မင်းကို ပါးရိုက် မလို့။
Vol. 128 Ch. 1784
“ ကောင်းပြီ ... ၊ မင်းက ပါးကောင်းလို့ လက်ဝါး တောင်းနေ မှတော့ ... ၊ မင်း ဆန္ဒကို ငါ ဖြည့်ဆည်း ပေး ရတာပေါ့။ ”
လင်းယွန်က ထရပ်ပြီး၊ ခြေတစ်လှမ်း လှမ်းလိုက်သော အခါ၊ လျှပ်စီး ကဲ့သို့ စင်မြင့်ပေါ် ရောက်ရှိ သွားသည်။
လင်းယွန် တစ်ယောက် ရဲဝံ့ စွာဖြင့်၊ တက်လာရဲ သောကြောင့်၊ လေဓား သခင် အပါ အဝင်၊ လူတိုင်း အံ့အားသင့် ကုန်၏။
“ လင်းရှောင်က စိန်ခေါ်မှုကို လက်ခံ လိုက်တာလား။ ”
“ လေဓား သခင်က ... ၊ ထိပ်ဆုံး သုံးဦး အတွက် ယှဉ်ပြိုင်ဖို့ ခွန်အား ရှိတယ်၊ ဓားသမား သုံးယောက်ထက် တစ်ဆင့် ပိုတယ်၊ ဒါကြောင့် လင်းရှောင် ဓားရည်ရွယ်ချက်က သူ့အပေါ်၊ ထိရောက်မှာ မဟုတ်ဘူး။ ”
“ ဟုတ်တယ် ကောင်းကင် အမိုးဓား မဟုတ်ရင်၊ သူတို့ရဲ့ ကျင့်ကြံမှု ကွာခြားချက် ကြောင့်၊ တစ်ချက် တည်းနဲ့ ရှုံးနိမ့်သွား လိမ့်မယ်။ ”
“ အမည်ခံ ကောင်းကင် အမိုးဓားက၊ စစ်မှန်သော ကောင်းကင် အမိုးဓား မဟုတ်သေး ပါဘူး။ ”
လေဓား သခင်က အံအားသင့် နေရာမှ ၊
“ မင်းက အနောက် ဥယျာဉ်မှာ လာရှုပ်ပြီး၊ အခု ငါ့ရှေ့ လာရပ် ရဲလား၊ အဲဒီ ထဲက မင်းကို ပါးရိုက်ပြီး သတ်ပစ် သင့်တယ်။ ”
“ ဒါကို အနိုင်ရမှ ပြောပါ၊ မဟုတ်လို့ ငါ ပါးရိုက်တဲ့ အခါ ... ၊ မင်း ပို နာကျင်ရ လိမ့်မယ်။ ”
လင်းယွန်က ပေါ့ပေါ့ ပါးပါး ပြန်ပြော လိုက်သည်။ သူ၏ မောက်မာမှုမှာ လေဓား သခင် အောက် မလျော့ချေ။
လေဓားသခင်မှ မျက်မှောင်ကြုတ် သွားသည်။ ဓားသမား သုံးယောက် အတူ လာခဲ့ လျှင်ပင်၊ သူ့အား အနိုင်ယူ နိုင်မည် မဟုတ်ချေ။
ဤလင်းရှောင်သည် မည်သည့် အရပ်မှ ယုံကြည်မှု ရလာ သည်ကို၊ သိချင်လာ တော့၏။
“ မင်း ... ပါးစပ်က စည်းကမ်း မရှိဘူး၊ တကယ် ပါးရိုက်ပြီး သင်ပေးဖို့ လိုနေပြီ။ ”
လေဓား သခင်က အေးစက်စွာ ပြောပြီး၊ လက်နှစ်ဖက်ကို ဆန့်လျက် ကောင်းကင်ပေါ် ခုန်တက် သွားကာ၊ လင်းယွန်ထံ ဂျွန်းပစ် ဆင်းသက် လာသည်။
သည့်နောက် လျှပ်စီး အလား လင်းယွန် မျက်နှာကို ကန်ပစ် လိုက်၏။ ကန်ချက်သည် လေဟာ နယ်ကို ခွဲလျက်၊ လေနှင့် လျှပ်စီးကို ခေါ်ဆောင် လာသည်။
ဓား နှလုံးသားက လေဓား သခင်၏ လားရာနှင့်၊ အမြန် နှုန်းကို တွက်ဆပေး သဖြင့်၊ လင်းယွန်က ဓားအား ဆွဲကာ ချက်ချင်း ခုတ်ချ လိုက်သည်။
