← Chapters

ငါတို့ နာမည်ကို ရေးမှတ်ဖို့ မမေ့နဲ့။

Vol. 128 Ch. 1789

ငါတို့ နာမည်ကို ရေးမှတ်ဖို့ မမေ့နဲ့။

Vol. 128 Ch. 1789

“ ဘုန်း သူတော်စင် လက်ရာလား။ ”

ရီဖန်းနှင့် အခြားသူ များက၊ အောင်းဖန်၏ ချပ်ဝတ်ထံ ချက်ချင်း လှည့်ကြည့် လိုက်မိသည်။ ချပ်ဝတ်၌ သွေးမီးတောက် သူတော်စင် ရူရ်များ ရေးထိုး ထား၏။

သူတော်စင် ရူရ်များကို အကွက် သဖွယ်၊ ချိတ်ဆက် ထားပြီး၊ ဆုံမှတ် များ၌ သွေး လမင်း တစ်စင်း ရှိနေသည်။

သွေးလ တိုင်းတွင် ကြယ်များ ကဲ့သို့ တောက်ပ နေသော ပုံသဏ္ဍာန်ကွဲ တံဆိပ်များ ပါရှိသည်။

ဘုန်း သူတော်စင် လက်ရာ များသည်၊ အလွန် ရှားပါးပြီး၊ သူတော်စင် တိုင်းပင် ပိုင်ဆိုင် နိုင်သော အရာ မဟုတ်ချေ။

ငရဲ လမင်း သူတော်စင် ချပ်ဝတ်သည်၊ သွေးဂိုဏ်း၏ ရတနာ ဖြစ်သည်။ အမှောင်ခေတ် ၌ သွေးလ ဂိုဏ်းမှ ကာကွယ်သူ များကသာ၊ ဝတ်ဆင်ခွင့် ရှိ၏။

ကာကွယ် သူများ သေဆုံးသော အခါ၊ ၎င်းတို့၏ သူတော်စင် မူလသည် ချပ်ဝတ်နှင့် ပေါင်းစည်းပြီး၊ ဆုံမှတ် နေရာ၌ လမင်း တံဆိပ် အဖြစ်၊ ထွက်ပေါ် လာသည်။

ထို့ကြောင့် ယခု အချိန် အထိ ချပ်ဝတ် စွမ်းအားမှာ၊ ကျန်ရှိ နေဆဲ ဖြစ်သည်။ ချပ်ဝတ် တစ်ထည် စီတွင်၊ အနည်းဆုံး သူတော်စင် (၁၀၀) နီးပါး၏ စွမ်းအင်များ ပါရှိ၏။

စွမ်းအား အပြည့် ထုတ်နိုင်သော်၊ ကြယ်နယ်မြေ တစ်ခုကို၊ အလွယ် တကူ ခွဲပစ် နိုင်လေသည်။

သို့သော် ယင်းကို သူတော်စင် တစ်ပါးပင် ပြီးမြောက်မည် မဟုတ်ချေ။ လက်ရှိ အောင်းဖန် မှာ၊ စွမ်းအား၏ တစ်ထောင်ပုံ တစ်ပုံသာ ထုတ်နိုင်သည်။

“ သွေးလ ဂိုဏ်းက ... ၊ နဂါး သွေးလွှတ် ကြောရဲ့ ပထမ နေရာကို ရယူဖို့၊ ငရဲ သူတော်စင် ချပ်ဝတ်ကို တကယ် သုံးစွဲ လာတာပဲ၊ လုယူ ခံရမှာ မကြောက် ဖူးလား။ ”

တစ်စုံ တစ်ယောက်၏ အမေးကို၊ လင်းချင်းရန်မှ ခေါင်းယမ်းပြီး၊

“ ငရဲ လမင်း သူတော်စင် ချပ်ဝတ်က ... ၊ အဆိပ် ရှိတဲ့ အင်းဆက် တွေကို ... ၊ ကျွေးမွေး ရတယ်၊ တစ်ထည် မရှိ တော့ရင် ကျန်တဲ့ အထည်တွေ အတွက်၊ ပိုအား စေတယ်၊ ...

