နတ်မီးတောက် လက်သီး။
Vol. 127 Ch. 1776
ရေေနွးကြမ်း သောက်ပွဲ၏ စည်းမျဉ်းများ အရ၊ အနိုင်ရ သူသည် ချက်ချင်း ထွက်ခွာခွင့် မရှိ ချေ။
ပြိုက်ဘက်၏ နောက်ခံ ဂိုဏ်းမှ ထပ်မံ တိုက်ခိုက် လိုပါက၊ ဆက်လက် တိုက်ပွဲဝင် ပေး ရသည်။
၎င်းတို့မှ လက်စား ချေလိုခြင်း မရှိသော်၊ အခြားသော အင်အားစု များ၊ ကြိုးစား နိုင်ပေ ၏။ ထို့ကြောင့် ယွီဝမ်ရှုမှ စကား တစ်ခွန်းမျှ မဆိုသော အခါ၊
“ ကောင်းကင် မီးလျှံ ဂိုဏ်းရဲ့ ... ရန်ယုက နိဗ္ဗာန် ပွဲတော် ချန်ပီယံကို စိန်ခေါ်ဖို့၊ စိတ်ဝင်စား ပါတယ်။ ”
-ဟု ဆိုပြီး၊ လူတစ်ယောက် စင်မြင့်ပေါ် ပျံသန်း လာသည်။
ရန်ယုသည် အဆင့် (၈၇) တွင် ရပ်တည် ထားနိုင်ပြီး၊ စစ်ခုန်ယွမ်ထက် အဆင့် (၁၀)ဆင့် မြင့်သည်။
ကောင်းကင် မီးလျှံ ဂိုဏ်းမှာပင်၊ ရာထူး ကြီး၏။ စင်မြင့်ပေါ် ရောက်သည်နှင့် လင်းယွန် ထံ၊ အရှိန် ပြင်းပြင်းဖြင့် ပြေးဝင် တော့သည်။
မီး ရည်ရွယ်ချက်ကို ထုတ်ဖော် ထား သောကြောင့်၊ သွေးမိုးကြိုး ရင်ပြင်သည် မီး ပင်လယ် ဖြစ်လာ၏။
“ ဝှစ် ... ။ ”
လင်းယွန်က သူ့လက်ဖဝါးကို တွန်းထုတ် လိုက်ရာ၊ နဂါးသည် သူ့လက်မောင်း၌ ရစ်ခွေ လျက် ပြေးထွက် သွားသည်။
လေက မီးကို ဓားကဲ့သို့ ဖြတ်တောက် လိုက်၏။
“ နေကိုးစင်း ... ။ ”
ထိုအချိန်တွင် တိုက်ပွဲအား အမြန် အဆုံးသတ် လိုသော ရန်ယုက၊ အစွမ်း အထက် ဆုံး တိုက်ခိုက်မှုကို၊ ဆက်၍ အသုံးပြု လာ၏။
လက်ဖဝါးမှ နေကိုးစင်း ပျံထွက် လာပြီး၊ အလွန် ကြီးမားသော မီးလက်ဖဝါးကြီး အသွင်၊ ပေါင်းစည်း သွားသည်။
အတွင်း၌ သူတော်စင် ရူရ်များ ပါရှိပြီး၊ မည်မျှ ပြင်းထန် သည်ကို၊ မြင်သာ၏။ သို့သော် ဓား နှလုံးသားက အားနည်းချက် (၆)ခုကို ချက်ချင်း တွေ့သည်။
ယင်းကြောင့် နဂါး ထွက်သက်၊ နေ-လ လက်သီး၊ နတ်နဂါး ပျံသန်းခြင်း တို့ဖြင့်၊ ဖြေရှင်း နိုင်မှန်း သိသော်လည်း၊ ခေါင်းယမ်း မိသည်။
“ ဟိတ် ... ။ ”
