ဗိုလ်ချုပ် နှစ်ပါး ... ။
Vol. 128 Ch. 1787
ကောင်းကင်၌ သွေးလမင်း တစ်စင်း ရုတ်တရက် ပေါ်လာ သဖြင့်၊ လူတိုင်း၏ အာရုံ ပြောင်းသွားသည်။
“ ဟား ... ဟား ... ဟား ... ၊ ငါ နောက်ကျ နေပုံ ရတယ်၊ အိုး ... ရေနွေးကြမ်း သောက်ပွဲက ပြီးတော့ မှာပဲ။ ”
သွေးလမင်း၏ ရောင်ဝါ အောက်တွင်၊ သွေးမိုးကြိုး ရင်ပြင် တစ်ခုလုံး အနီရောင် ပြောင်း သွား၏။
လမင်းမှ ဖြာထွက် နေသော သွေး ရောင်ဝါသည်၊ မိုးကြိုး မုန်တိုင်း ကျွန်းဆီသို့၊ မြစ် တစ်စင်း အလား၊ စီးဆင်း လာသည်။
အဝေး မှပင် ရောင်ဝါ အတွင်းရှိ သွေးပုပ် ရနံ့ကို ရရှိ သဖြင့်၊ စိတ် မသက် မသာ ဖြစ်လာ ကြ၏။
များမကြာခင် ကောင်းကင်မှ နဂါး သွေးလွှတ်ကြော နယ်ပယ် လူငယ် တစ်ဦး ဆင်းသက် လာသည်။
လူငယ် မျက်နှာသည် စက္ကူဖြူ တစ်ရွက် ကဲ့သို့ ဖြူဖျော့နေပြီး၊ ထူးဆန်းသော သွေးကြော ပုံစံ များကို ချယ်လှယ် ထားသည့်၊ အနက်ရောင် ၀တ်စုံ၊ ဆင်မြန်း ထားသည်။
သူတို့ကိုယ် သူတို့ သွေးလ ဂိုဏ်းဟု ခေါ်ဆိုကြ သော်လည်း၊ အမှန်မှာ သွေးလ မိစ္ဆာ ဂိုဏ်း ဖြစ်၏။
“ လျှပ်စီး ဗိုလ်ချုပ် အောင်းဖန် ... ။ ”
ဆောင်းဦး တောင်တန်း သခင်က တိုးတိုးလေး ပြောသည်။
“ အိုး ... ဆောင်းဦး တောင်တန်း သခင်၊ မင်းက ငါ့ နာမည်ကို သိနေ တာပဲ၊ မှန်တယ်၊ ငါက ဗိုလ်ချုပ် အောင်းဖန်ပါ။ ”
သူ့ မိတ်ဆက် စကား ဆုံးသည်နှင့် သွေးမျှဉ်တန်း အလား၊ စင်မြင့်ပေါ် လျင်မြန်စွာ ဆင်းသက် လိုက်သည်။
ယင်းကြောင့် အနားတွင် ရှိသော လူ အများက ကြောက်လန့် သွားပြီး၊ အမြန် ဆုတ်ခွာ လိုက် ကြသည်။
ဤလူငယ်နှင့် တတ်နိုင် သမျှ ဝေးဝေး နေရန်၊ မသိစိတ်မှ သတိ ပေးနေသည်။ သွေးလ ဂိုဏ်းသည်၊ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင် ခန့်က၊ အရှေ့ဘက် ပျက်စီး မြေ၌ ကျော်ကြားမှု အချို့ ရှိခဲ့ ဖူးသည်။
၎င်းတို့၏ ဂိုဏ်းချုပ်ကို၊ ဧကရာဇ် ကိုးပါး ပူးပေါင်း ခဲ့သော်မှ၊ လုံးလုံး လျားလျား ချေမှုန်း နိုင်ခြင်း မရှိချေ။
တောင်ပိုင်း ဧကရာဇ် သေဆုံး ပြီးနောက်၊ ပြန်လည် ရှင်သန် လိုသော အရိပ် အယောင်များ ပြသ လာသည်။