... ဒါကြောင့် သူတို့က ပြန်မရ မှာကို မပူကြဘူး၊ ကျန်ရှိ နေတဲ့ အထည်တွေ အတွက်၊ အရင်း အမြစ် ပိုရ စေမယ် မဟုတ်လား။ ”

လူတိုင်း စကား မပြော နိုင်တော့ချေ။ ဂိုဏ်းတိုင်းသည် ဘုန်း သူတော်စင် လက်ရာ များအား၊ ပေါပေါ သီသီ ပေးသုံးရန်၊ ကြွယ်ဝ ခြင်း မရှိ သည်မှာ သဘာဝ ပေပင်။

ဆိုလို သည်မှာ အောင်းဖန်နှင့် ရန်ချန်းမင်အား အုပ်စီး နိုင်ရန် မျှော်လင့်ချက် မဲ့သွားပြီ ဖြစ်သည်။

“ ဒီနှစ်ယောက်က အဆင်သင့် လုပ်လာတာပဲ၊ ငါတို့ သူတို့ကို ပါဝင်ခွင့် မပေးခဲ့ သင့်ဘူး။ ”

ကျိလင်ဖုန်းမှ လေးနက်သော အသံဖြင့် ပြောသည်။ သူ့တွင်လည်း ဘုန်း သူတော်စင် လက်ရာ ရှိနေ ပါက၊ ဤနေရာရှိ လူတိုင်းကို ဖြတ်ကျော် နိုင်မည်ဟု ယုံကြည်၏။

ဘုန်း သူတော်စင် လက်ရာသည် အလွန် ရှားပါးပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ်ဖြင့်၊ စွမ်းအား အပြည့် ထုတ်လွှတ် နိုင်မည် မဟုတ် ချေ။

ထို့ပြင် သတင်း ပေါက်ကြား ပါက၊ သူတော်စင် များပင်၊ လိုက်လာ နိုင်လေသည်။ အောင်းဖန်က ဝင်လာသော ဓားရောင်ခြည် အားလုံးကို ဖျက်ဆီးပစ် လိုက်သည်။

ရန်တိ၏ လမင်းမှာ၊ စုတ်ပြတ်သတ် သွား လေသည်။ လင်းယွန်နှင့် တိုက်ပွဲ အတွင်း မရဏ အကအား၊ အောင်မြင်မှု ရယူ နိုင်ခဲ့ သော်လည်း၊ အောင်းဖန် အပေါ်၊ ထိရောက်မှု မရှိချေ။

“ ဝေါ့ ... ။ ”

ဓား ရောင်ခြည် (၃၆)စင်း ဖျက်ဆီး ခံလိုက်ရကာ၊ သွေးအန်လျက် စင်ပေါ်မှ လွင့်စဉ် ကျလာ ခဲ့သည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ ဖမ်းဆီးကာ၊ ခန္ဓာကိုယ် အတွင်းရှိ ဒဏ်ရာ များကို နဂါးပြာ အရိုးဖြင့်၊ ဖြေရှင်း ပေးလိုက်သည်။

ထိုသို့ မဟုတ်သော် ရန်တိ တစ်ယောက်၊ ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ သွားနိုင်မည်။ အနည်းဆုံး တစ်လခန့် အိပ်ယာထဲ လဲသွား နိုင်၏။

“ ဟား ဟား ဟား ... ၊ ဘယ်လိုတောင် သနားစရာ ကောင်းလိုက်လဲ။ ”

အောင်းဖန်မှ လက်နှစ်ဖက်အား ဟန် ပါပါဖြင့် နောက်ပို့ကာ၊ ရယ်မော လိုက်လေ သည်။

“ ငါ ယွီဝမ်ရှု ... မင်းကို ရင်ဆိုင် ပါရစေ။ ”

မင်ဂိုဏ်းမှ ယွီဝမ်ရှုက အောင်းဖန်အား၊ အလစ် ဝင်တိုက် တော့သည်။ သူ့ လုပ်ရပ်သည် ရှက်စရာ ကောင်းသော်လည်း၊ ၎င်းသာ အနိုင် ရပါက၊ အဆင်ပြေ ပေမည်။

