← Chapters

သွေး လမင်း ... ။

Vol. 128 Ch. 1786

သွေး လမင်း ... ။

Vol. 128 Ch. 1786

“ ဘယ်လိုတောင် လွှမ်းမိုး လိုက်လဲ။ ”

လင်းယွန် ဘေးမှ ရန်တိက သက်ပြင်းချ သည်။

“ ရီဖန်းက အသက် နှစ်ဆယ်နဲ့ ... ၊ သွေးဆာနေတဲ့ ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင် ခဲ့တယ်၊ နောက်နှစ် အနည်းငယ် ကြာရင် ကြောက်စရာ ကောင်းလာမှာ အမှန်ပဲ။ ”

လင်းယွန်က ခေါင်းညိတ်သည်။ သိုင်း ရည်ရွယ်ချက် များစွာ ရှိသော်လည်း၊ ဓားနှင့် ဓားမော့သည် မဟာ တာအိုများ ဖြစ်၏။

လျှပ်စီး၊ နေ၊ လေနှင့် ရေခဲ ကဲ့သို့သော ဒြပ်စင်များ ဖြစ်မှာလည်း၊ မဟာ တာအို စာရင်း ဝင်သည်။

သွေးဆာ နေသော တာအိုမှာ ရှားပါးပြီး၊ လမ်းညွှန်ချက် ပေးမည့် သူများ လိုအပ်သည်။ သိုင်း ရည်ရွယ်ချက် များကို အမျိုး အစား ခွဲခြင်းသည် အနည်းငယ် ရှုပ်ထွေး၏။

ကနဦး တာအိုနှင့်၊ မဟာ တာအို ဟူသည် အတွေ့ များသော တာအိုများ ဖြစ်၏။ ၎င်းထက် ၌ အုပ်စိုးရှင် တာအိုနှင့်၊ ထာဝရ တာအို ဟူ၍ ရှိသေးသည်။

ထိုတာအို များမှာ ဝေးလွန်း သေး၏။ သူတော်စင်နှင့် ဧကရာဇ် များသာ နားလည် နိုင်သော တာအိုများ ဖြစ်သည်။

သွေးဆာ နေသော ရည်ရွယ်ချက် ဟူသည်၊ အလွန် ရက်စက် ပြင်းထန်သော ရည်ရွယ်ချက် တစ်ခု ဖြစ်လေသည်။

သို့တိုင် ကျိလင်ဖုန်း ရှေ့၌၊ အသုံးဝင်ခြင်း မရှိခဲ့ချေ။ ကျိလင်ဖုန်းသည် လေဓား သခင်နှင့် မတူဘဲ၊ လွှမ်းမိုး နိုင်စွမ်း ရှိကာ၊ ထူးထူး ခြားခြား ကိုယ်ရည် ကိုယ်သွေး ရှိသည်။

ကျိလင်ဖုန်းနှင့် ရီဖန်း တို့၏ တိုက်ပွဲ အပြီးတွင်၊ ပြင်းထန်သော တိုက်ပွဲ များသာ ဆက်လက် ဖြစ်ပေါ် လာ တော့သည်။

ရန်တိက နှင်းဦး သခင်နှင့် တိုက်ခိုက် ခဲ့သည်။ သို့သော် မရဏ ဓားသည် ပြိုင်ဘက်၏ စွမ်းအား အောက်၌၊ အသုံး မဝင် ခဲ့ချေ။

တိမ်လွှာဓား သမား အတွက်မူ၊ လင်းချင်းရန်အား လက်ရည်တူ ယှဉ်ပြိုင် နိုင်ခဲ့သည်။

အဆုံးတွင် လင်းချင်းယန်က သူတော်စင် ပုံကြမ်းအား ထုတ်ယူ လိုက်မှသာ၊ ရှုံးနိမ့် သွား ခဲ့သည်။

“ ဆောင်းဦး တောင်တန်း သခင်၊ ငါတို့ တိုက်ကြ ရအောင်။ ”

