ငါနောက် မလိုက် နဲ့တော့ ... ။
Vol. 129 Ch. 1803
ဤလူသည် အနည်းငယ် တွယ်ကပ် လွန်း သောကြောင့်၊ လင်းယွန်မှ အနှောက် အယှက် ဖြစ် လာ၏။
ဝိုင် တစ်ခွက်ကို မော့ချ လိုက်ပြီး၊
“ မင်းမှာ လုပ်စရာ ဘာမှ မရှိ ဖူးလား၊ ဘာဖြစ်ချင် နေတာလဲ ... ၊ ပွင့်ပွင့် လင်းလင်း ပြောပါ။ ”
-ဟု ပြန်မေး မိ၏။
“ မင်း ငါပေး ခဲ့တဲ့ ... မီးငှက် ကျောက်စိမ်းတုံးကို ကြည့်ပြီး ပြီလား။ ”
“ ကြည့်ပြီးပြီ။ ”
လင်းယွန်မှ အလွယ် ပြန်ဖြေ မိသည်။ ၎င်းအား ကြည့်ရန် သူ့၌ အချိန် မရှိချေ။ ဂီတကို စိတ် မဝင်စား သည်လည်း ပါ၏။
“ မင်း ဘယ်လို ထင်လဲ။ ”
မိန်ဇီဟော်က ညစ်ကျယ်ကျယ် မျက်နှာဖြင့် ထပ်မေး လာသည်။
“ မဆိုး ပါဘူး။ ”
“ ကျေးဇူး တင်ပါတယ် ... ၊ ဒါဆို ... မင်း ဘာလို့ ငါ့ဆီ မလာ တာလဲ၊ ငါ့အိမ်မှာ ... မီးငှက် ကျောက်စိမ်း တုံးတွေ အများကြီး ရှိတယ်။ ”
“ မင်း အိမ်က ဘယ်မှာလဲ။ ”
“ နတ်နဂါး အင်ပါယာ၊ မိန် မိသားစု အိမ်တော်။ ”
“ မိန်ဇီဟော် ... မင်း ဘာလိုချင် တာလဲ၊ ပွင့်ပွင့် လင်းလင်း ပြောပါ၊ ငါရဲ့ အဲဟူ ကိုတောင် မင်းကို ငှားပေး ခဲ့တယ် မဟုတ်လား၊ မင်း ဘဝ-သုံးပါး သစ်သီး လိုချင် နေတာလား။ ”
လင်းယွန်က ခွက်ကို ချပြီး၊ သတိဖြင့် စိုက်ကြည့် လိုက်သည်။ တစ်ဖက် လူသည် သူ့ မူလအား သိနေ သည်လော။
“ ဘဝ-သုံးပါး သစ်သီး လား၊ ဒါက နည်းနည်းတော့ စိတ်ဝင်စား စရာ ကောင်းတာ အမှန်ပါ။ ”
မိန်ဇီဟော်မှ တိုက်ရိုက် မဖြေချေ။
“ ငါ နင်းနဲ့ မလိုက်ရင် ... ၊ မင်း ဘာလုပ် မလဲ။ ”
“ ဒါဆို တခြား နည်းလမ်းကို သုံးရ မှာပေါ့။ ”
မိန်ဇီဟော်က ယုံကြည်မှု အပြည့်နှင့် ပြောလာ၏။ ထိုအဖြေက လင်းယွန်အား အံ့အား သင့်စေသည်။
မိန်ဇီဟော်သည် နဂါး သွေးလွှတ်ကြော နယ်ပယ် ၌သာ ရှိနေ သည်မှာ သေချာ ချေ၏။ အဘယ့်ကြောင့် ဤလေသံဖြင့် ပြောရဲ သည်ကို နားမလည် တော့ချေ။
“ မင်း ငါ့ ခွန်အားကို သိသင့်တယ် မဟုတ်လား၊ ငါက နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ပထမပါ။ ”
“ ဒါက အရှေ့ဘက် ပျက်စီး မြေလို့ ထည့်ပြောလေ၊ ခွန်လွန် နယ်မြေ တစ်ခုလုံး မဟုတ် သေးပါဘူး။ ”
“ ဒါဆို ... ၊ မင်း ဘာလို့ လာစမ်း မကြည့် ရတာလဲ။ ”
ထိုစိန်ခေါ်မှုကြောင့် မိန်ဇီဟော်က ပြုံးပြီး သူ့ခွက်ကို စားပွဲပေါ် တင်လိုက်သည်။ ခွက် ထဲမှ ဝိုင်များ လျှံကျ လာကာ၊ စားသောက် ဆိုင်ကြီး ချက်ချင်း တိတ်ဆိတ် သွား၏။
လျှံကျ လာသော ဝိုင်တွင်၊ ပြင်ပ ကမ္ဘာနှင့် အဆက်ပြတ် စေသော၊ အသံလှိုင်း တစ်ခု ပါဝင် နေလေသည်။
“ မဟာ သူတော်စင် အသံ။ ”
ဝါးခမောက် အောက်မှ၊ မျက်လုံး လှန်ကြည့်ကာ၊ လင်းယွန်က အံ့ဩ သွားသည်။