အပြန်ပြန် အလှန်လှန် တိုက်ခိုက်မှု ဆယ်ကြိမ်ပြည့် ပြီးနောက်၊ ယွီဝမ်ရှု နောက်ရှိ၊ နေနှင့်လ ပုံကြမ်းမှာ ပျက်စီး သွား၏။

“ ဝေါ့ ... ။ ”

ယင်းကြောင့် ယွီဝမ်ရှု တစ်ယောက် သွေးအန်လျက်၊ လွင့်စဉ် ပြုတ်ကျ သွားသည်။ ၎င်းမှာ မင်ဂိုဏ်း၏ ထူးချွန်သူ ဖြစ်၏။

ရှုံးနိမ့် ပြီးနောက် နှုတ်ခမ်းမှ သွေးများ ယိုစီးကျ လာကာ၊ မျက်နှာ ဖြူဖျော့လျက် သူ့ ဇရပ်ထံ ချက်ချင်း ပြန်ပြေး လာသည်။

ဆက်လက် တိုက်ပွဲဝင် ပါက၊ ဒဏ်ရာ ကြီးကြီး မားမား ရနိုင် မည်ကို သူ သိလေသည်။

“ ဟား ဟား ဟား ... ၊ မင် ဂိုဏ်းရဲ့ ပါရမီရှင်က အလစ် ခိုးဝင် တိုက်ပြီး၊ ပြန်ပြေး တော့လည်း မြန်သားပဲ။ ”

အောင်းဖန်မှ လှောင်ပြောင် လိုက်၏။ တစ်ဖက်တွင် ရန်ချန်းမင် ကလည်း၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်အား အသက် သွင်းကာ၊ ရီဖန်းထံ သုံးချက် ထိုးချ ပစ်သည်။

“ ဘုန်း ... ။ ”

“ အွတ် ... ။ ”

လက်သီးချက်မှာ ပြင်းလွန်း သဖြင့်၊ ရီဖန်း တစ်ယောက် သတိလစ် သွား၏။ အနန္တ လျှပ်စီး ဂိုဏ်း၏ တပည့် များက၊ အလျင် အမြန် ပြေးတက် လာတော့သည်။

ရန်တိအား လင်းယွန်မှ ကူညီ ပေးလိုက် ရကာ၊ ရီဖန်း တစ်ယောက် သတိလစ် သွားခဲ့ သည်။ ယွီဝမ်ရှုပင် အလစ် ဝင်တိုက်ပြီး၊ အပြေး မြန်၍သာ၊ သက်သာ သွားခြင်း ဖြစ်၏။

ရန်ချန်းမင်မှ ငဲ့ညှာ ခဲ့ခြင်း ကြောင့်သာ၊ ရီဖန်း အသက်ရှင် နေခြင်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ဤတစ်ကြိမ်တွင် ကြီးစွာသော အရှက် ရဖွယ် ရလာဒ်ဖြင့် အဆုံးသတ် ရပေ တော့မည်။

“ ရေနွေးကြမ်း သောက်ပွဲက ဟာသ ဖြစ်သွားပြီ။ ”

လူတိုင်းက မကျေ မနပ်ဖြင့် သက်ပြင်းချ လိုက်ကြသည်။ မကြာ သေးမီ ကပင်၊ မည်သူ ပထမ ဖြစ်မည်ကို၊ ရင်ခုန် နေခဲ့သည်။

သို့သော် သွေးလ ဂိုဏ်းမှ ဗိုလ်ချုပ် နှစ်ပါး ရောက်ရှိလာ ခြင်းဖြင့်၊ သူတို့၏ စိတ်ကူး များကို နင်းချေ ခံလိုက် ရသည်။

ယနေ့ ပြီးနောက်၊ အရှေ့ဘက် ပျက်စီး နယ်မြေ၏ နဂါး သွေးလွှတ်ကြော အဆင့်သည် လူရယ်စရာ ဖြစ်သွား နိုင်၏။

ဆောင်းဦး တောင်တန်း သခင်က လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်လျက်၊ နောင်တ ရ နေခဲ့သည်။

