တောက်ပသော အပြုံး ... ။
Vol. 129 Ch. 1796
သိုင်း ရည်ရွယ်ချက်ကြောင့်၊ ဆေးအိုး တစ်လုံး ပေါ်ပေါက် လာပြီး၊ ရှယွမ်ကွီ ရောင်ဝါ များ မြင့်တက် သွားသည်။
များ မကြာမီ၊ သူ့ရောင်ဝါမှာ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်အား ဖြတ်ကျော် သွားခဲ့၏။ လင်းယွန်က ဘယ်လက်ကို မြှောက်လျက်၊ နောက်ပြန် ဆုတ်သည်။
ပန်းသင်္ချိုင်း ဓားက လင်းယွန်၏ စေခိုင်းမှုကြောင့်၊ သူ့နောက်ကျောမှ ပြေးဝင်လာ သဖြင့်၊ ရှယွမ်ကွီ မျက်နှာ ပြောင်းလဲ သွားသည်။
ထို့ကြောင့် ဓားကို ပိတ်ဆို့ လိုသော်လည်း၊ နောက်ကျ သွားခဲ့သည်။ အဆုံးတွင် ပန်းသင်္ချိုင်း ဓားမှာ၊ ရင်ဘတ်အား ထိုးဖောက်လျက်၊ သွေး တစ်လုတ် အန်ကာ၊ ဒူးထောက် ကျသွား၏။
သူ ဖန်တီး ထားသော ရှေးဟောင်း ဆေးအိုးကြီးမှာ၊ လင်းယွန်နှင့် မထိ မှန်ခင်၊ ပျောက်ကွယ် သွား တော့သည်။
“ မကောင်း တော့ဘူး ... ။ ”
ကျိလင်ဖုန်းက မျက်ခုံး ပင့်လျက် နောက်ဆုတ် သွား၏။ ထိုအချိန်တွင် လင်းယွန်မှ ဓားကိုင် လက်အား ဖြေလျော့ ပေးလာသည်။
သူ ပြန်ဆုတ် မည်ဟု လင်းယွန်မှ ကြိုတင် တွက်ဆ ထားနိုင်ပုံ ရ၏။ ထိုအတွေးက သူ့အား ရှုပ်ထွေး သွားစေသည်။
“ ရွှပ် ... ။ ”
ထိုအချိန်တွင် လင်းယွန်က နဂါးရူရ် တစ်သိန်းကို စုစည်းကာ၊ သူ့ ရင်ဘတ် ဆီသို့ ဓားတစ်လက် ကဲ့သို့ ထိုးသွင်း လိုက်သည်။
ရင်ဘတ်ကို ကာကွယ် ထားသော နဂါး မူလ ကွဲအက်လာပြီး၊ သူ့နောက်ရှိ ဖီးနစ် သစ်ပင်ကြီး ပြိုကျ သွားသည်။
“ ဝှစ် ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ လင်းယွန်က ဆောင်းဦး တောင်တန်း သခင် ရှေ့သို့၊ ရွေ့လျား သွားတော့၏။
ထို့နောက် ရှယွမ်ကွီ ရင်ဘတ်ထဲ စိုက်ဝင် နေသည့်၊ ပန်းသင်္ချိုင်း ဓားကို ချက်ချင်း ပြန်ခေါ် ပြီး၊ ခုတ်ချ ပစ်လိုက်သည်။
“ အ ... ။ ”
ဓားချက်ကြောင့် လွင့်စဉ် သွားပြီး၊ မတ်တပ် ထရပ်ရန်၊ ရုန်းကန် နေစဉ်၊ နဖူးနှင့် တစ်လက်မ အကွာ၌၊ ဓားဖျားက ရပ်တန့် သွား၏။
“ မင်း ရှုံးပြီ ... ။ ”
လင်းယွန်မှ ပြောသည်။ ဆောင်ဦး တောင်တန်း သခင် ခမျာ၊ ခွန်အား မရှိတော့ သကဲ့သို့၊ ပျော့ခွေ သွား တော့သည်။
ဤမြင်ကွင်းကြောင့် ပတ်ဝန်းကျင်မှာ၊ တိတ်ဆိတ် သွား၏။ နဂါး သွေးလွှတ် ကြော၏ ထိပ်ဆုံး သုံးယောက် အနက် တစ်ယောက်မှာ ဒူးထောက်ပြီး၊ တစ်ယောက်က ကြမ်းပြင်၌ လဲလျောင်း နေသည်။
