← Chapters

နောက်ဆုံး တိုက်ပွဲ။

Vol. 129 Ch. 1795

နောက်ဆုံး တိုက်ပွဲ။

Vol. 129 Ch. 1795

လေထု အလယ် ရပ်နေသော လင်းယွန် နောက်၌ နဂါး ခုနစ်ကောင် ရစ်ခွေ လှုပ်ရှားနေ ခဲ့သည်။

ယင်းကြောင့် ကျိလင်ဖုန်း၊ ရှယွင်ကွီနှင့်၊ ဆောင်းဦး တောင်တန်း သခင်မှာ ကြီးစွာသော ဖိအားကို ချက်ချင်း ခံစား လာရ၏။

ငရဲ လမင်း သူတော်စင် ချပ်ဝတ်ကြောင့်၊ ပေ(၆၀၀၀) နဂါး များသည်၊ လင်းရှောင်၏ နဂါး များနှင့် ယှဉ်က ရယ်စရာ ကောင်းနေသည်။

ဤသည်မှာ အောင်းဖန်တို့ နှစ်ဦးအား လင်းရှောင်မှ မျက်လုံးထဲ မထည့်ထား ခဲ့သော၊ အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။

အတိ အကျ ဆိုရသော်၊ လင်းယွန်၏ နဂါးသည် ပေ(၉၀၀၀)နှင့် (၁၀၀၀၀) ကြားသာ ရှိသည်။ သို့သော် ကွာခြားမှု မရှိဟု မြင်၏။

“ ဝှစ် ... ။ ”

သည်ထက် ပို၍ မတွေးတော နိုင်မီ လင်းယွန်က လျှပ်စီး အလား ခုန်ဝင် လာပြီ ဖြစ် သည်။

သုံးယောက် တစ်ယောက် ဖြစ်သော်လည်း၊ သူ့ဖိအားမှာ အလွန် ပြင်းထန်သဖြင့်၊ အသက်ရှူ ကြပ်စေ ခဲ့သည်။

ကျိလင်ဖုန်း တို့၏ ရောင်ဝါ ပေါ်တွင်၊ အက်ကြောင်းများ ပေါ်လာပြီး၊ အချိန် မရွေး ပေါက်ကွဲ တော့မည့် အသွင် ပြသ လာ၏။

ကောင်းကင် အမိုးဓားနှင့် ပေ(၁၀၀၀၀) ရှည်သော နဂါး များသည်၊ တိုက်ပွဲကို ချက်ချင်း အုပ်စီး မိစေသည်။

ဆောင်းဦး တောင်တန်း သခင်က ကျန်နှစ်ဦးနှင့် အကြည့်ချင်း ဖလှယ်ကာ၊ ခေါင်း ညိတ် လိုက်သည်။

ပေ (၁၀၀၀၀) နီးပါး ရှိသော နဂါး သွေး လွှတ်ကြော များက၊ မည်၍မည်မျှ ကြောက်စရာ ကောင်းမည်ကို မသိ သော်လည်း၊ လုပ်ဆောင် စရာ ရှိသည်ကို လုပ်ရ ပေမည်။

အဘယ်ကြောင့် ဆိုသော် သူသည် ဤသုံးယောက် ထဲ၌၊ အသန်မာ ဆုံးသော ရုပ်ခန္ဓာ ရှိသောကြောင့် ဖြစ်သည်။

လင်းယွန်ကို ထိပ်တိုက် ရင်ဆိုင်ရန် အရည်အချင်း မရှိသော်မှ၊ နည်းနည်း ကြာကြာ တောင့်ခံ နိုင်ပေမည်။

“ ဟိတ် ... ။ ”

ဆုံးဖြတ် ပြီးသည်နှင့် လင်းယွန်ထံ တိုးဝင်လိုက်ကာ၊ ရင်ဘတ်ကို ချိန်ရွယ် ထိုးနှက် လိုက်သည်။

