ငါက သွားချင်တာ မဟုတ်ဘူး ... ။
Vol. 129 Ch. 1801
“ ထျန်ရွှမ်ဇီရဲ့ ကိုယ်ရည် ကိုယ်သွေးပေါ် အခြေခံပြီး၊ ဒီလို နိမ့်ကျတဲ့ ပုံစံမျိုးနဲ့ နေဖို့ မဖြစ် နိုင်ဘူး၊ သူ့မှာ အစီစဉ် တစ်ခု ခုတော့ ရှိမှာပါ။ ”
လင်းယွန်က ပြောသည်။
“ ဂိုဏ်းချုပ် ကတော့ ... ၊ ထျန်ရွှမ်ဇီ ဒဏ်ရာရသွား နိုင်တယ်လို့ ပြောတယ်။ ”
ကျောက်ယန်မှ ပြောသည်။
“ ဒါတော့ ... ဖြစ်နိုင်တယ်၊ ဒါပေမယ့် သတိ ထားပါ။ ”
ထျန်ရွှမ်ဇီသည် ပရိယာယ် ကြွယ်ဝသော ပြိုင်ဘက် ဖြစ်သော ကြောင့်၊ လင်းယွန်မှ စိုးရိမ် မိသည်။
၎င်းသည်သာ တစ်စုံ တစ်ရာကို လုပ်ဆောင်ရန် စိတ်ပိုင်းဖြတ် ထားပါက၊ ပြီးမြောက် သွားမည် ဖြစ်၏။
သူ့ အသွင် အပြင်ဖြင့် လူတိုင်းကို လှည့်စားနိုင်သည်။ လွန်ခဲ့သော ဆယ့်ရှစ်နှစ်က ဓားဂိုဏ်း၏ ရွှေမျိုးဆက်ကို ဖျက်ဆီးရန် ကြံစည်သူ အဖြစ်၊ မည်သူမျှ ယုံနိုင်မည် မဟုတ်ချေ။
ထိုစဉ်က ကောင်းကင်ယံဂိုဏ်း အတွင်း လူသတ်ပွဲ မဖြစ်အောင် ကျန့်ကျင်းရှန်အား သူ တား နိုင်၏။
သို့သော် မလုပ် ခဲ့ချေ။ သက်တံဓား ဒေါသ ထွက်ကာ၊ အကျဉ်းချ ပစ်လိုက်သည့် အချိန်ထိ စောင့်နေ ခဲ့သည်။
ထိုစဉ်က သူ့တွင် ကောင်းကင် ချပ်ဝတ် မရှိ ပါက၊ ဆရာ သခင်မှာ အသက် ဆုံးရှုံး သွားမည် ဖြစ်ပြီး၊ ဓားဂိုဏ်း တစ်ခုလုံး အဆုံးသတ် သွားနိုင်သည်။
“ ငါက ဓားဂိုဏ်းထက် ... မင်းကို ပို စိတ်ပူတယ်၊ ငါတို့ အားလုံး မင်း ပြန်လာမယ့် အချိန်ကို၊ စောင့်နေတာ ... ။ ”
ကျောက်ယန်မှ ပြောသည်။
“ အဲဒီလို နေ့မျိုး ရှိလာ မှာပါ၊ ဓားဂိုဏ်းက မကြာမီ မြင့်မြတ်မြေ ပြန်ဖြစ် လာရမယ်၊ ငါတို့ မျိုးဆက်မှာ ဒါကို ... ၊ ပြီးမြောက် အောင် လုပ်သွားမယ်။ ”
“ ငါ ယုံပါတယ် ... ။ ”
ကျောက်ယန်မှ ခေါင်းညိတ် လိုက်သည်။ ထို့နောက် နှစ်ယောက်သား စကား အကြာကြီး ထိုင်ပြော နေမိ၏။
ရောင်နီဦး အလင်းရောင် ရောက်လာသည့် အချိန်တွင်၊ လ်ငးယွန်မှ နှုတ်ဆက်ကာ ပြန်လာ ခဲ့သည်။
“ အစ်ကိုလင်း မင်း အသက် ရှင်လျက် ပြန်လာပါ၊ ငါတို့ အားလုံး မင်းကို စောင့်နေ တယ်၊ မင်းက ငါတို့ရဲ့ ... မျှော်လင့်ချက်ပဲ၊ မင်းကို ခမ်းခမ်း နားနား ကြိုဆို မှာပါ။ ”
လင်းယွန် သဏ္ဍာန်မှာ၊ နေရောင်နှင့် အတူ ပျောက်ကွယ် သွားတော့သည်။ သူ ဦးတည် ရာ သည်၊ ကောင်းကင် ရနံ့ သင်းသင်း ဖြစ်၏။
