ငါကာကွယ် ချင်တဲ့ သူကို ... ၊ ဘယ်သူမှ သတ်လို့ မရဘူး။
Vol. 127 Ch. 1778
“ ချွင် ... ။ ”
ရန်တိသည် သူ့ကိုယ်သူ ယုံကြည်ချက် ရှိသဖြင့်၊ လင်းယွန်အား စကား ပြောခွင့် ပင် မပေးဘဲ၊ ဓားဆွဲကာ တိုက်ခိုက် တော့၏။
ဓား ရောင်ခြည်များ တဖျပ်ဖျပ် ခတ်လာသော အခါတွင်၊ အနက်ရောင် ဓားက လျှပ်စီး ကဲ့သို့၊ လေထဲ ဖြတ်သန်း လာသည်။
“ မရဏ ရည်ရွယ်ချက် ... ။ ”
“ ဒါ ... မရဏ ရည်ရွယ်ချက်ပဲ၊ သူ ယုံကြည်ချက် ပြင်းထန်တာ၊ အံ့သြ စရာ မရှိ ပါဘူး။ ”
လူအုပ် ထဲမှ အာမေဋိတ် သံများ ထွက်လာပြီး၊ ရန်တိကို ထိတ်လန့်စွာ ကြည့် လိုက်မိသည်။
အနက်ရောင် ဓားရောင်ခြည်ကို သတိထားကာ လင်းယွန်မှ ရှောင်လိုက်သည်။ မရဏ စွမ်းအင်သည် သက်ရှိ အားလုံးကို၊ ချေမွှ နိုင်ပြီး ဆုပ်ကိုင်ရန် ခက်ခဲ၏။ ငရဲ စွမ်းအင် ဟုလည်း ခေါ်ကြသည်။
“ ဝူး ... ။ ”
သရဲ တစ္ဆေများ အော်မြည် နေသည့် အလညး၊ လေခွင်း သံများ ထွက်ပေါ် လာကာ၊ အနက်ရောင် ဓားရောင်ခြည် နှစ်စင်းက၊ ဝင်ရောက် လာပြန်၏။
“ ရွှပ် ... ၊ ရွှပ် ... ။ ”
ယင်းသည် မုန်တိုင်း အသွင်၊ ဖြစ်တည် လာသောကြောင့်၊ သူ့ဓားနှင့် နှစ်ကြိမ် ထိုးခွဲ ပစ် လိုက်ရ လေသည်။ အဝတ် အစားနှင့် ဆံပင်များ လေထဲ လွင့်ဝဲ သွား၏။
“ ဝုန်း ... ။ ”
ကျယ်လောင်သော ပေါက်ကွဲ သံကြီး နှင့်အတူ၊ မုန်တိုင်း နှစ်စင်း ပြိုကွဲ သွားသည်။ မရဏ စွမ်းအင်၏ ကြောက်စရာ ကောင်းသော တိုက်စား နိုင်စွမ်းကို၊ လင်းယွန် တစ်ယောက် ကောင်းစွာ သိရှိ ထား၏။
အရိယာ ဓားသုတ္တန်ကို ကျင့်ကြံဖူးသည် ဖြစ်ရာ၊ ၎င်းနှင့် ထိတွေ့မိ ပါက၊ နဂါး မူလများ သိသိ သာသာ ပယ်ဖျက် ခံရ ပေမည်။
နဂါးပြာ အရိုး ဖြင့်ပင်၊ မြန်မြန် ဆန်ဆန် ပြန်ကောင်း လာနိုင်သော အရာမျိုး မဟုတ်ချေ။ ထို့ကြောင့် ပြိုင်ဘက် အပေါ်၊ အလေးထား ရမည်မှန်း နားလည် လိုက်သည်။
အရေး အကြီးဆုံးမှာ၊ နဝမမြောက် သွေးလွှတ်ကြော နယ်ပယ်၌ ရှိပြီး၊ ပေ (၂၀၀၀) ရှည်လျားသော သွေးလွှတ် ကြောများ ဖြစ်၏။ ယင်းက ဖိအားများ ခံစား ရစေသည်။
“ ဒီရေနွေးကြမ်း သောက်ပွဲမှာ၊ ဝပ်နေတဲ့ ကျားတွေနဲ့ ပုန်းနေတဲ့ နဂါးတွေ ရှိတယ်၊ စိတ် လှုပ်ရှား စရာ ပါပဲ။ ”
လင်းယွန် အတွက်၊ ပထမဆုံး အကြိမ် ဖိနှိမ်ခံရခြင်း ဖြစ်သည်။ ထို့ကြောင့် လူတိုင်း စိတ် လှုပ်ရှားလာ တော့၏။
