နဂါး သွေးလွှတ်ကြော ချန်ပီယံ။
Vol. 129 Ch. 1797
လင်းယွန် တစ်ယောက် ကြမ်းပြင် ပေါ်သို့၊ ဆင်းသက် လာသည်။ စင်မြင့် တစ်ခုလုံး ပျက်စီး နေပြီး၊ ထိုင်ရန်ပင် နေရာ မရှိချေ။
အသက် ပြင်းပြင်း ရှူလျက်၊ မျက်လုံး မှိတ်ကာ၊ ကြုံရာ နေရာ၌ ထိုင်ပြီး၊ စွမ်းအင်များ ငြိမ်အောင် လုပ်ယူ လိုက်သည်။ ကောင်းကင် ဒုက္ခသည် သူ့ စိတ်ကူးကို ကျော်လွန် နေ၏။
အခြား သူများ၏ အမြင်၌၊ မိုးကြိုး ထိမှန်သော်လည်း အသက်ရှင် နေသေး သည်ဟု၊ မြင်ကြသည်။
၎င်းမှာ မည်မျှ အန္တရာယ် များခဲ့ သည်ကို၊ သူတို့ မသိခဲ့ ကြချေ။ ပိုးစုန်းကြူး နတ်ဓားသာ ထိုဒုက္ခအား မဖျက်ဆီး နိုင်ခဲ့ ပါက၊ အသက် ဆုံးရှုံးရန် အခွင့်အလမ်း များသည်။
မသေတောင် ဒုက္ခိတ ဖြစ်သွား နိုင်၏။ ထို့ကြောင့် သူ့ ဘဝနှင့် ရင်းရသည့်၊ ဤဒုက္ခကို မခံယူ လိုခြင်း ဖြစ်သည်။
သို့သော် ဒုက္ခကို ဖြတ်ကျော် ပြီးနောက်၊ တွေးထား သလောက် ကြောက်စရာ မဟုတ် ကြောင်း၊ သိလိုက် ရ၏။
တစ်ချိန်တည်း မှာပင် သူ၏ စိတ်အခြေ အနေ သည်လည်း၊ ယခင်ထက် ပို၍ ရဲရင့်လာ တော့သည်။
“ တကယ် အောင်မြင် ခဲ့တယ်။ ”
“ မိုးပြာ နဂါး မိသားစုရဲ့ ပါရမီရှင် တစ်ယောက်က၊ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ၊ နဂါးပြာ မှတ်တမ်း ပြန်ပေါ် လာပြီး၊ ရွှေခေတ် ရောက်တော့ မယ်လို့ ...
... ကောလ ဟာလတွေ ရှိနေ ခဲ့တာ အမှန်ပေါ့၊ အနာဂတ်မှာ ... ဇာတ်မြုပ် နေတဲ့ မျိုးနွယ်စု တွေရဲ့၊ ထူးချွန် ထက်မြက် သူတွေ ပေါ်လာ နိုင်မယ်။ ”
“ ဟုတ်တယ် ... ၊ သူနဲ့ ယှဉ်ရင် တခြား ပါရမီရှင် တွေက အများကြီး အားနည်း လွန်း ပါတယ်၊ ကျန့်ကျင်းရှန်တောင် သူ့ပြိုင်ဘက် မဖြစ်မှာ ကြောက်ရတယ်။ ”
လူအုပ်ကြီး ထံမှ ဆွေးနွေး သံများ ညံလာ တော့သည်။ သွေးမိုးကြိုး စင်မြင့်ပေါ် ထိုင်ကာ၊ ကျင့်ကြံမှု တည်ငြိမ်အောင် လုပ်ယူ နေသော လင်းယွန်ကို၊ လေးစားစွာ ကြည့်မိ ကြသည်။
ဓားဂိုဏ်း သည်လည်း ထိတ်လန့် သွား လေသည်။ သူတို့သည် ဓားသမားများ ဖြစ်ပြီး၊ လင်းရှောင်နှင့် ယှဉ်သော် သနားစရာ ကောင်းနေ၏။
“ ငါတို့ လာဖို့ ဆုံးဖြတ် ခဲ့တာ တကယ်ပဲ မှန်သွားတယ်၊ အပြင် မထွက်ရင် ကမ္ဘာ ကြီးက ဘယ်လောက် ကျယ်လဲ မသိ နိုင်ဘူး။ ”
ကျိရှုရွှမ်မှ သက်ပြင်းချကာ မှတ်ချက် ပေးလိုက်၏။ အားလုံးက သဘော တူစွာ ခေါင်းညိတ် လိုက်ကြသည်။
