← Chapters

ပထမ ဓားသမား။

Vol. 128 Ch. 1779

ပထမ ဓားသမား။

Vol. 128 Ch. 1779

ရန်တိ၏ ဒဏ်ရာများ လုံးဝ ပြန်ကောင်း လာသည်။ ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွား၏။

“ လင်းရှောင်၊ မင်း အလို ရှိရင် ငါ့ကို သတ်လိုက်၊ ငါ့ကို ဒီလို အရှက် ခွဲစရာ မလိုဘူး၊ ငါအသက်ပေါင်း များစွာကို သတ်ဖူးတယ်၊ သေရမှာ မကြောက်ဘူး။ ”

ရန်တိ စကားကြောင့် လူတိုင်း မျက်နှာ ပြောင်းလဲ ကုန်သည်။ မျက်ဝန်း ထဲ၌ လေးစားမှု များ ပြည့်နှက် လာ၏။

သူ့ အသက် အတွက်၊ ပြိုင်ဘက်ထံ တောင်းပန်ခြင်း မရှိချေ။ မရဏ ဓားရည်ရွယ် ချက်ကို၊ ဆုပ်ကိုင် ထားသော ဓားသမား ဖြစ် ထိုက်လေသည်။

“ မင်းနဲ့ ငါက ရန်ငြိုး မရှိဘူး... ၊ မရဏ ဓားက လမ်းမှား နေပြီ ဆိုတာ ... ဒီဓားနဲ့ ပြော ပြ နေတာ၊ သေခြင်းက အဆုံး မဟုတ် သလို၊ သတ်ဖြတ်ခြင်း ကလည်း အဆုံး မဟုတ်ဘူး။ ”

လင်းယွန်က ပြန်ပြောသည်။ ပြီးနောက် ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်၏။ နာကျင်မှု က နှလုံးသား ထိတိုင် တိုးဝင် လာသည်။

တစ်ခုခု ပြောရန် ပြင်ချိန်၌ လင်းယွန် ညာလက်သည်၊ သူ့ဒဏ်ရာပေါ် ကျဆင်း လာ ခဲ့၏။

သွေးသား စွမ်းအင်များ စီးဝင်လျက်၊ ဒဏ်ရာများမှာ၊ အရှိန် အဟုန်ဖြင့် ပြန်လည် ကောင်းမွန် လာခဲ့သည်။

လက် ပြန်ဖယ် လိုက်ချိန်၌ ဒဏ်ရာ မရှိခဲ့ သကဲ့သို့၊ လုံးဝ ပျောက်ကင်း သွား၏။ အံ့ဩ ဖွယ် ကောင်းလေသည်။

လင်းယွန်မှာ သူ့အား အရှက်ခွဲခြင်း မရှိကြောင်း ကိုလည်း နားလည် လိုက်မိ တော့သည်။

“ ကျေးဇူး တင်ပါတယ် ... ။ ”

-ဟု လက်ဝှေ့ ယမ်းကာ ဆိုမိ၏။

“ ရပါတယ် ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ပွင့်ပွင့်လင်းလင်း ဝန်ခံ ရပါမူ၊ ရန်တိ၏ စိတ်နေ စိတ်ထားကို သဘောကျ၏။

သူ့တွင် ဓားနှလုံးသားနှင့် ပန်းသင်္ချိုင်းဓား မရှိသော်၊ ၎င်းအား အနိုင်ယူရန် လွယ်ကူ ဦးမည် မဟုတ်ပေ။ မရဏ ဓား ရည်ရွယ်ချက်သည် ရလာဒ်ကို ပြောင်းရန်၊ အခွင့်အရေး ရှိ၏။

“ ဓား နာမည် ... ဘယ်လို ခေါ်လဲ။ ”

လင်းယွန် လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို ကြည့်ကာ ရန်တိက မေးလိုက်သည်။ ၎င်းသည် ဓားကောင်း တစ်လက် ဖြစ်မှန်း၊ ခံစား မိ၏။

