ငါတို့ ... ဘယ် သူ့ကိုမှ မကြောက်ဘူး။
Vol. 128 Ch. 1785
ပါးရိုက် ခံရ သောကြောင့်၊ လေဓား သခင် တစ်ယောက် ကြမ်းပြင် ပြုတ်ကျ သွားခဲ့သည်။ ပြီးနောက် ချက်ချင်း မထနိုင် သေးဘဲ၊ ကြောင် တတ်တတ်ဖြင့် ပြန်မော့ ကြည့်မိ၏။
လင်းယွန်မှ ပါးရိုက် လာလိမ့် မည်ဟု၊ မထင်ထားချေ။ ဤတစ်ကြိမ် ရှုံးနိမ့်ခြင်းသည် အရှက် ရဖွယ် ဖြစ်၏။
“ ကောင်းတယ် ... အရမ်း ကောင်းတယ်၊ မင်းငါ့ကို ဒီနေ့ ပေးခဲ့တဲ့ အရှက်တရား အတွက်၊ မှတ်မိ နေမှာပါ။ ”
လေဓားသခင်က အံကြိတ်ကာ ထရပ် လိုက်သည်။ တစ်ဖက်တွင် လင်းယွန်မှ ပြန် မဖြေ ခဲ့ချေ။
လေဓား သခင်သည် အမြင် ကျဉ်းသူ ဖြစ်သည်ကို သူ သိ၏။ သူ့အား စိန်ခေါ် ခြင်းမှာ အရှက် ခွဲရန် ဖြစ်သည်။
ထို့ကြောင့် လွယ်လွယ်နှင့် ခွင့်လွှတ် နိုင်မည် မဟုတ်ချေ။ သူတို့ နှစ်ယောက်ကြား ရန်ငြိုးများ ရှိနေပြီ ဖြစ်သည်။
“ ဒါဆို ငါစောင့် နေမယ်။ ”
လင်းယွန်က ပြန်လည် ပြောကြားကာ၊ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိဘဲ၊ စင်မြင့် ပေါ်မှ ဆင်းသွား ခဲ့သည်။
လေဓား သခင်က တစ်ခုခု ပြောချင် နေ သော်လည်း၊ ဆောင်းဦး တောင်တန်း သခင်က၊ သူ့ ပခုံးကို ပုတ်လိုက်သည်။
အရှုံး သမား တစ်ယောက် အနေဖြင့်၊ ဆက်ပြော နေပါက၊ လူပြက် တစ်ယောက် ဖြစ်ရ ပေလိမ့်မည်။
သူ့တွင် မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် အပြင်၊ ငွေနဂါး ခန္ဓာ ကိုယ်လည်း ရှိလေသည်။ မျိုးဆက် တစ်ခု တည်းရှိ ပါရမီရှင် များစွာကို သာလွန်ပြီး၊ လောက နိယာမ ကျွမ်းကျင်သူ အချို့ ကိုပင်၊ အနိုင်ယူ နိုင်၏။
သို့သော် လင်းယွန်မှာ သူ့ထက် ပို၍ သန်မာ နေချေပြီ။
“ စကြာဝဠာ မုန်တိုင်းက မျှော်လင့်ထား တာထက်၊ ပိုအားကောင်း နေတယ်၊ ဒါက အစပဲ မို့၊ ငါ သွားရမယ့် လမ်းက အရှည်ကြီး လို သေးတယ်။ ”
လင်းယွန်က ထိုင်ခုံ၌ သူ့ကိုယ်သူ ပြန်လည် သုံးသပ် နေမိသည်။ ရေနွေးကြမ်း သောက်ပွဲမှာ၊ ဆက်သွား နေ၏။
သည်နေ့သည် ဒုတိယ မြောက်နေ့ ဖြစ်သည်။ တဖြည်းဖြည်းနှင့် အဆင့် သတ်မှတ် ချက်များ၊ ရုပ်လုံး ပေါ်လာ၏။
