လမင်းကို မြင်ရင် မင်းကို လွမ်းတယ်။
Vol. 129 Ch. 1799
ရထား ထံမှ တုံ့ပြန်မှု မရှိချေ။ ယင်းက လွှဲမှားစွာ ခန့်မှန်း လိုက်ခြင်း ဖြစ်သည် လောဟု ထင်မြင် လာမိသည်။
“ သခင်လေး လင်း ... ၊ မင်း နောက်နေ တာလား၊ ငါက ဘယ်လိုလုပ် စီနီယာ ဖြစ်မှာလဲ၊ စီနီယာ မဟုတ် သလို၊ အကြီး အကဲလည်း မဟုတ် ပါဘူး။ ”
ရထားလုံး အတွင်းမှ ကြည်လင် ပြတ်သားသော အမျိုးသမီး အသံ ထွက်ပေါ် လာ လေသည်။
အသံကြား သည်နှင့်၊ အလှ တရားလေး ဖြစ်ရ မည်ဟု ကောက်ချက် ချနိုင်၏။ နူးညံ့ ပြီး၊ မောက်မာသော အငွေ့အသက်များ ရောထွေး နေသည်။
လင်းယွန်က ယွဲ့ဝေဝေထံ တစ်ချက် ပြန်ကြည့်ပြီး၊
“ ဒါဆို ... ။ ”
“ သခင်လေး လင်း အနေနဲ့ ... ၊ ငါ ဘယ်သူလဲ မသိချင် ပါနဲ့၊ နတ်ဖီးနစ် တောင် အစား၊ မင်းဆီက အကူအညီ တောင်းဖို့ ငါရောက်လာ တာပါ။ ”
“ ကောင်းပြီ ... ။ ”
“ ဒီနေ့ သခင်လေး လင်းကို၊ အနှောက် အယှက် ပေးမိတဲ့ အတွက် တောင်းပန် ပါတယ်၊ မိန်းကလေး ယွဲ့ ကိုလည်း အားနာ ပါတယ်၊ ငါ့မှာ ရွေးချယ်စရာ မရှိ လို့ပါ။ ”
“ မင်းက အစ်ကိုကြီး လင်းကို ... ဒီမှာ ဖီးနစ် နှလုံးသား တီးစေချင် လို့လား။ ”
ယွဲ့ဝေဝေမှ ပြန်မေး လိုက်သည်။
“ မိန်းကလေး ယွဲ့က၊ တကယ် ထက်မြက် ပါပေတယ်၊ နတ်ဖီးနစ် တောင်မှာ ... ဒီသီချင်းရဲ့ အနှစ်သာရကို ဘယ်သူမှ အပြည့် အ၀ မကစား နိုင်ပါဘူး၊ ဒါက ရှက်စရာ ပါ၊ သူတော်စင် ဘုရင် အသံကို နားလည် ထားတဲ့၊ ...
... အကြီးအကဲ တွေတောင်၊ သခင်လေး လင်းကို ယှဉ်မရ သေးပါဘူး၊ ဒါကြောင့် လာ နှောင့်ယှက် မိတာပါ။ ”
ဤအရာကို မျှော်လင့် ထားပြီး ဖြစ်သဖြင့်၊ လင်းယွန်မှ မအံ့သြချေ။
“ ငါ နားလည် ပါတယ်။ ”
လင်းယွန်က ယွဲ့ဝေဝေထံ လှည့်ကြည့် လိုက်သည်။ သူမသည် သူ၏ ရည်ရွယ်ချက်ကို နားလည်ပြီး၊ နတ်ကျောက်စိမ်း ပလွေအား ပေးအပ် လိုက်၏။
“ ငါ ညံ့ခဲ့ရင် တောင်းပန်ပါတယ်။ ”
လင်းယွန်က သူ စတင်တော့ မည်ဟု ရထားလုံး ပေါ်မှ အမျိုးသမီးထံ၊ သွယ်ဝိုက် ပြော နေခြင်း ဖြစ်သည်။
“ ကျေးဇူးပြုပြီး ဆက်လုပ်ပါ။ ”
