မြွေလိုငါးရှဉ့်ကြီး! မွေးနီက အထာကျလွန်းတယ်! ၂
Vol. 9 Ch. 126
ဆရာလင်းကအရှေ့တိုး၍ အိုးအဖုံးဖွင့်ကာ ခရုအိုးကိုလှပ်လိုက်သည်။
အရင်တစ်ခေါက်သူဌေးဝယ်လာတဲ့ခရုကိုစားပြီး အာသီသရှိနေသဖြင့် သူ့သားကိုသူ့အိမ်ပြန်ကာ လယ်ကွင်းထဲမှတချို့ယူခိုင်းလိုက်၏။ သူ့သားက ဒီမနက်ပို့ပေးလာသည်။ အခုအခွင့်အရေးရတုန်း ဝိုင်လေးနဲ့ မကျေပွဲနွှဲရမည်။
ဆရာလင်းက ပန်းကန်ထဲခရုများထည့်၍ ထိုင်ချလိုက်သည်။ ဝိုင်တစ်ခွက်ငှဲ့ပြီးနောက် ကောက်ယူပြီး တစ်ငုံသောက်လိုက်၏။ သို့သော် ခရုကိုဝါးမိသည်နှင့် မျက်မှောင်ကြုတ်ကာ_ ''မဟုတ်သေးဘူး... ဘာလို့သူဌေးဝယ်လာတာနဲ့ အရမ်းကွာနေရတာလဲ?''
သူကနောက်တစ်ကောင်ကောက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မျက်မှောင်ပိုကြုတ်သွား၏။
အရသာနဲ့အသားက ဘာမှကိုမဆိုင်ဘူး။
ဆိုရိုးရှိသလိုပဲ။ အလိုကြီး အရနည်းတဲ့။ ဆရာလင်းမျက်မှောင်ကြုတ်နေသည်။
သူကတော့ တစ်နေကုန်စားချင်စိတ်ဖြစ်နေတာ။ ဒီအချိန်မှာ ဝိုင်ရဖို့မလွယ်ဘူးဆိုပေမဲ့ အလကားအချိန်တွေဖြုန်းမိတာဟု ရုတ်တရက်တွေးမိသွားသည်။ သူစားချင်သောက်ချင်စိတ်မရှိတော့။
''ဆရာလင်း... ပျော်စရာရှိနေတာပဲ!'' ထိုအချိန်တွင် ချင်လင်က အရည်အသွေး ၂ ငါးရှဉ့်ကိုင်ကာဝင်လာသည်။
ဆရာလင်းက စိတ်ပျက်လက်ပျက်ပုံကိုဖျောက်ပြီး ချင်လင်ကိုမေးလိုက်၏_ ''သူဌေး... ဒီတစ်ခါ ဘာပစ္စည်းကောင်းတွေဝယ်လာပြန်ပြီလဲ?''
ချင်လင်က အရည်အသွေး ၂ ငါးရှဉ့်နှစ်ကောင်ပါသောဇကာအိတ်ကို ဆရာလင်းဆီကမ်းပေးလိုက်ပြီး_ ''ဆရာလင်း... ဒီငါးရှဉ့်နှစ်ကောင်ထဲကတစ်ကောင်သတ်ပြီး ဒီညအာသာပြေအောင် ချက်ပေးစမ်းပါ''
ဆရာလင်းက ဇကာအိတ်ကိုယူဖွင့်ကြည့်လိုက်သည်။ သူကအံ့သြသွားပုံနှင့် မနေနိုင်ဘဲပြောလိုက်၏_ ''သူဌေး... ဒီလောက်ကြီးတဲ့ငါးရှဉ့်တွေ... ဒါထိပ်တန်းပဲ... ဘယ်ရလာတာလဲ?''
...
သုံးကတ်တီရှိငါးရှဉ့်နှစ်ကောင်လုံးထွေးနေသည်မှာ ရှည်မျောမျောရုပ်ဆိုးဆိုးမြွေနှစ်ကောင်နှင့်တူသည်။
ချင်လင်က လုပ်ကြံပြောလိုက်၏_ ''စျေးကဝယ်ခဲ့တာ... ဝိုင်လေးနဲ့ကြော်နော်... ဒါအထက်တန်းစားပဲ''
''ကောင်းပါပြီ သူဌေး'' ဆရာလင်းက ညွှန်ကြားချက်ရလျှင် ခေါင်းညိမ့်လိုက်သည်။ ချင်လင်ပြန်ထွက်သွားသောအခါ သူကပြန်ထိုင်၍ ခရုတစ်ကောင်ကောက်ဝါးလိုက်၏။ တကယ်စိတ်ညစ်စရာ။
သူ့သားက စျေးထဲကမွေးမြူရေးခရုတွေဝယ်ပြီး သူ့ကိုအရူးလုပ်တာများလား?

