← Chapters

ငါတို့နဲ့ ပြန်လိုက်ခဲ့ ... ။

Vol. 129 Ch. 1800

ငါတို့နဲ့ ပြန်လိုက်ခဲ့ ... ။

Vol. 129 Ch. 1800

လင်းယွန်နှင့် ယွဲ့ဝေဝေက လရောင် အောက်တွင် ပင်လယ်ပြင် ပေါ်၌ လမ်းလျှောက် နေခဲ့ ကြသည်။

ခဏ အကြာတွင် ယွဲ့ဝေဝေက ခေါင်းမော့ လာပြီး၊

“ အစ်ကိုကြီး လင်း ... လာမယ်လို့၊ ငါ မထင်ထားဘူး။ ”

-ဟု ပြောပြီးနောက်၊ ရှက်ရွံ့သော အသွင်ဖြင့်၊ ခေါင်းငုံ့ သွားသည်။

လေပြေများ တိုက်ခတ် လာသော ကြောင့်၊ သူမ၏ ဆံနွယ်များ လွင့်ဝဲ လာသည်။ အမှန်တွင် လင်းယွန်သည် သူမထံ လာခြင်း မဟုတ်ချေ။

သို့သော် သူမ အတွက် အကြောင်း ပြချက်မှာ၊ အရေး မကြီးဟု ထင်၏။ ရောက်လာ ဖို့သာ လိုချေပြီ။

“ အစ်ကိုကြီး လင်း၊ မင်းကို အရင်က လူယုတ်မာလို့ ... တစ်ယောက် ယောက် ခေါ်ခဲ့ ဖူးလား။ ”

“ အင်း ခေါ်တယ် ... ။ ”

လင်းယွန်က အံ့ဩ သွားသော်လည်း၊ ချက်ချင်း ဝန်ခံ လာသဖြင့်၊ ယွဲ့ဝေဝေ ခမျာ မျက်လုံး ပြူးသွားသည်။

“ ခစ် ခစ် ခစ် ... အစ်ကိုကြီး လင်း၊ မင်းဘာလို့ အရမ်း ချစ်စရာ ကောင်းနေ တာလဲ၊ မင်း ငြင်းလို့ ရပါတယ်။ ”

“ ငါ မင်းကို မလိမ် သင့်ဘူး၊ အမှန် အတိုင်း ဖြေမယ်။ ”

နောက်ဆုံးတွင် သူမ အဘယ်ကြောင့် လင်းယွန် အပေါ်၊ ဤမျှ စွဲလန်း နေရ သည်ကို ယွဲ့ဝေဝေ နားလည် လာသည်။

ခေါင်းမော့လိက် လင်းယွန် မျက်နှာကို နမ်းရှိုက် လိုက်၏။ ပြီးနောက်၊

“ အစ်ကိုကြီး လင်းက ... သူနဲ့ ရင်းနှီးလား၊ မဟုတ်ရင် ငါသူ့ကို ဒီလို ပြောခွင့် မပေးဘူး၊ သူ့ ပါးစပ်ကို ဖြဲပစ် လိုက်မယ်။ ”

“ အိုး ... ဝေဝေက အရမ်း ကြီးစိုးပြ နေတော့၊ ဘယ်လိုလုပ် ပြောရဲတော့ မှာလဲ။ ”

“ သူ ဘယ်သူပဲ ဖြစ်ဖြစ် ... ၊ အစ်ကိုကြီး လင်း အကြောင်း၊ မကောင်း ပြောခွင့် မရှိဘူး။ ”

“ ကောင်းပြီ ... သူက ရေခဲ ဖီးနစ်လေး တစ်ကောင်ပဲ၊ အနှစ် တစ်သိန်းကြာ တည်ရှိနေ ခဲ့တဲ့ ကလေးမ လေးပါ၊ အကြွား သန်ပြီး၊ အငို သန်တယ်၊ ဒေါသလည်း ကြီးတယ်၊ ဒါပေမယ့် ...

