ငှက်မွှေး နတ်မိစ္ဆာ အမိန့်။
Vol. 129 Ch. 1804
လင်းယွန်မှ အဘယ်ကြောင့် သူ့ကို ရှောင်နေရ သည်ကို မိန်ဇီဟော် တစ်ယောက် နားမလည် နိုင်တော့ချေ။
သူ့ကိုယ်သူ အမြဲတမ်း အထက် တန်းစား အဖြစ် ခံယူကာ၊ တပါးသူ အပေါ်၊ အထင် အမြင် သေးခဲ့ ဖူးသော အခြေ အနေမျိုးကို ပြန်၍ သတိ ရလာ စေသည်။
“ ဒါက အဓိပ္ပာယ် မရှိဘူး၊။ ”
မေးစေ့ကို ပွတ်လျက် စဉ်းစားခန်း ဝင်နေ မိသည်။
“ လိပ်နက် ပင်လယ် ကွေ့က အမွေက ကောလာ ဟလလေး တစ်ခုပဲ၊ သူ့ကို ပေးခဲ့တဲ့ မီးငှက် ကျောက်စိမ်းတုံးက ... ဒါကို ယှဉ်နိုင် ပါတယ်၊ ဘာလို့ စိတ်မဝင် စားရ တာလဲ။ ”
“ သခင်ငယ် ... ၊ လင်းရှောင်က ကျောက်စိမ်းတုံးကို မကြည့် ရသေး တာလဲ ဖြစ်နိုင် ပါတယ်။ ”
အစေခံ တစ်ယောက် ရုတ်တရက် ပေါ်လာပြီး၊ ဝင်ပြောသည်။
“ ဒါတော့ မဖြစ် နိုင်ဘူး၊ ကျောက်စိမ်းတုံး တွေကို ငါကိုယ်တိုင် မှတ်တမ်းတင် ထားတာပဲ၊ ဒီလောက် အဖိုးတန်တာ သူ ကြည့်မှာပါ။ ”
အစေခံ များက၊ သူ့ စကားကြောင့် ပြုံးစိစိဖြင့်၊ ဆက်မပြော တော့ချေ။ သူတို့၏ သခင်ငယ်သည် ကိုယ့်ကိုယ်ကို ယုံကြည်ချက် ပြင်ထန် လှသူ ဖြစ်သည်။
“ မီးငှက် အမွေက ... လိပ်နက် အမွေလောက် ... စိတ်ဝင်စား စရာ မကောင်း လို့လား၊ ဒါလည်း အဓိပ္ပာယ် မရှိဘူး၊ မီးငှက် သူတော်စင် ကျမ်းက၊ ...
... လိပ်နက် သူတော်စင် ကျမ်း ထက်တောင်၊ အားကောင်း နေတာပဲ၊ ဒါမှ မဟုတ် သူ ငါ့ကို အပေါင်း အသင်း မလုပ်ချင် တာလား။ ”
“ သခင်ငယ် ... ငါတို့ လိပ်နက် ပင်လယ် ကွေ့ကို သွားမှာလား။ ”
အစေခံ တစ်ဦးက စကား ဖြတ်ကာ ဝင်မေးသည်။
“ အန္တရာယ် များတယ် ... ၊ ငါတို့ ထွက် လာတာ ကြာပြီ ပြန်ရအောင် ... ၊နေဦး မဟုတ် သေးဘူး၊ ငါတို့ သွားရမယ်၊ ဒီကောင်က ငါ့ကို အထင်သေး နေတယ်၊ သူ့ကို လွယ်လွယ်နဲ့ လွှတ်ပေးလို့ မရဘူး။ ”
မိန်ဇီဟော်မှာ ဆုံဖြတ်ချက် ပြောင်းသွား လေသည်။ မီးငှက် ပြည်နယ် ဆိပ်ကမ်း အနီး၌၊ အလွန် လှပသော နန်းတော် တစ်လုံး ရှိ၏။
ထိုစံအိမ် အတွင်းတွင်၊ လေဓား သခင်က လင်းယွန် ပြန်ပါး လိုက်သော သတင်း စကားကို နားထောင်နေ ခဲ့သည်။
သူ့ အနားတွင် လူလေးယောက် ရှိ၏။ ၎င်းတို့မှာ လျူ မိသားစု၏ လောက နိယာမ နယ်ပယ် အကြီး အကဲများ ဖြစ်သည်။
