သားကောင်တဖြစ်လဲ မုဆိုး!
Vol. 9 Ch. 128
ကျောက်မိုချင်းက မွေးနီလှုပ်ရှားပုံကိုကြည့်ပြီး သိချင်ဇောနှင့် တစ်ရှူးတစ်စထုတ်ကာ လုံးချေ၍ ကြမ်းပေါ်ပစ်လိုက်သည်။
မွေးနီက ထပ်သွားပြီး တစ်ရှူးလုံးကိုကောက်လိုက်သည်။ ထို့နောက် ဆိုဖာနားခပ်သုတ်သုတ်ပြန်လာကာ အနားမှအမှိုက်ပုံးထဲပစ်လိုက်၏။
ကျောက်မိုချင်းကစိတ်လှုပ်ရှားလွန်း၍ ထခုန်မတတ်ပင်_ ''ချင်လင်... သူဉာဏ်ကောင်းလိုက်တာ... သူတကယ်နားလည်တာပဲ''
အမှန်တကယ် မွေးနီ၏သိတတ်မှုမှာ မထင်လောက်စရာ။
အခုတော့ချင်လင်က မှတ်ချက်မှာရေးထားတဲ့ 'အရမ်းဉာဏ်ကောင်းတယ်' ဆိုတာကို သဘောပေါက်သွားပြီ။
မွေးနီနှင့်ခဏဆော့ပြီးနောက် ချင်လင်နှင့်ကျောက်မိုချင်းက သူတို့အခန်းထဲပြန်ဝင်လိုက်သည်။ သူကကျောက်မိုချင်းကို ချန်လီတောင်းဆိုထားသည့်အကြောင်းပြောပြလိုက်၏။ ချန်ရှောင်ရူ စံအိမ်ကိုလာလိမ့်မည်။ တကယ်လို့သူမရှိရင် ကျောက်မိုချင်းကိုဧည့်ခံထားခိုင်းရပေမည်။
…
နောက်တစ်နေ့တွင်_
ချင်လင်အိပ်ရာမှနိုးလာပြီး သူ့စိတ်ထဲမှဂိမ်းကိုကြည့်လိုက်သည်။ မနက်ပိုင်းမှည့်သောသီးနှံများအားလုံးခူးလိုက်ပြီး လုပ်နေကျအတိုင်း ဂိုဒေါင်ဆီသွားလိုက်၏။
သူထွက်လာသောအခါ မွေးနီလိုက်လာပြီး ခွေးကလည်း နောက်ချန်မနေခဲ့။
ဂိုဒေါင်ရောက်လျှင် ချင်လင်ကဂိမ်းထဲဝင်လိုက်သည်။
ဒီနေ့ခါတိုင်းထက်ပိုပြီး အမျိုးအမည်ပိုစုံနေ၏။
(ရွှံ့ငါး: အရည်အသွေး ၁ - ၃၅ ကတ်တီ)
......
(တောင်ပိုင်းသားများအလွန်ကြိုက်သော အရသာရှိပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ အရသာ +၁၊ အနံ့အရသာရှိခြင်း +၁၊ သရက်ရွက်နှင့်ကျောက်ကပ်အားကောင်းစေခြင်း +၁၊ ရေဓာတ်ဖြည့်ပြီး အရောင်ကျစေခြင်း +၁၊ သွေးနှင့်ချီဓာတ်အားကောင်းစေခြင်း +၁)
(ဟင်းနုနွယ်: အရည်အသွေး ၁ - ၄၀ ကတ်တီ)
(အာနိသင်များစွာရှိသော အရသာရှိသာမန်ပါဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ယင်ဓာတ်ဖြည့်ခြင်း +၁၊ ဝမ်းချုပ်သက်သာစေခြင်း +၁၊ အူလမ်းကြောင်းသန့်ရှင်းစေခြင်း +၁)

(မုန်လာဥနီ: အရည်အသွေး ၁ - ၅၅ ကတ်တီ)
(ဗီတာမင်ကြွယ်ဝသော ဟင်းသီးဟင်းရွက်ဖြစ်သည်။ သွေးနှင့်ချီဓာတ်အားကောင်းစေခြင်း +၁၊ အသဲနှင့်မျက်စိအားကောင်းစေခြင်း +၁၊ အူလမ်းကြောင်းသန့်ရှင်းစေခြင်း +၁)
အဆင့် ၁ နှင့် ၂ လယ်ကွက်များမှရရှိသည်များပင်။ ၄င်းတို့က သွေးအားကောင်းစေသည်။
အရည်အသွေး ၂ တစ်ခါမှမပါပေ။
ဆရာလင်းကို ချန်ရှောင်ရူအတွက် တချို့တဝက်လုပ်ခိုင်းပြီး ကျန်တာကို စံအိမ်တွင်ရောင်းရမည်။
ထို့အပြင်ဒီနေ့ အရည်အသွေး ၂ ရုံးပတီသီး ကတ်တီ ၂၀ သေချာထုတ်လာခဲ့၏။
ဤအရည်အသွေး ၂ ရုံးပတီသီးကို အချိန်နှင့်အမျှ ထုတ်ယူရသည်။
ချင်လင်က အားလုံးကိုဂိမ်းထဲမှထုတ်လိုက်ပြီး စံအိမ်ပို့လိုက်၏။
မွေးနီက စံအိမ်ရောက်ရောက်ချင်း ပန်းပင်လယ်ထဲပြေးသွားကာ သူ့နောက်လိုက်များကိုရှာလိုက်သည်။
ခွေးက သူနှင့်အတူ ခန်းမထဲလိုက်လာ၏။
ရာသီဥတုပိုအေးလာပြီဖြစ်သော်လည်း ခရီးသွားချင်စိတ်မှာ သိပ်ယုတ်လျော့သွားခြင်းမရှိချေ။
အကြောင်းမှာ ခရီးသွားခြင်းက စိတ်ဖိအားလျော့ကျစေသောနည်းတစ်မျိုးဖြစ်ခြင်းကြောင့်ပင်။ စိတ်ထွက်ပေါက်ပေးသော အကောင်းဆုံးနည်းဖြစ်ပြီး စိတ်သက်သာရာရစေသည်။ စုံတွဲများရင်းနှီးမှုမြန်မြန်ဆန်ဆန်တိုးတက်စေသော နည်းတစ်မျိုးလည်းဖြစ်၏။
အမျိုးသားနဲ့အမျိုးသမီးဘယ်လောက်များများ ခရီးသွားဟိုတယ်တွေမှာ လမ်းပေါက်ကြပြီးပြီလဲ?
