← Chapters

တိုက်ပွဲ ... ။

Vol. 129 Ch. 1793

တိုက်ပွဲ ... ။

Vol. 129 Ch. 1793

မိန်ဇီဟော်၏ စကား များမှာ၊ ခေတ် တစ်ခေတ် စတင် လာ သကဲ့သို့ ခံစား လိုက်ရ သဖြင့်၊ လူတိုင်း၏ သွေးများ ဆူပွက် လာ၏။

“ ဒင် ... ။ ”

ဗျပ်စောင်း အသံက၊ သွေးမိုးကြိုး စင်မြင့် တစ်ခုလုံး၊ ကျယ်လောင်စွာ ဖုံးလွှမ်း သွားလေ သည်။

အစပိုင်းတွင် မည်သူမျှ ဂီတကို၊ ဂရု မစိုက် ခဲ့ကြ သော်လည်း၊ တဖြည်းဖြည်း နရီ မိလာကာ၊ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာကုန်၏။

ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် ဆောင်ဦး တောင်တန်း သခင်မှာ၊ ဂီတ အသံကို လျစ်လျူ ရှုပြီး၊ လင်းယွန်အား မကျေမနပ် စိုက်ကြည့် နေမိသည်။

ရှယွမ်ကွီက၊

“ ကောင်းပြီ ... ဒါဆို နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ ဘယ်လောက် သန်မာ မလဲ ... ကြည့်ပါ ရစေ။ ”

-ဟု ဆိုလျက်၊ ပေ(၅၀၀၀) ရှည်သော နဂါး(၉) ကောင်အား ထုတ်ဖော် လိုက်သည်။

ပဉ္စမတန်း အထိ ရောက်ရှိ ထားသော၊ သိုင်းရည်ရွယ်ချက် (၃)ခု ကိုလည်း၊ တစ်ချိန် တည်း ထုတ်ဖော် လာ၏။

“ ဖပ် ... ။ ”

ကောင်းကင် သူတော်စင် ဆေးအိုးကို၊ အသက် သွင်းလျက်၊ လင်းယွန်ထံ လက်ဖဝါးနှင့် အသာတွန်း လိုက်သည်။

လက်ဖဝါး ထွက်ပေါ် လာသည်နှင့်၊ ကောင်းကင်၌ လျှပ်စီး တိမ်တိုက်များ တဖျပ်ဖျပ် စုဝေး လာသည်။

လူတိုင်း အသက်ရှူ ကြပ်ကုန်သည်။ အစောပိုင်း တိုက်ပွဲ၌၊ ရှယွမ်ကွီသည် ခွန်အား အပြည့် အသုံးမချ ခဲ့ကြောင်း၊ မြင်သာ စေ၏။

ဗိုလ်ချုပ် နှစ်ပါးကို တိုက်ခိုက်ရန် ဆန္ဒ မရှိရသည့် အကြောင်းရင်းမှာ၊ သူ့ ဝှက်ဖဲ များကို ဝှက်ထား လိုခြင်း ကြောင့်သာ ဖြစ်ပေမည်။

လင်းယွန်က ဝင်လာသော လက်ဖဝါးကို ရှောင်ရန်၊ ခန္ဓာကိုယ်အား ယိမ်းနွဲ့ လိုက်သည်။ ထို့နောက် ခရမ်း-ရွှေရောင် နဂါးရူရ် တစ်သိန်း ထွက်ပေါ် လာကာ၊ လျှပ်စီး မီးလက်ဝါးကို ဖျက်ဆီး တော့သည်။

ယင်းကြောင့် ရှယွမ်ကွီမှာ၊ မျက်မှောင် ကြုတ်သွား၏။ သည်လက်ဖဝါးသည် နဂါး သွေး လွှတ်ကြောရှိ၊ မည်သူ့ကို မဆို ဒဏ်ရာ ပေးနိုင် ချေပြီ။

တစ်ချိန်တည်း မှာပင် ကျိလင်ဖုန်းနှင့် ဆောင်ဦး တောင်တန်း သခင် သည်လည်း၊ ရပ်ကြည့် နေရာမှ မျက်ခုံး ပင့်သွားသည်။

