← Chapters

ငွေနဂါး သူတော်စင် ခန္ဓာ။

Vol. 128 Ch. 1783

ငွေနဂါး သူတော်စင် ခန္ဓာ။

Vol. 128 Ch. 1783

နိုင်ပွဲ ရရှိ သွားသော ရီဖန်းအား၊ သူ၏ စီနီယာ အစ်ကို ဖြစ်သူက၊ စင်ပေါ်မှ ဆင်းစေ ခဲ့သည်။

အသက် ငယ်ငယ်ဖြင့် သူတပါး၏ နင်းဖြတ်ခြင်း မခံစေ လိုချေ။ ရီဖန်းက တိုက်ပွဲ ဝင်ချင်သေး သော်လည်း၊ စကား နားထောင် လိုက်ရသည်။

ရေနွေး ကြမ်းသောက်ပွဲမှာ၊ ဆက်လက် ဖြစ်ပွား နေပြီး၊ ထိပ်ဆုံး ဆယ်ယောက်ကို စိန်ခေါ်ရန်၊ အများ အပြား စင်ပေါ် တက်လာ ကြသည်။

ကောင်းကင် မီးလျှံ ဂိုဏ်းမှ ရန်ချီဟွာ၊ နတ်တာအို ခန်းမမှ လင်းချင်းရန်နှင့် မင်ဂိုဏ်း၏ ယွီဝမ်ရှု တို့မှာ စိန်ခေါ် ခံရ၏။

သည့်အပြင် တိမ်လွှာဓား သမား ကလည်း၊ နှင်းဦး သခင်ကို စိန်ခေါ်သည်။ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ခဲ့ သော်လည်း၊ စိန်ခေါ် သူတိုင်း ရှုံးနိမ့် ကုန်သည်။

ထို့ကြောင့် တိုက်ပွဲ များစွာ ဖြစ်ပွား ပြီးနောက်၊ ထိပ်ဆုံး ဆယ်ဦးကို မည်သူမျှ စိန်ခေါ် ရဲခြင်း မရှိ တော့ချေ။

ဤအရာက ထိပ်တန်း ဆယ်ယောက်သည် အဆင့်သစ် တစ်ခုသို့ ရောက်ရှိ နေပြီ ဟူသော အမြင်ကို သေချာ စေ၏။

စိတ်ဝင်စားမှု ကင်းမဲ့သော တိုက်ပွဲ များစွာ ပြီးနောက်၊ လေဓား သခင်က စင်မြင့်ပေါ် တက် လာခဲ့သည်။

“ ရန်ချီဟွာ ... မင်း ငါ့ကို တိုက်ဖို့ သတ္တိ ရှိလား။ ”

ပတ်ဝန်ကျင်၌ လှုပ်လှုပ် ရွရွ ဖြစ်ကုန်သည်။

“ လေဓား သခင်က ရန်ချီဟွာကို စိန်ခေါ် တာလား၊ သူ့မှာ ရည်မှန်းချက် ကြီးကြီး ရှိပုံပဲ၊ ရန်ချီဟွာက ထိပ်ဆုံး ငါးဦး အဆင့် ဝင်တယ်။ ”

“ ဒီပွဲကို တစ်လ စောပြီး စီမံ ရတဲ့ နောက်ကွယ်က လူဆိုတာ လေဓား သခင်လို့ ငါ ကြားမိတယ်။ ”

ကောင်းကင် မီးလျှံ ဂိုဏ်း၏ ရန်ချင်းဟွာက ပြုံးပြီး ထရပ် လာသည်။

“ လေဓား သခင်၊ မင်းက တော်တော် ရဲရင့်တာပဲ၊ ငါ့ကို အနိုင်ယူ ပြီးရင်တောင် မင်း ခရီးက ပြီးဆုံး သွားရ လိမ့်မယ်။ ”

