← Chapters

ရှဉ့်အိမ်! ရှဉ့်ရိုင်းများ အားလုံးယဉ်ပါးခြင်း! ၂

Vol. 9 Ch. 123

ရှဉ့်အိမ်! ရှဉ့်ရိုင်းများ အားလုံးယဉ်ပါးခြင်း! ၂

Vol. 9 Ch. 123

တကယ်လို့ ရှဉ့်တွေနေတယ်ဆိုရင် စံအိမ်အပိုင်ဖြစ်ပြီ။ အိမ်မွေးတိရစ္ဆာန်မျိုးဖောက်သူ ဒါမှမဟုတ် တိရစ္ဆာန်ဆေးကုဆရာဝန်ခန့်ရမလား?

ဘာပဲဖြစ်ဖြစ် ရှဉ့်တွေလည်း သူတို့အဝတ်အစားချွတ်ပြီး အမွေးဖြီးပေးဖို့လိုတာပဲ။ မဟုတ်ရင် ပြဿနာလွယ်လွယ်တက်နိုင်သည်။

စံအိမ်စိုက်ပျိုးမွေးမြူရေးခြံကိုလည်း ဖြည်းဖြည်းချင်းတည်ဆောက်ထား၏။ ဂိမ်းထဲမှစိုက်ပျိုးမွေးမြူရေးခြံပွင့်လျှင် တိရစ္ဆာန်တွေအများကြီးရလာမည်။

ထိုစိတ်နှင့် ချင်လင်ကဖုန်းထုတ်၍ လူသစ်ခေါ်ပုံစံထဲဝင်လိုက်သည်။ သူက တိရစ္ဆာန်ကုဆရာဝန်နှင့်မျိုးဖောက်သူများခေါ်ရန် ရုံချန်းစီရင်စုထဲဝင်လိုက်၏။

ခန်းမထဲပြန်ရောက်ပြီးသိပ်မကြာခင် ကျိုးချန်ကျွင်းနှင့်လူကြီးတစ်ဦးရောက်လာသည်။ လူကြီးလည်း စာချုပ်လက်မှတ်ထိုးရပေမည်။ ဘာပဲဖြစ်ဖြစ်သူက ဖော်စပ်နည်းပိုင်ရှင်လေ။

ချင်လင်ကပြုံး၍ ကြိုဆိုလိုက်သည်_ ''ဆရာကြီး... ထပ်ဆုံပြန်ပြီနော်''

''သူဌေးချင်... ဒီတစ်ခါ မင်းကိုတကယ်ဒုက္ခပေးမိပြီ... မင်းက ငါ့အရည်အချင်းကို အရမ်းအထင်ကြီးတာပဲ'' လူကြီးက စိတ်ကြည်လင်နေသည်။ နောက်ဆုံး သူ့မြေးက သူ့လက်ရာကိုသင်ယူချင်စိတ်ဖြစ်လာခြင်းကြောင့်လည်းဖြစ်နိုင်၏။ ဒီအရည်အချင်းကို သူ့မြေးကဘယ်လိုအသုံးချမည်ဆိုတာတော့ သူဂရုမစိုက်။ ဒီဖော်စပ်နည်းကို ရင်းနှီးမြှုပ်နှံတဲ့ကုမ္ပဏီကပိုင်သွားပြီး ပိုင်ဆိုင်မှု ၅၁% ကို တစ်ယောက်ယောက်ရသွားတယ်ဆိုရင်တောင်မှပေါ့။

အနည်းဆုံးသူ့ဘက်က လက်ဆင့်ကမ်းအမွေပေးခဲ့ပြီး ဒီမျိုးဆက်ပြတ်မသွားဘူးလေ။

ပြီးတော့ သူ့မြေးအကြောင်းတွေးမိပြီး သက်ပြင်းချမိပြန်သည်။ ခါတိုင်းပျော်ပျော်နေတတ်တဲ့သူ့မြေးက မနေ့ညကရေချိုးခန်းထဲမှာ တိတ်တိတ်လေးငိုနေ၏။

ဘာအကြောင်းလဲ သူမှန်းနိုင်သည်။ မြို့ကြီးသူကြောင့်ပင်။ သူတို့လိုစီရင်စုငယ်လေးကမိသားစုမှာ သူမစိတ်ကျေနပ်စေဖို့ အလွန်ခက်သည်။

...

