← Chapters

စျာပန အတွက် သီချင်း ... ။

Vol. 129 Ch. 1806

စျာပန အတွက် သီချင်း ... ။

Vol. 129 Ch. 1806

“ ဝှစ် ... ။ ”

ကောင်းကင်ပေါ် ခုန်တက်ကာ၊ ရေသူမ များကို၊ ခေါ်ဆောင် သွားသော မိန်ဇီဟော်ထံ မျှော်ကြည့်ပြီး၊ ချန်ထုံက စိတ်ပူ သွားသည်။

“ သူ့ အတွက် စိတ်မပူ ဖူးလား၊ ဒီမှာက မလုံခြုံဘူး၊ သူ လမ်းပျောက် သွားရင် အန္တရာယ် ရှိတယ်။ ”

“ စိတ် မပူနဲ့ ... သူက မယုံ ရဘူး၊ ပြီးတော့ အရမ်း သန်မာတယ်။ ”

လင်းယွန်က စိုးရိမ်ခြင်း မရှိဘဲ၊ ပေါ့ပေါ့ ပါးပါး ပြန်ဖြေ၏။

“ သူက ဘယ်သူ မို့လဲ၊ ဂီတ တာအိုက ရိုးရှင်းပုံ မရဘူး၊ သူ့နာမည် နိဗ္ဗာန် ပွဲတော်မှာ ထွက်လာ သင့်တယ် မဟုတ်လား။ ”

ချန်ထုံ ဘေးမှ တစ်ယောက်က စိတ်ဝင်တစား မေးလာ လေသည်။

“ မိန် ဇီ ဟော် ... ။ ”

လင်းယွန်က ပြန်ဖြေ၏။

“ မိန် ဇီ ဟော် ... ။ ”

“ သူတော်စင် လက် ... ။ ”

သုံးယောက်သား မျက်လုံးပြူး သွားသည်။ ချက်ချင်းပင် ကြက်သွေးရောင် အဆင်းများ၊ ဖြာ ထွက်လျက်၊ ခြေဖဝါး အောက်၌ နီရဲ နေသော ငှက်တစ်ကောင်ကို စီးနင်း နေသည့်၊ လူငယ်ထံ ပြန်၍ မော့ကြည့် လိုက်ကြသည်။

“ သူက ဂီတ မိသားစု ဆယ်ပါး ထဲက၊ သခင်ငယ် မဟုတ်လား၊ မထင် ရဘူး၊ သူနဲ့ လုံးဝ မတူဘူး။ ”

ချန်ထုံမှ အော်ဟစ် လိုက်၏။ ဤဂီတ မိသားစု ဆယ်ပါးသည်၊ မာနကြီးကာ မည်သူ့ကို မဆို၊ သဘော ထားခြင်း မတိုက်ဆိုင် ပါက၊ တိုက်ခိုက် တတ် လေသည်။

သို့သော် လင်းရှောင်နှင့် ပြောဆို ဆက်ဆံ ရာ၌ နိမ့်ကျသော အသွင်မျိုး ဆောင်နေ သဖြင့်၊ အထက်ပါ ကောလ ဟာလ များနှင့် ကွာခြား နေ၏။ ထို့ကြောင့် လင်းရှောင်၏ မူလကို သိချင် စိတ်များ ဝင်ရောက် လာတော့သည်။

လင်းရှောင်သည် မိုးပြာ နဂါး မိသားစုမှ လာသည် ဟူသော ထင်ကြေးများ ဖြစ်နိုင်ချေ ရှိနေ၏။

ထိုသို့သော အဆင့် အတန်း ရှိသူများ သာလျှင်၊ ဂီတ မိသားစု ဆယ်ပါး အပေါ်၊ ဤသို့ မောက်မာ နိုင်ပေမည်။

ယင်းကြောင့် ချန်ထုံတို့ သုံးယောက်မှာ၊ လင်းယွန်အား ပို၍ လေးစား လာတော့သည်။

“ အစ်ကို ချန်က ... ၊ လိပ်နက် ပင်လယ် ကွေ့ကို ကောင်းကောင်း သိလား။ ”

လင်းယွန်မှ ခေါင်းစဉ် ပြောင်းလိုက်၏။ ချန်ထုံတို့ မည်သည့် အရာများ တွေးနေသည်ကို သူ သိသည်။

“ နည်းနည်းပါ ... ၊ ငါတို့ သုံးယောက်က တစ်နှစ်ကို လေးငါး ကြိမ်လောက် လာကြတယ်၊ ဒီက နတ်ဆိုး သားရဲ တွေမှာ၊ သူတော်စင် သလင်းကျောက်တွေ ရှိတယ်၊ ဒါက ...