ကျန် တစ်ယောက် ကိုမူ၊ နဖူးထံ ဓားဖြင့် ချိန်ရွယ်ကာ မလှုပ် နိုင်အောင်၊ ပြုလုပ် ထား၏။ ထိုစဉ် လင်းယွန်မှ ရုတ်တရက် နောက်ဆုတ် သွားပြီး လက်ဝှေ့ ယမ်းကာ၊ ရှယွမ်ကွီအား တွန်းထုတ် ပစ်လိုက်သည်။
“ ဝှစ် ... ။ ”
ဘယ်လက် ကိုလည်း အရှိန်ပြင်းပြင်းဖြင့် ဝှေ့ယမ်းလျက် ကျိလင်ဖုန်းထံ လှမ်းရိုက်ကာ၊ လွင့်ထွက် သွားစေ ခဲ့၏။
“ မင်း … ။ ”
ဆောင်းဦး တောင်တန်း သခင်မှ စကားပြောရန် ပြင်လိုက် ချိန်တွင်၊ လေပြင်းများ တိုက်ခတ် လာပြီး၊ သူ့ကိုလည်း စင်ပေါ်မှ တွန်းချပစ် တော့သည်။
ဤမြင်ကွင်းသည် လူတိုင်းကို စိတ်ရှုပ် သွားစေ ခဲ့၏။ လင်းယွန်မှာ အောင်နိုင် ခဲ့ပြီး ဖြစ်သည်။
“ ဖျစ် ... ။ ”
ထို့ကြောင့် ၎င်းတို့ သုံးဦးကို၊ အရှက် ခွဲရန် မလိုချေ။ ထို့စဉ် ကောင်းကင်မှ လျှပ်စီးကြောင်း တစ်ခု ဆင်းသက် လာကာ၊ အတား အဆီးကို ဖျက်ဆီး ဝင်ရောက် လာသည်။
လျှပ်စီးသည် ဒေါသ ကြီးသော သားရဲကြီး တစ်ကောင် ကဲ့သို့၊ လင်းယွန် ခေါင်းထံ ရည်ရွယ် နေ၏။
လင်းယွန်မှ ရှောင်လိုက် သဖြင့်၊ လျှပ်စီး ကြောင်းက ကြမ်းပြင်ပေါ် ပြုတ်ကျ သွားကာ၊ ကြောက်မက်ဖွယ် အက်ကွဲ ကြောင်းများ ထင်ဟပ် လာစေသည်။
စင်မြင့်ကို မိုးကြိုး သံဖြင့် သွန်းလုပ်ပြီး၊ မာကျော လာစေရန်၊ သူတော်စင် သားရဲ သွေး နှင့်၊ သန့်စင် ထားသည်။
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ပင်လျှင်၊ ဖျက်ဆီး နိုင်မည် မဟုတ်ချေ။ သို့သော် လျှပ်စီးသည် တစ်ချက် တည်းဖြင့် စင်မြင့်ပေါ်၊ အက်ကြောင်းများ ထင်စေ ခဲ့သည်။
“ ဂျိန်း ... ။ ”
လူတိုင်း မတုံ့ပြန် နိုင်မီ၊ ကောင်းကင်မှ လျှပ်စီးများ ထပ်မံ ကျဆင်းကာ၊ အက်ကြောင်း ကို ပို၍ ကျယ်လာ စေ၏။
အလွန် ကြောက်လန့် သွားပြီး၊ လူတိုင်း စကား မပြောနိုင်ချေ။ ဤသည်မှာ ကောင်းကင် ဒုက္ခ ဖြစ်၏။
မိုးကြိုးကျွန်း တစ်ခု လုံးကို လွှမ်းခြုံ ထားသည့်၊ သည်မျှ ကြောက်မက်ဖွယ် မိုးကြိုး တိမ်တိုက် များကို၊ တစ်ခါမှ မတွေ့ ဖူးချေ။
ဤသည်မှာ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို ကျော်လွန် နေသော ဒုက္ခ ဖြစ် လေသည်။
“ ဖျစ် ... ။ ”
ရုတ်တရက် မီတာ တစ်ရာ နီးပါး ရှည်လျားသော၊ လျှပ်စီးကြောင်း တစ်ခု ကောင်းကင်မှ ပြုတ်ကျ လာသည်။
