← Chapters

မြွေလိုငါးရှဉ့်ကြီး! မွေးနီက အထာကျလွန်းတယ်!

Vol. 9 Ch. 125

မြွေလိုငါးရှဉ့်ကြီး! မွေးနီက အထာကျလွန်းတယ်!

Vol. 9 Ch. 125

ချင်လင်က ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းသွားစေသည်။ သူဒီနေ့ကံမကောင်း။ ကျောက်တုံးများကို သူ့တူနှင့်ခွဲပြီး နေရာကျယ်ကျယ်တူးလိုက်သည်။ ရွှေ၊ ငွေ၊ ကြေးနီမှလွဲ၍ မည်သည့်ကျောက်စိမ်းသတ္တုမှမရချေ။

ခဏတူးပြီးနောက် ဂိမ်းမှအသိပေးစာရလိုက်သည်။ အရင်ကမွေးထားတဲ့ငါးရှဉ့်တွေ အကောင်ကြီးပြီတဲ့။

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုချက်ချင်း စိုက်ပျိုးမွေးမြူရေးခြံပြန်စေပြီး အဆင့် ၂ လယ်ကွက်ဆီသွားကာ အရင်လယ်လုပ်ငန်းအတွက်ပြင်ထားခဲ့သော ငါးရှဉ့်များကိုဆယ်လိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို ရေချိုငါးအကောင်ပေါက်ဝယ်စေပြီး အဆင့် ၂ လယ်ကွက်ထဲမွေးထားလိုက်သည်။ သူချန်လီကိုပေးထားသောကတိကိုမမေ့။

ရေချိုငါးက သွေးအားပြည့်စေသည့်နေရာတွင် အလွန်ထိရောက်သည်။ ဂိမ်းအရည်အသွေးနဲ့ဆို ပိုတောင်ကောင်းဦးမည်။

သူလုပ်ပြီးသည်နှင့် နေရာလွတ်ရှာပြီး ဂိမ်းထဲဝင်လိုက်သည်။ သိုလှောင်ခန်းထဲသွားကြည့်လိုက်ရာ မှတ်ချက်ကိုတွေ့ရ၏:

(ငါးရှဉ့်: အရည်အသွေး ၁ - ၅၀ ကတ်တီ)

(တောင်ပိုင်းသားများအလွန်ကြိုက်သော အရသာရှိပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ တောင်ပိုင်းအာဟာရရှိစားဖွယ်များထဲတွင် ဆရာတစ်ဆူလည်းဖြစ်သည်။ ဂိမ်းထုတ်ကုန်ဖြစ်၍ ကပ်ပါးကောင်မရှိ၊ အညစ်အကြေးကင်းသည်။ အရသာ +၁၊ ဝါးရလွယ်ခြင်း +၁၊ လတ်ဆတ်မှု +၁၊ အာဟာရဖြစ်စေမှု +၁၊ သရက်ရွက်အားကောင်းစေခြင်း +၁၊ အသဲအားကောင်းစေခြင်း +၁၊ အင်အားပြည့်စေခြင်း +၁၊ ဇီဝဖြစ်ခြင်း +၁၊ သွေးတွင်းအချိုဓာတ်လျှော့ချပေးခြင်း +၁)

(ငါးရှဉ့်: အရည်အသွေး ၂ - ၆ ကတ်တီ)