“ ဘုန်း ... ။ ”

လက်သီးများက အသီးသီးသော ရင်ဘတ်ပေါ် ထိမှန် သွား ချိန်၌၊ ထင်ထား သည်ထက်၊ ပို၍ ပြင်ထန်းသော ဝေသနာကို ခံစား ရကာ၊ လွင့်စဉ် သွားသည်။

“ ခရစ် ... ။ ”

ရေခဲမြစ် အက်ကွဲသွား သကဲ့သို့ ပြတ်သားသော အသံမျိုး ထွက်ပေါ် လာကာ၊ ဆောင်းဦး တောင်တန်း သခင် တစ်ယောက် ကောင်းကင်မှ ပြုတ်ကျ သွားသည်။

“ ဝှစ် ... ။ ”

လေထဲ တစ်ပတ်ဂျွမ်း ပစ်ကာ၊ ခြေထောက်အား ကြမ်းပြင်၌ မြဲမံစွာ ရပ်နိုင်ရန်၊ အားစိုက် နင်းချ လိုက်ရ၏။

ကြမ်းပြင်၌ သံဖြင့် ရိုက်ထားသည့် သဖွယ်၊ ခြေထောက် တစ်စုံက စွဲမြဲစွာ နစ်ဝင် သွားတော့ သည်။

သူ့ ပတ်ဝန်းကျင်ရှိ နဂါး (၉)ကောင်လုံး ကွဲအက် သွားပြီး၊ နှုတ်ခမ်း ထောင့်မှ သွေးများ ယိုစီး ကျလာသည်။

ဤထိပ်တိုက် ရင်ဆိုင်မှုတွင်၊ ရှုံးနိမ့်သွား သော်လည်း၊ ဆောင်းဦး တောင်တန်း သခင်မှ၊ ပြုံးလိုက် မိသည်။

ဆိုလို သည်မှာ၊ ပေ(၁၀၀၀၀) ရှည်သော နဂါး များသည် သန်မာ သော်လည်း၊ သူ့အား ဒဏ်ရာ မပေး နိုင်ချေ။

“ စိတ်မကောင်း ပါဘူး၊ ပေ (၁၀၀၀၀) ရှည်တဲ့ နဂါး တွေက၊ အထင်ကြီး လောက်စရာ လည်း၊ မရှိ ပါလား။ ”

ဆောင်းဦး တောင်တန်း သခင်မှ၊ နှုတ်ခမ်း ထောင့်စွန်းမှ သွေးများကို သုတ်ပြီး ပြုံးလျက် ဆိုလိုက် တော့သည်။

စကား ဆုံးသည်နှင့် ခန္ဓာကိုယ်အား လှုပ်ခါလျက်၊ လှိုင်းများ ဖန်တီးကာ၊ မြှားကဲ့သို့ ပြေးဝင် လိုက် ပြန်သည်။

သူ သွားရာ လမ်းရှိ လေဟာနယ် ကွဲအက် သွားပြီး၊ လင်းယွန် ရှေ့၌ နောက်တစ်ကြိမ် ပေါ် လာ၏။

“ ဧကရာဇ် ခန္ဓာ — ရွှေနဂါး သူတော်စင် ချပ်ဝတ်။ ”

ရွှေရောင် အလင်းများ ဖြာထွက်လျက်၊ ရွှေနဂါး အကြေးခွံများ အရေပြား၌ ဖြစ်တည် လာသည်။

နှစ်ယောက်သား လေထု အလယ်တွင်၊ ထိပ်တိုက် တွေ့ဆုံ ကြပြီး၊ လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်ချိန်၌၊ ဆောင်းဦး တောင်တန်း သခင်မှာ၊ ချွေးများ သီးထ လာတော့သည်။