“ ဘယ်လို တောင် ... ဘဝင်မြင့် လိုက်လဲ၊ ငါမှာ မင်းကို စိန်ခေါ်ဖို့ သတ္တိ ရှိမှတော့၊ ဝှက်ဖဲ တွေ မလိုဖူး ဆိုတာ ... မင်း သိသင့်တယ်။ ”

လေဓား သခင်က တည်ငြိမ်စွာ တုန်ပြန့် လိုက်၏။ သူ့ လေသံ အတွင်း ယုံကြည်မှုနှင့် ကြီးစိုးမှုကို ခံစား နိုင်သည်။

သူ စကား ပြောနေစဉ် ကောင်းကင် တခွင် မှောင်မိုက် သွားစေသည့် ရောင်ဝါ တစ်ခု လွင့်ပျံ လာသည်။

“ ဝှစ် ... ။ ”

ထိုရောင်ဝါကြောင့် ရန်ချင်းဟွာ ခမျာ လေးနက် လာ၏။ တစ်ချက် လှုပ်ရုံဖြင့် စင်မြင့် ပေါ်သို့၊ ရောက်ရှိ သွားပြီး၊ သူ့ ရောင်ဝါကို ထုတ်ဖော်ကာ၊ ရင်ဆိုင် လိုက်သည်။

သို့သော် ရန်ချင်းဟွာ၏ ရောင်ဝါသည် လေဓား သခင် ရောင်ဝါထက် အားနည်း နေ သည်ကို၊ မြင်သာ စေ၏။

ရန်ချင်းဟွာက ထိတ်လန့်ခြင်း မရှိချေ။ သူ့တွင် မီးလျှံဓား ဟူသော ဘွဲ့ကို ခံယူ နိုင်စေ သည့်၊ တစ္ဆေ ဝိညာဉ် ဓားမော့ တစ်ရပ် ရှိသည်။

၎င်းအား ကောင်းကင် မီးလျှံ ရည်ရွယ်ချက်ဖြင့် ပေါင်းစပ်ကာ၊ သရုပ်ဖော် အဆင့်ထိ ရောက်ရှိ ထား၏။

ကောင်းကင် အမိုး ဓားမော့၏ ရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားခြင်း မရှိ သော်လည်း၊ နတ်မီးတောက် ကိုးခုအား ဆုပ်ကိုင် ထားသည်။

နတ်မီးတောက် စွမ်းအားဖြင့် သူ၏ နဂါး မူလကို သန့်စင် ထားရာ၊ အခြား သူများထက် ပိုမို တိုက်ပွဲ ဝင်နိုင်၏။

ဓားမော့ကို ဆွဲပြီး၊ ခြေလှမ်း တစ်လှမ်း လှမ်းတက် လိုက်သည်။ ကြက်သွေးရောင် ဓား ရောင်ဝါများ ဖြာထွက် လာ၏။

ဤဓားမော့သည် ထူးခြား လှပြီး၊ လှုပ်လိုက် ရုံနှင့်၊ မီးလျှံ စုပ်ဝဲကို ဖန်တီး နိုင်ကာ၊ လေထုကို ချက်ချင်း ပူနွေး လာစေသည်။

လေများ အရည်ပျော် လောင်ကျွမ်း သွားသလို ခံစားလိုက် ရသည်။ စင်မြင့် ပေါ်ရှိ သူတော်စင် သားရဲ၏ သွေးများ မီးထတောက် လာ၏။

“ ဟိတ် ... ။ ”

လေဓား သခင်က လက်သီးဖြင့် ထိုးကာ၊ ဓားမော့ ရောင်ခြည်ကို ဖျက်ဆီး လိုက်သည်။ ထို့နောက် ရန်ချင်းဟွာ၏ ဓားကို လက်နှစ်ချောင်းဖြင့်၊ ညှပ်ရန် ကြံရွယ် တော့၏။

ဤနည်းလမ်းကို အခြား သူများနှင့် တစ်ကြိမ် အသုံးပြု ခဲ့ဖူးသည်။

“ မင်း သေချင် နေတာပဲ။ ”