... လိုအပ်တဲ့ အချိန် တွေမှာ၊ တကယ်ပဲ အားကိုး ရပါတယ် ... ၊ ဖီးနစ် ချစ်ခြင်းကို သူပဲ သင်ပေး ခဲ့တာ။ ”

“ ဒါဆို ရပြီ။ ”

ယွဲ့ဝေဝေမှ ပြန်၍ ပြုံးရယ် လာတော့၏။ နှစ်ယောက်သား စကား စမြည် ပြောနေ ကြပြီး၊ အထူး သဖြင့် ခရမ်းငယ် အကြောင်း ဖြစ်သည်။

ခရမ်းငယ်သည် ယွဲ့ဝေဝေ အပေါ်၊ သဘောကျပြီး၊ မကြာခဏ ဆိုသလို သတိ တရ စကားထဲ ထည့်ပြော လာတတ်သည်။

ယင်းက ယွဲ့ဝေဝေ၏ စူးစမ်းချင် စိတ်ကို တိုးပွား လာစေ၏။

“ အခွင့် အရေး ရရင် သူနဲ့ ... ၊ ဝေဝေ တွေ့ချင်တယ်၊ ဒါနဲ့ ... ကြောင်လေး ကိုလည်း မတွေ့တာ ကြာပြီ။ ”

ယွဲ့ဝေဝေ စကားကြောင့်၊ ခရမ်းငယ်နှင့် နဂါးလေးအား လွမ်းလာ ခဲ့၏။ သူတို့ ခွဲခွာခဲ့ သည်မှာ၊ တစ်နှစ် ကျော်ပြီ ဖြစ်သည်။

အနန္တ တောင်ထိပ်၌၊ ၎င်းတို့ မည်သည့် အရာများ ကြုံတွေ့ နေရ သည်ကို၊ မသိ နိုင်ချေ။ ကောင်းကင် တာအို ဂိုဏ်း၌၊ ပြန်တွေ့ရန် ချိန်းဆို ထားသည်။

သုံးရက်ကြာ ပြီးနောက်၊ အဝေးက ကောင်းကင် မြို့တော်ကို မြင်လိုက်ရ သဖြင့်၊ နှစ်ယောက်သား ရပ်လိုက် ကြသည်။

“ ဒီမှာပဲ လမ်းခွဲကြ ရအောင်၊ အစ်ကိုကြီး လင်း၊ မင်း သတိ ထားပါ၊ ငါမင်းကို ကောင်းကင် ရနံ့ သင်းသင်းမှာ စောင့်နေမယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ကောင်းကင် မြို့တော်ရှိ ဓားဂိုဏ်းနှင့် တွေ့ဆုံ ရမည် ဖြစ်သည်။

“ နေဦး ... ။ ”

ယွဲ့ဝေဝေ ထွက်ခွာ တော့မည့် အချိန်တွင်၊ မိုးကြိုး မုန်တိုင်း ဗျပ်စောင်းအား ထုတ်ယူကာ ကမ်းပေး လိုက်၏။

၎င်းအတွင်းရှိ သူ့ အမှတ်အသားကို ဖျက်လိုက်ကာ၊

“ ဒီကမ္ဘာ ပေါ်မှာ၊ ငါ့ မိသားစု မရှိဘူး၊ ဒါပေမယ့် အစ်ကို ကျန့်လင်းကို မိသားစု အဖြစ် ယူဆ နိုင်တယ်၊ ဒါက ... သူ ပစ္စည်းမို့၊ ငါ့အတွက် လုံခြုံအောင် သိမ်းထား ပေးစေ ချင်တယ်။ ”

ဤရတနာသည် ပန်းသင်္ချိုင်း ဓား ကဲ့သို့ သူ့ဘဝ အတွက် အရေး ကြီး၏။ အချိန် အတော် ကြာ အတူ ရှိခဲ့သော အဖော် ဖြစ်သည်။

“ လက်မခံ ပါရ စေနဲ့။ ”

