← Chapters

သွေးများ မခန်း သ၍ ... ။

Vol. 129 Ch. 1794

သွေးများ မခန်း သ၍ ... ။

Vol. 129 Ch. 1794

“ ကျီး ... ”

ထိုအချိန်တွင် ဖီးနစ် အော်မြည်သံ ပဲ့တင် ထပ်လာကာ၊ ကျိလင်ဖုန်းက ကောင်းကင်ပေါ် ခုန်တက်လျက်၊ လင်းယွန်ထံ လက်ဖဝါးဖြင့် လှမ်းရိုက် တော့သည်။

တစ်ချိန်တည်း မှာပင်၊ သူ့ နောက်၌ ကြက်သွေးရောင် ဖီးနစ် ပေါ်လာပြီး၊ ကြမ်းပြင်မှ သစ်ပင် တစ်ပင် လျင်မြန်စွာ ကြီးထွား လာ၏။

ဖီးနစ်က အတောင်ပံ များကို ဖြန့်ထုတ် လိုက်စဉ်၊ ကောင်းကင် တခွင် မီးတောက်များ ဖုံးလွှမ်း သွားသည်။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်က ခေါင်းမော့ကာ၊ လက်ညှိုးကို တောက်ထုတ် ပစ်လိုက်၏။ ခရမ်း -ရွှေရောင် နဂါးရူရ် တစ်သိန်းမှ၊ ဓားတစ်လက် အသွင် ပြေးထွက် သွားသည်။

နဂါးရူရ် များဖြင့် ဖွဲ့စည်း ထားသော ဓားအလင်းသည်၊ လမ်း၌ ပေတစ်ရာ ရှည်သော မိုးပြာ နဂါး အဖြစ် ပြောင်းလဲလျက်၊ ဖြစ်စဉ်များ အချင်းချင်း ထိပ်တိုက် တွေ့တော့သည်။

ဤသည်မှာ နဂါးနှင့် ဖီးနစ် ကြား တိုက်ပွဲ ဖြစ်ချေ၏။ တုန်လှုပ် ချောက်ချားဖွယ် လှိုင်းများ ပျံ့နှံ့ သွားသည်။

“ ခရစ် ... ။ ”

နဂါး ဝိညာဉ်မှ ဖန်တီးပေး ထားသော အတား အဆီး ပေါ်တွင် သေးငယ်သော အက်ကွဲ ကြောင်းများ စတင် ထွက်ပေါ် လာ၏။

“ ဝုန်း ... ။ ”

ဖြစ်စဉ်များ ပေါက်ကွဲ သွားပြီး၊ ကျိလင်ဖုန်းက ထိုပေါက်ကွဲမှု အတွင်းမှ တိုးထွက် လာကာ၊ လင်းယွန်ထံ ရိုက်ချ ပစ်လိုက်သည်။

လင်းယွန်က ခန္ဓာကိုယ်ကို ဘယ်သို့ စောင်းလျက်၊ ကနဦး ဝင်လာသော စွမ်းအား အပေါ်၊ ရှောင်ပစ် ၏။

ပြီးနောက် လက်ဖဝါးဖြင့် ကျိလင်ဖုန်း လက်ဖဝါးကို ထိပ်တိုက် တွေ့ပေး လိုက်လေ သည်။

“ ဖပ် ... ။ ”

လက်ဖဝါး နှစ်ဖက် ‘ဖပ်ခနဲ’ ညင်သာစွာ ပူးကပ် သွားပြီး၊ ခန္ဓာကိုယ် အတွင်းရှိ နဂါးမြစ် များ ပွက်ပွက်ဆူ လာတော့၏။

သိုင်း ရည်ရွယ်ချက်များ တဟုန်ထိုး ထွက်ပေါ် လာကာ၊ ပြိုင်ဘက်၏ အတွင်း အင်္ဂါ များကို ဖျက်ဆီးရန် ကြံရွယ် ကြလေသည်။

