ရယ်မောသံ ... ။
Vol. 127 Ch. 1775
“ ဂီတ သမားက စင်ပေါ် တက်ဖို့ သတ္တိ ရှိတယ်လား ... ၊ ကိုယ့်ကိုယ်ကိုယ် အရှက် ရမှာ မကြောက် ဖူးလား။ ”
လင်းယွန်နှင့် ရန်ငြိုး ရှိသော လေဓား သခင်က အေးစက် စွာနှင့်၊ ရေရွတ် လိုက်တော့ သည်။
“ လေဓား သခင်၊ မင်း သူ့ကို ရန်ငြိုး မထားတာ အကောင်းဆုံး ပါပဲ။ ”
နတ်ဖီးနစ် တောင်တန်းမှ ကျိလင်ဖုန်းက ပြုံးကာ ဝင်ပြောသည်။ သူ့လက်ထဲမှ ဝိုင်ခွက်ကို လှုပ်ခါ လျက်၊
“ နိဗ္ဗာန် ပွဲတော် မှာ ... ၊ မင် ဂိုဏ်းရဲ့ လီယွီရှကို အနိုင် ယူခဲ့တဲ့ အတွက် ... သူက လွယ်မှာ မဟုတ်ဘူး ...။ ”
-ဟု ဆိုလိုက် တော့သည်။
ကျိလင်ဖုန်းသည် ကျိမိသားစုမှ ဖြစ်သဖြင့်၊ လင်းယွန်နှင့် ကောင်းမွန်သော ဆက်ဆံ ရေးမျိုး ရှိခဲ့သည်။
မင်ဂိုဏ်းမှာ အပြောင်း အလဲ မရှိဘဲ၊
“ လီယွီရှက သန်မာ ပါတယ် ... ၊ ဒါပေမယ့် သူက ဂီတ အပေါ်သာ အာရုံစိုက် လွန်းတယ်။ ”
-ဟု တုန့်ပြန် လိုက်သည်။
လေဓား သခင် ကလည်း၊
“ လီယွီရှက သတ္တမ သွေးလွှတ်ကြော ဖြစ်ပြီး၊ စစ်ခုန်ယွမ်က နဝမ သွေးလွှတ်ကြော မှာပါ။ ”
-ဟု ဖြည့်စွက် ပြောလာသည်။
“ ဒါဆို ငါတို့ ကြည့်မယ်။ ”
ကျိလင်ဖုန်းက လင်းယွန် အပေါ် ယုံကြည်မှု မရှိ သော်လည်း၊ ၎င်းဘက်မှ အတိုက် အခံ လုပ် ရန်မူ၊ တွန့်ဆုတ်ခြင်း မရှိချေ။
ယဲ့ဇီလင် တစ်ယောက်၊ မျက်မှောင် ကြုတ်ကာ၊ အလေးအနက် စဉ်းစား နေသဖြင့်၊ ‘အသိလား၊’ -ဟု မူရွယ်ချင်းမှ မေးမြန်း လိုက် မိသည်။
“ မဟုတ်ဖူး၊ အဲဒီ လူက ဟိုတစ်နေ့က မိန်ဇီဟော်နဲ့ အတူ ထိုင်နေတဲ့ လူပဲ။ ”
ယဲ့ဇီလင်မှ ပြန်ဖြေ၏။ မူရွယ်ချင်း တစ်စုံ တစ်ရာကို သဘောပေါက် သွားကာ၊ လှောင်ပြုံး ပြုံးလိုက်သည်။
“ သူက သူရဲကောင်း တစ်ယောက် ဖြစ်ချင် နေတာပဲ၊ ဘဝ-သုံးပါး သစ်ပင် ရှေ့မှာ နတ်သမီး လေးနဲ့ ချစ်ခြင်းကို စစ်ဆေး ခံပြီး၊ ...
