← Chapters

ငရဲ လမင်း သူတော်စင် ချပ်ဝတ်။

Vol. 128 Ch. 1788

ငရဲ လမင်း သူတော်စင် ချပ်ဝတ်။

Vol. 128 Ch. 1788

“ ဝှစ် ... ။ ”

နတ်ဖီးနစ် တောင်၏ တပည့် များမှာ၊ အောင်းဖန်အား ဒေါသဖြင့် တစ်ချက် ကြည့်ကာ၊ ကျန်းယွီကို အလျင်အမြန် ဖမ်းယူ လိုက် ရ၏။

ကျန်းယွီ အပေါ် တစ်ချက် တည်းဖြင့် အနိုင် ယူနိုင် ခြင်းသည်၊ ထိပ်ဆုံး သုံးဦး၏ ခွန်အားနှင့် ညီမျှကြောင်း၊ မြင်သာ စေသည်။

“ နောက်ထပ် ရှိသေးလား။ ”

အောင်းဖန်မှ သခင် လေးပါးကို မျက်လုံးထဲ ထည့်ပုံ မပြချေ။ ယင်းက လူများစွာ၏ မျှော်လင့် ချက်အား မြင့်မြတ်မြေ များပေါ် ကျရောက် သွား စေ၏။

ကျိလင်ဖုန်း၊ ရှယွင်ကွီနှင့် ဆောင်ဦး တောင်တန်း သခင် သည်သာ၊ တစ်ဖက် လူ၏ ပြိုင်ဘက် ဖြစ်နိုင် ချေမည်။

သို့သော် အဆိုပါ သုံးယောက်သည်၊ အောင်းဖန်၏ ခွန်အားကို မမြင်နိုင် သေးသဖြင့်၊ လှုပ်ရှားရန် ဆန္ဒ မရှိ ကြချေ။

ဤမြင်ကွင်းကြောင့် လင်းယွန်မှ ခေါင်းယမ်းလျက် သက်ပြင်းချ လိုက်မိသည်။ သတိ ထားသည်မှာ ကောင်း၏။ သို့သော် အရမ်း ဂရုစိုက် လွန်းသော်၊ အစွယ်များ ပျောက်ကွယ် သွားနိုင်သည်။

တစ်ဖက်တွင် ကျန့်ကျင်းရှန်ကြောင့် ဤလူများ၌ အစွယ်များ ဆုံးရှုံး သွားခဲ့ သည်မှာ၊ ဆယ်စုနှစ် နှစ်ခု တိုင်နေပြီ ဖြစ်သည်။

“ ဟား ဟား ဟား ... ။ ”

ပတ်ဝန်းကျင်မှ တုံ့ပြန်မှု ပြန်မရ သဖြင့်၊ အောင်းဖန်က ရယ်မောပြီး၊

“ ငါရဲ့ သွေးလ ဂိုဏ်းကို တကယ် တိုက်ဝံ့တဲ့ သူ မရှိတော့ ဖူးလား။ ”

-ဟု အော်ဟစ် လိုက်သည်။

“ ဟား ... ဟား ... ဟား ... ၊ ငါတို့ မလာ သင့်ဘူး၊ အရှေ့ဘက် ပျက်စီးမြေရဲ့ နဂါး သွေး လွှတ်ကြော အဆင့် သတ်မှတ်ချက်က၊ တကယ့်ကို ဟာသ တစ်ခု ပါပဲ။ ”

ရန်ချန်းမင် ကပါ ဝင်ပြောသည်။

အထက်ပါ စကား များကြောင့်၊ အနန္တ လျှပ်စီး ဂိုဏ်းမှ၊ ရီဖန်းက တင်းမာသော အသွင် ဖြင့်၊ ထရပ် လာသည်။

“ အရှေ့ဘက် ပျက်စီး မြေမှာ ... မင်းတို့ လုပ်ချင်တာ လုပ်လို့ ရမယ် ထင်နေလား ... ၊ ငါ ရီဖန်း မင်းကို စိန်ခေါ်တယ်။ ”