... သူတော်စင် တွေတောင် အသုံးဝင်တဲ့ ရတနာပဲ၊ သူတို့က ဒီနေရာကို မဝင်နိုင် လို့သာ၊ မဟုတ်ရင် ငါတို့လည်း အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ ”

သူတော်စင် သလင်းကျောက် များသည် နတ်ဘုရား အလောင်းများ အတွင်းမှ လာသော စွမ်းအင်ကြောင့်၊ ပေါက်ဖွား လာသည့် အဖိုးတန် ကျောက်ခဲများ ဖြစ်သည်။

ယင်းက ဤဒေသရှိ အချို့သော နတ်ဆိုး သားရဲ များ၏ ခန္ဓာကိုယ် အတွင်း၌၊ မွေးရာပါ တည်ရှိ နေတတ်သည်။

သူတော်စင် သလင်း ကျောက်သည်၊ သူတော်စင် မူလ၊ ရုပ်ခန္ဓာနှင့် သိုင်း ရည်ရွယ် ချက် တို့ကို၊ သန့်စင် နိုင်သည်။

ကံကောင်းသော် နတ်ဘုရား များ၏ နိယာမကို နားလည် နိုင်၏။ သို့သော် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ၊ သန့်စင် နိုင်သော အရာမျိုး မဟုတ်ချေ။

သူတော်စင်များ သည်သာ အသုံးပြု နိုင်လေသည်။ ထို့ကြောင့် သူတော်စင် သလင်း ကျောက် များဖြင့်၊ သူတော်စင်များ ထံမှ လိုအပ် သည် များကို၊ တောင်းဆို နိုင်သည်။

အဆင့်မြင့် သူတော်စင် သလင်းကျောက် တစ်လုံးကို၊ မယုံ နိုင်ဖွယ် စျေးနှုန်းဖြင့်၊ ရောင်းချ နိုင်သည်။ ဝယ်လိုအား များ ချေ၏။

ထို့ကြောင့် လိပ်နက် ပင်လယ်ကွေ့သည် အန္တရာယ်များ သော်လည်း၊ ကျင့်ကြံသူ များဖြင့် ပြည့်နှက် နေခြင်း ဖြစ်သည်။

“ ဒါပေမယ့် ... ဒီရက်ပိုင်းထဲ လူတွေ အများကြီး ရောက်လာ ကြတယ်၊ မငြိမ်းချမ်း တော့ဘူး။ ”

ချန်ထုံ အသံတွင် စိတ်ရှုပ်ထွေး နေသော ခံစားချက်များ၊ ရောပြွန်း ပါဝင် နေ၏။ သို့သော် အန္တရာယ်နှင့် အခွင့် အရေးသည်၊ တိုက်ရိုက် အချိုး ကျလေသည်။

“ ဒီနေရာက နတ်ဘုရား တွေရဲ့ ... ၊ စစ်မြေပြင် ဖြစ်လို့၊ တားမြစ်ဇုန်တွေ အများကြီး ရှိတယ်၊ သူတို့ထံ မသွား မိအောင် နေပါ၊ အဲဒီ ရန်လိုတဲ့ ဝိညာဉ် တွေကိုပဲ ကြည့် ... ၊ သူတို့ရဲ့ သီချင်းဆို သံက၊ လူကို သေစေတယ်။ ”

ချန်ထုံ၏ စကား များသည်၊ သူ ဖတ်ထားသော မှတ်တမ်းများ သတိ ပြန်ရ လာစေ၏။

“ ဟုတ်တယ် ... ၊ ဒီမှာ သူတော်စင် တွေတောင် သေနိုင်တယ်၊ ဒါကြောင့် သတိ ထားပါ။ ”

သူတောင်းစား အဖိုးအိုက ဝိုင်သောက် လျက်မှ လှမ်းပြောသည်။

“ ဆရာကြီး ... ဒီလိပ်နက် သင်္ဘောပေါ် ရောက်လာ တည်းက၊ မင်း ... အရက်ပဲ သောက် နေတာ ... ၊ အရက် ကောင်းကောင်း ရှိနေ ပုံပဲ။ ”