သို့တိုင် လင်းယွန်မှ ဘေးဘယ်ညာ ရွေ့လျားလျက်၊ ဝင်လာသော တိုက်ခိုက်မှု တိုင်းကို၊ ရှောင်ရှား နေခဲ့၏။

ရံဖန်ရံခါ တန်ပြန် တိုက်စစ် ကိုပင်၊ ထုတ်ဖော် နိုင်၏။ ဤအရာက ရှယွမ်ကွီအား စိတ် လှုပ်ရှားလျက်၊ သတိ အနေ အထားသို့ ရောက်ရှိ လာစေသည်။

သူ့ တိုက်ခိုက်မှု များက၊ မည်မျှ ပြင်းထန် စေကာမူ၊ တစ်ဖက် လူ၏ အဝတ် ကိုပင်၊ ထိရန် မစွမ်း သောကြောင့်၊ တစ္ဆေ ဝိညာဉ် ပညာရပ် အသုံးရန်၊ ကြံရွယ် လိုက်သည်။

“ ဝှစ် ... ။ ”

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့် ပြီးနောက်၊ လင်းယွန် ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချ လိုက်နိုင်၏။

လင်းယွန် ခမျာ အငိုက်မိ သွား သဖြင့်၊ ရင်ဘတ်ပေါ် ကျရောက် လာသော လက်ဖဝါး အား၊ နဂါးရူရ် တစ်သိန်း ပါဝင်သည့် နဂါး လက်သည်းဖြင့်၊ ပုတ်ချ လိုက် ရသည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရှယွမ်ကွီက ကြမ်းပြင်ပေါ် ချက်ချင်း ဆင်းသက် လိုက်ပြီး၊ နောက်သို့ (၃)လှမ်း ဆုတ် ခွာကာ၊ လင်းယွန်၏ ခွန်အားကို ချေဖျက် ပေးလိုက် ရသည်။

ကျင့်ကြံမှု မြင့်မား သော်မှ၊ ပြိုင်ဘက်အား ထိခိုက်မှု တစ်စုံ တစ်ရာ မပေးနိုင် သောကြောင့်၊ ရှယွမ်ကွီ တစ်ယောက် ရှက်ရွံ့ လာသည်။

“ ငါ့ကို ခွင့်ပြုပါ ... ။ ”

ရှယွမ်ကွီမှ ထပ်မံ တိုက်ခိုက် တော့မည့် အချိန်တွင်၊ ဆောင်ဦး သခင်မှ လှုပ်ရှား လာလေ သည်။

ကိုယ်ခန္ဓာမှ နဂါး ဟောက်သံ ပဲ့တင် ထပ်လာပြီး၊ ဧကရာဇ် ခန္ဓာကိုယ် အသက်ဝင် လာသည်။

ရွှေရောင် အလင်းများ ဖုံးလွှမ်းလျက်၊ ကြီးမားသော ဖိအားများ ထွက်ပေါ် လာကာ၊ လေဟာနယ် တုန်ခါ သွားသည်။

ကျင့်ကြံမှု အားနည်းသူ ဖြစ်ပါက၊ ဤရောင်ဝါ အောက်တွင် လှုပ်ရှား နိုင်တော့မည် မဟုတ်ချေ။

ဧကရာဇ် ခန္ဓာကိုယ်သည် တူညီသော နယ်ပယ်ရှိ၊ မည်သည့် ပါရမီရှင်ကို မဆို၊ ဖိအား ပေးရန် လုံလောက် ၏။

သို့သော် လင်းယွန် ခန္ဓာပေါ် ၌လည်း၊ ရွှေရောင် အလင်းများ လင်းတောက် ပလာပြီး၊ အကြည့်များ စူးရှ သွားသည်။

ကောင်းကင် အမိုးဓားကြောင့်၊ ဧကရာဇ် ကိုယ်လုံး ကိုယ်ပေါက်မှာ၊ သူ့အား ကန့်သတ် နိုင်ခြင်း မရှိ ခဲ့ချေ။

“ ဟိတ် ... ။ ”

“ ကျာ့ ... ။ ”

နှစ်ယောက်သား မျက်စိ တစ်မှိတ် အတွင်း၊ လှုပ်ရှားမှုပေါင်း (၁၀) ကြိမ် ပြီးမြောက် သွား၏။ ဤကာလ အတွင်း လင်းယွန်မှ လက်တစ်ဖက် တည်းသာ အသုံးပြု ခဲ့သည်။

