မရဏ ရောင်ခြည်တော် လက်သီး။
Vol. 128 Ch. 1782
ဓားသမား သုံးယောက်က လင်းယွန် စကား၏ လေးနက်သော အဓိပ္ပာယ်ကို ခံစား နိုင်သည်။
ထိုအကြောင်းကို အစောပိုင်း ကာလ၌ မတွေးခဲ့ မိသော်လည်း၊ သူ့လမ်းကို အခြားသူ များ နောက်မှ လိုက်ရန်၊ လင်းယွန်၌ ဆန္ဒ မရှိချေ။
“ မိုးပြာ နဂါး ရည်ရွယ်ချက်မှာ အောင်မြင်မှု တစ်ခု ရခဲ့ တာလား။ ”
ရန်တိ၏ မေးခွန်းအား လင်းယွန်မှ ခေါင်းညိတ်ပြ၏။ ဤသည်မှာ မမျှော်လင့်ဘဲ အကျိုး ကျေးဇူး ရရှိ ခဲ့ခြင်း ဖြစ်သည်။
လေးနှစ်ကြာသည် အထိ နတ်သွေးကို ဘဝသုံးပါး နယ်မြေ အတွင်း သန့်စင် ခဲ့သည်။ မိုးပြာ နဂါး သူတော်စင် ခန္ဓာ အပါ အဝင်၊ မိုးပြာ နဂါး ရည်ရွယ်ချက်အား အထွတ် အထိပ်၌ စုစည်းလာ နိုင်ခဲ့သည်။
ထို့ကြောင့် အခွင့် အရေး တစ်ခု ရချိန်၌ အောင်မြင်မှု ရရှိ သွားခြင်း ဖြစ်၏။ ထို့ထက် ပို၍ အံ့သြ စရာ ကောင်း သည်မှာ၊ မိုးပြာ နဂါးဓား ပညာရပ် ဖြစ်သည်။
နောက်ဆုံး ဓားပုံစံသည် ဖြစ်နိုင်ချေ အနန္တရှိသည်။ ဤဓားရေးကို ဖန်တီး သူသည် သူ့မျိုးဆက် များကို ကန့်သတ်ချက်မှ ထိုးဖောက် စေလိုပုံ ရ၏။
ယင်းက အပူပင် ကင်းသော ဓား (၉) ကွက်နှင့်ဆင်တူသည်။ ထိုအချိန်၌ ကျယ်လောင် သော ပေါက်ကွဲသံ ထွက်ပေါ် လာပြီး၊ စားပွဲ ပေါ်ရှိ ခွက်များ ကွဲအက် ကုန်သည်။
နားစည်များ တုန်ခါ လာသဖြင့်၊ လူတိုင်း စိတ်မသက် မသာ ဖြစ်လာ၏။ လင်းယွန်က ခေါင်းမော့ ကြည့်လိုက်သော အခါ၊ အနန္တ လျှပ်စီး ဂိုဏ်း၏ ရီဖန်းအား စိန်ခေါ် နေခြင်း ဖြစ်သည်။
၎င်းသည် ထိပ်ဆုံး ဆယ်ဦးတွင် အသက် အငယ်ဆုံး ဖြစ်ပြီး၊ သူ့ အစွမ်း သတ္တိကို မယုံကြ သူ၊ အများ အပြား ရှိသည်။
ထို့ကြောင့် ထိပ်ဆုံး ဆယ်ဦး အတွင်း၊ မျှော်မှန်း ကြသူများက သူ့ကို ဦးစွာ စိန်ခေါ် ကြခြင်း ဖြစ်လေသည်။
စိန်ခေါ် သူမှာ လျူယွမ်ကျန်း အမည်ရှိ ရွက်ပုန်းသီး ကျင့်ကြံသူ ဖြစ်၏။ ရီဖန်းအား စိန်ခေါ်ဝံ့ သောကြောင့်၊ သဘာဝ အတိုင်း သန်မာသည်။
“ ဟိတ် ... ။ ”
