← Chapters

ဓား နတ်ဘုရား ... ။

Vol. 128 Ch. 1781

ဓား နတ်ဘုရား ... ။

Vol. 128 Ch. 1781

ရှစ်ဖန့်က လင်းယွန်မှ မည်သို့ တုန့်ပြန် မည်ကို စောင့်မျှော် နေသော်လည်း၊ စကားသံ ထွက် မလာ ခဲ့ချေ။

ခဏ အကြာတွင် မရဏဓား ရန်တိနှင့် တိမ်လွှာ ဓားသမား တို့ ထပ်မံ ရောက်ရှိ လာ သည်။

ရန်တိမှ လာချင် သည်မှာ ကြာပြီ ဖြစ်သည်။ ရှစ်ဖန့်လောက် မျက်နှာပြောင် မတိုက်ရဲ သဖြင့်၊ တုန့်ဆိုင်း နေမိခြင်း ဖြစ်၏။

ရှစ်ဖန့်အား ပြုံးရယ်ကာ၊ စကားပြော နေသော လင်းယွန်ကို မြင်မှသာ၊ တိမ်လွှာ ဓား သမားနှင့် အကြည့်ခြင်း ဆုံလျက်၊ ရောက်ရှိ လာခြင်း ပေပင်။

ဓားသမား (၄) ယောက်က၊ စားပွဲ တစ်လုံး တည်း၌၊ အတူ ထိုင်နေသော မြင်ကွင်းကြောင့်၊ လူတိုင်း လှည့်ကြည့် လာကြသည်။

ဤသည်မှာ ထူးဆန်း ချေ၏။ နောက်ဆုံးတွင် ဓားသမား ဟူသည် မာနကြီး သဖြင့်၊ မျိုးဆက် တစ်ခု တည်းရှိ အခြား သူ တစ်ဦးကို အသိ အမှတ် ပြုရန် ရှားသည်။

ယခု ရှစ်ဖန့်တို့ သုံးဦးမှာ၊ လင်းယွန်အား အသန်မာဆုံး ဓားသမား အဖြစ် အသိအမှတ်ပြု လိုက်ပုံ ရ၏။

သို့သော် လူတိုင်း၏ အမြင်တွင် လင်းယွန် လှုပ်ရှား သော်မှ ထိပ်ဆုံး (၁၀)ဦးအား အနိုင်ရ ဦးမည် မဟုတ်ဟု ယုံကြည် ကြသည်။

လေဓား သခင်နှင့် ရှစ်ဖန့် တို့၏ တိုက်ပွဲ ပြီးနောက်၊ သွေးမိုးကြိုး စင်မြင့်ရှိ လေထုမှာ ပြန်လည် ငြိမ်သက် သွားသည်။

ဆက်တိုက် တိုက်ပွဲများ အပြီးတွင် လူတိုင်းမှ၊ အသိအမြင် များကို ချေဖျက်ရန် အချိန် အနည်းငယ် လိုချေပြီ။

ထို့ကြောင့် စကား စမြည် ပြောနေ ကြပြီး အချင်းချင်း သိကျွမ်း သူများမှာ စုပေါင်းထိုင်လာ တော့၏။

ဤသို့ဖြင့် တစ်ညတာ ကုန်လွန် သွားသည်။ ထိုကာလ အတွင်း လင်းယွန်က မိုးပြာ နဂါး ဓား ပညာရပ်ကို၊ တွေးတော ဆင်ခြင် နေမိသည်။

ရံဖန် ရံခါတွင် မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား တီးခတ်ကာ၊ စိတ်ကို လွှတ်ပေး ခဲ့၏။ ဤအရာက လူများစွာ၏ အာရုံ စိုက်မှုကို ဆွဲဆောင်နိုင် ခဲ့သည်၊

သူ့ တေးသွားရှိ၊ အနုပညာ အယူအဆ များသည်၊ လေးနက်ပြီး၊ သဘာဝနှင့် နီးစပ်၏။ ထို့ကြောင့် စင်ပေါ်၌ တိုက်ပွဲ ဝင်နေသူ များပင် အာရုံလွင့် ကုန်သည်။