မီးငှက် ပြည်နယ် အတွင်းရှိ လျူ အိမ်တော်တွင် လေဓား သခင်က ဧည့်သည် တစ်ဦးကို၊ ကိုယ်တိုင် ကြိုဆို နေသည်။
ဤပုဂ္ဂိုလ်မှာ ထျန်ရွှမ်ဇီ၏ အထူး ချွန်ဆုံး တပည့်၊ ကျွားချင်းယန် ဖြစ်သည်။ ကျန့်ကျင်းရှန် ဘုရင် ဖြစ်မလာ ခင်၌၊ သူတော်စင် နယ်ပယ် အောက် ပြိုင်ဘက်ကင်း သူ ဖြစ်သည်။
ကျင့်ကြံမှု အရ၊ အထွတ် အထိပ် နိဗ္ဗာန် အဆင့်တွင် ရှိကာ၊ သူတော်စင် ဘုံသို့ မကြာခင် ရောက်ရှိ နိုင်ပေ၏။
ကျွားချင်းယန် စကားများကို နားထောင် ပြီးနောက်၊ လေဓား သခင်မှ သရော် လိုစိတ်ဖြင့် ပြုံးလိုက် လေသည်။
ယင်းကြောင့် ကျွားချင်းယန်မှ၊
“ မင်း ... မယုံ ဖူးလား။ ”
-ဟု ပြန်မေး လိုက်သည်။
“ ဒါဆို ကောင်းကင် မူလ ကြေးမုံနဲ့၊ နဂါး ကျောက်တိုင် က ဘာလို့ သူ့ကို လင်းရှောင်လို့ အတည်ပြု ရတာလဲ။ ”
လေဓား သခင်မှ ပြန်မေး၏။
“ သူ့မှာ မိုးပြာ နဂါး ခန္ဓာ ကိုယ်နဲ့၊ ကောင်းကင် အမိုးဓား ရှိနေတယ် မဟုတ်လား၊ လောက ကြီးမှာ ဒီလို တိုက်ဆိုင်မှုမျိုး မရှိနိုင် ပါဘူး၊ သူက လင်းယွန် ဖြစ်နိုင်ခြေ (၃၀%) ကနေ၊ (၅၀%) အထိ ရှိပါတယ်။ ”
လေဓား သခင်မှာ၊ လိမ္မာ ပါးနပ်သူ တစ်ဦး ဖြစ်၏။ လင်းရှောင်ကို မုန်းတီးနေ သော်လည်း၊ သူ့ မျက်နှာတွင် မပြဘဲ၊
“ ဒါဆို ထျန်ရွှမ်ဇီက ... ဘာလို့ ဘာမှ မလုပ်ရ တာလဲ၊ ရှေးဟောင်း ပျက်သုဉ်း မြေရဲ့ ပြိုင်ဘက်ကင်း ကောင်ကင်ယံ သူတော်စင် ဘုရင် ဆိုတဲ့ အသံကို၊ ငါ ကြားဖူး ပါတယ်။ ”
ကောင်းကင် နယ်မြေမှ လူများသည် ရှေးဟောင်း ပျက်သုဉ်းမြေ အပေါ်၊ နှိမ့်ချစွာ ရှုမြင် ကြသည်။
ထို့ကြောင့် သူ့ လေသံတွင်၊ သရော် လှောင်ပြောင် မှုများ ပြည့်နှက် နေ၏။ ထျန်ရွှမ်ဇီ သည် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်ပြီး၊ ဧကရာဇ် ဖြစ်ရန် အခွင့် အလမ်း မြင့်မားသူ တစ်ဦးလည်း ဖြစ်သည်။
သို့သော် ယခု အချိန်၌ ရှေးဟောင်း ပျက်သုဉ်းမြေ ၌ပင်၊ မနေနိုင် လောက်အောင် ပုန်းရှောင် နေရ လေသည်။
၎င်း၏ ဘုန်းတော် ဘွဲ့သည် လူတိုင်း အတွက်၊ ကြွားဝါနေ သည်ဟုသာ မြင်လာ တော့၏။
ကျွားချင်းယန်က လေဓား သခင်၏ လေသံ အပေါ်၊ ဒေါသ မထွက်ဘဲ၊
“ သူ့မှာ မိုးပြာ နဂါး မိသားစုနဲ့ ... ၊ နတ်တောင် တပည့် ဆိုတဲ့ ဖြစ်နိုင်ချေ နှစ်ခု ရှိနေတယ်၊ ဒီအထောက် အထား နှစ်ရပ် လုံးက၊ စော်ကား နိုင်သော အရာ မဟုတ်ဘူး၊ ...