(တောင်ပိုင်းသားများအလွန်ကြိုက်သော အရသာရှိပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ တောင်ပိုင်းအာဟာရရှိစားဖွယ်များထဲတွင် ဆရာတစ်ဆူလည်းဖြစ်သည်။ ဂိမ်းထုတ်ကုန်ဖြစ်၍ ကပ်ပါးကောင်မရှိ၊ အညစ်အကြေးကင်းသည်။ အရသာ +၂၊ ဝါးရလွယ်ခြင်း +၂၊ လတ်ဆတ်မှု +၂၊ အာဟာရဖြစ်စေမှု +၂၊ အစာအိမ်နှင့်သရက်ရွက်အားကောင်းစေခြင်း +၂၊ အသဲအားကောင်းစေခြင်းနှင့်အသဲကိုကာကွယ်ပေးခြင်း +၂၊ အင်အားပြည့်စေခြင်းနှင့်ချီဓာတ်မြှင့်တင်ပေးခြင်း +၂၊ ဇီဝဖြစ်ခြင်း +၂၊ သွေးတွင်းအချိုဓာတ်လျှော့ချပေးခြင်း +၂)

ချင်လင်ကမှတ်ချက်ကိုကြည့်ပြီး ဘာလို့ဒီငါးရှဉ့်ကိုအာဟာရဆရာတစ်ဆူလို့ခေါ်မှန်း သဘောပေါက်သွားသည်။

သူ့အကျိုးတွေက တကယ်အများသား။

အဓိကက ကပ်ပါးကောင်နဲ့အညစ်အကြေးကင်းတာပင်။ စိတ်ချလက်ချစားလို့ရသည်။

သာမန်ငါးရှဉ့်တွေက ၀.၅ ကတ်တီလောက်အချိန်စီးရင်ကို အရမ်းလေးနေပြီ။ ဒါပေမဲ့ ဒီအရည်အသွေး ၁ ငါးရှဉ့်က တစ်ကတ်တီရှိနေသည်။ ကြည့်ရတာ မြွေနှင့်တူနေ၏။

......

ဒီလိုအရွယ်အစားတစ်ကတ်တီဆို စျေးထဲမှာ ယွမ် ၅၀ ကျော်ရှိပြီး အရည်အသွေး ၁ အာနိသင်ကြောင့် တစ်ကတ်တီ ယွမ် ၁၀၀ နှင့်တောင်ဝယ်နိုင်မည်မဟုတ်ပေ။



ထို့နောက် အရည်အသွေး ၂ ငါးရှဉ့်ကိုကြည့်လိုက်သည်။

နှစ်ကောင်တည်းရှိသဖြင့် တစ်ကောင်သုံးကတ်တီအချိန်စီးသည့်သဘောဖြစ်၏။

မသိတဲ့သူတွေဆို အံ့အားသင့်မိကြမှာပင်။ တကယ့်မြွေကြီးဟုလည်း ထင်သွားနိုင်သည်။

ချင်လင်ကချက်ချင်း ဂိမ်းထဲမှထွက်လိုက်ပြီး ဇကာအိတ်နှစ်လုံးနှင့် စံအိမ်ထဲမှဟန်ဆောင်မောင်းထွက်လာလိုက်၏။ ဒီလောက်ငါးရှဉ့်တွေအများကြီး စံအိမ်ကိုတန်းသယ်လာဖို့မဖြစ်နိုင်။ အလွယ်တကူသံသယအဝင်ခံရနိုင်သည်။

သူကဂိုဒေါင်ဆီမောင်းသွားကာ နေရာလွတ်ရှာ၍ ဂိမ်းထဲဝင်လိုက်၏။ ထို့နောက် ရှဉ့်အားလုံးကို ဇကာအိတ်နှစ်အိတ်ထဲထည့်လိုက်သည်။

စွမ်းအားပင်အသီးကိုစားထားခြင်းကြောင့် သူ့လက်ထဲမှငါးရှဉ့်ကတ်တီ ၅၀ ကျော်ကို အသာလေးမထားနိုင်၏။

ဒီတော့မှ ချင်လင်ကဂိမ်းထဲမှထွက်လာပြီး စံအိမ်ပြန်လာခဲ့သည်။

နေ့လယ်ပိုင်းတွင် ပိုအားလပ်၏။

ဧည့်ခန်းမထဲတွင် ဧည့်သည်များများစားစားလည်းရှိမနေ။

သူအထုပ်နှစ်ထုပ်ဆွဲပြီး ဝင်လာသည်ကို ချန်တပေမြင်လျှင် ရှေ့တိုးလာပြီးမေးသည်_ ''သူဌေး... ဘာလုပ်ပေးရမလဲ?''