“ နတ်ဖီးနစ် တောင်တန်းက ကျိလင်ဖုန်း မင်း ငါ့စိန်ခေါ် မှုကို လက်ခံဝံ သလား ။ ”
တိုက်ပွဲ ပေါင်းများစွာ ပြီးနောက်၊ အနန္တ လျှပ်စီး ဂိုဏ်းမှ ရီဖန်း၏ အသံက ကျယ်လောင် စွာ၊ ထွက်ပေါ် လာတော့သည်။
“ စိတ်ဝင်စား စရာပဲ၊ ရီဖန်းက ပထမ နေရာကို မျှော်လင့် နေပုံ ရတယ်။ ”
“ အခုချိန် ထိတော့ ... ၊ ထိပ်ဆုံး ဆယ်ယောက် အနက်၊ ကျိလင်ဖုန်း၊ ရှယွမ်ကွီနဲ့၊ ဆောင်ဦး သခင် တို့က၊ ရှုံးပွဲ မရှိ သေးဘူး။ ”
“ ဟုတ်တယ် ... ၊ ရီဖန်းသာ ကျိလင်ဖုန်းကို အနိုင်ယူ နိုင်ရင်၊ ပထမ နေရာ အတွက် ယှဉ်ပြိုင် နိုင်ပြီ၊ ဒါပေမယ့် ငါတော့ မထင်ဘူး။ ”
ခရမ်းရောင် ဝတ်ရုံကို ဆင်မြန်း ထားသော ရီဖန်းက မတ်တပ် ထရပ်ကာ၊ စင်ပေါ် ပျံသန်း လာ၏။
ကျိလင်ဖုန်း မှာမူ၊ ရီဖန်းမှ စိန်ခေါ် လိမ့်မည်ဟု မမျှော်လင့် ထားသောကြောင့်၊ အံ့အားသင့် နေမိသည်။
၎င်းမှာ သူ့အား ဤသုံးဦး အနက် အညံဆုံးဟု ထင်နေပုံ ရသည်။ ထို့ကြောင့် ပြုံးရယ်ကာ၊
“ ဟား ဟား ဟား ... ၊ ဆောင်းဦး တောင်တန်း သခင် ပြောတာ မှန်တယ်၊ နဂါး သွေးလွှတ်ကြော အဆင့်မှာ၊ ငါ ပထမ ဆိုတာ လူတိုင်းက အသိအမှတ် ပြုပုံ မရဘူး။ ”
-ဟု ဆိုလိုက် တော့၏။
သူ့စကားကြောင့် ဆောင်းဦး တောင်တန်း သခင်က ပြုံးရုံသာ ပြုံးပြီး၊ မည်သည့် စကားမျှ ပြန် မပြော ခဲ့ချေ။
“ ဝှစ် ... ။ ”
မတ်တပ် ထရပ်ကာ၊ ခြေ တစ်လှမ်း တည်းဖြင့်၊ စင်မြင့်ပေါ် လှမ်းတက် လိုက်သည်။ ထို့နောက် လက်ကို ဘေးသို့ ဆန့်ပြီး၊ ဓားမော့ တစ်လက်အား ခေါ်ယူ လိုက်၏။
ဤဓား၏ အရှည်မှာ၊ ငါးပေ ရှိပြီး၊ အနက်ရောင် ဖီးနစ် တစ်ကောင် ပုံသဏ္ဍာန်ကို ကိုယ်ထည်၌ ရေးထွင်း ထားသည်။
ကျိလင်ဖုန်းသည် ဓားမော့ သမား တစ်ယောက် ဖြစ်နေ သဖြင့်၊ လင်းယွန်မှ အံ့ဩ သွားသည်။ ယင်းကို သူပင် သတိ မထားမိချေ။
“ ဟိတ် ... ။ ”
ရီဖန်းက ကျိလင်ဖုန်း စင်ပေါ် ရောက်လာ သည်နှင့်၊ မရဏ ရောင်ခြည်တော် လက်သီးကို ထုတ်ဖော် လိုက်သည်။
“ ဝုန်း ... ။ ”
လက်သီးနှင့် ဓားမော့ တိုက်မိ သွားပြီး၊ ကြီးမားသော ဖိအား တစ်ခုနှင့် အတူ လျှပ်စီး များ ပွင့်လာ၏။
“ ဖီးနစ် ပျံသန်းခြင်း။ ”