ကောင်းကင်သို့ ပျံတက်ကာ၊ ဓားကို ဆင့်ခေါ်ပြီး၊ လက် နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ၊ နေကိုးစင်း ပေါင်းစည်း ထားသော မီး လက်ဖဝါးထံ၊ ခုတ်ချပစ် လိုက်သည်။
လက်ဖဝါးရှိ သူတော်စင် ရူရ်များ ပျက်စီး ကုန်၏။ မီးရည်ရွယ်ချက် သည်လည်း၊ ချက်ချင်း ပြိုကျ သွားသည်။
“ ဘာ လဲ ဟ ... ။ ”
သူ၏ အစွမ်း ထက်သော တိုက်ခိုက်မှုကို လွယ်ကူစွာ ဖြေရှင်း ပြလာ သဖြင့်၊ ရန်ယု ခမျာ အံသြ သွားလေသည်။
“ ဝှစ် ... ။ ”
လက်ကို မြှောက်လျက်၊ နောက်တစ်ကြိမ် ရိုက်ချမိ ပြန်၏။ သို့သော် လင်းယွန်မှ ခြေလှမ်း တစ်လှမ်း လှမ်းတက် လိုက်ရာ၊ သူ့ရှေ့ ရောက်ရှိ လာသည်။
ဤအချက်က နဂါး မူလအား အကာ အကွယ် အဖြစ် ပြောင်းလဲလျက်၊ လက် အမြန် ပြန်ရုတ် မိသည်။
သူ့ခန္ဓာ ကိုယ်မှ မီးတောက်များ လျှံထွက် လာပြီး၊ ရွှေရောင် အဆင်း များက၊ ဒိုင်း သဖွယ် ကာကွယ် ပေးသည်။
၎င်းတို့ အားလုံးသည် မဟာ နေမင်း သူတော်စင် ရူရ်များ ဖြစ်ပြီး၊ ခုခံ ကာကွယ်မှု အတွက်၊ အထူးပြု ချေ၏။
“ ဝုန်း ... ။ ”
သို့သော် လင်းယွန် ဓားကို အထင်သေး မိကြောင်း၊ မကြာခင် သိလိုက် ရသည်။ အလင်း ဒိုင်းကြီးမှာ၊ တို့ဟူး အလား ကွဲထွက် သွားပြီး၊ ပေါက်ကွဲ ကုန်၏။
ဤမြင်ကွင်းက ရန်ယုကို တုန်ယင် သွားစေသည်။ သူ အသိစိတ် ဝင်လာသော အခါ၌၊
“ မင်း အနိုင်ပြီ ... ။ ”
-ဟု အမြန် အော်ဟစ် လိုက်၏။
မဟုတ်သော် အလင်းဒိုင်းကို ဖြတ်သန်း လာသော ဓားသည်၊ အသက်အား မချွေ သော်မှ၊ အိပ်ယာထဲ လှဲလျောင်း စေနိုင်သည်။
“ သူက ဓားသမားပဲ ... ။ ”
အားလုံးက လင်းယွန်ထံ ပြန်ကြည့်သည်။ မြင့်မြတ် မြေ၏ ပါရမီရှင် များပင် အံ့ဩ ကုန်၏။ သည့်နောက် အချိန် အတော် ကြာသည့်တိုင်၊ မည်သူမျှ ထွက် မလာ ခဲ့ချေ။
အဆုံးတွင် နတ် ဖီးနစ်တောင်မှ တစ်စုံ တစ်ယောက် ထရပ် လာသည်။
“ နိဗ္ဗာန် ပွဲတော်ရဲ ချန်ပီယံ ... ၊ ဂီတ သမားဖြစ်တဲ့ မင်းရဲ့ ဓားက ငါ့ကို စိတ်ဝင်စား စေတယ်၊ အလင်း ပြပါ။ ”
ဤရေနွေးကြမ်း သောက်ပွဲသည် တဖြည်းဖြည်း အရှိန် ရလာပြီ ဖြစ်ကြောင်း၊ လူတိုင်း နားလည် ကုန်သည်။