ဗျပ်စောင်း မတီးခတ် တော့သည့် အချိန် များတွင်၊ တိုက်ပွဲ များကို ကြည့်ကာ၊ ငြိမ်သက် နေ ခဲ့သည်။

လူတစ်ထောင် နီးပါး ရေနွေးကြမ်း သောက်ပွဲသို့ တက်ရောက် လာကြ၏။ အများ စုမှာ လေနှင့် လျှပ်စီးကို ကျွမ်းကျင်သည်။

မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို ဆုပ်ကိုင်ထား သူများလည်း ပါရှိ၏။ ၎င်းတို့ တိုက်ခိုက်တိုင်း၊ လင်းယွန်က နစ်မျော နေခဲ့သည်။

ရေမြှုပ်တုံး တစ်တုံး ကဲ့သို့ စုပ်ယူ နေ ခြင်းက၊ မိုးပြာ နဂါးဓား ပညာရပ် အပေါ်၊ ကောင်းစွာ နားလည် စေ၏။

မိုးပြာ နဂါး ဓားသည်၊ မြင့်မား လှသော ပညာရပ် တစ်ခု ဖြစ်သည်။ ၎င်း၏ နောက်ဆုံး ဓားမှာ၊ အပူပင် ကင်းသော ဓား(၉)ကွက်၏ နောက်ဆုံး ပုံစံနှင့် တူ၏။

ဆိုလို သည်မှာ၊ စကြာဝဠာ မုန်တိုင်း ဟူ သည်မှာ၊ ဖြစ်စဉ် မျှသာ ဖြစ်သည်။ ကိုယ်ပိုင် ကြံဆ ခြင်းဖြင့်၊ ဒသမ ဓားကို ပြီးမြောက် စေပေမည်။

ယင်းကိုသာ ဆုပ်ကိုင် နိုင်ပါက၊ ပိုးစုန်းကြူး နတ်ဓား၊ သတ္တမဓား ဖြစ်သော မိုးပြာ နဂါး ဦးချို နှင့်၊ စကြာဝဠာ မုန်တိုင်း ဟူ၍ ဝှက်ဖဲ သုံးခု ရှိလာမည် ဖြစ်သည်။

လင်းယွန် တစ်ယောက် မျက်ဝန်းများ မှိတ်ကာ၊ ဓားပင်လယ် အတွင်း နစ်မြုပ် သွား လေသည်။ ရွှေလူသားက မိုးပြာ နဂါး ဓားရေးကို၊ လေ့ကျင့် တော့၏။

သို့သော် စကြာဝဠာ မုန်တိုင်းတွင် တံခါး တစ်ချပ် ရှိနေ သကဲ့သို့၊ ခံစား ရသည်။ ယင်းက ရွှေအဆင်း သဏ္ဍာန် ရောင်ဝါများ ရှိနေ၏။

တစ်စုံ တစ်ရာကို ဝှက်ထား သကဲ့သို့၊ မည်သည့် အရာ ရှိနေမှန်း၊ မသိ ခဲ့ရ သော်လည်း၊ ကြီးကျယ် ခမ်းနားကြောင်း ပြောနိုင်သည်။

စစ်မှန်သော မိုးပြာ နဂါးဓားမှာ၊ ထိုတံခါး နောက်ကွယ်တွင် ဝှက်ထား သည်ဟု ခံစားလာ ရ၏။

စကြာဝဠာ မုန်တိုင်းသည် စကားစု တစ်ခုသာ ဖြစ်ပြီး၊ လက်ရှိ သူနားလည် နေသော အရာသည် ရေခဲတောင်၏ အစွန်အဖျား မျှသာ ဖြစ်ပုံ ရလေသည်။

“ ဘုတ် ... ။ ”

ဤအရာက သူ၏ စိတ်ဝင်စားမှုကို တိုးမြင့်လာ စေ၏။ သည်အတွေးက ဝမ်းသာ ပျော်ရွှင် စေပြီး၊ စားပွဲပေါ် ညာလက်ကို ပုတ် လိုက်မိသည်။ ထိုပုတ်ချက်တွင် နဂါး မူလနှင့် သိုင်း ရည်ရွယ်ချက် မပါဝင်ချေ။

“ ဘုတ် ... ။ ”