ဤလူများ လာနိုင် သည်ကို၊ တွက်ဆ ထားပြီး ဖြစ်သော်လည်း၊ ဘုန်း သူတော်စင် လက်ရာများ ပါလာ လိမ့်မည်ဟု၊ မထင် ခဲ့ချေ။

လူတိုင်းက ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် သူ့ထံသို့သာ ကြည့်လာ ကြသည်။ သို့သော် ငရဲ လမင်း သူတော်စင် ချပ်ဝတ် အကြောင်း၊ ကောင်းကောင်း သိထားသော သူတို့ (၃) ယောက် မှာမူ၊ ကူကယ်ရာမဲ့ နေခဲ့သည်။

အောင်းဖန်မှ ပြုံးပြပြီး၊

“ အရှေ့ဘက် ပျက်စီးမြေရဲ့ ... အဆင့် သတ်မှတ်ချက်က၊ အထင် ကြီးစရာ ဘာမှ မရှိ ပါဘူး၊ အခု ငါတို့ သွေးတောင် မပူ သေးဘူး၊ ဘယ်သူ လာဦး မလဲ။ ”

-ထပ်မံ စိန်ခေါ် လိုက်တော့သည်။

ရန်ချန်းမင် ကလည်း၊ ဆောင်းဦး တောင်တန်း သခင်ထံ ကြည့်ကာ၊

“ ဒီလို ဆိုတော့ ငါတို့ နှုတ်ဆက် ရတော့ မှာပေါ့၊ ဒါပေမယ့် ... ငါတို့ နာမည် တွေကို နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ်ချက်မှာ၊ ရေးမှတ်ဖို့ မမေ့ ကြနဲ့၊ ဟား ဟား ဟား။ ”

ဤသည်မှာ သခင် လေးပါးအား ပါးရိုက် သည်ထက် ဆိုးစေ၏။ နတ်နဂါး အင်ပါယာ၏ ဂုဏ်သိက္ခာကို တိုက်ရိုက် ထိုးနှက် သွားခြင်း မည်သည်။

သည်နေ့ ပြီးနောက်၊ သခင် လေးပါးအား၊ အင်ပါယာမှ အပြစ် ပေးမည်မှာ သေချာသည်။ အဆုံးတွင် နဂါး မိသားစု ပညာရပ် များအား၊ အလကား ရနိုင်သည် မဟုတ်ချေ။

ကြုံတွေ့ ရမည့် အကျိုးဆက် များကို တွေးတောလျက်၊ မျက်နှာများ မည်းမှောင် သွား တော့သည်။

ရုတ်တရက် လေဓား သခင်က ကောက်ကျစ်စွာ ပြုံးပြီး။

“ အရှေ့ဘက် ပျက်စီးမြေမှာ ... ၊ မင်းကို ရင်ဆိုင် နိုင်တဲ့ လူ မရှိ ဖူးလို့၊ ဘယ်သူ ပြောလဲ၊ လင်းရှောင်က နဂါး သွေးလွှတ် ကြောမှာ၊ အသန် မာဆုံး ဓားသမားပဲ၊ ...

... ကောင်းကင် အမိုးဓား ကိုတောင် နားလည် ထားတယ်၊ သူ့ ခွန်အားက နက်နဲပြီး နားမလည် နိုင်လောက် အောင် သန်စွမ်းတယ်၊ ဂီတမှာ ဆိုလည်း ကျွမ်းကျင်တယ်၊ သူက မင်း တို့ကို မတိုက်ချင် လို့သာ။ ”

“ အိုး ... ကောင်းကင် အမိုးဓားလား။ ”

အောင်းဖန်နှင့် ရန်ချန်းမင်က ချက်ချင်း စိတ်ဝင်စား သွားပြီး၊ ထွက်ခွာရန် ပြင်နေသော သူတို့ ခြေလှမ်းအား ရပ်လိုက်သည်။

“ ဒီအမှိုက် စကားကို မယုံနဲ့ ... ၊ လင်းရှောင်မှာ အမည်ခံ ကောင်းကင် အမိုးဓားပဲ ရှိတာ ... ။ ”