နတ်မိစ္ဆာ တံခါးနှင့် အဆုံး မရှိသော တိုက်ပွဲများ ဆင်နွှဲ နေပြီး၊ အင်ပါယာ၏ အကြီး မားဆုံး ရန်သူ အဖြစ် သတ်မှတ် ထား၏။
သို့သော် သွေးလ ဂိုဏ်းနှင့်၊ နတ်မိစ္ဆာ တံခါး တို့သည်၊ သူတို့ကိုယ် သူတို့ ဖုံးကွယ်ကာ၊ နိမ့်ကျ သည့် အသွင်မျိုး၊ ယူထား ကြသည်။
ထို့ကြောင့် သွေးလ ဂိုဏ်းမှ တစ်စုံ တစ်ယောက်သည်၊ ရေနွေးကြမ်း သောက်ပွဲသို့ လူသိ ရှင်ကြား တက်ရောက် လာသည့် အပေါ်၊ လူတိုင်း အံ့အားသင့် ကုန်ခြင်း ဖြစ်၏။
“ ဗိုလ်ချုပ်လား ... ။ ”
သွေးလ ဂိုဏ်းတွင် ဗိုလ်ချုပ် ဟူသည် မည်ကဲ့သို့သော အဆင့် အတန်းနှင့် ရာထူးမျိုး ရှိ သည်ကို လင်းယွန် မသိချေ။
အရှေ့ဘက် ပျက်စီးမြေ ပိုင်နက်တွင်၊ ဗိုလ်ချုပ်ကြီး သုံးဦး ရှိသည်။ ၎င်းတို့မှာ လေ၊ မီးနှင့် လျှပ်စီးတို့ ဖြစ်၏။
၎င်းတို့ အနက်၊ မီး ဗိုလ်ချုပ်သည် အသန် မာဆုံး ဖြစ်ပြီး၊ လောက နိယာမ နယ်ပယ်သို့ ရောက်ရှိ နေချေပြီ။ ကျန်လျှပ်စီး ဗိုလ်ချုပ်နှင့် လေ ဗိုလ်ချုပ်မှာ၊ နယ်ပယ်တူ ဖြစ်၏။
“ သူတို့ရဲ့ နာမည် တွေကို၊ ငါ ကြားဖူး ပေမယ့် ... ၊ ဒီလောက် ရဲရင့် လိမ့်မယ်လို့ မထင် ထားဘူး။ ”
ရန်တိက မှတ်ချက် ပြုသည်။ လင်းယွန် သည်လည်း အံ့သြ နေ၏။ ယခင် သူနှင့် ထိတွေ့ ခဲ့ဖူးသော ကြက်သွေးရောင် လမင်း ဂိုဏ်းသည် သွေးလ ဂိုဏ်း၏ လက်အောက်ခံ အင်အားစု တစ်ခု ဖြစ်သည်။
အန်းလျူယွင်သည် အခြားသော ကြယ် ကိုးပွင့် နတ်မိစ္ဆာ တံခါး သခင် များနှင့် အတူ၊ သွေးလ ဂိုဏ်းကို ရင်ဆိုင်ရန်၊ ရောက်ရှိ လာကြောင်း ပြောပြ ထားသည်။
သို့သော် ရန်တိ ပြော သလိုပင်၊ ဤသွေးလ ဂိုဏ်းအနေဖြင့်၊ မိုးကြိုး မုန်တိုင်း ကျွန်းသို့ လာ သည်မှာ၊ ရဲရင့် လွန်း၏။ ယင်းက သခင် လေးပါးကို ပါးရိုက်ခြင်း မည်သည်။
“ ဟား ဟား ဟား ... ၊ နောက်ကျ သွားတဲ့ အတွက် ... ၊ တောင်းပန် ပါတယ်။ ”
ရယ်မောသံ နှင့်အတူ၊ လေပြင်းများ ဦးစွာ တိုက်ခတ် လာပြီး မကြာခင်၊ မိုးရေများ တဖွဲဖွဲ ကျလျက်၊ အောင်းဖန် ဘေး၌ လူရိပ် တစ်ရိပ် ပေါ်လာသည်။
ဤပုဂ္ဂိုလ် သည်လည်း၊ သွေးကြောများ ရေးထိုး ထားသည့် အနက်ရောင် ၀တ်စုံ မျိုးပင်၊ ဆင်မြန်း ထား၏။
