လင်းယွန်နှင့် အောင်းဖန်။
Vol. 128 Ch. 1790
လူတိုင်း၏ အကြည့် အောက်တွင် မီး လက်ဖဝါးနှင့် ဓားအလင်း တိုက်မိပြီး၊ တုန်လှုပ် ချောက်ချားဖွယ် လှိုင်းတစ်ခု ပျံ့ကား လာ၏။
ထိုလှိုင်း အတွင်း သွေး မီးတောက် ရူရ်များ ရောနှော ပါရှိ သွားပြီး၊ ဓားရောင်ခြည် သာလျှင် တည်မြဲ ကျန်ခဲ့သည်။
“ ဖျပ် ... ဖျပ် ဖျပ် ။ ”
အောင်းဖန်က နောက်ပြန်ဆုတ် သွားရ လေသည်။ စင်မြင့်ပေါ် ပြန်ရောက် သွားသည့် တိုင်၊ ခြေလှမ်း များစွာ ထပ်မံ ဆုတ်ခွာ လိုက်ရ၏။
သူ့အား ဤသို့ ချေမှုန်း နိုင်လိမ့် မည်ဟု၊ မမျှော်လင့် ထားသော ကြောင့်၊ အံ့အားသင့်သွား မိသည်။
ဓား ရောင်ခြည် လှိုင်းများ ငြိမ်သက် ပျောက်ကွယ် သွားသော အခါ၊ လင်းယွန် ရပ်နေ သည်ကို မြင်လိုက် ရ၏။
လက်တစ်ဖက်ကို နောက်ပို့လျက် တစ်ဖက်က ပန်းသင်္ချိုင်း ဓားအား ကိုင်ဆောင် ထားသည်။
တည်ငြိမ်သော အမူ အရာဖြင့်၊
“ သွေးလ ဂိုဏ်းနဲ့ ... ငါက ရန်စ မရှိဘူး၊ နဂါး သွေးလွှတ်ကြောမှာ၊ ပထမ ဓားသမား ဖြစ် တာနဲ့ပဲ၊ မင်းကို ဒူးထောက် ရမှာလား၊ ဒါက လွန်တယ် မထင် ဖူးလား။ ”
သူ့နောက်တွင် ဓားသမား သုံးဦးမှာ ထိတ်လန့်လျက်၊ နဖူး၌ ချွေးများဖြင့် ဖုံးလွှမ်း လာသည်။
“ အစ်ကိုကြီး လင်း ... အဆင်ပြေ ရဲ့လား။ ”
ယွဲ့ဝေဝေက စိုးရိမ်စွာ မေးသည်။ လင်းယွန်တွင် အခြား သူများ မသိ နိုင်သည့် အခက် အခဲ ရှိမှန်း၊ သူမ သိထား သဖြင့်၊ မေးလိုက်ခြင်း ဖြစ်၏။
အစ်ကိုကြီး လင်းသည် ဓားဂိုဏ်း အတွက် စိတ်ပူသော ကြောင့်သာ၊ ဤပွဲသို့ တက်ရောက် လာခြင်း ဖြစ်သည်။
ပေ တစ်သောင်း နီးပါး ရှိသော နဂါး သွေးလွှတ် ကြောသည်၊ လေဓား သခင်နှင့် တိုက်စဉ် ကပင်၊ ဆက်သက် မည့်ဟန် ပြသ ခဲ့သည်။
“ အဆင်ပြေ ပါတယ်။ ”
လင်းယွန်က ခေါင်းညိတ်ပြ လိုက်သည်။ ကျိလင်ဖုန်းနှင့် အခြား သူများမှ လင်းယွန်အား အံ့သြစွာ ကြည့်သည်။
စွမ်အား တစ်ထောင်ပုံ တစ်ပုံသာ ထုတ်နိုင် သည်ဟု ဆိုသော်လည်း၊ အောင်းဖန် ခွန်အားမှာ နဂါး သွေးလွှတ်ကြော နယ်ပယ် ကန့်သတ် ချက်သို့၊ ရောက်ရှိ နေပြီ ဖြစ်သည်။
“ ထွက်ပြေး တာက ပြဿနာရဲ့ အဖြေ မဟုတ်ဘူး။ ”
လင်းယွန်က တစ်ကိုယ်တည်း ညည်းတွားလျက်၊ စင်မြင့် ပေါ်သို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာသည်။ သူ့ စကား အဓိပ္ပါယ် ကို မည်သူမျှ နားမလည်ချေ။
အစောပိုင်း ပြသ ခဲ့သော ခွန်အားသည် လူတိုင်းအား မျှော်လင့်ချက် များဖြင့်၊ တောက်ပ လာစေ၏။
