← Chapters

စစ်ချီတေး ... ။

Vol. 128 Ch. 1792

စစ်ချီတေး ... ။

Vol. 128 Ch. 1792

“ နိဗ္ဗာန် ပွဲတော်ရဲ့ ပထမ၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ပထမ။ ”

မိန်ဇီဟော် အသံသည်၊ သေွးမိုးကြိုး ရင်ပြင် အနှံ့ ပဲ့တင်ထပ် သွားသည်။ ၎င်းသည် သဘာဝ အတိုင်း ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် ဆောင်ဦး တောင်တန်း သခင်အား မျက်မှောင်ကြုတ် သွားစေ၏။

“ နောက်ဆုံးတော့ မင်း ရောက်လာပြီ။ ”

လင်းယွန် လှည့်ကြည့် လိုက်ချိန်၌ မိန်ဇီဟော်က လက်ထဲရှိ ဝိုင်ပုလင်းအား မြှောက်ပြပြီး ပြုံးလေသည် ။

“ သတိ ထား ... ။ ”

လင်းယွန် အာရုံပြောင်း သွားသည်ကို အခွင့်ကောင်း ယူကာ၊ ရန်ချန်းမင်က အလစ်ဝင် တိုက် သဖြင့်၊ တစ်စုံ တစ်ဦးက အော်ဟစ် သတိပေး လာသည်။

သို့သော် ရန်ချန်းမင် ခမျာ၊ လေပြင်းများ ရုတ်တရက် တိုက်ခတ် လာ သောကြောင့်၊ မျက်လုံး မှိတ်ချ လိုက်ရသည်။

တစ်ဖက် လူကို လေတံတိုင်း တစ်ခုဖြင့် ကာရံထား သကဲ့သို့၊ ဆက်တိုး၍ မရ တော့ချေ။ မျက်လုံး ပြန်ဖွင့် ကြည့်လိုက် ချိန်တွင် လေဖိ အားနည်း ရပ်ဝန်း တစ်ခု၊ ဖွဲ့တည် နေသော ကောင်ကင် အမိုးဓားကို မြင်လိုက် ရသည်။

ဓားဖျားတွင် မျက်လုံး တစ်စုံ ရှိနေပြီး သူ့အား စိုက်ကြည့် နေခဲ့၏။ ယင်းက အန္တရာယ် အငွေ့ အသက်ကို ခံစားရ စေကာ၊ ကျောရိုး တစ်လျှောက် အေးစက် သွားသည်။

အလစ် ဝင်တိုက်လိုက် သော်လည်း၊ ကောင်းကင် အမိုးဓားက သူ့အား စောင့်ကြည့် နေခဲ့သည်။

ချက်ချင်း ဘေးသို့ ရွေ့လျား ရှောင်တိမ်း လိုက်သည်။ သို့တိုင် ဓားသွားက ပါးပြင်အား ပွတ်ဆွဲ သွား၏။

သွေး အနည်းငယ် စိမ့်ထွက်ကာ၊ ဆံပင် အချို့ ပြတ်ကျ သွားသည်။ ပြန်ကြည့် လိုက်ချိန် ၌၊ လင်းယွန်မှာ လှည့်လာ ပြီး ဖြစ်သည်။

၎င်းက ပန်းသင်္ချိုင်း ဓားကို လက် နှစ်ချောင်းဖြင့် အဝေးမှ ချယ်လှယ် လိုက်သည်။ ၎င်းဆံပင်များ ရေတံခွန် အလား၊ လေထဲ လွင့်ဝဲ လျက်၊ အဖြူရောင် အဝတ် အစားဖြင့်၊ တင့်တယ်သော အသရေ ဆောင်၏။

ပန်းသင်္ချိုင်း ဓားသည် ကျယ်လောင်သော ဆူညံသံကို ထုတ်လွှတ်ပြီး၊ ရန်ချန်းမင် မြင်ကွင်း မှ၊ ပျောက်ကွယ် သွားသည်။

ဤအရာကြောင့် လွန်စွာ ထိတ်လန့် သွား မိသည်။ ရှေ့သို့ ပြန်ကြည့် လိုက်ချိန်၌ လင်းယွန် သည်လည်း၊ မူလ နေရာမှ ရုတ်တရက် ပျောက်ကွယ် သွားပြန်သည်။

“ ဘာ လဲ ... ။ ”

ဤသည်မှာ ကောင်းကင် အမိုးဓား၏ အနှစ်သာရ ဖြစ်ပြီး၊ ပန်းသင်္ချိုင်း ဓားမှ သူ့အား ဆင့်ခေါ် သွားခြင်း ဖြစ်လေသည်။

