကျောက်ယန် ထက်တောင် သန်မာ တာပဲ၊ သူ့ရဲ့ ခွန်အားနဲ့ ထိပ်ဆုံး တစ်ရာ အတွင်း ဝင်နိုင်တယ်။ ”
ပတ်၀န်းကျင်မှ ဆွေးနွေးမှုများ စတင် လာသည်။ သူမ၏ ခွန်အားကြောင့် လူတိုင်း အံ့အားသင့် ကုန်၏။
ယဲ့ဇီလင် မှာမူ၊ တိုက်ပွဲတွင် လုံးလုံး နစ်မြုပ် နေပြီး၊ ပတ်ဝန်းကျင် ဆွေးနွေးသံ များကို အာရုံ မစိုက်နိုင် ခဲ့ချေ။
ဤတိုက်ပွဲအား အမြန် ဖြေရှင်းရန် နည်းလမ်း ကိုသာ ခွဲခြမ်း စိတ်ဖြာ နေမိသည်။ ပြိုင်ဘက်သည် သန်မာလှ သဖြင့်၊ ဆက်၍ တိုက်ပွဲ ဖြစ်နေ ပါက၊ အနိုင် ရရန် အလား အလာ ပျောက်ဆုံး ပေတော့မည်။
တစ်ခုခု လုပ်ဆာင်ရန်၊ အချိန် တန်ချေပြီ။ စိတ်ပိုင်းဖြတ် မှုဖြင့်၊ မျက်ဝန်းများ တောက်ပ လာ၏။
“ နတ်နဂါး မိုးပျံခြင်း ဓား။ ”
နှင်းပွင့်များ ပို၍ ကြွေကျ လာပြီး၊ ရေခဲမြူများ ဖုံးလွှမ်း သွားသည်။ သည့်နောက် ဓားကို မြူများဖြင့် ရောနှောလျက်၊ စစ်ခုန်ယွမ် ထံသို့၊ ဦးတည် လိုက်သည်။
“ အရိပ်မဲ့ ... ၊ ပုံစံမဲ့ ... ၊ အသံမဲ့ ... ။ ”
ဤသည်မှာ သူမ အမည် ပေးထားသော အနိစ္စဓား ဖြစ်၏။ သူတော်စင် မူလကို သန့်စင် ပြီးနောက်၊ နှင်းလျှပ်စီး ရည်ရွယ်ချက်မှ မွေးဖွား လာသည့်၊ နားလည်မှု အသစ် ပေပင်။
ဤဓားတွင် ပါရှိသော နက်နဲမှုသည် အထွတ်အထိပ် တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို ကျော်လွန် နေသည်။
ထို့ကြောင့် စစ်ခုန်ယွမ် တစ်ယောက် အနည်းငယ် ဖိအား ခံစားလာ ရပြီး၊ မျက်ခုံးပင့် လိုက်မိသည်။
“ ဝှီး ... ။ ”
လှံလည်ကို လက် နှစ်ဘက်ဖြင့် ဆုပ်ကိုင်လျက်၊ လျင်မြန်စွာ ဝှေ့ရမ်းပြီး အလင်း ဒိုင်း တစ်ခု၊ ဖန်တီး လိုက်သည်။
အလင်းဒိုင်း အတွင်း နေနှင့်လ လည်ပတ် နေကာ၊ ယဲ့ဇီလင်၏ ဓားရောင်ဝါကို တိုက်စား ပစ်တော့၏။
“ ချိုးဖြတ် စမ်း ... ။ ”
ဓားရောင်ဝါ ပြိုကွဲ လာသည်ကို မြင်သော်လည်း၊ ယဲ့ဇီလင်မှ နောက် မဆုတ်ဘဲ၊ ဆက်လက် ကြိုးစား လိုက်သည်။