“ ဒါဆို ... မင်း ဘာလို့ နိဗ္ဗာန် ပွဲတော်မှာ အသုံးမပြု ရတာလဲ။ ”
“ ငါက ဂီတ မိသားစု ဆယ်ပါး ထဲက သခင်ငယ်ပဲ၊ ဂုဏ်သိက္ခာ ရှိတယ်၊ မင်းကို အနိုင် ယူဖို့ ... ၊ မဟာ သူတော်စင် အသံသာ သုံးမိရင်၊ ရှုံးတာနဲ့ အတူတူပဲ မဟုတ်လား။ ”
“ ဒါဆို မင်းက ဘဝ-သုံးပါ သစ်သီးကို မလိုချင် ဖူးပဲ။ ”
“ ဟုတ်တယ် မလိုချင်ဘူး ... ၊ မင်းကို နတ်နဂါး အင်ပါယာက ... ငါ့ အိမ်တော် ဆီပဲ လာစေချင် တာပါ။ ”
မိန်ဇီဟော်မှ မျှော်လင့်ချက် အပြည့်ဖြင့် ပြောလာ၏။
“ မင်း ... ငါ့ကို သိလား။ ”
“ မင်း ကိုလား ... အင်း သိတယ် ... ။ ”
မိန်ဇီဟော်က ပြန်ဖြေသည်။ လင်းရှောင် ဟူသည် နတ်တောင်၏ တပည့် တစ်ဦး မဟုတ် သည်လော။ ယင်းကို သူ သိထားပြီး ဖြစ်၏။
“ ခွမ်း ... ။ ”
လင်းယွန်က စားပွဲပေါ် လက်ညှိုးဖြင့် တောက်လိုက်ရာ၊ ဝိုင်ခွက် ကွဲသွား လေသည်။ သို့မှသာ ပတ်ဝန်းကျင်ရှိ ဆူညံ သံများ ပြန်ကြား လာရပြီး၊ ပုံမှန် လေထုကို ရရှိ လာ၏။
ဤနည်းဖြင့် အစောပိုင်း သူတို့ နှစ်ဦး ပြောသမျှ စကား များကို၊ မည်သူမျှ ကြားခြင်း မရှိခဲ့ချေ။
ထို့ကြောင့် မိန်ဇီဟော်တွင် သူ့ကို သတ်ရန် ရည်ရွယ်ချက် မရှိကြောင်း၊ သိသာ သောကြောင့် လင်းယွန် မျက်နှာ ပြောင်း သွားသည်။
သူတော်စင် တစ်ပါးပင်၊ သူ့အား မမြင်နိုင်သည် ဖြစ်ရာ၊ ၎င်းမှ မည်သို့ သိရှိ သွား သည်ကို၊ မတွေးဆ နိုင် တော့ချေ။
အစွမ်း ထက်သော ရှေးဟောင်း ပစ္စည်း တစ်ခုခု ရှိနေပုံ ရသည်။
“ လင်းရှောင်က ပန်းသင်္ချိုင်း ပဲလို့ ... ၊ ရေနွေးကြမ်း သောက်ပွဲမှာ၊ လေဓား သခင် ပြောတာ ငါ ကြားခဲ့တယ်။ ”
ထိုအချိန်တွင် ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ် လာသည်။
“ မင်း တကယ် ပြောနေ တာလား ... ၊ ဒီသတင်းက အရမ်း ပေါက်ကွဲ နိုင်တဲ့ အရာပဲ။ ”
“ ဟုတ်တယ် ... လေဓား သခင် ပြောခဲ့ တာပဲ၊ ဒါပေမယ့် လင်းယွန်က သင်ခန်းစာ ပေး ပြီး၊ ငြင်းဆို ခဲ့တယ်၊ ဆောင်ဦး သခင်တောင် ကိုယ်စား တောင်းပန် လိုက်ရတယ်။ ”
“ လင်းရှောင်က လင်းယွန် ... မဟုတ်ဖူး ဆိုရင်၊ လေဓား သခင်ကို ဘာလို့ ရိုက်ရ တာလဲ၊ ဒါကို မင်းတို့ သတိ မထား မိဖူး မဟုတ်လား။ ”
ပထမ စကား စသော လူငယ် မှပင်၊ ဟာကွက်ကို ထောက်ပြ လေသည်။ ထိုလူငယ် မှာ အပြာရောင် ဝတ်ရုံကို၊ ဆင်မြန်း ထား၏။
“ ဒါပေမယ့် ... နဂါး ဝိညာဉ်က ... ၊ လင်းရှောင်လို့ သက်သေ ပြုထား တာပဲ၊ ကောင်းကင် မူလ ကြေးမုံ မှာလည်း ... လင်းရှောင်ပါ။ ”
“ နဂါး ဝိညာဉ် ဆိုတာ၊ ရှေးဟောင်း ဝိညာဉ် တစ်ခုပါ၊ သူ့ အလိမ်ခံ ရတာရော ... မဖြစ်နိုင် ဖူးလား၊ ဘယ်သူ သိမလဲ၊ ...