ချန်ထုံမှ ပြုံးကာ နှုတ်ဆက် လိုက်သည်။

“ မင်း သောက်ချင် လို့လား။ ”

“ မဟုတ်ဘူး ... ။ ”

ချန်ထုံက နှာခေါင်းကို ပွတ်သပ်လျက် ချက်ချင်း နောက်ဆုတ် လိုက် လေသည်။

“ ဟား ဟား ဟား ... ၊ မင်းက အရသာ မသိသေး လို့ပါ၊ ဒီဝိုင်က ငါ့မှာ ရှိတာ အကောင်း ဆုံးပဲ၊ အနှစ် တစ်ထောင် ကြာအောင် ချက်လုပ် ထားရတယ်။ ”

သူတောင်းစား အဖိုးအိုက ပြုံးပြီး လင်းယွန်ထံ လှည့်ကြည့် ကာ၊

“ ကောင်လေး ... မင်းရော သောက်မလား။ ”

-ဟု မေးလာ၏။

လင်းယွန်က စကား တစ်ခွန်းမျှ ပြန် မဖြေချေ။ ဤအရာက ဝါးခမောက် ဆောင်း ထားသည့် လူငယ်ထံ၊ အဖိုးအို၏ အကြည့်ကို ရွေ့သွား စေသည်။

ရုတ်တရက် ဝါးခမောက် ဆောင်းသော လူငယ် ထံမှ၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်များ ထုတ်ကာ သူ့သဘော ထားကို ပြသလာ သဖြင့်၊ အဖိုးအို တစ်ယောက် အံအားသင့် သွား၏။ ထို့ကြောင့် ထပ် မမေး တော့ချေ။

“ ငါ့ကို နည်းနည်းလောက် တိုက်ပါ။ ”

ထိုအချိန်တွင် အမျိုးသမီးက၊ ရုတ်တရက် သူတောင်းစား အဖိုးအို ထံမှ၊ တောင်း သောက် လေသည်။

အဘိုးအိုမှာ ထပ်မံ အံ့အားသင့် သွား သော်လည်း ဝိုင်ကို မပေးဘဲ၊ သူမနှင့် ဝေးရာသို့၊ ရွေ့သွား လိုက်သည်။

“ ငါ့ကို ... အဲ့လောက်တောင် ကြောက်နေ တာလား၊ ငါက ကြောက်စရာ ကောင်းလို့လား။ ”

အမျိုးသမီးက ပြုံးပြီး မေး၏။

“ မဟုတ်ဘူး ... မကြောက်ဘူး။ ”

အဘိုးအိုမှ ချက်ချင်း ပြန်လည် ငြင်းဆန် လိုက်ကာ၊ တုန်တုန် ယင်ယင်ဖြင့် ဝိုင်အိုးအား၊ ကမ်းပေး တော့သည်။

“ ကောင်းလိုက်တာ ... ၊ လရောင်နဲ့ သန့်စင်ထားတဲ့ ဝိုင်ပဲ၊ လက်ခံ လိုက် ပါ့မယ် ဒီအတွက် ကျေးဇူး တင်ပါတယ်။ ”

အမျိုးသမီးက ဝိုင်ကို တစ်ငုံ သောက်လျက်၊ အိတ်ထဲ ထည့်သိမ်း လိုက်သည်။ သူတောင်းစား အဖိုးအိုမှာ၊ ပြန်မတောင်း ဝံ့တော့ချေ။

“ အဘိုးကြီး ... ဒီမိန်းကလေး ဘေးမှာ လာထိုင် ပါဦး၊ ဝိုင်တွေနဲ့ ပတ်သတ်ပြီး၊ ငါတို့ စကား ပြောကြ ရအောင်။ ”

အမျိုးသမီးမှ ပြုံးလျက် ဖိတ်ခေါ်၏။ ထိုအပြုံးသည် ချစ်စရာ ကောင်းလှ သော်လည်း၊ အကြောင်း တစ်ခုခုကြောင့်၊ အဖိုးအိုအား ကျောရိုးများ အေးစက် သွားစေသည်။