ယင်းက မှင်တတ် နေသူ တိုင်းကို အံ့အားသင့် စေခဲ့ပြီး၊ အများစုမှာ ပါးစပ် ဟောင်းလောင်း ဖြစ်ကုန် ကြသည်။
အားနည်းသော လူငယ် များမှာ၊ တုန်လှုပ်လျက် ဒူးထောက် ကျ သွားသည်။ လေးလံသော ဖိအား အောက်တွင်၊ ၎င်းတို့၏ နဂါး မူလ ကိုပင် ကောင်းစွာ မလည်ပတ် နိုင်တော့ချေ။
လျှပ်စီး များက စင်မြင့် တစ်ခု လုံးကို ဖုံးလွှမ်းလာပြီး၊ ဆက်တိုက် ပေါက်ကွဲ ကုန်ကာ ကောင်းကင်နှင့် မြေကြီးအား တုန်ခါ လာစေ ခဲ့သည်။
လူတိုင်း မတ်တပ် ထရပ်ကာ လွတ်ရာသို့ ဆုတ်ခွာ လိုက်၏။ အဘယ့်ကြောင့် ဆိုသော် ဤဒုက္ခသည် အစသာ ဖြစ်သည်။
နောက်ထပ် ကြောက်မက်ဖွယ် ကောင်းသောကြောင့် လျှပ်စီးများ ဆင်းသက် လာနိုင်၏။
ဒုက္ခ၏ အကြွင်းအကျန် လှိုင်းများ ပျံ့နှံ့ သွားသော အခါ၊ သွေးမိုး ကြိုးစင် မြင့်သည် အပျက်အစီး နယ်မြေ အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
လေထဲ ၌ပင် ကျောက်တုံးများ ပျံဝဲ နေခဲ့သည်။ တုန်လှုပ် ချောက်ချားဖွယ် လှိုင်း များကြား၊ ကျိလင်ဖုန်းက ဦးစွာ အသိဝင် လာ၏။
“ လင်းရှောင် ... လင်းရှောင် ဘယ်မှာလဲ။ ”
သူ့မေးခွန်းကြောင့် ကျန်နှစ်ဦး မှလည်း၊ မျက်နှာများ ပြောင်းလဲ သွားသည်။ နှလုံးသား၌ အပြစ် များနှင့် ပြည့်နှက် လာ၏။
တစ်ဖက် လူသည် ဒုက္ခများ ကျဆင်း လာမည်ကို သိထားပြီး ဖြစ်သဖြင့်၊ သူတို့အား မတိုက်ခိုက် လိုခြင်း ဖြစ်သည်။
သည့်အပြင် ဒုက္ခ ကျဆင်း ချိန်၌လည်း သူတို့အား စက်ကွင်း မမိစေရန်၊ တွန်းထုတ် ပေး ခဲ့၏။
တစ်ဖက် လူနှင့် ယှဉ်က၊ သူတို့ သုံးယောက်သည်၊ အမြင် ကျဉ်းမြောင်း ကြပြီး၊ နဂါး သွေးလွှတ်ကြော ပထမ နေရာ အတွက် သာ တွေးနေ မိသည်။
“ ဒါက ငါတို့ အပြစ် တွေပါ ... ။ ”
ဆောင်းဦး တောင်တန်း သခင်၏ နှုတ်ခမ်းများ တုန်ယင်လျက် နာကျင်မှုကြောင့် သူ့ကိုယ်သူ အပြစ်သား သဖွယ် မြင်လာ မိလေသည်။
“ ဟိုမှာ ကြည့်စမ်း ... ။ ”
လှိုင်းများ ငြိမ်သက်သွား ပြီးနောက်၊ သွေးမိုးကြိုး သတ္ထု အပိုင်းအစ တစ်ခု ပေါ်တွင် ရပ်နေသော အဖြူရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်ကို တွေ့လိုက် ရသည်။
အဝတ် အစားများ စုတ်ပြဲ နေပြီး၊ မိုးကြိုး တိမ်တိုက် များကို မော့ကြည့်လျက် ဓားကဲ့သို့ မတ်မတ် ရပ်နေ၏။
“ လင်း ရှောင် ... ။ ”
“ ဒီကောင် ... ။ ”