ခဏ အကြာတွင် ဖီးနစ် နှလုံးသား သီချင်းမှာ၊ ညိမ့်ညောင်းစွာ ထွက်ပေါ်လာ တော့၏။ တောင်ပေါ်၌ စီးဆင်း နေသော စမ်းချောင်းငယ် တစ်ခုလို ပေပင်။
( ဒါပဲလား ... ထူးခြားမှုလည်း မရှိဘူး။ )
လင်းယွန် သီချင်းသည် အနည်းငယ်ပင် နားထောင်ရ ဆိုးနေ၏။ ထို့ကြောင့် ရထားလုံး ပေါ်ရှိ အမျိုး သမီးက သံသယဖြင့် မျက်ခုံးပင့် လိုက်သည်။
လင်းယွန်၏ တေးသွားတွင် ဖီးနစ်၏ မြင့်မြတ်သော အသရေ မပါချေ။ ဂိုဏ်းမှ အကြီး အကဲများ တီးခတ်သော တေးသွား ၌ပင်၊ ဖီးနစ် အသရေ ပါရှိသည်။
သေသပ်သော သံစဉ်များ ဖြစ်ရုံမှ တပါး၊ ထူးထူး ခြားခြား မရှိချေ။ သံသယများ ကြီးထွား လာစဉ်၊ သူမ ခန္ဓာ ကိုယ်၌ အပူရှိန် တက်လာ သည်ကို၊ ခံစားလိုက် ရသည်။
မြင့်မြတ်သော ရောင်ဝါများ ဖြာထွက် လာလျက်၊ မီးလျှံများ ခန္ဓာကိုယ် အနှံ့ ကူးစက် တောက်လောင် တော့သည်။
ဖီးနစ် သူတော်စင် ကျမ်းမှာ၊ အလို အလျောက် အသက်ဝင် လာခြင်း ဖြစ်၏။ နဖူး အလယ်ရှိ ကြက်သွေးရောင် ရူရ် သည်ပင်၊ ရွှေ အဆင်းများ ထုတ်ဖော် ပေးသည်။
“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
သို့သော် အဖြေရှာရန်၊ သူမ၌ အချိန် မရှိသေးချေ။ သီချင်း အပေါ် အာရုံ စိုက်ကာ၊ ဆက်၍ နားထောင် နေမိ သည်။
ဖီးနစ် သူတော်စင် ကျမ်း၌၊ ပိတ်ဆို့ နေ သဖြင့်၊ လာခဲ့ခြင်း ဖြစ်၏။ ဤအတား အဆီးကို ကျော်ဖြတ် နိုင်ခဲ့သော်၊ ဖီးနစ် မီးလျှံအား ဆင့်ခေါ် နိုင်မည် ဖြစ်သည်။
ယင်းက နတ်ဖီးနစ် တောင်တန်း သမိုင်း၌၊ အသက် အငယ်ဆုံးသော မီးလျှံ ဆုပ်ကိုင် နိုင်သူ ဖြစ်လာ နိုင်ပေ၏။
တေးသွားက ရထားလုံး အတွင်း ပြည့်နှက် လာသည်။ ပိတ်ဆို့မှုများမှာ တရစ်ရစ် ပြေလျော့ လာကြောင်း၊ အံ့ဖွယ် ခံစား မိ၏။
ဤသည်မှာ နိဗ္ဗာန် ပွဲတော်၌၊ နတ်ဖီးနစ် တောင်၏ တပည့်များ ခံစား ခဲ့ရသော တုံ့ပြန်မှု မျိုး ဖြစ်မှန်း သူမ မှန်းဆ နိုင်သည်။
သို့သော် ဂိုဏ်း၌ ဤသို့ အကျိုး သက်ရောက်အောင်၊ မည်သူမျှ တီးခတ် နိုင်ခြင်း မရှိ ခဲ့ချေ။
ထို့ကြောင့် ဂိုဏ်း၏ တပည့် တိုင်းက၊ ပြန်လာ သူများမှာ၊ လိမ်ညာနေ သည်ဟု ခံစားမိ သည် အထိ၊ သံသယ ဝင်ခဲ့ ကြသည်။