''ဒီီအိတ်ထဲကငါးရှဉ့်တွေကို ငါးကန်ထဲထည့်လိုက်... ဒါတွေကို ကျေးလက်လယ်ကွင်းထဲကဖမ်းမိခဲ့တယ်ဆိုတာ ကောင်းယောင်ယောင်ကို ပြောပြလိုက်ပါ... စျေးက တစ်ကတ်တီ ယွမ် ၂၀၀'' ချင်လင်လည်း ချန်တပေလက်ထဲ ငါးရှဉ့်ကတ်တီ ၅၀ ထည့်ပေးလိုက်သည်။

ချန်တပေက ချင်လင်သက်သောင့်သက်သာဖြစ်နေပုံကိုကြည့်ပြီး အမှတ်တမဲ့လှမ်းယူလိုက်၏။ သို့သော်ယူလိုက်သည်နှင့် လက်မနိုင်ဘဲ မြေပေါ်ပြုတ်ကျသွားသည်။

သာမန်လူတစ်ယောက်မှာ ကတ်တီ ၅၀ ကျော်အလေးချိန်ကို ပြင်ဆင်မထားဘဲ မလိုက်မည်ဆိုလျှင် လက်တစ်ဖက်တည်းနှင့်ထိန်းထားနိုင်ဖို့ခက်ပေမည်။

ချန်တပေအံ့အားသင့်သွားသည်။

လေးလွန်းတယ်မလား?

အခုပဲ သူဌေးချင်က လက်တစ်ဖက်တည်းနဲ့ မဝင်လာတာ အေးအေးဆေးဆေး။

သူဌေးချင် ဘယ်လောက်တောင်သန်မာလိုက်လဲ?

သူလုံးဝထင်မထားမိပေ။



ချန်တပေက အိတ်ကိုမပြီး ငါးကန်သွားလိုက်သည်။ ထို့နောက် ဇကာအိတ်ကိုဖွင့်၍ ငါးကန်ထဲငါးရှဉ့်များလောင်းထည့်လိုက်၏။

ငါးရှဉ့်အရွယ်အစားကြောင့် လုံးဝအံ့သြရပြန်သည်။ တစ်ကောင်ချင်းစီက အလွန်ကြီးပြီး ပြောင်ချောနေ၏။ တစ်ကောင်က အိတ်ထဲမှတိုးထွက်လာရာ မြေပေါ်ချော်ကျပြီး ကမူးရှူးထိုးလွန့်လူးနေသည်။

''မြွေ...'' မိန်းကလေးက လန့်ပြီးအော်လိုက်၏။

ငါးရှဉ့်က သူမဆီလူးလွန့်လာသဖြင့် မြွေဟုထင်သွားသည်။

မိန်းကလေး၏အော်သံက ခန်းမထဲမှခရီးသည်များကို အလန့်တကြားဖြစ်စေ၏။ သူတို့အားလုံးလှမ်းကြည့်လိုက်ပြီး ငါးရှဉ့်များကြီးကိုမြင်လျှင် ကြောက်ကြောက်နှင့် နောက်ပြန်ဆုတ်သွားကြသည်။

ချန်တပေက အလျင်စလိုရှင်းပြလိုက်၏_ ''မကြောက်ပါနဲ့... မြွေမဟုတ်ပါဘူး... ငါးရှဉ့်ပါ... နည်းနည်းကြီးနေလို့ပါ... အသဲအားကောင်းတယ်လေ... နောက်ပြီး လယ်ကွင်းထဲကရတာဆိုတော့ ပိုတောင်အာဟာရဖြစ်သေးတယ်''