အခြားသော သူတော်စင် ဓား များနှင့် ယှဉ်ပါက၊ ပို၍ ပြင်းပျသော အသက် စွမ်းအင် ရှိ နေကြောင်း ခံစား နိုင်သည်။ ယင်းကဲ့သို့ ဓားမျိုး မမြင်ဖူး သဖြင့်၊ ထူးဆန်း ချေ၏။

“ အခွင့် အရေး ရှိရင် ... သိလိမ့်မယ်။ ”

လင်းယွန်မှ မယုတ် မလွန် ပြန်ဖြေသည်။ ပန်းသင်္ချိုင်း ဓားသည် သတ္တုဖြင့် သွန်းလုပ် ထား သော ဓားမျိုး မဟုတ်ချေ။

သစ်သားဖြင့် သွန်းလုပ်ကာ၊ အနံ (၄) လက်မနှင့် အလျား (၄) ပေ ရှည်သော ဓား တစ်လက် ဖြစ်၏။

သူတော်စင် ရူရ် နှစ်လုံးကို ဝါးမျို ပြီးနောက်၊ အနန္တ သူတော်စင် ဓားတစ်လက် ဖြစ်လာသည်။ ၎င်းကို မသုံးမီ ထိုအချက် အလတ် များကို ထည့်သွင်း စဉ်းစား ခဲ့၏။

နတ်နဂါး ခေတ်တွင် အနံ (၄) လက်မ၊ အရှည် (၄)ပေ ရှိသော ဓားမျိုးမှာ၊ ပေါများပြီး ဓားများ၏ စံနှုန်း တစ်ရပ် ဖြစ်သည်။

ရန်တိက ထိုအကြောင်းကို ပေါ့ပေါ့ ပါးပါး မေးနေခြင်း ဖြစ်သဖြင့်၊ လင်းယွန် အဖြေ အပေါ်၊ အာရုံ မရှိတော့ဘဲ၊

“ ငါ့ရဲ့ နောက်ဆုံး ဓားကို ... မင်း ဘယ်လို ဖြိုခွင်းလိုက် တာလဲ။ ”

-ဟု ဆက်မေး လိုက်မိ၏။

“ ကံကောင်း သွားတာပါ။ ”

လင်းယွန်မှ ပြန်ဖြေသည်။ စကြာဝဠာ မုန်တိုင်းကို လက်တွေ့ တိုက်ပွဲ၌ ပထမဆုံး အကြိမ် အသုံး ပြုခြင်း ဖြစ်သည်။

အားနည်းချက် များစွာ ရှိနေ သဖြင့်၊ အနိုင်ရခြင်းမှာ အမှန်ပင် ကံကောင်း သွားခြင်း ဖြစ်၏။

သို့သော် အခြား ဖြေရှင်းစရာ နည်းလမ်း မရှိဟု မဆိုလိုချေ။ ကောင်းကင် ဘုံက မုန်တိုင်း များ၊ မိုးကြိုး ပစ်ခြင်းနှင့် စကြာဝဠာ မုန်တိုင်း ကိုသာ၊ လေ့ကျင့် လိုခြင်း ဖြစ်သည်။

ထို့ကြောင့် တိုက်ပွဲ အပြီးတွင်၊ မိုးပြာ နဂါး ဓားပညာ ရပ်ကို ပို၍ နားလည် လာတော့သည်။ သို့သော် ရန်တိက လင်းယွန် စကားကို မယုံချေ။ သူ့ကို နှစ်သိမ့် နေသည် ဟုသာ ခံစား ရသည်။

“ ကောင်းပြီ ... ၊ လောက နိယာမ နယ်ပယ် ရောက်ပြီးရင်၊ မင်းနဲ့ ထပ်တိုက်မယ်။ ”

ထိုအချိန်၌ မရဏ ဓား ရည်ရွယ် ချက်မှာ၊ ပို၍ အားကောင်း လာမည် ဖြစ်သည်။ သို့မှသာ မရဏ အကကို ပြီးပြည့်စုံ စေမည် ဖြစ်၏။