၎င်းသည် ကျပန်း လှုပ်ရှားမှုဟု ထင်ရ သော်လည်း စည်းချက် တစ်ခု ရှိနေ သည်ကို၊ သတိထား မိလာသည်။

အစပိုင်းတွင် ရှစ်ဖန့် တို့က အနှောက် အယှက် မဖြစ်ဘဲ၊ စင်မြင့်ပေါ်ရှိ တိုက်ပွဲများထံ အာရုံစိုက် နိုင်ခဲ့သည်။

“ လင်းရှောင် ... ဘာလုပ် နေတာလဲ။ ”

ရန်တိက စားပွဲ ပုတ်သံကို ဦးစွာ သတိ ပြုမိပြီး၊ လင်းယွန်အား ပြန်ကြည့်ကာ မေးလိုက် သည်။

“ ငါ မသိဘူး၊ ဉာဏ်အလင်း ရနေတာ ဖြစ်မယ်။ ”

ရှစ်ဖန့်က တိုးတိုးလေး ပြန်ဖြေ၏။ တိမ်လွှာဓား သမားမှ လင်းယွန်၏ လက်ဖဝါး ထံ ကြည့်ကာ၊

“ ဒါက ရှေးဟောင်း တေးသွား တစ်ပုဒ်ရဲ့ စည်းချက်လို့ ထင်တယ်။ ”

“ မေးကြည့် ရအောင်။ ”

ရန်တိမှ လင်းယွန်အား ပုတ်နိုးရန် ပြင်၏။

“ မလုပ်နဲ့ ... ။ ”

ရုတ်တရက် ယွဲ့ဝေဝေမှ အေးစက်သော အသွင်ဖြင့်၊ ဟန့်တား လိုက်လေသည်။ သည့်စဉ် လင်းယွန် ထံမှ ဓားရောင်ဝါကြီး ထွက်ပေါ် လာ၏။

အကွာ အဝေးသည် ကျဉ်းမြောင်း သော်လည်း၊ ဇရပ် တစ်ခုလုံး ကောင်းစွာ ခြုံ နိုင်လေသည်။

“ ဘုတ် ... ။ ”

ဓားသမား သုံးယောက်မှာ၊ တုန်လှုပ် သွားတော့၏။ ရောင်ဝါ လွှမ်းခြုံ ခံလိုက်ရ ချိန်၌၊ လင်းယွန် လက်က ခုံပေါ် ပုတ်လာသည်။

ထူးဆန်း စွာပင်၊ သူတို့ မလှုပ်ရှား နိုင် တော့သည်ကို သိလိုက် ရ၏။ နှလုံး ခုန်သံပင် ရပ်သွား လေသည်။

“ ဘုတ် ... ဘုတ် ... ။ ”

လင်းယွန်မှ ခုံကို ပုတ်လိုက်မှ သာလျှင် နှလုံးပြန် ခုန်လာ၏။ ယင်းသည် လက် ပုတ်သံ နှင့်၊ နှလုံး ခုန်သံ စည်းချက် ညီသွားခြင်း ဖြစ်သည်။

“ ဘုတ် ဘုတ် ဘုတ် ... ။ ”

“ ဒုတ် ဒုတ် ဒုတ် ... ။ ”

လက်ဖဝါး ပုတ်သံ မြန်လာ ချိန်၌၊ နှလုံးခုန်သံ သည်လည်း မြန်သွားသည်။ အသံ နှေးသွားသော် နှလုံးခုန်သံ သည်လည်း၊ နှေးသွား၏။

ကြောက်စရာ ကောင်းသော ဆက်နွယ်မှု ဖြစ်သည်။ လင်းယွန်က လက်ဖဝါးကို လေထဲ ရပ်လိုက်ရာ၊ ချောက် ကမ်းပါးတွင် တွဲလျောင်း ဆွဲခံထား ရ သကဲ့သို့၊ နှလုံးသားများ အေးစက် ကုန်၏။

ကျောပြင်၌ ချွေးများ ရွဲနစ် လာပြီး၊ ထိတ်လန့် သွားသည်။

“ မကြောက်နဲ့ ... ၊ ခုခံဖို့ မကြိုးစားနဲ့၊ သူ ဉာဏ်အလင်း ရနေတာ၊ မင်းတို့ သူ့ စည်းချက် တွေကို၊ ခံစား ရတယ် မဟုတ်လား၊ ...