ရီဖန်း စကားဆုံး သည်နှင့်၊ လင်းယွန် ဘေးတွင် ထိုင်နေသော ရန်တိ ကလည်း၊ စင်မြင့် ပေါ်၊ ပျံသန်း သွား၏။

“ ဓားသမား ရန်တိ၊ မင်းကို ရင်ဆိုင်မယ်။ ”

ရန်တိက အောင်းဖန်ကို ကြည့်ကာ၊ ခပ်ပြတ်ပြတ် မိတ်ဆက် လိုက်၏။ သူသည် လင်းယွန် လက်၌ တစ်ကြိမ် သေခဲ့ပြီး ဖြစ် လေသည်။

သို့သော် လင်းယွန်၏ မျှဝေမှု အရ၊ မရဏ ဓားမှာ ပို၍ အားကောင်း လာခဲ့၏။ ထို့ကြောင့် ဗိုလ်ချုပ် နှစ်ပါးအား သည်းမခံ နိုင်တော့ချေ။

စင်ပေါ် ဆင်းသက် လာသော၊ ရန်တိနှင့် ရီဖန်းအား ဗိုလ်ချုပ် နှစ်ပါးမှ လှောင်ပြုံးဖြင့် ပြန် ကြည့်သည်။

“ မင်းက ငါ့ကို စိန်ခေါ်ချင် တာလား။ ငါလည်း ရပ်ကြည့် နေရတာ ကြာပြီ၊ အညောင်း အညာ ပြေအောင်၊ ခြေဆန့် လက်ဆန့် လုပ်ချင် နေတာနဲ့ အတော်ပဲ။ ”

ရန်ချန်းမင်မှ ရီဖန်းကို ကြည့်ကာ ပြုံးပြီး စင်မြင့်ပေါ် ဆင်းသက် လာ၏။ မရဏ လျှပ်စီး သူတော်စင် ကျမ်းအား ဖြန့်ကျက် လိုက်သဖြင့်၊ ရီဖန်း ဝန်းကျင်၌၊ လျှပ်စီး စွမ်းအင်များ စုရုံး လာတော့သည်။

ယင်းက သူ့အား ပျောက်ကွယ် စေသည် အထိ၊ များပြားလှ၏။ အဝေးမှ လှမ်းကြည့်သော် လျှပ်စီး စက်လုံး အသွင်သာ မြင်ရသည်။

“ မရဏ ရောင်ခြည်တော် လက်သီး ... ။ ”

ရီဖန်းမှ သတ်ဖြတ် လိုသော ရည်ရွယ် ချက်အား ထုတ်ဖော်လျက် လှုပ်ရှား လိုက်၏။ နဂါး မူလ ပေါက်ကွဲ လာသော အခါ၊ လျှပ်စီး လက်သီး ပျံထွက် သွားသည်။

“ ကောင်း လိုက် တာ ... ။ ”

ရန်ချန်းမင်က ရယ်မောလျက်၊ ရီဖန်း လက်သီးအား လက်ဖဝါးဖြင့် ပြန်လည် ရင်ဆိုင် လိုက်သည်။

“ ဝုန်း ... ။ ”

ပေါက်ကွဲသံ ထွက်ပေါ် လာပြီး၊ အားပြင်းသော လှိုင်းလုံးကြီး တစ်ခု ပျံ့ကား သွား တော့၏။

စွမ်းအင် တုန်ခါမှု လှိုင်းသည်၊ ကြမ်းပြင်ရှိ သူတော်စင် သွေးအား၊ ခုန်ပေါက် လောင်ကျွမ်း သွားစေသည်။

“ ဖျပ် ဖျပ် ... ။ ”

နှစ်ယောက်သား နောက်ပြန် ဆုတ်သွား ကြသည်။

“ အနန္တ လျှပ်စီး ဂိုဏ်းလား၊ အထင်ကြီး စရာ ကောင်းလိုက်တာ၊ မင်းရဲ့ အချိန် တွေကို အဲဒီမှာ ဖြုန်းနေဖို့ မလို ပါဘူး၊ ငါ့ရဲ့ သွေးလ ဂိုဏ်းကို ဝင်မလား။ ”

“ စိတ်မဝင် စားဘူး။ ”