ကျိလင်ဖုန်းက ဓားမော့ကို ဆန့်ထုတ် လိုက်ရာ၊ သူ့နောက်၌ အတောင်ပံ ဖြန့်ထုတ် နေသော ဖီးနစ် တစ်ကောင် ပေါ်လာ၏။
ဓား ရောင်ခြည်က မီး စွမ်းအင်ကို၊ စတင် စုစည်း တော့သည်။ သည့်နောက် ဖီးနစ် အသွင်၊ ရီဖန်းထံ ပြေးဝင် သွား၏။
ရီဖန်း၏ အကြည့်များ လေးနက် လာသည်။ တစ်စုံ တစ်ယောက်သည်၊ ဖီးနစ် ဖြစ်စဉ် ဖန်တီး ခဲ့မည် ဆိုသော်၊ ဂရုစိုက်မည် မဟုတ်ချေ။
သို့သော် ပြိုင်ဘက်သည် ကျိလင်ဖုန်း ဖြစ်နေ၏။ ဖီးနစ် အမွေကို ပိုင်ဆိုင်သော နတ် ဖီးနစ် တောင်မှ ပါရမီရှင် ဖြစ်သည်။
ဒဏ္ဍာရီလာ ဖီးနစ် သူတော်စင် ကျမ်းကို၊ လေ့ကျင့် ထားချေ ရှိ၏။ ထို့ကြောင့် ဖီးနစ်မှာ ဖြစ်စဉ် တစ်ခု မျှသာ ဖြစ်သော်လည်း၊ သတိ ထား ရင်ဆိုင် ရပေမည်။
“ ဝှစ် ... ။ ”
လျှပ်စီး စွမ်းအင်ကို စုစည်းလျက်၊ နောက်သုံးလှမ်း အမြန် ဆုတ်ခွာ လိုက်ရ၏။ ခြေတစ်လှမ်း ဆုတ်ခွာတိုင်း၊ လက်သီး တစ်ချက် ပြန်၍ ပစ်ထုတ်ကာ၊ ကျိလင်ဖုန်းအား ဟန့်တား မိသည်။
ခြေသုံးလှမ်း၊ လက်သီး သုံးချက် ထိုးပြီးနောက်၊ ဖီးနစ် ပျောက်ကွယ် သွား၏။
“ ဖီးနစ် ပန်းပွင့်။ ”
ကျိလင်ဖုန်းက ပြုံးပြီး၊ ဓါးမော့အား ညင်သာစွာ ထပ်မံ လွှဲခုတ် ပြန်၏။ မီးတောက် မီးလျှံ များက၊ ပန်းတစ်ပွင့် အဖြစ်သို့၊ ပေါင်းစည်း ကုန်သည်။
“ ကျီး ... ။ ”
ပန်းပွင့် လာသော အခါ၊ ဖီးနစ် အော်သံ မြည်ဟည်းလျက်၊ ဖီးနစ် သစ်ပင်က ကြမ်းပြင်မှ တိုးထွက် လာ၏။
ယင်းကို ပေါ့ပေါ့ ပါးပါးပင်၊ ကျိလင်ဖုန်းမှ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။ သို့တိုင် ရီဖန်းအား လွင့်စဉ် စေရန် လုံလောက်၏။
“ နတ်ဖီးနစ် ရောင်ခြည်တော် ... ။ ”
ဖီးနစ် သစ်ပင် အောက်မှ နေ၍၊ ကျိလင်ဖုန်းက ဓားမော့ဖြင့် ခုတ်ချ လာပြန် သည်။
၎င်းသည် လင်းယွန်၏ စကြာဝဠာ မုန်တိုင်းနှင့် ဆင်တူသည့် ခံစားချက် မျိုးကို ပေးစွမ်း လေသည်။
ရီဖန်းတွင် စွမ်းအင်ကို စုပ်ယူ နိုင်သော ဝါးမျိုခြင်း သူတော်စင် ရူရ် ပိုင်ဆိုင်ပြီး၊ မရဏ နေမင်း သူတော်စင် ကျမ်းအား၊ လေ့ကျင့် ထားသည်။
သို့တိုင် ကျိလင်ဖုန်း ထံမှ၊ ဓားနှစ်ချက် ကိုသာ ခုခံနိုင်၏။ တတိယဓား ကျရောက်သော အခါ၊ ဒဏ်ရာ ရရှိ သွားပြီး၊ စတုတ္ထ ဓားသည် သူ့အား ခိုးကိုးရာမဲ့ လွင့်စဉ် သွားစေ တော့သည်။