လင်းရှောင်သာ ပေါ်မလာ ပါက၊ သူတို့ အသက် အရွယ် အရ၊ ကျန်ဓားသမား သုံးဦးကို လိုက်မီရန် မျှော်လင့်ချက် ရှိသေးသည်။
သို့သော် ဤလူငယ်သည် သူတို့နှင့် အသက်တူပြီး၊ နိဗ္ဗာန် ပွဲတော် ၌ပင် ချန်ပီယံ ဖြစ်နေ ချေ၏။ ထို့ကြောင့် သူတို့အား လက်လှမ်း မမီ ဖြစ်လာ စေသည်။
သို့သော် ကျောက်ယန်မှာ မျက်ဝန်းများ တောက်ပ လာသည်။ လင်းရှောင် အသွင် အပြင် သည်၊ စစ်မှန်သော ဓားသမားနှင့် တူ၏။
သူ့အတွက် လမ်းကို တစိုက် မတ်မတ် ဆက်လျှောက်ရန် ညွှန်ပြ ပေးနေ သည်ဟု မြင် လေသည်။
ကျိလင်ဖုန်း၊ ရှယွမ်ကွီနှင့် ဆောင်ဦး တောင်တန်း သခင်မှာ၊ အသက်ရှူ ချောင်သွား ကြသည်။ လင်းယွန်သာ သေဆုံး သွားပါက သူတို့ အားလုံးတွင် တာဝန်ရှိ ပေမည်။
“ လောက နိယာမ နယ်ပယ်ကို တက်ရောက်ဖို့ အချိန် ကျပြီ။ ”
ကျိလင်ဖုန်းမှ သက်ပြင်းချကာ ဆုံးဖြတ် လိုက်သည်။ ကျန်နှစ်ယောက်မှာ အံ့အားသင့် သွား သော်လည်း၊ ချက်ချင်း ခေါင်းညိတ် ပြ၏။
သူတို့သည် ကျန့်ကျင်းရှန် နဂါး သွေးလွှတ်ကြော နယ်ပယ်မှ ထွက်တော့မည့်၊ အချိန်ကို စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းရှောင် ထွက်ပေါ် လာသဖြင့်၊ နဂါး သွေးလွှတ်ကြော ပထမ နေရာအား ယူရန် အတွေးမှာ၊ အိပ်မက် ဖြစ်သွား ချေပြီ။
“ မိုးပြာ နဂါး သူတော်စင် ခန္ဓာကိုယ်နဲ့ ကောင်းကင် အမိုးဓားလား၊ ... ဒါက ပန်းသင်္ချိုင်း ကိုတောင် သတိ ရလာပြီ။ ”
ရုတ်တရက် ထွက်ပေါ် လာသော စကားကြောင့်၊ ထိပ်ဆုံး ဆယ်ယောက်၏ မျက်နှာများ ပြောင်းလဲ သွားသည်။
အသံ ရှင်ထံ လှည့်ကြည့် လိုက်ချိန်၌၊ ကောက်ကျစ်သော အပြုံးဖြင့် လေဓား သခင် ဖြစ်ကြောင်း သိလိုက် ရ၏။
“ ပါးရိုက် ခံရလို့၊ မင်း ရူးသွား ပြီလား၊ လင်းရှောင်က လင်းယွန် ဖြစ်သွား ရင်တောင်၊ ဒါက မင်းနဲ့ ဘာဆိုင်လဲ။ ”
ကျိလင်ဖုန်းမှ မျက်ခုံးပင့်ကာ ဝင်ပြော လိုက်သည်။ ရှယွမ်ကွီ ကလည်း၊
“ ရူး မနေနဲ့၊ ပန်းသင်္ချိုင်းမှာ နတ်ဘုရား ရတနာ တစ်ခု ပိုင်ဆိုင် ထားတယ်၊ သူ့နာမည်က တားမြစ်ချက်ပဲ၊ သက်သေ မရှိဘဲ၊ လင်းရှောင်ကို သံသယ ဝင်အောင် မလုပ် ပါနဲ့။ ”
ဤလူသည် အမြင် ကျဉ်းလွန်း သဖြင့်၊ ရွံ့ရှာစွာ ကြည့်လိုက် မိသည်။ ထိုကောလဟာလ သည်သာ၊ ပျံ့လွင့် သွားခဲ့ ပါက၊ လင်းရှောင်သည် လူတိုင်း၏ ပစ်မှတ် ဖြစ်သွား နိုင်၏။