လက်တွေ့တွင် ၎င်းတို့ ပြောပြသည် ထက်ပင်၊ ပို၍ အစွမ်း ထက်လေသည်။ နိဗ္ဗာန် ပွဲတော် ချန်ပီယံမှာ၊ အမှန် တကယ် အရည် အချင်း ရှိချေ၏။
ဖီးနစ် နှလုံးသား သီချင်း၏ အာဟာရ ဖြည့်တင်းပေးမှု အောက်တွင်၊ သူမ၏ ခန္ဓာကိုယ် မှာ၊ လျင်မြန်စွာ အသွင်ပြောင်း လေသည်။
ရလဒ် အနေဖြင့် ရထားလုံး တစ်ခုလုံး ရွှေရောင် အဆင်းများ တောက်ပ လာသည်။ ရထားလုံးကို ဆွဲသည့် သားရဲ များက၊ မျက်လုံး များ မှိတ်လျက်၊ ငြိမ်သက်စွာ အနားယူ တော့သည်။
သီချင်း ပြီးဆုံး သွားပြီ ဖြစ် သော်လည်း၊ ရထားလုံးမှ ထွက်လာသော ရောင်ခြည်သည် ဆက်လက် တောက်ပ နေဆဲ ဖြစ်၏။
“ ကျီး ... ။ ”
အချိန် အတော် ကြာပြီးနောက်၊ ဖီးနစ် အော်သံနှင့် အတူ၊ တောက်ပမှုမှာ ရုတ်ချည်း ပျောက်ကွယ် သွားသည်။
ပင်လယ် မျက်နှာပြင် ငြိမ်သက် သွားကာ၊ သားရဲများ ဖြည်းညှင်းစွာ ထရပ် လာတော့၏။ ထိုသားရဲ များကို ကြည့်ပြီး ယွဲ့ဝေဝေက၊
“ အိုး ... ၊ ဒီခြင်္သေ့ဖြူ တွေက တော်တော် ချစ်စရာ ကောင်းတာပဲ။ ”
-ဟု မှတ်ချက် ပေးလိုက်သည်။
ဤသူတော်စင် သားရဲကောင် များသည်၊ နတ်သားရဲ ပိုင်ဇီ၏ မျိုးဆက် သွေးကို ဆက်ခံ ထား ကြသည်။
ထို့ကြောင့် ခေါင်းထက်၌ ဦးချိုများ ပါပြီး၊ ခြင်္သေ့ လည်ဆံမွေး များ၏ အသွင် အပြင်သည်၊ ၎င်းတို့အား ချစ်စဖွယ် ဖြစ်စေ၏။
အနာဂတ်တွင် နတ်သားရဲများ ဖြစ်လာ နိုင်ပေမည်။ ယင်းက ရထားလုံး ပေါ်ရှိ၊ အမျိုး သမီး၏ အဆင့်အတန်းကို ပြရာ ရောက်၏။
“ နတ်ဖီးနစ် တောင်တန်း ကိုယ်စား ... ၊ သခင်လေး လင်းကို ကျေးဇူးတင်ပါတယ်။ ”
ရုတ်တရက် အမျိုးသမီး အသံ ထွက်ပေါ် လာသည်။
“ အဆင်ပြေ ပါတယ် ... ၊ မင်းတို့ ဖီးနစ် အမွေကို လိုအပ်ရင် ... ၊ ငါ့ဆီ အချိန် မရွေး လာ နိုင်ပါတယ်။ ”
လင်းယွန်က ငါးကြီး တစ်ကောင်ကို ဖမ်းဆီးရန် ကြိုးစား မိသည်။ ဖီးနစ် နှလုံးသား တစ်ခု တည်းဖြင့်၊ ဓားဂိုဏ်း ဘက်၌ ရပ်တည်ရန် မဖြစ် နိုင်ကြောင်း သူ သိသည်။
သို့သော် ဖီးနစ် အမွေအား၊ အဆုံး မရှိ ထောက်ပံ့ ပေးသော်၊ ငြင်းဆန် မရသည့် အခြေ အနေသို့ ရောက်ရှိ လာနိုင်၏။
( အမွေတွေ ထပ်ရှိ သေးတာလား။ )
အမျိုးသမီးက လင်းယွန် စကားကြောင့် ထိတ်လန့် သွားပြီး၊