ယင်းကြောင့် ရန်ချင်းဟွာ တစ်ယောက် လုံး၀ ဒေါသ ထွက်လာပြီး၊ ဓားမော့ ပြန်ရုတ်ကာ လမ်းကြောင်း ပြောင်း လိုက်၏။

သို့သော် လေဓား သခင်မှ ပြုံးပြီး၊ ခန္ဓာကိုယ်မှ ငွေရောင် အလင်း တန်းများ ထုတ် လွှတ်လျက် ခံယူ လိုက်သည်။

“ ဝုန်း ... ။ ”

အပြန်ပြန် အလှန်လှန် ဆယ်ကြိမ်ခန့် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ပေါက်ကွဲမှု ဖြစ် ပွားကာ၊ ကောင်းကင် သို့တိုင်၊ မီးတောက်များ ပျံတက် သွားသည်။

ရန်ချင်းဟွာ တစ်ယောက် မျက်နှာ အနည်းငယ် ပြောင်းလဲ လာပြီး၊ ဓားမော့ကို ပြန်ဆွဲ လိုက်သည်။

“ မင်းကို လူတိုင်းက ရည်မှန်းချက် ကြီးတယ်လို့ ပြောကြ ပေမယ့် ... ၊ ငါ့ အမြင် အရ တော့ ... လူတိုင်းက မင်းကို ပိုတွက် ထားမိပုံ ရတယ်။ ”

စကားဆုံး သည်နှင့် ရန်ချင်းဟွာ နောက်၌ မီးလျှံ စက်ဝန်း ကိုးခု ပေါ်လာသည်။ ယင်းမှာ သူတော်စင် မီးတောက် ကိုးပါး ဖြစ်၏။

သို့သော် ဤမီးတောက် များ၏ ဖိအားကြောင့် ပြိုင်ဘက်မှာ ရုန်းကန် နေရ လိမ့်မည်ဟု ထင်ထားသော၊ သူ့ မျှော်လင့် ချက်မှာ၊ လုံးဝ ပျက်စီး သွားသည်။

အဘယ့်ကြောင့် ဆိုသော်၊ ငွေရောင် အကြေးခွံများ ထုတ်ဖော်လျက်၊ လေဓား သခင်မှ ထိုဖိအားကို ပြန်လည် ခုခံ လာခြင်းကြောင့် ဖြစ်သည်။

၎င်းသည် ငွေနဂါးခန္ဓာ ဖြစ်ပြီး၊ အစွမ်း ထက်သော ကာကွယ်ရေး အလွှာ ဖြစ်ချေ၏။ တိုက်ပွဲဝင် စွမ်းအား ကိုလည်း မြှင့်တင်ပေး နိုင်သည်။

ထိုကြောင့် ရန်ချင်းဟွာ၏ ဓားမော့မှာ၊ လေဓားသခင်၏ ခန္ဓာကိုယ်ပေါ် ကျရောက်သော အခါ၊ မီးပွားများ ပွင့်လာပြီး၊ ကြီးစိုး လိုသည့် ရောင်ဝါ ထွက်လာသည်။

ရန်ချင်းဟွာ၏ ဓားမော့သည်၊ ပြိုင်ဘက် အပေါ်၊ ဒဏ်ရာပေးရန် မဆိုနှင့်၊ ခြေတစ်လှမ်း ဆုတ် အောင်ပင် မလုပ်နိုင် ခဲ့ချေ။

“ ငွေနဂါး သူတော်စင် ကိုယ်လုံး ကိုယ်ပေါက်။ ”

ရန်ချင်းဟွာက အံကြိတ် လိုက်ပြီး၊

“ ဒါကို ... ငါ မချိုးဖြတ် နိုင်ဖူး ဆိုတာ မယုံဘူး။ ”

-ဟု အော်ဟစ် လိုက်သည်။

ဤမြင်ကွင်းကို မြင်သော အခါ၊ ကျိလင်ဖုန်းမှ သက်ပြင်းချ မိ၏။ နတ်နဂါး ခုနစ်ကောင် အနက်၊ ငွေနဂါးသည် ခုခံမှု အကောင်းဆုံး ဖြစ်သည်။