နောက်ပြီး သူ့မြေးက ဒီယွမ် ၅ သန်းကိုရင်းနှီးမြှုပ်နှံဖို့စိတ်အားထက်သန်နေမှန်းလည်း သူသိသည်။

ချင်လင်လည်းမထိုင်ခင် ကောင်းယောင်ယောင်ကို ပျားရည်နှစ်ခွက်ဖျော်ခိုင်းလိုက်၏။

သူကကျိုးချန်ကျွင်းကိုကြည့်ပြီး ဇဝေဇဝါဖြစ်သွားသည်။ သူ့ပုံစံက မနေ့ကနှင့်တခြားစီဟုထင်ရ၏။ တည်ငြိမ်ပြီး မျက်တွင်းကျနေပုံပေါ်သည်။



သူ့တည်ငြိမ်ပုံမှာ ရုတ်တရက်မုန်တိုင်းကျပြီး တည်ငြိမ်သွားသလို ထူးဆန်းသည့်ခံစားမှုမျိုးဖြစ်သည်။

ချင်လင်လည်း ကျိုးချန်ကျွင်းဘာဖြစ်ခဲ့မှန်းမသိ။

နောက်ပြီး လိုင်းပေါ်ကမိန်းကလေးအတော်များများပြောကြတာက မိန်းကလေးတစ်ယောက်ရင့်ကျက်ဖို့အလွယ်ကူဆုံးနည်းက လူယုတ်မာတစ်ယောက်နဲ့တွဲကြည့်တာပဲတဲ့။

တကယ်တော့ ဒါယောက်ျားလေးတွေအတွက်လည်း အတူတူပင်။ အတားအဆီးမရှိအဆုံးသတ်သွားတဲ့ဆက်ဆံရေးတစ်ခုကလည်း ယောက်ျားလေးတွေရင့်ကျက်ဖို့အလွယ်ဆုံးဖြစ်လေသည်။

ကျိုးချန်ကျွင်းဖြစ်ခဲ့သလိုမျိုး။

သူဒီလိုဖြစ်မည်မထင်ထားခဲ့။ လွန်ခဲ့တဲ့ရက်ပိုင်း သူပြန်လာပြီးကတည်းက အနာဂတ်အတွက်ကြိုးစားလုပ်နေခဲ့သည်။ ဒီရက်ပိုင်းနှင့်ပင် သူမျှော်လင့်ထားသမျှ ရေစုန်မျောခဲ့ရ၏။

သူပြန်လာဖို့မတောင်းဆိုသလို ကြိုးလည်းမကြိုးစားမိ။ လေးငါးနှစ်ချစ်ကြိုက်ခဲ့ခြင်းက ဒီရက်ပိုင်းလောက်တောင်ထိန်းမထားနိုင်မှတော့ အားလုံးအချည်းနှီးသာ။

ဆက်ဆံရေးတစ်ခုကြေမွသွားပြီဆိုကတည်းက အရင်လိုပြန်ဖြစ်ဖို့မလွယ်တော့ပြီ။

အားလုံးသူမမိဘတွေဖိအားပေးခြင်းကြောင့်ဟုလည်း မယုံကြည်ပေ။ အဝေးရောက်ချစ်ခြင်းက ရက်ပိုင်းအတွင်း အသစ်အဆန်းလောက် အလေးမသာတာလည်းဖြစ်နိုင်သည်။ ဆက်ဆံရေးတစ်ခုဘယ်လောက်ကောင်းခဲ့ကောင်းခဲ့။ နေ့စဉ်လိုအပ်ချက်များနှင့် ရင်ဆိုင်ရသည့်အခါ ကြောက်ရစမြဲ။