“ ကောင်းပြီ ... သခင်လေး လင်းလည်း၊ နတ်ဖီးနစ် တောင်ကို အချိန် မရွေး လာရောက် လည်ပတ် နိုင်ပါတယ်။ ”
“ အဆင် ပြေပါတယ်။ ”
လင်းယွန်မှ ခေါင်းညိတ်သည်။
“ အစ်ကိုကြီး လင်း၊ ငါ့ကို နမ်း ... ။ ”
ရုတ်တရက် ယွဲ့ဝေဝေမှ တိုးညှင်းသော လေသံဖြင့်၊ တောင်းဆို လာရာ၊ လှည့်ပြီး ငုံ့နမ်း လိုက်လေသည်။
ထိုအချိန်တွင် ရထားလုံးရှိ လိုက်ကာစ ပွင့်သွားပြီး၊ နုနယ်သော မျက်နှာ တစ်ခု ပေါ်လာ လေသည်။
သူမက လင်းယွန် အသွင်ကို မြင်လို သောကြောင့်၊ လှစ်ဟ မိခြင်း ဖြစ်ချေသည်။ တိုက်ဆိုင် စွာပင်၊ ငုံ့နမ်း နေသော အဖြူဝတ် လူငယ် ကိုသာ မြင်လိုက် ရသည်။
ယင်းက သူမအား မှင်တတ် သွားပြီး၊ ချက်ချင်း ဒေါသ ထွက်လာ စေသည်။ သူမ ရှေ့၌ တစ်စုံ တစ်ဦးကို နမ်းနေ ခြင်းသည်၊ သူမအား စော်ကားရာ ရောက်၏။
အကြင် သူသည် သူမထက် ပို၍ ချစ်စရာ ကောင်းနေ သည်လော။ ယင်းက အဓိပ္ပါယ် မရှိ လှချေ။
သို့သော် စိတ်တည်ငြိမ်အောင် ပြင်ယူလျက်၊ သက်ပြင်း ချကာ၊ ကန့်လန့် ကာကို ပြန်ချ လိုက် တော့သည်။
တစ်ချိန် တည်း မှာပင် ရထားလုံးကို၊ ကောင်းကင်ပေါ် ပျံစေပြီး၊ ချက်ချင်း ထွက်ခွာ လာခဲ့သည်။
ထိုအချိန်တွင် ယွဲ့ဝေဝေက လင်းယွန်အား တွန်းဖယ်လျက် နောက်သို့ ဆုတ် သွားသည်။
“ ဝေဝေ ... ဒါကို တမင် လုပ်လိုက်တာ မဟုတ်လား။ ”
လင်းယွန်က အပြုံးဖြင့် မေးသည်။ ဓား နှလုံးသားဖြင့် ရထားလုံး ပေါ်ရှိ၊ အမျိုးသမီးမှ မပျော် မရွှင် ဖြစ်သွား သည်ကို သူ မြင်ရ၏။
ယွဲ့ဝေဝေသည် ထိုအမျိုးသမီး သူ့ထံ လှမ်းကြည့် မည်ဟု၊ လုံးဝ တွက်ဆထား နိုင်ပုံ ရလေသည်။ ယင်းက သူ့ ဓားနှလုံးသား ထက်ပင်၊ ပို၍ အစွမ်းထက် နေ၏။
“ ဘာကို ပြောတာလဲ။ ”
ယွဲ့ဝေဝေမှ ပြုံးကာ ပြန်မဖြေချေ။
“ ဝေဝေ ... သူ့ကို သိလား။ ”
လင်းယွန်က ပြုံးပြီး၊ မိုးကုပ် စက်ဝိုင်း အစပ်သို့ တရွေ့ရွေ့ ပျောက်ကွယ် သွားသော ရထားလုံးထံ ကြည့်ကာ မေးလိုက်သည်။
“ မသိဘူး၊ ဒါပေမယ့် သူ့ အကြောင်း ကြားဖူးတယ်၊ သူက ကျိမိသားစုရဲ့ မင်းသမီးပဲ၊ နတ်ဖီးနစ် တောင်ရဲ့ ... သန့်ရှင်းသော သမီးတော် ရာထူးကို ရထားတယ်၊ ...
