သားကောင်တဖြစ်လဲ မုဆိုး! ၂
Vol. 9 Ch. 129
ဒီအခွင့်အရေးကို သူဘယ်လိုလုပ်လက်လွှတ်ခံနိုင်မလဲ? သူကကျန်သောရုံးပတီအိတ်ကို ခပ်သွက်သွက်ကောက်သိမ်းလိုက်သော်လည်း ရှောင်ဖန်းကသူ့ကို နှုတ်ခမ်းထောင့်ကွေးတက်ပြီး ကြည့်နေသည်ကိုမူ မသိလိုက်ချေ။
ရှောင်ကျွမ်းက အိတ်ကိုမြန်မြန်ယူ၍ ရုံးပတီသီးများထည့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလို ရှောင်ဖန်းနားပြန်လျှောက်လာသည်။
ရှောင်ဖန်းက အိတ်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူမသိသွားမှာစိုးနေသောရှောင်ကျွမ်းကို တစ်ချက်ကြည့်လိုက်၏။
သူအမြတ်ထုတ်မလို့လား?
သူကဒီလောက်ဖြူစင်တဲ့သူမလား?
သူကောင်မလေး တစ်ခါမှမထားဖူးဘူးလား?
ရှောင်ကျွမ်းက ရှောင်ဖန်းဘာတွေးနေသည်မသိ။ ကျသင့်ငွေရှင်းပြီးနောက် တောတွင်းစွန့်စားခန်းနှင့်မြက်ခင်းလျှောကစားပြီးမှ အဓိကအကျဆုံးပန်းပင်လယ်ကိုဝင်လိုက်သည်။
ထိုအချိန်တွင် သူ့သူငယ်ချင်းကောင်းမှာလိုက်သောစကားကိုလည်း သတိရလိုက်၏။ ခရီးသွားရင်း တစ်နေရာနှစ်နေရာလည်ပြီးရင် စလှုပ်ရှားရမယ်တဲ့။ အဲဒီအချိန်ဆို မိန်းကလေးတွေက သိပ်မဆန့်ကျင်ဘူးတဲ့။
သူက ရှောင်ဖန်းခါးကို အမှတ်မထင်ထိဟန်ဆောင်လိုက်သည်။
ရှောင်ဖန်းမခုခံမှန်းသိမှ သူကချက်ချင်းလှုပ်ရှားလိုက်၏။
အဆုံးအဖြတ်ပေးတဲ့နေရာမှာ သူ့သူငယ်ချင်းတွေကမှန်တာပဲ။
...
သူတို့နှစ်ဦးက ပန်းပင်လယ်ထဲမြန်မြန်ဝင်လိုက်သည်။ ပန်းပင်လယ်ကလှတယ်ဆိုတာ ရှောင်ကျွမ်းဝန်ခံရပေမည်။ ရှောင်ဖန်းဓာတ်ပုံရိုက်ချင်လျှင် သူအတတ်နိုင်ဆုံးဓာတ်ပုံဆရာလုပ်ပေးမည်။
''ရှဉ့်'' ရှောင်ဖန်းက ရှဉ့်ဆီပျော်ပျော်ရွှင်ရွှင်ပြေးသွားလိုက်ကာ_ ''ဗီဒီယိုတွေထဲကအတိုင်းပဲ... ချစ်စရာကောင်းလိုက်တာ''
ရှောင်ကျွမ်းကသဘောတူခေါင်းညိမ့်လိုက်သေး၏။ သို့သော်ထိုအချိန်တွင် အမြီးဖွားဖွားနှင့်ရှဉ့်တစ်ကောင်က သူ့ခြေထောက်နားပြေးလာမှန်းသိလိုက်သည်။
သူကအလိုလိုနောက်ပြန်ဆုတ်လိုက်မိပြီး ကြည့်လိုက်ရာ ထိုရှဉ့်လက်သည်းကြားတွင် ပန်းပင်လယ်လက်မှတ်ရှိပြီး သူ့ကိုတကျွိကျွိအော်နေသဖြင့် အံ့သြသွား၏။
ဒီတော့မှ သူလက်မှတ်ကျကျန်ခဲ့မှန်းသဘောပေါက်လိုက်သည်။ သို့သော် သူသိပြီးပြီးချင်း ရှဉ့်ကသူ့ကိုခေါ်ရင်း သူ့ဘေးနားမှအမှိုက်ပုံးကိုလက်သည်းနှင့်ထိုးပြနေ၏။ ထို့နောက် အမှိုက်ပုံးဆီပြေးသွားပြီး လက်မှတ်ကိုပစ်ထည့်လိုက်သည်။
''သောက်...'' ရှောင်ကျွမ်းက ထိုမြင်ကွင်းကြောင့် မဆဲဘဲမနေနိုင်တော့။
မထင်မှတ်ဘဲ ရှဉ့်ပညာပြတာ ခံလိုက်ရပြီလား?
