← Chapters

ငါ့ရှေ့ မှာတော့ ... ၊ မင်းက ဘာကောင်မှ မဟုတ် ပါဘူး။

Vol. 127 Ch. 1777

ငါ့ရှေ့ မှာတော့ ... ၊ မင်းက ဘာကောင်မှ မဟုတ် ပါဘူး။

Vol. 127 Ch. 1777

လေထု အတွင်း ဖီးနစ် အော်ဟစ် သံများ အဆက် မပြတ် ပဲ့တင်ထပ် နေကာ၊ ကျန်းယွီ၏ အငွေ့ အသက်များ မြင့်တက် လာသည်။

မြင့်မားသော အပူချိန်ကြောင့် ခန္ဓာကိုယ် နီရဲပြီး၊ ရူရ်များ လင်းလက် လာ၏။ ကြမ်းပြင်မှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ် လာသည်။

“ ကြက်သွေးရောင် မီးအိုးကြီး ... ။ ”

ဤသည်မှာ နတ်မီးတောက် လက်သီး၏ ဒုတိယ ပုံစံ ဖြစ်သည်။ တိုက်ခိုက်မှု စွမ်းအား သည်၊ အထွတ် အထိပ် တစ္ဆေ ဝိညာဉ် ပညာ အဆင့်နှင့်၊ နီးကပ် နေ၏။

“ ဟိတ် ... ။ ”

ခန္ဓာ ကိုယ်သည် မီးအိုးကြီး ဖြစ်သည်။ သွေးများကို လောင်ကျွမ်းလျက်၊ လက်သီးပေါင်း (၃၆)ချက်ကို ထုတ်လွှတ် လိုက်သည်။

လက်သီး တစ်ချက် စီသည် ရွှေရောင် မီးလုံးကြီး ကဲ့သို့၊ ကောင်းကင်မှ ဆင်းသက် လာသည်။

၎င်းသည် ဧရိယာ အပြည့် ဖုံးလွှမ်းထား သဖြင့်၊ လင်းယွန် အတွက် ရှောင်တိမ်းရန် အခွင့် အရေး မရှိချေ။

သေွးမိုးကြိုး ရင်ပြင် တစ်ခုလုံး အပူချိန် မြင့်မား လာကာ၊ လူတိုင်း ချွေးပေါက်ပေါက် ကျလာ တော့သည်။ မီးဖိုထဲ ထည့်ဖုတ်ထား သကဲ့သို့ ခံစား လာရ၏။

“ ဟမ့် ... ဒီတိုက်ခိုက်မှုကို ... ၊ ထိပ်ဆုံး ဆယ်ဦး အတွက် ... ၊ ငါ ပြင်ဆင် ထားခဲ့တာ၊ ချို့ယွင်းချက် တွေ့ရင်တောင်၊ မင်း ... ဖျက်ဆီးလို့ မရနိုင် ပါဘူး။ ”

ကျန်းယွီက အရူး တစ်ယောက်လို ဟစ်အော်သည်။ လင်းရှောင်၏ ကျင့်ကြံမှုသည် သတ္တမမြောက် နဂါး သွေးလွှတ် ကြော နယ်ပယ် တွင်သာ ရှိသည်ကို သူ သိ၏။

ထို့ကြောင့် အားနည်းချက်ကို မြင်လျှင်ပင်၊ တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ယုံကြည်၏။

“ မင်းကြည့်ရတာ ဓားသမား တေွကို ကောင်းကောင်း နားမလည် သလိုပဲ၊ ဓားသမား တိုင်းမှာ ပြိုင်ဘက်ကင်း အမြင် ရှိတယ်။ ”

စကားဆုံး သည်နှင့် သူ့ဓားကို ဆွဲထုတ် လိုက်သည်။ မိုးပြာ နဂါးနှင့် ဓားအား ပေါင်းစပ် ထားသဖြင့်၊ လေဟာနယ် အက်ကွဲ သွား၏။

“ ရွှပ် ... ။ ”

မြင်သာသော လှိုင်း ဂယက်များ လေထဲ ပျံ့နှံ့လာစဉ်၊ ရှေ့သို့ လှမ်းတက်ကာ ထိုးသွင်း လိုက်သည်။

ဤတိုက်ခိုက်မှုတွင် နည်းစနစ် မပါချေ။ နဂါးဓား ရည်ရွယ်ချက်နှင့်၊ နဂါး မူလ အပေါ် ၌သာ၊ အားကိုး ထားခြင်း ဖြစ်သည်။

အားကောင်းသော သိုင်း ရည်ရွယ် ချက်ကြောင့်၊ သူ့ရောင်ဝါမှ လောက နိယာမ နယ်ပယ်သို့ ရောက်လု နီးနီး ဖြစ်လာ၏။