... အနှောက်အယှက် မပေးနဲ့၊ မင်းတို့ရဲ့ ဓားရည်ရွယ်ချက်က သူ့ထက် အားနည်းတယ်၊ ဒဏ်ရာ ရကုန် လိမ့်မယ်၊ ပြီးတော့ အစ်ကိုကြီး လင်းလည်း၊ တုန့်ပြန်မှု ခံရ နိုင်တယ်။ ”

ယွဲ့ဝေဝေက ဝင်ရောက် သတိ ပေးလာသည်။ ဆိုလို သည်မှာ ဓားနှင့်လူ တစ်သား တည်း ဖြစ်နေခြင်း ဖြစ်၏။၊

ငါသည် ကောင်းကင် ဖြစ်ပြီး၊ ငါ့ဓားသည် အမိုး အကာ ကဲ့သို့ ကာကွယ်မည်။ ထိုစကားစု က၊ ရှစ်ဖန့်တို့ ရင်ထဲ ဝင်လာ၏။

ထို့ကြောင့် လင်းရှောင်သည် ကောင်ကင် အမိုးဓားကို ဆုပ်ကိုင် ထားကြောင်း၊ ယွဲ့ဝေဝေမှ အသိ ပေးလာခြင်း ဖြစ်သည်။

ထိတ်လန့်မှုမှာ ဖော်ပြ စရာ စကားလုံး မရှိချေ။ အချင်းချင်း ပြန်ကြည့်လျက် ယွဲ့ဝေဝေ ပြောသည့် အတိုင်း၊ လိုက်ပါ လုပ်ဆောင် မိ၏။

သို့သော် သူတို့ စိုးရိမ် နေဆဲ ဖြစ်သည်။ လင်းယွန်သာ လက်မခံသော် အရှက် ရပေမည်။ မည်သူ မဆို၊ ကိုယ်တိုင် ထိုးထွင်း သိမြင်မှုကို အခြား သူထံ မျှဝေရန်၊ ရက်ရော နိုင်မည် မဟုတ်ချေ။

ဓား ရည်ရွယ်ချက်ကို ထုတ်ဖော်ကာ၊ မျက်လုံးများ မှိတ်လျက်၊ လင်းယွန် ဓားနှင့် ပေါင်းစည်းရန် ကြိုးစား လိုက်သည်။

အဖြူရောင် ကင်းဗတ်စ တစ်ခု ကဲ့သို့၊ နောက်ခံ လွင်ပြင် တစ်ခုကို မြင်လိုက် ရသည်။ လင်းယွန်၏ လက်များက စုတ်တံများ အလား၊ ပြေးလွှား နေ၏။

နဂါး ဟောက်သံနှင့် အတူ နဂါးကြီး တစ်ကောင် ထွက်ပေါ် လာသည်။ ဤသည်မှာ သူတို့ မြင်ဖူး ထားသော မိုးပြာ နဂါး ဓားရေး ဖြစ်၏။

ဓားရေးကို ဆက်လက် လေ့ကျင့် လာ သည်နှင့် အမျှ၊ မိုးပြာ နဂါး ရည်ရွယ်ချက်သည်၊ သေးငယ်သော ကျောက်စိမ်းတုံး ကဲ့သို့ ပြောင်းလဲ လာသည်။

ယင်းက မြင့်မြတ်သော ရောင်ဝါများ ဆက်တိုက် ထုတ်လွှတ်လျက်၊ ကန့်သတ်ချက် ကျော်လွန်ပြီး၊ ပဉ္စမတန်း ရောက်ရှိ သွားသည်။

ရှစ်ဖန့်တို့ ခမျာ ထိတ်လန့် လာတော့၏။

( ဒါ ... ။ )

( သူက မိုးပြာ နဂါး မျိုးရိုး ထဲက ပါရမီရှင် တစ်ယောက် ဖြစ်နိုင်တယ်။ )

( ဟုတ်တယ် ... ။ )