သောက်ရမ်းရှက်စရာကောင်းလိုက်တာ။
အဓိကက ချင်းလင်စံအိမ်ရဲ့ရှဉ့်တွေက အမှိုက်ဘယ်လိုကောက်ရတယ်၊ အမှိုက်ပုံးထဲဘယ်လိုထည့်ရတယ်ဆိုတာ သိနေလို့မလား?
ဒါမယုံနိုင်စရာပဲ ဟုတ်တယ်ဟုတ်?
သူကဘေးဘီဝေ့ကြည့်လိုက်ပြီး ဘယ်ခရီးသည်မှ သူ့ကိုသတိမထားမိမှန်းသိသောအခါ စိတ်သက်သာရာရသွားသည်။ မဟုတ်ရင် တစ်ယောက်ယောက်ကဗီဒီယိုရိုက်ယူထားပြီး ရှုမျှော်ခင်းနေရာမှာ ရှဉ့်ပညာပေးတာ ခံလိုက်ရတဲ့ခရီးသည်ဆိုပြီး မနက်ဖြန်သတင်းထဲတောင်ပါလာနိုင်၏။
ဒါဆိုရင် သူလည်းနာမည်ဆိုးနဲ့ကျော်ဦးမည်။
ပိုအဓိကကျတာက ဒီစံအိမ်ပိုင်ရှင်က အံ့သြဖို့ကောင်းလွန်းတယ်မလား? ရှဉ့်တွေကို ဒီလိုဖြစ်အောင် ဘယ်လိုများလေ့ကျင့်ပေးထားပါလိမ့်?
ရှောင်ကျွမ်းက မွေးနီကိုစပ်စုကြည့်လိုက်သည်။ သူကတစ်ရှူးတစ်စထုတ်၍လုံးချေကာ မြေကြီးပေါ်ပစ်ချလိုက်ပြီး ရှဉ့်လာမလာ ထပ်စမ်းသပ်ကြည့်လိုက်၏။

မထင်မှတ်ဘဲ ဘေးမှအသံထွက်လာသည်_ ''လူကြီးမင်း... အမှိုက်မပစ်ပါနဲ့!''
သူနားပတ္တရောင်လှည့်လာသော ခေါင်းဆောင်ဟုန်က သူ့ကိုမျက်မှောင်ကြုတ်ကြည့်လိုက်သည်။
''အာ... ဟုတ်ကဲ့ပါ...'' ရှောင်ကျွမ်းကပြောလိုက်၏။
သောက်ရမ်းရှက်စရာကောင်းပြန်ပြီ။
ရှောင်ကျွမ်းက ချက်ချင်းမလုံမလဲနှင့်ပြုံးလိုက်ပြီး တစ်ရှူးစကိုကောက်ကာ အမှိုက်ပုံးထဲအမြန်ဆုံးပစ်ထည့်လိုက်သည်။
…
ချင်လင်က ဒီအကြောင်းတွေဘာမှမသိ။ သူ့စိတ်ထဲကဂိမ်းကိုအာရုံရောက်နေပြီး ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းဆီသွားတူးခိုင်းနေသည်။ နှစ်သစ်ကူးနေ့ရောက်တော့မည်ဖြစ်၍ လက်ဆောင်ကိုမြန်မြန်တူးရပေမည်။
ဖြစ်ချင်တော့ နွေဦးသတ္တုတွင်းဒုတိယအလွှာတူးပြီးသည့်တိုင် ဘာကျောက်မျက်မှမတွေ့ရချေ။ ကြေးနီ၊ ငွေစ၊ ရွှေစများသာ အမြောက်အများတွေ့ရသည်။
ထို့နောက် တတိယအလွှာဝင်ပေါက်ထဲချက်ချင်းတူးမိသွား၏။
ချင်လင်က ဂိမ်းဇာတ်ကောင်အား တတိယအလွှာထဲဝင်စေလိုက်သည်။ ဘာမှကန့်သတ်ထားခြင်းမရှိ၍ သူတတိယအလွှာထဲဝင်ပြီး ဆက်တူးနိုင်သည်ဆိုသည့်သဘောပင်။
တတိယအလွှာက သူ့ကိုကံကောင်းစေမည်ထင်သည်။ ဂိမ်းဇာတ်ကောင်ကို တတိယအလွှာတူးခိုင်းပြီး မကြာမီအသိပေးစာပေါ်လာ၏:
(အဝါရောင်ကျောင်မျက်သတ္တုကိုရရှိသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)
(ရွှေပြားအတွက်ရောင်းချနိုင်သည့် အဝါရောင်ကျောက်မျက်သတ္တုဖြစ်သည်! Sebara ပန်းပဲဖိုတွင် ကျောက်မျက်ပုံသွင်းပေးသည့်လုပ်ငန်းဖွင့်ထားပြီဟုကြားသည်။ တစ်ချက်သွားကြည့်နိုင်သည်!)