လင်းယွန်နှင့် ထိပ်တိုက် ရင်ဆိုင် ခြင်းသည်၊ သူ့အတွက် မလွယ်လှချေ။ တံဆိပ်များကို ထပ်မံ ဖန်တီး လိုက်ရာ၊ နဂါး ရောင်ဝါများ စုရုံး လာသည်။

“ ဟိတ် ... ။ ”

လင်းယွန် မြေပြင်ပေါ် ပြန်လည် ဆင်းသက်လာ အနားယူ သည်နှင့်၊ ကျိလင်ဖုန်း တို့ နှစ်ဦး ကလည်း၊ ခုန်ဝင် လိုက်သည်။

ဆောင်းဦး တောင်တန်း သခင်မှ သူတို့ အတွက် ဖန်တီးထားသော အခွင့်အရေး အပေါ်၊ အမိအရ ဆုပ်ကိုင် ရပေမည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

နှစ်ယောက်သား လားရာ နှစ်ဖက်မှ နေ၍ ညှပ်ပြီး တိုက်ခိုက် လာသဖြင့်၊ လင်းယွန် ခမျာ နောက်ပြန် ဆုတ်ပေး လိုက်ရသည်။

ထိုအချိန်တွင် ဆောင်းဦး တောင်တန်း သခင်က၊ သူ့လက် ထဲရှိ တံဆိပ်အား ပစ်ထုတ် လိုက်သည်။

ဤတိုက်ခိုက်မှုကို ရှောင်တိမ်းရန်၊ မဖြစ်နိုင်မှန်း ဓားနှလုံးသားမှ သတိပေး လာ၏။ တစ်ဖက်တွင် ကျိလင်ဖုန်းနှင့် ရှယွမ်ကွီ မှလည်း၊ သူ့အား ပိတ်ဆို့ ထားသည်။

“ ဘုန်း ... ။ ”

ထို့ကြောင့် ဆောင်းဦး သခင်၏ လက်ဝါး ရိုက်ချက်အား ခံယူကာ၊ မီတာ တစ်ရာ အကွာ သို့၊ ထပ်မံ ဆုတ်ခွာ လိုက်ရသည်။

နဂါး ရူရ် တစ်သိန်းမှာ ထက်ဝက်ခန့် ကွဲအက် သွား၏။ နဂါးပြာ အရိုးမှ ချက်ချင်း ပြန်လည် ဖြည့်တင်း နိုင်ခြင်း မရှိ ခဲ့ချေ။

မိုးပြာ နဂါး ခန္ဓာကိုယ် နှင့်ပင် ကျွမ်းကျင် ပညာရှင် သုံးဦးကို ရင်ဆိုင်ရန် တန်ကြေးတစ်ခု ပေးဆပ် ရဆဲ ဖြစ်၏။

“ အတူတူ သွားရအောင်။ ”

ကျိလင်ဖုန်းက ကျန်နှစ်ဦးအား အတူ ဝင်တိုက်ရန် အချက်ပြ လိုက်သည်။ လင်းယွန် ကို အသက်ရှူခွင့် မပေး လိုချေ။

လင်းယွန်က နဂါး မူလကို သိပ်သည်း စေပြီးနောက်၊ အဝေးမှ ဓားအား လှမ်းခေါ် လိုက် လေသည်။

“ ရွှပ် ... ။ )

တိုက်ပွဲ စချိန်၌ စင်မြင့်ပေါ် ထိုးစိုက် ထားခဲ့သော ပန်းသင်္ချိုင်း ဓားမှာ၊ တုန်ခါ ပျံသန်း လာတော့သည်။

သို့သော် ဓားဖျား၏ လားရာသည် လင်းယွန်ထံ မဟုတ်ချေ။ ကျိလင်ဖုန်း တို့ထံ ဖြစ်သည်။

အလွန် အန္တရာယ် ပေးနိုင်သော ရောင်ဝါ တစ်ခု နီးကပ်လာ သည်ကို ခံစားလိုက် ရသော၊ ကျိလင်ဖုန်း တို့မှာ၊ လင်းယွန်ထံ ဦးတည်သည့်၊ ခြေလှမ်းအား ချက်ချင်း ရပ်လိုက် ရ၏။