“ ဝှစ် ... ။ ”
ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ သွေးများ ထွက်ကျ လာကာ၊ လျှပ်စီးကြောင်းများ ကွဲအက် သွားခဲ့သည်။
“ ထိပ်ဆုံး သုံးယောက်က ... ၊ ဒီလောက် တောင် အစွမ်းထက် တာလား၊ ရီဖန်းနဲ့ အဆင့် တူတောင် မဟုတ်ဘူး။ ”
လူတိုင်း ထိတ်လန့် သွားကြ၏။ လင်းယွန်နှင့် ဓားသမား သုံးယောက် သည်ပင် ဤကွာခြားချက် အပေါ်၊ အံ့ဩ သွားသည်။
ရီဖန်း ခမျာ သနားစရာ ကောင်းနေ၏။ ခွန်အားကို အပြည့်အဝ ထုတ်ဖော် သော်လည်း၊ ကျိလင်ဖုန်း၏ နှိပ်စက်ခြင်း ခံနေ ရသည်။
ကျန့်ကျင်းရှန် ထွက်ခွာ သွားပြီးနောက်၊ ကျိလင်ဖုန်းမှာ ပထမ နေရာကို၊ (၂) နှစ်ကြာ သိမ်းပိုက် ထားခဲ့သည်။
ထိုကာလ အတွင်း၊ စိန်ခေါ် သူများ ရှိခဲ့ သော်လည်း၊ ခြွင်းချက် မရှိ ရှုံးနိမ့် သွားရ၏။ ယင်းကြောင့် ရေနွေးကြမ်း သောက်ပွဲသည် သူ့အား၊ မကျေ မနပ် ဖြစ်စေ ခဲ့သည်။
“ အမှန်တော့ ရီဖန်းက ဝါးမျိုခြင်း ရူရ် ကြောင့်သာ၊ ရေခဲပြာ သခင်ကို အနိုင်ရ ခဲ့တာပါ၊ အဲဒီ ပွဲမှာ ကတည်းက သူ ရုန်းကန် ခဲ့ရတယ် မဟုတ်လား၊ အခု အဲဒီ ရူရ်က အသုံး မဝင်တော့ ... အရိုက်ခံ ရတာပေါ့။ ”
တိမ်လွှာ ဓားသမားက ပြောသည်။ လင်းယွန်မှ ခေါင်းယမ်းလျက်၊
“ ကျိလင်ဖုန်းက တကယ် မလွယ်ဘူး။ ”
-ဟု ပြန်ပြော လိုက်၏။
ဤရေနွေးကြမ်း သောက်ပွဲတွင် မည်သူ့ ထံမှ၊ ဖိအားမျိုး သူ မရ ခဲ့ချေ။ ကျိလင်ဖုန်း ဓား ကိုင်လိုက် ချိန်မှသာ၊ ကြီးမားသော ဖိအားကို ခံစား လိုက်ရသည်။
ဓားရည်ရွယ်ချက် မှပင် သူ့အပေါ်၊ သတိ ပေးလာ သဖြင့်၊ ဓား နှလုံးသားကို အသက်သွင်း ကာ၊ ကျိလင်ဖုန်းအား စောင့်ကြည့် လိုက်ရ၏။
ထို့ကြောင့် ကျိလင်ဖုန်းနှင့် တိုက်ရ ပါက၊ နဂါး သွေးလွှတ်ကြော များကို ထိန်းချုပ် နိုင်စွမ်း ဆုံးရှုံးသွား နိုင်ပေမည်။
ဆောင်ဦး တောင်တန်း သခင်နှင့်၊ ရှယွင်ကွီတို့ ဆိုလည်း၊ ထိုနည်း လည်းကောင်း ဖြစ်၏။