... ပန်းပွင့် စေခဲ့တာ လူတိုင်း သိကြတယ်၊ ဒီလို အပြောင်း အလဲ မြန်လိမ့်မယ်လို့ ... မတွေး ထား မိဘူး။ ”
“ အဲဒီလိုလား။ ”
ထိုစကားကြောင့် ယဲ့ဇီလင်မှာ၊ သံသယ များဖြင့် ငြိမ်သက် သွားလေသည်။ သွေးမိုးကြိုး စင်မြင့် ပေါ်၌၊ လင်းယွန်က ဝါးခမောက်ကို ချွတ်ကာ ရပ်နေ ခဲ့သည်။
“ အိုး ... နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံလား၊ တကယ်ပဲ မင်းက ... နဂါး သွေးလွှတ်ကြောမှာ ဘာကောင်မှ မဟုတ် ဖူးပဲ။ ”
“ ဒါတော့ အမှန်ပဲ ... ငါ့နာမည်က နဂါး သွေးလွှတ်ကြော အဆင့်မှာ မပါဘူး။ ”
“ ဒီလောက်လည်း နှိမ့်ချ နေဖို့ မလို ပါဘူး၊ စင်ပေါ်ကို တက်လာ ရဲမှတော့ ... ၊ မင်း ပြင်ဆင် ထားမယ် ဆိုတာ၊ ငါ သိတယ်။ ”
စစ်ခုန်ယွမ်မှ ပြုံးပြီး ပေတစ်ထောင် ရှည်သော နဂါး သွေးလွှတ်ကြော ကိုးခုကို ထုတ်ဖော်လျက်၊ လှံအား ဆွဲနှုတ် သည်။
သူ့နောက်၌ နေနှင့်လ တို့ ပေါ်လာပြီး၊ လည်ပတ် တော့သည်။ ယင်းသည် ကောင်းကင် နှင့် မြေကြီး ကိုပင်၊ တုန်လှုပ် စေသော လှံချက် ထွက်ပေါ် လာစေသည်။
မျက်စိတစ်မှိတ် အတွင်း လှံချက်ပေါင်း များစွာဖြင့်၊ လင်းယွန် ဆီသို့ ပစ်ထုတ် ပြေးဝင် လာတော့၏။
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်ကျ သွားခဲ့ကာ၊ ပျင်းပြသော လှံရောင်ဝါ လှိုင်းကို လင်းယွန် ခံစား မိသည်။
“ နေ-လ နိဗ္ဗာန်တော် ... ။ ”
စစ်ခုန်ယွမ်က အော်ဟစ်လျက် လှံရှိ သူတော်စင် ရွှေရူရ်နှင့် ငွေရူရ် တို့ကို အသက် သွင်းကာ၊ ရင်ဘတ်ထံ ဦးတည် ၏။
“ ဝှစ် ... ။ ”
လင်းယွန်က လက်ကို စက်ဝိုင်းပုံ အမြန် ဝှေ့ယမ်းကာ၊ မိုးကြိုး မုန်တိုင်းများ ပါဝင်သော ဒိုင်းအား ဖန်တီး လိုက်သည်။
“ ဖျစ် ဖျစ် ... ။ ”
သူ့နောက်၌ လေသည် လှိုင်းအဖြစ်၊ ဖွဲတည်လျက်၊ လျှပ်စီးသည် ၎င်းနှင့် လာရောက် ပေါင်းစပ် တော့၏။
“ ဝုန်း ... ။ ”
လှိုင်းလုံးကြီး နှစ်ခု တိုက်မိ သွားသော အခါတွင် ပေါက်ကွဲသံများ တဝုန်းဝုန်း ထွက် လာသည်။
ပေါက်ကွဲမှု အတွင်းမှ အကြွင်း အကျန် စွမ်းအင်များက၊ ထိခိုက် သူများကို ဒဏ်ရာ ရရှိ စေနိုင်၏။