သို့သော် လင်းယွန်၏ နဂါး မူလက၊ ကျိလင်ဖုန်း၏ ဆန္ဒကို ကောင်းစွာ ပိတ်ဆို့ထား နိုင်လေသည်။

နှစ်ဦးသား ရှေ့မတိုး- နောက်မဆုတ် ဖြစ်နေစဉ်၊ ဘယ်လက်ဖြင့် တံဆိပ် အသီးသီးကို ချက်ချင်း ဖန်တီး လိုက်ကြ၏။

ပထမ တစ်ခုမှာ ဖီးနစ် တံဆိပ် ဖြစ်ပြီး၊ နောက် တစ်ခုသည် ငရဲပန်းအား အသက်ဝင် စေသော တံဆိပ် ဖြစ်၏။

ကျိလင်ဖုန်း ခန္ဓာမှ ဖီးနစ်ပန်းများ ပျံထွက်လာသည်။ ၎င်းတို့သည် မြင့်မြတ်သော ရောင်ဝါကို ထုတ်လွှတ်လျက်၊ ချစ်စဖွယ် ကောင်း နေ၏။

ထိုအချိန်တွင် လင်းယွန်၏ နဂါးမြစ် ကြမ်းပြင်ရှိ၊ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးက ကြွတက် လာသည်။

သူ့ ခန္ဓာ ကိုယ်သည်၊ အဖျက် စွမ်းအား ပြင်းထန်သော ဗုံးတစ်လုံးနှင့် တူလာ တော့၏။ မျက်ဝန်း အတွင်း၌ သွေးရောင် လွှမ်းလာကာ၊ ဆေးအိုးကို အပြင် ခေါ်ထုတ် လိုက်သည်။

“ ဝုန်း ... ။ ”

ဆေးအိုးနှင့် ပန်းပွင့်များ ထိမှန် ချိန်၌၊ ကျိလင်ဖုန်း တစ်ယောက် နှုတ်ခမ်းမှ သွေးများ စီးကျလျက်၊ လွင့်စဉ် သွားတော့သည်။

“ ခရစ် ... ။ ”

ဖီးနစ် ပန်းများ ကွဲအက်ကာ၊ မီးရှူး မီးပန်းများ ကဲ့သို့၊ ချက်ချင်း ပေါက်ကွဲ သွားလေ သည်။

ကျိလင်ဖုန်း ခမျာ၊ ကြမ်းပြင်ပေါ် ဆင်းသက်လျက်၊ ခြေလှမ်းပေါင်း များစွာ ဆုတ်ခွာ ပေးလိုက် ရသည်။

“ မဖြစ် နိုင်ဘူး ။ ”

ကျိလင်ဖုန်းမှ မယုံကြည် နိုင်စွာ လင်းယွန်အား ပြန်ကြည့်သည်။ ပတ်ဝန်းကျင် တစ်ခုလုံးပင် တိတ်ဆိတ် သွား၏။

ဓားတုန်ခါ နေသော မြည်သံ သာလျှင်၊ ထွက်ပေါ် နေသည်။ တိုက်ပွဲသည် အန္တရာယ်များ လှပြီး၊ အနည်းငယ် သတိ လက်လွတ် ဖြစ်ရုံဖြင့်၊ သေခြင်းသို့ ရောက်ရှိ နိုင်၏။

ဤအခိုက်တွင် လင်းရှောင်သည် မောက်မာ သူ တစ်ဦး မဟုတ်ကြောင်း နားလည် လာသည်။ ၎င်း၏ စကားများ အတိုင်း၊ သူတို့အား လျစ်လျူ ရှုရန်၊ အရည် အချင်း ရှိချေပြီ။

“ ငါတို့ ဝှက်ဖဲ တွေကို၊ ချန်မထားနဲ့ မဟုတ်ရင်၊ ဒီထက် ပို ဆိုးရွားတဲ့ ရလာဒ် မျိုးနဲ့ အဆုံးသတ် သွားလိမ့်မယ်။ ”

တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလျက် ကျိလင်ဖုန်းမှ ပြောလိုက်၏။ ရှယွမ်ကွီတို့ နှစ်ဦး ကလည်း၊ ခေါင်းညိတ် လိုက် ကြသည်။