“ ယူပါ ... ၊ နတ်ကျောက်စိမ်း ပလွေက ဝေဝေ့ အမေရဲ့ အမွေပဲ မဟုတ်လား ... ၊ အခုလို ဆက်ငြင်း နေရင်၊ ပလွေကို ပြန်ပေး ရလိမ့်မယ်၊ ငါက ပလွေကို မြတ်နိုး သလို၊ ဒီဗျပ်စောင်းကို မင်းလည်း တန်ဖိုးထား လိမ့်မယ်လို့ ယုံကြည်တယ်။ ”

“ ကောင်းပြီ ဒါဆို လက်ခံ လိုက်မယ်။ ”

မိုးကြိုး မုန်တိုင်း ဗျပ်စောင်းနှင့် နတ်ကျောက်စိမ် ဝါးပလေွ တို့သည် သူတို့ နှစ်ဦး၏ ချစ်ခြင်း သင်္ကေတ ဖြစ်သည်။

“ ဝှစ် ... ။ ”

ထို့နောက် ဓားဂိုဏ်း တည်းခို နေသော အဆောင်ကို ရှာဖွေရန်၊ ကောင်းကင် မြို့တော် အတွင်း ဝင်လာ ခဲ့သည်။

ဓားဂိုဏ်းမှာ ထွက်ခွာ သွားခြင်း မရှိသေး သဖြင့်၊ အနည်းငယ် စိတ်သက်သာရာ ရသွား တော့၏။

ဓားဂိုဏ်းသည် ကျားဖြူ ပြည်နယ်၏ ကျွန်းတစ်ကျွန်း ပေါ်တွင်၊ တည်းခို နေခြင်း ဖြစ်၏။

ကျွန်းသည် အစွန် အဖျား ကျလွန်း သောကြောင့်၊ နိမ့်ကျသည့် ပရိုဖိုင်ကို ရယူထား ပုံ ပေပင်။

ညအချိန် ရောက်မှသာ လင်းယွန်က ကျွန်းပေါ်သို့ တိတ်တဆိတ် ခိုးဝင် သွား ခဲ့သည်။ အချို့ နေရာ များ၌ ဓားဂိုဏ်း၏ ပြင်ပ တပည့် များက စောင့်ကြပ် နေသည်။

“ ရွှပ် ... ။ ”

များမကြာမီ ဓားရေး လေ့ကျင့် နေသော ယဲ့ဇီလင်အား တွေ့လိုက် သဖြင့်၊ ခေါင်မိုးပေါ် ခဏ ဆင်းသက်ကာ ကြည့်နေ မိသည်။

နဂါးဖြူ တစ်ကောင်မှ သူမအား ရစ်ပတ် ထားပြီး၊ အသွင် အပြင်ကို မှုန်ဝါး နေ စေသည်။ ဤသည်မှာ ဓားဂိုဏ်း၏ ဓားရေး မဟုတ်ချေ။ အရှေ့ဘက် စစ်မြေပြင်၌၊ သူမ သန့်စင် ခဲ့သော သူတော်စင် မူလ ထံမှ၊ လာပုံ ရသည်။

ဓားရေးကို လက်စ သပ်ကာ၊ လက်ထဲရှိ နဂါးဖြူ ဓားအား စိုက်ကြည့်လျက်၊ အတွေးထဲ နစ်မျော သွားသည်။

ဓားသည် သူမနှင့် အတူ၊ ရှိနေ သော်လည်း၊ ဤဓားကို ပေးသော သူသည် အနားတွင် မရှိနိုင် တော့ချေ။

“ ဂျူနီယာ လင်း၊ မင်းသာ ရှိရင်၊ ဒီရေနွေးကြမ်း သောက်ပွဲက ... ပို အသက်ဝင် လိမ့်မယ်လို့ ငါ ယုံတယ် ... ။ ”

ဓားအား သက်ရှိ တစ်ယောက် ကဲ့သို့၊ ယဲ့ဇီလင်မှ စကားပြော လိုက်သည်။ သို့သော် ရုတ်တရက် မျက်မှောင် ကြုတ်ပြီး၊ လင်းယွန် ထိုင်နေရာ ခေါင်မိုးသို့ မော့ကြည့် လာ၏။