တန်ခိုးကြီး ဂိုဏ်းများ တွင်ပင်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များကို၊ ဂိုဏ်း၏ မဏ္ဍိုင် အဖြစ် သတ်မှတ် ကြ၏။
ထို့ကြောင့် လျူ မိသားစု၏ အုတ်မြစ်ကို မှန်းဆ နိုင်ပေမည်။ ထို့ပြင် ပုန်းကွယ် နေသော အမည်ခံ သူတော်စင် တစ်ပါးလည်း ရှိသေး၏။
“ လျူဟိုင် ... ၊ ဒီလူယုတ်မာက ငါ့ကို တကယ်ပဲ အဲဒီလို စိန်ခေါ် လိုက်တာလား။ ”
လျူဟိုင် ဆိုသော အကြီး အကဲအား ပြန်မေးမိသည်။ သတင်း စကားကို နားထောင် ပြီးနောက်၊ ဒေါသ ထွက် လာ၏။
“ ဘာပဲ ဖြစ်ဖြစ် ဒီကောင်က ငါ့ကို စိန်ခေါ်တာ သေချင် နေလို့ပဲ၊ သူ တစ်ယောက် တည်း ဆိုတာ သေချာလား။ ”
“ ဟုတ်ကဲ့ သေချာတယ် ... ဒါပေမယ့် မိန်ဇီဟော်တော့ ရှိနေတယ်၊ ကြည့်ရ တာ သူတို့ လမ်းခွဲ သွားမယ့် ပုံပါ။ ”
“ ငါသူ့ကို မသတ်ဝံ့ ဖူးလို့၊ သူ တကယ် ထင်နေပုံ ရတယ်၊ နဂါး အမိန့်သာ မရှိ ခဲ့ရင် သူ့ကို ငါ သတ်ပစ် လိုက်တာ ကြာပြီ။ ”
“ သခင်လေး ငါတို့ သွားကြ မှာလား။ ”
ကျန်အကြီးအကဲ တစ်ဦးမှ ဝင်မေး၏။
“ သွားမယ် ... ၊ သူ ကစားချင် နေတာ ဆိုတော့ ကစားပေး ရအောင် ငှက်မွှေး နတ်မိစ္ဆာ အမိန့်ကို ထုတ်ပြီး ဆုကြေး ကြေငြာပါ၊ သူ ဘာဆက် လုပ်မလဲ ကြည့်နယ်။ ”
လိပ်နက် ပင်လယ်ကွေ့ ဟူသည် ကောင်းကင် နယ်မြေ၌ တားမြစ်ဇုန် ဖြစ်၏။ ၎င်း၌ ဗီဇပြောင်း သားရဲ များစွာ ရှိသည်။
နတ်ဘုရားများ ကြား တိုက်ပွဲတွင်၊ ကောင်းကင် နယ်မြေ တစ်ခုလုံး ပြိုပျက်သွား ခဲ့သည်။
အနှစ် တစ်သိန်း ကြာသည့်တိုင်၊ နတ် ဘုရားများ၏ တန်ခိုး အကြွင်း အကျန် များဖြင့်၊ ပြည့်နှက် နေခဲ့ ဖူး၏။ ထို့ကြောင့် တားမြစ် ဇုန်များ ရှိဆဲ ဖြစ်သည်။
မရဏ အဆင့် ကျွမ်းကျင်သူများ ဝင်ရောက်သော်၊ ထိုစွမ်းအင် များ၏ သတ်ခြင်း ခံရ ပေမည်။
ဘဝ အဆင့် ကျွမ်းကျင် သူများ သာလျှင်၊ အခွင့်အရေး ရှိ၏။ အဆိုပါ ပင်လယ် ကွေ့သည် မတည်ငြိမ် ဖြစ်သဖြင့်၊ သွားလာရန် သူတော်စင် သင်္ဘော တစ်စင်း လိုသည်။
အကြွင်း အကျန် စွမ်းအင် များကြောင့်၊ နတ်ဆိုး သားရဲများမှာ ဗီဇ ပြောင်းလဲလျက်၊ သူတော်စင် သလင်းကေျာက်များ ပိုင်ဆိုင် လာကြသည်။
ယင်းသည် ကျင့်ကြံ သူများ အတွက်၊ ရတနာများ ဖြစ်သဖြင့်၊ လစဉ် ပင်လယ် ကွေ့သို့ လာရောက် သူများ ရှိလေသည်။