... ပြိုင်ဘက်ကင်း ကောင်းကင်ယံ သူတော်စင် ဘုရင် ဖြစ်ရင်တောင်၊ ကောင်းစွာ တွက်ဆ ရသေးတယ်၊ လူမှားပြီး သတ်မိရင် အကျိုးဆက်က ဆိုးရွား သွားနိုင်တယ်။
ထိုသို့ ပြောလာ နိုင်မည်ဟု၊ တွက်ဆ ထားပြီး ဖြစ်သောကြောင့်၊ လေဓား သခင် တစ်ယောက် ပြုံး လိုက်သည်။
“ ဒါကြောင့် ... ငါ့ဆရာက သူ့ကို သတ်ချင် ပေမယ့် မလုပ် နိုင်ဘူး၊ သူ့အစား ငါ ဆိုရင်တော့ လွတ်လမ်း ရှိပါ သေးတယ်။ ”
ကျွားချင်းယန်က တိုးတိုးလေး ပြောသည်။
“ အိပ်မက် မက်မနေနဲ့၊ သူသာ လင်းယွန် ဆိုရင် ... ၊ မဟာ သူတော်စင် တစ်ပါး ကိုတောင် သတ်နိုင်တဲ့ ကောင်းကင် ချပ်ဝတ် ရှိတယ်။ ”
လေဓား သခင်၏ တုန့်ပြန် စကားကို ကြားသော အခါ၊ ကျွားချင်းယန်မှ ပြုံးလိုက်ပြီး၊
“ သူ သုံးနိုင် ပါစေလို့ ... ငါ ဆုတောင်း ပါတယ်၊ အဲဒီလို ရတနာ မျိုးကို သုံးဖို့၊ ပေးရတဲ့ တန်ကြေးက အရမ်း ကြီးတယ်၊ နောက် တစ်ကြိမ် ထပ်သုံးရင် သူ သေလိမ့်မယ်။ ”
-ဟု ဆိုလိုက်သည်။
လေဓား သခင်မှ နှုတ်ဆိတ် နေသဖြင့်၊ ကျွားချင်ယန်က သူ့စကားကို ဆက်ပြောသည်။
“ လေဓား သခင်က ငါ့ကို မယုံ ဖူးလား၊ တကယ်တော့ ငါလည်း မယုံပါဘူး၊ ဒါပေမယ့် ဖြစ်နိုင်ခြေ (၃၀%) ရှိနေ သရွေ့တော့ ... စမ်းကြည့် ရမှာပဲ၊ သူ့ကို ...