ကျိလင်ဖုန်းတို့ သုံးဦးမှာ အပျော်ဆုံး ဖြစ်သည်။ ထိုအမြင် ကျဉ်းမှုကြောင့် လင်းရှောင် သာ သေဆုံး သွားပါက၊ သေသည် အထိ၊ သူတို့ နောင်တရ နေမိမည် ဖြစ်သည်။
ဤအခိုက်တွင် လင်းယွန်က ဓားကိုင်လျက်၊ မျက်နှာ၌ ကြောက်ရွံ့မှု တစိုး တစိမျှ မရှိ ခဲ့ချေ။ ယွဲ့ဝေဝေ အနားရှိ ဓားသမား သုံးယောက်မှာ၊ ထိုမြင်ကွင်းကြောင့် အသက်ရှူ ကြပ်သွား လေသည်။
ဤလူငယ်အား သူတို့ တစ်သက်လုံး မျှော်ကြည့် ရပေ တော့ပမည်။ လက်ရှိ အချိန်၌ စိတ်ထဲ စကားလုံး နှစ်လုံးသာ ပေါ်လာ၏။
( ဓား နတ်ဘုရား။ )
ကမ္ဘာ ပေါ်တွင် ဓားနတ်ဘုရား တစ်ပါး ရှိလာမည် ဆိုက၊ ထိုသူသည် လင်းယွန်သာ ဖြစ်ပေမည်။
“ ဂျိန်း ... ။ ”
မိုးကြိုးများ ဆက်လက် ဆင်းသက် လာသဖြင့်၊ လင်းယွန်က ဓားကို မြှောက်လိုက်တော့ သည်။
ဓား ရောင်ခြည်များ ဖြာထွက် လျက်၊ ကောင်းကင်အား နေ့ခင်း အလင်းရောင် အလား လင်းလက် သွားစေ၏။
“ ရွှပ် ... ။ ”
လျှပ်စီးအား ဓားဖြင့် ဖြတ်တောက် လိုက်သော်မှ၊ သူ့အပေါ် အဖျား ခတ်ကာ၊ သွေးများ ဖုံးလွှမ်း သွားသည်။
ထိုလျှပ်စီးက ခန္ဓာထဲ စိမ့်ဝင်ကာ၊ ဓားရည်ရွယ်ချက်၊ ကိုယ်လုံး ကိုယ်ပေါက်နှင့် နဂါး မူလ တို့အား အသွင်ပြောင်း ပေးနေသည်။
ဤသည်မှာ ကောင်းကင် ဒုက္ခ များ၏ အကျိုး ကျေးဇူး ဖြစ်၏။ အန္တရာယ်နှင့် အခွင့် အရေးကို တပြိုင်နက်တည်း ခံစားရ ပေမည်။
“ ဂျိန်း ... ။ ”
အသွင် မပြောင်း နိုင်ပါက အသက် ဆုံးရှုံး ပေမည်။ လျှပ်စီးများ မြန်လေလေ၊ သူ့ဓားမှာ နှေး လေလေ ဖြစ်၏။
သူ အသုံးပြု နေသော ဓားရေးသည် လေးနက်ပုံ ပေါ်သည်။ မြင့်မြတ်သော တာအို ပါ၀င်နေ သကဲ့သို့၊ ထူးဆန်း ချေ၏။
ပန်းသင်္ချိုင်း ဓား တစ်ဝိုက်တွင် မမြင် နိုင်သော လေစီးကြောင်း တစ်ခု ရှိသည်။ လေစီး ကြောင်းမှာ အားနည်းပြီး၊ သာမန် မျက်စိဖြင့် မမြင် နိုင်ချေ။
ဓားနှလုံးသား ဖြင့်သာ ရှင်းရှင်း လင်းလင်း မြင်နိုင်၏။ ဤသည်မှာ ပိုးစုန်းကြူး နတ်ဓား၏ စည်းချက် ဖြစ်သည်။
ထုတ်လွှတ် ထားသော ဓားရောင်ခြည်မှာ တဖြည်းဖြည်း မှိန်ဖျော့ လာပြီး၊ ကောင်ကင်မှ ပို၍ ကြောက်စရာ ကောင်းသော မိုးကြိုးများ ဆင်းသက် လာသည်။
သူတော်စင် ခန္ဓာကိုယ် ဖြင့်ပင်၊ ပြင်းထန်သော နာကျင်မှုကို ခံစား နေရသည်။ သို့သော် ဓားကို မရပ်မနား ခုတ်ပိုင်း ကစား နေဆဲ ဖြစ်၏။
