လိပ်ခွံ သင်္ဘော ငယ်များ။
Vol. 129 Ch. 1805
လိပ်နက် ပင်လယ် ကွေ့သည်၊ ငရဲ ပင်လယ်၏ အနောက်ဘက် ယွန်းယွန်းတွင် ရှိပြီး၊ ကောင်းကင် မြို့တော်နှင့် ဝေး၏။
အန္တရာယ်များ ပြွန်းကာ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးပင်၊ ပျံသန်းရန် တစ်လခွဲ ကြာမြင့် ချေမည်။
ထို့ကြောင့် မလို အပ်ဘဲ၊ အားအင် မစိုက်ထုတ် လိုကြ သဖြင့်၊ စစ် သင်္ဘောများ ကိုသာ စီးနင်း ကြသည်။
သူတော်စင် စစ်သင်္ဘော များသည် အစွမ်းထက်သော သူတော်စင် ရှေးဟောင်း ပစ္စည်းများ ဖြစ်၏။
စွမ်းအား အပြည့် ဆိုက၊ သူတော်စင် တစ်ပါးနှင့် ယှဉ်နိုင်သော တန်ခိုး ကိုပင် ထုတ် ပေးနိုင်မည်။
မို မိသားစုနှင့် လျှို့ဝှက် မဟာမိတ် အဖွဲ့ မှသာလျှင်၊ ထိုသို့သော စစ်သင်္ဘော မျိုးအား၊ တည်ဆောက် နိုင်၏။
ယင်းကြောင့် နတ်နဂါး အင်ပါယာ အပါအဝင်၊ အင်အားစု အသီးသီးသည် ၎င်းတို့ ထံမှ ဝယ်ယူ ရချေပြီ။
တဖန် သူတော်စင် စစ်သင်္ဘော များကို တည်ဆောက်ရန် မလွယ် ကူချေ။ လုပ်ငန်းစဉ် တိုင်းသည် နှစ်ပေါင်း ရာနှင့်ချီ လိုအပ်၏။
“ ဝူး ... ။ ”
သူတော်စင် စစ်သင်္ဘောက ဆိပ်ကမ်းမှ ခွာသည်နှင့်၊ တိမ်များ ပေါ်သို့ ပျံတက်ကာ ကောင်းကင်ကို ခွဲလေသည်။
“ ခရစ် ... ။ ”
ကောင်းကင် (၁၈)လွှာ ရောက်မှသာ ရပ်တန့်လျက်၊ ရှေ့ဆက်သွား တော့၏။ ၎င်းမှာ ဆဋ္ဌမ ကောင်းကင်ဘုံ ဖြစ်လေသည်။
ဤနေရာရှိ လေထု ပတ်ဝန်းကျင်မှာ၊ ကြမ်းတမ်း၏။ လောက နိယာမ ကျွမ်းကျင်သူ များပင်၊ ကြာကြာ မနေ နိုင်ချေ။
စစ်သင်္ဘော တစ်စင်း လုံးကို၊ သိပ်သည်းသော ရောင်ခြည် များဖြင့်၊ အတား အဆီး သဖွယ် ဝန်းရံ ထားသည်။