ထို့ကြောင့် သူတော်စင် စစ်သင်္ဘောကြီး များမှာ၊ (၁၅)ရက် တစ်ကြိမ် သယ်ယူ ပို့ဆောင် ရေး ဆောင်ရွက် ပေးကြသည်။
ယခု တစ်ကြိမ် ထွက်ရန်၊ သုံးရက် စောင့်ရ ပေဦးမည်။ သုံးရက် အကြာ၌ လင်းယွန်က စစ် သင်္ဘော တစ်စီးပေါ် တက်လာ လိုက်သည်။
လက်ထဲ၌ လိပ်နက် ပင်လယ်ကွေ့နှင့် သတ်ဆိုင်သော မှတ်တမ်း များကို ရေးသား ထားသည့်၊ မြေပုံ တစ်ရွက် ရှိ၏။
များမကြာခင် မိန်ဇီဟော် တစ်ယောက် သင်္ဘောပေါ် လှမ်းတက် လာသည်။ ဤလူသည် လက်လျော့ လိုပုံ မရ သေးချေ။
လင်းယွန်က သင်္ဘောပေါ် ဝေ့ကြည့်ကာ အကဲခတ် လိုက်သည်။ သည်သင်္ဘော ပေါ်ရှိ လူ တစ်ဝက်ခန့်၊ သူ့နောက် လိုက်လာ မည်ကို တွက်ဆ နိုင်၏။
လွန်ခဲ့သော သုံးရက်၌၊ ငှက်မွှေး နတ်မိစ္ဆာ အမိန့်အား၊ တစ်စုံ တစ်ယောက်မှ ထုတ်ပြန်ခဲ့ ကြောင်း ကြားသိ ထားသည်။
မည်သူ မဆို သူ့အား သတ်နိုင် သရွေ့ ထိုဆုကြေး ရရှိမည် ဖြစ်သည်။ ယင်းကြောင့် မိစ္ဆာ လမ်းစဉ် ကျင့်ကြံ သူတိုင်း၊ စိတ်ဝင်စား လာကြ၏။
ငှက်မွှေး နတ်မိစ္ဆာ အမိန့်သည်၊ နတ်မိစ္ဆာ ဧကရာဇ်မှ ကိုယ်တိုင် ကိုယ်ကျ သန့်စင် ခဲ့သော တံဆိပ် တစ်ခု ဖြစ်ပြီး၊ နတ်မိစ္ဆာ တံခါးနှင့် ရင်းနှီး သူများသာ ပိုင်ဆိုင် နိုင်မည်။
၎င်းကို စွမ်းအင် အရင်း အမြစ်များ၊ ရတနာများ၊ နတ်မိစ္ဆာ တံခါးပိုင် နတ်နဂါး ပညာ ရပ်များ စသည် တို့ဖြင့်၊ လဲလှယ် နိုင်သည်။
အဆုံးတွင် ဘုန်း သူတော်စင် လက်ရာ တစ်ပါး ကိုပင် လှဲလှယ် ယူနိုင်မည်။ သူတော်စင် တစ်ပါး ဖြစ်ရန် မှတပါး၊ မည်သည့် တောင်းဆို မှုမျိုး မဆို၊ ဖြည့်ဆည်း ပေးပေမည်။
ဤမျှ အဖိုး တန်သော ရတနာ တစ်ခုကို လူတစ်ယောက်အား သတ်ရန် သုံးခြင်းမှာ၊ ဖြုန်း တီးရာ ရောက်၏။ ထိုအမှုကို လေဓား သခင်မှ လွဲ၍၊ မည်သူမျှ ပြုလုပ်မည် မဟုတ်ချေ။
သို့သော် လူတိုင်း ထိုဆုကြေး အပေါ်၊ မက်မောသည် မဟုတ်ချေ။ သူတော်စင် သလင်း ကျောက် အတွက် လာကြသူ များသည်။
အချို့မှာ လိပ်နက် သူတော်စင် ကျမ်း အတွက် ဖြစ်၏။ ကျိလင်ဖုန်း ကဲ့သို့ မြင့်မြတ်မြေ ၏ ပါရမီရှင် များမှာ၊ လွန်ခဲ့သည့် (၁၅) ရက် ခန့်က ပင်၊ ကြိုသွားနှင့် နေပြီ ဖြစ်သည်။
“ မင်း ... မကြောက် ဖူးလား။ ”