ခရမ်းရောင် ရေခဲမြူ အတွင်းမှ၊ နဂါးဖြူ တစ်ကောင် ဟောက်သံ ပြုလျက်၊ ပြေးထွက် လာ၏။
နဂါးဖြူ ပေါ်လာသော အခါတွင်၊ ရေခဲမြူများက ပိုက်ကွန် သဖွယ် သိုင်းယှက်ပြီး၊ စစ်ခုန်ယွမ်အား ကန့်သတ် တော့သည်။
ထို့ကြောင့် စစ်ခုန်ယွမ် ခမျာ၊ လှံကို တိုး၍ ဝှေ့ယမ်းပြီး၊ အဆိုပါ ကန့်သတ်ချက်အား ဖြိုခွဲ ပစ်သည်။
“ ဝေါ့ ... ။ ”
သွေး တစ်လုတ် အန်လျက်၊ ယဲ့ဇီလင် တစ်ယောက် ကောင်းကင်မှ ပြုတ်ကျ သွား သည်။
နဂါးဖြူမှာ ရှေ့ဆက် မတိုးနိုင် တော့ချေ။ စစ်ခုန်ယွမ် သည်လည်း၊ လက်ဖဝါး၌ ဒဏ်ရာ ရ သွား၏။ သွေးများ စီးထွက် လာပြီး၊ အခြေ အနေ မကောင်း လှချေ။ နာကျင် မှုကြောင့်၊ နှုတ်ခမ်းများ တုန်ယင် ရှုံ့မဲ့ လာသည်။
ယဲ့ဇီလင် ဓားသည် ထိတ်လန့် စရာ ကောင်းလွန်း ပေ၏။ သို့သော် အနည်းငယ် မျှသော ချို့ယွင်းချက် ရှိနေသေး သဖြင့်၊ သူ ချေဖြတ် နိုင်ခြင်း ဖြစ်သည်။
ကျင့်ကြံမှု သည်သာ သူနှင့် တူညီသော အဆင့်၌ ရှိပါက၊ ယဲ့ဇီလင် ဓားသည် အနိုင်ရန် လုံလောက် ပေသည်။
“ ဝှစ် ... ။ ”
ထိုအသိကြောင့် ဒေါသထွက် လာပြီး၊ ယဲ့ဇီလင်ထံ ခုန်ဝင်ကာ၊ ပါးရိုက်ချ လိုက်သည်။ ဟန်ချက်ကို ထိန်းနေသော ယဲ့ဇီလင် ခမျာ၊ သူမထံ ချဉ်းကပ် လာသည့်၊ လက်ဖဝါးကို မြင်သည်။
ယင်းက အရှက်ခွဲရန် ရည်ရွယ် ထားသော တိုက်ခိုက်မှု ဖြစ်သဖြင့်၊ ရှုံးနိမ့်မှုကို ဝန်ခံ ရန်ပင်၊ အချိန် မရှိတော့ချေ။
ထို့ကြောင့် အံကြိတ်ကာ၊ မျက်စိမှိတ် ချလိုက်သည်။ သည့်စဉ် သူမအား ရုတ်တရက် ဆွဲယူခြင်း ခံလိုက် ရသည်။
ထူးခြားသော အငွေ့ အသက် နှင့်အတူ၊ ဝင်ရောက်လာ သူက၊ ညာလက်ကို မြှောက်ကာ၊ စစ်ခုန်ယွမ်၏ လက်ဖဝါးအား တားဆီး ပစ်လိုက်သည်။
“ ဘုန်း ... ။ ”
လက်ဖဝါး နှစ်ဖက် ရိုက်မိ သွားပြီး၊ ကောင်းကင်မှ ဆင်းလာသော စစ်ခုန်ယွမ် ခမျာ နောက်ပြန် လွင့်စဉ် သွားသည်။
လေထဲ တစ်ပါတ်ဂျွမ်း ပစ်ကာ၊ ကိုယ်ဟန် ထိန်းညှိလျက်၊ ကြမ်းပြင်ပေါ် ဆင်းသက် လိုက်ရ လေသည်။