ထိုရောင်ခြည်သည် ပြိုးပြိုး ပြက်ပြက် ဖြစ်နေ သဖြင့်၊ ဆဋ္ဌမ ကောင်းကင်ရှိ မည်သည့် နတ်သားရဲမှ၊ လာရောက် တိုက်ခိုက် ဝံ့ခြင်း မရှိ တော့ချေ။
ထို့ကြောင့် တစ်လခွဲ ကြာမြင့် နိုင်သော ခရီးသည်၊ တစ်ရက် မျှသာ ကြာမြင့်ခြင်း ဖြစ်၏။ များမကြာခင် ကျွန်းတစ်ကျွန်း ပေါ်သို့ ဆင်းသက် လိုက်ကြသည်။
ဤသည်မှာ တော်ဝင် ဝိညာဉ် ကျွန်းကြီး ဖြစ်ပြီး၊ လျှို့ဝှက် မဟာမိတ် အဖွဲ့ကြီး တည်ရာ၊ အမာခံ နယ်မြေ ဖြစ်သည်။
၎င်းတို့သည် ခွန်လွန်၌ ကြားနေ အဖွဲ့ အစည်း ဖြစ်ပြီး၊ သူတို့၏ မူလကို မည်သူမျှ မသိ ခဲ့ကြချေ။ အလွန် အင်အား ကြီးမားပြီး၊ ရန်မစ သင့်သော အင်အားစု ဖြစ်၏။
ကျွန်းကြီး တစ်ခု လုံးကို၊ အလွှာပေါင်း (၁၀၁)လွှာ ပါဝင်သည့်၊ ကြီးမားသော ဝိညာဉ် ရေးရာ အစီရင် တစ်ခုဖြင့်၊ ကာကွယ် ထားသည်။
ထို့ကြောင့် ဤကျွန်းအား တိုက်ခိုက် လိုသော်၊ အထက်ပါ အစီရင်ကို ဖြတ်ကျော်ရန် အချိန် ယူရမည် ဖြစ်၏။
“ ဘော် ... ။ ”
ဥဩ ဆွဲသံနှင့် အတူ၊ သူတော်စင် စစ်သင်္ဘောက တော်ဝင် ဝိညာဉ် ကျွန်း၏ ဆိပ်ကမ်း၌ ဆိုက်ကပ် လိုက်သည်။
ဤနေရာမှ စပြီး၊ သင်္ဘောငယ် များကို ပြောင်းလဲ စီးနင်း ရပေမည်။ သို့မှသာ လိပ်နက် ပင်လယ်ကွေ့သို့ ရောက်မည် ဖြစ်၏။
လိပ်နက် ပင်လယ် ကွေ့သည် လေထု မတည်ငြိမ် သောကြောင့်၊ လိပ်နက် သင်္ဘော ငယ်များ ကသာ၊ သွားလာ နိုင်သည်။
“ မင်းတို့ တစ်ယောက်ချင်း စီကို ... ၊ ရွှေတံဆိပ် တစ်ခုစီ ပေးမယ်၊ တံဆိပ် ရှစ်ခု ပြည့်ရင်၊ သင်္ဘော တစ်စီး ထွက်မယ်။ ”
မဟာမိတ် အဖွဲ့၏ အကြီးအကဲ တစ်ဦးက ကြေငြာသည်။
“ ဒီခရီးက အန္တရာယ် များတယ်၊ ငါတို့ရဲ့ လိပ်နက် သင်္ဘောတွေ ကသာ၊ ဘယ်လို သွားရ မလဲ ဆိုတာ ကောင်းကောင်း သိတယ်၊ မင်း တို့ကို သူပဲ ပို့ဆောင် ပေးပြီး၊ ပြန်ခေါ်လာ ပေးလိမ့်မယ်၊ ...