ဓားသမားများ ပြီးနောက်၊ ကောင်းကင် တာအို ဂိုဏ်း၏ ရှယွင်ကွီက စင်ပေါ် တက်လာ တော့သည်။

“ ငါ မင်းကို စောင့်နေတာ။ ”

ဆောင်းဦး တောင်တန်း သခင်က ပြုံးလျက်၊ ခေါင်းညိတ် လိုက်သည်။ လေထုမှာ ချက်ချင်း တင်းကြပ် လာတော့၏။

ထိပ်ဆုံး (၁၀) ပါး၌၊ ၎င်းတို့ နှစ်ဦးနှင့်၊ ကျိလင်ဖုန်း သည်သာ ရှုံးပွဲ မရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤရလာဒ်သည် ထိပ်ဆုံး (၃) နေရာ ကို၊ ဆုံးဖြတ် ပေးနိုင်မည် ဖြစ်သည်။ လင်းရှောင် သည်လည်း ရှုံးပွဲ မရှိ သေးချေ။

သို့သော် ကျိလင်ဖုန်း၏ စိန်ခေါ်မှုကို ငြင်းဆန် ပြီးနောက်၊ ရှုံးပွဲ အဖြစ် ထည့်တွက် လိုက်ကြသည်။

သွေးမိုးကြိုး စင်မြင့် ပေါ်ရှိ သူတော်စင် သားရဲ၏ သွေးများ လောင်ကျွမ်း လာခဲ့ကာ၊ လေပြင်းများ တိုက်ခတ် လာတော့၏။

သခင် လေးပါးသည် နဂါး မိသားစု ကိုယ်ခန္ဓာ ပညာ ရပ်များ ပိုင်ဆိုင် ထားပြီး၊ ဆောင်ဦး တောင်တန်း သခင် သည်လည်း၊ ချွင်းချက် မရှိချေ။

ရွှေနဂါး သွေးဖြင့်၊ ဧကရာဇ် သခင် ခန္ဓာကိုယ်အား သန့်စင် ထားသည်။ ၎င်းတွင် အဆင့် (၁၅)ဆင့် ရှိပြီး၊ အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက်ကို ပေးစွမ်း၏။

တစ်ဖက်တွင် မြေကြီး ရည်ရွယ်ချက် ကိုလည်း၊ ဆုပ်ကိုင် ထားနိုင်သည်။ ထို့ကြောင့် တိုက်ပွဲဝင် စွမ်းအားမှာ၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ ပြိုင်ဘက် အပေါ် ပေးစွမ်း နိုင်မည်။

အရေး အကြီးဆုံးမှာ၊ ခုခံ ကာကွယ်ရေး စွမ်းအား ဖြစ်၏။ ယင်းက ကောင်းကင်ကို အံတု နေသည်။

သူ့ခန္ဓာ ကိုယ်မှ အဝါရောင် အလင်းများ ဖြာထွက် လာပြီး၊ ကြေးဖြင့် သွန်းလုပ်သော ရုပ်ထုကြီး အလား၊ ပြောင်းလဲ သွား၏။

“ ချွင် ချွင် ချွင် ... ။ ”

ရှယွင်ကွီ၏ တိုက်ခိုက်မှုများ ကျဆင်း လာသော အခါ၊ ခေါင်းလောင်း ကဲ့သို့ မြည်သံ ထွက်လာသည်။

လူများစွာသည် ၎င်းတို့၏ နားစည်များ တုန်ယင်လျက်၊ သွေးအန်လု နီးပါး ခံစားလိုက် ရတော့၏။

ကောင်းကင်ဘုံ ကိုးပါးက သူတော်စင် ဆေးအိုး ဟူသော ပညာ ရပ်ကို၊ ရှယွင်ကွီမှ သတ္တမ အဆင့်ထိ အောင်မြင် ထားသည်။

ကျင့်ကြံမှု အရ ဆိုသော်၊ ဆောင်ဦး တောင်တန်း သခင်ထက်၊ သာလွန်သော နဂါး သွေးလွှတ် ကြောများ ရှိ၏။