''ဥက္ကဌချင်... ဒီဆော့ကို ကျွန်တော်ကိုယ်တိုင်လုပ်ခဲ့တာပါ... မြည်းကြည့်ပါဦး'' ကျိုးချန်ကျွင်းကထိုင်ပြီးပြီးချင်း ဆော့ပုလင်းနှစ်ဘူးကို စိတ်အားထက်သန်စွာ ချင်လင်ဆီကမ်းပေးလိုက်သည်။

ယောက်ျားဆိုတာ လွယ်လွယ်မငိုရဘူးတဲ့။ မနေ့ညက သူငိုခဲ့ပြီးပြီ။ တော်လောက်ပြီ။

အခုဖြစ်ချင်တာက အောင်မြင်ဖို့ပဲ။ အောင်မြင်မှုနှင့် သူ့ကိုယ်သူမေ့ပျောက်စေလိုက်မည်။

ချင်လင်က ကျိုးချန်ကျွင်းတစ်ခုခုဖြစ်နေသည်ဟု အနည်းနှင့်အများခံစားမိသော်လည်း ထပ်မမေးတော့။ သူကကျိုးချန်ကျွင်းလုပ်ထားသောဆော့ကိုဖွင့်၍ မြည်းကြည့်လိုက်သည်။

အရသာကောင်းသည်။ လူကြီးလက်ရာထက်ပင် ပိုကောင်းနေသေး၏။



မယုံနိုင်စရာပဲ။

''ဥက္ကဌချင်... အရသာဘယ်လိုလဲ?'' ကျိုးချန်ကျွင်းက မျှော်လင့်တကြီးမေးလိုက်သည်။

''အင်း... မဆိုးဘူး'' ချင်လင်ခေါင်းညိမ့်လိုက်၏။

''ဒါဆို ရင်းနှီးမြှုပ်နှံဖို့ကရော?'' ထိုခဏတွင် ကျိုးချန်ကျွင်းမှာ နည်းနည်းစိတ်လှုပ်ရှားနေသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ယွမ် ၅ သန်းရင်းနှီးမြှုပ်နှံမယ်ဆိုတာ ပါးစပ်ပြောပဲရှိသေးတာလေ။ အချိန်မရွေး ပြန်ရုတ်သိမ်းသွားနိုင်သည်။

ချင်လင်ကပြုံး၍_ ''ဘာလဲ? ငါစကားမတည်မှာစိုးလို့လား? ခဏစောင့်... ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်မိတ္တူထုတ်လိုက်ဦးမယ်''

သည်လိုနှင့်သူက ကောင်တာလျှောက်သွားပြီး ပရင်တာတွင် သဘောတူညီချက်နှစ်စောင်ထုတ်လိုက်သည်။ သူက စားပွဲပြန်လာပြီး တစ်စောင်ကို ကျိုးချန်ကျွင်းထံပေးလိုက်၏_ ''သဘောတူညီချက်ကိုသေချာဖတ်ပြီး ပြဿနာရှိမရှိကြည့်လိုက်... အဲဒါကိုလိုက်နာနိုင်ရင် ငါရင်းနှီးမြှုပ်နှံမယ်''

''ကောင်းပါပြီ'' ကျိုးချန်ကျွင်းက ချီတုံချတုံဖြစ်မနေ။ သဘောတူညီချက်ကိုမြန်မြန်ဆန်ဆန်ယူဖတ်လိုက်သည်။ နောက်ပြီး အလွန်စေ့စေ့စပ်စပ်ဖတ်နေပုံမှာ သူ့အနာဂတ်ကိုရှာဖွေနေသည့်အလား။

ချင်လင်က ကျိုးချန်ကျွင်းကိုမနှောင့်ယှက်ဘဲ သူ့ဘေးမှလူကြီးကိုစကားပြောလိုက်သည်_ ''ဆရာကြီး... ကျွန်တော်တို့စံအိမ်ရဲ့ဆေးဖက်ဝင်ပျားရည်ကို မြည်းကြည့်ပါဦး''