ဓား ရောင်ခြည်သည် မိုးကုပ် စက်ဝိုင်း ထိတိုင် လွင့်တက်သွားပြီး၊ ကြယ်တံခွန် အလား၊ ခြေဖမိုးထံ ထိမှန် သွား၏။
“ ဝုန်း ... ။ ”
ကြယ်နှစ်စင်း ပေါက်ကွဲသွား သကဲ့သို့ ကြောက်မက် ဖွယ်ရာ လှိုင်းလုံးများ ပျံ့ကား သွား လေသည်။
“ အရမ်း မြန်တယ်။ ”
လင်းယွန် ဓားသည် သူ မျှော်လင့်ထား သည်ထက်၊ ပို၍ မြန်နေ သောကြောင့်၊ လေဓား သခင်၏ မျက်ဝန်းများ မှေးစင်း သွားသည်။
ထို့ပြင် သူ့လားရာ ကိုလည်း၊ အတိ အကျ တွက်ချက် နိုင်ခဲ့သည်။ ယခင်က ဤတိုက်ခိုက်မှု ဖြင့်ပင်၊ ရှစ်ဖန့်ကို အနိုင်ယူ ထားသည်။
လေဓား သခင် တစ်ယောက် နောက်ပြန် ဆုတ်သွားစဉ်၊ လင်းယွန်မှ ဓားကို ဖြည်းညှင်းစွာ မြှောက် လိုက်သည်။
“ ဖျစ် ... ။ ”
ဓားဖျားမှ ကောင်းကင်ကို ခွဲထုတ် လိုသော အမည်ခံ ကောင်းကင် အမိုးဓား တိုးထွက် လာ တော့၏။
၎င်းသည် ပုဆိန် တစ်လက် ကဲ့သို့ လေဓားသခင် ပတ်ပတ် လည်ရှိ၊ နဂါး မူလအား ပိုင်းဖြတ် သွားသည်။
“ ထန် ... ။ ”
သည့်နောက် ပန်းသင်္ချိုင်း ဓားက၊ ငွေနဂါး အကြေးခွံများ အပေါ် ကျရောက်ကာ၊ မီးပွားများ ပွင့်ထွက် လာသည်။
လှုပ်ရှားမှု ဆယ်ကြိမ် အပြီးတွင်၊ ပန်းသင်္ချိုင်းဓား ထံမှ စူးရှသော မြည်သံ တစ်သံ ထွက်ပေါ် လာသည်။
ယင်းက ငွေနဂါး အကြေးခွံ များကို ဖြတ်သန်း နေခြင်း ဖြစ်သည်။ သူနှင့် လက်မ တစ်ဝက်ခန့် အကွာသို့ ရောက်ရှိလာ သဖြင့်၊ လေဓား သခင်မှာ ဒေါသ ထွက်သွားသည်။
အရေပြားအား ပြတ်ရှ သွား ပါက၊ ဓား ရည်ရွယ်ချက်သည် ခန္ဓာကိုယ် ထဲသို့ ထိုးဖောက် ဝင်လာပြီး၊ နောက်ပိုင်းတွင် သူ့အား အခက် တွေ့စေမည် ဖြစ်၏။
“ မင်း သေချင် နေတာပဲ ... ။ ”
ထို့ကြောင့် ဒေါသ တကြီးဖြင့်၊ ငွေနဂါး ခန္ဓာကို အထွတ် အထိပ်ထိ ဖြန့်ကျက်လိုက် ရသည်။ ပေ (၄၀၀၀) နီးပါး ရှိသော နဂါး ကိုးကောင် ကိုလည်း ဆင့်ခေါ် မိ၏။
ဤသည်မှာ ခမ်းနားပြီး၊ ထိတ်လန့် ဖွယ် မြင်ကွင်း တစ်ခု ဖြစ်သည်။ လေဓား သခင်၏ ရောင်ဝါသည်၊ လင်းယွန် အပေါ် တောင် တစ်လုံး ကဲ့သို့၊ ချက်ချင်း ပြိုကျ လာ၏။
“ မင်း တစ်ယောက်တည်း နဂါး မိသားစုရဲ့ ကိုယ်ခံ ပညာ တွေကို လေ့ကျင့်ထား တယ်လို့ ထင်နေလား၊ သခင် နတ်နဂါး လက်သီး။ ”