ဓားသမား သုံးယောက်က အသံ မထွက်ဘဲ၊ အတွေးများဖြင့် ဆွေးဆွေး လာမိသည်။ ဤပွဲကို စောင့်ကြည့် ခြင်းဖြင့် လူတိုင်း၏ တာအို အမြင်များ ချဲ့ထွင် နိုင်သည်။

သို့သော် သည်လင်းရှောင်သည် ထိုလူတိုင်းထက် ပို၍ အကျိုးရှိ နေ၏။ မိုးပြာ နဂါး ရည်ရွယ်ချက်ကို ဖြတ်ကျော် ပြီးသော အခါ၊ ပြိုင်ဘက်များ ပေါ်လာ တော့သည်။

သုံးဦး တိတိ ရှိ၏။ ထိုသူ များသည် ပါရမီရှင်များ ဖြစ်ကြောင်း ရှစ်ဖန့်တို့ သိသည်။ တစ်ချိန်တည်း မှာပင် အနည်းငယ် ရင်းနှီး နေသည် ဟုလည်း ခံစား လာရ၏။

( နေဦး ... ၊ ဒါ ... ငါ မဟုတ်လား။ )

ရန်တိက သေမင်း အကကို ထုတ်ဖော် နေသော ဓားသမားထံ ကြည့်ကာ၊ အော်ဟစ် လိုက်သည်။

ကျန်နှစ်ယောက်မှာ ရှစ်ဖန့်နှင့် တိမ်လွှာ ဓားသမား ဖြစ်၏။ ထို့နောက် လေဓား သခင် နှင့်၊ အခြားသော လူများ ပေါ်လာ ပြန်သည်။

“ ခရစ် ... ။ ”

လင်းယွန်သည် လူတိုင်း၏ အသိဉာဏ်ကို စုပ်ယူခြင်း ဖြစ်လေသည်။ များ မကြာခင် အဖြူ ရောင် မျက်နှာပြင် အက်ကွဲကာ၊ မြင်ကွင်းများ လွင့်စဉ် ကုန်၏။

“ ဘုတ် ... ။ ”

စားပွဲပေါ် ပုတ်လိုက် သံကို ပြန်ကြား လာရပြီး၊ အိပ်မက်မှ လန့်နိုး သွား သကဲ့သို့၊ မျက်လုံးများ ဖွင့်ကြည့် လိုက်မိ၏။

ဓားရောင်ဝါမှာ လင်းယွန် ခန္ဓာကိုယ်ထဲ ပြန်ဆုတ် သွားသည်။ ဓားသမား သုံးယောက်က အကြည့်ချင်း ဖလှယ်ကာ တွန့်ဆုတ် လာ၏။

“ အဲဒါ သူ့လမ်းလား။ ”

ရန်တိမှ ရေရွတ် လိုက်သည်။ မိုးပြာ နဂါး ဓားကို ပြီးပြည့်စုံအောင်၊ စမ်းတဝါးဝါး ရှာဖွေ နေသော ပုံရိပ်အား ပြန်မြင် လာ၏။

“ မိုးပြာ နဂါး ဓားရေးက အားကောင်း ပါတယ်၊ ဒါပေမယ့် သူက ... ဒီထက် ပိုသွားချင် နေတယ်။ ”

“ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် မဟုတ်လား၊ ဒါကြောင့် သူ့ဓားက ငါတို့ထက် အများကြီး ပို ပြတ်သား နေတာ၊ ဒီလမ်းက ဘယ်သူမှ မလျှောက် ဝံ့တဲ့၊ ...

... လမ်းပဲ၊ သူ့ဓားနဲ့ နတ်ဘုရားတွေ ကိုတောင်၊ တိုက်ခိုက်ချင် နေတယ်၊ ဒါက ဓား နတ်ဘုရားသို့ သွားရာ လမ်းပဲ။ ”

ရှစ်ဖန့်မှ သက်ပြင်းချကာ သုံးသပ် လိုက်သည်။ ဓားနတ်ဘုရား ဟူသည်ကား၊ အဘယ်နည်း။

ဓားနတ်ဘုရား ဟူသည်ကား၊ ဓားများကို စေစား ထိန်းချုပ် နိုင်သော နတ်ဘုရား တစ်ပါး ဖြစ်၏။