“ ငါ့ဓားက သတ်ဖို့ပဲ၊ ဒါကြောင့် မင်း မခံ နိုင်ရင် ချက်ချင်း အရှုံး ပေးပါ၊ မင်းကို မတော် တဆ သတ်မိရင်၊ အပြစ် မတင်နဲ့။ ”
ရန်တိက အေးစက်စွာ ပြောပြီး၊ သားကောင်ကို စိုက်ကြည့် နေသော မုဆိုး တစ်ကောင် ကဲ့သို့ ပြုမူ လာသည်။
“ သတ်ဖြတ်ခြင်းက အဖြေ မဟုတ်ဘူး၊ ဒါကြောင့် ငါချစ်တဲ့ သူကို ကာကွယ် ဖို့သာ ... ၊ ငါ့ ဓားကို ဆွဲတယ်၊ ငါ သတ်ချင်တဲ့ လူကို ဘယ်သူမှ မကယ် နိုင်သလို၊ ငါ မသေ စေချင်တဲ့ လူကိုလည်း၊ ဘယ်သူမှ သတ် မရဘူး။ ”
လင်းယွန်က ပြုံးကာ ပြန်ပြော လိုက်၏။ သူ့အသံမှာ အကျယ်ကြီး မဟုတ် သော်လည်း၊ လူတိုင်း ကြားရန် လုံလောက် ပေသည်။
“ ဘယ်လိုတောင် မာနကြီး လိုက်လဲ၊ ဓားသမား ကသာ ဓားသမား တစ်ယောက်၊ အကောင်းဆုံး နားလည် နိုင်မယ်။ ”
“ လင်းယွန်ရဲ့ ဓားတာအိုက ပိုမြင့် တယ်လို့၊ ငါ ထင်နေတယ်။ ”
“ ကျွတ် ကျွတ်... မင်းက ဘယ်လို ဝါကြွားရမယ် ဆိုတာ ... ၊ တကယ် သိတဲ့ ကောင်ပဲ။ ”
လင်းယွန်၏ မောက်မာ လွန်းသော စကားများက၊ ရန်တိအား ဒေါသ ထွက်လာစေ ခဲ့သည်။
“ ဓား ဆိုတာ သတ်ဖို့ပဲ ... ၊ သေခြင်းက လူတိုင်း အတွက် အဆုံး ... ၊ လင်းရှောင် မင်းရဲ့ ဓားက အရမ်း ပေါ့တိမ် လွန်းတယ်၊ ဓားတာအို အစစ်က ဘာလဲ ဆိုတာ ငါပြမယ်။ ”
“ မင်း စိတ်ပျက်သွား ရမှာကို ငါကြောက်တယ်။ ”
လင်းယွန်မှ လေထဲ တစ်ပါတ် လှည့်ပစ် လိုက်ရာ၊ မိုးပြာ နဂါး တစ်ကောင် ပေါ်လာပြီး၊ သူ့ခန္ဓာအား လုံအောင် ကာပေး၏။
“ ဟား ဟား ဟား ... ၊ ရွံစရာ ကောင်းလိုက်တဲ့ ... ၊ သေမျိုး တိရစ္ဆာန် ကောင်။ ”
နဂါးအား မြင်သည်နှင့် ဒေါသဖြင့်၊ ဘယ်လက်ကို ဆန့်ထုတ်ကာ၊ မိုးပြာ နဂါး၏ လည်ပင်းထံ ရန်တိမှ၊ ဖမ်းဆုပ် ပစ်သည်။
သို့သော် ဖမ်းဆုပ် လိုက်သည့် အခိုက်တွင်၊ တစ်စုံ တစ်ရာ လွဲချော် နေပြီဟု ချက်ခြင်း ခံစား လာရ၏။
၎င်းသည် ဖြစ်စဉ် တစ်ခု မဟုတ်ခေျ။ တကယ့် နဂါး အစစ် ဖြစ်နေသည်။ ထို့နောက် နဂါး အမြီး ကဲ့သို့ ဓားရောင်ခြည် တစ်စင်း လွင့်ပျံ လာ၏။
ယင်းကြောင့် ရန်တိက မိုးပြာ နဂါးကို လွှတ်ကာ၊ ချက်ချင်း ဆုတ်ခွာလိုက် သော်လည်း၊ မလွတ်မြောက် နိုင်တော့ချေ။
“ ထန် .... ။ ”
ဓားဖြင့် နဂါး အမြီးအား ပြန်လည် ခုတ်ပိုင်းပစ်သည်။ မီးပွားများ ပွင့်လာ သဖြင့်၊ ရန်တိ တစ်ယောက် မျက်လုံးပြူး သွား၏။