နှစ်ယောက်သား ဒါဇင်နှင့် ချီသော ထိုးနှက်ချက် များကို ထုတ်ဖော် လိုက်ကြရာ၊ လှိုင်းလုံးများ ပတ်ပတ် လည်သို့ ပျံကား လာတော့သည်။
“ ဆင်း သွား ... ။ ”
လျူယွမ်ကျန်းက တစ္ဆေ ဝိညာဉ် ပညာ ရပ်အား ထုတ်ဖော်ကာ၊ အော်ငေါက် လိုက်၏။ ရီဖန်းမှ ကြောက်ရွံခြင်း မရှိဘဲ၊ ပြုံးပြ လာ လေသည်။
လေထု အလယ် ရပ်လျက်၊ ခရမ်းရောင် လျှပ်စီးများ၊ ရီဖန်း ခန္ဓာ ကိုယ်၌ တဖျပ်ဖျပ် ခတ် နေခဲ့သည်။ တစ္ဆေ ဝိညာဉ် ပညာရပ် ဖြင့်ပင် တန်ပြန် လိုက်၏။
တိုက်ခိုက်မှု နှစ်ရပ်သည် ဝေဟင် အလယ် ထိပ်တိုက် တွေ့ဆုံ သွားသော အခါ အချင်းချင်း ဖြတ်ကျော်သွား ကြသည်။
“ ဝှီး ... ။ ”
ရီဖန်းက လက်ကို ဝှေ့ယမ်းကာ သူ့ထံ ရောက်လာသော လှိုင်းများအား ပြန့်ကျဲ စေ လိုက်သည်။
“ ဝေါ့ ... ။ ”
ထိုအချိန်တွင် လျူယွမ်ကျန်းမှာ ဒူးထောက်ကျ သွားပြီး၊ သွေးသုံးကြိမ် အန်သွား တော့၏။
ပါးစပ်မှ သွေးအန်တိုင်း လျှပ်စီးများ လက်နေသည့် အတွင်း အင်္ဂါ အစိတ် အပိုင်းများ ပါရှိ လာသည်။
“ ရီဖန်းရဲ့ တိုက်ခိုက်မှုက တကယ့်ကို ထူးဆန်း ပါတယ်၊ လျူယွမ်ကျန်းလို ကျင့်ကြံမှု မြင့်မားတဲ့ သူက၊ ဒီလောက် အထိ ဒဏ်ရာ မရသင့်ဘူး။ ”
ရန်တိက မျက်ခုံးပင့်ကာ ပြောလိုက်သည်။ ရှစ်ဖန့်က ခေါင်းငြိမ့်ကာ၊
“ သူ့ရဲ့ တိုက်စစ် စွမ်းအားက အရမ်း ပြင်းထန်ပြီး၊ ခံစစ် မှာလည်း လျှို့ဝှက်ချက် တစ်ခု ရှိနေတယ်၊ ငါ အရင်က လျူယွမ်ကျန်းနဲ့ တိုက်ဖူးတယ်၊ ဒီကောင် ရီဖန်းကို ဒဏ်ရာ မပေး နိုင်တာ မယုံနိုင် စရာပဲ။ ”
-ဟု ဆိုလိုက် တော့သည်။
လင်းယွန်က စကား တစ်ခွန်းမှ မပြောချေ။ ရီဖန်းက တိုက်ခိုက်မှုသည် ယခင် သူ အသုံးပြု ဖူးသော အလင်း ပိုးအိမ်နှင့် ဆင်တူ၏။
လျှပ်စီးကို ဆံချည်မျှဉ် အရွယ် သိပ်သည်းကာ၊ ပြိုင်ဘက်၏ ခန္ဓာကိုယ် အတွင်း ပစ်လွှတ် ဖောက်ခွဲခြင်း ဖြစ်သည်။
ဓားနှလုံးသားဖြင့် လျှပ်စီး မျှဉ်ပေါင်း၊ (၉၀၀၀)ကို မြင်သည်။ ထို အချက် အလက် အရ လျူယွမ်ကျန်းအား လေးစား မိ၏။
အခြားသူ တစ်ဦးသာ ဆိုက၊ ဤပမာဏကြောင့်၊ အလောင်းပင် မကျန်ဘဲ၊ လုံးဝ ပေါက်ကွဲ သွား နိုင်မည်။