“ ဟား ဟား ဟား ... ၊ ကောင်းပြီ ... ဒါဆို ငါမင်းကို သင်ခန်းစာ တစ်ခု သင်ပေး ပါရစေ။ ”

ရန်ချန်းမင် ခန္ဓာ ကိုယ်မှ သွေးညှီနံ့များ ထွက်ပေါ် လာသည်။ မျက်စိ တစ်မှိတ် အတွင်း သွေးမြူများ စင်မြင့် အနှံ့ ဖုံးလွှမ်း သွား၏။

သွေးမြူ အတွင်း ပါရှိသော ဝါးမျိုခြင်း စွမ်းအားသည်၊ ရီဖန်း၏ ဝါးမျိုးခြင်း သူတော်စင် ရူရ် ထက်ပင်၊ လွှမ်းမိုး နိုင်စွမ်း ရှိလေသည်။

ထိုသို့ လွှမ်းမိုး ကြီးစိုးသော တန်ခိုးကို ထိန်းသိမ်းထား ခြင်းဖြင့်၊ တုံ့ပြန်မှုဒဏ် ခံရမည် အား၊ ရန်ချန်းမင်မှ ကြောက်ပုံ မရချေ။

အဆုံးတွင် အရာ အားလုံး စုပ်ယူ ခြင်းကြောင့်၊ ကိုယ်ပိုင် ဆန္ဒအား မေ့လျော့ကာ၊ မိစ္ဆာ လမ်းစဉ် အတွင်း သက်ဆင်း သွားနိုင် မည်။

ဤနည်းလမ်းသည် လူ တစ်ဦး၏ ကျင့်ကြံမှုအား လျင်မြန်စွာ မြင့်တက် လာစေနိုင် သော်လည်း၊ ရေရှည်တွင် စွမ်းအင်များ ရောနှော ခြင်းဖြင့်၊ ရှုပ်ထွေး လာနိုင်၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လှုပ်ရှားမှု သုံးကြိမ် ဖလှယ် ပြီးနောက်၊ ရီဖန်းမှ ခြေလှမ်းများစွာ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။

တစ်ချိန်တည်း မှာပင် ရန်တိ သည်လည်း၊ အောင်းဖန်နှင့် ပြင်းထန်စွာ တိုက်ခိုက် နေခဲ့၏။ ၎င်းတွင် မရဏနှင့် အရိယာ ဓား ရှိသည်။

ထိုရည်ရွယ်ချက် နှစ်ခုကို ပေါင်းစပ် လိုက်သည်နှင့်၊ ကောင်းကင် အမိုးဓား၏ တံခါးဝ ရောက်ရှိ သွား၏။

“ ဟိတ် ... ။ ”

လေထဲ တစ်ပါတ် လှည့်ပြီး၊ ဓားနှင့် ခုတ်ချ လိုက်သည်။ ယင်းက နဂါး တစ်ကောင် အလား၊ အောင်းဖန်ထံ၊ ဓားအလင်း ပြေးထွက် လာ၏။

မရဏ ဓား ရည်ရွယ်ချက်၏ တိုက်စား နိုင်စွမ်းသည် အောင်းဖန်၏ သွေး ရောင်ဝါအား၊ လျင်မြန်စွာ တိုက်စား ပစ်သည်။

ထိုမြင်ကွင်းက လူအုပ်ကို မျှော်လင့်ချက် များဖြင့် တောက်ပ လာစေ၏။

“ မရဏ အက — တောက်ပသော လမင်း။ ”

အနက်ရောင် လမင်း ပေါ်လာပြီး၊ ကောင်းကင်မှာ မှောင်မိုက် သွားသည်။ အမှောင် ထဲမှ၊ ဓားရောင်ခြည် ကိုးစင်းက နဂါးများ အလား၊ ထင်ရှား လာ၏။

“ ဒီဓားက အရင် ကထက် ပိုသန်မာ လာပုံ ရတယ်။ ”

“ ဟုတ်တယ် ... လင်းရှောင်နဲ့ တိုက်ပွဲက သူ့ကို အကျိုး ရှိစေခဲ့ ပုံပဲ ... ၊ ဒီဓားနဲ့ ထိပ်ဆုံး ဆယ်ယောက် ထဲကို ဝင်နိုင်မယ်။ ”