အဟုန်မှာ မယုံနိုင် လောက်အောင် မြန်ဆန်လှ သဖြင့်၊ တိုက်ပွဲ စင်မြင့်ပေါ် ပက်ဖြန်း ထားသော သူတော်စင် သွေးများ တုန်ခါ လာသည်။

မီးအိုးကြီး အဖြစ်၊ ပေါင်းစပ် ထားသော မီးလုံး (၃၆)လုံးသည်၊ ပြန်လည် ကွဲကွာလျက် ပြိုကျ ကုန်၏။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ် အန်လျက် ကောင်းကင်မှ ပြုတ်ကျ သွားသည်။

“ ကောင်းကင် အမိုးဓား ရည်ရွယ်ချက်။ ”

“ ဒါ ကောင်းကင် အမိုးဓား ရည်ရွယ်ချက် မဟုတ် ဖူးလား၊ ဒါပေမယ့် မဟုတ်ဖူး လို့လည်း ခံစား နေရတယ်။ ”

“ အမှန်တော့ ... မိုးပြာ နဂါးနဲ့ အမည်ခံ ကောင်းကင် အမိုးဓားကို ... ပေါင်းထား တာပါ၊ စစ်မှန်တဲ့ ကောင်းကင် အမိုးဓား မဟုတ်ဘူး။ ”

“ ဒီကောင်က တကယ်ကို ဘီလူးပဲ၊ သူ့လို ဓားသမားက နိဗ္ဗာန် ပွဲတော်ကို၊ ဘာ သွားလုပ် တာလဲ။ ”

သွေးမိုးကြိုး ရင်ပြင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်လာသည်။ လင်းယွန်က ကောင်းကင် အမိုးဓား အဆင့် မီအောင်၊ သိုင်းရည်ရွယ်ချက် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။

နှင်းသခင် သခင်က၊ ဆောင်းဦး တောင်တန်း သခင်အား အံ့သြစွာ ကြည့်မိသည်။

“ ဒါက တကယ်ပဲ ကောင်းကင် အမိုးဓား ရည်ရွယ်ချက် ပဲလား၊ ဓားစွမ်းရည် အရ ဆိုရင်၊ သူက အကြွင်းမဲ့ ကောင်းကင် မြို့တော်၊ ဒါမှ မဟုတ် ဓားစံအိမ်ရဲ့ ... ထိပ်တန်း ဓားသမား အဆင့် မျိုးပဲ။ ”

“ အဲဒီလိုတော့ မထင်ဘူး ... ၊ မိုးပြာ နဂါး ရည်ရွယ်ချက်နဲ့၊ ဓားကို ပေါင်းစပ် လိုက်တာလို့ မြင်တယ်၊ မိုးပြာ နဂါး ရည်ရွယ်ချက်က စတုတ္ထ တန်း အထွတ်အထိပ်ကို ရောက်နေတော့ အရမ်း အစွမ်းထက် လာတာ။ ”

ဆောင်းဦး တောင်တန်း သခင်က ခေါင်းယမ်းကာ ဖြေသည်။

“ စတုတ္ထတန်း အထွတ်အထိပ်လား။ ”

သခင် လေးပါးမှာ တဖြည်းဖြည်း လေးနက်သော အမူအရာများ ဖြစ်ပေါ် လာ ကြသည်။

ဤဓားသည် သူတို့ကို အံ့အားသင့် စေသည်သာ မက၊ မြင့်မြတ် မြေမှ ပါရမီရှင်များ ကိုပင်၊ မျက်မှောင်ကြုတ် သွားစေသည်။

ဤလူ အပေါ် အလေးထား ဆက်ဆံရန် အသိ ဝင်လာ၏။ အထူး သဖြင့် လေဓား သခင် ဖြစ်သည်။

အနောက်ဘက် ဥယျာဉ် ဧည့်ခံပွဲတွင်၊ သူ ဂရုမစိုက် ခဲ့သော လင်းရှောင်သည်၊ အချိန်တို အတွင်း များစွာ သန်မာ လာချေပြီ။

ကောင်းကင် တာအို ဂိုဏ်း၏ ရှယွင်ကွီက ရုတ်တရက် ပြုံးလိုက်ပြီး၊

“ လေဓား သခင်၊ မင်း အဆင် ပြေလား၊ လင်းရေှာင် စိန်ခေါ် မှာကို ... ကြောက်နေ တာ တော့ ... ၊ မဟုတ်ပါ ဖူးနော်။ ”

“ ရေတွင်း ထဲက ... ဖားသူငယ်ရဲ့ အဓိပ္ပါယ်ကို ပြောပြခွင့် ရရင် ဝမ်းသာ စရာပါ၊ ထိပ်ဆုံး အဆင့် (၁၀) အတွင်းမှာ၊ ဓားသမား တစ်ယောက်မှ မပါဘူး။ ”