“ ရေခဲပြာ သခင် ... ၊ မင်း ငါ့ကို တိုက်ဝံ့ သလား။ ”
လျူယွမ်ကျန်းအား အနိုင်ယူ ခြင်းသည်၊ သွေးပူ ရုံသာ ရှိ၏။ ထို့ကြောင့် သခင် လေးပါး ကို တိုက်ရိုက် စိန်ခေါ်ရန် ဆုံးဖြတ် မိသည်။
“ သတိထား ... ။ ”
စင်ပေါ်တက်ရန် ပြင်နေသော ရေခဲပြာ သခင်ကို ဆောင်ဦး တောင်တန်း သခင်မှ သတိ ပေး လိုက်သည်။
သူတို့ လေးဦး ကြားတွင် ပြိုင်ဆိုင် မှုများ ရှိသော်လည်း၊ အားလုံးမှာ နတ်နဂါး အင်ပါယာ လက်အောက် ခံများ ဖြစ်၏။
ထို့ကြောင့် ဤတိုက်ပွဲသည် အင်အားစု နှစ်ခုကြား ထိပ်တိုက် တွေ့ဆုံ မှုဟု ယူဆနိုင် လေသည်။
သခင် လေးပါးနှင့် မြင့်မြတ်မြေများ ကြား မည်သူမှ ပိုအားကောင်း မည်ကို သိရှိ ရတော့ မည် ဖြစ်သည်။
ယင်းကြောင့် ရေနွေးကြမ်း သောက်ပွဲ၏ လေထုမှာ၊ သဘာဝ အတိုင်း အဆင့် သစ်သို့ ရောက်ရှိ လာတော့သည်။
“ စိတ်မပူပါနဲ့ ... ၊ သူက ငါ့ကို ဒုက္ခ မပေး နိုင်ပါဘူး။ ”
ရေခဲပြာ သခင်က ယုံကြည်မှု ရှိစွာဖြင့် စင်ပေါ် ပျံသန်း သွား၏။ ထို့နောက် နှစ်ယောက် သား တပြိုင် နက်တည်း လှုပ်ရှား တော့သည်။
ရီဖန်းက မရဏ ရောင်ခြည် ပျက်သုဉ်း ခြင်းကို ထုတ်ဖော်ကာ၊ လျှပ်စီးအလား ရေွ့လျား လိုက်သည်။
သို့သော် သူ၏ လျှပ်စီး လက်သီးကို ရေခဲနဂါးက ဖမ်းယူ သွား၏။ ဤနဂါးသည် ရေခဲပြာ သခင် ထံမှ ဖြစ်သည်။
ထို့နောက် ရေခဲ နဂါးက ရီဖန်း၏ တိုက်ခိုက်မှု များကို၊ အလွယ်တကူ တားဆီးကာ ရှေ့ဆက် တိုးလာ၏။
“ ဝုန်း ... ။ ”
ရေခဲပြာ သခင်၏ လက်ဖဝါးနှင့် ရီဖန်း၏ လက်သီး ရိုက်မိ သွားပြီး၊ နှစ်ယောက် စလုံး လွင့်ပျံ ကုန်သည်။
“ ဟိတ် ... ။ ”
ရီဖန်းက ကိုယ်ရှိန် သပ်ကာ၊ ကြမ်းပြင်ကို နင်းလျက် နောက်ထပ် လက်သီးချက် များအား ဗုံးကြဲ သလို ထုတ်ဖော် တော့သည်။
“ နတ်နဂါး ကောင်းကင်ဖျက် လက်သည်း။ ”
ထို့ကြောင့် ရေခဲပြာ သခင်က ညာဘက် လက်အား၊ နဂါး လက်သည်း အသွင် ပြောင်းလဲ လျက်၊ ရေခဲဆူး များဖြင့် ပစ်ခတ် ချေဖြတ် လိုက်သည်။