မိန်ဇီဟော်မှ လင်းယွန် အနားသို့၊ လျှောက်လှမ်း လာပြီး၊ စိတ်ဝင် တစားဖြင့်၊ မေးမြန်း လေသည်။
ငှက်မွှေး နတ်မိစ္ဆာ အမိန့်နှင့် ပတ်သက် သော ဒဏ္ဍာရီ များစွာ ရှိသဖြင့်၊ မည်သူ မဆို ကြောက်ရွံ့ ကြမည် ဖြစ်သည်။
လင်းယွန်မှ ပြုံး၏။ ပြန် မဖြေချေ။ အခြားသော အရပ်တွင် ဆိုက ကြောက်ကောင်း ကြောက်နိုင်မည်။
ထိုအချိန်တွင် လူတစ်စု သင်္ဘောပေါ် တက်လာသည်။ ဦးဆောင်လာ သူမှာ၊ လေဓား သခင် ဖြစ်သည်။
သူ့နောက်၌ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ လေးဦး ရှိပြီး၊ မည်သူ့ ကိုမျှ ဂရု မစိုက်ပဲ၊ အပြုံးဖြင့် လင်းယွန်ထံ လှမ်းကြည့်၏။
လင်းရှောင်နှင့် လေဓား သခင်၏ ရန်ငြိုးဖွဲ့ခြင်းကို ဤနေရာရှိ လူတိုင်း ကြားသိ ထားသည်။
ထို့ကြောင့် လူတိုင်း တစ်စေ့ တစ်စောင်း ကြည့်လာ ကြ၏။ သို့သော် လင်းယွန်မှ လေဓား သခင်အား မမြင် သလို၊ ငြိမ်သက် နေခဲ့သည်။
ထိုအချိန်တွင် ကုန်းပတ် ပေါ်သို့၊ လူ သုံးယောက် ထပ်မံ လှမ်းတက် လာ သဖြင့်၊ လူတိုင်း ထိတ်လန့် သွားကြသည်။
ထိုသုံးဦး၏ ခေါင်းဆောင်မှာ အဖြူရောင် ဝတ်ရုံကို ၀တ်ဆင် ထားပြီး၊ နောက်ကျောတွင် ဓားမော့ကြီး တစ်လက်ကို ပိုးလွယ် ထား၏။
ဓားကို မည်သည်နှင့် ဓားပိုင်ရှင်သည်၊ နတ်မိစ္ဆာ အဆင့်၌ ထိပ်ဆုံး (၃၀၀) ဝင်သော၊ သွေးလက် ခို့ထျန်းဟွာ ဖြစ်မှန်း သိသည်။
မြင့်မြတ်မြေ များစွာမှ၊ ၎င်း၏ ခေါင်းအား ဆုကြေးထုတ် ထား၏။ ယခု သူသည် ငှက်မွှေး နတ်မိစ္ဆာ အမိန့်ကြောင့် ရောက်ရှိ လာကြောင်း၊ မှန်းဆ နိုင်သည်။
သူ့တွင် ခိုင်မာသော နောက်ခံ ရှိသဖြင့်၊ မြင့်မြတ်မြေ များကို မကြောက်ချေ။ သူ့ဆရာ အမည်မှာ၊ အရိုးဖြူ ဓားမော့ သူတော်စင် ဖြစ်၏။
ခို့ထျန်းဟွာ အနားတွင် ပါလာသော၊ လူနှစ်ယောက် သည်လည်း နောက်ခံ ကြီးကြီး မားမား ရှိသည်။
တစ်ဦးမှာ အမျိုးသား ဖြစ်ပြီး၊ ကျန် တစ်ဦးသည် အမျိုးသမီး ဖြစ်၏။ အမျိုးသားကို ယွမ်ဟမ့်ရင်ဟု ခေါ်ပြီး၊ ဖြူဖျော့သော အသား အရေနှင့် ချောမော ချေပြီ။
ဤလူသည် တစ်ချိန်က ကောင်းကင် မီးလျှံ ဂိုဏ်း၏ တပည့် တစ်ဦးဟု ကောလ ဟာလများ ထွက်ပေါ် နေခဲ့၏။
သူတော်စင် တစ်ပါးမှ တပည့် အဖြစ် ခေါ်ယူခဲ့ သော်လည်း၊ စည်းကမ်း ဖောက်ဖျက် သောကြောင့်၊ နှင်ထုတ်ခြင်း ခံထား ရသူ ဖြစ်သည်။ သည့်နောက် ခို့ထျန်းဟော်၏ နောက်လိုက် တစ်ဦး ဖြစ်လာ ခဲ့သည်။