ထိုအချိန်တွင် လင်းယွန်မှာ သူမ ကြည့်မည်ကို ကြိုသိထား သဖြင့်၊ ထွက်ခွာ သွားပြီး ဖြစ်သည်။

တစ်နာရီ အကြာတွင် ခြံဝင်း တစ်ခု၌ ဓားရေး လေ့ကျင့် နေသော ကျောက်ယန်အား တွေ့လိုက်သည်။

၎င်း၏ လှုပ်ရှားမှု တိုင်းမှာ၊ သွက်လက် ပြေပြစ်ပြီး၊ ငေးငိုင် နေသော သူ့ ရုပ်သွင်နှင့် များစွာ ခြားနား နေ၏။

သူ့ဓားသည် မြင်ရ သည်ထက် ထက်မြက် လှသည်။ ထိုစဉ် ကျောက်ယန်မှာ လင်းရှောင်၏ ဓားရေးကို ပြန် သတိရ သွား၏။

နားလည် လေလေ၊ သူ့ အတွက် ပို၌ လေးနက် လေလေ ဖြစ်သည်။ ယင်းကြောင့် နှလုံးသား၌ ကြောက်ရွံ့ လာသည်။

“ မျိုးဆက်တူ ကြားမှာ ... ၊ ဒီလို အစွမ်း ထက်တဲ့၊ လူတစ်ယောက် ဘယ်လိုလုပ် ... ရှိနေ ရတာလဲ၊ သူ့မှာ အားနည်းချက် လုံးဝ မရှိဖူး လား။ ”

သူ့ ညည်းတွား သံကို လင်းယွန်မှ အတိုင်းသား ကြားနေ ရသည်။ ၎င်းသည် ဓားရူး တစ်ယောက် ဖြစ်သဖြင့်၊ သူ မြင်သမျှသော ဓားရေး များကို မေ့နိုင်မည် မဟုတ်ချေ။

အချိန်ပေး စဉ်းစား ခြင်းဖြင့်၊ ထျန်ရွှမ်ဇီ၏ အားနည်းချက်များ ကိုပင်၊ ရှာဖွေ နိုင်သည်အထိ၊ အရည်အချင်း ရှိသူ ဖြစ်သည်။

ထို့ကြောင့် ကေျာက်ယန် ရည်ရွယ်သော တစ်စုံ တစ်ယောက်သည်၊ မည်မျှ ပြီးပြည့်စုံ နေ မည်ကို၊ တွက်ဆ နိုင်သည်။

ကေျာက်ယန်၏ ပင်ကိုယ် စွမ်းရည်မှာ၊ ထိပ်တန်း မဟုတ် သော်လည်း၊ လုံးလ အရာ၌၊ ထိပ်တန်း ဖြစ်သည်။

ထို့ကြောင့် အနာဂတ်တွင် ကျောက်ယန် သည် ဓားသူတော်စင် တစ်ပါး ဖြစ်နိုင် သည်ဟု၊ လင်းယွန် ပြောနိုင်၏။

“ ဒီကောင်က ... အရင် အတိုင်းပဲ။ ”

လင်းယွန်က မျက်နှာဖုံး တပ်ကာ၊ ပြုံးလိုက်သည်။ ထို့နောက် အလင်းတန်း အဖြစ် ပြောင်းလဲကာ၊ ကျောက်ယန်ထံ ဦးတည် သွားမိ၏။

“ ဘယ် သူ လဲ ... ။ ”

ငေးငိုင် နေမိသော ကျောက်ယန်မှာ၊ ချက်ချင်း အသက်ဝင် လာသည်။ ခွန်အား အပြည့် ထည့်ကာ၊ တုန့်ပြန် လိုက်၏။

“ ထန် ... ထန် ... ။ ”

အပြန် အလှန် တိုက်ခိုက် ပြီးနောက်၊ တစ်ဖက် လူတွင် သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်များ မရှိမှန်း သိလာ သဖြင့်၊ တဖြည်းဖြည်း မျက်မှောင်ကြုတ် လိုက်သည်။