အဝေးမှ ကြည့်သော် ရီဖန်းထံ ရေခဲဓား များဖြင့်၊ ပစ်ထုတ် နေ သကဲ့သို့ ထင်မိ စေ၏။ နှစ်ယောက်သား ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်သည်။
သည့်နောက် ခြေဖျားကို ပုတ်ကာ၊ တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ပြေးဝင် တော့၏။
ရုတ်တရက် အမြန်နှုန်း တိုးလာ ခဲ့ပြီး နှစ်ယောက် စလုံး မြင်ကွင်းမှ ပျောက်ကွယ် လာ သည်။ လေဟာနယ် အက်ကွဲ ရှုပ်ပွ သွား၏။
“ မရဏ နတ်လက်သီး ... ။ ”
“ ရေခဲပြာ နတ်လက်သီး။ ”
နှစ်ဦး စလုံးက ဝှက်ဖဲ များကို ထုတ်ဖော် လိုက်ကြ၏။ လျှပ်စီးနှင့် နှင်းပွင့်များ ပြည့်နှက် လာကာ၊ နောက်ဆက်တွဲ ပုံရိပ်များ လေထဲ အထပ်ထပ် ဖြစ်ပေါ် ကုန်သည်။
ရီဖန်းက နဂါး သွေးလွှတ်ကြောနှင့်၊ လျှပ်စီး ရည်ရွယ်ချက်ကို အသုံး ပြုကာ၊ တစ္ဆေ ဝိညာဉ် ပညာ ရပ်အား၊ ကန့်သတ်ချက် အထိ တွန်းထုတ် လိုက်၏။
“ ဂျိန်း ... ။ ”
စင်မြင့် တစ်ခုလုံး မိုးကြိုး တိမ်တိုက်များ ချက်ချင်း ဖုံးလွှမ်းလာသည်။ ထိုစွမ်းအားသည် ကောင်းကင် ဒုက္ခ ဆင်းသက် လာခြင်းနှင့် ညီမျှ ချေ၏။
ရီးဖန်းနှင့် တိုက်သော် သူ့ဒုက္ခ ရောက်ရှိ လာနိုင် သဖြင့်၊ လင်းယွန်မှ မျက်မှောင်ကြုတ် လိုက်သည်။
“ ကောင်းကင် ဒုက္ခလား ... ၊ ဟား ဟား ဟား၊ ဒီကမ္ဘာ ပေါ်မှာ ရှိတဲ့ လူတိုင်း ... ဒုက္ခကို ကြောက်ကြ ပေမယ့်၊ ငါ မပါဘူး။ ”
ရေခဲပြာ သခင်က ပြောလိုက် သော်လည်း သတိ လက်လွတ် မနေရဲချေ။ လေထဲ ပျံတက် ကာ၊ နဂါးဖြူ တံဆိပ်ကို ဖန်တီးသည်။
အပြာရောင် အတား အဆီး အလွှာ တစ်ခု ပေါ်လာပြီး၊ ရီဖန်း၏ လက်သီးများကို ဟန့်တား တော့၏။
အဖြူရောင် နဂါး တံဆိပ်သည်၊ စိတ်ကူး မယဉ်နိုင် လောက်အောင်၊ အေးစက်စက် အငွေ့ အသက်များ ပါဝင်သည်။
လက်သီး ထိမှန် ချိန်တိုင်း၊ မိုးကြိုး တိမ်တိုက်များ အနည်းငယ် လွင့်စဉ် သွားပြီး၊ ကောင်းကင်၌ နဂါးဖြူ တစ်ကောင် ပေါ်လာ၏။
လက်သီး ဆယ်ချက် ပြည့်ချိန်၌ ရေခဲပြာ သခင် နောက်တွင်၊ အဖြူရောင် နတ်နဂါး (၁၀) ကောင်၊ ရောက်ရှိ လာတော့သည်။