သို့သော် နဂါးပြာ အရိုး ရှိနေသော လင်းယွန်မှာ၊ မြေပြင်သို့ ဆင်းသက် လိုက်စဉ် ဒဏ်ရာများ ပြန်၍ ကောင်းမွန် လာသည်။
လှံကို ပစ်ပေါက် လိုက် ကတည်း ကပင်၊ စစ်ခုန်ယွမ်မှ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ကာ၊ နောက်ပြန် ဆုတ်သွားပြီး ဖြစ်သည်။
ထို့ကြောင့် အကြွင်းအကျန် လှိုင်းများ ရိုက်ခတ်ခြင်းမှ လွတ်မြောက် သွားခဲ့၏။ လှံ မှာမူ၊ အရှိန်ဖြင့် ပြန်ကန် လာပြီး၊ ကြမ်းပြင်ပေါ် စိုက်ကျကာ၊ တုန်ခါ နေခဲ့သည်။
ပြုံးလျက် လှံအရိုးပေါ် ခုန်တက်ကာ၊ လေးကိုင်း ကဲ့သို့ ကွေးညွှတ်စေ လိုက်၏။
“ ဝှစ် ... ။ ”
သည့်နောက် ၎င်းအားကို ယူလျက်၊ မျှား တစ်စင်း အလား၊ လင်းယွန်ထံ ပျံသန်းသွားကာ၊ လက်သီးဖြင့် သုံးချက် ထိုးချ ပစ်၏။
“ ဝှစ် ... ။ ”
လက်သီး စွမ်းအင်က ဦးစွာ ပြေးဝင် လာသည်။ သုံးကြိမ် လုံးကို နဂါးရူရ် တစ်သိန်း ဆင့်ခေါ်လျက်၊ လင်းယွန်မှ ပြန်လည် ဖြေရှင်း လိုက်ရသည်။
“ လှံ ... ။ ”
သို့တိုင် စစ်ခုန်ယွမ်၏ အရှိန်က လျော့ မသွားချေ။ လင်းယွန်ရှေ့ ဆင်းသက် လာပြီး၊ လှံအား လက်ဆန့်ကာ ခေါ်ယူ၏။
“ ဝှစ် ... ။ ”
တုန်ခါ နေသော၊ လှံက သူ့လက်ထဲ ပျံတက်လာ သည်နှင့်၊ ရှေ့သို့ လှမ်းထိုး သည်။ လင်းယွန် ခမျာ လျင်မြန်စွာ ရှောင်တိမ်း လိုက် သော်လည်း၊ လှိုင်းများ ရိုက်ခတ် မိသေး၏။
“ သေ ... ။ ”
စစ်ခုန်ယွမ်၏ အရှိန်အဝါများ၊ မြင့်တက် လာပြီး၊ နောက်တစ်ကြိမ် အားယူလျက် ထပ်မံ ထိုးသွင်း လာပြန်သည်။
သို့သော် လင်းယွန်က လေ ရည်ရွယ် ချက်ဖြင့် သူ့ကိုယ်သူ လွှမ်းခြုံကာ၊ ညာလက်ကို ဖြည်းညှင်းစွာ တွန်းထုတ် ပစ်၏။
ထိုလက်ဖဝါးသည် နဂါး လက်သည်း အလား၊ လှံဖျားကို ဖမ်းဆုပ်သည်။ လျှပ်စီးများ လက်လာပြီး၊ စစ်ခုန်ယွမ်၏ လှံကိုင် လက်၊ ထုံကျင် သွား၏။
လှံကိုပင် ဆုံးရှုံးလု နီးပါး ဖြစ်လေသည်။ နဂါး ကိုးကောင်က စူးစူးဝါးဝါး အော်ဟစ်လျက်၊ လှံအား ပြန်ဆွဲ ယူကာ၊ လမ်းကြောင်း ပြောင်း ထိုးသွင်း လိုက်သည်။
ဤတိုက်ခိုက်မှုသည် လင်းယွန် အတွက် မလွယ် လှချေ။ ဗီဇ အသိဖြင့် နဂါး သွေးလွှတ် ကြောကို အသက်သွင်း မိသည်။
ကောင်းကင်မှ ကြီးမားသော ဖိအား တစ်ခု ကျဆင်းလာကာ၊ သူ့အား အချိန်မရွေး ဒုက္ခပေး လာနိုင် သည်ဟု၊ ခံစား ရစေ၏။