''ဥက္ကဌချင်... ကျုပ်မြေးလေးကိုသဘောထားကြီးပေးတဲ့အတွက် ကျေးဇူးပါပဲ'' လူကြီးက မလုံမလဲပြောလိုက်၏။

ဘာပဲဖြစ်ဖြစ်သူက တစ်ဖက်လူရဲ့ဖော်စပ်နည်းဝယ်မယ်ဆိုတဲ့ကမ်းလှမ်းချက်ကို အရင်ငြင်းပယ်ခဲ့တာလေ။ အခုသူ့မြေးက ယွမ် ၅ သန်းပေးဖို့တောင်းဆိုနေရပြီ။

တကယ်တော့ ချင်လင်က ဒါကိုစိတ်ထဲမထား။ နောက်ပြီး ဒီလိုကောင်းတဲ့လက်မှုပညာမျိုးကို တကယ်မပျောက်ပျက်စေချင်။ ပြီးတော့သူက ကျိုးချန်ကျွင်းဆွဲဆောင်တာကိုခံရတဲ့သူပင်။

သို့သော် လူကြီးကကျေးဇူးတင်နေပုံမှာ သူ့မျက်နှာပေါ်တွင်အတိုင်းသား။ အခုတော့ သူ့မိသားစုကတဆင့် သူ့ရှေ့ကလူငယ်လေးဘယ်လောက်အောင်မြင်တယ်ဆိုတာသိလိုက်ရပြီ။ သူက ရုံချန်းစီရင်စုမှာ အရေးပါအရာရောက်တဲ့သူပဲ။

ဒီလိုလူမျိုးက သူ့မြေးကိုဂရုစိုက်ပြီး ယွမ် ၅ သန်းရင်းနှီးမြှုပ်နှံပေးသည်။ ဘာပဲဖြစ်နေနေ သူက ကျေးဇူးရှင်ကြီး။ သူ့မြေးရဲ့ကျေးဇူးရှင်ကြီး။

လူကြီး၏စိတ်က ဒီလောက်ရိုးရှင်းသည်။

အချိန်တစ်ခုအကြာတွင် ကျိုးချန်ကျွင်းက ရင်းနှီးမြှုပ်နှံမှုသဘောတူညီချက်ကို ဖတ်ပြီးသွား၏။ တကယ်တော့ မနေ့ကသူပြောခဲ့တဲ့အခြေအနေနှစ်ခုနဲ့ကိုက်ညီသဖြင့် သူကပြတ်ပြတ်သားသားပင်_ ''ဥက္ကဌချင်... လက်မှတ်ထိုးကြတာပေါ့''

''ဟုတ်ပြီ!'' ချင်လင်ကပြုံး၍ ဘောပင်ထုတ်ကာ စာရွက်နှစ်ရွက်လုံးလက်မှတ်ထိုးလိုက်သည်။

ကျိုးချန်ကျွင်းက ပိုပြတ်သည်။ သူလက်မှတ်ထိုးပြီးသည်နှင့် သူ့အဘိုးကိုတောင် လက်မှတ်ထိုးခိုင်း၏။

လူကြီးလက်မှတ်ထိုးပြီးလျှင် ကျိုးချန်ကျွင်းကသက်ပြင်းရှည်ကြီးချ၍ ချင်လင်အား အလေးအနက်ဖြင့်_ ''ဥက္ကဌချင်... ကျေးဇူးတင်ပါတယ်''

ချင်လင်လည်းပြုံးပြီး ဖိတ်ခေါ်လိုက်သည်_ ''စံအိမ်မှာ နေ့လယ်စာစားကြတာပေါ့... ကျွန်တော် ခင်ဗျားတို့ကို သဘာဝအစားအစာတွေနဲ့ ဧည့်ခံမယ်''

All Chapters