နောက်ဆုံးတော့ နောက်ထပ်ကျောက်မျက်တစ်ခုတူးလို့ရလိုက်ပြီ။
သို့သော်လည်း ထိုတစ်ခုပြီးသည်နှင့် စန်းကုန်သွားပုံရပြီး နောက်ဘာမှမရတော့ချေ။ တတိယအလွှာ နေရာလွတ်ကိုတူးပြီးနောက် ချင်လင်လည်း သတ္တုတူးခြင်းကိုလက်လျှော့လိုက်ရပြီး ဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သွားစေလိုက်သည်။
တောင်တန်းထွက်ကုန်များကိုလည်း သူမျှော်လင့်နေဆဲ။ ဘာပဲဖြစ်ဖြစ် ဆေးဖက်ဝင်ဝိုင်စိမ်ထားလို့ရသည်လေ။
လီရှင်း၊ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့မှာ ဒီဆေးဖက်ဝင်ဝိုင်ကို တောင့်တနေကြသည်။
ဖြစ်ချင်တော့ ဒီတောင်တန်းထွက်ကုန်တွေ ပြန်ထွက်လာနှုန်းက အရမ်းကျပန်းဆန်နေ၏။ အချိန်သတ်သတ်မှတ်မှတ်မရှိသလို အရေအတွက်လည်းအတိအကျမရှိဘဲ ကျပန်းဖြစ်နေသည်။
သူ့မှာ တောင်တန်းထွက်ကုန်တွေကို စုစုပေါင်းမှနှစ်ကြိမ်သာ ယူရသေး၏။
သို့ရာတွင် သတ္တုတွင်းမှာ ကံမကောင်းခဲ့၍ နိုထရီဒိန်းတောင်မှာများ ကံပြန်တက်လာလေသလား။ ဒီတစ်ကြိမ်တွင် တောင်တန်းထွက်ကုန်များအသစ်ပေါ်နေသည်ကိုတွေ့ရ၍ အံ့သြမိသည်။
ချင်လင်က လက်နှေးမနေဘဲ ချက်ချင်းဂိမ်းဇာတ်ကောင်ကို တောင်တန်းထွက်ကုန်ယူစေလိုက်၏။
(သဘာဝပျဉ်းမ ၂ ကတ်တီရတဲ့အတွက် ဂုဏ်ယူပါတယ်!)
…
(သဘာဝချူကီနှင်းဆီ ၂ ကတ်တီရတဲ့အတွက် ဂုဏ်ယူပါတယ်!)
…
(သဘာဝပျဉ်းမ ၁ ကတ်တီရတဲ့အတွက် ဂုဏ်ယူပါတယ်!)