အရူး တစ်ယောက်လို အော်ဟစ်လျက် လက်သီးနှင့် ထိုးနှက် ပစ်သည်။ ဤတစ်ကြိမ် လက်သီးချက် များတွင် ထည့်သွင်း ထားသော စွမ်းအားမှာ၊ ပို၍ များပြား ခဲ့၏။
ထို့ကြောင့် လေဓားသခင်၏ လက်သီးမှာ၊ အဆင့်သစ်သို့ ရောက်ရှိ လာသည်။ လင်းရှောင် တွင်၊ ကောင်းကင် အမိုးဓား ရှိသော်မှ၊ အနိုင် ရမည်ဟု ယုံကြည်၏။
ထိုဖိအားကြောင့် လင်းယွန် သာ်လည်း၊ ပေကိုးထောင် ရှည်သော နဂါး ခုနစ်ကောင်ကို လွှတ်ပေး လုနီးပါး ဖြစ်လာသည်။
ဓား ရည်ရွယ်ချက် ကိုပင်၊ ထုတ်ဖော် ရလု နီးနီး သက်ရောက် စေ၏။ ခန္ဓာကိုယ် အတွင်း၊ နဂါးမြစ် ပွက်ပွက်ဆူ လာတော့သည်။
တစ်ချိန်တည်း မှာပင်၊ ကောင်းကင် ကပ်ဘေး သည်လည်း၊ ဆင်းသက် လိုသော ဆန္ဒဖြင့်၊ သူ့ထံ စောင့်ကြည့် နေသည်ကို၊ ရှင်းလင်းစွာ ခံစားလာ ရသည်။
“ ဟား ... ဟား ... ဟား ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့ ပထမ ဓားသမား လား၊ ဒီလောက်လည်း အထင်ကြီး စရာ မရှိ ပါဘူး။ ဒီနေ့ မင်းရဲ့ ပါးစပ်ကို ဖြဲပြီး၊ အရင်လို မောက်မာ နိုင်ဦး မလား၊ ငါ ကြည့်မယ်။ ”
လေဓား သခင်မှ ကူကယ်ရာ မဲ့နေသော လင်းယွန်ကို မြင်ချိန်၌ ဝမ်းသာအားရ အော်ဟစ် လှောင်ပြောင် တော့သည်။
ခြေတစ်လှမ်း လှမ်းတက် လိုက်တိုင်း၊ သူ့ခန္ဓာ ကိုယ်မှ ထွက်သော ငွေရောင် အလင်း များကြောင့်၊ လေဟာနယ် လှိုင်းဂယက် များ ဖြစ်ပွားကာ၊ စင်မြင့်ကို တုန်ခါ စေ၏။
ရှစ်လှမ်း လှမ်းပြီးနောက်၊ သူ၏ ငွေနဂါး ရောင်ဝါမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။
တစ်ဖက်တွင် မိုးပြာ နဂါး ရည်ရွယ်ချက် ပဉ္စမတန်း ရောက်ရှိ သွားခဲ့ သည်မှာ၊ လင်းယွန် အတွက်၊ ကံကောင်း သွား၏။
မဟုတ်သော် နဂါး သွေးလွှတ်ကြော များ ထုတ်ဖော်ကာ၊ ပြန်လည် ရင်ဆိုင်ရဖွယ် ရှိသည်။ ပဉ္စမတန်း မိုးပြာ နဂါး ရည်ရွယ်ချက်နှင့် ဓားကို ပေါင်းစပ် လိုက်၏။
ယင်းက ကောင်းကင် အမိုးဓား အဆင့်ကို မီလာ စေသည်။
“ ကောင်းကင်ဘုံ ကိုးပါးက မုန်တိုင်း။ ”
“ ခရစ် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ကိုင်လိုက်၏။ သူတော်စင် ရူရ်များ လင်းလက် လာပြီး၊ ကောင်းကင်ကြီး ကွဲအက် သွားသည့် အသံ (၉)သံ ထွက်ပေါ် လာသည်။
ဓားအလင်းမှာ လျင်မြန် လွန်းသဖြင့်၊ လေဓား သခင် တစ်ယောက် ရှောင်တိမ်းရန်၊ အခွင့် အရေး မရှိခဲ့ချေ။ လာစဉ်က အရှိန်ထက် ပို၍ မြန်ဆန်စွာ၊ ကန်ထွက် သွားတော့သည်။