“ ရန်ချန်းမင် ... ၊ မင်း အရမ်း နှေးတာပဲ။ ”
အောင်းဖန်က သူ့ဘေးရှိ လူငယ်ကို ပြုံးလျက်၊ အပြစ်တင် လိုက်လေသည်။ ယင်းမှာ သူနှင့် တစ်ဂိုဏ်း တည်းသား ဖြစ်သော၊ လေ ဗိုလ်ချုပ် ဖြစ်၏။
“ မင်းတို့ နှစ်ယောက် ထွက်လာဖို့ သတ္တိ ရှိလား။ ”
လေဓား သခင်က ပြန်လည် မေးမြန်း လိုက်သည်။ သွေးလဂိုဏ်း ဟူသည် နတ်နဂါး အင်ပါယာ၏ ရန်သူ ဖြစ်ပြီး၊ သူတို့ လေးဦးမှာ၊ အင်ပါယာ အပေါ်၊ ကိုယ်စားပြု ချေ၏။
အောင်းဖန်က၊ လေဓား သခင်အား လျစ်လျူရှု လိုက်ပြီး၊ ဆောင်းဦး တောင်တန်း သခင်ထံ လှည့်ကြည့်ကာ၊
“ ဆောင်းဦး တောင်တန်း သခင်၊ မင်းက နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ... ဘယ်သူ ပထမ ဖြစ်မလဲ ဆုံးဖြတ်ဖို့ ... ၊ ဒီပွဲကို ကျင်းပ နေတာ မဟုတ်လား၊ ငါတို့ မှာလည်း ...
... ဘာမှ လုပ်စရာ မရှိဖူး ဆိုတော့ ... ၊ အပျော် သဘော အနေနဲ့ ... ၊ ပါဝင်ဖို့ ဆုံးဖြတ် လိုက်ပြီ။ ”
-ပြောလိုက် လေသည်။
ရေခဲပြာ သခင်က၊
“ ဗိုလ်ချုပ် တစ်ပါးကို သတ်နိုင်တဲ့ ... ၊ ဘယ်သူ မဆို ဧကရီရဲ့ ... အသိ အမှတ် ပြုမှုကို ရရှိမယ်၊ မင်းတို့ နှစ်ယောက် အခုချိန် ပြေးရင် လွတ်နိုင်မယ်၊ မဟုတ်ရင် ငါတို့ကို အပြစ် မတင်နဲ့။ ”
-ဟု အေးစက်စွာ တုန့်ပြန် လိုက်၏။
“ ဟား ဟား ဟား ... ၊ ဒါက နတ်နဂါး အင်ပါယာ မဟုတ်ဘူး၊ ငါတို့ကို ... မင်း အရမ်း ကြောက် နေတယ် လို့တော့ မပြောနဲ့။ ”
အောင်းဖန်မှ ပြုံးလျက် လှောင်ပြောင် လာသည်။ လေဗိုလ်ချုပ် ကလည်း၊
“ မြင့်မြတ်မြေ ခြောက်ပါး ကတောင် ... ၊ ဘာမှ မပြောဘူး၊ မင်းတို့ သခင် လေးပါးက ခွေးရူးတွေ ကျနေ တာပဲ။ ”
-ဟု မှတ်ချက် ပြုတော့၏။
“ လျှပ်စီး ... ပြန်ရအောင်၊ ဒီမှာ အမှိုက်တွေ ချည်းပဲ၊ နဂါး သွေးလွှတ်ကြော ပထမ ဘယ်သူ ဖြစ်ဖြစ်၊ အသုံး ဝင်မှာ မဟုတ်ဘူး။ ”
ဗိုလ်ချုပ် နှစ်ပါးမှ၊ အထင်အမြင် သေးသော အကြည့် များဖြင့် ဆိုသည်။ ၎င်းတို့အား ခွင့်မပြု ပါက၊ အင်ပါယာ၏ ဂုဏ်သတင်း ပျက်ပြား နိုင် သည်ကို သိသောကြောင့်၊ ဆောင်းဦး သခင်မှ၊ အခက်တွေ့ လာ၏။