ပေအရှည်မှာ၊ (၅၀၀၀) နီးပါး ရှိပြီး၊ မီး၊ လျှပ်စီးနှင့် လေ ရည်ရွယ်ချက်အား ဆုပ်ကိုင်၊ ထားသည်။ ရည်ရွယ်ချက် (၃) ပါး လုံးကို ပဉ္စမတန်းသို့ ယူဆောင် ထားနိုင်၏။

ယင်းက တစ္ဆေ ဝိညာဉ် ပညာ ရပ်ကို ယှဉ်နိုင်သော လှုပ်ရှားမှု (၃) ခုအား ရရှိစေ ခဲ့သည်။

တစ်ဖက်တွင် ဆောင်းဦး တောင်တန်း သခင်သည်၊ မရွေ့ပြောင်း နိုင်သော တောင်ကြီး တစ်လုံး ကဲ့သို့ မာကျောကာ၊ လိပ်နက် အလား၊ ကိုင်တွယ်ရ ခက်ခဲ၏။

သူ့အား ဒဏ်ရာ ကြီးကြီး မားမား မပေး နိုင်ချေ။ လှုပ်ရှားမှုပေါင်း (၁၀၀) ပြည့်ပြီးနောက်၊ လှိုင်းလုံးကြီး တစ်ခု ပျံ့ကား လာသည်။

“ ရွှပ် ... ။ ”

စင်မြင့် အတား အဆီးကို ဖြတ်ကာ၊ လူများစွာ အငိုက် မိလျက်၊ ဒဏ်ရာ ရရှိ ကုန်၏။ လင်းယွန်က ဓားအလင်းကို တောက်ထုတ်ကာ၊ ထိုလှိုင်းအား ဖျက်ဆီး လိုက်သည်။

“ ဒီကောင်တွေက ဘီလူး တွေပဲ ... ။ ”

ရန်တိ၏ အာမေဋိတ်သံ ထွက်ပေါ် လာသည်။ ထိုနှစ်ယောက်၏ နဂါး မူလသည် မယုံနိုင် လောက်အောင် သန့်စင် နေ၏။

အဆုံး မရှိဘဲ၊ ပင်ပန်း နွမ်းနယ်ပုံ မပြချေ။ လင်းယွန်က ထိုအမြင်အား အသိ အမှတ် ပြုစွာ ခေါင်းညိတ် လိုက်သည်။

ဤသည်မှာ မြင့်မြတ်မြေ များ၏ အုတ်မြစ်ဖြစ်သည်။ နဂါးပြာ အရိုး မရှိသော်၊ သည်နှစ်ယောက်နှင့် တိုက်ခိုက် ရပါက၊ သေ သည် အထိ၊ သူ ပင်ပန်းသွား နိုင်သည်။

“ ကောင်းကင်ဘုံ ကိုးပါးက သူတော်စင် ဆေးအိုး၊ ဧကရာဇ် သခင် ခန္ဓာကိုယ် ... ဘယ် နည်းစနစ်ပဲ ဖြစ်ဖြစ် ... ၊ ရေရှည် တိုက်ပွဲမှာ အသုံးဝင် ကြတယ်၊ ...

... နဂါး မိသားစု ပညာရပ်က လေးနက် သလို ... ၊ ကောင်းကင် တာအိုဂိုဏ်း ကလည်း၊ ခွန်လွန်မှာ အသန်မာဆုံး ဂိုဏ်းပဲ၊ ဒီတော့ ဘယ်သူက ပိုသန်မာတယ် ဆိုတာ ပြောရ ခက်ပါတယ်။ ”

ရှစ်ဖန့် စကားကြောင့် လင်းယွန်မှ၊

“ ခွန်လွန်မှာ အသန်မာဆုံး ဂိုဏ်းလား ... ။ ”

-ဟု ပြန်မေး လိုက်သည်။

“ ဟုတ်တယ် ... နတ်နဂါး အင်ပါယာ မထူထောင် နိုင်ခင် တုန်းက၊ သူတို့မှာ ... ပင်မ ဂိုဏ်း၊ လေ၊ သစ်သား၊ မီးနဲ့ တောင်တန်း ဆိုပြီး ဂိုဏ်းခွဲတွေ ရှိတယ်၊ ...