“ မထိုင်ဘူး၊ ငါ အဆင် ပြေတယ်။ ”

သူတောင်းစား အဘိုးအိုက စိတ်ရှုပ် သွားဟန်ဖြင့်၊ ငြင်းဆန် လေသည်။ လင်းယွန်က အဖိုးအိုအား လှမ်းဆွဲ လိုက်ပြီး၊

“ ဒီနား လာထိုင် ... ။ ”

-ဟု ဆိုလိုက် တော့သည်။

အဘိုးအိုမှ လင်းယွန် အနား၊ အလိုက်သင့် ထိုင်ချ လိုက်ပြီး၊ အနည်းငယ် စိတ် သက်သာရာ ရသွား လေသည်။ လင်းယွန်က ချန်ထုံ ထံသို့၊ လှည့်ကြည့်လျက်၊

“ အစ်ကိုချန် ... ၊ ငါ့ သူငယ်ချင်း အချို့ ရောက်လာပြီ၊ ဒါကြောင့် မင်းတို့ အရင် သွားနှင့် တာ ကောင်းမယ် ထင်တယ်။ ”

-ဟု ပြောလိုက် တော့သည်။

“ ငါတို့ လိပ်နက် ပင်လယ်ကွေ့ကို မရောက် သေးဘူး ... ။ ”

ချန်ထုံ၏ အဖော်မှ၊ အံ့ဩစွာ ငြင်းဆန် လိုက်သည်။

“ သခင်လေး လင်း၊ မင်း ဒုက္ခ ရောက်နေ ပြီလား။ ”

ချန်ထုံမှ တစ်စုံ တစ်ရာ တွေးမိ လာဟန်ဖြင့်၊ မေး၏။

“ အဲဒီ လိုတော့ ပြောလို့ မရ သေးဘူး ... ၊ ဘယ်သူ ဒုက္ခရောက် မလဲ၊ မသေချာ သေးတာ အမှန်ပဲ၊ သူတို့လည်း ဖြစ်နိုင် တာပဲ။ ”

လင်းယွန်မှ ပြုံးကာ ပြန်ဖြေ၏။ ချန်ထုံတို့ သုံးဦးမှာ၊ တစ်ခုခု လွဲမှားနေ သည်ကို၊ ခံစားရ သဖြင့်၊ ခေါင်းညိတ်ကာ၊ သင်္ဘောငယ် ပေါ်မှ ချက်ချင်း ခုန်ထွက် သွားတော့သည်။

ဤနေရာနှင့် ပင်လယ် ကွေ့မှာ၊ သိပ်မဝေး လှချေ။ ထို့ကြောင့် ပတ်ဝန်းကျင်ဖြင့် ရင်းနှီး နေ သော သူတို့မှာ အန္တရာယ် ကင်းနိုင်မည်။

လင်းယွန်က ထရပ်ကာ၊ ကျန်နှစ်ယောက်ထံ လှည့်ကြည့်ပြီး၊

“ မင်းတို့ တွေလည်း သွားသင့်တယ်။ ”

-ဟု ဆိုလိုက် တော့၏။

ဝါးခမောက် လူငယ်နှင့်၊ အမျိုးသမီးမှ တုန့်ပြန်ခြင်း မရှိသဖြင့်၊ သူတောင်းစား အဖိုးအို မှ ခေျာင်းဟန့်ပြီး၊

“ အဟွတ် ... ဟွတ် ၊ ဒါဆို ... ငါ အရင်သွားနှင့် လိုက်မယ်။ ”

-ဟု ဆိုကာ ထရပ် တော့သည်။

“ မင်းနဲ့ ငါက ကံကြမ္မာ ရှိတယ် ထိုင်နေ ... ။ ”

လင်းယွန်က သူ့လက်ကို သူတောင်းစာ အဖိုးအို၏ ပခုံးပေါ် တင်ကာ၊ မထ နိုင်အောင် ဖိပစ် လိုက်သည်။

“ မင်း သူငယ်ချင်းတွေ ... ရောက်လာ ပြီလား၊ ဒါဆို ငါလည်း သွားနှင့် တော့မယ်။ ”

“ ဝုန်း ... ။ ”