... သတိရပါ ရွှေတံဆိပ် ရှစ်ခု ပြည့်မှသာ သင်္ဘော ထွက်မယ်၊ လမ်းခရီးမှာ ပေါ့ပေါ့ ဆဆ မလုပ် ကြနဲ့။ ”
ရွှေတံဆိပ်သည် လက်မှတ် တစ်စောင် ဖြစ်ပြီး၊ တန်ဖိုး နတ်ကြယ် ပုလဲ (၁)သိန်း (၅) သောင်း ရှိ၏။
သူတော်စင် စစ်သင်္ဘော ပေါ်တွင် လူခြောက်ထောင်ခန့် ရှိသောကြောင့် သန်း ကိုးရာခန့် ရရှိ ပေမည်။
သူတော်စင် စစ်သင်္ဘော အတွက်၊ သူတော်စင် သလင်းကျောက် များကို လောင်စာ အဖြစ် ကျွေးမွေး ရသည်။
ထို့ကြောင့် ဤတန်ဖိုးသည် မည်မျှ တွက်ခြေကိုက် မည်ကို၊ မဟာမိတ် အဖွဲ့ မှသာ သိနိုင် ပေ၏။
“ သခင်လေး လင်းရှောင် ပျောက်သွားပြီ။ ”
အကြီးအကဲ တစ်ဦးက လေဓား သခင်ကို ပြောသည်။
“ မြန်မြန် ... မလွတ် စေနဲ့။ ”
လေဓား သခင်မှ ဒေါသ တကြီး အော်သည်။ အစောပိုင်း ကပင်၊ ယင်းလိပ် တစ်ခုကို ကိုင်ကာ၊ ရပ်နေ သေး၏။
“ ဟိုမှာ ... ။ ”
များမကြာခင် အဝေး တစ်နေရာ၌ ထွက်ခွာရန် ပြင်နေသော လင်းရှောင်အား မြင်လိုက် ရသည်။
သို့သော် စစ်သင်္ဘော ပေါ်ရှိ မဟာမိတ် အဖွဲ့၏ အစောင့်များမှ ကြည့်နေ သဖြင့်၊ မလှုပ် ဝံ့ချေ။ အခြား တစ်ဖက်တွင် ခို့ထျန်းဟော်တို့ သုံးဦးမှာ ငြိမ်သက် နေ၏။
လင်းယွန်က စစ်သင်္ဘော ပေါ်မှ အမြန်ဆင်းပြီး၊ ဆိပ်ကမ်းသို့ လျှောက်သွားကာ ကျောက်ပြား တစ်ချပ်တွင်၊ သူ၏ ရွှေတံဆိပ်ကို ကပ်ပြ လိုက်သည်။
ကမ်းစပ်၌ လိပ်နက် သင်္ဘောငယ်များ အပြည့် ရှိ၏။ ကိုယ်ထည် ပေါ်တွင် သူတော်စင် ရူရ်များ ရေးထွင်း ထားသည်။ အဝေးမှ ကြည့် ပါက မျောနေသော လိပ်ခွံနှင့် တူ၏။
“ ဝှစ် ... ။ ”
လင်းယွန်က လိပ်နက် သင်္ဘောငယ် တစ်စင်းပေါ် ခုန်ချ လိုက်သည်။ ရှေး မနှောင်း မှာပင်၊ လူ သုံးယောက် တက်ရောက် လာ၏။
လူ ရှစ်ယောက် ပြည့် သည်နှင့်၊ ရွှေတံဆိပ်များ အသက်ဝင် လာပြီး၊ သင်္ဘောငယ် စတင် ထွက်ခွာမည် ဖြစ်သည်။
လူ ခုနစ်ယောက် ပြည့် ပြီးနောက်၊ မိန်ဇီဟော်က လူအုပ် အတွင်းမှ ပြေးထွက် လာ ခဲ့သည်။
“ ငါ့ကို စောင့်ဦး ... ။ ”
အော်ဟစ်လျက် လိပ်ခွံ ပေါ်သို့၊ ခုန်ဆင်း လာတော့၏။ သူ ရောက် သည်နှင့်၊ လိပ်ခွံမှာ မြှား အလား၊ ပြေးထွက် လာလေသည်။