ထိုအချိန်တွင် ပန်းသင်္ချိုင်း ဓားသည် လင်းယွန်နှင့် သူတို့ကြား ဖြတ်ဝင်ကာ၊ နောက် ဆုတ်ရန်၊ ဖိအား ပေးလာ တော့သည်။

လင်းယွန်၏ နဂါး (၇) ကောင်က၊ ၎င်းဓားအား ရစ်ခွေလျက်၊ ရောင်ခြည် များနှင့် ပစ်လာ၏။

ကျိလင်ဖုန်း တစ်ယောက် ချက်ချင်း ဓားမော့အား ဆွဲထုတ်ကာ ကာလိုက် ရသည်။ သူ့နောက်တွင် ဖီးနစ် သစ်ပင်ကြီး တစ်ပင် ထိုးတက် လာခဲ့၏။

ရှယွမ်ကွီမှာ ကောင်းကင် အမိုးဓားကို မည်သို့ တားဆီး ရမည်အား မတွေး တောနိုင် သဖြင့်၊ အမြန် နောက်ဆုတ် လိုက်သည်။

ဆောင်ဦး သခင် သည်သာ၊ အငြိမ်ဆုံး ဖြစ်၏။ သူတော်စင် ခန္ဓာ ကိုယ်အား ထုတ်ဖော် ထား သောကြောင့်၊ ဓား အလင်းက အကြေးခွံ ပေါ်၊ ထိမှန် သွားသည်။

“ ထန် ... ။ ”

မီးပွားများ ပွင့်လာ သော်လည်း၊ အနေအထား မပြတ်ချေ။ အရေး ကြီးသော အစိတ် အပိုင်း များကို ကာကွယ် နိုင်ခဲ့သည်။

ပွဲကြည့် ပရိသတ် များမှာ အံသြ သွားပြီး၊ စိတ်လှုပ်ရှား လွန်းသောကြောင့် အသက်ရှူ ရပ် ကုန်၏။

ဤတိုက်ပွဲသည် နှစ်တစ်ရာ အတွင်း မြင်ရခဲသော တိုက်ပွဲမျိုး ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ အချက် အလက် များကို လက်လွတ် မခံချင် ကြချေ။

ဤတိုက်ပွဲမှ တစ်စုံ တစ်ရာ အကျိုး အမြတ် ရရှိနိုင် မည်ဟု ယုံကြည်သည်။

ထိုအချိန်တွင် ဆောင်းဦး တောင်တန်း သခင်မှ ရှေ့လှမ်း တက်ကာ၊ ပန်းသင်္ချိုင်း ဓား၏ ထိပ်ဖျားကို၊ ဖမ်းကိုင် လိုက်၏။

ယင်းကြောင့် ပန်းသင်္ချိုင်း ဓားက တုန်လှုပ်လျက်၊ ရုန်းကန် တော့၏။ ဓားပေါ်ရှိ ရောင်ဝါများ အားလုံးကို တွန်းထုတ်ခြင်း ဖြစ်လေသည်။

အားပြင်းသော လှိုင်းလုံးကြီး တစ်ခု ပေါ်လာပြီး၊ နဂါး တစ်ကောင်ကို ဖမ်းဆုပ်ထား သကဲ့သို့၊ ခံစား လိုက်ရ၏။

“ မြန်မြန် ... သူ့ကို တိုက် ... ။ ”

ဆောင်းဦး တောင်တန်း သခင်က ရွှေနဂါး လက်သည်းကို ထုတ်ဖော်ကာ၊ အတင်း အကြပ် ဆုပ်ကိုင် နေလျက်မှ အော်သည်။

“ ဝှစ် ... ။ ”