အမျိုးသမီးက ဖြည်းညှင်းစွာ မတ်တတ် ထရပ်လျက်၊ ခြေလှမ်း နှစ်လှမ်း တိုးလိုက်သည်။ တိုက်ဆိုင် စွာပင် လှိုင်းလုံးကြီး တစ်လုံးက သင်္ဘောထံ လာရိုက်၏။

လိပ်ခွံ သင်္ဘောငယ် ခမျာ၊ ယိမ်းထိုး သွား သောကြောင့်၊ အမျိုးသမီးက ဟန်ချက် ပျက်ပြီး၊ လင်းယွန် ရင်ခွင်ထဲ လဲကျ လာသည်။

“ အိုး ... ။ ”

ညာလက်က ရင်ဘတ်ကို၊ မတော်တဆ လာကိုင်သဖြင့်၊ လင်းယွန်မှ သူမ၏ လက်ကို ဖမ်းဆုပ်ကာ၊ ဆွဲဖယ် လိုက်ရသည်။

“ ကျေးဇူး တင်ပါတယ်။ ”

အမျိုးသမီးက ချက်ချင်း နောက်ဆုတ်ပြီး၊ စိတ်ပျက် လက်ပျက်ဖြင့်၊ ကျေးဇူးတင် စကား ဆိုလာ လေသည်။

လင်းယွန်က လိပ်နက် အသွင် ပြောင်းနည်းကို ထုတ်ဖော် ထားသဖြင့်၊ နဂါးပြာ အရိုး၏ အငွေ့ အသက်များ ပျောက်ကွယ် သွားသည်။

အမျိုးသမီး လက်အား ဖြည်းညှင်းစွာ လွှတ်ပေး လိုက်ပြီး၊ ခေါင်းညိတ် ပြမိ လေသည်။ ထိုအချိန်တွင် ဝါးခမောက်နှင့် လူငယ်က၊ သူငယ်ချင်း ဆိုသူ များကို ရှာရန်၊ ထရပ် လာသည်။

အဝေးမှ မှုန်ပျပျ အရှိန်ဖြင့်၊ နီးကပ် လာနေသော သင်္ဘောငယ် တစ်စင်းကို မြင်ပြီး နောက် လင်းယွန်ထံ တစ်ချက် ပြန်ကြည့်၏။

လင်းယွန်မှ အေးစက်စွာ သူ့အား၊ စိုက်ကြည့် နေသည်ကို မြင်သော အခါ၊

“ နိဗ္ဗာန် ပွဲတော် ချန်ပီယံ ... ၊ မင်းက သေမင်းနဲ့ ရင်ဆိုင် နေရ တာတောင်၊ တည်ငြိမ် နေနိုင် သေးတယ်၊ တကယ့်ကို ... အထင်ကြီး စရာ ပါပဲ၊ မင်းကို မြင်တော့ ... ငါ့ မိတ်ဆွေ တစ်ယောက် ကိုတောင် သတိ ရလာ မိပြီ၊ မင်းက သူနဲ့ တော်တော် တူတယ်။ ”

-ဟု ပြောလိုက် တော့သည်။

“ ဒါဆို ငါ့ အနားမှာ ဆက်နေပြီး ... ၊ မင်း မိတ်ဆွေနဲ့ ဘယ်လောက် အထိ၊ တူလဲ ဆက်ပြီး စောင့်ကြည့် သင့်တယ် မဟုတ်လား။ ”

“ စိတ် မဝင်စား တော့ဘူး ... ၊ မင်း အသက်ရှင် နိုင်မှ၊ ဒီအကြောင်းကို ငါတို့ ဆက် ပြောမယ်။ ”

စကားဆုံး သည်နှင့်၊ ဝါးခမောက် ဆောင်းထားသော လူငယ်က၊ သင်္ဘော ပေါ်မှ ခုန်ထွက် သွားတော့သည်။

“ ဝှစ် ... ။ ”

“ သခင်လေး ... ဂရုစိုက်ပါ။ ”

အမျိုးသမီး ကလည်း ပြုံးလျက် သတိပေး စကား ဆိုကာ၊ ဝါးခမောက် ဆောင်းထားသော လူငယ်နှင့် အကွာအဝေး တစ်ခု ချန်ပြီး၊ လိုက်ပါ သွား လေသည်။

အဝေးမှ လျင်မြန်စွာ ရွေ့လျား လာသော သင်္ဘောငယ်ထံ၊ လင်းယွန်မှ မျှော်ကြည့် လိုက် လေသည်။