... အရှေ့ဘက် ပျက်စီးမြေမှာ အလှဆုံး အမျိုးသမီး စာရင်းဝင်တယ်၊ ... ခွန်လွန်မှာ ရှိတဲ့ ယောက်ျားတိုင်း လက်ထပ် လိုတဲ့၊ အမျိုးသမီး သုံးဦးပဲ ရှိတယ်၊ အဲဒီ ထဲမှာ သူ ပါတယ်။ ”
ယွဲ့ဝေဝေက ပြန်ဖြေသည်။
“ ဒါဆို နောက် နှစ်ယောက်က ဘယ်သူလဲ။ ”
“ မိုမိသားစုရဲ့ ပုလဲ ရတနာ၊ မြင် သူတိုင်း သူမရဲ့ ညှို့ငင် စက်ကွင်းကို၊ မခံနိုင် ဖူးလို့ ကြား မိတယ်၊ နောက်ခံရော ရုပ်ရည်ရော ခွန်လွန်မှာ၊ အဆန်းကြယ်ဆုံး အမျိုးသမီးပဲ၊။ ”
ယွဲ့ဝေဝေက သူ့စကားကို ခေတ္တ ရပ်လိုက် ပြီးနောက်၊
“ နောက်ဆုံး တစ်ယောက် အကြောင်း ကိုတော့ ... ဝေဝေ မပြော တော့ဘူး၊ အစ်ကိုကြီး လင်း သိတယ်။ ”
-ဟု ဆိုလာ တော့၏။
လင်းယွန်က ရုတ်တရက် နားရှုပ် သွား သော်လည်း၊ တစ်စုံ တစ်ယောက်အား ချက်ချင်း သတိရ သွားသည်။
ထို့ကြောင့် ပြုံးလိုက်ပြီး၊
“ ဒါဆို ... မင်းက ရည်ရွယ်ချက် ရှိရှိ လုပ်လိုက် တာပေါ့။ ”
-ဟု အမိ ဖမ်းလိုက်၏။
“ ဟုတ်တယ် ... ၊ ဒါကို ဝေဝေ တမင် လုပ်တာ၊ အစ်ကိုကြီးလင်း ရှေ့မှာ၊ ရထားလုံး ကို မရပ် နိုင်လောက်အောင်၊ ဒီမိန်းမက သူ့ကိုယ်သူ ဘယ်သူလို့ ထင်နေလဲ၊ ...
... အကူအညီ တောင်းတာထက် ... လေသံက အမိန့်ပေးသံ ပေါက်နေတယ်၊ ဒါက စုတ်ပြတ်သတ် နေတဲ့ ... ရထားလုံး လေးပါ၊ ခမ်းခမ်း နားနား လုပ်ပြ နေစရာ၊ ...
... မလို ပါဘူး၊ နောင် အစ်ကိုကြီး လင်း ငါ့အိမ်ကို ရောက်တဲ့ အခါ ... ၊ ဖေဖေရဲ့ ... နဂါး ဧကရာဇ် ရထားလုံးကို စီးခွင့် ပေးမယ်။ ”
ယွဲ့ဝေဝေက နှာခေါင်းရှုံ့ကာ၊ မကျေမနပ် ဆိုသည်။
“ အကျိုး အမြတ် ရပြီး တာတောင်၊ ရထားလုံးကို ချက်ချင်း ထွက်ဖို့၊ ရည်ရွယ်ချက် မရှိ တည်းက၊ ဒီမိန်းမ အစ်ကိုကြီး လင်းကို၊ စပ်စု တော့မယ် ဆိုတာ သိတယ်၊ ဒါကြောင့် သူ့ကို တမင် ကြည့်ခွင့်ပေး လိုက်တာ။ ”
အထက်ပါ စကားကြောင့် လင်းယွန်မှ ထပ်မဆို တော့ချေ။ ခေါင်းညိတ်ကာ ပြုံးလျက်၊ ယွဲ့ဝေဝေ မှန်သည်ဟု မြင်၏။
“ ဒီလို လုပ်လိုက်တာ ကောင်းပါတယ်။ ”
“ အစ်ကိုကြီး လင်း ... ၊ သူနဲ့ ငါ ဘယ်သူ ပိုလှလဲ။ ”