“ သူတို့ နှစ်ဦးမှာ ... ၊ တူတာတွေ ရှိသလို မတူတာ တွေလည်း ရှိပါတယ်၊ ကောင်းကင် ရနံ့ သင်းသင်းရဲ့ မူလ ကြေးမုံ ကလည်း၊ လင်းရှောင် အဖြစ် အတည်ပြု ထားတယ်။ ”
ဆောင်းဦး တောင်တန်း သခင် ကပါ ဝင်ရောက် ပြောဆို လာသည်။ ကောင်းကင် မူလ ကြေးမုံသည်၊ ဖုံးကွယ် ထားသော အသွင် အပြင်များ အားလုံးကို မြင်နိုင်သည်။
သူတော်စင် တစ်ပါးပင် ဖုံးကွယ် ထား၍ မရချေ။ လေဓား သခင်မှ ပြုံးပြီး၊
“ ငါက ဒီအတိုင်းပဲ ပြောလိုက် တာပါ၊ ဒါကြောင့် လူတိုင်း အရမ်းကြီး အလေး အနက် ထားဖို့ မလို ပါဘူး၊ သူနဲ့ နတ်သမီးကြား ...
... ပတ်သတ်မှု အရ၊ ကောင်းကင် မူလ ကြေးမုံရဲ့ ရလာဒ် အပေါ် ... ၊ မပြောင်း ဖူးလို့ ဘယ်သူ အာမခံ နိုင်လဲ။ ”
“ ကောင်းပြီ ... ၊ ဒါဆို ငါတို့ စောင့်ကြည့် ရအောင်၊ နဂါး ဝိညာဉ်ကို ဘယ်သူမှ ဖုံးကွယ် ထားလို့ မရ ပါဘူး၊ သူက ကောင်းကင် မူလ ကြေးမုံထက် ပို ရှေးကျတယ်။ ”
ထိုစကားက လူတိုင်းကို နှုတ်ဆိတ် သွားစေသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ စိတ်ဝင် စားဖွယ် အခိုက် အတန့် ဖြစ်သည်။
လင်းရှောင်သည် ဂီတ သမား ဖြစ်ကာ၊ သုံးပြုခဲ့သော ဓားရေး များသည် ပန်းသင်္ချိုင်း နှင့် မတူချေ။
၎င်းသည်သာ ပန်းသင်္ချိုင်း ဖြစ်က၊ ခွန်လွန်တွင် ပြိုင်ဘက်ကင်း ဓား သူတော်စင် တစ်ပါး မွေးဖွား လာပြီဟု ဆို၍ ရခေျမည်။
သို့သော် ဤအဆိုကို တင်သွင်း ခဲ့သော လေဓား သခင် သည်ပင်၊ ပန်းသင်္ချိုင်းဟု လုံးဝ မထင်ချေ။ လူတိုင်း၏ ပစ်မှတ် ဖြစ်လာရန် ပြောဆို လိုက်ခြင်းသာ ဖြစ်သည်။
ငရဲ ပင်လယ်တွင် ရှုပ်ထွေးသော အင်အားစုများ ရှိပြီး၊ ဇာတ်မြုပ် နေထိုင်သည့် သူတော်စင် များလည်း ရှိသည်။
ကောင်းကင် ချပ်ဝတ်၏ သွေးဆောင်မှုကို ၎င်းတို့ ခံနိုင်ကြမည် မဟုတ်ချေ။ ထိုသူ များသာ အာရုံစိုက် လာပါက မသေသော်၊ ဒဏ်ရာ ပြင်းထန်စွာ ရနိုင် ပေမည်။
ထိုအချိန်တွင် လင်းယွန် နောက်၌ နဂါး (၈)ကောင် ထွက်ပေါ် လာသည်။ နဂါးများသည် ပေ(၁၀၀၀၀) ကျော် ရှည်လျားပြီး၊ ဖိအားများ ပေးစွမ်း နိုင်၏။
“ အခု ... သူ့ကို ဘယ်သူမှ တားလို့ မရ တော့ဘူး၊ အဆင့် သတ်မှတ်ချက် ကျောက်တိုင် ကို၊ အရှေ့ဘက် ပျက်စီးမြေ အတွက်သာ၊ သတ်မှတ် ထားတယ်၊ ...