ရန်တိ ဆင်းသွား ပြီးနောက်၊ ဆောင်းဦး တောင်တန်း သခင်က၊ ‘လင်းရှောင် နိုင်ပွဲ၊’ -ဟု၊ ကြေငြာ ပေး လိုက်သည်။

လူတိုင်း၏ အကြည့် များက လင်းယွန်ထံ ကျဆင်း လာသည်။ ကျိလင်ဖုန်းမှာ လင်းယွန် အနိုင် ရသဖြင့်၊ ပျော်ရွှင် သွား၏။

လေဓားသခင် မှာမူ၊ အတော်ပင် စိတ် မသက် မသာ ဖြစ်နေကြောင်း၊ မြင်သာသည်။ ကျန်သခင် သုံးပါး၏ မျက်နှာ ပေါ်၌၊ မတူ ညီသော အမူ အရာများ ရှိနေ ကြ၏။

ဆောင်းဦး တောင်တန်း သခင်သည် ငြိမ်သက်ပြီး၊ ရေခဲပြာ သခင်မှာ စိတ်ဝင်စားမှု အချို့ပြ သလာသည်။

နှင်းဦး သခင်သည် လင်းယွန်ကို တိုက်ခိုက်ပွဲဝင် ဆန္ဒ များဖြင့် ကြည့်လာ တော့၏။

အဆုံးတွင် အဆင့် သတ်မှတ်ချက်၌၊ ဤသို့ အစွမ်းထက်သော ဓားသမားမျိုး မရှိခဲ့ သည်မှာ ကြာပြီ ဖြစ်၏။

အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖန်းက၊ တောက်လောင် နေသော တိုက်ပွဲဝင် ဆန္ဒများ ဖြင့် ကြည့်လာသည်။

တစ်ဖက်တွင် လေဓားသခင်က၊

“ ရှစ်ဖန့် စမ်းကြည့်ချင်လား။ ”

- ဟု တစ်စုံ တစ်ဦးအား လှည့်မေး လိုက်သည်။

ရှစ်ဖန့်သည် လေဝဲဓား အဖြစ် လူသိ များသော၊ ဓားသမား တစ်ဦး ဖြစ်သည်။ အဆင့် သတ်မှတ်ချက်၌၊ မြင့်မြင့် မားမား တက်လှမ်း နိုင်သော ဓားသမား သုံးဦး အနက်မှ တစ်ဦး ပေပင်။

“ ဒါသာ ... သူ့ခွန်အား အကုန် ဆိုခဲ့ရင်၊ အနိုင် ရဖို့ (၄၀%) သေချာတယ်၊ ဓားသမားတွေ အတွက်၊ ဒီရာခိုင်နှုန်းက လုံလောက် ပါပြီ။ ”

ဓားသမား များသည် အသက်ဖြင့် ရင်းကာ၊ တိုက်ပွဲဝင်ရန် မကြောက်ချေ။ ထို့ကြောင့် (၄၀) ရာခိုင်နှုန်းသည် လုံလောက်၏။

“ ဒါပေမယ့် ... သူက ... အခု ပြထား တာထက်၊ သန်မာ နေရင် ... ငါ ရှုံးလိမ့်မယ်။ ”

ရှစ်ဖန့် စကားကြောင့် လေဓား သခင်မှ၊ လှည့်စားရန် မလွယ်ကြောင်း ချက်ချင်း သိလိုက် သည်။ လင်းယွန်၏ ခွန်အားကို စမ်းသပ်ရန် ကြံရွယ် နေခြင်း ဖြစ်၏။

ထိုအချိန်တွင် နဂါး မူလ သုံးပုံ-နှစ်ပုံ ကုန်ဆုံးသွား သည်ကို၊ လင်းယွန်မှ သတိပြု မိ သဖြင့်၊

“ ငါ အနား ယူဖို့ လိုပြီ။ ”

-ဟု ဆိုကာ၊ စင်ပေါ်မှ ခုန်ချ သွားသည်။

လေးကြိမ် ဆက်တိုက် အနိုင် ယူပြ ပြီးနောက်၊ မည်သူမျှ သူ့အား တားဆီးရန် ဆန္ဒ မရှိ တော့ချေ။