“ ဒီလူ နှစ်ယောက်က မာနကြီး လွန်းတယ်၊ ငါတို့ရဲ့ အရှေ့ဘက် ပျက်စီးမြေမှာ ... ဘယ်သူမှ မရှိ ဖူးလို့ ... တကယ် ထင်နေ ပုံပဲ။ ”
“ သူတို့က ကြွက်တွေလို ပုန်းအောင်းပြီး၊ သူတို့ကိုယ် သူတို့ ဗိုလ်ချုပ်လို့ ... ဘယ်လိုများ ကြွေးကြော်ဝံ့ သလဲ၊ ဟာသပဲ။ ”
“ သူတို့ကို ပါဝင်ခွင့် ပေးလိုက်ပါ။ ”
ဗိုလ်ချုပ် များ၏ လှောင်ပြောင် စကား ကြောင့်၊ လူတိုင်း မခံမရပ် ဖြစ်လာ၏။ မြင့်မြတ် မြေများပင်၊ မျက်မှောင် ကြုတ် ကုန်သည်။
“ ကြွက် နှစ်ကောင်က ... ဒီလောက် မာနကြီးဖို့ အရည် အချင်း ရှိလို့လား၊ နတ်တာအို ခန်းမက သူတို့ကို နှိမ်နင်း ပြမယ်။ ”
“ ဟုတ်တယ် ... ၊ ဆောင်းဦး တောင်တန်း သခင်၊ သူတို့ကို ... ကြောက်နေစရာ မလို ပါဘူး၊ ပါဝင်ခွင့် ပေးလိုက်ပါ၊ မဟုတ်ရင် ငါတို့က လူပြက်တွေ ဖြစ်ကုန်မယ်။ ”
လူငယ် များမှ အားမာန် အပြည့်ဖြင့် ပြောဆိုလာ ကြသည်။ တစ်ဖက်တွင် လင်းယွန် မှ တစ်စုံ တစ်ရာ၊ မူ မမှန်ကြောင်း ခံစားရ လေရာ၊ အသာ ကြည့် နေမိ၏။
ဗိုလ်ချုပ် နှစ်ပါးသည် သူတို့ကိုယ် သူတို့ သတ္တိ ရှိရှိ ပြသ ဝံ့သောကြောင့်၊ ယုံကြည်ချက် တစ်စုံ တစ်ရာ ရှိရ ပေမည်။
၎င်းတို့အား အနိုင်မယူ နိုင်သော်၊ နဂါး သွေးလွှတ်ကြော ပထမ ဟူသော ရာထူးအား ပေးအပ် လိုက်ရမည် ဖြစ်၏။
နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက် ကျောက်တိုင် ဟူသည်၊ ကြီးမြတ် သော ကံကြမ္မာကို ပိုင်ဆိုင် ထားသည့်၊ အုပ်စိုးရှင် သူတော်စင် ပစ္စည်း ပေပင်။
ယင်းကြောင့် အကျိုးကျေးဇူးများ ရရှိ နိုင်ပေမည်။ သို့သော် ကျိလင်ဖုန်း၊ လင်းချင်းရန်၊ ရှယွင်ကွီ၊ ယွီဝမ်ရှုနှင့် အခြား သူများမှာ၊ ကြောက်ရွံ့ခြင်း မရှိဘဲ၊ အခြေ အနေကို စောင့်ကြည့် နေ၏။
သန်မာသော်မှ ၎င်းတို့ နှစ်ဦး တည်းဖြင့်၊ မည်သည့် အရာမျှ မလုပ်နိုင်ဟု ယုံကြည် သည်။ လူတိုင်း ကလည်း၊ အောင်းဖန်နှင့် ရန်ချန်းမင်ကို ကြည့်ကာ၊ စိတ်လှုပ်ရှား လာ၏။