ကျိလင်ဖုန်းနှင့် ရှယွမ်ကွီမှ သူ့ စကား အတိုင်း၊ တွန့်ဆုတ်ခြင်း မရှိဘဲ၊ မီတာ တစ်ရာ အကွာမှ ဓားကို ခြယ်လှယ် နေသော လင်းယွန်ထံ ပြေးဝင် သွားလေသည်။

ယင်းက လင်းယွန် အတွက်၊ နောက်တစ်ကြိမ် အဆင် မပြေ ဖြစ်လာသည်။ သို့တိုင် သူ့အကြည့် များက၊ ပန်းသင်္ချိုင်း ဓား၌သာ ရှိနေ၏။

ဓားပင်လယ် ရုတ်တရက် ပွက်ပွက်ဆူ လာပြီး၊ ဆောင်းဦး တောင်တန်း သခင်အား ထိန်းရ ခက်ခဲ လာစေ၏။

“ မြန် မြန် ... ။ ”

မျက်နှာ ရှုံ့တွလျက်၊ လင်းယွန်ထံ ချည်းကပ်သွား နေသော သူ့အဖော် နှစ်ယောက် ထံ ကြည့်သည်။

ထိုအချိန်တွင် လင်းယွန်က ညာလက်ကို ရိုက်ထုတ် လိုက်သည်။ ပေ တစ်သောင်း ရှိသော နဂါး များက ပန်းသင်္ချိုင်း ဓား အတွင်း ပေါင်းစည်း သွား၏။

“ ခရစ် ... ။ ”

ဆောင်းဦး တောင်တန်း သခင်၏ နဂါး အကြေးခွံများ နှင်းပွင့်များ ကဲ့သို့၊ ကွာကျလာ လေသည်။

“ ဝေါ့ ... ။ ”

သွေးတစ်လုတ် အန်လျက်၊ ပန်းသင်္ချိုင်း ဓားကို လွှတ်ပေး လိုက်ရကာ၊ ခြေသုံး လှမ်းမျှ နောက်ဆုတ် လိုက်မိသည်။

၎င်း၏ ခြေလှမ်း တိုင်းသည်၊ တောင်ကြီး တစ်လုံး ရွေ့သွား သကဲ့သို့၊ စင်မြင့် တစ်ခုလုံးကို ယိမ်းထိုး သွားစေသည်။

“ ပြန်လာ ... ။ ”

လင်းယွန်က လက်ကို ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားအား လှမ်းဆွဲ လိုက်သည်။ ထို့နောက် အနား ရောက်လာပြီ ဖြစ်သော ကျိလင်ဖုန်း၏ ဓားမော့နှင့်၊ ရှယွမ်ကွီ၏ လက်ဖဝါးအား ခံပေး လိုက်သည်။

မိုးပြာ နဂါး ခန္ဓာ ကိုလည်း၊ ထုတ်ဖော် လိုက်သဖြင့်၊ ကျိလင်ဖုန်းတို့ ခမျာ လက်တွဲထား သော်လည်း၊ လေးလံသော ဖိအားများ ခံစား လိုက်ရသည်။

လှုပ်ရှားမှု ဆယ်ကြိမ် ပြည့်သည်နှင့် ပန်းသင်္ချိုင်း ဓားက နဂါး အမြီး ကဲ့သို့ သူတို့ထံ ဝင်ရောက် လာသည်။

ဓားရောင်ခြည်ကြောင့် ကောင်းကင်၌၊ အက်ကွဲ ကြောင်းများ ပေါ်လာပြီး၊ ရှယွမ်ကွီပေါ် ထိမှန် သွား၏။ ရင်ဘတ် ပေါ်တွင် ပြတ်ရှရာ တစ်ခု ဖြစ်ပေါ် လာကာ၊ သွေးများ စိမ့်ထွက် လာတော့သည်။

“ ဖီးနစ် အတောင်ပံ ဖြန့်ခြင်း။ ”

