← Chapters

အရည်အသွေး ၃ ဖရဲသီး! မကြီးလွန်းဘူးလား?

Vol. 9 Ch. 130

အရည်အသွေး ၃ ဖရဲသီး! မကြီးလွန်းဘူးလား?

Vol. 9 Ch. 130

ကျောက်မိုချင်းခေါင်းညိတ်လိုက်သည်။

ချန်ရှောင်ရူက တကယ်တက်ကြွသူဖြစ်သော်လည်း ဒီကောင်မလေးရဲ့ဂနာမငြိမ်စိတ်ကို နည်းနည်းစိတ်ပူမိသည်။

သူမနဲ့ချင်လင်က ကောင်မလေးမှာ မကောင်းတဲ့သဘောမရှိမှန်းသိ၍သာ ပြုံးပြီးလွှတ်ထားလိုက်၏။

သူတို့တက္ကသိုလ်တက်တဲ့အခါ လူအဖွဲ့အစည်းထဲရောက်တဲ့အခါ လူအမျိုးမျိုးနဲ့ကြုံရဦးမည်။ ဘာမဟုတ်တာကို ရေးကြီးခွင်ကျယ်လုပ်တတ်သော အမြင်ကျဉ်းသူများမှာ ရှိတတ်စမြဲ။

ဒီလိုလူမျိုးတွေနဲ့တွေ့ရင် ကောင်မလေးအတော်ဒုက္ခရောက်ဦးမည်။

နေ့လယ်ပိုင်းတွင်_

နေ့လယ်စာစားပြီး ချန်ရှောင်ရူက စံအိမ်ထဲခဏလည်ပတ်လိုက်သည်။ ကျောင်းပြန်မသွားခင် သူမက ကျောက်မိုချင်းနှင့်ချင်လင်ကိုလိုက်ရှာပြီး ကျေးဇူးတင်စကားသေချာပြောလိုက်၏။

နေ့လယ်ခင်းအချိန်_

ချင်လင်က အနောက်ခြံဝင်းထဲဝင်၍ သူစမ်းသပ်ထားသောမျိုးစေ့များကိုကြည့်လိုက်သည်။

စိမ်းစိမ်းစိုစိုနွယ်များကြားတွင် အရည်အသွေး ၂ ဖရဲသီးများမှာ ရော်ဘာဘောလုံးအရွယ်ခန့်ရှိနေပြီး မကြာခင်မှည့်တော့မည်။

သူထင်ထားသည်ထက် ပိုနှေးသော်လည်း သိပ်အကြာကြီးတော့မဟုတ်။ သာမန်ဖရဲသီးတစ်လုံးရင့်မှည့်ချိန်သုံးလထက်တော့ အများကြီးလျော့သည်။

...

တဖက်တွင် လယ်ကွက်ငယ်ထဲမှရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များက စမ်းသပ်မှုထပ်မံကျရှုံးပြီဟုကြေညာနေသည့်အလား။

သူကအရင်ဂိမ်းထဲမှထုတ်လာသော ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များကိုထုတ်ယူ၍ ရေထဲနှစ်ကာ သန့်စင်လိုက်ပြန်သည်။ သင့်တော်တဲ့မြေအနေအထားပတ်ဝန်းကျင်မှာ အလိုက်သင့်ဖြစ်နိုင်စွမ်းမရှိဘူးဆိုတာကို သူမယုံကြည်ပေ။

ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့များကိုစိမ်ပြီးနောက် စွန်းမင်ကခန်းမထဲဝင်လာကာ သူ့ကိုအပြုံးနှင့်နှုတ်ဆက်လာသည်_ ''ဥက္ကဌချင်... လုပ်ငန်းတွေကိုအတူတူသွားကြည့်ရအောင်... တကယ်လို့ သဘောမကျတာမျိုးရှိရင် ပြန်ပြင်ပေးမယ်... အဲဒါပြီးတာနဲ့ ကျွန်တော်တို့အချောသတ်တော့မှာ''

စီရင်စုထောက်ပံ့ငွေကို ရုံချန်းစီရင်စုချပေးပြီးကတည်းက တစ်လကျော်ကျော်ရှိတော့မည်။ သတို့သမီးခန်း၊ စားသောက်ခန်း၊ အဆောင်နှင့် ရွက်လွှင့်အစီအစဉ်တို့မှာ ပြီးလုနီးနီးဖြစ်နေပြီ။

ချင်လင်က ခန်းမအပြင်ထွက်၍ စွန်းမင်နောက်လိုက်လာပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲလိုက်သွားလိုက်သည်။

စံအိမ်နှင့်ဆောက်လုပ်ရေးနေရာကို ခရီးသည်များဆိုက်ထဲရောက်မသွားစေရန် နေရာကျယ်ကျယ်ခြားထား၏။