နတ်ဘုရားများ မပေါ်ခင် ခေတ်၌ပင်၊ မရှိ ခဲ့ချေ။ နတ်ဘုရား တစ်ပါး ဖြစ်ရန် ခက်ခဲ လှပြီး၊ ဓားဘွဲ့ ခံယူရန်မှာ သာ၍ ဆိုး၏။

ဓားသမားတိုင်း နတ်ဘုရား ဖြစ်နိုင် သော်လည်း၊ ဓားဘွဲ့အား နတ်ဘုရားတိုင်း မခံယူ နိုင်ချေ။

ထို့ကြောင့် ဤသည်မှာ မည်သူမျှ မရောက်ဖူးသော လမ်း ဖြစ်ပြီး၊ နတ်ဘုရား များပင် မတွေး ဝံ့သော အရာ ဖြစ်သည်။

လင်းယွန်က မျက်လုံးဖွင့် ကြည့်လိုက်၏။ မိုးပြာ နဂါး ဓားတွင်၊ ဒဿမ ဓားသည် ကိုယ်ပိုင် လမ်းစဉ် ဟုတ်-မဟုတ် ကြည့်ခြင်း ဖြစ်သည်။

သို့သော် မိုးပြာ နဂါးဓား ပညာရပ်အား မမျှော်လင့်ဘဲ၊ ပကတိ အဆင့် ကျွမ်းကျင်မှု ရရှိ လာခဲ့သည်။ ပြီးပြည့်စုံခြင်း အထက်တွင် အဆင့် သုံးဆင့် ရှိ၏။

သရုပ်ဖော် အဆင့် ကျွမ်းကျင်မှု၊ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ကျွမ်းကျင်မှုနှင့်၊ ပကတိ အဆင့် ကျွမ်းကျင်မှု -ဟူ၍ ဖြစ်သည်။

“ ဘာဖြစ် တာလဲ။ ”

ဓားသမား သုံးယောက်က သူ့အား ထူးခြားစွာ ကြည့်နေကြ သဖြင့်၊ လင်းယွန်မှ အံ့သြ သွားသည်။

သုံးယောက်လုံး မတ်တတ် ထရပ်ကာ၊ သူနှင့်အတူ မထိုင် ဝံ့တော့ဘဲ၊ ရွေ့ပြောင်းရန် ပြင်လိုက် ကြ၏။

“ အစ်ကိုကြီး လင်းကို၊ ဓားနတ်ဘုရား အဖြစ် မြင်နေတာ။ ”

ယွဲ့ဝေဝေက ပြုံးပြီး အဖြစ်အပျက် များကို၊ ပြန်ပြောပြ လိုက်သည်။ ထို့ကြောင့် လင်းယွန်မှ ပြုံးရယ် လာ၏။

ယုချင်းဖန် သည်ပင်၊ ဓားဧကရာဇ် အဆင့် ၌သာ ရှိသည်။ ၎င်းတို့ သုံးဦးမှာ၊ များစွာ အတွေး လွန်နေ၏။ ဓားဖြင့် ဘွဲ့ကို ခံယူရန် မလွယ်ချေ။

ဓားသမား သုံးယောက်က ယင်းကို သတိထား မိလာပြီး၊ အဆင် မပြေသော အမူ အရာ များဖြင့်၊ ပြန်ထိုင် လိုက်ကြသည်။

“ ဒါပေမယ့် အနာဂတ်မှာ ဘာဖြစ်မယ် ဆိုတာ၊ ဘယ်သူမှ တပ်အပ် မပြော နိုင်ပါဘူး။ ”

လင်းယွန်မှ ပြုံးလျက် ပြန်ပြောသည်။ ဓားနတ်ဘုရား ဟူသော အဆင့်ကို၊ တစ်ကြိမ်မျှ မစဉ်းစား ဖူးချေ။ ဆရာ သခင် ကဲ့သို့ ကိုယ်ပိုင် လမ်းကို၊ လျှောက်လှမ်း ချင်ရုံသာ ရှိသည်။

တစ်နေ့တွင် သူ့ဓားနှင့်၊ ဧကရာဇ် ကိုးပါးကို ရင်ဆိုင် နိုင်သည် အထိ၊ ကြီးပြင်း လာရ မည်ဟု ယုံကြည်သည်။

***

All Chapters