... ဂိုဏ်းခွဲ တစ်ခု ကတင်၊ အရှေ့ဘက် ပျက်စီး မြေရဲ့ ... မြင့်မြတ်မြေ (၆)ပါးကို ယှဉ်နိုင် တယ်၊ အခုတောင် မြင့်မြတ်မြေ (၆)ပါးမှာ၊ ...

... ကောင်းကင် တာအို ဂိုဏ်းက ... အသန်မာဆုံးပဲ၊ နတ်ဖီးနစ် တောင်တန်း တစ်ခု တည်း ကသာ ... သူတို့ကို ယှဉ်နိုင်တယ်။ ”

ရှစ်ဖန့်က ပြန်ဖြေ၏။

“ ကောင်းကင် တာအိုဂိုဏ်း ... နိမ့်ကျ လာခြင်းက၊ နတ်နဂါး အင်ပါယာ ပေါ်ထွန်းဖို့၊ အခြေ အနေ ဖြစ်လာတယ်၊ တောင်ပိုင်း ဧကရာဇ်သာ ...

... ရှိနေ သေးရင်၊ လက်ရှိ အချိန်မှာ ... ၊ နတ်နဂါး အင်ပါယာက ခွန်လွန်ကို သိမ်းပြီး နေ လောက်ပြီ၊ ...

... ပြီးတော့ အခုချိန်ထိ သူတို့က ပြိုင်ဆိုင် နေတုန်းပဲ၊ ရှယွင်ကွီသာ ဆောင်းဦးတောင်တန်း သခင်ရဲ့ ... ၊ နဂါး မိသားစု ပညာ ရပ်ကို၊ အနိုင် မယူ နိုင်ရင်၊ သူ ပြန်သွားတဲ့ အခါ၊ သေချာပေါက် အပြစ်ပေး ခံရ လိမ့်မယ်။ ”

ရှစ်ဖန့်က ရှင်းပြ နေစဉ်၊ ရှယွင်ကွီမှ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ တိမ်များကို စီးနင်းကာ၊ လျှပ်စီးနှင့် မီးတောက်များ ဖုံးလွှမ်း နေသော ပတ်ဝန်းကျင်ကို ဖန်တီး လိုက်၏။

“ ဝူး ... ။ ”

လေပြင်းများ တိုက်ခတ် လာသည်။ တစ်ဖက်တွင် ဆောင်းဦး တောင်တန်း သခင်က၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ မြေပြင် မြဲမြံစွာ ရပ်နေ ဆဲ ဖြစ်၏။

သူတော်စင် ရူရ်များ လင်းလက် နေသော ကြေးခေါင်းလောင်းကြီး တစ်လုံးက သူ့ အပေါ် ဖုံးအုပ်လျက်၊ ရှယွင်ကွီ၏ ဒြပ်စင် (၃)ပါးအား၊ မတုန် မလှုပ် ချေဖြတ် နေသည်။

“ သခင် နဂါး လက်သီး ... ။ ”

ရှယွင်ကွီ၏ အငွေ့ အသက်များ ကျဆင်းလာ ချိန်၌ ဆောင်းဦး တောင်တန်း သခင်မှ၊ တန်ပြန် တိုက်စစ် ဆင်သည်။

ယင်းသည် လေဓား သခင် သုံးခဲ့သော လက်သီး နည်းစနစ် ဖြစ်၏။ နဂါး တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ပြန် ဆင်း ... ။ ”

ဒြပ်စင် သုံးပါးဖြင့်၊ ဖန်တီး ထားသော အိုးတစ်လုံးကို၊ ရှယွမ်ကွီမှ ဖန်တီးကာ မြေပြင်မှ တက်လာသော ပြိုင်ဘက်ထံ ပစ်လွှတ်၏။