အဘယ်ကြောင့် ဆိုသော် လူငယ်သည်၊ ကျန်းယွီ ဖြစ်ပြီး အဆင့် (၃၇)တွင် ရပ်တည်နေ သောကြောင့် ဖြစ်၏။
အဆင့် (၁၀၀) အတွင်း ဝင်သူ များသည် ထိပ်တန်း ပါရမီရှင်များ ဖြစ်ပြီး၊ အဆင့် (၅၀) ဟူသည်၊ နဂါး သွေးလွှတ်ကြော ပေ(၂၀၀၀) ပိုင်ဆိုင်ထား သူများ အတွက် ဖြစ်သည်။
စစ်ခုန်ယွမ်နှင့် ရန်ယုသည် သန်မာ သော်လည်း၊ အဆင့် ရာဂဏန်း ၌သာ ရှိကြ သဖြင့်၊ ဤကျန်းယွီအား ယှဉ်၍ မရချေ။
၎င်း၏ ခွန်အားကြောင့်၊ နတ်ဖီးနစ် တောင် ၌ပင်၊ မျိုးဆက်သစ် လူငယ်များ ကြား၊ ပါရမီရှင် တစ်ဦး အဖြစ်၊ ရပ်တည်ထား နိုင်သည်။
လောက နိယာမ နယ်ပယ်သို့ ကျိလင်ဖုန်း ရောက်ရှိ သွား ပါက၊ ၎င်းနေရာအား ဆက်ခံနိုင် မည်ဟု၊ ယူဆ ထား ကြ၏။
“ ကျန်းယွီ ထွက်လာ တာလား၊ သူက ထိပ်ဆုံး (၁၀)ဦး စာရင်းမှာ ပါဝင်ဖို့ ... အခွင့်ရေး ရှိတယ်၊ သူ အခုလို ထွက်မလာ သင့်ဘူး။ ”
“ လင်းရှောင်က မြင့်မြတ်မြေ တွေကို၊ ဖိအားပေး လာတာကိုး၊ ဒါကြောင့် သူ မထွက်ဘဲ မနေ နိုင်တာ။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ထွက်ပေါ် လာသည်။ လူတိုင်း လင်းယွန်အား အကောင်း မြင်ခြင်း မရှိချေ။
ကျန်းယွီသည် နတ်ဖီးနစ် တောင်တန်းမှ ပါရမီရှင် ဖြစ်ပြီး ကျော်ကြားမှုမှာ ကျိလင်ဖုန်း နီးနီး လိုက်သည်။
“ ကျန်းယွီက လင်းရှောင်ကို ဖိအား ပေးနိုင်မယ် ထင်ပါတယ်။ ”
မင်ဂိုဏ်းမှ ယွီဝမ်ရှုက ပြုံးကာ ပြော လိုက်သည်။ ကျိလင်ဖုန်းမှ နှုတ်ဆိတ် နေပြီး၊ စကား တစ်ခွန်းမျှ မဆိုချေ။
မည်သူ အနိုင် ရသည် ဖြစ်စေ၊ သူ့အား အဆင် မပြေသော အနေအထား ရောက်ရှိ စေ ပေမည်။ ထို့ကြောင့် ကျန်းယွီ အနိုင် ရရန်သာ မျှော်လင့် မိသည်။
“ အစ်မ ... ၊ ဘယ်သူ နိုင်မယ် ထင်လဲ။ ”
ယဲ့ဇီလင်မှ ရုတ်တရက် လှည့်မေး သည်။
“ လင်းရှောင်လို့ ခံစား ရတယ်။ ”
မူရွယ်လင်းက ခပ်တိုးတိုး ပြန်ဖြေ၏။ ယဲ့ဇီလင်မှ ငြိမ်သက်သွား သော်လည်း၊ သူမ သည်လည်း ထိုသို့ ခံစား နေရသည်။ ယင်းက အံဩစရာ ဖြစ်၏။
“ နိဗ္ဗာန် ပွဲတော်မှာ၊ ပထမ ရထားပြီး၊ ဒီလောက် အထိ လာနိုင်တာ၊ ချီးကျူး စရာပါ၊ ဒါပေမယ့် မင်း ခရီးက ပြီးဆုံးပြီ။ ”