ထို့ကြောင့် ရေနွေးကြမ်း သောက်ပွဲ၌၊ သူ့ဇာတ်ဝင်ခန်း ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြား လျှပ်စီး စွမ်းအင်များ ပေါက်ကွဲ လာကာ၊ ရီဖန်း ထံမှ ကြောက်မက်ဖွယ် ကြက်သွေးရောင် အငွေ့ အသက်များ ထွက်ပေါ် လာ၏။
“ ကျိလင်ဖုန်း အပျော် မစော နဲ့ဦး၊ ငါ့ကို အလွယ်တကူ အနိုင်ယူ နိုင်မယ် မထင်နဲ့၊ ဒါကို မင်းဘယ်လို တားဆီး မလဲ ဆိုတာ ... ၊ ငါ ကြည့်မယ်။ ”
ကျိလင်ဖုန်းက သူ့အား ရိုက်ပုတ် ကစား နေသဖြင့်၊ ဒေါသ ထွက်ပြီး၊ သွေးဆာ နေသော ရည်ရွယ်ချက်အား ထုတ်ဖော် လိုက်သည်။
“ လျှပ်စီးနဲ့ ... သွေးဆာ နေသော ရည်ရွယ်ချက်၊ စိတ်ဝင်စားဖို့ ... ကောင်းတယ်၊ ဒါပေမယ့် မင်းက ...
... အရမ်း နုပါ သေးတယ်၊ ငါ လောက နိယာမ နယ်ပယ်ကို ရောက်မှသာ ... ၊ ပထမ နေရာကို မင်း မျက်စောင်း ထိုးပါ။ ”
ကျိလင်ဖုန်းမှ လှောင်ပြုံးဖြင့် ခုတ်ပိုင်း ချလိုက် ပြန်၏။
“ ကောင်းကင်ဘုံ ကိုးပါးက ဖီးနစ် ငိုကြွေးခြင်း- ကြယ်တာရာ မီးတောက်များ။ ”
ကောင်းကင်ရှိ တိမ်များ တစ်စ တစ်စ ကွဲအက် လာကာ၊ ကြယ်ပေါင်း များစွာကို မြင် လာ ရသည်။
ကြယ်တစ်ပွင့် စီသည် တောက်ပသော အလင်းများ ဖြာလျက်၊ ဖီးနစ် နက္ခတ် အဖြစ်၊ ထွက်ပေါ် လာ၏။
ဖီးနစ် နက္ခတ်၏ ဖိအားသည် ရီဖန်းကို ဒူးတစ်ဖက် ထောက်ကျ သွားစေသည်။ ခန္ဓာ ကိုယ် ပေါ်၌ မီးများ စွဲလောင် လာပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာတော့၏။
“ ရွှပ် ... ။ ”
သည့်စဉ် ကျိလင်ဖုန်း၏ ဓားမော့က၊ ဒူးထောက် နေသော ရီဖန်းပေါ်၊ လွတ်လွတ် ကျွတ်ကျွတ် ပြုတ်ကျ သွားသည်။
“ ဘုန်း ... ။ ”
လေထဲ လွင့်ပျံ သွား ပြီးနောက် ကြမ်းပြင် ပေါ် ပြုတ်ကျကာ၊ အရှိန် ရပ်သွား၏။ ရီဖန်းက ချက်ချင်း ပြန်မထ နိုင်ဘဲ၊ မော့ကြည့် မိရာ၊ ဆံပင်များ လွင့်ဝဲလျက် ကြီးစိုး နေသော၊ ကျိလင်ဖုန်းအား မြင်လိုက် ရသည်။
လေဓား သခင်သည် လင်းယွန်ကို၊ ရှုံးနိမ့် သွားခဲ့ သော်လည်း၊ ဝှက်ဖဲ ထုတ်ဖော် ရသည် အထိ၊ ဖိအားပေး နိုင်ခဲ့သည်။
ရီဖန်း မှာမူ၊ ပွဲစ ကတည်း ကပင်၊ တစ်ဖတ်သတ် ရိုက်နှက် ခြင်းသာ ခံခဲ့ ရ၏။ ကျိလင်ဖုန်းက ၎င်းအား စိတ်မဝင်စား တော့ဘဲ၊ စင်မြင့် ပေါ်မှ ဆင်ရန် ပြင်လိုက်သည်။