ဤနည်းဖြင့် တိုက်ပွဲမှာ ဆက်၌ ဖြစ်ပွား နေသည်။ လှုပ်ရှားမှုပေါင်း (၂၀၀၀) ကျော်သည် အထိ၊ ရလဒ်မှာ မထွက်နိုင် သေးချေ။

ကြောက်စရာ ကောင်းလွန်းပြီး၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ ၎င်းတို့ အား ရင်ဆိုင် ဝံမည် မဟုတ်နိုင်။

“ ဒီလိုသာ ဆိုရင် ... အနိုင်ရ သူကို ... ဆုံးဖြတ်ဖို့၊ ငါတို့ တိုက်ပွဲက သုံးရက်လောက် ကြာရင်တောင် ပြီးမှာ မဟုတ်ဘူး။ ”

ရှယွင်ကွီက ရုတ်တရက် နောက်ဆုတ်ကာ ပြောလိုက်သည်။

“ ကောင်းပြီ ... ဒါဆို ငါတို့ကြား သရေပွဲ အဖြစ်၊ သတ်မှတ် ရအောင်။ ”

ဆောင်ဦး တောင်တန်း သခင်က သဘောတူ၏။ နှစ်ဦးသား သက်ဆိုင်ရာ နေရပ် အသီးသီးသို့၊ ပြန်ထိုင် လိုက်ကြသည်။

“ ဒါဆို ပထမက ဘယ်သူလဲ။ ”

လူတိုင်းမှာ၊ သို့လော သို့လော ဖြစ်လာ သည်။ ဤသို့ဆိုက ကျိလင်ဖုန်းအား မည်သူ အနိုင်ယူ မည်နည်း။

ကျိလင်ဖုန်း ဓားသည်၊ ဆောင်ဦး တောင်တန်း သခင်၏၊ ကာကွယ်ရေး အလွှာကို မချိုး ဖြတ်နိုင် သကဲ့သို့၊ ၎င်းတို့ နှစ်ဦး မှလည်း၊ နတ်ဖီးနစ် အမွေအား၊ အနိုင်ယူ နိုင်မည် မဟုတ်ချေ။

သို့သော် ကျိလင်ဖုန်းက ပြုံးလျက်၊

“ သရေပွဲလား၊ အဓိပ္ပါယ် မရှိ လိုက်တာ၊ မင်းတို့ ထဲက ... ငါ့ဓားကို ခံယူနိုင် သူက၊ ပထမ ဖြစ်မယ်၊ မဖမ်း နိုင်ရင် ... ငါ ပထမပဲ။ ”

-ဟု ဆိုလိုက် တော့သည်။

ယင်းစကားကြောင့် ရှယွင်ကွီနှင့် ဆောင်ဦး တောင်တန်း သခင်၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။

ဤစိန်ခေါ်ချက်ကို သဘော တူသင့်၊ မတူသင့်၊ ချက်ချင်း ချိန်ဆ နေခဲ့၏။

“ ဟိုမှာ ဘာလဲ ... ။ ”

ထိုအချိန်တွင် မိုးကုပ် စက်ဝိုင်း အစပ်၌၊ ရုတ်တရက် သွေးနီ ရောင်များ မြင့်တက်လာ သဖြင့်၊ လင်းယွန်မှ မျက်ခုံး ပင့်ကာ၊ ညွှန်ပြ လိုက်သည်။

“ သွေးလ ဂိုဏ်း။ ”

ဓားသမား သုံးယောက်လုံး၊ ခေါင်းမော့ ကြည့်ကာ၊ ထိတ်လန့် တကြား အော်ဟစ် လိုက် မိ၏။

မိုးကြိုး မုန်တိုင်း ကျွန်းပေါ်ရှိ၊ မိုးကြိုး တိမ်တိုက်များ၊ ချက်ချင်း လွင့်ပယ် သွားကာ၊ သွေးလ တစ်စင်း ပြတ်ထင်စွာ ပေါ်လာ တော့သည်။

***

All Chapters