... မဟုတ်ရင် ... ၊ ခွန်လွန်မှာ ရှိတဲ့ နဂါး သွေးလွှတ်ကြော နယ်ပယ်က လူတိုင်းကို အနိုင် ယူသွား လိမ့်မယ်။ ”
ကျိလင်ဖုန်းမှ တိုးတိုးလေး ပြောသည်။ ဤလင်းရှောင်သည် အဠမမြောက် သွေးလွှတ် ကြော တွင်သာ ရှိနေသည်။
နဝမမြောက် သွေးလွှတ် ကြောသို့ ရောက်သော်၊ မည်မျှ ကြောက်စရာ ကောင်း မည်ကို မတွေးဆ နိုင်ချေ။
ထိုအချိန်တွင် လင်းယွန်မှာ ပုံရိပ်ယောင် နယ်မြေ အတွင်း၊ ဆွဲသွင်း ခံလိုက် ရလေသည်။ ပတ်ဝန်းကျင်၌ ရင်းနှီးသော အမည် များစွာ ပျံဝဲ နေခဲ့သည်။
“ မင်း ပဲလား။ ”
ရုတ်တရက် အသံကြောင့် လင်းယွန်မှ လှည့်ကြည့် မိသည်။ အပြာရောင် နဂါးကြီး ဖြစ် လေသည်။
“ စီနီယာ ... စီနီယာက ဘယ်သူလဲ။ ”
“ ငါက နတ်နဂါးပဲ၊ ပင်မ နတ်ဘုရား နယ်ပယ် တုန်းက ငါ့ကိုယ်ပွားနဲ့ မင်းကို မြင်ဖူး ခဲ့တယ်၊ မင်းက ပန်းသင်္ချိုင်း လင်းယွန်ပဲ၊ လင်းရှောင် မဟုတ်ဘူး။ ”
လိပ်နက် အသွင် ပြောင်းနည်း သည်၊ ဤနတ်နဂါး ဝိညာဉ် ရှေ့၌ အချည်း အနှီး ဖြစ် နေပုံ ရ၏။
“ ဘာများ အံ့သြ စရာ ရှိလို့လဲ ... ၊ အဲဒီတုန်းက မင်းရဲ့ ... သွေး တစ်စက် ချန်ခဲ့ တယ်လေ၊ အခု မင်းကို ပန်းသင်္ချိုင်း အဖြစ် မသိစေချင် ဖူးလား။ ”
“ ဟုတ်ကဲ့ ... ဂျူနီယာရဲ့ အမည်ကို ဖုံးကွယ်ထား ပေးနိုင် မလား။ ”
မေးမြန်း ပြီး သည်နှင့်၊ သူ့ နှလုံးသား တဆတ်ဆတ် ခုန်လာသည်။ နတ်နဂါးသည် ရှေးဟောင်း ဝိညာဉ် ဖြစ်ပြီး၊ သူ့ကို ကူညီရန် အကြောင်း မရှိချေ။
သို့သော် နဂါးပြာ အရိုးကို ပိုင်ဆိုင် ထားသော သူ့ အတွက်၊ အနည်းငယ် ရင်းနှီးနေ သည်ဟု ခံစား ရကာ၊ တောင်းဆို မိခြင်း ဖြစ်သည်။
“ အဆင်ပြေ ပါတယ်။ ”
နဂါး ဝိညာဉ်က သဘောတူသည်။
“ နဂါး သွေးလွှတ်ကြော အဆင့်နဲ့ ဘုရင် အဆင့်က ... ၊ နဂါးပြာ မှတ်တမ်းရဲ့ စီရင်ပိုင်ခွင့် အောက်မှာ ရှိတယ်၊ နဂါးပြာ မှတ်တမ်းက နဂါး တံခါးရဲ့ နတ်ဘုရား ရတနာပဲ၊ မင်းက သူတို့ရဲ့ ကောင်းကင် ချပ်ဝတ်ကို ပိုင်ဆိုင် ထားမှတော့ ငါ့မှာ ငြင်းပိုင်ခွင့် မရှိဘူး၊ ...
... ဒါပေမယ့် ပန်းသင်္ချိုင်း ဆိုတဲ့ ... ၊ မင်းရဲ့ မူလ ကိုတော့ တစ်ချိန်လုံး ဖုံးကွယ် ပေးထားလို့ မရဘူး၊ နောက်ပိုင်း သိကုန် ကြမှာပဲ၊ နဂါးပြာ မှတ်တမ်း ပေါ်လာတဲ့ အခါ၊ အဆင့် တိုင်းရဲ့ ဘုရင် တွေ အားလုံး စုရုံး ကြရမယ်၊ ...