“ ငါ့နောက် ကိုလား ... ။ ”

ရုတ်တရက် သတိ ရလာပြီး၊ ရန်ချန်းမင်က နောက်အမြန် လှည့်လိုက်သည်။ မျှော်လင့် ထား သည့် အတိုင်း၊ လင်းယွန်က ဓားကိုင်လျက် သူ့ နောက် ရောက်နေကာ၊ လွှဲခုတ် လာသည်။

“ ထန် ... ။ ”

မီးပွားများ ပွင့်ထွက် ကုန်ကာ၊ ငရဲ လမင်း သူတော်စင် ချပ်ဝတ်၏ ရင်ဘတ် နေရာ၌ သွေး ကွက်ကြီး ဖြစ်ပေါ် လာသည်။

ဆိုးရွားသော အနံ့ အသက်များ နှင့်အတူ နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွ၊ လွင့်ပျံ သွား တော့၏။

“ ဝှစ် ... ။ ”

ပြတ်ရှ ရာသည်၊ တဖြည်းဖြည်း ပြန်၍ ကောင်းမွန် လာခဲ့ သော်လည်း၊ ပန်း သင်္ချိုင်း ဓားမှာ၊ သူ့နောက် ဆက်လိုက် လာသည်။

လင်းယွန်က အဝေးမှ နေ၍ လက် နှစ်ချောင်းဖြင့်၊ ဓားကို ထိန်ချုပ်ကာ၊ မိုးပြာ နဂါး ဓားရေးအား၊ အကောင် အထည် ဖော်လိုက်ခြင်း ဖြစ်လေသည်။

“ ထန် ... ၊ ထန် ... ။ ”

ဆိုလို သည်မှာ လေထဲ လွင့်နေစဉ်၊ ဓားချက်ပေါင်း များစွာဖြင့်၊ ထပ်မံ ခုတ်ထစ်ခြင်း ခံလိုက် ရပြီး၊ ကြမ်းပြင်နှင့် ခန္ဓာကိုယ် ထိချိန်၌၊ ဓား ဒဏ်ရာများ ပြည့်နှက် လာတော့သည်။

“ ပြန် လာ ... ။ ”

“ ဝေါ့ ... ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ခေါ်ကာ၊ ဓားအိမ်ထဲ ဝင်စေလိုက်သည်။ ရန်ချန်းမင် ခမျာ မီတာ တစ်ရာ၌၊ သေွးအန် နေ၏။

အရာ အားလုံး လျင်မြန်စွာ ဖြစ်ပျက်ခဲ့ သဖြင့်၊ မြင်ကွင်းအား လူတိုင်း၏ အသိ စိတ်မှ လိုက်မီခြင်း မရှိသေးချေ။ ထို့ကြောင့် ဖြည်းဖြည်းချင်း တွေးနေ မိသည်။

ရန်ချန်းမင် တစ်ယောက် ခိုးဝင် တိုက်ခိုက်သည် မှ စကာ၊ ကြမ်းပင်ပေါ် ပြုတ်ကျ သွားသည့် အချိန်ထိ၊ အသက် ရှူချိန် လေးရှိုက် မျှသာ ကြာမြင့် ခဲ့သည်။

“ ဒါ ... ကောင်းကင် အမိုးဓား ရည်ရွယ်ချက် လား၊ ဘယ်လို တောင် ... ကြောက်စရာ ကောင်း လိုက်လဲ။ ”

နဂါး သွေးလွှတ်ကြော နယ်ပယ်ဖြင့်၊ ဆုပ်ကိုင် နိုင်သော အရာ မဟုတ် သည်မှာ၊ အံ့သြ စရာ မရှိ တော့ချေ။

လူတိုင်း၏ ဦးရေပြားများ ထုံကျင် သွားသည်။ သူတို့ မြင်ရ သည်ကို မယုံနိုင်အောင် ဖြစ်နေ မိ၏။

အောင်းဖန်က ရန်ချန်မင်း အနား ရောက်ရှိ လာကာ၊ ‘သွားရအောင်၊’ -ဟု ဆိုလိုက် တော့ သည်။

“ ဝှစ် ... ။ ”

လင်းယွန်မှ တားဆီးခြင်း မရှိချေ။ သို့သော် ဆောင်းဦး တောင်တန်း သခင်မှ၊ သူတို့ ရေှ့သို့ ချက်ချင်း ပျံသန်း လာသည်။

“ ရှုံးနိမ့်တဲ့ သူတွေကို ရေနွေးကြမ်း သောက်ပွဲက ထွက်ခွာခွင့် မပေး ဖူးလား။ ”