... လွှတ်ထားလို့ မရဘူး၊ လျူ မိသားစုနဲ့ ငါ့ဆရာက ... ဧကရီ အပေါ် သစ္စာ စောင့်သိတာ ချင်း တူတာမို့ ... ၊ ဒီကိစ္စမှာ ငါတို့ ပူးပေါင်း ဆောင်ရွက် သင့်တယ် မဟုတ်လား။ ”
“ ငါအမြင် မှာတော့ ... (၃၀) ရာခိုင်နှုန်း တောင် ရှိမယ် မထင်ဘူး၊ သူ ပန်းသင်္ချိုင်း လုံးဝ မဟုတ်ဘူး၊ ပြောပါဦး ... လင်းယွန်က တစ်နှစ် အတွင်း၊ နဂါး သွေးလွှတ် ကြောမှာ၊ ပထမ ရလာ နိုင်မလား၊ ငါတော့ မယုံဘူး။ ”
လေဓား သခင်က ပြန်ပြောသည်။ ကျွားချင်းယန်မှ လေဓား သခင်အား ကြည့်ကာ၊ ခေါင်းယမ်း လိုက်၏။
လျူ မိသားစု၏ အကူ အညီဖြင့်၊ ကိုင်တွယ် ဖြေရှင်း နိုင်သော် အကောင်းဆုံး ဖြစ်လေသည်။ သို့သော် ၎င်းတို့မှ ကူညီရန် ငြင်းဆို ခဲ့သော်၊ အခြား နည်းလမ်း မရှိဟု မဆိုလိုချေ။
“ ဒါဆို ... ငါ့ကို ခွင့်ပြု ပါဦး။ ”
ကျွားချင်းယန်က မတ်တပ် ထရပ်ပြီး၊ နှုတ်ဆက် လိုက်သည်။ တံခါးဝ ရောက်ချိန်၌၊ လေဓား သခင် ခွက်ကို မြှောက်ကာ၊
“ အစ်ကို ကျွား ... ၊ ဘာလို့ အလျင်လို နေရတာလဲ၊ ငါတို့ စကား မပြီး သေး ပါဘူး။ ”
-ဟု ပြန်ခေါ် လိုက်၏။
“ မင်း အခု ယုံပြီလား ... ။ ”
“ မယုံပါဘူး ... ၊ ဒါပေမယ့် သူ ဘယ်သူ ဖြစ်ဖြစ် ငါနဲ့ ဘာဆိုင်လဲ ... ၊ သေဖို့ ... အဓိကပဲ မဟုတ်လား။ ”
ကျွားချင်းယန်က နားလည် သွားသည်။ လင်းယွန် ဖြစ်နိုင်ကြောင်း သူကသာ အချေတင် ပြောနေ မိခြင်း ဖြစ်သည်။ တစ်ဖက် လူသည် ၎င်းအား ထည့်တွက်ပုံ မရချေ။
ယင်းက အဓိပ္ပါယ်ရှိ သဖြင့် ကျွားချင်းယန်မှ ပြုံးပြီး ပြန်လျှောက် လာသည်။ မည်သူ ဖြစ်ဖြစ် သေဖို့သာ လို၏။
“ သူ့ကို သတ်ဖို့က လွယ်တယ်၊ ဒါပေမယ့် ကောင်းကင် ရနံ့ သင်းသင်းက ... အမျိုးသမီးမှာ နဂါး အမိန့် ရှိတယ်၊ မဟုတ်ရင် ငါ သူ့ကို မိုးကြိုး ကျွန်းမှာ သတ်ပစ် ခဲ့တာ ကြာပြီ။ ”
လေဓား သခင်က အံကြိတ်ကာ ပြော၏။
“ ဒါပေမယ့် ... သူသာ လင်းယွန် ဆိုရင် ... ၊ နဂါး အမိန့်က အသုံး မဝင်ပါဘူး၊ လူမှား သတ်မိ ရင်တောင် ... ငါ့ ဆရာက အကျိုး ဆက်ကို ကျေကျေ နပ်နပ်ကြီး၊ ခံယူပေး လိမ့်မယ်။ ”
ကျွားချင်းယန်မှ ပြောသည်။ ဤစကားကို စောင့်နေခြင်း ဖြစ်သဖြင့်၊ လေဓား သခင်မှ ပြုံး လိုက်တော့သည်။