တိုက်ပွဲကို စောင့်ကြည့် နေသူတိုင်း စိတ် လှုပ်ရှားလျက်၊ မဝံ့မရဲ ဖြစ်လာ၏။ အောင်းဖန် ပေးသော ခံစားချက်သည်၊ လေးကန် သောကြောင့် မယုံ ရဲချေ။

အောင်းဖန်က အပြုံးဖြင့်၊ ရန်တိထံ မော့ကြည့်ကာ၊ လက်နှစ်ဖက်အား ဘေးသို့ ရုတ်တရက် ဆန့်ပစ် လိုက်သည်။

“ ဖောက် ... ။ ”

အနက်ရောင် ဝတ်ရုံမှာ အပိုင်းပိုင်း ပေါက်ကွဲလျက်၊ ကြက်သွေးရောင် ချပ်ဝတ် တစ်ထည်၊ ပေါ်ထွက် လာ၏။

“ အိုး ... နတ်မီးတောက် ... ဒီမှာ လောင်ကျွမ်းပါ၊ ငါ့ခန္ဓာကို စားသုံးဖို့ ... ၊ သွေး ဘိုးဘေးကို ဖိတ်ခေါ် ပါတယ်။ ”

၎င်းပေါ် လာသည်နှင့်၊ ခြေတစ်လှမ်း ဆုတ်ပြီး၊ မရဏ ဓားရောင်ခြည် ကိုးစင်းအား ရင်ဆိုင် တော့သည်။ သူတော်စင် ရူရ် များဖြင့် ဖွဲ့စည်း ထားသော၊ မီး လက်ဖဝါး တစ်ခု၊ ထွက်ပေါ် လာ၏။

မီး လက်ဖဝါး ပျံသန်း သွားရာ လမ်း တစ်လျှောက်၊ လေဟာနယ် အက်ကွဲကာ၊ ဓား ရောင်ခြည်များ ပျက်စီး သွားသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း မျက်လုံးပြူး ကုန်၏။ လင်းယွန်ပင် ထိုဓားကို ဖြေရှင်း ရာ၌ ဝှက်ဖဲ အချို့ ထုတ်ခဲ့ ရသည်။

ဤအောင်းဖန်မှ လက်ဖဝါး တစ်ချက် ရိုက်ထုတ် ရုံဖြင့် ပြေလည် သွားခဲ့၏။ ယင်းက ဆောင်းဦး တောင်တန်း သခင်၏ အာမေဋိတ် သံကို၊ ထွက်ပေါ် လာစေသည်။

“ မဖြစ်နိုင်ဘူး၊ နယ်ပယ် တူခြင်း တစ္ဆေ ဝိညာဉ် ပညာရပ်ကို ... ၊ ခွန်အား သက်သက်နဲ့ ချိုးဖြတ် ဖို့ဆိုတာ၊ ပိုပြီး မဖြစ် နိုင်ဘူး။ ”

မရဏ အကတွင်၊ ထက်ရှသော အရိယာ ကောင်းကင်ဓား ပါ၏။ သိုင်း ပညာရပ် မပါ ရှိဘဲ၊ ထိပ်တိုက် ရင်ဆိုင်ရန်မှာ၊ အဓိပ္ပါယ် မရှိချေ။

သူ မဆိုနှင့်၊ ကျိလင်ဖုန်း၊ ရှယွင်ကွီ တို့ သည်လည်း၊ မပြီးမြောက် နိုင်ချေ။ ဤစွမ်းအား မျိုးသည် နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ကျော်လွန် နေ၏။

နတ်တာအို ခန်းမမှ လင်းချင်းရန်က၊

“ သူ ပြင်ပ ပစ္စည်း တစ်ခုရဲ့ ... ခွန်အားကို အသုံးပြု လိုက်တာပါ၊ အဲဒီ ချပ်ဝတ်က ... ဘုန်း သူတော်စင် လက်ရာ တစ်ပါး ဖြစ်တဲ့၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်ပဲ။ ”

-ဟု ရှင်းပြ လာတော့သည်။

***

All Chapters