“ ဒါ ဘာကောင်လဲ။ ”
မိုးပြာ နဂါး ရည်ရွယ်ချက်သည် သက်ရှိ တစ်ကောင် အလား၊ အနန္တ သူတော်စင် ရူရ်ကို ရင်ဆိုင် နိုင်နေ၏။
(အနန္တ သူတော်စင် ရူရ် ဟူသည်၊ သူတော်စင် ရူရ်များ ပါသော ဓားကို ဆိုလိုခြင်း ဖြစ်၏။)
တစ်ဖက်တွင် လင်းယွန် သည်လည်း ထိတ်လန့် သွားသည်။ ဤမျှ နီးကပ် လွန်းသော အကွာ အဝေး၌ တစ်ဖက် လူမှာ၊ ဒဏ်ရာ လုံးဝ မရရှိ ခဲ့ချေ။ အဝေးသို့ လွင့်စဉ်ရုံ ဖြင့်သာ၊ ပြီးဆုံး သွားသည်။
နဂါး အမြီးတွင် နဂါး မူလ ခုနစ်ဆယ် ရာခိုင်နှုန်းကို အသုံးပြု ထားပြီး ဖြစ်ရာ၊ ဆက်၍ အားဖြည့် ပါက၊ နဂါး သွေးလွှတ်ကြောများ ပေါ်လာမည် ဖြစ်၏။
ထိုအချိန်၌ ကောင်းကင် ဒုက္ခ ကျဆင်း လာပေ လိမ့်မည်။ ဤနည်းဖြင့် ပေ(၁၀၀၀) မျှ ရှည်သော၊ သူ၏ နဂါး သေွးလွှတ်ကြောအား ထုတ်ဖော် ပြမိ ပေမည်။
“ မိုးပြာ နဂါး မျက်လုံး။ ”
ရန်တိ တစ်ယောက်၊ မြေပြင်ပေါ် ဆင်းသက် နေ သည်ကို အခွင့်ကောင်း ယူကာ၊ လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် လိုက်၏။
ရုတ်ချည်း ကောင်းကင်ကြီး မှောင်သွား တော့သည်။
“ ဒါက အသုံး မဝင် ပါဘူး။ ”
ရန်တိက မှောင်ကျ လာသော ကောင်းကင်ကို မော့ကြည့်ကာ ထိတ်လန့်ခြင်း မရှိဘဲ၊ ပြုံးလိုက်သည်။
“ မရဏ ဓားရောင်ခြည်။ ”
သူ့ မျက်ဝန်းများ အတွင်း တွင်းနက်ကြီး တစ်ခု ပေါ်လာကာ၊ ခန္ဓာ ကိုယ်မှ အနက်ရောင် အငွေ့များ တိုးထွက် လာ၏။
ဤအရာက မှိန်ဖျော့ နေပြီ ဖြစ်သော ပတ်ဝန်းကျင်ကို ပို၍ပင် မှောင်ကျ သွားစေ သည်။
လင်းယွန်ကြောင့် မှောင်နေသော ကောင်းကင်သည်၊ မရဏ အခိုး အငွေ့ကြောင့် ပိန်းပိတ်အောင် မှောင်သွား၏။
ထိုအမှောင်ထု အတွင်းရှိ၊ မည်သည့် အရာ ကိုမျှ ခံစားကြည့်၍ မရချေ။ ယင်းက လူတိုင်းကို အသက်ရှူ ကြပ်လာ စေသည်။
အဝေးမှ ကြည့်နေသော ယွဲ့ဝေဝေပင်၊ နှလုံးသားများ တင်းကျပ် လာပြီး၊ လက်သီးကို အလိုလို ဆုပ်မိ၏။
အကြောင်း တစ်ခု ခုကြောင့် ယဲ့ဇီလင် သည်ပင်၊ အနည်းငယ် စိုးရိမ် ပူပန်လာ သဖြင့် သူမကိုယ် သူမ အံ့သြ သွားသည်။
ထိုစိုးရိမ်စိတ် မည်သည့် အရပ်မှ လာမှန်း သူ မသိချေ။ ပတ်ဝန်းကျင်ကို လှည့်ကြည့် လိုက်ရာ၊ ဓားဂိုဏ်းမှ လူတိုင်း၊ သူမ ကဲ့သို့ ခံစား နေရ သည်ဟု မြင်၏။