တစ်ဖက် လူ၏ ခွန်အားကို စုံစမ်း ရုံဖြင့်၊ ဒဏ်ရာ အချို့ ရရှိ ခဲ့သည်။ သတိ မထားသော်၊ အိပ်ယာထဲ လဲသွား နိုင်၏။

“ နတ်ဖီးနစ် တောင်က ကျိလင်ဖုန်း။ ”

“ ကောင်းကင် တာအို ဂိုဏ်းမှ ရှယွမ်ကွီ။ ”

“ နတ်နဂါး အင်ပါယာရဲ့ ဆောင်းဦး တောင်တန်း သခင်။ ”

“ .... ။ ”

“ ငါတို့ အားလုံး နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံကို စိန်ခေါ် ပါတယ်။ ”

သုံးဦးသား ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ၎င်းတို့၏ နောက်ခံကို အလေး အနက် ထား ဖော်ပြကာ၊ စိန်ခေါ် သမှု ပြုလိုက် တော့သည်။

၎င်းတို့ သုံးယောက်သည် မယုံနိုင် လောက်အောင် အစွမ်းထက် ချေ၏။ သူတို့၏ နဂါး သွေးလွှတ်ကြော ရောင်ဝါများ ချိတ်ဆက် မိသော အခါ၊ မည်သူမျှ စိုက် မကြည့်ဝံ့ တော့ချေ။

“ ခရစ် ... ။ ”

သုံးယောက်သား လက်တွဲ လိုက် ရုံဖြင့်၊ လင်းယွန်၏ ဓားရောင်ဝါမှာ အက်ကြောင်းများ ပေါ်လာသည်။

“ မကောင်း တော့ဘူး၊ ကောင်းကင် အမိုးဓားက အက်ကွဲ လာပြီ၊ သူ ခံနိုင်ရည် ရှိပုံ မရဘူး။ ”

ထိုမြင်ကွင်းက လူတိုင်းကို စိတ်လှုပ်ရှား လာစေသည်။ ကောင်းကင် အမိုးဓားသည် ပြိုင် ဘက်ကင်း၊ ရည်ရွယ်ချက် ဖြစ်ပုံ မရချေ။

ကျိလင်ဖုန်းတို့ သုံးယောက် ပူးပေါင်း ခြင်းဖြင့်၊ လောက နိယာမ နယ်ပယ် ပါရမီရှင်ပင် နောက်ဆုတ် ပေးရ ပေမည်။

သို့သော် ဤသည်မှာ လောက နိယာမ နယ်ပယ်၊ ပါရမီရှင် ဖြစ်၏။ လင်းယွန် မဟုတ် ချေ။

သူ့အား စိန်ခေါ် နေသော သုံးယောက်ထံ ကြည့်ကာ၊ သွေးများ ပွက်ပွက်ဆူ လာသည်ကို ခံစား လိုက်ရသည်။

ကောင်းကင် အမိုးဓားကို နားလည် သွားချိန်မှ စကာ၊ မျိုးဆက်တူ အတွင်း သူ့အား ဤသို့ ဖိအား ပေးနိုင်သော၊ အခြေ အနေမျိုး မခံစား ရသည်မှာ၊ ကြာပြီ ဖြစ်သည်။

နတ်နဂါး ခေတ်တွင် လူတိုင်း သည် အသက်ရှည် ခြင်းထက်၊ အိပ်မက်များ နောက်သို့ သာ လိုက်လို ကြ၏။

ထို့ကြောင့် ကောင်းကင်ပေါ် မော့ကြည့်ကာ၊ ဆုံးဖြတ်ချက်အား ပို၍ ပြတ်သား သွားစေသည်။ သည်နေ့ ဤအကြောင်း တရား အတွက် တိုက်ပွဲ ဝင်ရ ပေမည်။

“ ဟား ဟား ဟား .... ၊ နိဗ္ဗာန် ပွဲတော်ရဲ့ ချန်ပီယံ ငါ လင်းရှောင်က၊ မင်းတို့ စိန်ခေါ်မှုကို လက်ခံ ပါတယ်။ ”