“ ဒါ ဘာ ရည်ရွယ်ချက်နဲ့ ဓားသွားလဲ။ ”
“ ပဉ္စမတန်း မိုးပြာ နဂါး ရည်ရွယ်ချက်ကို၊ အမည်ခံ ကောင်းကင် အမိုးဓားနဲ့ ပေါင်းစပ်ထား ခဲ့တာ၊ ပြီးပြည့် စုံတဲ့ ကောင်းကင် အမိုးဓား နီးနီး အစွမ်းထက် နေတယ်။ ”
“ တွေ့လား ... စောစောက၊ ငါ ဘာ ပြောခဲ့လဲ၊ ဒီလင်းရှောင်က မိုးပြာ နဂါး မိသားစု ရဲ့ ... ပါရမီရှင် တစ်ယောက် ပါလို့၊ အခု ယုံပြီ မဟုတ်လား။ ”
ပတ်ဝန်းကျင်၌ ရုတ်ရုတ် သဲသဲ အသံများ ထွက်ပေါ် လာသည်။
“ သခင် နဂါး လက်သီး- ဖျက်ဆီးခြင်း လမင်း။ ”
လေဓား သခင်က ပြန်လည် အားယူကာ၊ ငွေနဂါး မီးတောက် များနှင့် အတူ ကောင်းကင် ပေါ် ပျံတက် သွားသည်။
ထို့နောက် လျှပ်စီးများ စုစည်းလျက်၊ မိုးကြိုးမုန်တိုင်း လက်သီးများ အဖြစ် ပြန်လည် ထွက်ပေါ် လာသည်။
“ မိုးကြိုး ... ။ ”
ထိုအချိန်တွင် လင်းယွန်က ဓားဖျား၌၊ လျှပ်စီးကြောင်း ကိုးခုကို အသင့်ပြင် ထားပြီး ဖြစ်၏။
အဆုံးတွင် လေဓား သခင်ထံ မျက်နှာ မူကာ၊ ဓားဖြင့် ခုတ်ပိုင်းချ လိုက်သည်။ သူ့ ဓားရောင်ဝါ သည်လည်း ကွဲအက် သွား၏။
ထိုဓားကို ချက်ကို လေဓား သခင်မှ၊ အံ့သြခြင်း မရှိချေ။ လင်းယွန်၌ ဝှက်ဖဲ တစ်ချပ် ရှိရ မည်ဟု၊ သူ မျှော်လင့် ထားပြီး ဖြစ်သည်။
“ ဒါ မင်းရဲ့ ဝှက်ဖဲလား ... ၊ ဟား ... ဟား ... ဟား ... လင်းရှောင်၊ ငါက အခုမှ စမှာမို့ သနား စရာပဲ။ ”
လေဓား သခင်က ရယ်သည်။ သူတော်စင် ရူရ်များ၊ သူ့အရေပြား ပေါ်၌ စတင် ထွက်ပေါ် လာ၏။ ယင်းက ငွေရောင် မီးတောက်များ အဖြစ်၊ တောက်လောင် လာသည်။
“ ငွေနဂါး သူတော်စင် မီးတောက်၊ ဒါ ... သူ့ရဲ့ အပြင်း ထန်ဆုံး ဝှက်ဖဲပဲ။ ”
၎င်းကို အသက် သွင်းသော အခါတွင်၊ ခုခံ ကာကွယ်မှု အားကောင်း စေရုံသာ မက၊ သခင် နဂါး လက်သီး၏ စွမ်းအား အပေါ်၊ နှစ်ဆ တိုးစေသည်။
ကျိလင်ဖုန်း အတွက် အသုံးပြုရန် ပြင်ဆင် ထား သော်လည်း၊ ထုတ်သုံးရန် တွန့်ဆုတ်ခြင်း မရှိချေ။
ဓားဂိုဏ်း ဝင်များနှင့် အတူ၊ ဓားသမား သုံးဦးကလည်း၊ လင်းယွန်ထံ ကြည့်ကာ စိုးရိမ် လာကြသည်။
ကျိလင်ဖုန်း၊ ရှယွမ်ကွီ၊ ဆောင်ဦး တောင်တန်း သခင်၊ ရီဖန်းနှင့် တခြားသူ များက၊ လင်းယွန် တစ်ယောက် မည်သို့ တုန့်ပြန် မည်အား သိချင် လာ၏။
“ မင်း အနိုင် ရမှ ပြောပါလို့ ... ၊ ငါပြောထားတယ် မဟုတ်လား။ ”