…
ရရှိသည်မှာ ပျဉ်းမနှင့်ချူကီနှင်းဆီသာ။ စုစုပေါင်းအလေးချိန်က အရင်ထက်များလာပြီး ကတ်တီ ၃၀ ထိရှိလာသည်။

တစ်နည်းဆိုရလျှင် ဆေးဖက်ဝင်ဝိုင်စုစုပေါင်းကတ်တီ ၁၅၀ စိမ်၍ရသည်။
ချင်လင်က စံအိမ်မှထွက်၍ ၅၅° ဝိုင်ဖြူ ၁၅၀ ကတ်တီနှင့်စိမ်ခွက်များဝယ်ရန်ထွက်လာခဲ့၏။ သူကအချိန်ယူ၍ ဝိုင်စိမ်လိုက်ပြီး ဂိမ်းထဲပို့လိုက်သည်။
ဂိမ်းသိုလှောင်ခန်းထဲတွင် ဆေးဖက်ဝင်ဝိုင်အများကြီးရှိနေပြီ။ ဒီတစ်သုတ်နှင့်ဆိုလျှင် ကတ်တီ ၃၅၀ ကျော်ပြီဖြစ်၏။
နောက်ပြီး ပထမဆုံးစိမ်ထားသောဆေးဖက်ဝင်ဝိုင်ကို ဂိမ်းထဲမှာသိမ်းထားသည်။ လက်တွေ့ဘဝတွင် တစ်လကျော်ကျော်ရှိပြီဖြစ်၍ တွက်ချက်ကြည့်လျှင် ၁၇ နှစ်နီးပါးရှိ၏။
ဒါသက်တမ်းရင့်ဝိုင်ဖြစ်နေပြီ။ စျေးနှုန်းက တစ်ကတ်တီ ယွမ် ၅၀၀၀ မကတန်သွားပြီဖြစ်သည်။
သူက ဒီ ၁၇ နှစ်သက်တမ်းရှိဆေးဖက်ဝင်ဝိုင်ကို ဘယ်လောက်ကျမလဲသိချင်နေ၏။
သူ့မှာ ဒီနယ်ပယ်တွင် လုံးဝအစိမ်းသက်သက်ဖြစ်နေသည်။
ချင်လင်ဂိမ်းထဲမှထွက်လာသောအခါ မွန်းတည့်ချိန်ရောက်နေပြီ။ သူကစံအိမ်ပြန်မောင်းလာခဲ့ပြီး ခန်းမထဲဝင်လိုက်သည်နှင့် ကျောက်မိုချင်းက ကောင်တာတွင် ဆေးဖက်ဝင်ပျားရည်စိမ်နေသည်ကိုတွေ့ရသည်။
ချင်လင်ကအပြုံးနှင့် ချဉ်းကပ်လာကာ_ ''ကိုယ်ပြန်လာပြီမှန်းသိလို့ ကိုယ့်အတွက်ဖျော်နေတာလား?''
''ရှင့်အတွက်မဟုတ်ဘူး... ရှင်သောက်ချင်ရင် နောက်မှလုပ်ပေးမယ်... ဒီခွက်က ရှောင်ရူအတွက်... သူရောက်နေတာ နည်းနည်းကြာပြီ... သူနဲ့စကားပြောကြည့်တော့ ဒီကောင်မလေးက အရမ်းစိတ်ဝင်စားစရာကောင်းမှန်း သိလိုက်ရပြီ'' ကျောက်မိုချင်းက ပျားရည်ခွက်နှင့် စားပွဲဆီလျှောက်သွားရာ ထိုနေရာတွင် ချန်ရှောင်ရူက အလယ်တန်းကျောင်းဝတ်စုံနှင့်ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ချင်လင်လည်း လိုက်သွားလိုက်၏။ အရင်တစ်ခါတွေ့ဖူးကတည်းက ချန်လီ၏သမီးမှာ အတော်လေးစိတ်ဝင်စားစရာကောင်းမှန်းခံစားမိသည်။
''ရှောင်ရူ... ဒီဆေးဖက်ဝင်ပျားရည်က မင်းအတွက်ဖျော်လာတာ'' ကျောက်မိုချင်းက ဆေးဖက်ဝင်ပျားရည်ခွက်ကို ချန်ရှောင်ရူဆီကမ်းပေးလိုက်သည်။
ဒါကတော့ အလကားတိုက်တာပေါ့။
''ကျေးဇူး အစ်မမိုချင်း'' ကျောက်မိုချင်းကို ကျေးဇူးတင်စကားပြောပြီး ချန်ရှောင်ရူလည်း သူမနောက်ကချင်လင်ကို မြင်သွားသည်။ သူမကပြုံး၍နှုတ်ဆက်လိုက်၏_ ''ဦးလေးချင်''
''...'' ချင်လင်က ချန်ရှောင်ရူနှုတ်ဆက်ပုံကိုကြားလျှင် အံ့သြစွာနှင့်_ ''မိုချင်းကျတော့ အစ်မမိုချင်းတဲ့... ငါ့ကျမှ ဦးလေးချင်လား? မိုချင်းက ငါ့ဇနီးဆိုတာသိလား?''