အဘယ်ကြောင့် ဆိုသော် ဆောင်ဦး တောင်တန်း သခင်၏ ခွန်အားသည်၊ ရှယွမ်ကွီ ထက် အနည်းငယ် အားနည်း ချေ၏။

နဂါး သွေးလွှတ်ကြောမှာ၊ ပေ (၄၀၀၀) မျှသာ ရှိသည်။ ဧကရာဇ် ခန္ဓာကိုယ်နှင့်၊ မြေကြီး ရည်ရွယ်ချက် ကြောင့်သာ၊ ရှယွမ်ကွီအား ရင်ဆိုင် နိုင်ခြင်း ဖြစ်၏။

ယခုပင် လှုပ်ရှားမှု တိုင်းမှာ၊ တောင်ကြီး တစ်လုံး ကဲ့သို့ ခိုင်မာပြီး၊ ကြီးကျယ် ခမ်းနားလှ လေသည်။

လင်းယွန်မှ ထိပ်တိုက် ရင်ဆိုင်သည့် နည်းလမ်းကို မသုံးချေ။ ဓား နှလုံးသား သုံးကာ၊ ရှောင်ရှား နေမိသည်။

သူ ရွေ့လျား ရှောင်တိမ်း လိုက်တိုင်း၊ မိုးပြာ နဂါး တစ်ကောင် ကဲ့သို့၊ ထင်မှား သွားစေသည်။ ခြေထောက်တွင် အကြေးခွံများ ထွက်ပေါ်ကာ၊ လက်သည် နဂါး လက်နှင့် တူလာ၏။

အစွမ်း ထက်သော ကြွက်သား တည်ဆောက်မှုဖြင့်၊ ပေါင်းစည်း လိုက်သော အခါ၊ မိုးပြာ နဂါး ရည်ရွယ်ချက် ထွက်ပေါ် လာတော့သည်။

“ မိုးပြာ နဂါး မျက်လုံး။ ”

ဆယ်ကြိမ် ပြည့်ပြီးနောက်၊ ဆောင်းဦး တောင်တန်း သခင်၏ ချို့ယွင်းချက် တစ်ခုထံ တန်ပြန် တိုက်ခိုက် လိုက်သည်။

ထိုမြင်ကွင်းကြောင့်၊ ဆောင်းဦး တောင်တန်း သခင်မှ ပြုံးသည်။ ယင်းသည် ထောင်ချောက် ဖြစ်၏။ ရည်ရွယ်ချက် ရှိရှိ ပြသ လိုက်ခြင်း ပေပင်။

သူ ဟူသည် ရှယွမ်ကွီ မဟုတ်ချေ။ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် ပိုင်ဆိုင်ထား သည်သာ မက၊ ရွှေနဂါး မျိုးရိုး၏ အစွမ်းထက် ခန္ဓာကိုယ် သန့်စင်သည့်၊ နည်းစနစ် ကိုလည်း လေ့ကျင့် ခဲ့သည်။

မြေကြီး ရည်ရွယ်ချက်ပါ ထည့်သွင်း လိုက်သော်၊ မျိုးဆက်တူ အတွင်း မည်သူမျှ မယှဉ် နိုင်သည့်၊ ရုပ်ခန္ဓာ စွမ်းအားကို ရရှိ စေသည်။

ထို့ကြောင့် ရှယွမ်ကွီမှ သူ့အား အနိုင် မယူနိုင် ခြင်းလည်း ဖြစ်၏။ လင်းယွန်သည် ဓား တာအို အောင်မြင်မှု ကြောင့်၊ ပြိုင်ဘက် ထံမှ အားနည်းချက်ကို ရှာဖွေ ရာတွင်၊ အထူး ကျွမ်းကျင်၏။

၎င်းအား ကန့်သတ်ကာ တိုက်ခိုက်ရန် ခက်ခဲပေမည်။ ထောင်ချောက် ဆင်ခြင်း သာ အကောင်းဆုံး ဖြစ်သည်။

တိုးဝင် လာသော တစ်ဖက် လူ၏ လက်ကောက် ဝတ်ကို ဖမ်းရန်၊ ဆောင်းဦး တောင်တန်း သခင်မှ ပြင်သည်။