... ကောင်းကင် ရနံ့ သင်းသင်းရဲ့၊ သူတော်စင် အကြီး အကဲနဲ့ ... လင်းရှောင်က ပတ်သတ်မှု ရှိတယ်လေ။ ”
အပြာဝတ် လူငယ် စကားကြောင့်၊ သူ့ အဖော် များမှာ၊ မျက်လုံးပြူး သွားလေသည်။ သူတော်စင် အကြီးအကဲ မည်မျှ လှပ သည်ကို၊ သူတို့ သိ၏။
“ မင်း တကယ် ပြောနေ တာလား၊ လင်းရှောင်နဲ့ နတ်သမီးလေး ကြား မှာလည်း၊ ဆက်ဆံရေး ရှိတယ်လို့ ... ငါ ကြားတယ်၊ ဘာတွေ ဖြစ်ကုန် တာလဲ။ ”
လင်းယွန်နှင့် သူတော်စင် အကြီးအကဲ အကြောင်း၊ အတင်းအဖျင်း ပြောသံဖြင့် လေထု မှာ၊ ပူနွေး လာသည်။
“ ဟား ဟား ဟား ... ၊ အဲဒါကို မင်း မသိသေးတာ သေချာတယ်၊ အနောက်ဘက် ဥယျာဉ် ဧည့်ခံပွဲမှာ၊ နဂါး အမိန့် သုံးပြီး၊ လင်းရှောင်ကို သူတော်စင် အကြီးအကဲ ကယ်တင် ပေးခဲ့တယ်၊ ...
... အဲဒီ တုန်းက မင်းတို့ မရှိလို့ ... ၊ မုရွယ်လင်က လင်းရှောင်ကို ကြည့်တဲ့ အကြည့် တွေမှာ၊ စိတ် လှုပ်ရှားမှုတွေ ... ပြည့်နှက် နေတယ်။ ”
“ အိုး ... ဒီသတင်းက တကယ် စိတ်ဝင်စား စရာပဲ၊ လင်းရှောင်က အလှ တရား နှစ်ခုတောင် ရလိုက် တာပဲ၊ ကံကောင်း လိုက်တာ။ ”
အနီး ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ထွက်ပေါ်လာ သော်လည်း၊ ထိုအသံတွင် မနာလို သော ခံစား ချက်များ ပါဝင် နေ၏။
စကားဝိုင်းကို စတင် ခဲ့သော အပြာဝတ် လူငယ် ကပင် ပြုံးပြီး၊
“ ဟီးဟီး ... လင်းရှောင်က ပန်းသင်္ချိုင်း မဟုတ်ရင်တောင် သူရဲကောင်း တစ်ယောက်လို့ သတ်မှတ်နိုင် ပါတယ်။ ”
-ဟု စကား ဝိုင်းကို အဆုံးသတ် လိုက်၏။
မိန်ဇီဟော်က အထက်ပါ စကားသံ များကြောင့်၊ လင်းယွန်အား လှည့်ကြည့် လိုက် လေသည်။
“ ညီအစ်ကို လင်း၊ မင်း ငါ့ အိမ်ဖော် ကိုးယောက်ကို၊ စိတ် မဝင်စားတာ အံ့သြ စရာ မရှိတော့ ပါဘူး။ ”
“ မင်း ယုံလား ... ။ ”
လင်းယွန်မှ ပြန်မေး၏။
“ အဟက် ... ၊ အတင်းအဖျင်း ဆိုတာ အကြောင်း ပြချက် မရှိဘဲ ထွက် မလာဘူး၊ ငါတို့ နှစ်ယောက် လုံးက ယောက်ျား တွေမို့၊ မင်း ဝန် မခံနိုင်တာ ငါ နားလည် ပါတယ်။ ”
မိန်ဇီဟော်က မျက်စိ တစ်ဖက် မှိတ်ပြ လိုက်လေသည်။ ဤကောလာ ဟလ မျိုးသည် ချစ်ခြင်း မေတ္တာ အပေါ်၊ အခြေခံ ထားသဖြင့်၊ သို့လော-သို့လော ဖြစ်စေ ပေမည်။
“ နတ်သမီး လေးနဲ့ သူတော်စင် အကြီးအကဲတို့ နှစ်ဦး အတူတူ အိပ်ယာ ဝင်တဲ့ ပုံမျိုး၊ မင်းတို့ မြင်ကြည့်စမ်း၊ ဘယ်လိုတောင် လှနေ လိုက်မလဲ၊ ဟား ဟား ဟား ။ ”
အပြာဝတ် လူငယ်၏ စကား များမှာ ပို၍ အထိန်း အကွပ်မဲ့ လာခဲ့သည်။ လူအုပ်ကြီး ခမျာ အသက်ရှူ သံများ မြန်လာ၏။