နဂါးများက ကောင်းကင်ပေါ် ပျံတက် သွားသော အခါ၊ ရောင်ဝါမှာ ကြောက်မက်ဖွယ် အဆင့် ရောက်လာ၏။
သို့သော် ရီဖန်၏ စွမ်းဆောင်ရည်က မပျော့ညံ့ချေ။ သူ့နောက်၌ ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်သော လျှပ်စီးကွင်း ကိုးကွင်း ထင်ရှား လာသည်။
“ ဝုန်း ... ။ ”
လျှပ်စီးကွင်း ကိုးကွင်းနှင့် နတ်နဂါး (၁၀)ကောင် ထိပ်တိုက် တွေ့ဆုံ ကြသော အခါ၊ အလင်းတန်းများ ပျံ့ကား ကုန်သည်။
“ နဂါး မိသားစုရဲ့ ... ၊ ကိုယ်ခံ ပညာက နက်နဲတာပဲ၊ ဒါကြောင့် မင်းရဲ့ မိသားစု ပညာ ရပ်ကို၊ စွန့်ပစ် ခဲ့တာ အံ့သြ စရာ မရှိတော့ ပါဘူး၊ ဒါပေမယ့် ... မင်း ဘယ်လောက် ကြာကြာ ခံနိုင် မလဲ ကြည့်ရအောင်။ ”
ရီဖန်က လေထု အလယ် ပျံဝဲပြီး လှောင်ပြောင် လိုက်၏။ တစ်ဖက်တွင် ရေခဲပြာ သခင်မှာ၊ သူ့ခန္ဓာကိုယ် အတွင်း စုပုံ လာသော လျှပ်စီး စွမ်းအင်ကို ခံစား နိုင်သည်။
ထို့ကြောင့် ခန္ဓာကိုယ် အတွင်း ပေါက်ကွဲမှုများ ဖြစ်မလာ စေရန်၊ အတင်း ဖိနှိပ် ထားရ၏။
“ အပျော် မစော နဲ့ဦး။ ”
ရေခဲပြာ သခင်က အသက် ပြင်းပြင်း ရှူလျက်၊ လေထဲတွင် ရှိသော နဂါး များကို ခန္ဓာကိုယ် ထဲသို့ ပြန်ခေါ် လိုက်သည်။
ရောင်ဝါများ မြင့်တက် လာစဉ် ရီဖန်းထံ တိုးဝင် လိုက်၏။ ဆက်လက် အချိန်ဆွဲ နေပါက၊ လျှပ်စီး စွမ်းအင်များကို မထိန်းချုပ် နိုင်တော့ဘဲ၊ သူ ရှုံးနိုင်သည်။
“ ဝုန်း ... ။ ”
လက်သီး အချင်း ထိုးမိကာ၊ စူးရှ တောက်ပသော အလင်းတန်း တစ်များ ပေါ်လာ၏။
နောက်အခိုက် အတန့်၊ လျှပ်စီး စွမ်းအင် စက်ကွင်းနှင့် နဂါးပြာ တံဆိပ်မှာ ပေါက်ကွဲ သွား ခဲ့သည်။
နှစ်ဦးသား ပါးစပ်မှ သွေးများ အသီးသီး ထွက်ကျ လာ၏။ ရီဖန်က လေထဲတွင် ရပ်လျက် နောက်ပြန် ဆုတ်ခြင်း မရှိ ခဲ့ချေ။
ရေခဲပြာ သခင် သည်သာ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားသည်။ ချက်ချင်း မတ်တပ် ထရပ် လိုက်သော်လည်း၊ ရီဖန်းက ကောင်းကင်မှ ဆင်းကာ၊ လက်သီးဖြင့် ထိုးလာသည်။