ကျန်းယွီက ပြောသည်။ ဤရေနွေးကြမ်း သောက်ပွဲသို့ လာရသည့် အကြောင်းရင်း နှစ်ရပ် ရှိသည်။
“ ဒီလိုပဲ ပြောကြတာပါပဲ။ ”
လင်းယွန်မှ ပြန်ပြော၏။
“ ဒါဆို စရအောင်။ ”
ကျန်းယွီမှ လေးနက်သော အကြည့်ဖြင့် လျှောက်လှမ်း လာ၏။ လင်းယွန်၏ ရုပ်ခန္ဓာမှာ သန်မာပြီး၊ ပြန်လည် ကောင်းမွန် နိုင်စွမ်း မြင့်မားကြောင်း၊ သူ သတိ ထားမိသည်။
ထို့ကြောင့် နတ်ဖီးနစ် တောင်၏ အသန်မာဆုံး နတ်မီးတောက် လက်သီးကို ချက်ချင်း ထုတ်ဖော် လိုက်သည်။
ဤကိုယ်ခံ ပညာသည် မြင့်မားသော မီးရည်ရွယ်ချက် လိုအပ်ပြီး၊ တွဲဖက်ရန် အတွက် နတ်ဖီးနစ် စွမ်းအင် ကျင့်ကြံမှု နည်းစနစ်အား လေ့ကျင့် ရပေသည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် သူ့ လက်သီးချက် များသည် သဘာဝ အတိုင်း ကြောက်မက်ဖွယ် ကောင်း၏။ မီးလျှံ များက သမုဒ္ဒရာ အလား၊ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးလွှမ်း လာသည်။
တစ်ပြိုင်နက် တည်းမှာပင် သူ့နောက်၌ ပေ(၂၀၀၀) ရှည်သော နဂါး ကိုးကောင် ပေါ်လာ ခဲ့သည်။
“ မိုးပြာ နဂါး လက်သည်း ... ။ ”
လင်းယွန်မှ ဓားကို လွှဲခုတ် လိုက်၏။ ဓားအလင်းက မိုးပြာ နဂါး လက်သည်း အလား ပြေးထွက် သွားသည်။ နှစ်ဦးသား လက်ရည် တူနေ၏။
“ အထင်ကြီး စရာပဲ ... ။ ”
ယင်းကို ကျန်းယွီမှ မျှော်လင့် ထားပြီး ဖြစ်သည်။ ခြေထောက် အောက်၌ မီးပင်လယ် ကြီးကို ပြန်လည် ဖွဲ့စည်းကာ၊ နောက်ထပ် လက်သီး တစ်လုံး၊ ပစ်သွင်း လိုက်သည်။
ဤတစ်ကြိမ်တွင် မီးတောက် များသည် ကြီးကျယ် ခမ်းနားသော တံတိုင်းကြီး တစ်ခု သဖွယ်၊ လောင်ကျွမ်း လာ၏။
တစ်ဖက်တွင် လင်းယွန် ဓားမှလည်း၊ (၁၀)ပေ ရှည်သော နဂါး အမြီး ကဲ့သို့၊ ဓား အလင်းများ ထွက်လာသည်။
ဓားအလင်း သွားရာ လမ်းတစ်လျှောက် လျှပ်စီး ကြောင်းများ ဖျစ်ဖျစ် မြည်သွား တော့ ၏။
“ ခရစ် ... ။ ”
ကျန်းယွီ ဖန်တီး ခဲ့သော မီးတံတိုင်းကို နှစ်ခြမ်းခွဲလျက် ဓားရောင်ခြည်များ ဆက်ကာ တိုးဝင် သွားသည်။