သို့သော် ရုတ်တရက် တစ်စုံ တစ်ရာကို၊ သတိရ လာပြီး၊ လင်းယွန်ထံ ပြုံးလျက် လှမ်း ကြည့်ကာ၊
“ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ၊ မင်း နည်းနည်းလောက် ကစားဖို့ ဆန္ဒ ရှိသလား။ ”
-ဟု မေးမြန်း လိုက်တော့သည်။
ထိုစကားက လူအုပ်ကို ရုတ်ရုတ် သဲသဲ ဖြစ်သွား စေ၏။
“ စောစောက ငါ ဒဏ်ရာ ရထားတယ်၊ ဒါကြောင့် ဒီပွဲမှာ နောက်ထပ် တိုက်ပွဲ မဝင်နိုင် တော့ပါဘူး။ ”
လင်းယွန်က လိမ္မာ ပါးနပ်စွာ ငြင်းဆန် လိုက်သည်။ ဤသည်မှာ တိုက်ပွဲကို ရှောင်ရန် အသုံး ပြုသော ဆင်ခြေ မျှသာ ဖြစ်ကြောင်း လူတိုင်း သိ၏။
သို့သော် ယုံကြည်မှု မရှိ ပါက၊ စိန်ခေါ်မှုကို လက်မခံခြင်း သည်သာ အကောင်းဆုံး ဖြစ်လေ သည်။ လေဓား သခင်အား အနိုင်ယူ ပြခြင်းဖြင့်၊ သူ့ခွန်အားကို သက်သေပြ ခဲ့ပြီး ဖြစ်သည်။
သူ့အဖြေကြောင့် ကျိလင်ဖုန်းမှာ၊ အံ့အားသင့် သွားပြီး၊
“ ကောင်းပြီ ... ရိုးရိုး သားသား ဝန်ခံ ရရင်၊ ငါမင်းကို ရိုက်နှက် မိသွားမှာ တကယ် ကြောက် မိတယ်၊ အခုဆို မင်းက ငါတို့ နတ်ဖီးနစ် တောင်ရဲ့၊ ...
... ဂုဏ်သရေရှိ ဧည့်သည် တစ်ယောက် ဖြစ်နေပြီ၊ တစ်ယောက် ယောက်က ... မိုးကြိုး ကျွန်း အပြင်ဘက်မှာ၊ မင်းကို အနိုင် ကျင့်ရင်၊ နတ်ဖီးနစ် တောင်ရဲ့၊ ...
... အမည်ကို သုံးလို့ ရတယ် ... ၊ သခင် လေးပါး သာမက၊ သခင်ငယ်တွေ ဖြစ်နေ ခဲ့ရင် တောင်၊ ငါတို့ မကြောက် ပါဘူး။ ”
စကား ပြောလျက်မှ လေဓား သခင်ထံ တစ်ချက် ဝေ့ကြည့်ကာ၊ ပြုံးလိုက် တော့သည်။ ထိုအကြည့်ကြောင့် လေဓား သခင်မှာ၊ မျက်နှာ နီမြန်း သွား၏။
အထက်ပါ စကားများ အရ၊ နတ်ဖီးနစ် တောင်နှင့် လင်းရှောင် အကြား၊ ဆက်ဆံရေး မရိုး ရှင်းမှန်း လူတိုင်း နားလည် လာသည်။
လင်းယွန်က အပြုံး ဖြင့်သာ တုန့်ပြန် လိုက်၏။ ကျိလင်ဖုန်းမှ သူ့အပေါ် ကောင်းပေး နေမှန်း သိသည်။ ယင်းက အကောင်းဆုံး ဖြစ်ချေ၏။
ဤသို့ မဟုတ်ဘဲ၊ သူ့အား ကြောက်နေ သည်ဟု ထင်က၊ မှားပေ လိမ့်မည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ထိုအမြင် များသည် သူ့အတွက် အရေး မကြီးခေျ။ ကျိလင်ဖုန်း ပျော်က အဆင်ပြေ၏။
***