ရန်သူသည် ကြောက်စရာ မကောင်းဘဲ၊ ရင်းနှီး နေသော ခံစားချက်မျိုး ပေးစွမ်း လာ၏။ အချိန်ကြာ သည်နှင့် အမျှ၊ ထိုခံစားချက်မှာ ပို၍ သေချာ လာသည်။

“ ကောင်းကင် ဓားပုံစံ။ ”

ရန်သူမှ ကောင်းကင် ဓားပုံစံကို ထုတ်ဖော် တော့မည်ကို သိလိုက်ရ သဖြင့်၊ သူ သည်လည်း ချက်ချင်း ထုတ်ဖော် လိုက်သည်။

“ ဝုန်း ... ။ ”

“ ကောင်းကင် ... ။ ” ဟူသော စကားလုံး နှစ်လုံး၊ လေထု အလယ် တိုက်မိကာ၊ ပေါက်ကွဲ သွားတော့၏။

အများကြီး မတွေး နိုင်ခင် လှုပ်ရှား မှုများ လေးလံလာပြီး၊ မြေဆွဲအား အသက်ဝင် လာ၏။ ခြံဝင်း၏ ထောင့်တိုင်း၌ ဓားရောင်ခြည်များ ပြည့်နှက် လာသည်။

“ မြေကြီး ... ။ ”

လင်းယွန်က သက်တံဓား သူတော်စင် သင်းပေးခဲ့ သမျှ အပါ အဝင်၊ ထိုးထွင်း သိမြင်မှု အားလုံးကို၊ ထည့်သွင်း ခဲ့သည်။

ပဉ္စမ၊ ဆဋ္ဌမနှင့် သတ္တမ ဓားပုံစံ များကို လျင်မြန်စွာ ထုတ်ဖော် လိုက်၏။ အဋ္ဌမမြောက် ဓားပုံစံ ရောက်ချိန်၌၊ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်များ ပွင့်ထွက် လာသည်။

ဤအရာက သူ့အား သတ်လိုသော ရန်သူများ ဝိုင်းလာ သည်ဟု၊ ခံစား ရစေ သဖြင့်၊ ကျောက်ယန် တစ်ယောက် ထိတ်လန့် သွား၏။

ဓား၏ အငွေ့ အသက်သည် အာကာသ တွင်းနက်ကြီး အလား သူ့ကို ပိတ်လှောင်လျက်၊ လောကနှင့် အဆက်ဖြတ် ပစ်လိုက်သည်။

‘သတ်ခြင်း’ ဟူသော စကားလုံးသည် လှောင်အိမ် တစ်လုံး အလား၊ ပတ်ဝန်းကျင်ကို ပိတ်ဆို့ လာတော့၏။

“ ခရစ် ... ။ ”

တိုက်ခိုက်မှု မလာခင် မှာပင်၊ သူ့ ဓား ရောင်ဝါ ကွဲအက် သွားပြီး၊ သေမင်း ခံတွင်းဝ ရောက်နေ သကဲ့သို့၊ ခံစား လာရ၏။

“ ဝှစ် ... ။ ”

သို့သော် လင်းယွန်မှ ဓားကို မလွှဲ ခဲ့ချေ။ နောက်ဆုံး အခိုက် အတန့်တွင် ဓားကို ပြန်သိမ်း ကာ၊ မျက်နှာဖုံး ဖြုတ်လိုက်၏။

“ လင်း ယွန်။ ”

လင်းရှောင်၏ မျက်နှာ ဖြစ်သော်လည်း၊ လင်းယွန်မှန်း ကျောက်ယန် သိ လိုက်သည်။

“ ဟုတ်တယ် ငါပဲ။ ”

လင်းယွန်က ပြုံးကာ ခေါင်းညိတ်သည်။ ချက်ချင်းပင် သူ့အား ပွေ့ဖက်ရန် ကျောက်ယန် တစ်ယောက် အနား တိုးလာ၏။

“ လင်းရှောင်ကို ... ပန်းသင်္ချိုင်း မှန်းသာ သိကုန် ကြရင် ... လူတိုင်း ဘာဖြစ် သွားမလဲ၊ ငါ သိချင်တယ်။ ”