သို့သော် လင်းယွန်မှ ခေါင်းယမ်းကာ၊ တိတ်ဆိတ် နေခဲ့သည်။ ဤသည်မှာ နတ်နဂါး အင်ပါယာနှင့် သွေးလ ဂိုဏ်း၏ ရန်ငြိုး ဖြစ်၏။ မြင့်မြတ် မြေများ ဖြင့်ပင် မသက်ဆိုင်ချေ။ ထို့ကြောင့် ဝင် မပါရန် ဆုံးဖြတ် မိသည်။
“ ကောင်းပြီ ... ၊ အရှက်ကွဲ ခံချင် နေတဲ့ မင်းတို့ရဲ့ ဆန္ဒကို ... ငါဖြည့်ဆည်း ပေးမယ်။ ”
ဆောင်းဦး တောင်တန်း သခင်က၊ အေးစက်စွာ ပြန်ပြော လိုက်သည်။
“ ဟား ဟား ဟား ... ဒါဆို ဘယ်သူက ငါတို့ကို အရှက်ခွဲ နိုင်မလဲ ကြည့်မယ်၊ ဘယ်သူ ငါနဲ့ တိုက်ချင်လဲ။ ”
လျှပ်စီး ဗိုလ်ချုပ် အောင်းဖန်မှ ရယ်လျက် စိန်ခေါ် တော့သည်။ မင်ဂိုဏ်းမှ ပါရမီရှင် တစ်ဦး ကောင်းကင်ပေါ် ခုန်တက်ကာ၊ စင်မြင့်ပေါ် ဆင်းသက် လိုက်၏။
“ မင်ဂိုဏ်းရဲ့ စစ်ခုန်ယွမ် မင်းကို တိုက်ဖို့ ရောက်လာပြီ။ ”
စကားဆုံး သည်နှင့် စစ်ခုန်ယွမ်မှ လှံအား ထုတ်ပြီး၊ တစ္ဆေ ဝိညာဉ် ပညာရပ်ကို အကောင် အထည် ဖော်တော့သည်။
နဂါး မူလကို သွန်းလောင်းလျက်၊ လှံကို လေထဲ စက်ဝိုင်းပုံ သဏ္ဍာန် ဝှေ့ယမ်းလိုက်ကာ၊ ရွှေရောင် စက်ဝိုင်း တစ်ခု ဖန်တီး၏။
“ ဘယ်လို သနား စရာ ကောင်းတဲ့ လှည့်ကွက် လေးတွေလဲ။ ”
အောင်းဖန်မှ အပြုံး တစ်ပွင့်ဖြင့်၊ စစ်ခုန်ယွမ်ထံ လက်ဖဝါး တစ်ချက် ရိုက်ထုတ် လာသည်။
“ ဝှစ် ... ။ ”
ယင်ကောင် တစ်ကောင်ကို ရိုက်ဖယ် ပစ်လိုက် သကဲ့သို့၊ စစ်ခုန်ယွမ် တစ်ယောက် လွင့်ပျံ သွား တော့၏။
ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လာသော၊ စစ်ခုန်ယွမ်၏ ရင်ဘတ်တွင် လက်ဝါး ရာကြီး တစ်ခု ထင်ဟပ် သွားလေသည်။
မျက်နှာ ဖြူဖျော့ သွားပြီး မကြာခင် သတိလစ် သွား၏။ ဤရလာဒ်မှာ ထိတ်လန့် ဖွယ် ကောင်းလှ လေသည်။
စစ်ခုန်ယွမ် ဟူသည်၊ ထိပ်ဆုံး နေရာ၌ ရပ်တည်ထား နိုင်သောကြောင့်၊ အသက်ရှူ ကြပ် ကုန်သွား တော့၏။
နောက်ထပ် လူအများ အပြား စင်မြင့်ပေါ် တက်လာ သော်လည်း၊ အားလုံး ခြွင်းချက် မရှိ သုံးကြိမ် အတွင်း ရှုံးနိမ့် ကုန်သည်။
သည့်အပြင် အောင်းဖန်မှာ ရက်စက် ကြမ်းကြုတ် ချေ၏။ စိန်ခေါ် သူများ အားလုံးကို၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ စေသည်။