ကျိလင်ဖုန်းမှ မျက်ခုံးပင့်ကာ တုန့်ပြန် လိုက်သည်။ လေဓား သခင်သည် လင်းယွန်အား ခြောက်ချ နေခြင်း ဖြစ်မှန်း သူ နားလည်၏။

သို့သော် အောင်းဖန်က သူ့ စကားကို ဂရုမစိုက်ဘဲ၊

“ လင်းရှောင်က ဘယ်သူလဲ၊ နိဗ္ဗာန် ပွဲတော်မှာ ပထမ ရတယ်လို့ ငါ ကြားတယ်၊ အခု ကောင်းကင် အမိုးဓား ကိုတောင် နားလည်ပြီး၊ ဘာလို့ ထွက်မလာ ရတာလဲ။ ”

-ဟု လူအုပ်ထံ ဝေ့ကြည့်ကာ၊ မေးမြန်း လိုက်တော့သည်။

သူ့စကားကြောင့် လူတိုင်းက လင်းရှောင် ရှိရာ အရပ်ထံ လှည့်ကြည့် လာ၏။ ထို့ကြောင့် လင်းယွန်အား လင်းရှောင် အဖြစ်၊ အောင်းဖန်မှ သိသွား လေသည်။

“ မင်း လား ... ”

အောင်းဖန်မှ ရက်စက်စွာ ပြုံးလိုက်ပြီး၊

“ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံမှာ ... ၊ ကောင်းကင် အမိုးဓား ရှိတယ်လား၊ ကောင်းပြီ မင်းက နဂါး သွေးလွှတ်ကြောရဲ့ အသန်မာဆုံး ဓားသမား ဖြစ်ရုံနဲ့၊ ငါ့ကို ဒူးထောက်ပြီး တောင်းပန်ပါ။ ”

စကား ဆုံးသည်နှင့်၊ နဂါး မူလကို၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်ထံ သွန်းလောင်း ကာ၊ အလင်းများ တဖျပ်ဖျပ် ခတ်လျက်၊ လင်းယွန်ထံ ပြေးဝင် လာတော့သည်။

“ ဝှစ် ... ။ ”

ဤမြင်ကွင်းက လူတိုင်းအား အသက် အောင့်လိုက် မိစေ၏။ လင်းရှောင် တစ်ယောက် ပြီးဆုံး သွားပြီဟု၊ သူတို့ ခံစား လိုက်ရသည်။

အောင်ဖန်နှင့် ရန်ချန်းမင်သည်၊ ‘ပထမ’ မှန်သမျှကို အနိုင် ယူရန် စိတ်ပိုင်းဖြတ် ထားပြီး၊ အရှေ့ဘက် ပျက်စီးမြေအား ဟာသ အဖြစ် ပြောင်းလဲရန် ရောက်လာခြင်း ဖြစ်သည်။

ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် ဆောင်းဦး တောင်တန်း သခင် တို့သာ၊ ရပ်ကြည့် နေဦးမည် ဆိုက၊ လင်းယွန် တစ်ယောက် ဆိုးဆိုး ရွားရွား ရှုံးနိမ့် သွားပေမည်။

ကံ မကောင်းသော်၊ အသက်ပင် ပါသွား နိုင်၏။ သို့သော် ထိုသုံးယောက်မှ ဝင်ရောက် ကူညီရန် သတ္တိ မရှိချေ။

ဤသို့ သတ္တိ ရှိနေ ပါက၊ ရှေးမစွ တည်း ကပင်၊ အောင်းဖန်နှင့် ရန်ချန်းမင်၏ စိန်ခေါ်မှု အပေါ်၊ တိုက်ခိုက်ပြီး ဖြစ်ပေမည်။

“ ဝုန်း ... ။ ”

ပြင်းထန်သော ပေါက်ကွဲ မှုကြောင့်၊ ကောင်းကင်နှင့် မြေကြီး တုန်ခါလျက်၊ အမြင် အာရုံများ ဝေဝါးကာ၊ လေဟာနယ် ပုံပျက် သွားတော့သည်။

***

All Chapters