ဤတိုက်ပွဲကို ကြည့်နေ သူများ အားလုံး မျက်လုံးပြူး ကုန်၏။ တိုက်ပွဲမှ ပျံ့လွင့် ခဲ့သော အကြွင်းအကျန် လှိုင်းများ သည်ပင်၊ အဆင့် (၁၀၀) အတွင်း မဝင် သူများကို၊ ဒဏ်ရာ ပေးနိုင်သည်။
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
မျက်စိတစ်မှိတ် အတွင်း လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်သွား၏။ ကျန်းယွီက ခြေလှမ်း များစွာ၊ နောက်ပြန် ဆုတ်မိသည်။
သို့သော် ဆုတ်ခွာ နေစဉ် လက်ဖဝါးကို ကြမ်းပြင်ပေါ် ဖိလိုက်၏။ မီးပင်လယ် မှသည် လှိုင်းလုံးကြီး တစ်ခု ကြွတက် လာသည်။
“ ကြက်သွေးရောင် မီးမုန်တိုင်း။ ”
လက်သီး ဆုပ်ပြီး အော်ဟစ် လိုက်သော အခါ၊ အရာ အားလုံးကို လက်သီးမှ စုပ်ယူ သွား သည်ဟု၊ ထင်မှား လာစေ၏။
ဤသည်မှာ နတ်မီးတောက် လက်သီး၏ သေစေ နိုင်သော လှုပ်ရှားမှု (၃)ခု အနက်မှ (၁) တစ်ခု ဖြစ်သည်။
“ မိုးပြာ နဂါး ဦးချို။ ”
လင်းယွန်က တစ်ချက်သာ မော့ကြည့်၏။ တစ်ဖက် လူ၏ လက်သီးသည် ကြောက်စရာ ကောင်းလှ သဖြင့်၊ မိုးပြာ နဂါး ဦးချို နှင့်သာ ဖြေရှင်း နိုင်မည်။
“ ဝှစ် ... ။ ”
နေနတ်ဘုရား ဖမ်းဆီးခြင်းကို အကောင် အထည် ဖော်လျက်၊ နောက်ဆက်တွဲ ပုံရိပ်များ အထပ်ထပ် ချန်ကာ၊ ရှေ့သို့ ဓားဖြင့် လှမ်းထိုး လိုက်၏။
မျက်စိတစ်မှိတ် အတွင်း၊ အရာ အားလုံး ဖြစ်ပျက် သွာလေသည်။ ပန်းသင်္ချိုင်း ဓားထံမှ၊ နဂါး ဟောက်သံများ ထွက်လာ၏။
ဓားရောင်ခြည်သည် လျှပ်စီးများ လက်နေသော ဦးချို အသွင် ပေါ်လာကာ၊ မီး မုန်တိုင်းကို ဖြတ်ဆီး သွားလေသည်။
“ မင်း ... ။ ”
ကျန်းယွီမှာ အံ့သြ သွား၏။
“ ပြန်ယူ လိုက် ... ။ ”
လင်းယွန်က အော်ဟစ်လျက်၊ ဓားအား မုန်တိုင်း သဖွယ် ခုတ်ချရာ၊ ဓား အလင်းများ ပြေးထွက် လာသည်။
“ သနားစရာ ကောင်းလိုက်တဲ့ ကစားကွက် လေးတွေ။ ”
မီးလျှံများ ကျန်းယွီ ခန္ဓာမှ ပေါက်ကွဲ လာကာ၊ လက်သီး နှစ်ချက်ဖြင့် ပြန်၍ ထိုးနှက် တော့သည်။