စံအိမ်က ချက်ချင်းအသက်ဝင်လာသည်။
တက္ကစီတစ်စီး စံအိမ်ပေါက်ဝရောက်လာ၏။ ခရီးသည်အသစ်တွေရောက်လာပြီ။
ရှောင်ကျွမ်းက သူနှင့်ဘာလိုလိုညာလိုလို သူငယ်ချင်းကောင်မလေးရှောင်ဖန်းနှင့်အတူ ကားပေါ်မှဆင်းလာသည်။
ဒါသူပထမဆုံး မိန်းကလေးလိုက်ဖူးခြင်းဖြစ်ပြီး နောက်တစ်ဆင့်တက်ရန် ဘယ်လိုပြောရမှန်းမသိဖြစ်နေ၏။ မိန်းကလေးတွေထည်လဲတွဲနေတဲ့ သူ့ဘော်ဒါတစ်ယောက်က ခရီးသွားပါလားဟုအကြံပေးလာသည်။ အခန်းငှားဖို့ကြိုးစားကြည့်တော့ တစ်ခန်းပဲကျန်တော့တယ်တဲ့။ ဒါပေမဲ့လည်း မြို့ပြင်ကြီးမှာ...
ထို့ကြောင့် ရှောင်ဖန်းက ချင်းလင်စံအိမ်ပန်းပင်လယ်ကို like ပေးထားသည်ကိုတွေ့သဖြင့် ဒီကိုခေါ်လာဖို့ဆုံးဖြတ်လိုက်သည်။
ရှောင်ဖန်းက ကားပေါ်မှဆင်းလာပြီး အံ့သြစွာပြောလိုက်၏_ ''မနက်အစောကြီးကို ခရီးသည်တွေအများကြီးပဲ... ချင်းလင်စံအိမ်က တကယ်နာမည်ကြီးပဲ''
''အင်း!'' ရှောင်ကျွမ်းက ချက်ချင်းခေါင်းညိမ့်ကာ သဘောတူလိုက်သည်။

သူတို့က စံအိမ်ထဲလမ်းလျှောက်ဝင်လာ၏။
ရှောင်ဖန်းက စံအိမ်ထဲဝင်ဝင်ချင်း အရောင်းစင်တာကိုကြည့်လိုက်ကာ_ ''ဒါဆေးဖက်ဝင်ပျားရည်ရောင်းတဲ့နေရာပဲ''
ရှောင်ကျွမ်းလည်း ချင်းလင်စံအိမ်မှဆေးဖက်ဝင်ပျားရည် အရမ်းနာမည်ကြီးကြောင်းသိထားသည်။ သူကရက်ရက်ရောရောပင် ယွမ် ၂၀၀ သုံး၍ ခွက်ကြီးနှစ်ခွက်ဝယ်လိုက်၏။
ရှောင်ဖန်းက နှစ်ငုံသောက်လိုက်ကာ အံ့သြကြည်နူးစွာနှင့်_ ''အင်း... ဒီဆေးဖက်ဝင်ပျားရည်က တကယ်အရသာရှိတာပဲ''
ရှောင်ကျွမ်းခေါင်းညိမ့်လိုက်၏။ နာမည်ကျော်တဲ့အတိုင်း တကယ်ကောင်းလေသည်။ ထို့နောက်သူက ရှောင်ဖန်းအား_ ''စတော်ဘယ်ရီစားချင်သေးလား?'' ဒီကစတော်ဘယ်ရီတွေက အရမ်းအရသာရှိတာတဲ့''
“စားတာပေါ့'' ရှောင်ဖန်းက ခေါင်းညိမ့်လိုက်၏။
သူတို့နှစ်ယောက်က ထူးရှယ်မျိုးအရောင်းစင်တာဆီ လျှောက်သွားလိုက်သည်။
အရည်အသွေး ၁ နှင့် ၂ အသီးအရွက်များအားလုံး ထိုနေရာမှာရှိ၏။
အနီးရောက်သော် စတော်ဘယ်ရီရောင်းသောစင်ကိုတွေ့လိုက်ရသည်။
သူတို့နှစ်ဦးက အနားကပ်သွားလိုက်၏။ ရှောင်ဖန်းက စတော်ဘယ်ရီများများကောက်နေစဉ် ရှောင်ကျွမ်းအကြည့်က သူတို့ရှေ့အရောင်းကောင်တာပေါ် အမှတ်တမဲ့စိတ်ဝင်စားသွားသည်။