သည်လိုနှင့် ချန်တပေကလက်လှမ်းပြီး ငါးရှဉ့်ကိုလှမ်းဆွဲလိုက်သည်။ သို့သော် ချော်ထွက်နေသဖြင့် လွတ်ထွက်သွား၏။ ဖြစ်ချင်တော့ သူ့လက်ကိုခါလိုက်ရာ ငါးရှဉ့်ကကန်ထဲပြုတ်ကျသွားသည်။

ဒါကိုမြင်မှ ခရီးသည်များလည်းစိတ်သက်သာရာရသွား၏။ ထို့နောက် စပ်စုချင်စိတ်နှင့် စုပြုံလာကြသည်။

အားလုံးက ငါးရှဉ့်အကြောင်း၊ ဘယ်လောက်အာဟာရဖြစ်ကြောင်းသိထားကြ၏။

''ဒီငါးရှဉ့်က ဘယ်လောက်လဲ?'' ထိတ်လန့်နေသောအမျိုးသမီးခရီးသည်က အရင်မေးလိုက်သည်။

ချန်တပေက ရှင်းပြလိုက်၏_ ''ဒီလယ်ကွင်းငါးရှဉ့်ကြီးတွေက တစ်ကတ်တီ ယွမ် ၂၀၀ ပါ... အများကြီးမပါပါဘူး... အားလုံးပဲ ဒီညစားချင်တယ်ဆိုရင် လက်သွက်မှရပါမယ်''

တစ်ကတ်တီ ယွမ် ၂၀၀ မှာ စျေးကြီးပုံရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ချင်းလင်စံအိမ်မှပစ္စည်းများမှာ အပြင်ကထက်ပိုကောင်းကြောင်း အားလုံးကသိထားကြသဖြင့် မြည်းကြည့်ရန်စိတ်အားထက်သန်နေကြသည်။

ဤသည်က ဂုဏ်သတင်းနှင့်တဆင့်စကား၏အကျိုးပင်။

…

စားဖိုဆောင်ထဲတွင်_

ဆရာလင်းလည်း နေ့လယ်ပိုင်းယောင်ချာချာဖြစ်နေသည်။

အစားအစာပြင်ဆင်ခြင်းနှင့် စားဖိုဆောင်ထဲအလုပ်ရှုပ်သည်မှလွဲ၍ စားဖိုမှူးခေါင်းဆောင်ဖြစ်၍ အားလပ်နေ၏။

သူကဗီရိုထဲမှ ရုံချန်းစီရင်စုဆန်အရက်ဝိုင်ပုလင်းကိုထုတ်လိုက်သည်။ အနီရင့်ရောင်ဟုမဆိုနိုင်ဘဲ ကိုကာကိုလာအရောင်ပေါက်နေ၏။

အတော်များများကလည်း ဝိုင်စားသောက်ပွဲများတွင် ရုံချန်းစီရင်စုဆန်အရက်ဝိုင်ကို ရုံချန်းစီရင်စုကိုကာကိုလာဟု နောက်ပြောင်ပြောကြသည်။

ထို့ကြောင့် လူများကပျော်ရွှင်နေသည့်အခါ ကိုကာကိုလာသောက်ချင်လားဟုမေးပြီး ငှဲ့ပေးခဲ့သည်ရှိသော် ဆန်အရက်ဝိုင်တစ်ခွက်သောက်စေချင်တာဖြစ်လိမ့်မည်။ ရုံချန်းစီရင်စုကိုလာသည့် နိုင်ငံခြားသားများမှာ မကြာခဏထောင်ချောက်မိပြီး တန်းမှောက်လေ့ရှိကြ၏။

ဘာပဲဖြစ်ဖြစ် ခွက်ထဲဝိုင်ရောက်လျှင် လူတိုင်းကဟစ်အော်ပြီး သောက်ရပေလိမ့်မည်။

All Chapters