ထိုလက်သီး ချက်ကြောင့်၊ ခန္ဓာကိုယ် အတွင်းရှိ လျှပ်စီး စွမ်းအင်ကို၊ ထိန်ချုပ် နိုင်ခြင်း မရှိတော့ဘဲ၊ ပေါက်ကွဲ သွားတော့ ၏။
အရေပြားများ အက်ကွဲလျက် သွေး အလိမ်းလိမ်း ဖြစ်လာသည်။ အံသြမှုမှာ အဆုံး မရှိ ခဲ့ချေ။
“ ဒါက ဘယ်လို ဖြစ်တာလဲ။ ”
သူ့ ကျင့်ကြံမှုသည် ရီဖန်းထက် ပို၍ မြင့်မားသဖြင့်၊ ရှုံးနိမ့် သွားရ သည်မှာ အဓိပ္ပါယ် မရှိချေ။ နှုတ်ခမ်းမှ သွေးစကို သုတ်ပြီး၊ ရီဖန်းက ပြုံးသည်။
“ ငါက ဝါးမျိုခြင်း သူတော်စင် ရူရ်နဲ့ ... မရဏ ရောင်ခြည်တော် လက်သီးကို၊ ပေါင်းစပ် ထားတယ်၊ ဒါကြောင့် ငါ့ထံ ဦးတည်တဲ့ စွမ်းအား (၃၀) ရာခိုင်နှုန်းကို ဝါးမျို နိုင်တယ်၊ ...
... ဒါ့အပြင် မရဏ မိုးကြိုး သူတော်စင် ကျမ်းနဲ့ ...၊ မရဏ ရောင်ခြည်တော် လက်သီးကို ပေါင်းစပ် လိုက်ရင်၊ နောက်ထပ် တိုက်ခိုက်မှု (၃၀) ရာခိုင်နှုန်းကို ပယ်ရှား နိုင်တယ်၊ ...
... ဆိုလို တာက မင်းရဲ့ ... ၊ တိုက်ပွဲဝင် စွမ်းအား (၄၀) ရာခိုင်နှုန်း ကသာ ငါ့ဆီ ရောက် နိုင်တယ်။ ”
ရီဖန်းက ယုံကြည်မှု ရှိစွာဖြင့်၊ သူ၏ လျှို့ဝှက်ချက်ကို ထုတ်ဖော် ပြောပြ လိုက်သည်။ ဆောင်းဦး တောင်တန်း သခင်က သက်ပြင်း ချကာ၊
“ အနန္တ လျှပ်စီး ဂိုဏ်းရဲ့ ရီဖန်း နိုင်တယ်။ ”
-ဟု ကြေငြာ လိုက်ရ တော့သည်။
“ သခင် လေးပါးက မြင့်မြတ်မြေ တွေနဲ့ ယှဉ်ရင် အားနည်း နေသေး ပုံပဲ။ ”
လူတိုင်း ရင်၌ အကြမ်းဖျင်း အဆင့် သတ်မှတ်ချက် ရှိလာပြီ ဖြစ်၏။ ကျိလင်ဖုန်း၊ ရှောင်ယွင်ချီနှင့် ဆောင်းဦး တောင်တန်း သခင် သည်သာ ထိပ်ဆုံး သုံးဦး အဆင့် ဝင်သည်။
ကျန် (၇) နေရာကို ရီဖန်း၊ ရန်ချီဟွာ၊ လင်းချင်းရန်၊ ယွီဝမ်ရှု၊ လေဓား သခင်၊ ရေခဲပြာ သခင်နှင့်၊ နှင်းဦး သခင် တို့မှ ရရှိမည် ဖြစ်သည်။
လင်းယွန်သည် ထိုခုနစ်ယောက် ထဲမှ တစ်ယောက်ကို အနိုင်ယူ ပါက၊ အဆင့် တက် သွားမည် ဖြစ်သည်။
သို့သော် ထိုခုနစ်ဦးသည် အဆင့် သစ်၌ ရှိနေကြ သဖြင့်၊ လင်းယွန် တစ်ယောက် လုပ်နိုင် မည်ဟု မထင် မိချေ။
***