လင်းယွန်က ပြန်ပြော လိုက်သည်။ ပန်းသင်္ချိုင်း ဓားတွင် ဓား ရည်ရွယ်ချက်များ စုရုံး လာပြီး၊ လူတိုင်းကို နားမလည် နိုင်သော ခံစားချက်များ၊ ပေးစွမ်း လာ၏။
နဖူး အလယ် ပူလာပြီး၊ ရွှေလူသား၏ အမိန့်အောက်တွင်၊ မိုးပြာ နဂါး ဓားဝိညာဉ်က ပျံထွက် လာတော့သည်။
နဂါးဓား ဝိညာဉ်က ဓား ရည်ရွယ်ချက်နှင့် ပေါင်းစည်းလျက်၊ ဓားကို ပို၍ ထက်ရှ လာစေ ခဲ့၏။
“ အိုး ဘုရားရေ ... ဓား နှစ်လက် ဝိညာဉ်ပဲ၊ ဒီကောင်မှာ ဓားနှစ်လက် ရှိတာလား၊ သူ့ရဲ့ ဓား တာအိုက ကြောက်စရာ ကောင်းလိုက်တာ။ ”
“ လောက နိယာမ နယ်ပယ်က ဓားသမားတောင်၊ သူ့ ဓား ရည်ရွယ်ချက်ကို မီနိုင်မယ် မထင်ဘူး။ ”
“ ဘယ်လိုတောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ဒီလို ဓား ရည်ရွယ်ချက် မျိုးက နဂါး သွေးလွှတ်ကြော နယ်ပယ်နဲ့၊ နားလည် နိုင်တဲ့ အရာမှ မဟုတ်တာ။ ”
ထိုအချိန်တွင် လေထုထဲ ပျံသန်း လာနေသော လေဓား သခင်မှာ၊ ထိတ်လန့် သွား မိသည်။ လင်းယွန်အား ဝှက်ဖဲများ ဆုံးခန်းတိုင် နေပြီဟု သူ ထင်ခဲ့သည်။ သို့သော်။
“ ငါ မင်းကို ... အနိုင် မယူ နိုင်ဖူး ဆိုတာ မယုံဘူး။ ”
ပြိုင်ဘက်၏ ကြောက်မက်ဖွယ် ဓား ရည်ရွယ်ချက်ကြောင့်၊ လေဓား သခင် ခမျာ တိုက်ပွဲဝင် ဆန္ဒများ၊ ချက်ချင်း လောင်ကျွမ်း လာတော့သည်။
“ သခင် နဂါး လက်သီး ... ။ ”
ငွေရောင် မီးတောက်များ ထွက်လာပြီး၊ ငွေနဂါး တစ်ကောင် ကဲ့သို့၊ လင်းယွန်ထံ အရှိန် မြင့် ပျံသန်း သွားမိသည်။
သည်အချိန်၌ ငွေနဂါး ခန္ဓာ၏ ခံစစ်နှင့် တိုက်စစ် စွမ်းရည်မှာ၊ အဆင့် အသစ် ရောက်ရှိ သွားပြီ ဖြစ်သည်။
လောက နိယာမ နယ်ပယ်၊ ဓားသမား တစ်ယောက် သည်ပင်၊ သူ့အား တားဆီးရန် မဖြစ် နိုင်ချေ။
“ ဝှစ် ... ။ ”
လင်းယွန် ရှေ့ ရောက်ရှိ လာချိန်၌ သူ့လက်သီးကို ပစ်လွှတ် လိုက်သည်။ တစ်ဆက် တည်း မှာပင် လက်သီးအား ဖြန့်ကာ၊ နဂါး လက်သည်း အဖြစ်သို့ ပြောင်းလဲ မိ၏။
ငွေနဂါးကြီး ပေါ်လာကာ၊ ၎င်း၏ လက်သည်းကို ဖွင့်လိုက်သည်။ လက်သီးနှင့် ခြေသည်း တို့က၊ ကောင်းကင်ကို ဆုပ်ဖြဲ တော့မည် ကဲ့သို့၊ ဝင်ရောက် သွား၏။
ပြင်းထန်သော အရိပ် အယောင်ကို ရင်ဆိုင်လျက်၊ အသက် ပြင်းပြင်း ရှူကာ၊ လင်းယွန်က မိုးပြာ နဂါး ဓား၏ ဒသမမြောက် ဓားပုံစံကို ထုတ်လွှတ် လိုက်သည်။