တစ်ချိန်တည်း မှာပင်၊ ဝင်ရောက် နှောက်ယှက်လာ သူသည်၊ အနည်းငယ် မျှပင်၊ ယိမ်းယိုင် သွားခြင်း မရှိကြောင်း၊ သတိထား မိကာ၊ မျက်နှာ အေးစက် သွား၏။
ဝါးခမောက် ဆောင်းထားသော လူ တစ်ယောက်၊ ယဲ့ဇီလင်ရှေ့ မည်သို့ ရောက်ရှိ သွားသည်ကို၊ မမြင် လိုက်ရ သူများမှာ၊ အံ့အားသင့် ကုန်သည်။
“ မင်း ဘယ်သူလဲ။ ”
စစ်ခုန်ယွမ်က ဒေါသကို ထိန်းလျက်၊ မေးခွန်း ထုတ်လာ၏။ ဝင်ရောက် စွက်ဖက်လာ လူက သူ့ မေးခွန်းကို ပြန် မဖြေဘဲ၊
“ သခင်မလေး ... မင်း ရှုံးနေပြီ မဟုတ်လား။ ”
-ဟု လှည့်ကာ မေးလိုက်သည်။
ယဲ့ဇီလင်က ခေါင်းညိတ်ကာ၊
“ ငါ ရှုံးနိမ့် တာကို ဝန်ခံ ပါတယ်၊ အနာဂတ်မှာ အခွင့် အရေး ရရင် ... ၊ ညီအစ်ကို စစ်ခုန်ယွမ် ဆီက လမ်းညွှန်ချက် ... ၊ ထပ်တောင်း ပါ့မယ်။ ”
-ဟု ဝန်ခံလိုက် တော့သည်။
စွက်ဖက် သူ၏ လုပ်ရပ်သည်၊ သူ့အား အရှက်ရ စေသောကြောင့်၊ စစ်ခုန်ယွမ် ခမျာ၊ နှုတ်ခမ်းများ တုန်ယင် လာ၏။
ဤအရာက သူ့ နှလုံးသားကို ဒေါသ အပြည့်ဖြင့်၊ သဘာဝ အတိုင်း တဒိတ်ဒိတ် ခုန်လာ စေသည်။
“ ကျေးဇူး တင်ပါတယ်။ ”
ယဲ့ဇီလင်က ခေါင်းညိတ်လျက်၊ ဝါးခမောက် ဆောင်းထား သူကို တစ်ချက် မော့ကြည့် လိုက် သည်။
၎င်းမည်သူ မည်ဝါ ဖြစ်သည်ကို၊ သိရှိ ပြီးနောက်၊ အံ့ဩသွား လေသည်။ ထို့ကြောင့် ထွက်ခွာ မသွားမီ လက်ဝှေ့ယမ်းကာ အသိ အမှတ် ပြုလိုက်၏။
ဝါးခမောက် ဆောင်းထား သူမှာ၊ လင်းယွန် ဖြစ်သည်။ သူက ဓားဂိုဏ်းမှ လူတိုင်းကို အာရုံ စိုက်နေ ခဲ့သည်။
ထို့ကြောင့် ယဲ့ဇီလင်အား အရှက်ခွဲရန် ပြင်နေသော စစ်ခုန်ယွမ်အား မြင်သော အခါ၊ ရပ်ကြည့် မနေနိုင် တော့ချေ။
လင်းယွန်က ခေါင်းညိတ်လျက်၊ စင်ပေါ်မှ ထွက်ခွာရန် ပြင်မိသည်။ တိုက်ပွဲ များကို စိတ် မဝင် စားချေ။
သို့သော် စစ်ခုန်ယွမ်က သူ့ကို ခွင့်မပြုဘဲ၊ တားဆီး လာသည်။
“ ရပ်စမ်း ... မင်းက ငါ့ လက်ဖဝါးကို တားနိုင်တဲ့ အတွက်၊ ဒါဆို ငါတို့ တိုက်ရအောင်။ ”