“ ခွပ် ... ။ ”
ထိုအချိန်တွင် လက်သီး တစ်လုံးက အပြာဝတ် လူငယ်၏ မေးရိုးကို ဝင်ရောက် သွားသည်။
သွေးများ စီးကျလျက်၊ ခေါင်းပြန် အမော့တွင်၊ ဓား တစ်လက်ဖြင့် သူ့နဖူးအား ချိန်ရွယ် ထားသည့်၊ ဝါးခမောက် ဆောင်း ထားသော လူငယ်ကို မြင်လိုက် ရသည်။
ဤသည်မှာ လင်းရှောင် ဖြစ်၏။ ရုတ်တရက် ဖြစ်သဖြင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားလေသည်။
“ ဒီလို လုပ်ကြံ လီဆယ်တဲ့ ... ၊ ကောလဟာလ တွေကို ဖြန့်ဖို့ ... ၊ မင်းကို ဘယ်သူ ခိုင်းလိုက် တာလဲ။ ”
လင်းယွန်မှ အေးစက်စွာ မေးလိုက်၏။ အပြာဝတ် လူငယ်က ဣန္ဒြေကို အတတ်နိုင်ဆုံး ထိန်းကာ၊
“ ဘာလဲ ... မင်း အခု အပြစ် ရှိတယ်လို့ ခံစားနေရ ပြီလား၊ ပန်းသင်္ချိုင်း ဘယ်လောက် များ မောက်မာ လိုက်လဲ။ ”
“ ငါမေးတာ ဖြေပါ ... ။ ”
“ မင်းမှာ သတ္တိ ရှိရင် ... ၊ ငါ့ကို သတ်ပစ် လိုက်လေ၊ ငါ့ကို သတ်ရင် မင်းက ပန်းသင်္ချိုင်း ဆိုတာ ဝန်ခံ လိုက်တာပဲ၊ လူတိုင်းက မင်း နှုတ်ပိတ် ပစ်တယ်လို့ မြင်လိမ့်မယ်။ ”
“ စွပ် ... ။ ”
ရုတ်တရက် ဓားဖျားကို နှလုံးသားထံ ပြောင်းလဲ ထိုးသွင်းကာ၊
“ ပြော ... ။ ”
-ဟု ဆိုလိုက် တော့၏။
ဤသည်မှာ နောက်ဆုံး အကြိမ် မေးခွန်း မေးခြင်း ဖြစ်မှန်း ခံစားမိ လာသဖြင့်၊ အပြာဝတ် လူငယ်မှ၊ ချက်ချင်း ကြောက်လန့် သွားသည်။
“ ငါ့ကို သတ်လိုက် ... ။ ”
သို့တိုင် အံကြိတ်လျက် ငြင်းဆန် လေသည်။
“ ကောင်းပြီ။ ”
လင်းယွန်က ဓားကို ဆက်၍ ထိုးသွင်း လိုက်ရာ၊ အပြာဝတ် လူမှာ ခေါင်းမာရန် မဝံ့ တော့ဘဲ၊
“ ရပ် ... ရပ် ... ငါပြောမယ်၊ လေဓား သခင်။ ”
-ဟု ဆိုလာ တော့သည်။ နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွ လာပြီး၊
“ လေဓား သခင်က ဒီလိုတွေ ပြောဖို့၊ တောင်းဆို ခဲ့တယ်၊ ဒါမှ ကောင်းကင် ချပ်ဝတ် လိုချင် သူတွေက မင်းနောက် လိုက်လာမယ်၊ ပြီးတော့ ... သွေးလဂိုဏ်း ဆီကိုပါ၊ မင်း အကြောင်း သတင်း ပို့ခိုင်း ခဲ့တယ်။ ”
လေဓား သခင်၏ စိတ်သည်၊ ဤသို့ ကောက်ကျစ် လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထား သောကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်၏။
ကောလဟာလ များဖြင့်၊ လင်းရှောင်ကို သတ်လိုခြင်း ဖြစ်၏။ သတ်ဖြတ် လိုသော ဆန္ဒ များ လင်းယွန် ခန္ဓာမှ ပွင့်ထွက် လာသည်။
“ မင်းက သေချာပေါက် လိပ်နက် ပင်လယ်ကွေ့ကို လာလိမ့် မယ်လို့ ပြောတယ်၊ အဲဒီ အချိန်မှာ မင်းကို သတ်ဖို့ နည်းလမ်း တစ်ရာ ရှိတယ်တဲ့၊ ငါ့ အသက်ကို ...