ချန်ရှောင်ရူက အတည်ခေါင်းညိမ့်ပြလိုက်ပြီး_ ''ကျွန်မသိတယ်... အစ်မမိုချင်းက ဦးလေးချင်ရဲ့မိန်းမလေ... မတူအောင်ခေါ်ရမယ်... မဟုတ်ရင် အစ်မမိုချင်းကို အန်တီခေါ်ရမှာလား? ဒါဆိုအစ်မမိုချင်းကို အိုပြီလို့ပြောရာကျမှာပေါ့... ဦးလေးချင်အိမ်ပြန်ရင် ဂရုစိုက်နော်... ပြီးတော့ ခင်ဗျားကြီးကို အစ်ကိုချင်လို့ခေါ်ရင် အစ်မမိုချင်းက စိတ်ဆိုးလိမ့်မယ်... ခင်ဗျား ကီးဘုတ်ပေါ်မှာ ဒူးထောက်နေရဦးမယ်''
“…” ချင်လင်လက်မြှောက်သွားသည်။
ဒီကောင်မလေးရဲ့လှည့်ပတ်တွေးခေါ်နိုင်စွမ်းက အတော်ယုတ္တိရှိနေ၏။ ဘာပဲဖြစ်ဖြစ် သူမက ကျောက်မိုချင်းနှင့်အသက်ဂုဏ်အားကြီးမှုကို ရောထွေးချင်နေသည်။
''ဖူး!'' ကျောက်မိုချင်းက ချင်လင်လက်မြှောက်သွားပုံကိုမြင်လျှင် မလှောင်ဘဲမနေနိုင်တော့။
ချင်လင်တွေ့သောအခါ ကျောက်မိုချင်းနားနားကပ်ပြီး_ ''ဘာပဲဖြစ်ဖြစ် အသက်တွေရှုပ်ထွေးသွားပြီ... မင်းဘာလို့ ကိုယ့်ကိုဦးလေးလို့မခေါ်တာလဲ?''
''ရှင်သေချင်လို့လား?!'' ကျောက်မိုချင်းကလက်လှမ်းပြီး ချင်လင်ကိုဆွဲဆိတ်လိုက်သည်။ ဦးလေး? ဘာလို့အဖေမခေါ်ခိုင်းတာလဲ?
ထိုအကြောင်းတွေးမှ ကျောက်မိုချင်းမျက်နှာနီရဲသွား၏။
ချန်ရှောင်ရူက သူတို့နှစ်ဦးကိုကြည့်ပြီး ခပ်တည်တည်နှင့်_ ''အစ်မမိုချင်း ဦးလေးချင်... ရှင်တို့နှစ်ယောက် အထက်တန်းကျောင်းသူရှေ့မှာ ပလူးမနေပါနဲ့လား?''
“…” ချင်လင်။
“…” ကျောက်မိုချင်း။
ချင်လင်က ဒီကောင်မလေးကိုတော့မနိုင်ဟု ခံစားလိုက်ရသည်။ သူကစားဖိုဆောင်သွားဦးမယ်ပြောပြီး ထွက်လာခဲ့၏။
ဒီတော့မှ ချန်ရှောင်ရူက ကျောက်မိုချင်းကိုတိတ်တိတ်လေးမေးလိုက်သည်_ ''အစ်မမိုချင်း... ဦးလေးချင်နဲ့ဘယ်လိုသိခဲ့တာလဲ? ကျွန်မမိထွေးလောင်းရဲ့သားကို ရည်းစားစာပေးချင်လို့... အကြံလေးဘာလေးပေးပါလား?''
''စာကြိုးစား'' ကျောက်မိုချင်းက ကောင်မလေးကို လျစ်လျူရှုလိုက်သည်။
တတိယနှစ်ကျောင်းသူက စာမကြိုးစားဘဲ ဘာတွေတွေးနေတာလဲ? ဘယ်လောက်ရှုပ်ထွေးတဲ့ပတ်သက်မှုမျိုးလဲ?
ချင်လင်ကောင်တာပြန်ရောက်လာလျှင် ကျောက်မိုချင်းက မနေနိုင်ဘဲပြောလိုက်သည်_ ''အကြီးအကဲချန်သမီးက မလွယ်ကြောပဲ''
ချင်လင်ကပြုံး၍_ ''မိဘတစ်ဦးတည်းရှိတဲ့ကလေးအတော်များများက စိတ်ဝေဒနာနဲ့တန်ပြန်စိတ်ရောဂါရှိတတ်တယ်... ဒီလောက်တက်တက်ကြွကြွနေနိုင်တာ မဆိုးပါဘူး''