ဤလူအား လွယ်လွယ်နှင့် ဆင်းခွင့် ပြုလိုက်သော်၊ သူ့ ဒေါသမှာ အလကား ဖြစ်သွား ပေမည်။
“ ဟား ဟား ဟား ... ၊ ငါက ဘာကောင်မှ မဟုတ် ပါဘူး၊ နဂါး သွေးလွှတ်ကြော အဆင့် မှာတောင် မရှိတဲ့ အတွက်၊ ငါ့ကို မေ့ပစ် လိုက်ပါ။ ”
လင်းယွန်က တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသောကြောင့်၊ ရယ်ကာ-မောကာ ပြန်ပြော လိုက်သည်။
“ မင်း ဘာကောင်မှ မဟုတ်ဖူး ဆိုတာ ငါသိတယ်၊ ဒါကြောင့် နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်း ထားတဲ့ အသွင်မျိုး လုပ်ပြ မနေ ပါနဲ့။ ”
စစ်ခုန်ယွမ်က ကောက်ကျစ်စွာ ပြုံးလျက်၊ လင်းယွန် အနား ရုတ်ချည်း ရွေ့လျား လာလေ သည်။
“ ဝှစ် ... ။ ”
စစ်ခုန်ယွမ်၏ အကျင့် စရိုက်ကို မကြိုက် သောကြောင့် လင်းယွန်မှ ရှေးမစွ တည်း ကပင်၊ နောက်ဆုတ် လိုက်ပြီး ဖြစ်သည်။
ထို့ကြောင့် စစ်ခုန်ယွမ် အနား ရောက်လာသော အခါ၊ ခြေလှမ်း တစ်ရာ အကွာသို့ ဆုတ်ခွာပြီး ဖြစ်နေ၏။
ဤအရှိန်သည် လူတိုင်းကို အံ့သြ တုန်လှုပ် သွားစေသည်။ မြင့်မြတ်မြေမှ ပါရမီရှင် များပင် စိတ်ဝင်စား လာကြ၏။
စစ်ခုန်ယွမ်က လက်ဝှေ့ ယမ်းလျက်၊ သူ့လှံကို လှမ်းခေါ်ကာ ကြမ်းပြင်ပေါ် ပစ်စိုက် လိုက်ပြီး၊
“ လာပါ ... ၊ မင်း ဘယ်သူလဲ ... ၊ ငါ ပိုသိချင် လာပြီ။ ”
-ဟု ဆိုလာ တော့သည်။
နဝမမြောက် သွေးလွှတ်ကြော အရှိန် အဝါကို ထုတ်လွှတ်လျက်၊ လင်းယွန် မပြေးနိုင် စေရန်၊ စင်မြင့်အား ပိတ်ဆို့ ပစ်သည်။
ထို့ကြောင့် လင်းယွန် ခမျာ၊ သက်ပြင်းချ လိုက်မိ၏။ မတိုက်ချင် သော်လည်း၊ ရတော့မည် မဟုတ်ခေျ။ ဤသို့ ဖြစ်လာ သည့်နောက်၊ တိုက်ရုံသာ ရှိပေ တော့မည်။
ဝါးခမောက်ကို ဖယ်ပြီး လင်းရှောင် အသွင်အား ထုတ်ဖော် ပြသ လိုက်သည်။ နိဗ္ဗာန် ပွဲတော်၏ ချန်ပီယံ ဖြစ်သောကြောင့်၊ သူ့အား လူအများမှ ချက်ချင်း မှတ်မိ သွား၏။
“ သူ ... လင်းရှောင် မဟုတ်လား၊ ဂီတ သမား တစ်ယောက်က ဒီလို ပွဲမျိုးကို၊ ဘာလာ လုပ်တာလဲ၊ ရူးသွား တာလား။ ”
***