လင်းယွန်က ညင်သာစွာ ဆင်းသက် လာသည်။ ဓား နှလုံးသားဖြင့် အမှောင် ထုအား ရှင်းလင်းစွာ ဖြတ်မြင် နေရ၏။
“ ထန် ... ထန် ... ။ ”
နှစ်ယောက်သား အမှောင်ထု အတွင်း အပြန်အလှန် တိုက်ခိုက် တော့သည်။ သတ္တု ရိုက်သံများ ညံလာပြီး၊ မီးပွား ပွင့်လာ၏။
ဤနေရာရှိ လူတိုင်းသည် အဆင့် သတ်မှတ်ချက် အတွင်း၊ ဝင်သော ပါရမီရှင်များ ဖြစ်သည်။ သို့သော် ဤကဲ့ သို့သော တိုက်ပွဲမျိုး တစ်ကြိမ်မျှ မမြင်ဖူး ကြသေးချေ။
“ ကောင်းကင်ဘုံ ကိုးပါးက မုန်တိုင်း။ ”
“ မရဏ အက- ကြယ်ကြွေခြင်း ။ ”
မြင့်မြတ်မြေမှ ပါရမီရှင်များ၊ မျက်နှာ ပြောင်းလဲ သွားသည်။ အမှောင်ထု အတွင်း၌ ပေါက်ကွဲအား ပြင်းသော စွမ်းအင် နှစ်ခု မျက်နှာဆိုင် တိုးဝင် နေသည်ကို၊ သူတို့ ခံစားမိ၏။
“ မကောင်း တော့ဘူး။ ”
ဆောင်းဦး သခင်က မတ်တပ် ထရပ် လိုက်ပြီး၊ နဂါး သွေးလွှတ်ကြော ကျောက်တိုင် သို့ လှည့်ကြည့်ကာ၊
“ စီနီယာ နဂါး ဝိညာဉ်၊ ကျေးဇူး ပြုပြီး ကူညီပါ။ ”
-ဟု တောင်းဆို လိုက်သည်။
သူ့ အသံကြောင့် ကျောက်တိုင် လင်း လာကာ၊ ကြီးကျယ် ခမ်းနားသော စွမ်းအား တစ်ခု ထုတ်လွှတ် လာ၏။
ထိုစွမ်းအားက သွေးမိုးကြိုး စင်မြင့်ကို ဖုံးအုပ်လျက်၊ အပြာရောင် အလင်းလွှာ အသွင် တောက်ပ လာစေသည်။
စင်မြင့် လင်းလာသော အခါတွင် ကျယ်လောင်သော ပေါက်ကွဲ သံကို ကြားလာ ရ၏။ လူတိုင်း ဦးရေပြားများ ထုံကျင် သွားလေသည်။
ရုတ်တရက် စင်မြင့် ပေါ်၌၊ စူးရှသော အလင်း တစ်စ ထွက်ပေါ် လာ၏။ ထိုအလင်းက လူ အများ၏ မျက်လုံး များကို၊ ကျိန်းစပ် သွားစေသည်။
အဝေးမှ ကြည့်ပါက စူးရှသော အလင်းတိုင် တစ်ခု၊ ကောင်းကင်ပေါ် ထိုးတက် နေသည်ကို၊ မြင်နိုင်၏။
ယင်းမှာ ဓားသမား နှစ်ဦး၏၊ အဆုံးစွန်သော တိုက်ခိုက်မှု နှစ်ခု၊ ထိပ်တိုက် တွေ့ဆုံ နေခြင်း ဖြစ်သည်။
အလင်း ရောင်များ၊ တဖြည်းဖြည်း ပျောက်ကွယ် လာသော ကြောင့်၊ လူတိုင်း စင်ပေါ် လှမ်းကြည့် လိုက်သည်။
သို့သော် ရွေ့လျားမှုမှာ၊ မြန်ဆန် လွန်းလှ သဖြင့်၊ ရန်တိနှင့် လင်းယွန်အား မှုန်ဝါးဝါးသာ မြင်လိုက် ရသည်။
“ နောက်ထပ် ဓား တစ်ချက်ကို ယူ ... ၊ မရဏ အက။ ”
လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ ရန်တိမှာ ဒေါသတကြီး အော်ငေါက် လိုက်လေ သည်။