“ စကြာဝဠာ မုန်တိုင်း ... ။ ”
ဤဓားသည် မိုးပြာ နဂါးဓား ပညာရပ်မှ မွေးဖွားလာ သော်လည်း၊ ၎င်းထက် သာလွန်သော အဆင့်၌ ရှိနေသည်။
“ ခရစ် ... ။ ”
ဓားအလင်းကြောင့် သွေးမိုးကြိုး စင်မြင့်ကို ဖုံးအုပ် ထားသော အတား အဆီးမှာ၊ ချက်ချင်း အက်ကွဲ သွားသည်။
ထို့ကြောင့် နဂါး ကေျာက်တိုင်မှ၊ နဂါး ဝိညာဉ်က၊ အတား အဆီးအား အားဖြည့် ကူညီ လိုက်ရသည်။
စင်မြင့် ပေါ်ရှိ သူတော်စင် သွေးစက်များ တောက်လောင် လာပြီး၊ တိုက်ပွဲ၏ အဟုန်မှာ နောက် တစ်ဆင့် ရောက်ရှိ သွားသည်။
လင်းယွန်က လေဓား သခင်ထက် ပို၍ တည်ငြိမ် လာ၏။ လေဓား သခင် ခမျာ ဒေါသ ထွက်လာပြီး၊ ဝှက်ဖဲကို အသုံး ပြုရန် ဆုံးဖြတ် လိုက်သည်။
ထိုအချိန်တွင် မိုးပြာ နဂါး ဓား၏ ဧကာဒသမမြောက် ဓားပုံစံကို လင်းယွန်မှ ထုတ်လွှတ် လိုက်သည်။
ယင်းသည် မိုးပြာ နဂါး ဓားအား သုံးသပ် ပြီးနောက်၊ တွေ့ရှိ လာသော နားလည်မှု အသစ် ဖြစ်လေသည်။
လူတိုင်း မျက်စိ ရှေ့မှာပင်၊ ဓားကိုင် ထားသော လင်းရှောင် နှစ်ယောက် ခွဲထွက် သွားသည်။
“ ခရစ် ... ။ ”
ထိုနှစ်ယောက်က ဓားအား လွှဲပစ် လိုက်သော အခါ၊ ကောင်းကင်နှင့် မြေကြီး ပုံပျက် သွားသည်။
လေဟာနယ် (၄)ပိုင်း ကွဲလျက်၊ လူတိုင်း အံ့သြ တုန်လှုပ် ကုန်၏။ ဤဓားသည် စကား လုံးဖြင့်၊ ဖော်ပြ နိုင်သော အရာ မဟုတ်ချေ။
လေဓား သခင် တစ်ယောက် ကန့်သတ် ခံလိုက် ရပြီး၊ လုံးဝ မလှုပ်ရှား နိုင်တော့ဘဲ၊ ဓား ထိမှန်ခြင်း ခံလိုက် ရသည်။
“ ထန် ... ။ ”
ငွေနဂါး ကြေးခွံများ ပေါက်ကွဲလျက်၊ ရင်ဘတ်မှ သွေးများ စီးကျ လာ၏။ သနား စရာ ကောင်းသော အသွင် ပေပင်။
“ ဝှစ် ... ။ ”
ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လိုက် ပြီးနောက်၊ လင်းယွန်က အလင်းတန်း တစ်ခုလို ခုန်ဝင် လာပြန်၏။
“ မင်း ... မင်း ဘာလုပ် တာလဲ။ ”
လေဓား သခင်က ထိတ်လန့် တကြား ပြန်လည် မေးမြန်း လိုက်သည်။
“ ပါးရိုက် မလို့ ... ။ ”
“ မင်း ... ။ ”
“ ဖျောင်း ... ။ ”
ဖြောင်းခနဲ မည်သွားပြီး၊ လေဓား သခင် တစ်ယောက် အရုပ် တစ်ရုပ် ကဲ့သို့၊ လွင့်စင် ကျ သွားလေသည်။
“ ဝှစ် ... ။ ”
ယင်းကြောင့် ကျန်ရှိ နေသော သခင် သုံးပါးခမျာ၊ စင်မြင့် ပေါ်သို့၊ ချက်ချင်း ပျံသန်း ဆင်းသက် လိုက်ရ သည်။
***