ကျိလင်ဖုန်း မှာမူ၊ နဂါး အမြီးကို တားဆီး နိုင်ခဲ့သည်။ သူ့နောက်၌ ဖီးနစ် တစ်ကောင် ရှိနေ ပြီး၊ အစွမ်းထက်သော ရောင်ခြည်များ ဖြာထွက် နေသည်။

“ ရွှပ် ... ။ ”

ဤဓားသည် ပြင်းထန် သဖြင့်၊ နဂါး အမြီးအား ဖြတ်ကာ၊ လင်းယွန်ထံ ဆက်လက် ဦးတည် သွားတော့သည်။

ထိုအချိန်တွင် လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ဆောင်ဦး တောင်တန်း သခင် ထံသို့၊ ပစ်လွှတ် လိုက်၏။

ပန်းသင်္ချိုင်း ဓားက လျှပ်စီး အလား၊ အာကာပြင်ကို ခွဲလျက်၊ ရပ်ခြေ မငြိမ်သေးသည့်၊ ဆောင်ဦး တောင်တန်း သခင်၏ ရင်ဘတ်ပေါ် ထိမှန် သွားသည်။

“ ဝေါ့ ... ။ ”

ယင်းကြောင့် ဆောင်းဦး တောင်တန်း သခင်ခမျာ၊ နောက်ထပ် သွေး တစ်လုတ်ကို အန်ချ ပစ်လိုက် ရသည်။

ဓားသည် ရင်ဘတ်ပေါ်ရှိ နဂါး အကြေးခွံ များနှင့် ထိကာ၊ ပြန်ကန်ထွက် သွားတော့၏။ ယင်းသည် အခွင့်ရေး တစ်ရပ် ဖြစ်သည်။

လင်းယွန်၌ ယခု ဓား မရှိ တော့ချေ။ သူကဲ့သို့သော တစ်စုံ တစ်ယောက်သည် ထိုမျှ သေးငယ်သော အားသာချက် ကိုပင်၊ အမိ အရ ဆုပ်ကိုင်ကာ၊ နိုင်ပွဲ ရယူ နိုင်လိမ့် မည်ဟု၊ ကျိလင်ဖုန်းမှ ယုံ၏။

ထို့ကြောင့် လင်းယွန်အား ဓားမော့ဖြင့် ဝင်ပိုင်း လိုက်လေသည်။ သို့သော် လင်းယွန်က ဓားမော့အား ဖမ်းကိုင် လာ သောကြောင့်၊ ချက်ချင်း မျက်လုံးပြူး သွား၏။

“ ခရစ် ... ။ ”

ခရမ်း-ရွှေရောင် နဂါး ရူရ်များ ကွဲလျက်၊ လင်းယွန် လက်ဖဝါး၌ သွေးများ စီးကျ လာလေ သည်။

ထိုမြင်ကွင်းကြောင့် ကျိလင်ဖုန်း ခမျာ အသက် ပြင်းပြင်း ရှူလိုက် မိ၏။ ဤလူသည် သူ့ကိုယ် သူပင်၊ သနား ညှာတာခြင်း မရှိချေ။

“ ကောင်းကင် နတ်မိစ္ဆာ ဆေးအိုး တံဆိပ်။ ”

ဝေဟင်မှ ဟောက်သံ ထွက်ပေါ် လာပြီး၊ ရှေးဟောင်း ဆေးအိုးကြီး တစ်လုံးနှင့် အတူ၊ ရှယွမ်ကွီက လင်းယွန်ထံ ခုန်ဆင်း လာ လေသည်။

လင်းယွန်နှင့် နီးကပ် လာသော အခါ၊ သိုင်းရည်ရွယ်ချက် သုံးပါးကို၊ ထိုအိုးကြီး ထဲသို့ ပေါင်းထည့် လိုက်တော့၏။

***

All Chapters