“ ဟူး ... ကံကောင်းလို့ ... လွတ်တော့ မလို့။ ”
မိန်ဇီဟော်က နဖူးမှ ချွေးများကို သုတ်ခါလျက်၊ ပြုံးကာ ထိုင်ချ လိုက် လေသည်။
“ လွတ် သွားပြီ ... ။ ”
“ မြန်မြန် လိုက်။ ”
လေဓား သခင်မှ ဒေါသ ထွက်လာပြီး၊ လိပ်ခွံကို အသက် သွင်းရန်၊ သင်္ဘော ပေါ်သို့ ခုန်ဆင်း လိုက်သည်။
သို့တိုင် လိပ်ခွံမှာ မလှုပ် မယှက် ဖြစ်နေ သဖြင့်၊ လင်းယွန်၏ ပုံရိပ်များ တဖြည်းဖြည်း ပျောက်ကွယ် သွား၏။
“ ဘာလုပ် နေကြ တာလဲ။ ”
လေဓား သခင်က လေထဲ ပိတ်ကန်ကာ၊ ပြန်လှည့်မေး လိုက်လေသည်။
“ သခင်လေး ... ၊ ငါတို့က လူရှစ်ယောက် ပြည့်မှ ထွက်လို့ ရမှာ။ ”
အကြီးအကဲ တစ်ဦးက အမြန် ဝင်ပြောသည်။
“ ဘာလို့ စောစောက မပြော တာလဲ။ ”
ဤအရာကို မဟာမိတ် အဖွဲ့မှ ရှင်းရှင်း လင်းလင်း ပြောထားပြီး ဖြစ်သည့် အတွက်၊ ထပ် ပြောရန် မလိုအပ်ချေ။ အကြီး အကဲမှ ငြင်းခုန်ခြင်း မပြု တော့ဘဲ၊ ပါးစပ်ပိတ် ထားလိုက်၏။
နေဝင် ချိန်ကြောင့် ကောင်းကင်မှာ သွေးရောင် စွန်းလာသည်။ ပင်လယ် ရေမျက်နှာ ပြင်သည်၊ မြင်ကွင်း၌ အဆုံးမဲ့ သွား၏။
လိပ်ခွံသည် လေ လမ်းကြောင်း အတိုင်း၊ လှိုင်းနှင့် အတူ၊ ပင်လယ်ကွေ့သို့ ဖြည်းညှင်းစွာ ချဉ်းကပ် နေခဲ့သည်။
ဤအရာသည် လှပသော ရှုခင်း ဖြစ်၏။ သင်္ဘော ပေါ်ရှိ လူ ရှစ်ယောက်တွင် မိန်ဇီဟော် တစ်ဦး ကိုသာ လင်းယွန် သိသည်။
ကျန်ခြောက်ဦးမှာ အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်၏။ ၎င်းတို့ အနက် (၃) ဦးသည် တစ်ဖွဲ့တည်း ဖြစ်ပြီး၊ သလင်းကျောက် ရှာဖွေရန်၊ လာခြင်း ဖြစ်သည်။
ခေါင်းဆောင်မှာ တစ်ချိန်က ကောင်းကင် တာအို ဂိုဏ်း၏ တပည့် တစ်ဦး ဖြစ်ကာ၊ အရွယ် ကျော်လွန်လာ သဖြင့်၊ ဂိုဏ်းမှ ထွက်လျက်၊ သွားလာ လှုပ်ရှား နေခြင်း ဖြစ်သည်။
ထို့ကြောင့် ငှက်မွှေး နတ်မိစ္ဆာ အမိန့်အား၊ စိတ်ဝင် စားခြင်း မရှိချေ။ ကျန်လူ သုံးဦး မှာမူ၊ သံသယ ဖြစ်စရာ ဖြစ်သည်။