ဤလေးပွဲ ဖြင့်ပင် ၎င်း၏ အမည်မှာ၊ အရှေ့ဘက် ပျက်စီးမြေ၌၊ ဂုဏ်သိက္ခာ ရှိသူ အဖြစ်၊ ရပ်တည် နိုင်ပေမည်။

အချိန် တန်သော်၊ နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်၌ ချန်ပီယံ ရာထူးကို ပြိုင် လု နိုင်သည် အထိ၊ ကြီးပြင်းလာ နိုင်၏။

လက်ရှိ ကျင့်ကြံ မှုသည်၊ သတ္တမ သွေးလွှတ်ကြော ၌သာ ဖြစ်သဖြင့်၊ နဝမမြောက် သွေးလွှတ်ကြော သို့သာ ရောက်ရှိသော်၊ ကြောက်စရာ ကောင်း လာပေမည်။

“ လင်းရှောင် ... ဘယ်က လာတာလဲ။ ”

“ ခန့်မှန်းရ မခက် ပါဘူး၊ မိုးပြာ နဂါး ခန္ဓာကိုယ်နဲ့၊ မိုးပြာ နဂါး ဓားကို ပိုင်ဆိုင်ထား တာပဲ၊ မိုးပြာ နဂါး မိသားစု ခွဲက နေမှာပေါ့။ ”

“ ဒါက ဖြစ်နိုင်ချေ ရှိတယ်၊ ဒါပေမယ့် ... ကောင်းကင် ရနံ့ သင်းသင်းရဲ့ နတ်တောင်ပေါ် ကနေ ဆင်းလာ တာရော မဖြစ်နိုင် ဖူးလား၊ မဟုတ်ရင် ဘဝ-သုံးပါး သစ်ပင်ကို ပွင့်အောင် လုပ်ဖို့ လွယ်လှတာ မဟုတ်ဘူး။ ”

ပတ်ဝန်းကျင်၌ အဆက် မပြတ် ဆွေးနွေး ငြင်းခုံမှုများ ရှိလာသည်။ လင်းယွန်၏ စွမ်းရည် သည် ဓားသမားများ အတွက် လေးစားဖွယ် ဖြစ်၏။

ရေနွေးကြမ်း သောက်ပွဲသို့ တက်ရောက် လာသော ခွေးဆိုး တစ်ကောင်နှင့် တူနေသည်။ သူ့ကို လူတိုင်း သတိထား လာမိ၏။

“ အမှန်တော့ မိုးပြာ နဂါး မိသားစုဝင် တစ်ယောက် ဖြစ်ပြီး၊ နတ်တောင် ပေါ်မှာ ပညာ သင်ကြား ခဲ့တာ ဆိုရင်ရော၊ ... ဒါက ပိုဖြစ် နိုင်တယ် မဟုတ် ဖူးလား။ ”

ထိုသူ၏ စကားမှာ အဓိပ္ပါယ် ရှိသဖြင့်၊ လူတိုင်း လက်ခံ လာတော့သည်။ ဓားဂိုဏ်း၏ ဇရပ်တွင်၊ ယဲ့ဇီလင်က လင်းယွန်အား အချိန် အတော် ကြာအောင်၊ ငေးကြည့် နေမိ၏။

ပြီးနောက် ဝမ်းနည်းမှု အရိပ်အယောင်များ စွန်းထင်း နေသော မျက်ဝန်း များဖြင့်၊ အကြည့် ပြန်ရုတ် လိုက်သည်။

“ ဘာဖြစ် လို့လဲ၊ ဂျူနီယာ လင်းကို သတိ ရနေ တာလား။ ”

မူရွယ်ချင်းမှ ပြုံးကာ မေးသည်။

“ ဟုတ်တယ် ... ၊ ဂျူနီယာ လင်းသာ ရှိနေရင်၊ သူ့ထက် နိမ့်ကျမှာ မဟုတ်ဘူး။ ”