သူတော်စင် ဆေးလုံးများ အကူ အညီ ဖြင့်ပင်၊ လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာ နိုင်သော အရာမျိုး မဟုတ်ချေ။
သို့သော် လူတစ်ဦး တစ်ယောက်မှ မသေ ခြင်းကြောင့်၊ တစ်ဖက် လူသည် သူ့ အင်အားကို ကောင်းစွာ ထိန်းချုပ် ထားနိုင်မှန်း မြင်သာ စေခဲ့၏။
ဤနည်းဖြင့် လူတိုင်း ငြိမ်သက် လာသည်။ ဗိုလ်ချုပ် နှစ်ဦးမှာ သည်ပွဲ အတွက်၊ ပြင်ဆင်လာ သည်ကို၊ လူတိုင်း ပြော နိုင်၏။
“ နည်းနည်းတော့ အစွမ်းထက်တယ် မဟုတ်လား။ ”
“ နတ်ဆိုး တွေလိုပဲ၊ သိုင်းပညာတောင် မသုံးဘဲ၊ ခွန်အား သက်သက်နဲ့ ပြိုင်ဘက်ကို နှိမ်နင်း သွားတယ်။ ”
ပတ်ဝန်းကျင်မှ ဆွေးနွေး သံများ ထွက်ပေါ် လာပြီး၊ လူတိုင်းက အောင်းဖန်အား ကြောက်ရွံ့ သွားလေသည်။
ကျိလင်ဖုန်း၊ ဆောင်ဦး တောင်တန်း သခင်နှင့်၊ ရှယွင်ကွီမှ အလေး အနက်ထား လာ တော့၏။
“ ဟား ဟား ဟား ... ၊ ဒါက မင်းတို့မှာ အကောင်း ဆုံးလား၊ ဒါကြောင့်လည်း ငါတို့ကို မဖိတ်ခဲ့ တာကိုး၊ အံ့သြ စရာတော့ မဟုတ် ပါဘူး၊ မင်းတို့ တွေက အမှိုက် တွေပဲ။ ”
“ မောက်မာ လိုက်တဲ့ ကြွက်တွေ ... ။ ”
လျှပ်စီး ဗိုလ်ချုပ်ကို ကြည့်မရတော့ သဖြင့်၊ နတ်ဖီးနစ် တောင်မှ ကျန်းယွီမှ ထရပ် လာတော့ သည်။ သူ့အစ်ကို ကျိလင်ဖုန်း၏ အချက်ပြ တားဆီးမှု ကိုပင်၊ လျစ်လျူ ရှု ခဲ့၏။
ကျန်းယွီမှာ လင်းယွန်နှင့် တိုက်ပွဲတွင် စွမ်းရည် ပြသထား နိုင် သောကြောင့်၊ လူတိုင်း မျှော်လင့် မိလေသည်။
နဂါး သွေးလွှတ်ကြော ထိပ်ဆုံး (၁၅)ဦး အဆင့်တွင် ရှိ၏။ အောင်းဖန်မှ သင်ခန်းစာ ပေး လိုသော အပြုံးဖြင့်၊ ကျန်းယွီအား ကြည့်သည်။
“ ဖပ် ... ။ ”
နဖူးပေါ်ရှိ အမှတ် အသား ပွင့်လာပြီး၊ မိစ္ဆာဆန်သော ရောင်ဝါများ ထွက်ပေါ် လာ တော့၏။ ကျန်းယွီ အနား မကပ် နိုင်ခင်မှာ၊ ရင်ဘတ်ထံ ရိုက်ချ လိုက်သည်။
“ ခရစ် ... ။ ”
နံရိုးများ အက်ကွဲ သံများ ခပ်တိုးတိုး ကြားလိုက် ရပြီး၊ ကျန်းယွီ ခမျာ ကောင်းကင်မှ ပြုတ်ကျ သွားလေသည်။
“ ဟား ဟား ဟား .... ။ ”
ရယ်မော လျက်၊ နာကျင်မှုကြောင့် ပုစွန် တစ်ကောင်လို ကွေးကောက် နေသော ကျန်းယွီ ကို၊ ကန်ချ ပစ်လိုက် တော့သည်။
***