လက်သီး များက နဂါး အကြေးခွံကို ထိမှန်ပြီး၊ မီးပွားများ ပွင့်ကုန်၏။ လှိုင်းလုံးကြီး တစ်ခု သည်လည်း၊ ပျံ့ကား လာသည်။
“ မိုးပြာ နဂါး မျက်လုံး။ ”
ပန်းသင်္ချိုင်း ဓားမှ စူးရှသော အလင်းများ ထုတ်လွှတ်ကာ၊ ကမ္ဘာကြီး တစ်ခုလုံး မှောင်ကျ သွားသည်။
အမှောင်ထဲ လင်းနေသော ပန်းသင်္ချိုင်း ဓားထံ ကျန်းယွီက မော့ကြည့်၏။ မျက်ဝန်းများ ကျိန်းတွ လာသဖြင့်၊ ချက်ချင်း ဆုတ်ခွာ လိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်၌ လျှပ်စီး တစ်ချက် လက်သွားပြီး၊ သူ့ရင်ဘတ် ပေါ်သို့၊ ဓား တစ်လက် ကျလာ၏။
“ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ ဒါက နဂါး မိသားစုရဲ့ ဓားရေးပဲ၊ အစွမ်းထက် လိုက်တာ ... ၊ ကျန်းယွီကို ပွဲစ တည်းက ဖိနှိမ်ထား နိုင်တယ်။ ”
လင်းယွန်၏ ခွန်အားကြောင့် သွေးမိုးကြိုး ရင်ပြင်ရှိ လူတိုင်း မျက်လုံးပြူး ကုန်၏။
“ နတ်ဖီးနစ် တောင်က အထင်ကြီး စရာလည်း မရှိ ပါလား။ ”
မင်ဂိုဏ်းမှ ယွီဝမ်ရှုမှ ပြုံးကာ လှောင်ပြောင် လိုက်သည်။
“ ကျန်းယွီ ... ရပ်လိုက်တော့ ... ။ ”
ကျိလင်ဖုန်းမှ ဟန့်တား လိုက်၏။ သူ့ ဂျူနီယာသည် လင်းရှောင်၏ ပြိုင်ဘက် မဟုတ် ကြောင်း၊ မြင်သာ ချေပြီ။ ဆက်လက် တိုက်ခိုက် ရန်မှာ အဓိပ္ပာယ် မရှိချေ။
“ အစ်ကိုကြီး ... ၊ ရလဒ်က ဆုံးဖြတ်လို့ မရသေး ပါဘူး၊ ငါ့ကို နည်းနည်းလောက် ကြိုး စားခွင့် ပေးပါ။ ”
ကျန်းယွီက ငြင်းဆန်သည်။ အဆုံးတွင် ကျိလင်ဖုန်းမှ ခေါင်းညိတ်ကာ ပါးစပ် ပိတ်လိုက် ရ၏။
ကျန်းယွီက လင်းယွန်အား ပြန်ကြည့်ကာ၊
“ မင်းရဲ့ ... ဓားရေးက မဆိုး ပါဘူး၊ ဒါပေမယ့် ငါ့ကို အနိုင်ယူ နိုင်မယ်လို့ ထင်ရင် တော့ ... သနား စရာပဲ။ ”
“ မဆိုး ဖူးလား ... ၊ နဂါး မိသားစုရဲ့ ဓားရေးကို မင်းက ဒီလို ပြောဖို့၊ အရည်အချင်း ရှိတယ် ထင်လား။ ”
“ စကား မများနဲ့ တိုက်ပြီးမှ ဒါကို ထပ်ပြောကြ ရအောင်။ ”
ကျန်းယွီ တစ်ယောက် ဒေါသ ထွက်လာ တော့သည်။ ဤတစ်ကြိမ်တွင် အလေးအနက် ထားလိုက်ပြီ ဖြစ်ရာ၊ အနိုင်ယူ နိုင်မည်ဟု ယုံကြည်၏။
***