နဂါး မျက်ဝန်း များက၊ သင်္ဘော ပေါ်ရှိ လေဓား သခင်အား တန်းမြင်သည်။ သူ့ဘေး၌ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ (၄)ဦး ပါ၏။ ထို့နောက် သူတောင်းစား အဘိုးအို ဘက်သို့ လှည့်ကာ၊

“ ဟန်ဆောင် နေတာကို ရပ်ပြီး၊ မင်း ဘယ်သူလဲ ဆိုတာ တစ်ချက်လောက် ပြောပြ နိုင် မလား။ ”

“ မဟုတ်တာ မပြောနဲ့ ... ၊ ငါ မင်းကို မသိဘူး။ ”

သူတောင်းစား အဘိုးအိုမှ အကြောက် အကန် ငြင်းဆန် လေသည်။

“ ရော့ ... လမ်းမှာ သောက်သွား ... ။ ”

လင်းယွန်က နဂါး ဝိုင်ကို ထုတ်ပြီး၊ သူတောင်းစား အဘိုးအိုထံ ပစ်ပေး လိုက်သည်။ သည့်နောက် ရေစီးကြောင်းနှင့် ဆန့်ကျင်ဘက် အရပ်သို့၊ ပျံသန်း သွားတော့သည်။

“ မင်း ... ဘာလုပ် မလို့လဲ။ ”

သူ့အပြု အမူကြောင့်၊ သူတောင်းစား အဖိုးအိုမှာ၊ အံ့အားသင့် သွားပြီး၊ ဝိုင်အိုးအား အမြန် ဖမ်းလျက်၊ လှမ်းမေး လိုက်သည်။

“ နောက်မှ မင်းကို ... ငါ လာရှာမယ်။ ”

လင်းယွန်မှ သူ့မေးခွန်းအား ပြန်မဖြေဘဲ၊ ပြောလိုသည့် စကား များအား ပြောကာ၊ ပျံသန်း ပျောက်ကွယ် သွားတော့သည်။

ယင်းကြောင့် သူတောင်းစား အဖိုးအိုမှာ၊ ဝိုင်ပုလင်းကို ကိုင်လျက်၊ လိပ်နက် သင်္ဘောပေါ် တစ်ယောက်ထဲ၊ လိုက်ပါ သွားရသည်။

“ ဝှစ် ... ။ ”

လင်းယွန်က ပင်လယ် ကွေ့နှင့် ဝေးရာသို့၊ ပျံသန်း သွားပြီး၊ နတ်ကျောက်စိမ်း ဝါးပလွေကို ထုတ်ယူကာ၊ သန္တာ ကျောက်တန်း တစ်ခုပေါ် ဆင်းသက် လိုက်၏။

ထို့နောက် ထူးခြားသော သီချင်း တစ်ပုဒ်အား၊ တီးမှုတ် တော့သည်။ သီချင်းတွင် သတ်ဖြတ် လိုသော ရည်ရွယ်ချက် ပါဝင် နေ၏။

တစ်နာရီ ကုန်လွန် ပြီးနောက်၊ လိပ်နက် သင်္ဘောငယ် တစ်စင်းက၊ သန္တာ ကျောက်တန်း နှင့် မီတာ (၁၀၀၀) အကွာ၌ ရပ်လာသည်။

လေဓား သခင်က ခေါက်ယပ်တောင် တစ်ချောင်းကို ထုတ်ယူပြီး၊ ဟန်ပါပါ ခတ်လျက်၊ သန္တာ ကျောက်တန်း ပေါ်တွင်၊ ပလွေ တီးမှုတ် နေသော လင်းယွန်ထံ၊ ပြုံးကြည့် လေသည်။

“ လင်းရှောင် ... ၊ ဒီဈာပန သီချင်းက မင်း အတွက်လား။ ”

သူ့မေးခွန်းကြောင့် လင်းယွန်က ပလွေ မှုတ်ခြင်းအား ရပ်လိုက်ကာ၊

“ ဒါက ... ၊ ဘယ်သူ့ ဈာပန အတွက် သီချင်းလဲ ဆိုတာ၊ မကြာခင် သိရပါ လိမ့်မယ်။ ”

-ဟု ပြန်ဖြေ လိုက်တော့သည်။

***

All Chapters