အမျိုးသမီးမှာ၊ နူးညံ့ သိမ်မွေ့ပြီး၊ ငရဲ ပင်လယ်၏ နာမည်ကြီး လူသတ် သမား ဖြစ်၏။ သူမဘွဲ့ အမည်သည် ကျောက်တုံး မိန်းကလေး ဖြစ်လေသည်။
အနက်ရောင် ကြိုးများဖြင့် ပတ်ထား သကဲ့သို့၊ အသားစိုင် များကို မြင်ရ စေသော အင်္ကျီကို ဝတ်ဆင် ထား၏။
သို့သော် သူမကို သိသူ များမှာ၊ ထိုနေရာ များသို့ ကြည့်ဝံ့ ကြချေ။ ၎င်းတို့ သုံးယောက်မှာ၊ လောက နိယာမ နယ်ပယ်၌ ရှိ၏။
“ လင်းရှောင်တော့ သွားပြီ။ ”
“ လေဓား သခင်လည်း ရောက်နေတယ်၊ ငါသာ ဆိုရင်တော့ လင်းရှောင် အစား လှည့်ပြန် မိမှာ အမှန် ပါပဲ။ ”
အဖြူရောင် ၀တ်စုံနှင့်၊ ခို့ထျန်းဟော်မှ သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်ကို ထုတ်ဖော် လျက်၊ လင်းယွန်ထံ လျှောက်လှမ်း လာသဖြင့်၊ သင်္ဘော ပေါ်ရှိ၊ လူတိုင်း စိတ်ဝင်စား ကုန်သည်။
“ မင်းက လင်းရှောင်လား။ ”
“ ဟုတ်တယ် ။ ”
“ ငှက်မွှေး နတ်မိစ္ဆာ အမိန့်က ... ၊ ဘာကို ဆိုလိုလဲ ဆိုတာ ... မင်း သိလား၊ ငါတို့ ကြားမှာ ရန်ငြိုး မရှိပေမယ့် ... ၊ မင်း ခေါင်းကို ငါ ယူရမယ်။ ”
စကားဆုံး သည်နှင့် ကုန်းပတ်ပေါ် ဝေ့ကြည့်သည်။ ထိုအကြည့်သည် သူ့ကိစ္စအား ဝင် မရှုပ် ကြရန် သတိ ပေးခြင်း ဖြစ်၏။
“ ငါ့ ... ရှေ့က ထွက် သွား။ ”
လင်းယွန်မှ ပြန်ပြော လိုက်သည်။
“ ငါတို့ မကြာခင် ထပ်တွေ့မယ် ... ၊ အဲဒီအချိန် မင်း ခုလို မောက်မာ နိုင်ဦး မလား၊ ငါ ကြည့်မယ်။ ”
သူတော်စင် စစ်သင်္ဘော ပေါ်တွင် တိုက်ခိုက်ရန် တားမြစ် ထားသောကြောင့် ခို့ထျန်းဟော်မှ နောက်ပြန် ဆုတ်သွား၏။
“ ဟား ဟား ဟား ... လင်းရှောင် ... ၊ မင်းတော့ ဒုက္ခ ရောက်ပြီ ထင်တယ် ... ၊ ငါ့ အကူ အညီ လိုသေးလား။ ”
လေဓား သခင်မှ ရယ်မောလျက် စကား လာပြောသည်။ လင်းယွန်မှ တုန့်ပြန်ခြင်း မရှိဘဲ မြေပုံကို ပြန်ကြည့် မိ၏။
ထိုအပြုအမူက လေဓားသခင်ကို ဒေါသ ထွက်လာ စေသည်။
“ သခင်လေး ... သည်းခံပါ၊ လိပ်နက် ပင်လယ်ကွေ့ ရောက်ရင် ... ၊ ငါတို့ သူ့ကို ဆုံးမ ပေးပါ့မယ်။ ”
အကြီးအကဲ တစ်ဦးမှ နှစ်သိမ့်သည်။ တစ်နာရီ ကုန်လွန် ပြီးနောက်၊ သင်္ဘောက ဆိပ်ကမ်းမှ စတင် ထွက်ခွာ တော့၏။
***