ရန်တိက ဝေဟင် အလယ် ပျံဝဲလျက်၊ မိုးကုပ်စက်ဝိုင်း အစပ်မှ အနက်ရောင် လမင်း တစ်စင်း ပေါ်လာသည်။
ယင်းသည် မရဏ ဓား ရည်ရွယ်ချက် ဖြစ်သည်။ အနက်ရောင် လမင်းမှာ၊ ကခုန် နေသော ပန်း တစ်ပွင့်နှင့် တူ၏။
သို့သော် တိုက်ခိုက်မှုကို ရင်ဆိုင် ရသူ အတွက်တော့ မယုံနိုင် လောက်အောင် ပြင်းထန် လှချေသည်။
“ မိုးကြိုး ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ကောင်းကင်ပေါ် ထိုးညွှန်လျက်၊ ဟောက်လိုက် လေသည်။
လျှပ်စီး စွမ်းအင်များ၊ ပန်းသင်္ချိုင်း ဓားထံ ပြေးဝင် လာ၏။ မိုးဖွဲဖွဲများ ကျဆင်းကာ၊ ဆံပင် များ တဖျပ်ဖျပ် လွင့်ဝဲ ကုန်သည်။
ပန်းသင်္ချိုင်း ဓားမှ၊ လျှပ်စီးကြောင်း ကိုးခု ထွက်ပေါ် လာခဲ့၏။ တစ်ခုစီသည် ပေ (၁၀၀၀) ကျော် ရှည်လျားသော နဂါး အသွင် ဖြစ်တည် လာသည်။
လူတိုင်း အသက်ရှူရန် မေ့လျော့ ကုန်၏။ ၎င်းတို့ နှစ်ဦးကြား တိုက်ပွဲသည်၊ ထိုမျှ ပြင်းထန် နေလိမ့် မည်ဟု၊ မထင်မိ ကြချေ။
မရဏ ရောင်ဝါ၏ တိုက်စား နိုင်စွမ်း များကြောင့်၊ လင်းယွန် ခန္ဓာ ကိုယ်၌ ဒဏ်ရာ အချို့၊ ရရှိ သွားသည်။
“ ဖျစ် ... ။ ”
တစ်ဖက်တွင် ရန်တိမှာ ပို၍ နစ်နာ ခဲ့၏။ သူ့ဓားအား လျှပ်စီး ကိုးကြောင်းမှ သံကြိုးများ သဖွယ်၊ ချုပ်နှောင် လာသည်။
ကောင်းကင်ရှိ အနက်ရောင် လမင်း သည်ပင်၊ သေးငယ် သွား၏။
“ မရဏ အက ... ။ ”
ရန်တိက လေထဲ ခြေထောက်ကို ပုတ်ပြီး ကောင်းကင်ပေါ် ပျံတက် လိုက်သည်။ ခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း၊ လေလှိုင်းများ ပြန့်ကျဲ ကုန်၏။
ကိုးလှမ်း လှမ်းပြီးသော အခါ၊ မရဏ ဓား ရည်ရွယ်ချက်သည်၊ ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိ လာသည်။
ဓားသည် နေရာ တိုင်း၌ ရှိနေ သကဲ့သို့၊ ရှောင်လွှဲ မရသော သေခြင်း တရားအား၊ ခံစား ရစေသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားလဲ ... ၊ ဒါက နဂါး သွေးလွှတ်ကြော ကျွမ်းကျင်သူ တစ်ယောက်၊ နားလည် နိုင်တဲ့ အရာ မဟုတ်ဘူး၊ အရမ်း ပြင်းလွန်းတယ်။ ”
“ သူ့နောက်က ငရဲပန်း မဟုတ် ဖူးလား၊ စစ်မှန်သော ငရဲ ပင်လယ်ကို ရောက်ဖူး ခဲ့ပုံပဲ၊ ဒီကောင် မလွယ်ဘူး၊ ငရဲပန်းကို သန့်စင်ပြီး၊ မရဏ ဓားကို လေ့ကျင့် ခဲ့တာ နေမယ်။ ”
“ လင်းရှောင်က သန်မာ ပေမယ့် ... ၊ ဒီဓားကိုတော့ ရှောင်နိုင်မယ် မထင်ဘူး။ ”