နောင်တွင်ချင်လင်က ဒီခြားနားဇုံကို မြက်ခင်းပြင်ဖြန့်ပြီး အလှဆင်ရန်ပန်းမျိုးစုံစိုက်မည်ဟုစီစဉ်ထားသည်။ ဒီလိုနှင့် ကျန်နေရာများကိုဆက်စပ်နိုင်ပေမည်။ အချိန်ကျလျှင် ခရီးသည်များက ခုံများ၊ ဒန်းများပေါ်တွင် နားနားနေနေထိုင်နိုင်မည်။ မြက်ခင်းစိမ်းနှင့်ပန်းပင်များကိုကြည့်၍လည်း စိတ်လန်းဆန်းနိုင်သည်။

ဤသည်က ခရီးသည်များတက်နင်းခြင်း၊ အမှိုက်ပစ်ခြင်းမှကာကွယ်ရန်ဖြစ်၏။

မယုံမရှိနှင့်။ တစ်ခါတလေ 'တက်မနင်းရ'ဆိုင်းဘုတ်ချိတ်ထားလည်း အလကားပင်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရောက်သောအခါ စွန်းမင်က ချင်လင်ကို လုံခြုံရေးဦးထုပ်ပေးလိုက်သည်။ ပထမဆုံးသူ့မျက်လုံးကိုဖမ်းစားလိုက်သည်က စားသောက်ဆိုင်ဖြစ်၏။ ပင်မအဆောက်အဦးကိုသစ်သား၊ဝါးနှင့် ဘေးပတ်လည်ကာပြီး အုတ်ကြွပ်မိုးထားသည်။ ဤပုံစံမှာ ရှုမျှော်ခင်းအတော်များများရွေးချယ်ကြသည့် ဗိသုကာပုံစံဖြစ်သည်။

ပြီးတော့ သူ့မနီးမဝေးတွင် နားနေဆောင်ရှိသည်။

ဝန်ထမ်းပိုများလာပြီး စားသောက်ဆိုင်လုပ်ငန်းပြီးသွားလျှင် ညဆိုင်းအဖွဲ့ရှိလာမည်။ နားနေဆောင်များမဖြစ်မနေထားရပေမည်။

နားနေဆောင်နှင့်စားသောက်ခန်းမှာ ပြင်ဆင်သည့်အဆင့်ရောက်နေပြီဖြစ်သည်။

ထိပ်ပိုင်းတွင် သတို့သမီးခန်းရှိသည်။

အခန်း ၁၅၀ ကိုနေရာဖြန့်ဆောက်ထား၏။ အသွင်အပြင်ပုံစံအမျိုးမျိုးလည်းလုပ်ထားသည်။ သေသေသပ်သပ်အပြီးသတ်ထား၏။ သီးခြားခြံဝင်းလေးများနှင့်တောင် ကာထားသည်။

ဤအချိန်တွင် တစ်နေရာနှင့်တစ်နေရာကြား အလှစိုက်ပင်များစိုက်ရမည်။

အစားအသောက်အသုံးအဆောင်များကို သေချာရွေးချယ်ထားသည်။ အားလုံးကို အသံလုံမှန်၊ အသံလုံပစ္စည်းများနှင့်လုပ်ထား၏။

ပစ္စည်းများမရှိဘဲ မဖြစ်။ မဟုတ်ရင် နေ့တိုင်းထိုအခန်းထဲ ပွဲကျင်းပနေရမည်။ အင်း.. အသံတွေရောယှက်ပြီး တေးသွားလည်းဖြစ်နိုင်သည်ပေါ့။

ချင်လင်က ထိုလုပ်ငန်းများနှင့်ပတ်သက်ပြီး စိတ်အေးသွားသည်။

စွန်းမင်နဲ့ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီက လက်လွတ်စပယ်မလုပ်ဘူးဆိုတာ သူသိသည်။ ပထမအချက် စီရင်စုက သူတို့ကိုစောင့်ကြည့်နေ၏။ ဒုတိယအချက် စံအိမ်ကနာမည်ကျော်သဖြင့် ခရီးသည်အများကြီးရှိသည်။ တစ်စုံတရာဖြစ်ပွားခဲ့ပါက ခရီးသည်တွေကလိုင်းပေါ်တင်ပြီး သေချာပေါက်နာမည်ကျော်သွားလိမ့်မည်။

အရင်ဆုံးကံဆိုးမှာက စွန်းမင်နဲ့ရုံချန်းပထမဆောက်လုပ်ရေးကုမ္ပဏီပင်ဖြစ်လိမ့်မည်။

စွန်းမင်ကြည့်ရတာ အာရုံပျံ့လွင့်ပုံမပေါ်။

စွန်းမင်က ချင်လင်ကို သတို့သမီးခန်းအပြင်နားခေါ်သွားပြီး မေးလိုက်သည်_ ''ဥက္ကဌချင်... ရွက်လွင့်အစီအစဉ်ကိုတစ်ချက်ကြည့်ချင်သေးလား? ကျွန်တော်တို့လူတွေ ဆယ်ခါမကစမ်းကြည့်ထားတာ ပြဿနာမရှိဘူး''