လူငယ် တစ်ယောက်သည် အနက်ရောင် အဝတ် အစားကို ၀တ်ဆင်လျက်၊ မျက်နှာအား ဖုံးကွယ်ရန် ဆန္ဒ ရှိသည်။
ဝါးခမောက် အောက်မှ ၎င်း၏ မျက်ဝန်း များမှာ စူးရှပြီး၊ သင်္ဘောပေါ် ရောက်တည်းက၊ လင်းယွန်ကို အကဲခတ် နေကြောင်း မြင်သာ သည်။
ဒုတိယ လူမှာ စုတ်ပြတ်သတ် နေသော သူတောင်းစား အဘိုးကြီး တစ်ဦး ဖြစ်ပြီး၊ ခန္ဓာ ကိုယ်မှ အရက်နံများ နံစော် နေသည်။
သူက ဝိုင် သောက်လျက်၊ အဝေးမှ ရှုခင်းများကို ငေးလျက်၊ တစ်စုံ တစ်ရာ အပေါ် တွေးတော ငြိမ်သက် နေသည်။
နောက်ဆုံး တစ်ယောက်မှာ၊ လှပသော အမျိုးသမီး တစ်ဦး ဖြစ်သည်။ ရွှေ ချည်မျှည် များဖြင့် ယှက်လုပ် ထားသော အဖြူရောင် ဝတ်စုံကို ဆင်မြန်း ထား၏။
ယင်းက အရွယ်ရောက် ပြီးသော ယွဲ့ဝေဝေကို မြင်နေရ သကဲ့သို့၊ လှပ နူးညံ့ လွန်း လေသည်။
ယွဲ့ဝေဝေ ကဲ့သို့ လှပသော အမျိုး သမီးမျိုး ဤကမ္ဘာ၌ အများကြီး မရှိချေ။ ထို့ကြောင့် သည် အမျိုးသမီး အလှကို၊ မြင့်မြင့် မားမား မှတ်ချက် ပေးထား သည်ဟု၊ ပြောနိုင်၏။
ထိုစဉ် မိန်ဇီဟော်က ပင်လယ်ပြင်ကို ကြည့်ကာ၊ ပလွေမှုတ် တော့သည်။ ပလွေ သံမှာ၊ သာယာပြီး ခမ်းနား၏။ လူတိုင်းက ထိုအသံ အတွင်း နစ်မျော သွားကုန်သည်။
“ အစ်ကို လင်း၊ မင်း ဘာလို့ မကစား ရတာလဲ၊ မင်းက နိဗ္ဗာနန် ပွဲတော်ရဲ့ ချန်ပီယံ မဟုတ်လား၊ သူ့ထက် ညံ့မှာ မဟုတ် ပါဘူး။ ”
ကောင်းကင် တာအိုဂိုဏ်း သားဟောင်း၏ အမည်မှာ ချန်းထုံ ဖြစ်ပြီး၊ သူက လင်းယွန်အား ပြုံးကာ ပြောလာသည်။
သူ့အဖော် နှစ်ယောက် ကလည်း စိတ်လှုပ်ရှား စွာဖြင့် ခေါင်းညိတ် လိုက်၏။
“ ဟုတ်တယ် ... ညီအစ်ကို လင်း၊ တစ်ခုခု ကစားပါ။ ”
ဝါးခမောက် ဆောင်းထားသော လူငယ် လေးနှင့်၊ အမျိုးသမီးက သူတို့ စကားကြောင့် လှည့်ကြည့် လာသည်။ လင်းယွန်မှ ခေါင်းခါလျက်၊
“ လိပ်နက် ပင်လယ် ကွေ့က ... ထူးဆန်းတယ်၊ ဂီတနဲ့ ငါတို့ မသိ နိုင်တဲ့ အရာ တွေကို၊ ဆွဲဆောင် မိရင် ခက်မယ်။ ”
-ဟု ပြန်ဖြေ လိုက်၏။
“ ပင်လယ်ကွေ့ ကိုမှ ... ၊ မရောက် သေးတာ၊ မစိုးရိမ်ပါနဲ့။ ”
ချန်ထုံမှ ပြုံးကာ ထပ်ပြော သည်။