အရောင်းကောင်တာပေါ်တွင် ရုံးပတီသီးနည်းနည်းသာရှိနေသည်။ မှတ်ချက်မှာ ထူးရှယ်ရုံးပတီသီး တစ်ကတ်တီ ယွမ် ၄၀၀ ဟုရေးထား၏။
ရှောင်ကျွမ်းက စံအိမ်အကြောင်းရာဇဝင်ကို ပြန်သတိရသွားသည်။
ချင်းလင်စံအိမ်က တစ်ကတ်တီ ယွမ် ၄၀၀ တန် ထူးရှယ်ရုံးပတီသီးကိုရောင်းလေ့ရှိခဲ့သည်။ ဒီပစ္စည်းက ယောက်ျားတွေအတွက်ဆုလာဘ်ဖြစ်ပြီး အလွန်ထိရောက်သည်တဲ့။ ဒီရုံးပတီသီးစားဖူးတဲ့ လူချမ်းသာဒုတိယမျိုးဆက်ခံသူက ကောင်မလေးနှစ်ယောက်နဲ့ပျော်ပါးပြီး လိုင်းပေါ်ပြောပြခဲ့ဖူးသည်။
ထိုအကြောင်းကိုလည်း ချင်းလင်စံအိမ်တရားဝင်အကောင့်၏ ဗီဒီယိုမှတ်ချက်ထဲတွင် လူများစွာက ညွှန်းဆိုဖူးကြ၏။
ဒီလိုရုံးပတီသီးမျိုးက အရမ်းရှားလို့သာပေါ့။ အခုစံအိမ်မှာ မရှိသလောက်ဖြစ်သွားပြီ။
ရှောင်ကျွမ်းက ဒီနေရာမှာမြင်ရလိမ့်မည်ဟုမထင်ထား။ ဒီတစ်ခေါက် သူ့လာရင်းအကြောင်းကိုတွေးမိလျှင် သူ့ဘေးနားမှရှောင်ဖန်းအား အမှတ်တမဲ့ကြည့်လိုက်မိသည်။
ဒီလိုရာဇဝင်ပစ္စည်းမျိုးနဲ့ကြုံမှတော့ စမ်းကြည့်ဖို့စိတ်အားထက်သန်နေ၏။ သို့သော်လည်း သူဝယ်လိုက်လျှင် ရှောင်ဖန်းက သူမကိုရည်ရွယ်ချက်ရှိရှိခေါ်လာမှန်းသိသွားမှာ စိုးနေသည်။
''ဝိုး... ယွမ် ၄၀၀ တန်ရုံးပတီသီး'' စုံတွဲတစ်တွဲက ရုတ်တရက်ရောက်လာ၏။ အမျိုးသမီးက ခပ်တိုးတိုးနှင့်_ ''ယောက်ျား... ရှင်ဒီနေ့ကံကောင်းနေတယ်... ဒီပစ္စည်း တကယ်ဒီလောက်စွမ်းလား ကျွန်မလည်းသိချင်တယ်''
''ငါကံကောင်းတာဆိုရင် မင်းကံကောင်းတာပဲမလား?'' အမျိုးသားက ချက်ချင်းအိတ်ကိုမ၍ ယူသွား၏။
ခရီးသည်တစ်ယောက်မက သိသွားလေပြီ။ မျက်စိတစ်မှိတ်အတွင်း နောက်ထပ်စုံတွဲနှစ်တွဲကတွေ့သွား၏။ ကြားပဲကြားဖူးတဲ့ဒီလိုပစ္စည်းမျိုးကို ဘယ်လက်လွှတ်ခံမှာတဲ့လဲ?
လျှပ်တပြတ်အတွင်းမှာ တစ်ကတ်တီ ယွမ် ၄၀၀ တန် ရုံးပတီသီးပါသွားသည်။
ရှောင်ကျွမ်းက စိတ်ပူလာ၏။
ချက်ချင်းပါသွားတာပဲ။
ထိုအချိန်တွင် သူလှည့်ကြည့်လိုက်ရာ သူ့ကိုလုံးဝသတိမပြုမိဘဲ တခြားဘက်မှအသီးအနှံများလိုက်ကြည့်နေသောရှောင်ဖန်းကိုတွေ့လိုက်ရသဖြင့် အံ့သြဝမ်းသာသွားလေသည်။