“ မလုပ်နဲ့ ဘယ်သူမှ မသိတာ အကောင်း ဆုံးပဲ။ ”

“ လင်းယွန် ... ငါတို့နဲ့ အတူ ပြန်လိုက်ခဲ့၊ လူတိုင်းက ... မင်းကို အရမ်း လွမ်းနေ ကြတယ်၊ ဂိုဏ်းချုပ်နဲ့ တောင်ထိပ် သခင်တွေ ကလည်း၊ မင်း အကြောင်း မကြာ-မကြာ ပြောကြတယ်။ ”

“ ပြန်လိုက်လို့ မရ သေးဘူး ... ၊ ငါ ဆက်ပြီး ပုန်းနေဖို့ လိုသေးတယ်။ ”

လင်းယွန်က ရှုံ့မဲ့စွာ ဆို လိုက်သည်။

“ ငါ နားလည်ပြီ ... ။ ”

“ အပူပင် ကင်းသော ဓား(၉)ကွက်နဲ့ ပတ်သတ်ပြီး မေးစရာ ရှိလား၊ ငါ ဒီည မင်းကို လမ်းပြ ပေးမယ်။ ”

လင်းယွန်က ပြောလိုက်သည်။ ထို့ကြောင့် ကျောက်ယန်မှာ ပြုံးရွှင်လျက်၊ အားနာခြင်း မရှိ တော့ဘဲ၊ ရေနွေးကြမ်း သောက်ပွဲ၌၊ လင်းယွန် သုံးခဲ့သော ဓားရေး ကိုပါ မေးမြန်း လာ၏။

အချိန် အတော်ကြာ ပြီးနောက်၊ လင်းယွန်က စကား လမ်းကြောင်း ပြောင်းလိုက်ရ၏။ မဟုတ် သော် မေး၍ ကုန်ဦးမည် မဟုတ်ချေ။

“ ငါ့ဆရာ နေကောင်းလား။ ”

“ မင်း ထွက်သွား ပြီး၊ ဓားဧကရာဇ်က သိုင်းဘိုးဘေး သက်တံ့ကို ဂိုဏ်းဆီ ပြန်ပို့ပေး ခဲ့တယ်၊ သူ အဆင်ပြေမယ် ထင်တယ်၊ အတိ အကျတော့ ငါလည်း မသိဘူး၊ ...

... သိုင်းဘိုးဘေးက လူရှေ့ကို လုံးဝ ထွက်မလာ ခဲ့သလို၊ သူ့အကြောင်း ဘယ်သူ မှလည်း မပြောကြ တော့ဘူး။ ”

ကျောက်ယန်မှ ရိုးရိုး သားသား ဖြေသည်။ ယုချင်းဖန် အပေါ်၊ များစွာ အကြွေး တင်သွားပြီ ဖြစ်ကြောင်း၊ လင်းယွန် နားလည် လိုက်၏။

ဤသည်မှာ သတင်းကောင်း မဟုတ် သော်လည်း၊ စိတ် သက်သာရာ ရမိ စေသည်။

“ ကောင်းကင်ယံ ဂိုဏ်း ကကော ... ဘယ်လိုလဲ၊ သူတို့ အကြောင်း သတင်းတွေ ရှိသေးလား။ ”

“ မရှိဘူး ... ၊ ရှေးဟောင်း စစ်မြေပြင် အပြင်မှာ၊ ဖြစ်ပျက်ပြီး တဲ့နောက် ... သူတို့ ငြိမ် သွားတယ်၊ အထူး သဖြင့် ထျန်ရွှမ်ဇီပဲ၊ အခု ရှေးဟောင်း ပျက်သုဉ်း မြေက အေးချမ်း နေပါပြီ။ ”

ထိုစကားကြောင့် လင်းယွန်မှာ၊ နိုးနိုး ကြားကြား ဖြစ်လာသည်။ ထျန်ရွှမ်ဇီ ဟူသည် ဤသို့ ပုန်းကွယ် နေမည့်၊ လူစားမျိုး မဟုတ်ခေျ။

***

All Chapters