ထိုသို့တွေးမိသည်နှင့် ဆရာလင်းက ဆက်သောက်ချင်စိတ်မရှိတော့။ သူကမတ်တပ်ရပ်လိုက်ကာ ငါးရှဉ့်နှစ်ကောင်ကို စားဖိုဆောင်ထဲမှ သီးသန့်ငါးကန်ထဲထည့်လိုက်သည်။
ညနေပိုင်း_
ဝန်ထမ်းတွေအတွက်ချက်ပြုတ်ချိန်ရောက်လျှင် စာဖိုမှူးသုံးဦးအလုပ်များတော့၏။ ဆရာလင်းက ငါးရှဉ့်တစ်ကောင်ဆွဲ၍ ဓားနှင့်စကိုင်တော့သည်။
ငါးရှဉ့်အသေးလေးတွေက ကိုင်ရတာပိုခက်၏။ အတွင်းကလီစာကိုဘယ်လိုပဲကိုင်ကိုင် အကြွင်းအကျန်ရှိမြဲ။ ဒီသုံးကတ်တီငါးရှဉ့်ကြီးတွေက ကိုင်ရပိုလွယ်သည်။
ငါးရှဉ့်သတ်ပြီးနောက် ဆရာလင်းက အသားတုံး၍ အိုးတည်ကာ ဆီထည့်လိုက်၏။
ငါးရှဉ့်ချက်နည်းအမျိုးမျိုးရှိသည်။ ငါးရှဉ့်နှပ်နည်းမှာ ကျေးလက်အသုံးအများဆုံးချက်နည်းတစ်မျိုးဖြစ်၏။ ငါးရှဉ့်တွင်ငါးညှီနံ့ရှိသည့်အလျောက် အရသာဖယ်ရှားရန် ဝိုင်နှင့်နှပ်ဖို့လိုသည်။ ဝိုင်အရသာဝင်သောအခါ ငါးရှဉ့်အသားကိုမွှေးရနံ့သင်းစေ၏။
မကြာမီ မွှေးပျံ့သောအနံ့က အိုးထဲမှထွက်လာသည်။
ဆရာလင်းက နှပ်ထားသောအသားကို တူနှင့်ညှပ်ပြီး မြည်းကြည့်ရန် သူ့ပါးစပ်ထဲထည့်လိုက်၏။ သူဝါးလိုက်သည်နှင့် သူ့ပါးစပ်ထဲတွင်အရသာပေါ်လာသည်။ အရသာအလွန်ကောင်းပြီး ဝါးရတာပြောစရာကိုမရှိ။
ဆရာလင်းကအမှတ်မဲ့တူကိုင်၍ နောက်တစ်တုံးပါးစပ်ထဲထည့်လိုက်ပြန်သည်။
မစားဘဲရပ်လိုက်ဖို့ တကယ်မဖြစ်နိုင်။
အိုးထဲကနှပ်ထားသောအသားကိုကြည့်လိုက်ရာ ထပ်စားချင်လာ၏။
စာဖိုမှူးဖြစ်ပြီးနောက်ပိုင်း အိမ်မှာလယ်လုပ်မယ့်သူလည်းမရှိတော့။ လယ်ကွင်းထဲကမိတဲ့ခရုတွေစားခဲ့ဖူးတာ အချိန်တော်တော်ကြာခဲ့ပြီ။ ငယ်ငယ်ကအရသာကိုမေ့သွားပြီဖြစ်သော်လည်း ဒီလောက်အရသာရှိမည်မထင်ထားပေ။
နောက်မှသူ့သားမက်ကိုဖုန်းခေါ်ပြီး လယ်ကွင်းထဲကငါးရှဉ့်ဖမ်းခိုင်းရမည်။ ဒီလောက်ကြီးတာမဟုတ်ရင်တောင် အကောင်သေးသေးတော့ ဖမ်းမိကောင်းပါရဲ့။
ဟိုသားစုတ်ကတော့ အားကိုးလို့မရ။ သူမျှော်နေခဲ့တဲ့ဒီခရုတွေက သုံးစားလို့မှမရဘဲ။
အရည်အသွေး ၂ ငါးရှဉ့်မှာ အရည်အသွေး ၂ ခရုနှင့် လုံးဝကွာခြားသည်။
ချင်လင်စားသောအခါ မနေနိုင်ဘဲ ဆေးဖက်ဝင်ဝိုင်ထုတ်၍နည်းနည်းသောက်လိုက်၏။
လင်းဖန်နှင့်ကျောက်မိုချင်းက စားပြီးနောက် ထပ်ခါတလဲလဲချီးမွှမ်းခန်းဖွင့်နေကြသည်။
အမျိုးသမီးနှစ်ဦးမှာ သူတို့အစားအသောက်ကို ပိုပြီးခုံမင်လာမှန်းသိကြ၏။ ချင်လင်က အရသာရှိတဲ့အစားအသောက်တွေ အမြဲရလာတတ်သည်။
သို့သော်လည်း ထိုအကြောင်းသိပ်တော့မတွေးမိကြ။ သူတို့က စံအိမ်နာမည်ကျော်ပြီး အဆက်အသွယ်ရှိလာခြင်းကြောင့် ဒီလိုအရာတွေလက်လှမ်းမီလာသည်ဟုသာ ထင်နေကြသည်။ အပြင်မှာ ငါးရှဉ့်ရောင်းတဲ့ငါးကန်တွေလည်း အများကြီးရှိနေသေးတာပဲမလား?