ကောင်းကင် ရနံ့ သင်းသင်းသို့၊ ပြန်ရောက် သည်နှင့်၊ လင်းယွန်က ကျင့်ကြံမှု တည်ငြိမ်ရန်၊ ကြိုးစား မိသည်။
ပိုးစုန်းကြူး နတ်ဓား၏ ပထမ တစ်ကွက် တည်းကိုသာ နားလည်ထား သော်လည်း၊ ၎င်း၌ အပြောင်း အလဲ ကိုးရာကျော် ရှိ၏။
ထို့ကြောင့် ယင်းအား အချိန်တို အတွင်း လုပ်ဆောင်ရန် ခက်ခဲသည်။ ကျွမ်းကျင် သူများ ကြားတွင် စက္ကန့်တိုင်း တန်ဖိုး ရှိချေ၏။
ပြိုင်ဘက်သည် သင့်အား ပြင်ဆင်ချိန် ပေးမည် မဟုတ်ချေ။ ပိုမို ကျွမ်းကျင် လာသည် နှင့် အမျှ၊ မည်မျှ ကြောက်စရာ ကောင်းသည်ကို သိလာ၏။
ဤတစ်ချက် တည်းဖြင့်၊ ကျင့်ကြံမှု မြင့်မားသော ရန်သူ များကို၊ အလွယ် တကူ သတ်ပစ် နိုင် ပေမည်။
ထိုအချိန်တွင် နဂါး သွေးလွှတ်ကြော အဆင့် သတ်မှတ် ချက်ရှိ၊ ထိပ်ဆုံး ဆယ်ယောက် သည် လောက နိယာမ နယ်ပယ်သို့၊ ဝင်ရောက် ကုန်ကြသည်။
အထူး သဖြင့် ထိပ်ဆုံး သုံးဦး ဖြစ်၏။ ၎င်းတို့၌ လုံလောက်သော ခွန်အားများ ရှိနေ သည်မှာ ကြာချေပြီ။
သူတို့ ဆက်နေရသည့် အကြောင်းရင်းမှာ၊ ပထမ နေရာကို လိုချင် နေသောကြောင့် ပေပင်။ လင်းရှောင် ထွက်ပေါ် လာပြီးနောက်၊ သူတို့၏ မျှော်လင့်ချက်များ ပျက်စီးသွား ခဲ့သည်။
ကျိလင်ဖုန်းသည် ဘဝ နယ်ပယ် တတိယ အဆင့်သို့၊ ရောက်ရှိ သွားကြောင်း ကောလ ဟာလများ ထွက်ပေါ် လာသည်။
လောက နိယာမ နယ်ပယ်အား ဘဝ၊ မရဏနှင့် နိဗ္ဗာန် ဟူ၍ (၃)ဆင့် ပိုင်းခြားထား လေသည်။
ဘဝနှင့် မရဏတွင် အဆင့် ခုနစ်ဆင့် ရှိသည်။ ဘဝ ခုနစ်ပါးနှင့် မရဏဘုံ ခုနစ်ဆင့် ဟူ၍ ခေါ်ဆိုသည်။
ထို့ကြောင့် ကျိလင်ဖုန်း၏ အောင်မြင်မှုကို ကြည့်ကာ၊ သူ မည်မျှ စုဆောင်း ထားသည်အား မြင်သာ စေသည်။
သာမာန် လူ များသည်၊ ဘဝ တတိယ အဆင့်သို့ ရောက်ရှိရန်၊ နှစ်ပေါင်း များစွာ လိုအပ် ပေမည်။
တစ်ချိန်တည်း မှာပင်၊ လိပ်နက် ပင်လယ်ကွေ့ရှိ ဖြစ်စဉ်က၊ ပို၍ ထင်ရှား လာခဲ့ တော့သည်။
ယင်းကို လင်းယွန်မှ ဂရု မစိုက်ချေ။ လဝက်ကြာ ပြီးနောက်၊ မမျှော်လင့် ထားသော ဧည့်သည် တစ်ဦး၊ လင်းယွန်ထံ ရောက်ရှိ လာသည်။
၎င်းမှာ ကူကျွင့် ဖြစ်၏။ သူတို့ နှစ်ဦးအား အသိ အကျွမ်းများ အဖြစ်၊ သတ်မှတ် နိုင်သည်။
“ ဘာလာ လုပ်တာလဲ။ ”
လင်းယွန်မှ အပြုံးဖြင့် မေးသည်။