လေဓား သခင်က ပြုံးကာ ပြန်ပြော၏။ တစ်ဖက်တွင် သနားစရာ ကောင်းသည့် ပုံဖြင့်၊ ကျန်းယွီမှ သွေးတစ်လုတ် အန်လိုက်သည်။

မကြာသေးမီ ကပင် ပြိုင်ဘက်ကို တစ်ချက်တည်း အနိုင်ယူ မည်ဟု ကြွားဝါ နေမိ သေး၏။

“ ဂီတ သမားကို ... ၊ ငါက ဘယ်လိုလုပ် ရှုံးရ မှာလဲ၊ ဒါက အဓိပ္ပာယ် မရှိဘူး ... ။ ”

“ ကျန်းယွီ ပြန်လာခဲ့ ... ၊ ကိုယ့်ကိုကိုယ် လှည့်စား မနေ နဲ့တော့။ ”

ကျိလင်ဖုန်းက လှမ်းပြောသည်။ ကျန်းယွီ ရှုံးနိမ့် ခြင်းသည် လုံးဝ ရှက်စရာ ကောင်းချေ၏။

“ ဟား ဟား ဟား ... ၊ နတ်ဖီးနစ် တောင်တန်းက အရှုံးကို လက်မခံ နိုင်ဖူးလား။ ”

ကောင်းကင် မီးလျှံ ဂိုဏ်းမှ ရန်ချီဟွာက လှောင်ပြောင် လိုက်သည်။ မင်ဂိုဏ်း၏ ယွီဝမ်ရှု က ကျိလင်ဖုန်းအား လှောင်ပြုံးဖြင့် ကြည့် တော့၏။

“ ကျန်းယွီ ... မင်း ရှုံးနေပြီ၊ မြင့်မြတ်မြေ တွေကို၊ တခြား သူတွေ ဟာသ ဖြစ်အောင် မလုပ် ပါနဲ့။ ”

နတ်တာအို ခန်းမမှ လင်းချင်းယန်က ဝင်ပြော လာသည်။ ဤလူသည် နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်း ထားပြီး၊ စကား များစွာ ပြောဆိုခြင်း မရှိ ခဲ့ချေ။

သူ့စကား သံတွင်၊ စိတ် စွမ်းအင်ကို ထည့်သွင်း ထားသဖြင့်၊ ကျန်းယွီ ဝိညာဉ်အား၊ ငြိမ်သက် စေခဲ့သည်။

ယင်းကြောင့် ‘ကျေးဇူး တင်ပါတယ် အစ်ကိုလင်း၊’ -ဟု ကျိလင်ဖုန်းမှ ပြန်ပြော လိုက်ရသည်။

ကျန်းယွီ သည်သာ သူ့ကိုယ်သူ အချိန်မီ မငြိမ်းသတ် နိုင်သော် ဒုက္ခ ဖြစ်ရ ပေလိမ့်မည်။ အတွင်း နတ်ဆိုးပင် မွေးဖွား လာ နိုင်၏။

လင်းယွန်မှာ သုံးပွဲ ဆက်တိုက် အနိုင်ရ ခဲ့သည်။ သူ့ ပြိုင်ဘက် အားလုံး သန်မာ သည်။ အထူးသဖြင့် ကျန်းယွီသည် ထိပ်ဆုံး ငါးဆယ် အတွင်း၊ အဆင့် သတ်မှတ်ခံ ထားရ၏။

အရှေ့ဘက် ပျက်စီးမြေ တစ်ခုလုံး တွင်ပင် ထူးချွန် စာရင်း ဝင်လေသည်။

“ သူ မဆင်းသေး ဖူးလား၊ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ ထိပ်ဆုံး ဆယ်ယောက်ကို စိန်ခေါ်ချင် နေတာလား။ ”

“ ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းရာ ရောက်ပါတယ်၊ ထိပ်ဆုံး (၁၀) ယောက်လုံးက လွယ်တာ မဟုတ်ဘူး။ ”

စင်မြင့် ပေါ်မှ ဆင်းရန် ရည်ရွယ်ချက် မရှိသော လင်းယွန်ကို ကြည့်ပြီး၊ လူအများက အနည်းငယ် ဒေါသ ထွက်လာ ကုန်သည်။

လင်းယွန်က လက်ရှိ ခွန်အားကို တိုင်းတာရန်၊ ထိပ်ဆုံး (၁၀)အား စိန်ခေါ် လို၏။ ထို့ကြောင့် အငယ်ဆုံး ဖြစ်သော အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖုန်ထံ၊ လှမ်းကြည့် မိသည်။