“ ဝေဝေက ကောင်းကင်မှာ သာတဲ့ လပဲ၊ သူဆိုတာ တောင်ပေါ်က ဖီးနစ် တစ်ကောင်ပါ၊ ဒါကြောင့် သူ ဘယ်လောက် လှလှ၊ လမင်းကို မီမှာ မဟုတ်ဘူး။ ”
“ ဒါ သေချာလား ... ။ ”
“ သေချာတယ် ... ။ ”
“ ဒါဆို လမင်းနဲ့ ဝေဝေ ဘယ်သူ ပိုလှလဲ။ ”
“ ဟမ် ... အဲဒါ ကတော့ ... ။ ”
လင်းယွန် မျက်နှာ ရှုံ့မဲ့ သွားပြီး၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက် လေသည်။
“ ပြော ... မရဘူး ... ပြော၊ အခု ပြော... ။ ”
ပင်လယ်ပြင် ပေါ်တွင် လမ်းလျှောက် လျက်မှ၊ ယွဲ့ဝေဝေက လင်းယွန် လက်မောင်းကို လှုပ်ခါလျက် တောင်းဆို တော့သည်။
“ ကောင်းကင် ရနံ့ သင်းသင်းမှာ ... ၊ ငါတို့ ပြန်တွေ့တဲ့ အချိန်ကို မှတ်မိ သေးလား။ ”
“ မှတ်မိတယ်၊ စီနီယာ အစ်မက ဝေဝေ အတွက်၊ ကိုးပါး ကောင်းကင် ချပ်ဝတ် သီချင်း ကို၊ တီးခိုင်း ခဲ့တာ မဟုတ်လား။ ”
“ အင်း ... အဲဒီ တုန်းက သီချင်းကို၊ ကောင်းကင် သီချင်းလို့ ခံစားခဲ့ ရပြီး၊ အဲဒါနဲ့ လိုက်ဖက်ဖို့ အတွက်၊ ကောင်းကင် ကကွက် တစ်ခု လိုနေတယ်၊ ဒါကြောင့် ...
... တစ်စုံ တစ်ယောက် ရှိရ မယ်လို့ တွေးနေတုန်း၊ ဝေဝေကို တွေ့တော့ တကယ်ကို အံ့သြ သွားရတယ်၊ ဒါပေမယ့် ပျော်ပါတယ်၊ ကောင်းကင် လမ်းမှာ၊ ...
... ခွဲခွာပြီး ကတည်းက ... ဒီလို အခြေ အနေမျိုးနဲ့၊ ပြန်ဆုံ ရလိမ့်မယ်လို့ မတွေးထား မိတော့ ချက်ချင်း တွေ့ဖို့ မဝံ့ ခဲ့ဘူး၊ ...
... ဝေဝေနဲ့ လမင်း ဘယ်သူ ပိုလှလဲ ငါမသိဘူး၊ လမင်းက ကျက်သရေ ရှိတယ်၊ သူ့ အလှက နှင်းတွေ လိုပဲ ... ၊ တည်ငြိမ်ပြီး အေးစက်တယ်၊ ...
... ဒါက ဝေဝေရဲ့ မျက်ဝန်း တွေနဲ့ တူတယ်၊ နူးညံ့သယောင် ထင်ရပေမယ့်၊ အနည်းငယ် မာန ကြီးတယ်၊ ဒါကြောင့် ...
... လမင်းနဲ့ ဝေဝေကို ခွဲခြားလို့ မရဘူး၊ လမင်းကို မြင်ရင် ... လွမ်းပြီး၊ မင်းကို မြင်ရင် ... ငါ့ စိတ်တွေ ဗလာ ဖြစ်ကုန်တယ်။ ”
“ အစ်ကိုကြီး လင်းက ... ၊ အရမ်း စကား တတ်တာပဲ။ ”
လင်းယွန် စကားကြောင့် ယွဲ့ဝေဝေ ခမျာ ခေါင်းငုံ့သွား တော့သည်။ လရောင် အောက်၌၊ ရှက်ရွံ့ နီရဲ နေသော သူမ မျက်နှာ လေးမှာ၊ ချစ်စရာ ကောင်းနေ ခဲ့သည်။
***