အောင်းဖန်က မော့ကြည့်ကာ မေးမြန်း လိုက်သည်။ ဆောင်းဦး တောင်တန်း သခင်က ပြုံးလျက်၊

“ စိတ်မပူ ပါနဲ့ ... ၊ မင်းတို့ကို သွားခွင့်ပြု မှာပါ၊ ဒါပေမယ့် ... အခုလို လွယ်လွယ် ကူကူ တော့ မဟုတ်ဘူး ... ။ ”

စကားဆုံး သည်နှင့် ဗိုလ်ချုပ် နှစ်ပါး၏ ခြေသလုံး အရိုး များကို ကန်ရိုးပစ် လိုက်လေ သည်။

“ ဂျွတ် ... ။ ”

“ အား ... ။ ”

နာကျင်မှုကြောင့် အော်သံ လိုက်သည်။ သည့်နောက် ဆောင်းဦး တောင်တန်း သခင်ကို စိုက်ကြည့် ကာ၊

“ မင်း အရမ်း ယုတ်မာတယ်။ ”

-ဟု ပြောလိုက် တော့၏။

ဒေါသထွက် လာပြီး၊ အသားများ တဆတ်ဆတ် တုန်လျက်၊ အမုန်း တရားဖြင့် နာကျည်း သွားသည်။

“ မသွားသေး ဖူးလား ... ။ ”

ဆောင်းဦး တောင်တန်း သခင်က အော်ငေါက် လိုက်ရာမှ ရုတ်တရက် သတိရ လာပြီး၊

“ အိုး ... ငါ မေ့သွားတယ် မင်းတို့ လမ်း မလျှောက်နိုင် မှတော့ ... လေးဘက် ထောက်ပြီး ထွက်သွားပါ။ ”

-ဟု ထပ်ပြော လိုက်၏။

ထိုစကားကြောင့် ဗိုလ်ချုပ် နှစ်ဦး၏ မျက်နှာများ ဖြူဖျော့ သွားလေသည်။

“ ဟုတ်တယ် လေးဘက် သွားပါ။ ”

“ မြန်မြန် လေးဘက် သွား ... ။ ”

အော်ဟစ် သံများ ဆူညံ လာသည်။ ဤပြစ်မှုသည် ၎င်းတို့ နှစ်ဦးနှင့် ထိုက်တန် သည်ဟု လူတိုင်းမှ မြင်၏။

လင်းယွန် သည်လည်း အလား တူပင်။ သို့သော် ဆောင်းဦး တောင်တန်း သခင်အား၊ ဤသို့ ရက်စက်သူ တစ်ဦး အဖြစ်၊ မထင်ထား သည်မှာ အမှန် ဖြစ်၏။

လူတိုင်း၏ အကြည့် အောက်တွင် အောင်းဖန်နှင့် ရန်ချန်းမင်မှာ အံကြိတ်လျက် လိုက်နာ ခဲ့ရသည်။

စင်မြင် ပေါ်၌ လေးဘက်သွား နေသည့် ဗိုလ်ချုပ် များထံ ကြည့်ကာ၊ လူတိုင်း ပျော်ရွှင် လာ၏။

အောင်းဖန်နှင့် ရန်ချန်းမင်မှ၊ လူတိုင်းကို စော်ကား ချိန်၌၊ ဆောင်ဦး တောင်တန်း သခင် မှာ၊ ဘယ်ရောက် နေမှန်း မသိချေ။

လင်းယွန် အနိုင်ယူ ပြီးချိန် မှသာ ထွက်ပေါ်လာ သဖြင့်၊ တစ်စုံ တစ်ခု မူ မမှန်ဟု ရန်တိနှင့် အဖွဲ့မှာ ခံစား လာရသည်။

ထို့ကြောင့် လင်းယွန်ကလည်း၊ ဆက်မနေ လိုတော့ဘဲ ဓားဂိုဏ်းထံ တစ်ချက် ကြည့်ကာ၊ စင်မြင့် ပေါ်မှ၊ ထွက်ခွာ လိုက်မိသည်။

“ ညီအစ်ကို လင်း၊ ခဏ နေပါဦး ... ။ ”

သို့သော် ဆောင်းဦး တောင်တန်း သခင်က ပြုံးကာ ဟန့်တား လာ၏။

“ ဘယ်သူ ပထမလဲ ဆိုတာ ငါ စိတ် မဝင်စားဘူး၊ ဒါကြောင့် ဆက်နေ စရာ မလိုဖူး ထင်တယ်။ ”