လင်းယွန် အပေါ်၊ မည်သူမျှ အကောင်း မြင်စိတ် မရှိ သကဲ့သို့၊ ကျိလင်ဖုန်း သည်လည်း ခေါင်းညိတ် လိုက်သည်။
ဓားသမားများ ကြား တိုက်ပွဲသည် စွဲမက်ဖွယ် ကောင်း၏။ မကြာ သေးမီ ကပင် လင်းယွန်သည် တိုက်ပွဲကို အုပ်စီး ထား သော်လည်း၊ ရှုံးနိမ့် ပေတော့မည်။
ရန်တိ ဓားမှာ၊ ရက်စက် ကြမ်းကြုတ်ပြီး၊ သေမင်း လက်များ ကဲ့သို့၊ အချိန်မရွေး နေရာ မရွေးမှ၊ ထွက်ပေါ် လာနိုင်သည်။
ဤသည်မှာ မရဏ ဓား၏၊ ဘုန်း ကျက်သရေ ဖြစ်သည်။ သို့သော် လင်းယွန်မှ ခေါင်းညိတ် လိုက်၏။
နောက်ဆုံး ဓားကို ထုတ်ဖော်ရန် ထိုက်တန် ချေပြီ။ ယင်းသည် ဝှက်တစ်ချပ် ဖြစ်သော်လည်း၊ ၎င်းကို အသုံးပြု ခြင်းဖြင့်၊ ပို၍ သန်မာ လာမည် ဖြစ်၏။
ဤဓား၌ မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်အား၊ အပြည့်အဝ ပေါင်းစပ်လိုက် သဖြင့်၊ ဓား ရောင်ခြည်မှာ မယုံနိုင်ဖွယ် တောက်ပ လာသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ရန်တိက ထိတ်လန့် သွားသည်။ မတုံ့ပြန် နိုင်ခင် မှာပင်၊ သူ့ရင်ဘတ်၌ စူးရှ နာကျင်မှုကို ခံစား လာရ၏။
ပန်းသင်္ချိုင်းဓားသည် ငရဲပန်းကို ဖြတ်ကာ သူ့နှလုံးသားထဲ ထိုးဖောက် ဝင်ရောက် လာခြင်း ဖြစ်သည်။
ဤအရာသည် သတ်ခြင်း မည်သဖြင့်၊ မည်သူမျှ စကား မပြောနိုင် တော့ချေ။ အသတ် ဓာတ်များ တဖြည်းဖြည်း ပျောက်ကွယ် နေသော ရန်တိ မှာလည်း၊ အံ့အားသင့် သွားသည်။
ထိုစဉ် ပန်းသင်္ချိုင်း ဓားမှ အပြာရောင် အလင်းများ စိမ့်ဝင် လာကာ၊ ယိုစိမ့် နေသော အသက် စွမ်းအင် များကို၊ ရပ်တန့် စေ၏။
ဖြူဖပ် ဖြူရော် ဖြစ်လာသော သူ့ မျက်နှာသည်၊ တစ်ဖန် ပြန်၍ သွေးရောင် လွှမ်း လာတော့သည်။
ထိုအချိန်တွင် အချိန်များ ရပ်တန့် သွား ပုံရကာ၊ ရန်တိ တစ်ယောက် လင်းယွန် ပြောခဲ့ သည့် စကားအား ရုတ်တရက် သတိ ရလာ၏။
( ငါ သတ်ချင် နေတဲ့ သူက ... သေရမယ်၊ ငါမသေ စေချင်တဲ့ သူကို ... ဘယ်သူမှ သတ်လို့ မရဘူး။ )
ယင်းကြောင့် ရှက်ရွံ့ လာပြီး၊ ခေါင်းငုံ့ သွားသည်။ လက်ရှိ အချိန်၌ လင်းယွန်၏ စကား အတိုင်း၊ သေချင် လျှင်ပင်၊ သူ သေခွင့် မရှိ တော့ချေ။
တစ်ချိန်တည်း မှာပင်၊ ရူးရူး မိုက်မိုက် လုပ်ဆောင် မိပါက၊ အချိန် မရွေး သေသွား နိုင် ပြန်သည်။
***