ထို့အပြင် လေဓား သခင်၌၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်လည်း ရှိ၏။ ဆိုလို သည်မှာ လေမှ သူ့အား ကာကွယ်ကာ၊ လျှပ်စီးသည် ဓားကဲ့သို့ တန်ပြန် တိုက်စစ် ဖွင့်နိုင်သည်။

ထို့ကြောင့် လေဓား သခင် ဟူသော၊ အထက်ပါ ဘွဲ့ကို ရရှိ ထားခြင်း ဖြစ်လေသည်။ လက်ရှိ အချိန်၌ ရန်ချင်းဟွာ တစ်ယောက်၊ လှည့်ကွက်ထဲ ကျရောက် သွားချေပြီ။

ငွေနဂါး ခန္ဓာ ကိုယ်အား၊ အဓမ္မ ဖောက်ဖျက်လိုသော ဆန္ဒဖြင့်၊ အချက် အလတ် များကို၊ တွက်ဆ နိုင်ခြင်း မရှိ တော့ချေ။

နတ်မီးတောက် ကိုးပါးသည် အချိန် ကြာမြင့်လာ သည်နှင့် အမျှ၊ ငွေနဂါး ခန္ဓာကိုယ် အပေါ်၊ သက်ရောက်မှု မရှိ တော့ကြောင်း ပြောနိုင်၏။

ကောင်းကင် တာအို ဂိုဏ်းမှ၊ ရှယွမ်ကွီ ကလည်း ခေါင်းယမ်းကာ၊ စကား တစ်ခွန်းမျှ မပြော တော့ချေ။

နတ်မီးတောက် ကိုးပါး အစား၊ ဓားမော့ ရည်ရွယ်ချက် အပေါ်၊ ပုံအပ် သင့်သည်ဟု၊ သူ မြင်၏။

သို့သော် ရန်ချီဟွာသည်၊ နတ်မီးတောက် ကိုးပါးဖြင့်၊ ကျော်ကြားနေ ခြင်းကြောင့် ဓားမော့ သမား ဟူသော အချက်ကို၊ လုံးဝ မေ့လျော့ သွားပုံ ရသည်။

“ ကွဲအက် နေတဲ့ ကြယ်။ ”

ပြင်းထန် လွန်းသော လက်သီးချက် ထိမှန်ကာ၊ ရန်ချီဟွာ တစ်ယောက် လွင့်စဉ် သွား ရသည်။

သို့တိုင် အံကြိတ်လျက်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ နတ်မီးတောက် စွမ်းအားကို အဆုံးထိ ပေါက်ကွဲ စေကာ၊ တိုက်ပွဲဝင် စွမ်းအား မြှင့်တင် လိုက်သည်။

“ ကောင်းကင် မီးလျှံများ ... ။ ”

သူတော်စင် ဓားမော့မှာ ရုတ်တရက် တုန်ခါလာ ခဲ့၏။ ဤသည်မှာ နဂါး မူလကို နတ် မီးတောက်ဖြင့် လောင်ကျွမ်း စေသော လျှို့ဝှက် နည်းစနစ် တစ်ရပ် ဖြစ်သည်။

“ သခင် နဂါး လက်သီး ... ။ ”

လေဓား သခင် ကလည်း အလျော့ မပေးခဲ့ချေ။ တိုက်ပွဲ စချိန် ကတည်းက သူ့ရပ် ခြေကို တစ်လှမ်းပင် မဆုတ်ဘဲ၊ လွှမ်းမိုး ထားသည်။

ငွေရောင် အလင်းများ ခြုံရံ ထားသော လက်သီးများ ပေါက်ကွဲ လာပြီး၊ ရန်ချီဟွာ၏ ဓါး ရောင်ခြည်ကို ဖြိုခွဲကာ၊ နောက် တစ်လှမ်း ဆုတ်ခွာ စေသည်။