လင်းယွန်က ရပ်ရန် ရည်ရွယ်ချက် မရှိချေ။ သို့သော် ဆောင်းဦး သခင်က မီတာ တစ်ရာ အကွာသို့၊ ဆင်းသက် လာသည်။

“ ကံကြမ္မာက မြစ်တစ်စင်းသာ ဆိုရင် ... ရေစီးကြောင်း အတိုင်း ... ငါတို့ ဆက်သွား နေရ မှာပဲ၊ မင်းက အခု အမြင့်ဆုံး လှိုင်းပေါ်မှာ ရပ်နေ မိပြီ၊ လေတိုက် နေသရွေ့ မင်း ရပ်ချင်လို့ မရတော့ ပါဘူး။ ”

ထိုစကား သံနှင့် အတူ၊ ကျိလင်ဖုန်းနှင့် ရှယွမ်ကွီ တို့ပါ ပျံသန်း လာကြသည်။

“ ညီအစ်ကို လင်း၊ ရောက်နေပြီ ဆိုမှတော့ ငါတို့နဲ့ တိုက်ပါ။ ”

ရှယွမ်ကွီမှ ရောက်ရောက်ချင်း ပြော၏။

“ မင်း အခု ထွက်သွားရင် ... ငါတို့ ထဲက ဘယ်သူ နိုင်နိုင် ... ၊ အဓိပ္ပါယ် ရှိတော့မှာ မဟုတ် ဘူး။ ”

ကျိလင်ဖုန်း မှလည်း ခေါင်းညိတ်လျက် ထပ်ပြောသည်။ ၎င်းတို့တွင် မကောင်းသော ရည်ရွယ်ချက် မရှိချေ။

ကောင်းကင် အမိုး ဓားကို ခံစား ကြည့်လို ခြင်းသာ ဖြစ်သည်။ မဟုတ်သော် တစ်သက်လုံး သူတို့ နောင်တရ သွားနိုင်၏။

“ ငါမှာ မတိုက် ချင်တဲ့ ... အကြောင်းရင်း တစ်ခု ရှိတယ်။ ”

ဤသုံးယောက်သည် သန်မာ သဖြင့် လင်းယွန်မှ ငြင်းဆန်သည်။ သူတို့သည် ငရဲ လမင်း သူတော်စင် ချပ်ဝတ် ကြောင့်သာ ရပ်ကြည့် နေရခြင်း ဖြစ်၏။

ထို့ပြင် ခွန်အားနှင့် ဝှက်ဖဲများ ကိုလည်း၊ ပြိုင်ဘက်များ ရှေ့၌ ထုတ်ဖော် ပြသလိုခြင်း မရှိ ၍လည်း ဖြစ်သည်။

အကယ် ၍သာ အနားတွင် မည်သူမျှ မရှိပါက၊ အောင်ဖန် တို့အား ချက်ချင်း ထတိုက် မည်မှာ သေချာ၏။

ဆောင်းဦး တောင်တန်း သခင်က၊

“ ညီအစ်ကို လင်း ... စိတ်မပူနဲ့၊ ငါတို့ လေးယောက် ... ၊ ညီအစ်ကို ကျိ အကြံပြု ထား သလို၊ တစ်ချက် တည်းနဲ့၊ အဆင့် သတ်မှတ် ကြမယ်၊ ရလဒ် ဘယ်လိုပဲ ဖြစ်ဖြစ် ဒုတိယ အကြိမ် ထပ် မတိုက်တော့ ပါဘူး။ ”

“ ဟုတ်တယ် ... ။ ”

ရှယွမ်ကွီနှင့် ကျိလင်ဖုန်းက ခေါင်းညိတ် လိုက်သည်။ ဗိုလ်ချုပ် နှစ်ပါး မလာခင်၊ ဤသို့ ယှဉ်ပြိုင်ရန် ဆုံးဖြတ် ထားပြီး ဖြစ်၏။

သို့သော် တစ်ချက် လှုပ်ရုံ ဖြင့်ပင်၊ ဒုက္ခ ရောက်လာ မည်ကို သိနေသော လင်းယွန်မှာ ထိုစည်းမျဉ်းနှင့်၊ အကြုံး မဝင်ချေ။

၎င်းတို့ သုံးယောက် အတွက်၊ သူ့ အသက်ကို အရင်းပြု ရမည့်ပုံ ပေပင်။

“ မင်းတို့ သုံယောက်က ငါ့ကို ... ဖိအား ပေးနေ တာလား။ ”

“ အမှန်ပဲ ... ။ ”