သို့သော် လင်းယွန် နှုတ်ခမ်း ထက်၌ လှောင်ပြုံး တစ်ပွင့် ပေါ်လာ၏။ တစ်ချိန်တည်း မှာပင် လက်ဖဝါးမှ၊ လက်နှစ်ချောင်း ထိုးထွက် လာပြီး၊ ဓားတစ်လက် ကဲ့သို့ ရင်ဘတ်ထံ သွင်းလိုက်သည်။

“ ဝုန်း ... ။ ”

“ အွတ် ... ။ ”

ကျယ်လောင်သော ပေါက်ကွဲ သံနှင့် အတူ ဆောင်းဦး တောင်တန်း သခင် တစ်ယောက် ရှုံမဲ့ လွင့်စဉ် သွားသည်။

သူ့ခန္ဓာကိုယ် အတွင်း၊ ရွှေရောင် အလင်း တန်းများ လှိုင်းထ လာကာ၊ ရေခဲများ ကွဲအက် နေ သကဲ့သို့၊ ခံစား လိုက်ရသည်။

“ ဟိတ် ... ။ ”

ထိုအချိန်တွင် လင်းယွန်မှ လက် နှစ်ခေျာင်းအား လက်ဖဝါး အဖြစ် ပြန်ပြောင်း ကာ၊ ရင်ဘတ်ပေါ် ရိုက်ချ လာ၏။

အဆိုပါ လက်ဖဝါးသည် တောင်ကြီး တစ်လုံးအလား ဆင်းသက် လာပြီး၊ ဧကရာဇ် ခန္ဓာ ကိုယ်ကို အက်ကြောင်းများ ပေးစွမ်း လာတော့သည်။

“ မင်း မှာပဲ ... နဂါး မိသားစု ပညာရပ် ရှိနေတယ် မထင်နဲ့။ ”

ဆောင်ဦးတောင်တန်း သခင်မှ ဒေါသ ထွက်လာပြီး၊ လက်ဝါးစောင်းဖြင့် ပြန်လည် ခုတ်ချ လာ၏။

သို့သော် လင်းယွန်မှ ထိုတုန့်ပြန်မှုကို တွက်ဆထား လေရာ၊ ဆောင်းဦး တောင်တန်း သခင်အား၊ တွန်းထုတ် ပစ်လိုက်သည်။

“ ရွှပ် ... ။ ”

“ ဘုန်း ဘုန်း ဘုန်း ... ။ ”

ထို့ကြောင့် လက်ဝါးစောင်းမှာ ဓားသဖွယ် ကြမ်းပြင်ပေါ် ပြုတ်ကျ သွားသည်။ ထိုအချိန်၌ လင်းယွန်က လေထဲ သုံးကြိမ် ဂျွမ်းပစ်ကာ၊ ဆောင်ဦး တောင်တန်း သခင်၏ ရင်ဘတ်ကို ကန်ကျောက် ပစ်လိုက်သည်။

ကန်ချက် တစ်ချက် စီကို၊ ခရမ်း-ရွှေရောင် နဂါးရူရ် တစ်သိန်းဖြင့် ထောက်ပံ့ ပေးထားခဲ့ လေသည်။ သုံးကြိမ် ကန်ပြီးနောက်၊ ကြမ်းပြင် ပေါ် ပြန်လည် ဆင်းသက် လိုက်သည်။

ခြေဖျားနှင့် ကြမ်းပြင် ထိချိန်၌၊ စွမ်းအင် လှိုင်းတစ်ခု ဘေးသို့ ပျံကား သွားကာ၊ အငိုက်မိ နေသော ပရိတ်သတ် များကို၊ လေထဲ ပျံတက် သွားစေ ခဲ့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရင်ဘတ်ကို ရိုက်ပုတ် ကန်ကျောက် ခံလိုက်ရ သည့် ဆောင်းဦး တောင်တန်း သခင် သည်လည်း၊ ကြမ်းပြင်ပေါ် ဆင်းသက်ကာ၊ ခြေလှမ်း အနည်းငယ် ဆုတ်ခွာလျက်၊ ညည်းတွားသံ ပြုလိုက် ရသည်။

***

All Chapters