“ ကလန် ... ။ ”

ဆယ်လှမ်း ဆုတ်ခွာ ပြီးသည့်တိုင်၊ လက်သီးမှာ လိုက်ပါဆဲ ဖြစ်သဖြင့်၊ ရန်ချီဟွာ ခမျာ ဓားပြုတ်ကျ သွားတော့သည်။

“ မြင့်မြတ်မြေရဲ့ ပါရမီရှင် တွေက အထင်ကြီး စရာ ဘာမှ မရှိ ပါလား။ ”

လက်နှစ်ဖက်ကို နောက်ပို့လျက် ကြော့မော့သော အသွင်ဖြင့်၊ လေဓား သခင်က လှောင်ပြောင် လိုက်သည်။

ရှစ်ဖန့်ကို အနိုင် ယူစဉ် ကဲ့သို့၊ ကြီးစိုးသော အသွင်မျိုး ပြသလာ၏။ ရန်ချီဟွာမှာ ကြမ်းပြင်မှ ထရပ် လိုက်ပြီး၊ နှုတ်ခမ်းရှိ သွေးစ များကို သုတ်လိုက်သည်။

“ ငါ ရှုံးတယ်။ ”

ပြီးနောက် တွန့်ဆုတ်စွာ ဝန်ခံ လိုက်၏။ သည်ပွဲ မလာခင်၊ သခင် လေးပါးကို မျက်လုံးထဲ မထား ခဲ့ချေ။ ကျိလင်ဖုန်း သည်သာ ပြိုင်ဘက် ဖြစ်သည်ဟု မြင်မိသည်။

“ မဆိုး ပါဘူး ... ၊ အနည်း ဆုံးတော့ ... ၊ ငါ့ကို သခင် နဂါး လက်သီး သုံးဖို့ ဖိအား ပေးနိုင် ခဲ့တယ်၊ ဒီအတွက် ဂုဏ်ယူ နိုင်ပါတယ်၊ နဂါး မိသားစု လက်သီး နည်းစနစ်တွေ ထဲမှာ၊ ဧကရာဇ် နဂါး လက်သီးနဲ့၊ ...

... အဓိပတိ နဂါး လက်သီး ပြီးရင်၊ သခင် နဂါး လက်သီးက အစွမ်း အထက် ဆုံးပဲ၊ ဒုတိယ လိုက်တယ်။ ”

လေဓား သခင်က ဂုဏ်ယူစွာ ပြောသည်။ အရှက် တရားကြောင့် ရန်ချီဟွာမှ စကား မဆို နိုင်ဘဲ၊ စင်မြင့် ပေါ်မှ ဆင်းသွား တော့သည်။

“ သူ ဘယ်သူ့ကို ရွေးမယ် ထင်လဲ၊ ကျိလင်ဖုန်း ဒါမှ မဟုတ် ... ရှယွင်ကွီ ဖြစ်နိုင် တယ်၊ အိုး ... ရီဖန်းလည်း ရှိသေးတယ်။ ”

လူတိုင်း စိတ်လှုပ်ရှား လာတော့သည်။ ထိုနှစ်ဦး အပြင် ရီဖန်း သည်လည်း အဆင့်မီ ချေ၏။

လူတိုင်း သို့လော သို့လော ဖြစ်နေစဉ် လေဓား သခင်က လင်းယွန်ထံ တည့်တည့်ကြီး စိုက်ကြည့် လိုက်သည်။

“ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ၊ မင်း လုံလောက်စွာ အနားယူ ပြီးပြီလို့ ငါယုံတယ်၊ တက်လာပြီး ... ငါနဲ့ ကစားဖို့ စိတ်ဝင်စား ရဲ့လား၊ ဒီလိုမှ မဟုတ်ရင် ...

... နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့၊ အသန်မာဆုံး ဓားသမားက သူရဲဘောကြောင် တယ်လို့ ... ငါပြောတဲ့ အခါ မင်း စိတ်မဆိုးနဲ့။ ”

***

All Chapters