၎င်းတို့ ရောက်ရှိ လာသည့် အချိန်မှ စကာ၊ အောင်းဖန်အား မည်သူမျှ ဤကဲ့သို့ ပြန်လည် တွန်းထုတ် နိုင်ခြင်း မရှိ ခဲ့ချေ။
ယင်းကြောင့် နိဗ္ဗာန် ပွဲတော် ပထမသည် မည်မျှ သန်မာ သနည်း၊ ဟူသော အတွေးမျိုး ဝင်လာ ကြတော့သည်။
အထူး သဖြင့် ဓားသမားများ အားလုံးမှာ၊ စိတ်လှုပ်ရှား လာတော့သည်။
“ နောက်ဆုံး တော့လည်း ... ၊ အရှုပ် အထွေးကို ရှင်းဖို့ ... ၊ ဓားသမားတွေ အပေါ် အားကိုး လာရ တာပဲ မဟုတ်လား။ ”
“ ဓားသမားက မသန်မာ ဖူးလို့ ဘယ်သူ ပြောရဲလဲ၊ ဒီမှာ ဒုတိယ ကျန့်ကျင်းရှန် ရောက် နေပြီ၊ သူ့ဓားနဲ့ ရန်သူကို နှိမ်နှင်း ပြမယ်။ ”
ဓားသမား များက ကြည်ညို လေးစားမှု အပြည့်ဖြင့်၊ လင်းယွန်ထံ ကြည့်ပြီး၊ ကြွေးကြော် လိုက်ကြသည်။ ဤလူငယ်သည် သူတို့ လက်ထဲရှိ ဓားကို ကိုယ်စား ပြု၏။
ထို့ကြောင့် သွေးများ ပွက်ပွက်ဆူ လာတော့သည်။
“ နဂါး သွေးလွှတ်ကြောရဲ့ ... ပထမ ဓားသမား၊ အံ့ဩစရာ ပါပဲ၊ လေဓား သခင် ပြေတာ တကယ် မှန်တာပဲ။ ”
အောင်းဖန်မှ ပြုံးရယ်ကာ ဆိုသည်။ ကြည့်နေဆဲ မှာပင် သူ့ခန္ဓာကိုယ်၌ သွေးရောင် မီးလျှံများ တောက်လောင် လာပြီး၊ အကြည့်များ အေးစက် လာ၏။
“ မင်း ... တောင်းပန်ဖို့ အချိန် ရသေးတယ်။ ”
လင်းယွန်မှ လှမ်းပြောသည်။
“ ဟား ဟား ဟား ... ၊ စောစောက ငါ့ရဲ့ ခွန်အား (၅၀) ရာခိုင်နှုန်း ကိုတောင် မသုံးဘူး၊ မင်း အိပ်မက် မက်နေ တာလား၊ ငါတို့ ဒီကို ရောက်လာ ကတည်းက၊ အရှေ့ဘက် ပျက်စီး မြေရဲ့ ပထမ နေရာက ရယူ ဖို့ပဲ။ ”
အောင်းဖန် စကားကြောင့် လင်းယွန် အကြည့်က၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်ထံ ကျရောက် သွားသည်။
၎င်းသည် ဘုန်း သူတော်စင် လက်ရာ ဖြစ် သကဲ့သို့၊ ပန်းသင်္ချိုင်း ဓား တွင်လည်း၊ ဘုန်း သူတော်စင် သတ္တု ဝိညာဉ် ပါရှိသည်။
သို့သော် ၎င်းကို သုံးခြင်းသည် အလွန် ပင်ပန်း နွမ်းနယ် စေသည်။ ထို့ပြင် ဤအဆင့် ရတနာမျိုး သူ့တွင် ပိုင်ဆိုင်ကြောင်း ပြသခြင်း သည်လည်း ပညာမဲ့ရာ ရောက်၏။
အသက်နှင့် သေခြင်း ကဲ့သို့သော အခြေ အနေမျိုး မဟုတ်က၊ မသုံးစွဲ သင့်ချေ။ တစ်ဖက် တွင် သူ ဓား မကိုင်ခဲ့ သည်မှာ၊ (၆)လ တိုင်ပြီ ဖြစ်သည်။
ဘုန်း သူတော်စင် လက်ရာ ဖြစ်မှန်း၊ မေ့လုလု ဖြစ်နေ၏။ ယင်းသို့ မေ့နေခြင်း မှ လည်း၊ အကောင်းဆုံး ပေပင်။
ပြင်ပ အရာများ အပေါ်၊ အလွန် အမင်း မှီခိုခြင်းသည်၊ တိုးတက်မှုအား များစွာ အဟန့် အတား ဖြစ်စေမည်။