ဤဓားရေးသည် ဒုက္ခကို ဟန့်တားရန်၊ အတွက် အသုံး မဝင်ချေ။ ထို့ကြောင့် ကြည့်နေ သူတိုင်း၊ နား မလည်နိုင် ဖြစ်လာ ခဲ့ရ၏။
တစ်ချိန်တည်း မှာပင် အလင်းနှင့် ဓား ရည်ရွယ်ချက်များ ပျံကား သွားပြီး၊ လူတိုင်း သူ့ကို ရှာမတွေ့ တော့ချေ။
အချိန် အတော်ကြာ ပြီးနောက်၊ ဓား ရောင်ခြည် များပါ၊ ပျောက်ကွယ် သွားပြီး ကောင်းကင်က မှောင်ကျ သွားသည်။ လျှပ်စီး များသာလျှင် တစ်ချက် တစ်ချက် ဝင်းပ လာတတ်၏။
ဓား ရည်ရွယ်ချက်မှာ၊ အားနည်း သွားခဲ့ပြီး၊ ဓား ပင်လယ်သည် လေးပုံ သုံးပုံခန့် ခန်းခြောက် သွားတော့သည်။
“ ဖျစ် ... ။ ”
ကောင်းကင်ကြီး ပိုပို မှောင်လာကာ၊ လျှပ်စီးများပင် တဖြည်းဖြည်း မှိန်ဖျော့ လာခဲ့ ၏။
လင်းယွန် သည်သာ ဤကမ္ဘာကြီး ပေါ်၌ ကျန်ရှိ နေသည့် တစ်ဦး တည်းသော သက်ရှိ အလား ထင်လာ ရသည်။
ဒုက္ခ၏ တန်ခိုးသည် ပို၍ ကြီးထွား လာ ပြီးနောက်၊ ဝိညာဉ် များကို တုန်လှုပ် စေသည် အထိ၊ အစွမ်းထက် လာ၏။
မိုးကြိုး တိမ်တိုက်များ အတွင်း စုဆောင်း ထားသော စွမ်းအားသည် မယုံနိုင်ဖွယ် မြင့်မား လာ ခဲ့သည်။
နောက်အခိုက် အတန့်တွင် လျှပ်စီး စွမ်းအင်များ စုပ်ဝဲ အသွင် ပွက်ပွက်ဆူလျက် လျှပ်စီးကြောင်း တစ်ခု ဆင်းလာ၏။
ကမ္ဘာကြီး တစ်ခုလုံး မှောင်ကျ သွားကာ၊ ပိုးစုန်းကြူးလေး တစ်ကောင် ရုတ်တရက် ထပျံ သွားသည်။
ထို့နောက်တွင် လင်းယွန် ပုံရိပ်မှာ ပျောက်ကွယ် သွားပြီး၊ ဓား ရည်ရွယ်ချက် ကျန်ရှိ တော့၏။
လျှပ်စီး ကြောင်းနှင့် ယှဉ်သော်၊ ထိုဓားမှာ သေးငယ်လှ ချေ၏။ သို့သော် များစွာ ထက်ရှ ချေသည်။
“ ခရစ် ... ။ ”
တစ်စုံ တစ်ခု ပြိုကျ နေ သကဲ့သို့၊ အာကာပြင် တုန်ခါလျက်၊ လေဟာနယ် အက် ကြောင်းများ ပေါ်လာသည်။
“ ဟိတ် ... ။ ”
လင်းယွန်၏ ဓားသည် ပိုးစုန်းကြူး တစ်ကောင် အလား၊ လျှပ်စီးကြောင်း ထဲသို့ တိုးဝင်ကာ၊ ဒုက္ခကို ဖျက်ဆီး တော့သည်။
ပရိသတ် များက အော်ဟစ် မိကုန်၏။ အချို့မှာ ထိတ်လန့်ပြီး ပါးစပ်ကို အုပ်လိုက် ကြသည်။
“ ဖောင်း ဖောင်း ဖောင်း ... ။ ”
ခဏ အကြာတွင် ပေါက်ကွဲ သံများ ထွက်ပေါ် လာ၏။ မှောင်ကျ သွားသည်နှင့် အမျှ လေထု အလယ် မှိန်ဖျော့စွာ ပျံဝဲ နေသော အဖြူဝတ် လူငယ်ကို မြင်လာ ရသည်။
ဆံပင်များ လွင့်ဝဲလျက်၊ သူ့မျက်နှာ အနှံ့ သွေးများ ရွှဲရွှဲစို နေပြီး၊ တောက်ပသော အပြုံး တစ်ပွင့်ကို၊ ထုတ်ဖော် ထားခဲ့၏။
***