စားကောင်းသောက်ဖွယ်နှင့် ရိုးရိုးအစားအစာကြား ကြီးမားသောကွာခြားချက် တကယ်ဖြစ်နိုင်သည်။
သူတို့ကအခု စားကောင်းသောက်ဖွယ်စားနေရသည်ဟု ခံစားနေရ၏။
ခန်းမထဲတွင် စားသောက်သောခရီးသည်များ တဖြည်းဖြည်းပိုများလာသည်။ စားဖိုဆောင်တွင်လည်း ခြေချင်းလိမ်နေ၏။ ဒီနေ့ ငါးရှဉ့်မှာစားသောခရီးသည် သိသိသာသာများနေသည်။
ခရီးသည်အများစုက အာဟာရပြည့်ဝလွန်းသောအစားအစာကို လုံးဝအလွတ်ပေးမည်မဟုတ်ပေ။
ငါးရှဉ့်ကတ်တီ ၅၀ လုံးလုံးမှာထားကြသည်။
အလုပ်သင်လင်ပင်းရှေ့တွင် ငါးရှဉ့်များပုံထပ်နေ၏။ ဒီနေ့ ဒီငါးရှဉ့်အားလုံးကိုသတ်ရတော့မည်။
ငါးရှဉ့်ကတ်တီ ၅၀ ကျော်ကြောင့် အပျော်ဆုံးကတော့ ဆရာလင်းပင်။
.
သူက အိုးထဲကချသမျှဟင်းပွဲတိုင်းကို မြည်းရတယ်မလား?
အရသာက သူဌေးရဲ့အကောင်လောက်မဟုတ်သော်လည်း လုံးဝအရသာရှိသည်။
သူ့သားမက်သာ ဒီအရွယ်လောက်ငါးရှဉ့်ရခဲ့ရင် ဝိုင်လေးနဲ့သောက်ပစ်လိုက်ဦးမည်။
ဆရာလင်းက ထပ်မျှော်လင့်ရပြန်သည်။
ခရီးသည်များစားသောက်ပြီးစီးသွားသောအခါ စံအိမ်ကချက်ချင်းတိတ်ဆိတ်သွား၏။
တည်းခိုစရာမရှိ၍ လင်းထိန်နေသည့်တိုင်အောင် ဘယ်သူမှနေမည်မဟုတ်ပေ။ အခုဆို ရာသီဥတုက ပိုအေးလာပြီ။ သူတို့အလည်အပတ်လာစေဦးတော့ ရွက်ဖျင်တဲတော့ငှားမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် ဒီလိုရာသီဥတုကြီးမှာ ရွက်ဖျင်တဲနှင့်နေလျှင် ရေခဲရိုက်ပြီးသားဖြစ်သွားလိမ့်မည်။
ခရီးသည်များပြန်သွားလျှင် ချန်တပေကအစီရင်ခံလာသည်_ ''သူဌေး... ရှဉ့်အိမ်သုံးအိမ်ကိုစောင့်ကြည့်ခိုင်းထားတာ... ရှဉ့်တချို့က ညမပြန်ဘဲ အဲဒီမှာနေကြပါတယ်''
''သွားကြည့်ရအောင်'' ချင်လင်ကမျက်လုံးများဝင်းလက်သွားပြီး ချန်တပေကိုပန်းပင်လယ်ထဲခေါ်သွားလိုက်သည်။
ကြည့်ရတာ ရှဉ့်ရိုင်းတွေကို အိမ်မွေးတိရစ္ဆာန်အသွင်ပြောင်းမယ့်အစီအစဉ်က အလုပ်ဖြစ်ပြီထင်သည်။
ပန်းပင်လယ်ကျောက်ခင်းလမ်းပေါ်တွင် မီးတိုင်များရှိ၏။ ထိုအချိန်တွင် ပန်းပင်လယ်ထဲ၌ ထူးထူးခြားခြားငြိမ်းချမ်းသောအငွေ့အသက်က ရှိနေလေသည်။