သုံးယောက်သား တိုက်ပွဲ ဆန္ဒများ၊ ထုတ်ဖော် ပြသကာ၊ အခိုင်အမာ ပြန်ဖြေ လာ ကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားသည်။ လေးဘက် သွား နေသော ဗိုလ်ချုပ် နှစ်ဦးကို၊ မည်သူမျှ ဂရု မစိုက်ကြ တော့ဘဲ၊ လင်းယွန်၏ အဖြေ ပေါ်သာ အာရုံစိုက် လာကြသည်။

ဤသည်မှာ နဂါး သေွး လွှတ်ကြော နယ်ပယ်၊ အဆင့် သတ်မှတ်ချက် ပထမ နေရာ အတွက်၊ အဆုံးအဖြတ် တိုက်ပွဲ ဖြစ်သည်။

တစ်ကြိမ် တည်းဖြင့် ရလာဒ်ကို ဆုံးဖြတ် ကြမည် ဖြစ်သောကြောင့်၊ ခွန်အား အပြည့် မြင် ရမည့်၊ တိုက်ပွဲမျိုး ဖြစ်လာ နိုင်၏။

“ မင်းတို့ နောင်တ မရမှာ သေချာလား။ ”

“ သေ ချာ တယ် ... ။ ”

“ ကောင်းပြီ ... ၊ ဒါဆို သုံးယောက်လုံး ... အတူတူ လာခဲ့ ... ။ ”

အထက်ပါ စကားကြောင့် အချင်းချင်း ပြန်ကြည့်ကာ၊ သုံးယောက်သား ပြုံးလိုက်မိ သည်။ ထိုအပြုံး၌ ဒေါသများ ပါဝင်၏။

ဆောင်းဦး တောင်တန်း သခင်က၊

“ ညီအစ်ကို လင်း၊ မင်း ... ဟာသတွေ ပြောနေ တာတော့ ... မဟုတ် ပါဖူး နော်။ ”

-ဟု ပြန်လည် မေးမြန်း လာသည်။

လင်းယွန် စကား အပေါ်၊ သူ သည်လည်း မကျေနပ် လှခေျ။ ဤအရာသည် သူတို့ (၃)ဦး အား စော်ကားခြင်း မည်၏။

“ ငါက ဘာလို့ ဟာသတေွ ပြော ရမှာလဲ၊ လေက ငါ့ကို မရပ်တန့် စေချင် ဖူးလား ... ၊ ဒါဆို ဆက်သွားမယ်၊ မင်းတို့ တွေက နောင်တ မရဖူး ဆိုရင်၊ ငါ့ဓား ကလည်း ... မင်းတို့ကို ဘာလို့ မျက်နှာသာ ပေးနေရ မှာလဲ။ ”

လင်းယွန်၏ စကား သံသည် မိုးခြိမ်းသံ ကဲ့သို့၊ လူတိုင်း၏ နားစည် အတွင်း၊ ပဲ့တင် ထပ် သွားလေသည်။

တစ်ချိန်လုံး နိမ့်ကျသော အသွင်ကို ဆောင်ထားသည့်၊ ဤလူငယ်တွင် မိုးလောက် မြင့်သော မာနမျိုး ရှိနေ လိမ့်မည်ဟု၊ မထင်ထား သည်မှာ၊ သဘာဝ ပေပင်။

“ ဟား ... ဟား ... ဟား ... ၊ အပြော ကောင်းတယ်။ ”

မိန်ဇီဟော်က သဘောကျစွာ ရယ်မော လိုက်သည်။

“ နတ်နဂါးခေတ်ရဲ့ လူငယ် တွေက ... ၊ အသက် ရှည်ဖို့ထက်၊ အိပ်မက် နောက်ကိုသာ အမြဲ လိုက်ကြတယ်၊ တစ်ချိန် တုန်းက ကျန့်ကျင်းရှန် ဒေါသကြောင့်၊ ...

... ကောင်းကင်ယံ ဂိုဏ်း တစ်ခုလုံး သွေးချောင်း စီးခဲ့တယ်၊ အခု နိဗ္ဗာန် ပွဲတော် ချန်ပီယံ၊ လင်းရှောင် ရှိတယ်၊ မင်းတို့ အတွက် စစ်ချီတေး တစ်ပုဒ်နဲ့၊ ငါ ... ဂုဏ်ပြု ပါရစေ။ ”

“ ဒင် ... ။ ”

မိန်ဇီဟော်က ဇရပ် ခေါင်မိုး ပေါ်၌၊ ကိုယ်ဟန်ကို ပြင်ယူကာ၊ ဗျပ်စောင်းအား ထုတ် ယူလျက်၊ ရှေးဟောင်း စစ်ချီတေး တစ်ပုဒ်ကို စတင် တီးခတ် လိုက် တော့သည်။

***

All Chapters