“ သစ် တစ်ပင်မှာ ပန်း တစ်ပွင့်သာ ... ပွင့်နိုင်တယ်၊ ဒါက ရှားရှား ပါးပါး အခွင့် အရေး မျိုးပဲ၊ နိဗ္ဗာန် ပွဲတော် ချန်ပီယံရဲ့ ... ဂီတကို ကြားချင် မိပါ သေးတယ်။ ”
အမျိုးသမီး ကပါ ဝင်ပြောသည်။ သို့သော် လင်းယွန်မှ သူမထံ တစ်ချက်သာ ပြန်ကြည့်ပြီး၊ ခေါင်းယမ်း လိုက်၏။
လူတိုင်းက စကားပြော နေကြ သဖြင့်၊ မိန်ဇီဟော်မှာ စိတ် မချမ်းသာ ဖြစ်သွားသည်။ ထို့ကြောင့် ပလွေသံကို တိုး၍ လက်စွမ်းပြ တော့၏။
သည့်စဉ် အဝေးမှ သူ့ သီချင်းကို တုံ့ပြန်လာသော အသံ တစ်သံ ကြားလိုက် ရလေသည်။
ယင်းက မိန်ဇီဟော်ကို စိတ်လှုပ်ရှား စေပြီး တေးသွားကို ပို၍ အာရုံစိုက် လာစေခဲ့၏။ ခဏ အကြာတွင် ပလွေကို ရပ်ကာ၊
“ လင်းရှောင် ... တစ်ယောက် ယောက်က ငါ့ရဲ့ ပလွေသံကို တုံ့ပြန် နေတယ်၊ ငါတို့ ဘာလို့ သွား မကြည့် ရတာလဲ။ ”
-ဟု မေးမြန်း လိုက်သည်။
သို့သော် ချန်ထုံနှင့် အဖွဲ့မှာ၊ ဒဏ္ဍာရီ ဆန်သော ရေသူမ များ၏ အသံ ဖြစ်နိုင်ကြောင်း သတိထား မိသဖြင့်၊ မျက်နှာ ပြောင်းလဲ သွား တော့၏။
“ ဟမ် ... ဘာကောင် တွေလဲ ... ။ ”
အဝတ် ဗလာဖြင့် ရေပေါ်တက် လာသော အမျိုးသမီထံ ကြည့်ကာ မိန်ဇီဟော်မှ ထိတ်လန့် သွား လေသည်။
သူမ မျက်ဝန်း မှာ နီညိုရောင် ဖြစ်ပြီး၊ နာကြည်းမှုများ ဖုံးလွှမ်း နေ၏။ သူမ ပေါ်လာ သည်နှင့်၊ လူတိုင်း ကျောချမ်း သွားသည်။
“ အဲဒါ တစ္ဆေ တွေပဲ၊ ရေသူမ လို့လည်း လူသိ များတယ်။ ”
လင်းယွန်က မိန်ဇီဟော်အား ရှင်းပြ လိုက်သည်။ ရှေးဦးခေတ်တွင် ငရဲ ပင်လယ်၌ နေထိုင်သော ရေလုပ်သားများ ရှိကြသည်။
၎င်းတို့၏ မျက်ရည် များမှာ ရတနာများ ဖြစ်သဖြင့်၊ အခြား မျိုးနွယ်စု များမှ အမဲလိုက် သတ်ဖြတ်ပစ် ခဲ့သည်။
နာကြည်းမှု များက၊ အချိန်နှင့် အမျှ စုပုံ လာသဖြင့်၊ သူတို့ သေဆုံး ပြီးနောက်၊ ရက်စက် ကြမ်းကြုတ်သော တစ္ဆေ မျိုးစိတ်များ အဖြစ် ပြောင်းလဲ ကုန်သည်။
သူတို့၏ သီချင်း သံသည်၊ လူများ၏ ဝိညာဉ်ကို ထုတ်ယူ နိုင်၏။ ဝိညာဉ်ကို မျိုချခြင်း ဖြင့် ခွန်အားများ ကြီးထွား လာကြသည်။