... ချမ်းသာ ပေးပါ၊ မင်းက နဂါး သွေးလွှတ်ကြော နယ်ပယ်ရဲ့ ပထမပဲ၊ ငါ သိ သမျှ ပြောပြီး ပြီမို့၊ ကတိ တည်ပါ။ ”
လင်းယွန်နှင့် ထိပ်တိုက် တိုးမည်ဟု၊ မထင်ထား သောကြောင့် ၊ အပြာဝတ် လူငယ်မှာ သူ့ကိုယ်သူ ကျိန်ဆဲလျက် တောင်းပန် ၏။
“ ငါက စကား တည်တယ်၊ ဒါပေမယ့် ... မင်းရဲ့ အသက်ကို မယူဖူးလို့ ... ဘယ်မှာ ပြောခဲ့ လို့လဲ။ ”
လင်းယွန်က ဓားကို ဆက်၍ ထိုးသွင်းပြီး၊ နှလုံးသားအား ခွဲပစ် လိုက်သည်။ သွေးများ ပန်း ထွက်ကာ သေဆုံး သွား၏။
“ မင်းတို့ ထဲမှာ ... ၊ ကြံရာပါတွေ ရှိတာ ငါသိတယ်၊ ပြန်သွားပြီး လေဓား သခင်ကို ပြော လိုက်၊ ငါ့ အသက် လိုချင်ရင်၊ လိပ်နက် ပင်လယ် ကွေ့ကို၊ ကိုယ်တိုင် လာခဲ့လို့။ ”
စကားဆုံး သည်နှင့်၊ ဆိုင်ထဲမှ ထွက်လာခဲ့ တော့သည်။ မိန်ဇီဟော်မှ ဝိုင်ခွက်ကို ချက်ချင်းချ လိုက်ပြီး၊ လင်းယွန်နောက် ပြေးလိုက် လာ၏။
“ အဲဒီ ကောင်က ... မင်းကို ပန်းသင်္ချိုင်းလို့ အထင် မှားအောင် တကယ် လုပ်တာပဲ။ ”
ထိုစကားကြောင့် လင်းယွန်က မိန်ဇီဟော်ထံ ပြန်လှည့် ကြည့်ကာ၊
“ မင်းရော ဘယ်လို ထင်လဲ။ ”
-ဟု မေးလိုက်သည်။
“ မင်းက လင်းရှောင်ပဲ၊ နတ်တောင်ရဲ့ တပည့် ဆိုတာ ငါ သိပါတယ်၊ ဒါကြောင့် လည်း သူတော်စင် အကြီး အကဲနဲ့ ... ။ ”
“ မင်း ငါ့နောက် လိုက် မနေနဲ့၊ လောလောဆယ် နတ်နဂါး အင်ပါယာကို ... ၊ ငါ မသွား သေးဘူး၊ တစ်နေ့ မင်း မခေါ်လဲ၊ ငါ လာခဲ့မယ်၊ အဲဒီ အချိန် ကျရင် မင်းကို ဆက်သွယ် လိုက်မယ်။ ”
လင်းယွန်က စကား ပြောခွင့်၊ ထပ် မပေးတော့ဘဲ၊ ခပ်သွက်သွက် လှမ်းထွက် သွား လေရာ၊ မိန်ဇီဟော် တစ်ယောက် စိတ်ပျက် လက်ပျက်ဖြင့်၊ ကျန်ရစ် ခဲ့ တော့သည်။
***