လင်းယွန်၏ ပြန်ဖြေသံက ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ ထိုရယ်မောသံ အောက်၌ သူ့မာနကို ပေါ်လွင် စေ၏။

“ ဝှစ် ... ။ ”

ကောင်းကင်ပေါ် ခုန်တက်ကာ၊ သူတို့ သုံးယောက်၏ ဖိအားကို လက်ဖဝါးဖြင့် ရိုက်ချိုး ပစ်လိုက်သည်။

သူ့သွေးများ မကုန် သရွေ့၊ တိုက်ပွဲအား ရှောင်လွှဲ နေမည် မဟုတ်ချေ။ သေခြင်းသည် အဆုံး မဟုတ် သဖြင့်၊ မည်သည့် အရာ ကိုမျှ ကြောက်နေစရာ မလိုဟု ယုံကြည်၏။

ကောင်းကင်အား ကြောက်ရ မည်လော။ စိတ်မဝင် စားချေ။ ငါသည် ဓားဖြစ်ပြီး၊ ငါ့ဓား သည် ငါ့အား ကာကွယ် ပေးပေ လိမ့်မည်။

ပေ (၁၀၀၀၀) နီးပါး ရှည်သော နဂါး (၇)ကောင်ပေါ် လာပြီး၊ ချိတ်ဆက် ထားသော ကျိလင်ဖုန်း တို့၏ ရောင်ဝါကို၊ ချက်ချင်း ပေါက်ပြဲ သွားစေ တော့သည်။

ထိုဖြစ်စဉ်က ကြီးမားလွန်း သဖြင့်၊ နေ ရောင်ခြည်ကို ပိတ်ဆို့ကာ၊ ပတ်ဝန်းကျင်အား အရိပ်မိုး သွားစေ၏။

“ ဒါ ... ”

“ မဖြစ် နိုင်ဘူး။ ”

“ လခွမ်း ... ဒီကောင် ဘာကောင်လဲ။ ”

ရှယွင်ကွီ၊ ဆောင်ဦး တောင်တန်း သခင်နှင့် ကျိလင်ဖုန်းမှာ၊ ဤမြင်ကွင်းကြောင့် အံသြသွား လေသည်။

ပေ(၁၀၀၀၀) နီးပါး ရှည်လျားသော နဂါး များမှာ၊ ထာဝရ တည်နေသော တောင်တန်းကြီး (၇)သွယ်နှင့် တူနေ၏။

“ ဒီကောင် လူရော ဟုတ်ရဲ့လား ... ။ ”

လူတိုင်း ထိတ်လန့် ကုန်သည်။ သူတို့ မျှော်လင့်ထား သည်ထက်၊ ကျော်လွန် နေသော မြင်ကွင်းမျိုး ဖြစ်၏။

“ ထောင်း ... ။ ”

ဇရပ် ခေါင်မိုးတွင် နောက်ခံ သံစဉ်ကို တီးခတ် ပေးနေသာ မိန်ဇီဟော်၏ ဗျပ်စောင်း ကြိုးများ ပြတ်ထွက် သွားသည်။

အမြင် ကျယ်သော သူ သည်ပင်၊ နဂါး (၇) ကောင်ကို ကြည့်ကာ၊ ပါးစပ် အဟောင်းသား ဖြစ် လာတော့၏။

“ ဟား ဟား ဟား ... ၊ ငါတို့ သွေးတွေ မခန်းသရွေ့၊ တိုက်ပွဲကို ဘာလို့ ကြောက်နေရ မှာလဲ၊ ဂီတ ... ။ ”

လင်းယွန်က အရူး တစ်ယောက်လို ရယ်မောလျက်၊ မှင်တတ် နေသော မိန်ဇီဟော် ထံ လှည့်ကြည့်ကာ၊ ဗျပ်စောင်း တီးခတ်ရန်၊ ပြောလိုက် တော့သည်။

***

All Chapters