၎င်းသည် လွန်ခဲ့သော နှစ်နှစ်မှ စကာ၊ ကျော်ကြား လာခဲ့သည့် ပါရမီရှင် လူငယ် တစ်ဦး ဖြစ်သည်။

အသက် နှစ်ဆယ်ကျော် မျှသာ ရှိပြီး ကျိလင်ဖုန်း နီးနီး ကျော်ကြား၏။ ကျန်းယွီ ရှုံးနိမ့် ပြီးနောက်၊ ပြင်းပျသော တိုက်ပွဲဝင် ဆန္ဒကို ၎င်းထံမှ ခံစား ရသည်။

သို့သော် သူ့စီနီယာ အစ်ကိုမှ ဟန့်တား ထားသဖြင့်၊ ငြိမ်သက်ကာ ဆက်ထိုင် နေခဲ့၏။ ယင်းက စိတ်ပျက်ဖွယ် ကောင်းလေသည်။

ထို့ကြောင့် လေဓား သခင်ကို လှည့်ကြည့်ကာ၊ စိန်ခေါ်ရန် အတွေး ဝင်လာ မိသည်။

သည့်စဉ် ကြောက်မက်ဖွယ် ကောင်းသော အအေးဓာတ်က လေထု အတွင်း ပျံ့နှံ့ လာကာ၊ လူရိပ် တစ်ရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။

အနက်ရောင် ၀တ်ရုံကို ဆင်မြန်းလျက် ညာလက်တွင် ဓားရှည် တစ်လက် ကိုင်ကာ၊ ထူးခြားသော ဓားရောင်ဝါကို ထုတ်လွှင့် လာသည်။

“ ကျန်းယွီကို အနိုင် ရတာနဲ့ ထိပ်ဆုံး (၁၀)ဦးကို စိန်ခေါ်ချင် နေတာလား၊ လင်းရှောင် မင်း ... ငါတို့ကို လေးစားမှု မရှိဘူး၊ ဒါက ရေနွေးကြမ်း သောက်ပွဲပါ၊ နိဗ္ဗာန် ပွဲတော် မဟုတ်ဘူး။ ”

ဤလူသည် မရဏဓား ရန်တိ ဖြစ်သည်။ ဓားကို အဓိက လေ့ကျင့်သည့် ဂိုဏ်းမှ ဖြစ်ပြီး၊ အဆင့် သတ်မှတ်ချက်တွင်၊ မြင့်မြင့် မားမား ရပ်တည်ထား နိုင်သော ဓားသမား သုံးဦး အနက်မှ တစ်ဦး ဖြစ်၏။

အခြား နှစ်ဦးမှာ လေဝဲ ဓားသမားနှင့် တိမ်လွှာဓား သမားတို့ ဖြစ်သည်။ ၎င်းတို့အား ထိပ်ဆုံး (၁၀)ယောက် အောက်၌၊ အသန်မာ ဆုံးသော ဓားသမားများ အဖြစ် သတ်မှတ် ကြ၏။

ထိုသုံးယောက်သည် ထိပ်ဆုံး (၁၀) ယောက်ကို စိန်ခေါ် နိုင်သော၊ အစွမ်း သတ္တိ ရှိပြီး အောင်မြင်ရန် အခွင့်အလမ်း မြင့်မား ပေသည်။

ရန်တိမှာ အဆင့် (၁၇) တွင် ရှိကာ၊ ကျန်းယွီထက် နှစ် အနည်းငယ် ကြီး၏။ ခွန်အား အရာ ၌လည်း ပိုမို အားကောင်း သည်။

“ မိုးပြာ နဂါး ရည်ရွယ်ချက် ဆိုတာ လေရည်ရွယ်ချက်ရဲ့ ... မူကွဲ တစ်ခုပဲ၊ ငါတို့ နှစ်ယောက် လုံးက ဓားသမား တွေမို့ ... ၊ မင်း ငါ့ရှေ့မှာ လျှို့ဝှက် ထားလို့ မရ ပါဘူး။ ”

ရန်တိက လင်းယွန်ကို ကြည့်ကာ၊ ရှုတ်ချ ပြောဆို လိုက်သည်။ အခြား သူများ အတွက် နားမလည် နိုင်စရာ ဖြစ်သော်လည်း၊ သူ့ အတွက်မူ ရှင်းလင်း နေ၏။

ဓားသမား များသည် ဤသို့သော အရည် အချင်းမျိုး အမြဲရှိပြီး၊ ၎င်းတို့ထက် မြင့်မားသော ရန်သူ များကို တိုက်ခိုက် နိုင်ပေသည်။ အထူး အဆန်း မဟုတ် လှချေ။

***

All Chapters