“ ငရဲ လမင်း သူတော်စင် ချပ်ဝတ်က အစွမ်းထက် ပေမယ့်၊ ဒါကို အားကိုး လွန်းရင် မင်းရဲ့ အနာဂတ် ပျောက်သွား လိမ့်မယ်၊ ဒီနေ့ မင်း ပထမ ဖြစ်လာ ရင်တောင် အသုံး ဝင်တော့မှာ မဟုတ်ဘူး။ ”
“ ဟား ဟား ဟား ... ငါ့ကို သင်ပေးဖို့ ကြိုးစား နေတာလား၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ် အပေါ် အားကိုး တော့ရော ဘာဖြစ်လဲ၊ မနာလို မဖြစ်နဲ့၊ မင်းမှာ ရှိရင် သုံးပါ။ ”
“ ဘာလဲ ... ၊ မင်းရဲ့ ... သူတော်စင် ချပ်ဝတ်ကို ... ၊ တကယ် မဖျက်ဆီး နိုင်ဖူးလို့ ထင်နေ တာလား။ ”
လင်းယွန်မှ အေးစက်စွာ မေးသည်။
“ မဟုတ် လို့လား၊ အနည်း ဆုံးတော့ အရှေ့ဘက် ပျက်စီး မြေမှာ ... ၊ ငါ့ ချပ်ဝတ်ကို ဖျက်ဆီး နိုင်တဲ့လူ မရှိ ပါဘူး။ ”
မျက်နှာချင်း ဆိုင်လိုက် ချိန်၌၊ သိုင်း ရည်ရွယ်ချက် အသီးသီးအား လွှတ်ပေးကာ၊ တစ်ယောက်ကို တစ်ယောက် ကြည့်သည်။
“ ဖျစ် ... ။ ”
ကောင်းကင်မှ မိုးစက်များ တဖွဲ့ဖွဲ့ ကျဆင်းလာ၏။ တိမ်တိုက်များ အတွင်း လျှပ်စီး မုန်တိုင်များ တဖျပ်ဖျပ် ခတ်လာ၏။
“ ဝှစ် ... ။ ”
သည့်နောက် နှစ်ယောက်သား တစ်ချိန်တည်း လှုပ်ရှား လိုက်တော့သည်။ အချင်းချင်း ထိပ်တိုက် တွေ့ဆုံသော အခါ၊ စင်မြင့်သည် ဖိအားကို မခံနိုင် တော့ဘဲ ပေါက်ကွဲ လာသည်။
“ အို ... နတ်မီးတောက် ... ၊ ငါ့ ခန္ဓာ ကိုယ်ကို လောင်ကျွမ်းပြီး ... ၊ သွေးဘိုးဘေး အတွက် ကြိုဆို ပေးပါ။ ”
အေားင်းဖန်က ချပ်ဝတ်ကို အသက် သွင်းလိုက်ရာ၊ သွေးရောင်များ တောက်ပ လာ တော့သည်။
သွေးမီးတောက် ရူရ်များ တောက်လောင် လာ၏။ ယင်းသည် ကျင့်ကြံမှုကို အားကောင်း စေသည်သာ မက၊ ပတ်ဝန်းကျင်မှ စွမ်းအင်များ ကိုပင်၊ ဝါးမျို နိုင်သည်။
ထို့ကြောင့် ဓား ရည်ရွယ်ချက်ပင် တဖြည်းဖြည်း ဝါးမျို ခံရပြီး၊ သွေးမီးတောက် ရူရ် များကို ပို၍ တောက်ပ လာစေ၏။
ရီဖန်း တစ်ယောက်၊ ထိုစဉ်က အဘယ် ကြောင့်၊ ဤမျှ ဆိုးရွားစွာ ဆုံးရှုံး ခဲ့ရ သည်ကို နားလည် လိုက်ပြီ ဖြစ်သည်။
မိုးပြာ နဂါး ရည်ရွယ်ချက်ကို ဓားနှင့် ပေါင်းစည်းကာ၊ မိုးပြာ နဂါး ဓားရေး၏ ပကတိ အဆင့်အား ထုတ်ဖော် လိုက်၏။
“ မိုးပြာ နဂါး လက်သည်း ... ။ ”
ဓားရောင်ခြည်ဖြင့် ထင်ရှား လာသော လက်သည်းသည်၊ ကောင်းကင်မှ ဆင်းသက် ကာ၊ ဒေါသ တကြီး ပေါက်ကွဲ သွားသည်။
လက်သည်းနှင့် သွေးမီးတောက် ရူရ်များ ထိပ်တိုက် တွေ့လျက်၊ နဂါး ဟောက်သံများ ပဲ့တင် ထပ် လာသည်။