“ နဂါး သွေးလွှတ်ကြော ပထမကို ငါ လာကြည့်တာ၊ ပထမ ဖြစ်တာ နဲ့ပဲ မင်းက ငါ့ကို လာတောင် မတွေ့နိုင် တော့ဘူး။ ”
ကူကျွင့်က လှောင်ပြော ပြောလာ၏။
“ ကျင့်ကြံမှုကို ... တည်ငြိမ်အောင် လုပ်ရမယ်၊ မဟုတ်ရင် ငါ့ရဲ့ နောက်ထပ် ဒုက္ခက အချိန်မရွေး ရောက်လာ နိုင်တယ် ဆိုတာ၊ မင်း သိပါတယ်။ ”
လင်းယွန်က ပြုံးပြီး၊ ဝိုင်ပုလင်းအား ထုတ်ယူ လိုက်သည်။
“ ငကြွား ... ။ ”
ကူကျွင့်က လင်းယွန်ကို အထင်အမြင် သေးစွာဖြင့် ကြည့်၏။ သို့သော် ဝိုင်ပုလင်းအား မြင်ချိန်၌ ချက်ချင်း ပြုံးသည်။
“ နဂါး ဝိုင်ပဲ၊ ဒါက ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ဝိုင်တွေထက် ... ၊ အများကြီး ပိုကောင်း ပါတယ်။ ”
ဤအဘိုးအိုသည် စားသောက် ဇိမ်ခံရန် ကောင်းကင်ဘုံ ကြယ်ခန်းမသို့ သွားရောက် နေ ခဲ့မှန်း၊ နားလည် လိုက်သည်။
ထို့ကြောင့် ဝိုင်ပုလင်းကို လက်ဖြင့် ပြန်ကိုင်ကာ မျက်ခုံး ပင့်လျက်၊
“ တစ်ခုခု ရှိလား ပြောပါ။ ”
-ဟု မေးမြန်း လိုက်၏။
လင်းယွန်မှ ပုလင်းအား ပြန်ကိုင်ထား သည်ကို မြင်လိုက်ရ သောအခါ၊ ကူကျွင့်က ဒေါသ ထွက်လာပြီး။
“ ငါ သွားချင်နေ တယ်လို့များ ... ၊ မင်း ထင်လား၊ အဲဒီ ကောင်မလေးက ... လိပ်နက် ပင်လယ် ကွေ့ကို၊ မင်း ... မသွား ရဖူးလို့၊ တားခိုင်းလို့ ငါ သွားရတာ၊ ...
... ဗိုလ်ချုပ် နှစ်ပါး ... အရိုက် ခံလိုက်ရတဲ့ အတွက်၊ သေွးလ ဂိုဏ်းက တော်တော် ဒေါသ ထွက်နေတယ်၊ မီး ဗိုလ်ချုပ်တောင် အဲဒီကို လာမယ်လို့ ကြားတယ်၊ ဒါကြောင့် လိပ်နက် ပင်လယ်ကွေ့က ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ”
ကူကျွင့် စကားကြောင့် လင်းယွန်က သိချင်စိတ် ပြင်းပြ လာသည်။
“ သွေးလ ဂိုဏ်းရဲ့ ... မူလကို သိလား၊ သူတို့က ဘာလို့ လူရှေ့ ထွက်လာရဲ တာလဲ။ ”
“ သိချင်လား ... ။ ”
ကူကျွင့်က မျက်လုံး မှေးစင်းလျက် ပြုံးလိုက်သည်။ လင်းယွန်မှ ခေါင်းညိတ်ပြီး ပုလင်းရှိ လက်ကို ဖယ်ပေး လိုက်၏။
“ ဘယ်လောက် တောင် မွှေးလိုက်လဲ။ ”
ကူကျွင့်က ဝိုင်ပုလင်းကို လှမ်းယူကာ၊ ချက်ချင်း တစ်ငုံ သောက်လိုက်ပြီး၊ နှုတ်ခမ်းအား လျှာဖြင့်၊ သပ်တော့သည်။
***