... မသေ သေးရင်၊ ကောင်းကင်လမ်း (၉)ခုက ချန်ပီယံ တွေလည်း လာရောက် စုရုံး ရမယ်၊ စောင့်မျှော် နေတဲ့ ကပ်ဘေး ကြီးက ...
... မင်း စိတ်ကူး ထားတာ တွေထက် ပိုကြီးပြီး၊ ဘယ်တော့မှ ဘယ်သူမှ လွတ်မြောက် နိုင်မှာ မဟုတ်ဘူး။ ”
လင်းယွန် မှလည်း အမည်ကို၊ ထာဝရ ဖုံးကွယ်ရန် မရည်ရွယ်ထား သောကြောင့်၊ ခေါင်းညိတ် လိုက်သည်။
နဂါးပြာ မှတ်တမ်း မပေါ်မီ၊ လုံလောက်အောင် သန်မာ နေစေရန် ကြိုးစား ရပေမည်။
“ ခွန်လွန်မှာ နဂါး သွေးလွှတ်ကြော အဆင့်ကို ငါးနေရာ ခွဲပြီး၊ သတ်မှတ် ပေးတာ မဟုတ်လား၊ ဘုရင် အဆင့် မှာလည်း ... ၏
... အလားတူ ရှိမှာပေါ့၊ ဒါပေမယ့် နဂါးပြာ မှတ်တမ်း ကြမှ ... ဘာလို့ ငါးနေရာ မခွဲပဲ စုရုံး စေရ တာလဲ။ ”
မရှင်းသည်အား ပြန်မေး လိုက်၏။
“ အမှန်တော့ နတ်နဂါး အင်ပါယာက ... သူတို့ရဲ့ နတ်ဘုရား ပစ္စည်း တွေနဲ့ ... နေရာတွေ ခွဲပစ် လိုက်တာပါ၊ အဲဒါကို နောင်မှာ ... မင်း သိလာ လိမ့်မယ်၊ အများကြီး စဉ်းစား မနေနဲ့။ ”
“ ကျေးဇူး တင်ပါတယ် စီနီယာ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး ဆက်မမေး တော့ချေ။ ရုတ်တရက် မြင်ကွင်းများ ပြောင်းလဲ လာတော့သည်။
မျက်စိ ဖွင့်ကြည့် လိုက်သော အခါ၊ ပြင်ပ ကမ္ဘာသို့ ပြန်ရောက် နေပြီး၊ နဂါး ကျောက်တိုင် ရှိ၊ အမည်များ စတင် ပြောင်းလဲ လာ သည်ကို မြင်လိုက် ရသည်။
“ ကြည့်စမ်း အဆင့် သတ်မှတ်ချက် ရေတွက် နေပြီ။ ”
“ ဟား ဟား ဟား ... ၊ ဒီတစ်ကြိမ် ငါ့အဆင့်က ပိုမြင့် လာတယ်၊ ရေနွေးကြမ်း သောက်ပွဲ လာရတာ ထိုက်တန် ပါတယ်။’
“ ထိပ်ဆုံး ဆယ်ယောက်ကို ကြည့်စမ်း။ ”
လူတိုင်း ရင်ခုန်လာ ကြသည်။ ထိပ်ဆုံး၌ နိဗ္ဗာန် ပွဲတော် ချန်ပီယံ လင်းရှောင်ဟု မြင်လိုက် ရသဖြင့်၊ လေဓား သခင်မှာ စိတ်ပျက် သွားတော့၏။
“ မင်း ... အရမ်း စိတ်ပျက် သွားပုံပဲ။ ”
ရုတ်တရက် အေးစက်သော အသံဖြင့် လင်းယွန်က လေဓား သခင် အနားသို့၊ ပျံသန်း ဆင်းသက် လာသည်။
“ ဟုတ်တယ် ... ၊ သူက မင်းကို စောစောက ပန်းသင်္ချိုင်းလို့ စွပ်စွဲ ခဲ့တယ်။ ”
ကျိလင်ဖုန်း မှလည်း ရွံရှာဖွယ် သတ္တဝါ တစ်ကောင်အား မြင်နေရ သကဲ့သို့၊ လေဓား သခင်ထံ ကြည့်ကာ၊ ပြောလာ လေသည်။
***