“ ဂျိန်း ... ။ ”
မိုးကြိုး တိမ်တိုက်များ စုရုံးလာ သဖြင့်၊ နဂါးမူလကို အတိုင်း အတာ တစ်ခုထိ၊ ပြန်၍ ဖိနှိပ် လိုက်သည်။ သို့မှသာ ကောင်းကင်မှ ဖိအားများ လျော့ကျ သွားတော့၏။
“ ဝှစ် ... ။ ”
စိတ်ဓာတ် ကျရန်၊ အချိန် မရှိ တော့ချေ။ ညာလက်ကို ဆုတ်ခွာပြီး၊ ဘယ်လက်အား တွန်း ပစ်လိုက်သည်။
လေသည် ခုခံ နိုင်စွမ်း မြင့်မား ပြီး၊ လျှပ်စီးသည် တိုက်ပွဲဝင် စွမ်းရည်ကို တိုးစေ၏။ ထို့ကြောင့် စစ်ခုန်ယွမ်၏ တိုက်ခိုက်မှု များကို၊ မိုးပြာ နဂါး ခန္ဓာ ကိုယ်မှ၊ ဖြေရှင်း နိုင်ခဲ့သည်။
သို့သော် တစ်ဖက် လူ၏ တိုက်ပွဲဝင် စွမ်းအားမှာ၊ အရှိန် အဟုတ် မြင့်လာ သဖြင့်၊ တဆုတ်တည်း ဆုတ်ပေး နေရသည်။
အဖြူရောင် ဝတ်ရုံမှာ၊ လေထဲ တဖျပ်ဖျပ် လွင့်လျက်၊ တစ်ဖက်သတ် အရိုက်ခံ နေရ သည် ဟု၊ အများမှ မြင်လာ၏။
သို့သော် သတိထား ကြည့်ပါက၊ စစ်ခုန်ယွမ်၏ လှံကိုင်လက်မှာ၊ တဆက်ဆက် တုန်ယင် နေသည်ကို၊ မြင်ရ ပေမည်။
“ ဖပ် ... ။ ”
ကြည့်နေဆဲ မှာပင်၊ လင်းယွန်က ခေါင်းမော့ပြီး၊ လှမ်းကို ဖမ်းလိုက် ပြန်သည်။ စစ်ခုန်ယွမ် ခမျာ ထိတ်လန့် စွာဖြင့်၊ လှံအား ချက်ချင်း ပြန်ဆွဲ၏။
သို့သော် လျှပ်စီး ထိမှန်ကာ၊ တုန့်ဆိုင်း သွားသောကြောင့်၊ သူ့လှံ ဖျားအား တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ခြင်း ခံလိုက် ရသည်။
“ ဟိတ် ... ။ ”
ချက်ချင်း အထိတ် တလန့် ဖြစ်လာ၏။ လှံအား လှုပ်ခါ ဆွဲယူစဉ်၊ လင်းယွန်မှ လျှပ်စီး အလား သူ့ကို ဂျွမ်းပစ် ကျော်လွှား သွားကာ၊ ကျောပြင်ထံ၊ ရိုက်ချ လာသည်။
“ ဘုန်း ... ။ ”
“ အား ... ။ ”
ဤတိုက်ခိုက်မှုသည် လျင်မြန်ပြီး ရက်စက် ချေ၏။ စစ်ခုန်ယွမ်၏ နာကျင်စွာ အော်ဟစ် သံ ကို၊ လူတိုင်း ကြားလာ ရသည်။
အရာ အားလုံး လျင်မြန် လွန်းချေပြီ။ မျက်နှာရှုံ့တွ နေသော စစ်ခုန်ယွမ် ထံမှ လှံကို ဆွဲယူကာ၊ ဓားကဲ့သို့ လှံဖျားဖြင့်၊ ခုတ်ချ လိုက်သည်။
လက်ဖဝါး ရိုက်ချက်ကြောင့်၊ လွင့်စဉ် နေသော၊ စစ်ခုန်ယွမ်မှာ လှံကို လုယူ ခံလိုက် ရပြီး၊ ရင်ဘတ်၌ ပူခနဲ ဖြစ်သွား၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် သွေးအန်လျက်၊ ကြမ်းပြင်ပေါ် ပြုတ်ကျ သံမှ လွဲပြီး၊ မည်သည့် အသံမျှ မထွက် လာ တော့ချေ။ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့သည်။