“ နတ်မီး တောက် ဖျက်ဆီးခြင်း ... ။ ”
အောင်းဖန်၏ မျက်ဝန်းများ မှေးစင်း သွားသည်။ သူ့အပေါ်ရှိ သွေးမီးတောက် ရူရ် ကြောင့်၊ နတ်မီးတောက်များ ပို၍ ပြင်းထန်စွာ တောက်လောင် လာသည်။
ထိုမီးတောက်သည် အစွမ်း ထက်သည် သာမက၊ သူ့တို့ကိုယ် သူတို့ သန်မာ လာစေရန်၊ လ်ငးယွန်၏ ဓားရောင်ဝါကို ဝါးမြို နိုင်သည်။
သို့သော် ရီဖန်းအား ကိုင်တွယ် စဉ်က၊ အသုံးဝင် ခဲ့သော ထိုနည်းလမ်းသည် လင်းယွန် အပေါ်၊ အသုံး မဝင်ချေ။
“ ကောင်းပြီ ... မင်းက ငါ့ကို အလေး အနက် ထားစေချင် တာကိုး။ ”
အောင်းဖန်မှ ကောင်းကင်ပေါ် ပျံတက် သွား၏။ လင်းယွန် ကလည်း လိုက်ပါ ခုန်တက် သွားပြီး၊
“ ဒါဆို ... ငါ့ဆီ လာပါဦး။ ”
-ဟု ပြန်လည် စိန်ခေါ် လိုက်၏။
“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်ကို မထီ မဲ့မြင် မပြု ပါနဲ့။ ”
သူ စကား ပြောနေစဉ်၊ သွေး မီးတောက် ရူရ်များက အောင်းဖန် ခန္ဓာ၌ လောင်ကျွမ်း လာ လေသည်။
သူ့ ကိုယ်လုံး ကိုယ်ပေါက်သည်၊ အတားအဆီးကို ဖြတ်ကာ၊ သွေးမီးတောက် သူတော်စင် ခန္ဓာ ဖြစ်လာ၏။
နဂါး မူလ မှာလည်း၊ အံ့အား သင့်ဖွယ် အမြင့်သို့ ရောက်ရှိ သွားပြီး၊
“ မင်းက ... ငါ့ ပြိုင်ဘက် ဖြစ်ဖို့ ထိုက်တန် ပါတယ်။ ”
-ဟု ဆိုလိုက် တော့သည်။
အောင်းဖန်၏ ရောင်ဝါသည် သွေးနီရောင် အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး၊ လေထုအား အေးစက် သွားစေ၏။
“ အောင်းဖန်ရဲ့ ရောင်ဝါက ... လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူနဲ့ ယှဉ်နိုင် နေပြီ၊ နဂါး သေွးလွှတ်ကြောက ပေငါးထောင်ပဲ။ ”
“ ကြောက်စရာ ကောင်းလိုက်တာ၊ တစ်စုံ တစ်ယောက်မှာ၊ ဒီလောက် အထိ ရှည်လျားတဲ့ သွေးလွှတ်ကြော ရှိနေ လိမ့်မယ်လို့၊ ငါ မထင် ထားဘူး။ ”
အောင်းဖန်မှ ပေးသော သွေး ရောင်ဝါ ဖိအားကို မြင်သော အခါ၊ လူတိုင်း လင်းယွန် အတွက် စိတ်ပူ လာသည်။
သို့သော် လင်းယွန်မှ၊ အောင်းဖန်ကို လျစ်လျူရှုပြီး၊ အသက် ပြင်းပြင်း ရှူ လိုက်၏။ သည့်နောက် လက်မောင်းအား ဖြည်းညှင်းစွာ ဆန့်လျက်၊ ဓားအား တစ်တန်းတည်း ထား လိုက်သည်။
“ ရွှပ် ... ။ ”
တစ်ချိန်တည်း မှာပင်၊ ကြီးကျယ် ခမ်းနားသော ဓားတစ်လက် ကောင်းကင်ပေါ် ပျံတက် သွား၏။
“ ဂျိန်း ... ။ ”
ကောင်းကင်ဘုံ ကိုးထပ် အက်ကွဲကာ၊ မိုးခြိမ်း သံများ ညံလာသည်။ အက်ကွဲကြောင်း အတွင်းမှ၊ အကန့် အသတ် မရှိသော ကြယ် အလင်းများ၊ ကျဆင်း လာတော့၏။
***