ထို့ကြောင့် လိပ်နက် ပင်လယ် ကွေ့၏ ကြောက်စရာ ကောင်းသော သားရဲ ဘီလူးများ အဖြစ်၊ သတ်မှတ် ထားခြင်း ဖြစ်၏။
လောက နိယာမ နယ်ပယ်၊ အထွတ် အထိပ်တွင် ရှိနေသူ တစ်ဦး ပင်လျှင်၊ ၎င်းတို့နှင့် ရင်ဆိုင်ရန် ဆန္ဒ မရှိ ကြချေ။
ဤနေရာ၌ မကြာ ခဏ ကျင်လယ် ကျက်စား နေသော ချန်ထုံတို့ လူစုမှာ မျက်နှာ များ ဖြူဖျော့ သွား၏။
ထိုတစ္ဆေများ မည်မျှ ကြောက်စရာ ကောင်းသည်ကို သဘာဝ ကျကျ သိထားသည်။ ၎င်းတို့မှာ ခန္ဓာ မရှိသော ဝိညာဉ်များ ဖြစ်၏။
သူတို့အား ထိခိုက်အောင် တိုက်ခိုက်ရန် နည်းလမ်း မရှိချေ။ ဝိညာဉ် ရေးရာ ဆရာ သခင် များသာ၊ ကိုင်တွယ် ဖြေရှင်း နိုင်မည်။
ထို့ကြောင့် မိန်ဇီဟော်အား မကျေမနပ်ဖြင့် လှည့်ကြည့် လိုက်မိ ကြသည်။
“ ငါတို့ လွတ်မြောက်ဖို့ မလွယ်ဘူး၊ သူတို့က အရမ်းများတယ်။ ”
ချန်ထုံမှ ရေရွတ် လိုက်သည်။ ထိုစဉ် အမျိုးသမီးက ထိတ်လန့်ခြင်း မရှိဘဲ၊ လေးလေး နက်နက် ပြုံးကာ၊
“ ဒီသခင်လေးရဲ့ ဂီတက မြင့်မား လွန်းပါတယ်၊ ဒါကြောင့် ရေသူမ တွေက သူ့ကို သဘောကျတာ နေမယ်။ ”
-ဟု ညစ်ကျယ်ကျယ် ပြောလာ တော့၏။
“ လင်းရှောင် ... ငါတို့ ဘာလုပ် သင့်လဲ။ ”
မိန်ဇီဟော်က သူမနှင့် ငြင်းခုန်ရန် အချိန် မရှိတော့ သဖြင့်၊ လင်းယွန်ထံ လှည့်ကြည့်ကာ အားကိုး တကြီး မေးလေသည်။
“ သူတို့ကို ခေါ်ခဲ့တဲ့ လူက ... မင်းပဲ ဆိုတော့၊ မင်းကိုယ်တိုင်ပဲ ပြန်ပို့ လိုက်ပါ။ ”
လင်းယွန်က သနားခြင်း မရှိခဲ့ချေ။
“ မင်း ... ။ ”
“ ဘာလို့လဲ ... ၊ ပထမ အချက် မင်းက သူတို့ကို ခေါ်ယူ ခဲ့တယ်၊ ဒုတိယ အချက် မင်းမှာ ငါတို့ထက် သန်မာတဲ့ စိတ်စွမ်းအင် ရှိတယ်၊ ဒါကြောင့် မင်း ဖန်တီး ထားတဲ့ ပြဿနာကို မင်းကိုယ်တိုင်ပဲ ဖြေရှင်းပါ။ ”
“ မင်းက တကယ် ရက်စက်တဲ့ ကောင်ပဲ။ ”
မိန်ဇီဟော်က ဆက်လက် ငြင်းခုံခြင်း မရှိတော့ချေ။ တာဝန် သိစိတ် ရှိသူ တစ်ဦး ဖြစ် သဖြင့်၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ပလွေ မှုတ်လျက် အဝေးသို့၊ ပျံသန်း သွားတော့၏။
***