“ မင်း ... ။ ”
ဒေါသကြောင့် ချက်ချင်း ထရပ်ကာ၊ လင်းယွန်အား ထပ်မံ ပြေးဝင် လိုက်ပြန်သည်။ လင်းယွန်မှ နဂါးရူရ် တစ်သိန်းကို ခေါ်လျက် လှံဖြင့် ပစ်ပေါက် လိုက်၏။
တစ်ဆက်တည်း မှာပင် လက်ဖဝါးအား၊ လှံနောက် အမြီးထံ ရိုက်ပစ် လိုက်ရာ၊ အဟုန်မှာ နှစ်ဆ တိုးလျက်၊ ပျံသန်း လာသည်။
စစ်ခုန်ယွမ် တစ်ယောက်၊ ခြေလှမ်း တစ်လှမ်း လှမ်းကာ၊ နောက် တစ်လှမ်း လေထဲ လှမ်းမိစဉ်၊ ရင်ဘတ်၌ စူးအောင့် သွားသည်။
“ အ ... ။ ”
လေထဲ မြောက်တက် သွားပြီး၊ လှံဖျားက ကျောမှ ဖောက်ထွက်ကာ၊ ကြမ်းပြင်တွင် ‘သပ်’ တစ်ချောင်း ကဲ့သို့၊ စိုက်ဝင် သွားတော့၏။
လင်းယွန်က စင်မြင့်ပေါ် ဆင်းလာစဉ်၊ စစ်ခုန်ယွမ် ခမျာ ဆံပင်များ ရှုပ်ထွေးလျက်၊ မျက်နှာ ဖြူဖျော့ နေချေပြီ။
လက်နှစ်ဖက်ဖြင့် လှံကို ဆုပ်ကိုင်ကာ၊ ဖြည်းညှင်းစွာ ဆွဲထုတ်၏။ သို့သော် လှံကို ကိုင် လိုက်ချိန်၌၊ လျှပ်စီးများ လက်လာပြီး၊ ထုံကျင် သွားရသည်။
“ ဝေါ့ ... ။ ”
လှံဖျား လွတ်ထွက် လာ သည်နှင့်၊ ချက်ချင်း ထရပ် လိုက်သော်လည်း၊ ဒူးတစ်ဖက် ထောက် ကျ သွားကာ၊ သွေးများ အန်လာ လေသည်။
“ တိုက်ပွဲ အတွက် ကျေးဇူးတင်ပါတယ်။ ”
လင်းယွန်က လက်ဝှေ့ ယမ်းကာ ဆို၏။ ယင်းကြောင့် ရှုံးနိမ့် သွားမှန်း အသိဝင် လာကာ၊ စစ်ခုန်ယွမ် တစ်ယောက် မျက်နှာ ပျက်ယွင်း သွားသည်။
ဒူးထောက် နေသော သူ၏ လက်ရှိ အသွင်ကြောင့်၊ တွင်းတူးပြီး ပုန်းချင် စိတ်များ ပေါ်လာ၏။ မိုးကြိုး ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
မင်ဂိုဏ်းမှ ယွီဝမ်ရှုက စကား မပြောနိုင် တော့ဘဲ၊ ငေးကြည့် နေမိသည်။ လေဓား သခင် သည်ပင်၊ အနည်းငယ် မှင်တတ် သွား၏။
“ ဟား ... ဟား ... ဟား ... ၊ ကောင်းတယ် အရမ်း ကောင်းတယ် ... ၊ သူ့ကို ဂီတ သမားလို့ ဘယ်သူ ပြောနိုင်လဲ၊ မင်းဂိုဏ်းရဲ့ အမြင်က တကယ် အားနည်းတာပဲ။ ”
ထိုအချိန်တွင် ကျိလင်ဖုန်း၏ ရယ်မော သံကြီးက၊ ကျက်သရေ မရှိစွာ၊ ထွက်ပေါ် လာ တော့သည်။
***