''ကောင်းပြီလေ... သွားကြည့်တာပေါ့'' ချင်လင်ကပြုံးလိုက်သည်။

စွန်းမင်က_ ''ဒါဆို ဥက္ကဌချင်... အရင်ဆုံးတစ်ယောက်ယောက်ကို အပိုအဝတ်အစားတစ်စုံပြင်ခိုင်းထားပါဦး''

ချင်လင်ကခေါင်းညိမ့်၍ ကျောက်မိုချင်းနှင့်ဖုန်းပြောပြီးနောက် စွန်းမင်နှင့်အတူ တဖက်ခြမ်းမှကားပါကင်အသစ်ဆီသွားလိုက်သည်။ သူကစွန်းမင်ကားထဲဝင်၍ တောင်တန်းဆီမောင်းလာခဲ့၏။

တောင်ထိပ်တက်လမ်းဖောက်ထားပြီဖြစ်သည်။ လမ်းသိပ်မကျယ်သော်လည်း ခရီးသည်များအကြိုအပို့ယာဉ်လောက်တော့ဝင်နိုင်၏။ တခြားယာဉ်များမဝင်ရဟုလည်း တားမြစ်ထားသည်။

လမ်းဘေးတွင်တည်ဆောက်ဆဲလမ်းကြောင်းရှိပြီး ဥယျာဉ်ပန်းပင်အမျိုးမျိုးလည်းစိုက်နေသည်။

ဤသည်က စီရင်စု၏သဘာဝထိန်းသိမ်းရေးပန်းခြံလုပ်ငန်းဖြစ်သည်။

လမ်းကြောင်းမှာ ရထားလမ်းငယ်လေးဖြစ်၏။

အချိန်ကျလျှင် ခရီးသည်များက တောင်တက်ရင်း ပန်းပင်များကြည့်ရန် သေချာပေါက်ပိုက်ဆံဖြုန်းကြပေမည်။

ရွက်လွင့်ခြင်းမှာ မူလအက်စကီမိုးလူမျိုးများ၏ကယပ်လှေနှင့် တရုတ်ဝါးဖောင်မှဆင်းသက်လာခြင်းဖြစ်သည်။ အရင်က လူများ၏ဘဝလိုအပ်ချက်နှင့်အသက်ရှင်လွတ်မြောက်ရန်ဖြစ်သော်လည်း ယခုအပျော်စီးအဖြစ် တဖြည်းဖြည်းပြောင်းလဲလာ၏။ ဆောင်းတွင်းမှာတောင် ရှုမျှော်ခင်းနေရာအမျိုးမျိုးတွင် ခရီးသည်ပြတ်လတ်ခြင်းမရှိ။

တကယ်တော့ တရုတ်ပြည်မြောက်ပိုင်းတွင် ဆောင်းတွင်းအထူးရွက်လွင့်အစီအစဉ်တောင်ရှိသည်။ မြောက်ပိုင်း၏နှင်းများရေခဲများအကြား ဂျာကင်ထူထူဝတ်၍ ရွက်လွင့်သောခရီးသည်တန်းမှာ အမျှင်မပြတ်ရှိနေဆဲပင်။

တောင်ပိုင်းရွက်လွင့်ခြင်းမှာလည်း ဆောင်းတွင်းတွင်ခရီးသည်များအပြည့်။ နောက်ပြီး တောင်ပိုင်းရွက်လွင့်ခြင်းက နွေရာသီနှင့်ဆောင်းရာသီကစားပုံမတူချေ။

နွေရာသီတွင် ရေစီးပြင်းပြီးအားကောင်းသည်။ အရှိန်မြန်မြန်နှင့်စိတ်လှုပ်ရှားစရာကောင်းသော တချို့မတ်စောက်သည့်နေရာများတွင် ရေစီးအရှိန်နှင့် ကယပ်လှေမှာ အမြောက်ဆန်ကဲ့သို့ ရေထဲထိုးဝင်သွား၏။ ရင်တုန်စရာကောင်းသောကစားနည်းဖြစ်သည်။

ဆောင်းရာသီတွင်မူ ရေစီးအလွန်နှေးသည်။ မတ်စောက်သောနေရာ၌ပင် အရှိန်သိပ်မပြင်းချေ။ တကယ်တော့ ခရီးသည်များက ခရီးစဉ်တလျှောက်လုံးလိုလို သူတို့ကိုယ်တိုင်ကယပ်လှေလှော်ကြသည်။ ထိန်းနိုင်သည်ဆိုသော်လည်း နွေရာသီတွင် မဆင်မခြင်ရေမဆော့သင့်ပေ။

ရာဘာလှေနှင့်ဆော့လျှင် ရေကလှေထဲဝင်လာမည်။ ဆောင်းတွင်းကြီးမှာ အတော်များများက သည်းခံနိုင်မည်မဟုတ်သော်လည်း အဖွဲ့လိုက်လှုပ်ရှားခြင်း၊ စိတ်လှုပ်ရှားစရာကောင်းခြင်းမျိုးကို ကစားချင်သူများအဖို့တော့ စိတ်ထိန်း၍ရမည်မဟုတ်ချေ။

All Chapters