ယဲ့ဇီလင်မှ တိုးတိုးလေး ပြန်ပြောသည်။

“ လင်းရှောင်နဲ့ လင်းယွန်က ... ၊ အတော်လေး တူတယ်၊ နှစ်ယောက် စလုံးက ဓားတွေကို သုံးပြီး ... ၊ မိုးပြာ နဂါး သူတော်စင် ခန္ဓာ ကိုယ်ကို လေ့ကျင့် ကြတယ်။ ”

မူရွယ်ချင်းက လင်းရှောင်ထံ တစ်ချက် ကြည့်ကာ၊

“ ဒါပေမယ့် သူတို့ကြား ကွဲပြားမှုတွေ အများကြီး ရှိပါ သေးတယ်၊ ဓားရေးနဲ့ နောက်ခံ တွေက မတူဘူး။ ”

-ဟု ဆိုလိုက် တော့သည်။

လင်းယွန်သည် ပယင်း ကမ္ဘာမှ လာခြင်း ဖြစ်ပြီး၊ နတ်တောင်နှင့် လားလားမျှ မသက်ဆိုင် ချေ။ မိုးပြာ နဂါး မိသားစု ဝင် မဟုတ် သလို၊ ခွန်လွန် ရောက်သည်မှာ၊ လေးနှစ် မျှသာ ရှိသေးသည်။

အရှေ့ဘက် စစ်မြေပြင်၌ လမ်းခွဲကြ ပြီးနောက်၊ သေသည်လော- ရှင်သည်လော မသိ နိုင်ခဲ့ချေ။ ဝမ်းနည်းစရာ ကောင်းချေ၏။

လင်းယွန် ထိုင်ချလိုက် သည်နှင့်၊ ယွဲ့ဝေဝေက ပြုံးကာ၊

“ အစ်ကိုကြီး လင်း ... ၊ ဓားကို သုံးတာ စိတ်မြန် တယ်လို့ မထင် ဖူးလား။ ”

-ဟု မေးလိုက်သည်။

“ အဆင်ပြေ ပါတယ်၊ ငါ ထုတ် မပြော သရွေ့၊ ဒီဓားက ပန်းသင်္ချိုင်း ဓားမှန်း ဘယ်သူမှ သိလာမှာ မဟုတ်ဘူး၊ ငါက ဓားသမား ဖြစ်လို့ ဓားကို မသုံးရင်၊ ...

... သံသယ ဝင်လာ လိမ့်မယ်၊ ပြီးတော့ တစ်ချိန် မဟုတ် တစ်ချိန်၊ သူတို့ သိသွား မှာပါပဲ၊ အကောင်း ဆုံးက နည်းလမ်း ကတော့၊ ငါ ဒီထက် ပိုသန်မာ ရမယ်။ ”

ပုန်းအောင်းခြင်းသည် အဖြေ မဟုတ်ချေ။ နောက်ခံ မရှိသော လူ တစ်ယောက် ဖြစ်သဖြင့်၊ သံသယ ဝင်ရုံနှင့် သူ့အား၊ သတ်ပစ် နိုင်သည်။

ပုရွက်ဆိတ် တစ်ကောင်၏ အသက်ကို ဂရုမစိုက် ကြသည်မှာ သဘာဝ ပေပင်။ သူသာ သန်မာ နေပါက၊ တစ်ဖက်လူ အတွက်၊ တုန့်ဆိုင်း သွားပေမည်။

လင်းယွန်မှာ ဆုံးဖြတ်ပြီး ဖြစ်သဖြင့်၊ ယွဲ့ဝေဝေမှ ထပ်မပြော တော့ချေ။ သူမ အမြင်၌ အစ်ကိုကြီး လင်း ဆုံးဖြတ် သမျှ၊ အကောင်းဆုံး ဖြစ်သည်။

ယခုပင် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်၌၊ အသန်မာဆုံး ဓားသမား ဖြစ် လာခဲ့ ချေပြီ။

***

All Chapters